Saturday, March 15, 2014

ဖိုးတွမ်တီးအစိုးရကို စာရင်းပေါင်းပေးစမ်းဗျာ

 
ကြည့်ကြစမ်းဗျာ…

- ဗြိတိန်က အခုပေါင်စတာလင် သန်း ၁၀၀ ပေးဖို့ သဘောတူပြီတဲ့…...

- အမေ၇ိကန်က တနှစ်ကို ၇၅ သန်း ပေးနေသတဲ့

- သြစတေးလျ က ဒေါ်လာ သန်း ၆၀ တောင်

- အီးယူက တနှစ်ကို ဒေါ်လာ သန်း ၁၂၀ တဲ့

- နော်ဝေက နှစ်စဉ်ဆက်တိုက် ဒေါ်လာ သန်း ၉၀ ပေးနေပြီဆိုတယ်

- ကနေဒါက ၂၀၁၄ မှာ သန်း ၅၀ စပေးတာတဲ့

- ဂျပန်က အိုဒီအေ အပြင် အခြား ဘာရီရ အားလုံးပေါင်း ဒေါ်လာ သန်းပေါင်း ၁၄၀

- အာစီယံက ဒေါ်လာ သန်း (၂၀) ၅နှစ်ဆက်တိုက်ပေးမယ်တဲ့

- နယူးဇီလန်က ဒေါ်လာ သန်းပေါင်း ၂၀၀ ကို စပေးလိုက်ပြီတဲ့

- ဒိန်းမတ်က ဒေါ်လာသန်းပေါင်း ၁၈၀ တောင် ပေးပြီးသွားပြီဆိုသတဲ့

- နယ်သာလန်( ဟော်လန်) က သန်း ၈၀ စပြီး ပေးတာတဲ့

- ကမ္ဘာ့ဘဏ်က ဒေါ်လာသန်း ၂ ထောင်တဲ့ဗျာ ကြက်သီးတောင်ထမိတယ်

အာရှ ဖွံ့ဖြိုးရေးဘဏ်က ပဏာမ ထူထောင်ရေးအတွက် ဒေါ်လာ သန်းပေါင်း ၅၆၀ ပေးနေပြီတဲ့ ဆွီဒင် ဒေါ်လာ ၅၈ သန်းတောင် ပေးထားပြီပြီတဲ့ဗျာ…

ဒီကြားထဲ ကုလသမဂ္ဂကနေနှစ်(၅၀) ကျော်အကြာ ပစ်ထားတဲ့ မဆီမဆိုင် သန်းခေါင်စာရင်းအတွက် ၀င်ပြီး ဂလိုင်ခေါက်မိလို့ အမေ၇ိကန်ဒေါ်လာ ၅ သန်း ၈ သိန်းကို ခင်ရီတို့ထံ ပေးလိုက်ရပြီသတဲ့…

အိုအိုင်စီမှ ၂၀၁၃ တွင် အမေ၇ိကန်ဒေါ်လာ သန်းပေါင် ၈၄ သန်းနှင့် ယခု ၂၀၁၄ ခုနှစ်အတွက် သန်းပေါင်း ၅၀ ကြိုတင် ပေးပို့ထားပြီးကြောင်း…
.
စဉ်းစားကြည့်တာ သမ္မတ သိန်းစိန်လောက် စီးပွားရေးမှာ တော်တာ တယောက်မှ မရှိဘူး ဘာမှမလုပ်ရပဲ ဒလဟော ငွေဝင်နေတဲ့ စီးပွါးရေးရဲ့ သီအိုရီ ဘယ်သူမှ မရေးနိုင်သေးဘူး ဒါကြောင့် တရုတ်က သိန်းစိန်ကို စီးပွါးရေး မဟာဘွဲ့ ပေးတာလေ တရုတ်ကတောင် ဘွဲ့ပေးတယ်ဆိုတာ ဘာမှတ်လို့လဲ အနေစားတတ်လို့ နေမှာပေါ့ သိန်းစိန်တို့ ဘောင်းဘောင်းချွတ်တသိုက် နိုင်ငံတကာပွဲတွေ တက်လိုက်ပြီး ကတည်းက စည်းကား သိုက်မြိုက်လာတဲ့ ဒေါ်လာတွေ ……..

ဘာအကြောင်းနဲ့ပေးတာလဲ ? ရှင်းပြရအုံးမလား?......ရှင်းပြမယ်ဗျ…

သန့်ရှင်းသော အစိုးရ ကောင်းမွန်သော အစိုးရ ဖြစ်လာဖို့ လုပ်ငန်းခွင် ဆောင်ရွက်ရေး…
- ဆင်းရဲသား ပပျောက်ရေး
- အေအိုင်ဒီအစ် ရောဂါ ကာကွယ်တိုက်ဖျက်ရေး
- ငှက်ဖျား ရောနှင့် အခြားကူးစက်ရောဂါ ကာကွယ်ရေး
- ရေးပေးဝေမှုစနစ် နှင့် သန့်ရှင်းသော သောက်ရေသန့် ဖြန့်ဖြူးရေး (မအေပေးတွေ မလုပ်ပါဘူး)
- ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ဒေသဆိုင်ရာ ပြန်လည်ထူထောင်ရေး
- နိုင်ငံတကာနှင့် တိုက်ရိုက် ဆက်သွယ်နိုင်သော ဆက်သွယ်ရေးစနစ် ကောင်းမွန်လာရေး
- လယ်ယာစိုက်ပျိုးရေးနှင့် စက်မှုလယ်ယာ စနစ်သို့ ကူးပြောင်းလုပ်ဆောင်နိုင်ရေ
- နယ်စပ်ဒေသ ဖွံ့ဖြိုးရေး လုပ်ဆောင်၇န်နှင့် ဒေသခံပြည်သူများ ပြည်မကဲ့သို့ တန်းတူ နေထိုင်ခွင့်အခြေနေ တိုးတက် မြင့်မားလာရေး
- လမ်းပမ်းဆက်သွယ်မှုနှင့် ပိုဆောင့်ရေးအားနည်းချက်များ ပြုပြင် မွန်းမံ တိုးမြှင့်ရေး
- ပြည်တွင်းမှာ ဖြစ်ပေါ်နေသော ဘာသာရေး ဂိုဏ်းဂန ကွဲပြားမှုနှင့် မတည်ငြိမ်မှုတို့အား အချိန်မှီ ထိန်းသိမ်း ကာကွယ်နိုင်ရေး …
- သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးတဲ့…

နောက်ဆုံးတချက်ကတော့ မူးယစ်ဆေးဝါး ထုတ်လုပ်မှုလျော့ကျလာရေး (မှတ်ချက်) ၂၀၁၃ ခုနှစ်တွင် ကမ္ဘာပေါ်ဝယ် မြန်မာပြည်မှ ဒုတိယ အများဆုံးမူးယစ်ဆေးဝါး ထုတ်လုပ်မှုဖြင့် စံချိန်တင်ခဲ့သည်။

အခု နေပြည်တော် သိန်းစိန်အစိုးရ အားလုံးလဲ ရလေရော….ဆင်းရဲသားတွေ ပြောက်သွားအောင် ဘိုဒိုဇာနဲ့ ထိုးပြီး လက်စဖျောက်နေပြီတဲ့…

အခု ဦးသိန်းစိန်အစိုးရ လယ်တီဆရာတော်ဘုရားကြီး၇ဲ့ လက်ပံတောင်း တောင်ကြားက သမိုင်းဝင် သိမ်တော်ကို သမိုင်းထဲကနေ ဖယ်ထုတ်ဖို့ မတ်လ (၂၅ )ရက်နေ့ မှာ အားကောင်းမောင်းသံ ယမ်းမိုင်းတချို့နဲ့ ဘူဒိုဇာတွေ တွဲဖက်လို ဖြိုဖျက်ပွဲ ဆင်နွဲတော့မယ်တဲ့……(မျိုးစောင့်တွေ ဘယ်မှာလဲ?)
အခု နေပြည်တော် အစိုးရ လယ်ယာမြေတွေ ၀ါးစားချလိုက်တာ ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံ ဆန်စပါး ထုတ်လုပ်မှု တပြည်လုံးအတိုင်းတာအရ ၃၃ ရာနုန်းကျော် လျော့ကျသွားပြီတဲ့ (မကြာခင် ပြည်သူတွေ ငတ်ကြပြီး ဆန်နဲ့ရွှေ လဲပြီးဝယ်ရတော့မယ်)

နေပြည်တော် သလင်းပြောင် အစိုးရလက်ထက်မှာ သဘာဝ ပတ်ဝန်းကျင် ဘယ်လို စောင့်ရှောက်သလဲ ဆိုလျင်….တနိုင်ငံလုံး နေပြောက်မထိုးအောင်မဲမှောင်ခဲ့တဲ့ သစ်တောတွေ တရုတ်ပြည်နဲ့ အိမ်နီးချင်း နိုင်ငံတွေဆီကို နုတ်မဆက်ပဲ ထွက်သွားလိုက်ကြတာ …..မီးတောင် ထိပ်ဝမှာ ၇ှိတဲ့ အပူချိန်လောက်ကို ပြည်သူတွေ နေစဉ် ခံစားနေရပြီသတဲ့ဗျာ….

စာဖတ်သူများအားလုံးကျေးဇူးပြု၍ အထက်တွင် ဦးသိန်းစိန် ဖိုးတွမ်တီး အစိုးရ လိမ်တောင်းထားသမျှလေးတွေကို စာရင်းပေါင်းပေးလိုက်ကြပါ……

ကြိုသလောက်ရှယ် ခွင့်ပြုတယ် အချက်လက် မှန်တယ်

ဂိုလ်ရှယ်လေး

0 comments: