Monday, February 24, 2014

TNLA တပ်ဖွဲ့ နှင့် အစိုးရတပ်ဖွဲ့ တို့ဆက်လက် တိုက်ပွဲဖြစ်

 
Monday, 24 February 2014
    
တအာင်း အမျိုးသား လွတ်မြောက် ရေးတပ်မတော် (TNLA)မှ ဗျူဟာ (၁) လက်အောက်ခံ တပ်ရင်း (၁၁၂) တပ်ဖွဲ့ နှင့် အစိုးရ ခလရ (၄၅ နှင့် ခလရ ၁၂၃) ပူး ပေါင်း စစ်ကြောင်းတို့ နမ် ခမ်းမြို့နယ် ပန်ဆေး ဒေသရှိပန်ပေး ကျေးရွာ အနီး (နမ့်ခမ်း နမ့်ဖက်ကာ ကားလမ်း မဘေး ) တွင် ယနေ့ ဖေဖော် ဝါရီလ၂၄ ရက် နံနက် ၁၁နာရီ ၄၅ မိနစ် အချိန်တွင် ရင်ဆိုင်တိုက်ပွဲ စတင် ဖြစ်ပွား ခဲ့သည်ဟု TNLA ပြန်ကြား ရေးဌာနက ဆိုပါသည်။

တိုက်ပွဲသည်နေ့လည် (၂)နာရီအထိ လက်နက် ကြီးများ ပစ်ခတ်နေဆဲ ဖြစ်ပါသည်။ တအာင်း တပ်ဖွဲ့တို့သည် ပန်ဆေး ပြည်သူ့စစ်လက် အောက်ခံ ပန်ပေးပြည် သူ့စစ်တို့ စိုက်ပျိုးထား သည့် ဘိန်းခြံများ အား လိုက် လံဖျက်ဆီးစဉ် အစိုးရ တပ်များနှင့်တွေ့ဆုံပြီး ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ ခြင်းဖြစ်သည်။

နမ့်ခမ်းမြို့နှင့် ၅ မိုင်းခန့်သာ အကွာ အဝေးရှိသည့်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ပန်ဆေးကျော်မြင့် အခြေစိုက် သည့်ပန်ဆေး ဒေသတွင် ဘိန်းခင်း ဧက (၃၀,၀၀၀) ကျော်ရှိပြီး တရုတ်လူမျိုးများအများဆုံး စိုက်ပျိုးကြသည်။ ယင်း ဘိန်းခြံများ သည် အစိုးရ တပ်များမှ ကာကွယ် စောင့်ရှောက် ထားပါသည်။ တအာင်း တပ်များသည် အဆိုပါ ဘိန်းခင်း ကို ဖျက်ဆီးရန် စစ်ဗျူဟာ (၁) ကို တာဝန်ပေး ထားပါသည်။

အလားတူ (TNLA) တပ်ရင်း (၂၅၆) တပ်ဖွဲ့သည် အစိုးရ ပူးပေါင်း တပ်ဖွဲ့များ နှင့် ယမာန်နေ့ နေ့လည် တနာရီ (၄၅)မိနစ် မှ (၂)နာရီခွဲ အထိ နမ့်ဆန်မြို့နယ် ရူ မန်းကျေးရွာ အနီးတွင် တိုက်ပွဲဖြစ် ပွား ခဲ့ကြောင်း TNLA ပြန်ကြားရေး ဌာနမှ သတင်း ထုတ်ပြန် ထားပါသည်။

ယင်းတိုက် ပွဲတွင် အင်အား (၁၀၀) ကျော်မည်ဟု ခန့်မှန်းထား သည့် အစိုးရ ခမရ (၁၇) တပ်ဖွဲ့ နှင့် ရှမ်းပြည် မြောက် ပိုင်းနန့်လန် အခြေစိုက် အမှတ်(၁) စစ် ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်မှ ခမရ ၅၀၅ စစ်ကြောင်း တို့ နှင့်ရင်ဆိုင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။ တိုက်ခိုက်ရာ တွင်လည်း အစိုးရ တပ်များသည်
လက်နက်ကြီး ပစ်အားကို ထိုးစစ် အဖြစ် အသုံးပြု တိုက်ခိုက် ခဲ့ပြီး တိုက်ပွဲပြီး သော်လည်းညနေ (၆) နာရီအထိ (၅) မိနစ်ခြား တကြိမ် လက်နက်ကြီးများ ဆက်လက် ပစ်ခတ်နေ ခဲ့သည်ဟု ဆိုပါသည်။

တိုက်ပွဲတွင် တအာင်းဖက်မှ ထိခိုက် ကျဆုံးမှု မရှိဟု ဆိုခဲ့ပြီး အစိုးရ ဖက်မှ အရာရှိ တဦး အပါဝင် (၇)ဦး ကျဆုံးပြီး (၁၀)ဦးခန့် ဒါဏ်ရာရခဲ့ကြောင်း ဆိုသော် လည်း သီးခြား အတည်ပြု နိုင်ခြင်း မရှိသေးပေ။ သို့သော် အခြေ အနေမှာ ဆက်လက် တိုက်ပွား ဖြစ်ပွားစရာ ရှိနေသည်ဟု ဆိုပါသည်။

အစိုးရ တပ်ဖွဲ့များသည် ပြီးခဲ့သည့် ဖေဖေါ်ဝါရီ လဆန်းမှစပြီး နမ့်ဆန်၊ မန်တုံ၊ ကျောက်မဲ၊ မိုးကုတ်၊ နမ့်ခမ်း နှင့် ကွတ် ခိုင် မြို့နယ် များသို့ တိုးချဲ့ပြီး စစ်ဆင်နေ ပါသည်။

တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် သည် တိုးလာ နေသော ပလောင်ဒေသ ဘိန်းစိုက် ပျိုးမှုကို လိုက် လံဖျက်ဆီး နေပါသည်။ ဤသို့ကြောင့် ပန်ဆေး ဒေသ အပါဝင် မိုးမိတ် မြို့နယ်နှင့် ကွတ်ခိုင် မြို့နယ် ဒေသတွင် တိုက် ပွဲ ဖြစ်ပွား နေခြင်းဟု TNLA ဖက်မှ သုံးသပ်ပါသည်။

အစိုးရနှင့် ဆွေးနွေး နေသည့် အပစ်အခတ် ရပ်စဲရေး ဆွေးနွေး ပွဲသည်လည်း ပြီးခဲ့သည့် (၂၀၁၃)ခုနှစ် အောက်တို ဘာလ ကတည်းက ရပ်စဲသွား ခဲ့ပါသည်။ TNLA တို့သည် အပစ်အခတ် ရပ်စဲရေး အတွက် တိုက်ပွဲများ လျှော့ချ မှုဖြင့် ယုံကြည်မှု တည်ဆောက် ရန် တောင်းဆို ထား သော်လည်း ပြည်ထောင် စု ငြိမ်း ချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော် မီတီ ဒုတိယ ဥက္ကဌ ဦးအောင် မင်းကမူ အပစ်ရပ်ရေး လက်မှတ် မထိုးသမျှ တိုက်ပွဲဆက် ဖြစ်နေမည်ဟု PSLF/TNLA ဥက္ကဌ တာအိုက် ဖုန်းအား ပြောကြားထား ပါသည်။

သတင်းရင်းမြစ် - ရွှေဟင်္သာ သတင်းဌာန

0 comments: