အင်အား(၁၀၀)ခန့် ရှိသော အစိုးရတပ် နှင့် မိမိ ကေအိုင်အေ တပ်ဖွဲ့ ဝင်များ
ဧပြီ(၂ရ)ရက် မနက် (၉)နာရီ ခန့် တွင် ရှမ်းပြည်မြောက်ပိုင်း ကေအိုင်အေ
တပ်မဟာ(၄) ရင်း (၃၄) နယ်မြေ တွင် တိုက်ပွဲပြင်းထန် စွာဖြစ်ပွားခဲ့သည်။ ၄င်း
အစိုးရတပ်သည် အထိနာစွာဖြင့် ကေအိုင်အေ တပ်ရင်း ( ၃၈)နယ်မြေ ( Gyu Mwi )
ဆိုသည့်ဒေသ ဘက်သို့ ဆုတ်ခွာသွားကြောင်း သိရသည်။
စစ်ကား(ရ)စီး အပါအ၀င် အစိုးရတပ် အင်အား (၁၅၀)ခန့် ပါသော စစ်ယာဉ်တန်းသည် ဧပြီ(၂ရ)ရက် မနက်(ရ )နာရီ ခန့် က ဗန်းမော် မှ ထွက်လာပြီး မိုးမောက် - မြို့ သစ်ကလေး ကားလမ်းအတိုင်း တက်လာကြောင်းသိရပြီး အဆိုပါ ယာဉ်တန်းတွင် လက်နက်ကြီး များတင်ဆောင်ထားကြောင်း မျက်မြင်များကပြောသည်။ အဆိုပါ စစ်ယာဉ်တန်းစစ်ကြောင်း နှင့် ကုန်လော့ အစိုးရ တပ်စခန်း မှ တပ်ဖွဲ့ များ ပူးပေါင်းကာ ကေအိုင်အေ တပ်မဟာ(၅) တပ်ရင်း (၁၉) နှင့် (၂၅) နယ်မြေ ဘက်သို့ ဦးတည်ကာ စစ်ကြောင်းထိုး တက်သွားကြောင်းသိရသည်။

0 comments:
Post a Comment