
မည်သည့်ဘက်ကဘဲ ဆုံးရှုံး ဆုံးရှုံး တိုင်းပြည်က ဆုံးရှုံးလို့ သူ့အနေနဲ့ ၀မ်းနည်းမိကြောင်းလို့ ဆိုတယ်။ ဆုံးရှုံးတာကို ၀မ်းနည်းပြတတ်ရင် လက်တွေ့ဆုံးရှုံးမှု ဖြစ်တဲ့ ဒုက္ခသည်စခန်းတခုခုက ဒုက္ခသည်တွေရှေ့၊ နှစ်ဘက်ရှေ့တန်းက စစ်သည်တွေရှေ့ပေါ်တင် သွားပြောသင့်တယ်။
ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး မည်သူမှားတယ် မှန်တယ်ဆိုတာကို ပြစ်တင်ရှုံ့ချနေမယ့်အစား ဖြေရှင်းနိုင်မယ့် နည်းလမ်းကောင်းရှာသင့်တယ်လို့ ဆိုတယ်။ တွေ့ဆုံဆွေးနွေးမှုတိုင်းမှာ “နှစ်ဘက်တပ် ထိန်းသိမ်းရေး” ဆိုတဲ့ အချက်ပါတယ်။ မရှုံ့ချပါဘူး။ တပ်တွေသတ်မှတ်ထားတဲ့ နေရာကို ပြန်ရုပ်ပေးလိုက်ရင်ကိုက လတ်တလော ဖြေရှင်းရခက်နေတဲ့ ပြဿနာအကြီးစားကြီးက ဖြေရှင်းပြီးသားဖြစ်သွားပါလိမ့်မယ်။
ငြိမ်းချမ်းရေး ဆောင်ရွက်ရာတွင် နှစ်ဦးနှစ်ဘက် အပစ်အခတ်ရပ်စဲရုံနှင့် မပြီးဘဲ နိုင်ငံရေး နည်းလမ်းဖြင့် အေ ဖြရှာရန် ၊ နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်ပြီး ကချင် ပြည်နယ်လူထုနှင့် မိမိတို့အားလုံး လိုလားလျှက်ရှိသည် စစ်မှန်သော ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်ရန် သံန္ဒိဌာန် ချမှတ်ထားကြောင်း (သံန္ဒိဌာန်တောင် ဖမ်းချပြလိုက်သေးတယ် ) နိုင်ငံရေး ဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ တတွင်တွင် ပြောနေကြတာ ကြာပြီ ခုမှတရေးနိုးတဲ့ ပုံစံနဲ့ ယောင်တိယောင်တောင် လူထုရှေ့ ကြားကောင်းအောင် မပြောဖို့တော့ လိုပါလိမ့်မယ် ။ နိုင်ငံရေး ဆွေးနွေးမယ့် စားပွဲဝိုင်းမရှိ စစ်သလင်းပြင်သာ ခင်းနေတာ ရှေ့တည့်တည့်မှာ ထိုင်နေတဲ့ မင်းအောင်လှိုင် မျက်နှာကိုြ ကည့်ပြီး သေချာပြောသင့်တယ်။
တပ်မတော်အနေဖြင့်လည်း အဆိုပါငြိမ်းချမ်းရေးလုပ် ငန်းစဉ်များအပေါ် နိုင်ငံ တော်အစိုးရနှင့် တသားတည်း ရှိပြီး...ဆိုပြန်တ ယ်။ ကျနော်ထိုးစစ်တွေ မဆင်ဖို့ အမိန့်ပေးထားပြီးပါပြီလို့ လူရှေ့သူရှေ့ ပြောတာ ၂ခါတိတိ။ ပြောပြီးမကြာဘူး ဖားကန့် ဗုံးကျဲခံရတယ်။ သိပ်မကြာဘူး လိုင်ဇာ ရဟတ်ယာဉ်နဲ့ ကျည်မိုး သွန်းဖြိုးပေးခဲ့တယ်။ အဲ့ဒါကို ဟန်ချက်ညီညီ လိုက်နေတယ်ဆိုတာ ဘယ်လိုနားလည်ပေးရမလဲ။
ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး မည်သူမှားတယ် မှန်တယ်ဆိုတာကို ပြစ်တင်ရှုံ့ချနေမယ့်အစား ဖြေရှင်းနိုင်မယ့် နည်းလမ်းကောင်းရှာသင့်တယ်လု
ငြိမ်းချမ်းရေး ဆောင်ရွက်ရာတ
တပ်မတော်အနေဖြင့်လည်း အဆိုပါငြိမ်းချမ်းရေးလုပ်
(Tsawra Tsaw ၏ FB မှ ပြန်လည်ကူးယူဖော်ပြသည်။)
0 comments:
Post a Comment