Friday, February 7, 2014

ထဲတ်ကျဲတ် (ရူဝိုင်း)တိုက်ပွဲတွင် ၅၀၅ စစ်ကြောင်းမှူးအပါအဝင် အများအပြားကျဆုံး

 
တအန်းအမျိုးသားတပ်မတော် တပ်ရင်း ၂၂၃ နှင့် မြန်မာတပ် ခမရ ၅၀၅ တို့ မန်တုံမြို့နယ် ထဲတ်ကျဲတ်-ရူဝိုင်း အနီးတွင် ယခု ၁၅း၁၅ တွင် စတင်တိုက်ပွဲဖြစ်ပွားကြရာ မြန်မာတပ် ၅၀၅ စစ်ကြောင်းမှူး ဒုဗိုလ်မှူးကြီး သန့်ဇင်ထွန်း အပါအဝင် အများအပြားကျဆုံးခဲ့သည်။

ခမရ ၅၀၅ စစ်ကြောင်းသည် နမ့်ဆန်မြို့နယ် ရူမန်းရွာမှ ချောင်းသို့ဆင်းပြီး မန်တုံမြို့နယ် ထဲတ်ကျဲတ်-ရူဝိုင်း တောင်သို့ ထိုးစစ်ဆင်တက်လာစဉ် တအန်းတပ် ၂၂၃ နှင့်ရင်ဆိုင်တိုးပြီး တိုက်ပွဲ ဖြစ်ပွားနေလျှက်ရှိသည်။ ထဲတ်ကျဲတ်တောင်ဘက်သို့တက်လာသည့် ၅၀၅ စစ်ကြောင်းသည့် တောင်အတက် မောပမ်းနေစဉ် တအန်းတပ်မတော် ၂၂၃ လှုပ်ရှားတပ်ခွဲမှ အဆင်းနှင့်ရင်ဆိုင်မိပြီး အနဲဆုံး ၁၀ ဦးခန့်ကျဆုံးခဲ့သည်။

ယနေ့ နေ့လည် ၁၂း၀၀ နာရီခန့်တွင်လည်း ထိုတိုက်ပွဲဖြစ်ပွားရာနေရာအနီး ဟိုမိန်းနှင့်ပန်ဆွေရွာအကြား ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင်လည်း မြန်မာတပ်ဖွဲ့ အနဲဆုံး ၃ ဦးကျဆုံးခဲ့သည်။

ထို နမ့်ဆန်-မန်တုံ အစပ်တွင် မြန်မာစစ်ကြောင်း ၅ ကြောင်းဖွင့် ဖိုးစစ်ဆင်နေပြီး တိုက်ပွဲများ ဆက်လက်တင်းမာလာနိုင်သည်။

ယနေ့ ညနေ ၃း၃၀ ခန့်တွင်လည်း လားရှိုးဘက်မှ စစ်ကူတက်လာသည့် မြန်မာစစ်တပ် ယာဉ်တန်း ၁၀ စီးခန့် နမ္မတူမြို့ကို ဖြတ်သန်းသွားပြီး ယခုတိုက်ပွဲဖြစ်ပွားရာနေရာသို့ လာနိုင်ဖွယ်ရှိသည်။

P.S.L.F/ T.N.L.A
သတင်းနှင့်ပြန်ကြားရေးဌာန
(95) 09 4709 7772 , (95) 09 4931 4951, (86) 0692 622 4858

0 comments: