Monday, February 10, 2014

(၂၁)ကြိမ်မြောက် သျှမ်းပြည်နယ်နေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို တိုကျိုတွင် ကျင်းပပြုလုပ်။



၂၀၁၄ ခုနှစ် ဖေဖေါ်ဝါရီလ (၉)ရက်။

(၂၁)ကြိမ်မြောက် သျှမ်းပြည်နယ်နေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို တိုကျို Toshima-ku,Ikebukuro အရပ်ရှိ အကယ်ဒမီ Hall မှာညနေ ၅း၃၀ နာရီ မှ ၉း၀၀ အထိ  ဂျပန်နိုင်ငံရောက် သျှမ်းတိုင်းရင်းသားများ စာပေနှင့် ယဉ်ကျေးမှု အဖွဲ့  မှ ဦးစီးကျင်းပ ပြုလုပ်ခဲ့ပါသည်။ သျှမ်းပြည်နယ်နေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ အစီအစဉ်ကို သျှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ (ဂျပန်)မှ နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ် လာခဲ့သည်မှာ ယခုနှစ်ဆိုလျှင် (၂၁)နှစ်မြောက် ရှိသွားပြီဖြစ်ကြောင်း ယနေ့ ကျင်းပပြုလုပ်သည့် အခမ်းအနားတွင် သျှမ်းအိုးစည် ဗုံမောင်းများ၊ သျှမ်းရိုးရာအကများဖြင့် ဧည့်ခံဖျော်ဖြေ သွားခဲ့ကြပြီးသျှမ်းတိုင်းရင်းသားများ စာပေနှင့် ယဉ်ကျေးမှု အဖွဲ့မှ သျှမ်းရိုးရာ အစားအစာများ စုံလင်စွာ ကျွေးမွေးဧည့်ခံခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum

အောက်ပါလင့်တွင်လဲ မှတ်တမ်းပုံ ၀င်ရောက်ကြည့်ရှု့နိုင်ပါသည်။
https://plus.google.com/photos/105844691991013069656/albums/5978382926205352369

0 comments: