February 26, 2014
ရှမ်းပြည်နယ်မြောက်ပိုင်းမှ
ရှမ်းပြည်နယ်မြောက်ပိုင်းက မန်တုံနဲ့ နမ့်ခမ်းမြို့တွေမှာ ၂၀၁၂ ခုနှစ်က ဒုက္ခသည် စခန်း ၂ ခုပဲရှိခဲ့ရာက ၂၀၁၃ ခုနှစ်အတွင်းမှာ ဒုက္ခသည် စခန်းပေါင်း ၇ ခုထိ ထပ်တိုးလာပြီး ဒုက္ခသည် ၃၀၀၀ ကျော်ဟာ စားဝတ်နေရေး အကြပ် အတည်းတွေနဲ့ ရင်ဆိုင် နေကြတယ်လို့ တအာင်း (ပလောင်) အမျိုးသမီး အဖွဲ့ (TWO) က ဒီကနေထုတ်ပြန်လိုက်တဲ့ "လျစ်လျူရှုခံ အကြပ်အတည်းများ" စာတမ်းမှာ ဖော်ပြထားပါတယ်။
"ဒီဒုက္ခသည်တွေဟာ ဒေသတွင်းမှာဖြစ်တဲ့ စစ်ပွဲတွေကြောင့် အိုးအိမ်တွေကို စွန့်ခွာပြီး ဘေးလွတ်ရာကို ထွက်ပြေးခိုလှုံဖို့ ရောက်လာကြတဲ့သူတွေပါ၊ ဒါပေမယ့် ကူညီမယ့်သူတွေမရှိတော့ အဟာရ မလုံလောက် တာ၊ ကျန်းမာရေး စောင့်လျှောက်မှု မရတာနဲ့ ဒုက္ခတွေကို အဆင့်ဆင့် ရင်ဆိုင်နေကြရတယ်" လို့ TWO တွဲဘက်အထွေထွေ အတွင်းရေးမှူး (၂) လွေးပိုးငယ် က ဧရာဝတီကို ပြောပါတယ်။
ထပ်တိုးလာတဲ့ ဒုက္ခသည်စခန်းတွေဟာ ကွတ်ခိုင်၊ တန့်ယန်းနဲ့ နမ္မတူ မြို့နယ်တွေမှာဖြစ်ပြီး စုစုပေါင်း ဒုက္ခသည်စခန်းပေါင်း ၉ ခု ရှိပြီး အဲဒီအထဲက ၅ ခုဟာ တအာင်း (ပလောင်) လူမျိုးတွေဖြစ်ပြီး ကျန်တဲ့ စခန်းတွေကတော့ ကချင်၊ ရှမ်းနဲ့ တခြားတိုင်းရင်း သားတွေ ရောနောနေထိုင်ကြတယ်လို့ ဆိုပါတယ်။
အဲ့ဒီ့ဒုက္ခသည် အများစုဟာ တအာင်း (ပလောင်) ဒေသဖြစ်တဲ့ နမ့်ခမ်း၊ မန်တုံ၊ နမ့်ဆမ်၊ ကျောက်မဲ၊ ကွတ်ခိုင်၊ နမ္မတူ စတဲ့ ဒေသတွေကဖြစ်ပြီး ၂၀၁၂ ခုနှစ်ပိုင်းထဲက စပြီး သူတို့ဒေသတွေမှာ တိုင်းရင်းသား လက်နက်ပိုင် မဟာမိတ်တပ်တွေနဲ့ အစိုးရစစ်တပ်တွေ တိုက်ပွဲတွေဆက်တိုက် ဖြစ်ပွားနေတာကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသူေ
"ဒုက္ခသည်တွေက အိုးအိမ်တွေပစ်ပြီး လာခဲ့ကြရတာဆိုတော့ ပြီးခဲ့တဲ့နှစ်ထဲမှာ တချို့တဝက် အိမ်ပြန် ကုန်ကြသေးတယ်၊ ဒါပေမယ့် သူတို့ရွာတွေဘက်မှာ တိုက်ပွဲတွေဖြစ်နေတာ၊ မြေမြှုပ်မိုင်းတွေရှိနေ တာကြောင့် ရွာအပြင်ထွက်ပြီး အလုပ်ထွက် လုပ်လို့ မရတဲ့ အခြေအနေနဲ့ရင်ဆိုင်နေရတယ်" လို့
လွေးပိုးငယ် က ရှင်းပြပါတယ်။
အဲဒီဒေသတွေကို တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က အဓိက ထိန်းချုပ်လှုပ်ရှားနေပြီး သူ့ရဲ့ ထာဝရ မဟာမိတ်ဖြစ်တဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်
နောက်ထပ် မဟာမိတ် တဖွဲ့ဖြစ်တဲ့ ရှမ်းပြည်မြောက်ပိုင်း တပ်မတော် (SSPP/
၂၀၁၃ ခုနှစ် ဇူလိုင်လ ပိုင်းထဲမှာ TNLA ခေါင်းဆောင်တွေနဲ့ ဝန်ကြီးဦးအောင်မင်း ဦးဆောင် တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီတို့ အပစ်အခတ်ရပ်စဲရေးဆွေးနွေးခဲ
အဲဒီတွေ့ဆုံပွဲမှာ ဒုက္ခသည်တွေပြန်လည်နေရာချထား
"ဒုက္ခသည်တွေ ခုလို အခြေအနေဖြစ်ခဲ့ရတာ တိုက်ပွဲကြောင့်ဆိုတာမှန်ပါ
Copy from - Irrawaddy
0 comments:
Post a Comment