Thursday, February 27, 2014

အစိုးရစစ်တပ်မှ ရွာတရွာ လျှင်ဘိန်းခွန်ကျပ် သိန်း (၃၀) ကောက်ခံ

(ဓါတ်ပုံ -တာမုံးညှဲ ဒေသရှိဘိန်းခြံ များအား ၂၀၁၄ ၌မြင်ရပုံ။)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် ၊ တာမုံးညှဲ ဒေသရှိ ဘိန်းစိုက်ပျိုးသော တောင်သူများထံမှ နယ်မြေခံ ဗမာအစိုးရ စစ်တပ်အတွက် ရွာတစ်ရွာ လျှင် မြန်မာ ကျပ်ငွေ သိန်း (၃၀) ပေးဆောင်နေ ရကြောင်း သိရှိရပါသည်။ ၄င်းငွေ များအား တာ...မုံးညှဲ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ပြည့် နှင့် နယ်မြေခံရဲ များက ဒေသခံ ရွာသားများထံ မှ လိုက်လံ ကောက်ခံ ပေးနေ ကြောင်းဒေသခံရွာသားများထံ မှ သတင်းရရှိပါသည်။

ထို့ အပြင် အုပ်ချုပ်ရေးမှူး နှင့် ၄င်းရဲများ သည် ရွာသားများ မိမိတို့၏အိမ်တွင် ထမင်း ချက်စားရန်အတွက် တနိုင်စာ သယ်ဆောင်လာသော ထင်းများအား လမ်း၌ ခြိမ်းခြောက် ကာ လုယူပြီး ၊ အုပ်ချုပ်ရေးမှူး နှင့် ရဲများက ၄င်းထင်းများအားတဆင့် ပြန်လည် ရောင်းစားနေ ကြ ကြောင်း ရွာသားများထံ မှ ထပ်မံ
သိရှိရပါသည်။

၎င်းတာမုံးညှဲ ဒေသ သည် ဦးသိန်းစိန်အစိုးရ ၏ ဘိန်းလက်ဝေခံ တရုတ်လူမျိုးဘိန်းဘုရင် ပြည်သူ့ စစ်အဖွဲ့ အုပ်ချုပ်သော ဒေသဖြစ်သည်။
 
သတင်းရင်းမြစ် - ကချင်သတင်းဌာန

0 comments: