Thursday, February 20, 2014

တအာင်းတပ် ၃၆၇ နှင့် မြန်မာတပ် ၅၀၆ တို့ တိုက်ပွဲဆက်

 
၂၀ ဖေဖော်ဝါရီ ၂၀၁၄

တအာင်းတပ်မတော် တပ်ရင်း ၃၆၇ နှင့် မြန်မာတပ်မတော် ၅၀၆ တို့ မန်တုံမြို့နယ် လွယ်ကန်နှင့် ကုန်းယောင်းရွာအကြားတွင် ယနေ့ ညနေ ၁၅း၃၀ နာရီမှ ၁၆း၁၅ နာရီခန့်ထိ တိုက်ပွဲဖြစ်ပွားခဲ့သည်။

မြန်မာ ၅၀၆ စစ်ကြောင်းသည် မန်တုံမြို့ လွယ်ကန်ကျေးရွာမှ စထွက်ကတည်းက လက်နက်ကြီးများ ဆက်တိုက်ထုပြီး တောင်ပေါ် တောတန်းသို့ တက်လာခဲ့သည်။

ထိုနောက်အသင့်စောင့်နေသော တအန်းတပ်တို့နှင့် ညနေ ၁၅း၃၀ နာရီခန့်တွင်စတင်ထိတွေ့ တိုက်ပွဲဖြစ်ခဲ့ကြသည်။ နှစ်ဖက် ပစ်ခတ်မှုမှာ မိနစ် ၂၀ ကျော်ခန့် အပြင်းအထန်ဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် ပစ်ခတ်မှု တဖြေးဖြေးလျော့သွားကာ ၁၆း၁၅ နာရီတွင် လက်နက်ငယ်အသံများတိတ်ဆိတ်သွားခဲ့သည်။

မြန်မာစစ်ကြောင်းမှ တောင်ပေါ်တောတန်းများဆီသို့ လက်နက်ကြီးများဖြင့် ၁၅ မိနစ်ခြားတလုံး ရမ်းသမ်းထုနေဆဲဖြစ်သည်။

နှစ်ဖက်ထိခိုက်ကျဆုံးမှုများမသိရသေးပါ။

လွန်ခဲ့သော ၁၈ ရက်နေ့တွင်လည်း မန်တုံမြို့နယ် နမ့်ပါကျိုင်ရွာအနီးတွင် တအန်းတပ် ၃၆၇ နှင့် မြန်မာတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

သတင်းနှင့်ပြန်ကြားရေးဌာန
P.S.L.F/ T.N.L.A

0 comments: