Thursday, April 24, 2014

အလှည့်ကျတော့ မနွဲ့စတမ်းပေါ့ အာဏာရှင်ဟောင်းကြီးရေ...

အာဏာရှင်ဆိုတာ လူမိုက်ထက်ပင် သိက္ခာနည်းသေးတယ်၊
 

 သေခြင်းတရားကို လူတိုင်းကြောက်ကြသည်၊ ထိုထက်ပိုပြီး ကြောက်စရာကောင်းသည်ကတော့ ရှင်လျှက်နဲ့ သေနေရတဲ့ ဘ၀မျိုးပင်ဖြစ်သည်၊ နိုင်ငံအတွက် ပေးဆပ်သူတွေကို မတရားထောင်သွင်း အကျဉ်းချခဲ့သူတွေကို ခွင့်လွှတ်ဘို့ဆိုတာ လူတစ်ယောက်အတွက် အင်မတန်မှ ခဲယဉ်းပါလိမ့်မယ်၊
 
သူဟာမြန်မာပြည်မှ တိုက်ပွဲဝင် လူအများကို ရှင်လျှက်နဲ့ ဘ၀ကိုသတ်ခဲ့သော သူတစ်ဦး မဟုတ်ပါပေလား၊
ဇာဂနာလို အရူးကခွင့်လွှတ်တယ်ဆိုတာ အဓိပ္ပါယ်အလွန်မဲ့တဲ့ ပျက်လုံးကို လေလံတင်လိုက်တာပဲ ဖြစ်တယ်၊ အခုသူတို့ပေးတဲ့ ဒဏ်နဲ့ငါတို့ချစ်တဲ့အဘ အချိန်မတိုင်မှီ သူချစ်တဲ့လူထုကို စွန့်ခွါခဲ့ရပြီ၊

လူမိုက်ဆိုတာ သူနာကိုယ်နာ ချသေးတယ်၊ အာဏာကတော့ ဒီလိုမဟုတ်ဘူး၊ လူမိုက်ထက်ပင် သိက္ခာနည်းသေးတယ်၊ မိမိမှာအာဏာရှိချိန်မှာ လူတစ်ယောက်ကို ပုရွတ်ဆိတ် တစ်ကောင်လောက်ပင် တန်ဘိုးမထား နှိပ်စက်သတ်ဖြတ်ကြပြီး မိမိခံရမဲ့ အလှည့်ကျတော့ ကြောက်ဒူးတွေတုန်ပြီး အသနားခံပြီး လွတ်လမ်း ရှာကြသေးတယ်၊ လူမိုက်လိုတောင် သူသေကိုယ်သေ မစွန့်စားရဲဘူး၊ သိက္ခာမဲ့တဲ့ အာဏာရှင်မျိုးတွေပေါ့၊

သမိုင်းကိုပြန်လှန်ကြည့် သိက္ခာမဲ့တဲ့အာဏာရှင်တွေ အများကြီးတွေ့ရပါလိမ့်မယ်၊ ချောင်ဆက်စကူး မသေခင်သူ စစ်သားတွေကို ဘယ်လိုအသနားခံခဲ့သလဲ၊ ကဒါဖီမသေခင် ဒေါသထွက်နေတဲ့ လူထုတော်လှန်သမားတွေကို ဘယ်လိုငိုပြခဲ့သလဲ၊ ဆန္ဒန်ဟူစိန် ကြိုးစင်မတက်ခင် ကြောက်လန့်နေတဲ့ မျက်နှာကို မြင်ဘူးကြမှာပေါ့၊ အခုခင်ညွန့်လည်း ရူးချင်ယောင်ဆောင်ပြီး ကြောက်ကန်ကန်နေတယ်၊ အလှည့်ကျတော့ မနွဲ့စတမ်းပေါ့ အာဏာရှင်ဟောင်းကြီးရယ်၊

ကိုကိုဦး(သူပုန်မျိုးဆက်)

0 comments: