
၁ ။ မူလ ပိုင်ရှင် အား မဟာသန္တိသုခ ကမ္ဘာ့ ဗုဒ္ဓသာသနာ ပြုကျောင်းတော်ကြီး မှ နှင်ထုတ်ခြင်း။
ကျောင်းတော်ကြီး၏ စတင်တည်ထောင်သူ မူလပိုင်ရှင် ပီနန်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တပညာဝံသအား နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ( မဟန ) ကိုနောက်ကွယ်မှ မိမိတို့အလိုကျ ကြိုးကိုင်၍ ကျောင်းတော်ကြီးမှ ထွက်ခွာသွားရန် အမိန့် ပေးညွှန်ကြားမှုသည် သာသနာတော်ဆိုင်ရာ ဝိနည်း ကျင့်ဝတ်အရ၎င်း ဥပဒေကြောင်းဆိုင်ရာ ပိုင်ဆိုင်မှု အထောက်အထား များအရ၎င်း လောကီ၊လောကုတ္တရာဆိုင်ရာ အကျိုးစီးပွားများနှင့် ဖီလာ ဆန့်ကျင်ဖြစ်နေသည်ဟု ကျွန်ုပ်တို့ယုံကြည်မိသည်။
ဤကဲ့သို့ ကမ္ဘာ့သာသနာပြု ရဟန်းတော် တစ်ပါးအား ရှေ့ဆက်လက်၍ သာသနာပြုလုပ်ငန်းများ ဆောင်ရွက်၍ မရအောင် ဟန့်တား နှောင့်ယှက်ခြင်းသည် ဗုဒ္ဓသာသနာတော် ထွန်းကား ပြန့်ပွားရေးအား ပိတ်ပင် တားဆီးခြင်း ဖြစ်သည်။
၂။ လက်ပံတောင်းတောင်ဒေသရှိ သာသနာ့သမိုင်းဝင် လယ်တီသိမ်နှင့် စေတီတော် အား မြေလှန်ဖြိုခွဲ ဖျက်ဆီး၍ နေရာသစ် သို့ ပြောင်းရွှေ့ ခြင်း။
လယ်တီသာသနိက အဆောက်အအုံများသည် ကျေးဇူးရှင်လယ်တီ ဆရာတော်ဘုရားကြီး၏ သာသနာ့ သမိုင်းဝင် မဟာအောင်မြေ သိမ်တော်မြေ နေရာဖြစ်ခြင်း၊ ဆရာတော်ကြီး၏ ဗုဒ္ဓသာသနာဆိုင်ရာ ဒီပနီ ကျမ်းဂန် စာပေများအား အပတ် တကုတ် ရေးသားရာနေရာဖြစ်ခြင်း ၊ ဝိပဿနာ ကမ္မဌာန်းတရားများကို ပွားများခဲ့သော သူတော်စဉ်တို့၏ မြင့်မြတ်သောနေရာ ဖြစ်ခြင်း စသည့် ဝိသေသထူးများနှင့် ပြည့်စုံသော အောင်မြေ နေရာမှန် ဖြစ်သည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာပါ အကြံပြုချက်များ အတိုင်း လိုက်နာ ဆောင်ရွက်ခြင်းမရှိဘဲ ဆက်လက်၍ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းကို အပြင်းအထန်း ကန့်ကွက်သည်။
၃။ လက်ပတောင်းတောင် သပိတ်စခန်းကို လက်နက်သုံးပြီး ဖျက်ဆီးခြင်း။
၎။ အိမ်နီးချင်းနိုင်ငံများမှ လူမျိုးခြားများ နိုင်ငံတွင်း စိမ့်ဝင်နေခြင်း။
ရိုဟင်ဂျာ၊ ဘင်ဂါလီ တွေကို (လ၀က) က ရိုဟင်ဂျာ(ဘင်ဂါလီ)တစ်ယောက်ကို White Card လုပ်ရင် တစ်ခုကို ၁၀သိန်းပေးပြီး ထုတ်ပေးခဲ့လို့ ရခိုင်ဒေသဟာ ရိုဟင်ဂျာ တွေ ဘင်ဂါလီတွေ များခဲ့လေပြီး။ ဒီလူတွေများခြင်းက သာသနာအတွက် ဗုဒ်ဓဘာသာအတွက် ၊ လူမျိုးအတွက် ထိခိုက်လာနိုင်သည်။
၅။ သံဃာ (၃)ပါးအား ကျူးကျော်ကျောင်းဆောက်သည်ဟုဆိုကာ လူဝတ်လဲခိုင်းပြီး ထာင် (၆)လ ချခြင်း။
နေပြည်တော်ကောင်စီ နယ်မြေအတွင်းကျူးကျော် ဆောက်လုပ်ထားသည့် ဟုဆိုကာ တရား ရင်ဆိုင်နေသည့် ကျောင်း (၃)ကျောင်းမှ ကျောင်းထောင် ဆရာတော် ၃ ပါးကို ထောင် (၆)လ ချခဲ့သည်။
ခရိုနီတွေကိုတောင်မှ လုပ်ပိုင်ခွင့် ဧက သောင်းချီ ပေးထားခဲ့တယ်။ မတ်လထဲက golden key ကုမ္မဏီသတင်း DVB မှာ ကြည့်လိုက် ရတယ်။ ရခိုင်ရိုးမမှာ ဧက ၃၀၀၀၀ အပြောင်ရှင်းနဲ့ ကျွန်းစိုက်ဘို့ နှစ် ၃၀ လုပ်ပိုင်ခွင့် ပေးထားတယ်။
အဲဒီလို လုပ်ချင်ရာကျတော့ ခွင့်ပြုပေးပြီး သာသနာအတွက်မှ လုပ်ထုံးလုပ်နည်းတွေ ဥပဒေတွေ သိပ်ရှေ့ တန်းတင်နေတယ်။ ဘာပဲဖြစ်ဖြစ် ဒီလိုလုပ်ရက်ဟာ အာဏာရှင် ဘုရင်စနစ်ကို ကျင့်သုံးနေသည်ဟု ပြောရမည်။ ဗုဒီဘာသာ ထွန်းကားတဲ့ နိုင်ငံလို့ ဆိုနေကြတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ဒီလို ဖြစ်ရပ်တွေ ကြုံနေရတာဟာ တကယ်ကို ကြေကွဲဝမ်းနည်းဖွယ်ဖြစ်သည်။
မြန်မာပြည်သူအားလုံးပဲ အမှန်ကို အမှန်တိုင်း မြင်နိုင်ကြပါစေ။
အင်တာနက်စာမျက်နှာသတင်း
0 comments:
Post a Comment