Saturday, March 8, 2014

"ပြည်ထောင်စုစနစ်ကို အခြေမခံဘဲ အမျိုးဘာသာ အခြေခံသော အမျိုးသား နိုင်ငံတော် ထူထောင်ရေးလမ်းစဉ် လိုက်နေသရွေ. တိုင်းရင်းသားများ လက်နက်ကိုင်နေအုံးမည်"

 
8 March 2014

ပြည်ထောင်စုစနစ်ကို အခြေမခံဘဲ အမျိုးဘာသာ အခြေခံသော အမျိုးသား နိုင်ငံတော် ထူထောင်ရေးလမ်းစဉ် လိုက်နေသရွေ. တိုင်းရင်းသားများ လက်နက်ကိုင်နေအုံးမည်ဖြစ်ကြောင်း တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့.(NCCT) မှ ပညာရှင် ဒေါတ်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း ကပြောဆိုလိုက်ပါသည်။

"ကိုယ့်အကျိုးပဲ ကိုယ်ကြည့်မယ်။ကိုယ်ကြီးပွားရင်ရပြီ၊ဗမာချမ်းသာရင်ရပြီ၊ဗုဒ္ဓသာသနာထွန်းကားရင် ရပြီ ဆိုတဲ့ အမျိုးဘာသာ၊သာသနာဝါဒနဲ့ခင်ဗျားတို့ ဆက်ပြီးသွားနေသရွေ. ခင်ဗျားတို့တိုင်းပြည်တိုးတက်မှာ မဟုတ်ဘူး။လူမျိုးလည်းတိုးတက်မှာ မဟုတ်ဘူး။ဒီပြည်ထောင်စုကြီးလည်းတိုးတက်မှာ မဟုတ်ဘူး" ဟု ၎င်းကပြောကြားပြီး ပြည်ထောင်စုစနစ်ကိုအပေါ်ယံသဘောသာသုံး၍ အမျိုးသားနိုင်ငံ ထူထောင်သည့် လမ်းစဉ်ကြောင့် တိုင်းပြည် နှစ်ပေါင်း(၆၀)ကျော် ပြည်တွင်းစစ်နှင့် ရင်ဆိုင်နေရကြောင်း ဒေါက်တာ
ဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောဆိုသည်။

ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်သည် တိုင်းရင်းသားလူမျိုးရေးရာ သုတေသနအဖွဲ.၏ ညွ့န်ကြားရေးမှုး တာဝန်နှင့် တိုင်းရင်းသားလူမျိုးများ ကောင်စီ( ENC) ၏ ဥက္ကဌတာဝန်၊ ချင်းအမျိုးသားကောင်စီ (CNC) ၏သဘာပတိ အဖွဲ.ဝင်တာဝန်၊ ချင်းအမျိုးသားတပ်ဦး (CNF) ၏အဓိပတိကောင်စီဝင် တာဝန်များကို ထမ်းဆောင်နေပြီး ၂၀၀ရ ခုနှစ်တွင် ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို.၌ "မာတင်လူသာကင်း ငြီမ်းချမ်းရေးဆု"
ချီးမြှင့်ခံခဲ့ရသူ ဖြစ်ပါသည်။

 
Copy from - 7Daynews

0 comments: