Wednesday, April 30, 2014

တစ်နိုင်ငံလုံး အပစ်ရပ်ရေး ဆွေးနွေးပွဲ ရက်အကန့် အသတ်မရှိ ရွှေ.ဆိုင်း။

အလှမ်းဝေးခဲ့ပြီ ငြိမ်းချမ်းရေးရေ
 
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးရေးအတွက် အစိုးရနဲ့ ဆွေးနွေးဖို့ကို တိုင်းရင်းသားတွေ ဘက်ကနေ ရက်အကန့်အသတ် မရှိရွေ.ဆိုင်းလိုက်ပါတယ်။

အစိုးရနဲ့တိုင်းရင်းသား အဖွဲ့တွေကြား တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆွေးနွေး နေကြရာမှာ တိုင်းရင်းသားတွေ ဘက်က လိုလားတဲ့ ဖက်ဒရယ် ဆိုတဲ့ အသုံးအနှုန်း၊ ဖက်ဒရယ်တပ်မတော် ဆိုတာ တွေကို အစိုးရဘက်က မလိုက်လျောနိုင်တဲ့အတွက် ဆွေးနွေးမှု တွေကို တိုင်းရင်းသားတွေဘက်က ရက် အကန့်အသတ်မရှိ ရပ်ဆိုင်းထား လိုက်တာ ဖြစ်ပါတယ်။

အဲန်စီစီတီ တိုင်းရင်းသားများ ငြိမ်းချမ်းရေး ညှိနှိုင်း ဆောင်ရွက်ရေး အဖွဲ့ဝင်တွေ ဆုံးဖြတ် လိုက်တာ ဖြစ်ပြီး၊ အစိုးရ စစ်တပ်ရဲ့ လုပ်ဆောင်ချက် တွေဟာ ယုံကြည်မှုကို ပျက်ပြားစေတာကြောင့်လို့ ဆိုပါတယ်။

အခုလဆန်းပိုင်းက စစ်တပ် ဦးဆောင်ပြီး ဆွေးနွေးတဲ့ အချက်တွေနဲ့ ကချင်ကို ထိုးစစ်ဆင်တဲ့ အချက်တွေပေါ် မူတည်ပြီး ဆွေးနွေးပွဲကို ရက် အကန့်အသတ်မရှိ ဆုံးဖြတ် လိုက်တာ ဖြစ်တယ်လို့
အဲန်စီစီတီ အဖွဲ.ဝင် နိုင်ဟံသာက ပြောပါတယ်။

 စစ်တပ် ဘက်က ရပ်တည်ချက်နဲ့ တောင်းဆို ချက်တွေနဲ့ ပတ်သက်ပြီး ပြန်လည် သုံးသပ်ပွဲ ကို အဲန်စီစီတီ တာဝန်ရှိ သူတွေ ချင်းမိုင်မြို. မှာ ဧပြီလ ၂၈ ရက်နေ.မှာ ပြုလုပ်ခဲ့ကြပါတယ်။

သတင်းရင်းမြစ် - ဘီဘီစီ (မြန်မာပိုင်း)

0 comments: