Monday, February 3, 2014

မူးယစ်ဆေးဝါးပပျောက်ရေးအတွက် နမ့်ခမ်းမြို့တွင် ငြိမ်းချမ်းစွာလမ်းလျှောက်ဆန္ဒထုတ်ဖေါ်

 
 
၂၀၁၄ခုနှစ်၊ ဖေဖော်ဝါရီလ(၃)ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်တွင်း တအာင်းလူမျိုးများ နေထိုင်သည့် ဒေသအနှံ့အပြားတွင် မူးယစ်ဆေးဝါး ပြဿနာကြောင့် လူမှုရေး၊စီးပွားရေး၊ ပညာရေးနှင့် ဘာသာရေးကိစ္စများ အဘက်ဘက်မှ ယုတ်လျော့ပျက်စီးနေမှုကိုကြောင့် မူးယစ်ဆေးဝါး ပပျောက်ရေး အတွက် တအာင်း (ပလောင်) သံဃာတော်များ အပါး ၅၀ ကျော်မှ ဦးဆောင်၍ တအာင်းပြည်သူလူထု (၆၀၀)ကျော်နှင့်အတူ နမ့်ခမ်းမြို့ မန်နားအ၀င်ဂိတ် (တအာင်းစာပေနှင့် ယဉ်ကျေးမှုကော်မတီရုံး) အနီးမှ မန်ခမ်းဘုရားလမ်းခွဲသို့ ဒီကနေ့ မွန်လွဲ နာရီမှ ညနေ နာရီအထိ ငြိမ်းချမ်းစွာ စီတန်းလမ်းလျောက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
 
တအာင်းရိုးရာဝတ်စုံများဝတ်ဆင်ပြီး ဘိန်းသီးအားလက်ခြေခတ်ထားသော ဆိုင်းဘုတ်(ဗီနိုင်း)ကိုင်ဆောင်ကာ မူးယစ်ဆေးဝါး ပပျောက်ရေး ဒိုအရေး” “မူယစ်ဆေးဝါး ရောင်းဝယ်မှု ပပျောက်ရေး ဒို့အရေးကြွေးကြော်သံများ သံပြိုင်ရွတ်ဆိုပြီး လှည့်လည်စီတန်းဆ န္ဒပြခဲ့ကြသည်။
 
“ဒီမူးယစ်ဆေးဝါးကြောင့် တအာင်းယဉ်ကျေးမှု၊ ပစ္စည်းဥစ္စာ၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စသည့်ကဏ္ဍစုံတွင် ဆုတ်ယုတ်ရိုယွင်းနေပြီဖြစ်တဲ့အတွက် တအာင်းကျေးရွာပြည်သူလူထုများကို မခံမရပ်ဖြစ်ကာ သံဃာတော်များ၏ ဦးဆောင်မှုဖြင့် မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် တက်တက်ကြွကြွ ဆန္ဒပြနေခြင်း ဖြစ်ကြောင်း’’ ဆန္ဒပြပွဲတွင်ပါဝင်သူတစ်ဦးမှ ပြောပြခဲ့သည်။ 
 
သက်ဆိုင်ရာ အစိုးရဌာနများလည်း မူးယစ်ဆေးဝါးပပျောက်ရေးဟောပြောပွဲအားကြာဖြူခန်းမတွင် တပြိုင်တည်း ကျင်းပနေသည့်အပြင် မြိ့နယ်အုပ်ချုပ်ရေးမှုအဖွဲ့လည်း လမ်းလျောက်စီတန်းပွဲတွင် ပါဝင်လမ်းလျောက်ခဲ့ကြောင်းသိရသည်။

မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် လမ်းလျှောက်ဆန္ဒ ထုတ်ဖေါ်ခြင်း နှင့် တအာင်း သံဃာတော်များက ဦးဆောင်ပြီး မူးယစ်ဆေးဝါး ဆိုးဝါးဒဏ်ကြောင့် မခံမရပ်ရှိနေသော တအာင်း ဒေသခံ ပြည်သူလူထုများ ဦးရွက် ဦးဆောင်မှုကို တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့ (Ta’ang Students and Youth Union) ယုံကြည်အားပေး ထောက်ခံကြောင်း သဘောထား ထုတ်ပြန်ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
 
Copy from - palaungland.org

0 comments: