Friday, February 21, 2014

ငြိမ်းချမ်းရေးကိစ္စ နေပြည်တော်တကယ်ပဲလိုလားရဲ့လား။ ယုံကြည်မှုမရှိကြဟု ကင်တားနားပြော

မန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြားမှာ အပစ်ရပ်ရေး ငြိမ်းချမ်း မှုဆွေးနွေးနေသလို တစ်ဖက်မှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေတာကြောင့် နေပြည်တော်အနေနဲ့ တကယ့် ပူးပေါင်း ဆောင်ရွက်မှု လိုနေတယ်လို့ ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ပြောဆိုခဲ့ပါတယ်။
 
၆နှစ်ကြာ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လွတ်လပ်တဲ့စုံစမ်းဖော်ထုတ်မှုတွေနဲ့ အစီရင်ခံစာတင်နေပြီး တာဝန်ပြီးဆုံးလို့ နောက်ဆုံးခရီးစဉ်အဆုံးသတ်ချိန်မှာတော့ တိုင်းရင်းသားတွေနဲ့ မြန်မာအစိုးရကြား ယုံကြည်မှုက အဓိကလိုအပ်တာလို့ မစ္စတာ သောမတ် အိုဟေး ကင်တားနားက ဆိုပါတယ်။
 
မြန်မာစစ်တပ်ဟာ ရှေ့တန်းစစ်မျက်နှာမှာ အင်အားတိုးချဲ့မှုနဲ့ မြေယာတွေကို အဓမ္မသိမ်းယူမှုတွေ ဆက်လုပ်နေပြီး ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ ပွင့်လင်းမြင်သာမှု အားနည်းလွန်တာကြောင့် တွေ့ ဆုံဆွေးနွေးရေး တကယ်ပဲ လိုလားရဲ့လားလို့ မေးခွန်းထုတ်စရာဖြစ်တယ်လို့ အထူးကိုယ်စားလှယ်က ဆိုပါတယ်။
 
လာမယ့် ဧပြီမှာ မြန်မာအစိုးရနဲ့ တိုင်းရင်းသားအဖွဲ့တွေကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရဖို့ရှိပြီး သူ့အနေနဲ့ မြန်မာပြည် ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဆက်လက်အားပေးကူညီသွားမယ်လို့ ဆိုပါတယ်။ သီတင်းတစ်ပတ်ကြာ သူ့ရဲ့ မြန်မာပြည် နောက်ဆုံးခရီးစဉ်မှာ ကချင်၊ ရခိုင်ပြည်နယ်အပြင် လက်ပံတောင်းတောင်နဲ့ သီလဝါစီမံကိန်းဘက်လည်း သွားရောက်ခဲ့ပါတယ်။
 
မြန်မာပြည် အသွင်ကူးပြောင်းရေးဟာ နောက်ပြန်လှည့်ဖို့ အကန့်အသတ်ရှိနေပေမယ့် အခြေအနေ ကတော့ ထိလွယ်ရှလွယ်ဖြစ်နေတယ်လို့ အစိုးရထိပ်တန်းအရာရှိတစ်ယောက် ပြောဆိုချက်ကို ကိုးကား ဆိုခဲ့ပါတယ်။ မြန်မာပြည်မှာ လွတ်လပ်တဲ့ တရားစီရင်ရေးမရှိဘဲ ဥပဒေစိုးမိုးမှုရှိမှာမဟုတ်ဘူးလို့ ရန်ကုန်လေဆိပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
 
Copyu from - kamayutmedia.com

0 comments: