Friday, February 7, 2014

ဗိုလ်ချူပ်အောင်ဆန်းသာ အသက်ရှိနေသေးရင် သန်းရွှေတို့  အာဏာရူးတစ်အုပ်လုံးကို ပါးရိုက်မှာ။

 
ဗိုလ်ချူပ်အောင်ဆန်းတို့  ရေးဆွဲပြဌန်းခဲ့တဲ့ ၁၉၄၇ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေပါ သမ္မတဖြစ်ပိုင်ခွင့် သတ်မှတ်ချက်နဲ့  သန်းရွှေတို့  ရေးဆွဲခဲ့တဲ့ ၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေပါ သမ္မတဖြစ်ပိုင်ခွင့် သတ်မှတ်ချက်တွေဟာ ကွာခြားပါတယ်။

သန်းရွှေတို့ ရဲ့  လက်ပါးစေတွေဟာ ဗိုလ်ချူပ်အောင်ဆန်းတို့  ရေးဆွဲခဲ့တဲ့ ၁၉၄၇ ခုနှစ...် ဖွဲ့  စည်းပုံအခြေခံဥပဒေပါ သမ္မတဖြစ်ပိုင်ခွင့် သတ်မှတ်ချက်တွေကဘဲ ၂၀၀၈ ခုနှစ် ဖွဲ့  စည်းပုံအခြေခံဥပဒေပါ သမ္မတဖြစ်ပိုင်ခွင့် သတ်မှတ်ချက်တွေနဲ့  တူသလိုလိုနဲ့  ဗိုလ်ချူပ်အောင်ဆန်းကိုပါ စော်ကားပြီး၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ကြံ့ ဖွတ်ပါတီ အနိုင်ရဖို့  အတွက် ပြည်သူလူထုကို နားလှည့်ပါးရိုက်လုပ်နေ ပြောဆိုနေကြတာ ဖြစ်ပါတယ်။

ဗိုလ်ချူပ်အောင်ဆန်းတို့  ရေးဆွဲခဲ့တဲ့ ၁၉၄၇ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေပါ သမ္မတဖြစ်ပိုင်ခွင့် သတ်မှတ်ချက်တွေမှာ - သမ္မတအဖြစ် ၀င်ရောက်အရွေးချယ်ခံမည့် ပုဂ္ဂိုလ်သာလျှင် နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာခံယူသူ အခွင့်အရေးများ ကျေးဇူးခံစားခွင့်များ မရှိသောသူ ဖြစ်ရမည်ဟု သတ်မှတ်ထားတာပါ။

သန်းရွှေတို့  ရေးဆွဲခဲ့တဲ့ ၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေပါ သမ္မတဖြစ်ပိုင်ခွင့် သတ်မှတ်ချက်တွေမှာတော့ - သမ္မတအဖြစ် ၀င်ရောက်အရွေးချယ်ခံမည့် ပုဂ္ဂိုလ်သာမကဘဲ သူ့ ရဲ့  မိဘ ဇနီးခင်ပွန်း သားသမီး သားသမီးရဲ့  ဇနီးခင်ပွန်းတွေကိုပါ နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာခံယူသူ အခွင့်အရေးများ ကျေးဇူးခံစားခွင့်များ မရှိသောသူ ဖြစ်ရမည်ဟု နောက်ဆက်တွဲသူတွေကိုပါ ထည့်သွင်း
သတ်မှတ်ထားပါတယ်။

ဒီလို သိသိသာသာကြီး ကွာခြားနေတာကို ဗြောင်လိမ်ပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်ရေးကို ဦးတည်ရေးဆွဲသတ်မှတ်ထားရုံမက အခုဆိုရင် ဗိုလ်ချူပ်အောင်ဆန်းကိုပါ ယုတ်မာစွာ ဆွဲထည့်ပြီး ၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေပါ သမ္မတဖြစ်ပိုင်ခွင့် သတ်မှတ်ချက်တွေက ဗိုလ်ချူပ်အောင်ဆန်း ရေးဆွဲတာနဲ့ တူတယ်ဆိုပြီး ယုတ်မာပက်စက်စွာနဲ့  လှည့်ဖြားနေပါတော့တယ်။

ဗိုလ်ချူပ်အောင်ဆန်းသာ အသက်ရှိနေသေးရင် ဒီ လူလိမ် လူယုတ်မာ သန်းရွှေတို့  သိန်းစိန်တို့  ရွှေမန်းတို့  ဌေးဦးတို့  ခင်ရီတို့  အောင်သောင်းတို့  အောင်သိန်းလင်းတို့  အောင်မင်းတို့  စိုးသိန်းတို့  ရဲထွဋ်တို့  အုန်းမြင့်တို့ အကုန်လုံးကို ပါးချည်း လိမ့်ရိုက်မှာ သေချာတယ်


Nik Nayman(FB) သတင်းစာမျက်နှာမှ

0 comments: