Monday, January 20, 2014

ဒုတိယအကြိမ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ညီလာခံကို KNU,နယ်မြေတွင်ကျင်းပနေ

 
မြန်မာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဖော်ဆောင်နိုင်ရန်အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ခေါင်းဆောင်များဟာ ပထမ အကြိမ် အဖြစ် KIA, ဌာနချုပ် လိုင်ဇာတွင် (၃၀.၁၀.၂၀၁၃)မှ(၂.၁၁.၂၀၁၃)ရက်နေ့ အထိ အောင်မြင်စွာ ပြုလုပ်ခဲ့ ပြီး၊ထိုညီလာခံမှ NCCTအဖွဲ ကို ဖွဲ့ စည်းနိုင်ခဲ့ ကြောင်းသိရှိရပါသည်။ ယခု ဒုတိယ အကြိမ်အ ဖြစ် KNU,ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၇)ထိန်းချုပ်နယ်မြေဖြစ်သော လေးဝါး ခေါ် လောခီးလာမှာ ဒီကနေ့ (၂၀.၁.၂၀၁၄) မှာစတင် ဆွေးနွေးနေပါတယ်။

ယခုကျင်းပနေ သော ဒုတိယအကြိမ်ညီလာခံတွင် တစ်နိုင်လုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့က သဘောတူ ရေးဆွဲခဲ့ကြသည့် အပစ်ခတ်ရပ်စဲရေး ဆိုင်ရာ စာချုပ်ကို အပြီးသတ် ဆွေးနွေးသွားရန် ရည်ရွယ်ထားသည်ဟု NCCTအဖွဲ့ဝင် ဗိုလ်မှုးကြီး ခွန်ဥက္ကာက ဆွေးနွေးပွဲ တွင် ပြောသည်။

ုယနေ့ စတင်ကျင်းပသော ဒုတိယအကြိမ် တိုင်းရင်းသားလက်နက်ကိုင်များ၏ညီလာခံ သို့ ပါဝင် တက်ရောက်လာ သည့် အဖွဲ့ များမှာ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)၊ ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး(PSLF)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (NMSP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ(KNU/KNLA)၊ လားဟူဒီမိုကရက်တစ် ယူနီယံ(LDU)၊ 'ဝ'အမျိုးသား အစည်းအရုံး (WNO)၊ မိုင်းလားအဖွဲ့(MNDAA)၊ ရခိုင်တပ်မတော်(AA)နှင့် ရခိုင်အမျိုးသား
ကောင်စီ(ANC) တို့မှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်နေကြ ကြောင်း သိရှိရပါသည်။

ပထမအကြိမ် KIA, ဌာနချုပ်၊လိုင်ဇာ တွင် ကျင်းပသော ညီလာခံတွင် တက်ရောက်ခြင်း မရှိသည့် မိုင်းလား အဖွဲ့(MNDAA)သည် ယခုညီလာခံ တွင် ပါ ၀င်တက်ရောက် လာသော် လည်း ၊UWSA ခေါ် "ဝ" ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် မှာ မှု တက်ရောက်လာခြင်းမရှိသေးပါ။ မြန်မာနိုင်ငံလုံးဆိုင်းရာ ကျေင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) သည်လည်း ဤညီလာခံသို့ လေ့လာသူ အဖြစ် ပါဝင် တက်ရောက်နေ ကြောင်း သတင်းရရှိပါသည်။
 
Copy from - Lachid Kachin
 

0 comments: