
၂၃ ရက် ဖေဖော်ဝါရီလ ၂၀၁၄ ခုနှစ်
နမ့်ဆန်မြို့နယ်အခြေစိုက် တအန်းတပ်မတော် တပ်ရင်း ၂၅၆ နှင့် မြန်မာတပ်မတော် ခမရ ၁၇၊ ၅၀၅ စစ်ကြောင်းတို့ နမ့်ဆန်မြို့နယ် ရူမန်းရွာအနီးတွင် ဖေဖော်ဝါရီလ ၂၃ ရက် ၁၃း၄၅ နာရီခန့်မှ ၁၄း၃၀ နာရီခန့်ထိ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ ရာ မြန်မာဘက်မှ အရာရှိတဦး အပါအဝင် အနဲဆုံး ၇ ဦး ကျဆုံးပြီး ၁၀ ဦးကျော် ထိခိုက်ဒါဏ်ရာရရှိခဲ့ကြသည်။
ဖေဖော်ဝါရီလ အစပိုင်းမှစတင်ပြီး မြန်မာတပ်ရင်းစစ်ကြောင်းများ တအာင်းဒေသဖြစ်သည့် နမ့်ဆန်၊ မန်တုံ၊ ကျောက်မဲ၊ မိုင်းလုံ၊ မိုးမိတ်၊ မိုးကုတ်၊ နမ့်ခမ်း၊ ကွတ်ခိုင် ဖက်သို့ ပိုမိုတိုးချဲ့လာပြီး ဆက်တိုက် ပိုက်စိပ်တိုက် ထိုးစစ်ဆင်လာသဖြင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပါသည်။
တိုက်ပွဲတွင် မြန်မာစစ်ကြောင်းမှ လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်ပြီး တအန်းတပ်မတော် တပ်ရင်းတပ်ဖွဲ့များ ရှိရာတောတွင်းသို့ ဆက်တိုက်ထိုးဝင်လာနေလျှက်ရှိသည်။
တအန်းတပ်မတော်ဘက်မှ ထိခိုက်ကျဆုံးမှု မရှိပါ။
မြန်မာတပ်စစ်ကြောင်းသည် ထိခိုက်ဒါဏ်ရာရသူများ ပြန်လည်သယ်ယူပို့ဆောာင်ရန်အ တွက် လမ်းကြောင်းရှိ တောတောင်များဆီသို့ လက်နက်ကြီးများ ၅ မိနစ်ခြားတခါ ညနေ ၁၈း၀၀ နာရီခန့်ထိ ဆက်တိုက်ပစ်ခတ်ခဲ့သည်။
ကွတ်ခိုင်၊ နမ့်ခမ်း အခြေစိုက် တအန်းတပ်မတော် ဗျူဟာ(၁) မှာလည်း ပန်ဆေးကျော်မြင့် ပြည်သူ့စစ်များ စိုက်ပျိုးထားသည့် ဘိန်းခြံများ လိုက်လံ ဖျက်ဆီးနေလျှက်ရှိရာ ထိုပန်ဆေးဒေသရှိ မြန်မာ့တပ်မတော်နှင့်လည်း အခြေအနေတင်းမာလျှက်ရှိသည်။ သို့သော် တိုက်ပွဲထိတွေ့မှု မရှိသေးချေ။
P.S.L.F/ T.N.L.A
သတင်းနှင့်ပြန်ကြားရေးဌာန
(95) 09 4709 7772 , (95) 09 4931 4951, (86) 0692 622 4858
နမ့်ဆန်မြို့နယ်အခြေစိုက် တအန်းတပ်မတော် တပ်ရင်း ၂၅၆ နှင့် မြန်မာတပ်မတော် ခမရ ၁၇၊ ၅၀၅ စစ်ကြောင်းတို့ နမ့်ဆန်မြို့နယ် ရူမန်းရွာအနီးတွင် ဖေဖော်ဝါရီလ ၂၃ ရက် ၁၃း၄၅ နာရီခန့်မှ ၁၄း၃၀ နာရီခန့်ထိ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ
ဖေဖော်ဝါရီလ အစပိုင်းမှစတင်ပြီး မြန်မာတပ်ရင်းစစ်ကြောင်းမျာ
တိုက်ပွဲတွင် မြန်မာစစ်ကြောင်းမှ လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်ပြီး တအန်းတပ်မတော် တပ်ရင်းတပ်ဖွဲ့များ ရှိရာတောတွင်းသို့ ဆက်တိုက်ထိုးဝင်လာနေလျှက်ရှ
တအန်းတပ်မတော်ဘက်မှ ထိခိုက်ကျဆုံးမှု မရှိပါ။
မြန်မာတပ်စစ်ကြောင်းသည် ထိခိုက်ဒါဏ်ရာရသူများ ပြန်လည်သယ်ယူပို့ဆောာင်ရန်အ
ကွတ်ခိုင်၊ နမ့်ခမ်း အခြေစိုက် တအန်းတပ်မတော် ဗျူဟာ(၁) မှာလည်း ပန်ဆေးကျော်မြင့် ပြည်သူ့စစ်များ စိုက်ပျိုးထားသည့် ဘိန်းခြံများ လိုက်လံ ဖျက်ဆီးနေလျှက်ရှိရာ ထိုပန်ဆေးဒေသရှိ မြန်မာ့တပ်မတော်နှင့်လည်း အခြေအနေတင်းမာလျှက်ရှိသည်။ သို့သော် တိုက်ပွဲထိတွေ့မှု မရှိသေးချေ။
P.S.L.F/ T.N.L.A
သတင်းနှင့်ပြန်ကြားရေးဌာန
(95) 09 4709 7772 , (95) 09 4931 4951, (86) 0692 622 4858
0 comments:
Post a Comment