ချင်းတိုင်းရင်းသားများ အဖွဲ့အစည်း(ဂျပန်) Chin National Community –Japan မှ ဦးစီး၍(၆၆)နှစ် မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ယနေ့ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ဂျပန်နိုင်ငံ၊တိုကျိုမြို့ နိရှိရှီနာဂါဝ အရပ်ရှိ Shinagawa kuritsu Chushou kigyo Center 3F, တွင် ကျင်းပခဲ့ပါသည်။
အဆိုပါ အခမ်းအနားကို ညနေ ၆း၀၀ နာရီတွင် စတင်ကျင်းပခဲ့ပြီး မြန်မာ့အရေးကို စိတ်ဝင်စားသော ဂျပန်လူမျိုး ဧည့်သည်တော်များ၊ တိုင်းရင်းသား အဖွဲ့အစည်းအသီးသီးမှ ဧည့်သည်တော်များ ၊ ဒီမိုကရေစီ အင်အားစုများတို့ပါ တက်ရောက် အားပေးခဲ့ကြပြီး ချင်းပြည်နယ်နှင့် ချင်းအမျိုးသားများအတွက် ဆုတောင်းခြင်း အစီအစဉ်ခြင်း အစီအစဉ်နှင့်အတူ နှုတ်ခွန်းဆက်စကား၊ မိန့်ခွန်းပြောကြားသည့် အစီအစဉ်ပြီးသည့်နောက် ရိုးရာယဉ်ကျေးမှု ခေတ်ပေါ်တေးဂီတ နှင့် အကများတို့ဖြင့် တင်ဆက်ဖျော်ဖြေခြင်း၊ ချင်းရိုးရာ ဝတ်စားဆင်ယင်မှု ဖက်ရှင်ပြသခြင်း အစီအစဉ်များကို ပြုလုပ်ခဲ့ပြီးသည့်နောက် တက်ရောက်လာသော ပရိသတ်များနှင့်အတူ ချင်းရိုးရာ စုပေါင်းအက ပါဝင်ကခဲ့ကြပြီးနောက် ချင်းရိုးရာ အစားအသောက်ဖြင့် ပြန်လည်ဧည့်ခံကာ ည ၉း၀၀ နာရီတွင် အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။
သတင်းမှတ်တမ်း။ ။Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ။ Lian Khan Sum
သတင်းမှတ်တမ်း ဓါတ်ပုံကို ၀င်ရောက်ကြည်ရှု့နိုင်ပါသည်
0 comments:
Post a Comment