

ဆရာမောင်သာချိုရဲ့ (ရေကြည်ပြီး မြက်နုစေချင်)
ယနေ့ ဂျပန်နိုင်ငံ အလင်းအိမ် စာပေအင်အားစု၏ တတိယအကြိမ်မြောက် စာပေဟောပြောပွဲအား ဆရာနေဝင်းမြင့်နဲ့ ဆရာမောင်သာချိုတို့မှ လာရောက်ဟောပြောခဲ့ပါတယ်..။
ယနေ့ ဂျပန်နိုင်ငံ အလင်းအိမ် စာပေအင်အားစု၏ တတိယအကြိမ်မြောက် စာပေဟောပြောပွဲမှာ ဆရာနေဝင်းမြင့်မှ (အမေနဲ့ အလင်းဆုံးကြယ်) ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး ဆရာမောင်သာချိုမှ (ရေကြည်ပြီး မြက်နုစေချင်ဆိုတဲ့) ခေါင်းစဉ်နဲ့ ဟောပြောခဲ့ပါတယ်..။
ကျွန်တော်တို့ ပရိသတ်တွေ မျက်ရည်ဝဲခဲ့ရတဲ့ ဆရာမောင်သာချိုရဲ့ (ရေကြည်ပြီး မြက်နုစေချင်ဆိုတဲ့) ဟောပြောချက်မှာတော့ လက်ရှိ မြန်မာနိုင်ငံသူ နိုင်ငံသားတွေရဲ့ လူနဲ့ တိရိစ္ဆာန်တောင် မကွဲပြားနိုင်လောက်အောင် ဆင်းရဲတွင်းနက်လွန်းတဲ့ အခြေအနေကို မျက်စိရှေ့မှာ ကွင်းကွင်းကွက်ကွက် ပေါ်လာနိုင်အောင် ကဗျာနဲ့ မိမိကိုယ်တွေ့ အဖြစ်အပျက်တွေကို တွဲဘက်ဟောပြောခဲ့တာပါ..။
ံHuman resourcesကို သေသေချာချာ ပြုစုပျိုးထောင်ဖို့ မကြိုးစားခဲ့ပဲ အသိမိုက်မဲခဲ့တဲ့ အုပ်ချုပ်သူ အစိုးရတရပ်ရဲ့ အမှောင်ခေတ်အောက်မှာ သယံဇာတကျိန်စာ သင့်ခဲ့ရတဲ့ ကျွန်တော်တို့ နိုင်ငံသားတွေရဲ့ တရိစ္ဆာန်သာသာ ဆင်းရဲတွင်းနက်နေရတဲ့ အခြေအနေတွေအတွက် ကျွန်တော်တို တဦးချင်း တတ်နိုင်တဲ့ဘက်က ဝိုင်းဝန်းလုပ်ဆောင်ကြပါစို့..
သတင်းရင်းမြစ် - ဒီမိုဝေယံ
0 comments:
Post a Comment