Friday, February 7, 2014

ဒေါက်တာအေးမောင် နှင့် ဦးအေးသာအောင်အား မလေးရှားတွင် လုပ်ကြံရန် ကြိုးစားမှုမအောင်မြင်...

စစ်တွေ ၊ ၀၆ ဖေဖော်ဝါရီ ၂၀၁၄ ၊

မလေးရှား ရခိုင်အသိုက်အ၀န်း၏ ဖိတ်ခေါ်မှုဖြင့် မလေးရှားသို့ ရောက်ရှိနေသော ဒေါက်တာအေးမောင် နှင့် ဦးအေးသာအောင် တို့အား သေနတ်သမားအချို့က ပစ်ခတ်လုပ်ကြံခဲ့ကြသော်လည်း မည်သူမျှ ထိခိုက်ဒဏ်ရာရမှုမရှိဘဲ ဘေးမသီရန်မခ လွတ်မြောက်လာခဲ့ကြသည် ဟု သိရသည်။

ယနေ့ ညနေပိုင်း ကုန်တိုက်မှအထွက်တွင် ရခိုင်ခေါင်းဆောင်နှစ်ဦးနှင့် အဖွဲ့အား ဆိုင်ကယ်သမားတစ်ဦး နှင့် ကားတစ်စီးပေါ်မှ သေနတ်သမားတို့က သေနတ်ရှစ်ချက် ပစ်ခတ်ပြီးနောက် ဗမာစကားဖြင့် “ပြေး . . . ပြေး” အော်ဟစ်ကာ မောင်းနှင်ထွက်ပြေးသွားကြသည် ဟု ဆိုသည်။

သေနတ်သမားများ မည်သူမည်ဝါဖြစ်ကြောင်း မည်သည့်အတွက် ပစ်ခတ်ကြောင်း စသည့် အကြောင်းခြင်းရာ များကို ဖော်ထုတ်နိုင်ခြင်းမရှိသေးပါ။

သို့ရာတွင် မလေးရှားရောက် မြန်မာနိုင်ငံမှ ကုလားအချို့က ရခိုင်ခေါင်းဆောင် နှစ်ဦးအား လုပ်ကြံ သတ်ဖြတ်မည်ဟု ခြိမ်းခြောက်ခဲ့မှုများ ရှိခဲ့သည်။

by Coral Arakan News

0 comments: