
၂၆ ရက် ဖေဖော်ဝါရီလ ၂၀၁၄
...
တအန်းတပ်မတော်အခြေခံစစ်နယ်ေ မြအား ထိုးစစ်ဆင်လာသည့် မြန်မာ့တပ်မတော် တပ်မ (၇၇) စစ်ကြောင်းနှင့် တအန်းတပ်မတော်၏ ဗျူဟာ (၃) လက်အောက်ခံ တပ်ရင်း (၃၆၇) တပ်ဖွဲ့တို့ မိုးမိတ်မြို့နယ် ရူဗိန်း (ရေပုံး) ရွာအကျော် မန်တုံ-မိုးမိတ်ကားလမ်းမ တွင် ယနေ့ ဖေဖော်ဝါရီလ ၂၆ ရက် ၁၂း၄၅ နာရီအချိန်ခန့်မှ ၁၃း၁၅ နာရီခန့်ထိ နာရီဝက်ကျော်ကြာ နှစ်ဖက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့သည်။
ထိုတိုက်ပွဲတွင် ရွှေဝါရောင်တော်လှန်ရေးတွင် ရဟန်းသံဃာတော်များကို ရက်စက်စွာသတ်ဖြတ်ခဲ့သည့် တပ်မ (၇၇) စစ်ကြောင်းမှ မြန်မာတပ်ဖွဲ့ဝင် အနဲဆုံး (၁၀) ဦးကျဆုံးပြီး အများအပြား ထိခိုက်ဒါဏ်ရာ ရရှိခဲ့သည်။ တအန်းတပ်မတော်ဘက်မှ ထိခိုက်ကျဆုံးမှု မရှိပါ။
အင်အား ၂၀၀ ကျော်ရှိသည့် မြန်မာတပ်မ (၇၇) မှ စစ်ကြောင်း သည် မိုးမိတ်မြို့သို့ ၂၄ ရက်နေ့တွင် ရောက်ရှိလာပြီး ထိုမှတဆင့် မန်တုံ-မိုးမိတ် အကြားရှိ တအန်းတပ်မတော် ဗျူဟာ အမှတ်(၃) ကို ထိုးစစ်ဆင်လာခဲ့သည်။ ၁၃း၁၅ နာရီခန့်တွင်တိုက်ပွဲငြိမ်သ က်သွားသော်လည်း တပ်မ (၇၇) မှ လက်နက်ကြီးများ ဆက်လက် ကြိုးကြားပစ်နေဆဲဖြစ်သည်။
တပ်မ (၇၇) အနေဖြင့် ကျန်ရှိစစ်ကြောင်းများကို လားရှိုးမှတဆင့်လည်း ထပ်မံပြီး တအန်းဒေသတွင်းသို့ ရောက်ရှိလာမည်ဖြစ်ပြီး၊ တပ်မ (၈၈) မှာ နမ့်ဆန်နှင့် ကျောက်မဲမြို့န ယ် အတွင်းရှိ တအန်း နယ်မြေအတွင်းသို့ မကြာမီရောက်ရှိ ထိုးစစ်ဆင်မည်ဟု သိရှိရပါသည်။
ယခုတိုက်ပွဲဖြစ်ပွားရာနေရာေ ဒသအနီးတွင် ကေအိုင်အေမှ တပ်ရင်း (၃၄) တပ်ဖွဲ့ဝင်အချို့လည်း လှုပ်ရှားလျှက်ရှိသည်။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
၀၉ ၄၉၃၁ ၄၉၅၁
၀၉ ၄၇၀၉ ၇၇၇၂
...
တအန်းတပ်မတော်အခြေခံစစ်နယ်ေ
ထိုတိုက်ပွဲတွင် ရွှေဝါရောင်တော်လှန်ရေးတွင် ရဟန်းသံဃာတော်များကို ရက်စက်စွာသတ်ဖြတ်ခဲ့သည့် တပ်မ (၇၇) စစ်ကြောင်းမှ မြန်မာတပ်ဖွဲ့ဝင် အနဲဆုံး (၁၀) ဦးကျဆုံးပြီး အများအပြား ထိခိုက်ဒါဏ်ရာ ရရှ
အင်အား ၂၀၀ ကျော်ရှိသည့် မြန်မာတပ်မ (၇၇) မှ စစ်ကြောင်း သည် မိုးမိတ်မြို့သို့ ၂၄ ရက်နေ့တွင် ရောက်ရှိလာပြီး ထိုမှတဆင့် မန်တုံ-မိုးမိတ် အကြားရှိ တအန်းတပ်မတော် ဗျူဟာ အမှတ်(၃) ကို ထိုးစစ်ဆင်လာခဲ့သည်။ ၁၃း၁၅ နာရီခန့်တွင်တိုက်ပွဲငြိမ်သ
တပ်မ (၇၇) အနေဖြင့် ကျန်ရှိစစ်ကြောင်းများကို လားရှိုးမှတဆင့်လည်း ထပ်မံပြီး တအန်းဒေသတွင်းသို့ ရောက်ရှိလာမည်ဖြစ်ပြီး၊ တပ်မ (၈၈) မှာ နမ့်ဆန်နှင့် ကျောက်မဲမြို့န
ယခုတိုက်ပွဲဖြစ်ပွားရာနေရာေ
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
၀၉ ၄၉၃၁ ၄၉၅၁
၀၉ ၄၇၀၉ ၇၇၇၂
0 comments:
Post a Comment