Monday, February 24, 2014

ဒေါ်အောင်ဆန်းစုကြည် မထိန်းပါက ပြည်ထောင်စုပြိုကွဲနိုင်


 ၁။ ဒါက ခြိမ်းခြောက်မှုတစ်ခုမဟုတ်ဘူး။ ဖြစ်လာဖို့ သေချာနေတဲ့ ကိစ္စတစ်ခုပါ။ ဘာကြောင့် ပြောရသလဲဆိုရင် လက်ရှိအချိန်မှာ ပြည်ထောင်စုမဟုတ်ဘူး။ တပြည်ထောင်စနစ်မှာ စစ်တပ်က အတင်းအကြပ်စုစည်းထားလို့ လေအပြည့်ရှိတဲ့ ပူးဖောင်းလေးလို ရပ်တည်နေရတာပါ။ ပေါက်ကွဲလွယ်တယ်။ ပြိုကွဲလွယ်တယ်။

၂။ လူများစုမြန်မာများကို အကောင်းမြင်တဲ့ တိုင်းရင်းသားလူမျိုးတွေ နည်းပါးတယ်။ ဒါလည်း ချဲ့ပြောတာမဟုတ်ဘူး။ ဖွင့်မပြောကြပေမဲ့ သိပ်ကျေနပ်နေကြတာ မဟုတ်ဘူး။ ဒီမကျေနပ်မှုဟာြ...မန်မာများအတွက် တစ်နေ့မဟုတ်တစ်နေ့ အန္တရာယ်ဖြစ်စေနိုင်တယ်။ သူတို့အားလုံး မညီမညွတ်ဖြစ်အောင် စစ်တပ်က ဘယ်လောက်ကြာကြာ ထိန်းထားနိုင်မှာလဲ။ ထိန်းမထားနိုင်တဲ့တစ်နေ့ ဒါဟာ တန်ပြန်မှုတွေ ဖြစ်လာနိုင်တယ်။

၃။ ဒီအချိန်မှာ ဗမာပြည်နယ်မပါတဲ့ ပြည်ထောင်စုတစ်ခုကို ထူထောင်ကြဖို့ တိုင်းရင်းသားလူမျိုးများက စိတ်ဝင်စားနေကြတယ်။ မိမိလည်း စစ်တပ်က လုံးဝမလျှော့ရင် ဒီအကြံကို ထောက်ခံရမှာပဲ။ ဒါပေမဲ့ တိုင်းရင်းသားလူမျိုးများအားလုံးကို UNFC က မထိန်းနိုင်ခဲ့ရင် United States of Ethnic Nationalities တစ်ခု ဖြစ်မလာဘဲ (၃)ခုလောက် ကွဲထွက်ကုန်မှာ စိုးရတယ်။ မွန်၊ ကရင်၊ ကရင်နီ၊ တနသာင်္ရီကို ပေါင်းပြီး မွန်ကရင်ပြည်ထောင်စုတစ်ခု ဖြစ်လာနိုင်တယ်။ ရှမ်းစော်ဘွားများပြည်ထောင်စု ဖြစ်သွားနိုင်တယ်။ ကချင်၊ တအာင်း၊ ကိုးကန့်၊ ဝတို့က သီးခြားပြည်ထောင်စုတစ်ခု ဖြစ်လာနိုင်တယ်။ ရခိုင်နဲ့ ချင်းကတော့ ဗမာပြည်ထဲမှာ ကျန်နေခဲ့မလား၊ သီးခြားရပ်တည်ကြမလား ပြောဖို့ အချိန်စောသေးတယ်။

သေချာတာတစ်ခုမှာ တိုင်းရင်းသားတွေဟာ အမြဲတမ်း စစ်ရှုံးနေကြမယ်လို့ မထင်ဘူး။ အဲဒီအမုန်းတရားတွေ စုစည်းလာတဲ့တစ်နေ့မှာ လူမျိုးတုံးသုတ်ဖြတ်မှုအချို့ ပြန်ဖြစ်လာဖို့ရှိတယ်။ တပြည်ထောင်လည်း မဖြစ်၊ ပြည်ထောင်စုလည်း မဖြစ် ဖရိုဖရဲဖြစ်သွားနိုင်တဲ့အခြေအနေတစ်ရပ်လည်း ရှိတယ်။

ဒါကြောင့် ပြည်ထောင်စုကို ကယ်တင်ဖို့ဆိုရင် ...

၁။ စစ်မှန်တဲ့ ပြည်ထောင်စုတစ်ခုကို ထူထောင်ပါ။
၂။ တန်းတူတဲ့ အမျိုးသားပြည်နယ်များကို ပြည်ထောင်စုအဖွဲ့ဝင်အဖြစ် လက်ခံပါ။
၃။ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံချက်ပေးပါ။

မြန်မာတို့နဲ့ တိုင်းရင်းသားတို့ကြားမှာ ယုံကြည်မှုတည်ဆောက်နိုင်သူဆိုရင် အဖန်ဖန်အခါခါ လိမ်လည်ခဲ့ဖူးတဲ့ စစ်အုပ်စုတွေဟာ အကောင်းဆုံးအနေအထားမှာ ရှိမနေကြပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ခြွင်းချက်အနေနဲ့ သူတို့ ယုံကြပါတယ်။ စစ်အုပ်စုတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပစ်ပယ်ပြီး တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်အရှိန်ကို မြှင့်တင်နေခဲ့ရင် ဒါဟာ ပြည်ထောင်စုပြိုကွဲရေးလမ်းစလို့ မြင်ပါတယ်။ ပြည်ထောင်စုကို ကယ်တင်ဖို့ ဒေါ်အောင်ဆန်းစုကြည် ရှိနေဖို့ လိုတယ်။

 
Ven Ravika(FB)သတင်းစာမျက်နှာမှ

0 comments: