Friday, February 21, 2014

KIA လိုင်ဇာ ဌာနချုပ် ဧရိယာထဲ သို့ အစိုးရ တပ်ဖွဲ့များ အင်အား ဖြည့်တင်းနေ

အစိုးရ တပ်များ ၏ ယာဉ်တန်းချီတက်နေစဉ်
 ဓါတ်ပုံ - ( KIA)
 
ယမာန်နေ့ မနက်ပိုင်းတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ ထွက်ခွာသွား သော အစီး တရာခန့်ရှိသည့် အစိုးရ စစ် ယာဉ်တန်း သည် ၀ိုင်းမော် မြို့နယ် ထဲရှိ ကန်တော် ယန်၊နန်ဆန် ယန်နှင့် လိုင်ဇာ ကားလမ်းမ ဘက်သို့ ရောက် ရှိနေသည်ဟု ကချင် လွတ်လပ်ရေး တပ်မတော် (KIA) စစ်ရုံးက ဆိုပါသည်။
 
“ မျက်မြင်တွေ ရဲ့ အပြော ကတော့ အစီးတရာ လောက် ရှိမယ်။ ရိက္ခာတွေ။ တပ်ဖွဲ့တွေ၊ စစ်လက်နက် ခဲယမ်းတွေ ပေါ့ဗျာ တင် လာတာတွေ့ ရတယ် လို့ ပြောကြ တယ်။ ပြီးတော့ ဗန်းမော် လိုင်ဇာ လမ်းကြောင်း ကနေလဲ ကားအစီး (၂၀) ကျော် တက်လာတယ်။ ဆိုတော့ တပ်လဲတာလား။ အားဖြည့်တာလား ဆိုတာ မသဲ ကွဲ သေးပါဘူး။” ဟု ဆိုပါ သည်။
 
ထို့ နည်းတူ မြစ်ကြီးနားမှ ဆွမ်ပရာဘွမ် လမ်းကြောင်း ဘက်သို့ လည်း စစ်ယာဉ်တန်း အစီး(၁၆၀) ကျော် ထွက်ခွာ သွားကြောင်း။ အဆိုပါ ယာဉ်တန်းတွင် သံ ကိုယ် ထည် ဖြင့်ပြုလုပ် ထားသည့် လှေ အစီးပေါင်း (၅၀)ခန့်  ပါကြောင်း ဆို ပါသည်။။
 
အထူးသဖြင့် ကချင်ပြည်နယ် ဖါးကန့်နယ်မြေမှ KIA တပ်ရင်း(၆) ဧရိယာထဲ သို့ လည်းတပ်မ အလိုက်ချီတက် ပြီး အင်အား ဖြည့်တင်းနေ သည်ဟု ဆိုပါသည်။ ဤကဲ့သို့ အစိုးရဖက်မှ စစ်ပြင်ဆင်နေ သည့် အချိန်မျိုး တွင် တရုတ်ကြက် ခြေနီအဖွဲ့ ကလည်း ကချင် ဒုက္ခသည် များကို ကူညီရန် ဒေါ်လာသန်း (၈၀၀) ခန့်ရှိ သည့် ကယ်ဆယ်ရေး ပစ္စည်းများ ပို့ပေးရန် ပြင်ဆင်နေ ချိန်နှင့် တိုက် ဆိုင်နေပါသည်။
 
ထို့နည်းတူ ပြီးခဲ့သည့် ဖေဖော် ၀ါရီ (၁၂)ရက် မနက် ( ၉း၀၀)နာရီ အချိန်ခန့် တွင် ကေအိုင်အေ တပ်မဟာ (၅) နယ်မြေ လိုင်ဇာ ဌာနချုပ်မှ မိုင်(၂၀)ခန့်သာ ကွာ ဝေးသော ဘန်ဒေါင် ကျေးရွာအား သိမ်းပိုက်ပြီး ဂျာအိန်ယန် ကျေးရွာ အကြား ခါဥ ကျေးရွာ ကိုလည်း လမ်းကြောင်း ရှင်းရန် တိုက်ခိုက် သိမ်းပိုက် ထား ခဲ့ပြီး ဖြစ်ပါသည်။
 
ဤအခြေ အနေကြောင့် အစိုးရတပ် များသည် KIA အား ပြင်းထန်စွာ စစ်ဆင်တော့ မည်ဟု စစ်ရေး အကဲခတ်များက ဆိုပါသည်။ တိုက်ပွဲကြောင့် တရုတ်ပြည်သို့ ကချင်ဒုက္ခ သည်များ ထွက်ပြေး ရောက်ရှိရန် ရှိနေသဖြင့် တရုတ်ကြက်ခြေ နီများက ဖြစ်လာမည့် ဒုက္ခသည် များအတွက် အသင့်ပြင် ထားသည့် အနေ အထားမျိုး ရှိနေကြောင်း သုံးသပ် နေခြင်း ဖြစ်ပါသည်။
 
ဤအချိန် မျိုးတွင် တိုင်းရင်းသား များ၏ တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး ဆိုင်ရာ ညှိ နှိုင်းရေး အ ဖွဲ့ (NCCT) နှင့် အစိုးရ (MPC) တို့ တွေ့ဆုံရန် မူလ က ဖေဖေါ် ၀ါရီလ (၁၅) ရက်နေ့ကို ချိန်းဆို ထားသော် လည်း ရက်ရွှေ့ဆိုင်း ထား လိုက်ကြောင်း (MPC) အဖွဲ့ ကဆိုပါသည်။ ဤသည်လည်း အချိန်ဆွဲ လိုက်ခြင်းပင် ဖြစ်သည်ဟု ဆိုပါသည်။
 
မြန်မာ နိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ၏ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တာနား ကလည်း ကချင်နယ်မြေ ရှိ အစိုးရ တပ်ဖွဲ့များ၏ လူ့အခွင့် အရေး ချိုးဖေါက်မှု မှတ်တမ်းကို ဝေဖန်ခဲ့ချိန် ဖြစ်နေပါ သည်။ ထို့အပြင် စီးပွားရေး အ ရ အစိုးရ တပ်များ ထုတ်လုပ် ထားသည့် သစ်လုံးများ တရုတ်ပြည်သို့ မှောင်ခို ထုတ်ရန် လမ်းကြောင်း ဖေါက်ထား ချိန် နှင့် တိုက်ဆိုင်နေ သည်ဟု KIA အောက်ခြေ တပ်မှူးများက ဆိုပါသည်။
 
ဤသို့ကြောင့် နိုင်ငံခြား စစ်ရေး အကဲခတ် သူတဦးကမူ ဤအခြေအနေ များကို ထောက်ရှုခြင်း အားဖြင့် KIA ကို စစ် ဆင်ရန် ပြင်ဆင်နေခြင်း ဖြစ်ကြောင်း (POBC) စနစ်ဖြင့် ထောက်ပြထား ပါသည်။ နောက်ဆုံးတွင် ဤစစ်ဆင်ရေး ၏ အဆုံး သတ်မှု၌လိုင်ဇာအား သိမ်းပိုက်ပြီး တရုတ်ပြည်နှင့် ကုန်သွယ်ရေး လမ်းကြောင်း ဖေါက်ရန် ဖြစ်ပြီး သစ်မှောင်ခို များ တင်သွင်းဖွယ် ရှိသည်ဟု မြန်မာ စစ်တပ်က ရည်မှန်းထား ကြောင်း ဆိုပါသည်။
 
သတင်းရင်းမြစ် - ရွှေဟင်္သာ သတင်းဌာန

0 comments: