နေ၇ာမရွှေးဘူး....ရှင်းတယ်နော် (photo -Coko Dmo)
ဒေါ်အောင်ဆန်းစုကြည်၏ ရှမ်းပြည်နယ်တောင်ပိုင်း လူထုတွေ့ဆုံပွဲခရီးစဉ်တွင် တောင်ကြီးမြို့ အဝေရာမီး ပုံးပျံကွင်း၌ တပ်ပိုင်မြေဖြစ်၍ ကျင်းပခွင့် မရသော်လည်း၊ အဆိုပါ မီးပုံးပျံကွင်း အနီးရှိ ပုဂ္ဂလိကပိုင်မြေ ကွက်ကျယ် တစ်ခုတွင် ကျင်းပရန် စီစဉ်ထားကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း NLD ဥက္ကဋ္ဌ ဒေါ်ခင်မိုးမိုးထံမှ သိရသည်။
၂၀၁၄ ခု ဇန်န၀ါရီ ၂၆ ရက် ညနေ ၃ နာရီတွင် တောင်ကြီးမြို့ အဝေယျာ မီးပုံးပျံကွင်း အနောက်မြောက်ဘက် ကျောင်းကြီးစုရပ်နယ်မြေ (၁၃) ကျောက်တစ်လုံးလမ်း ဘေးအမှတ် (၁၈၄)ရှိ အဆောက်အအုံ မဆောက်လုပ်ရသေးသည့် ပုဂ္ဂလိကပိုင် မြေကွက်လပ်တွင် ဒေါ်အောင်စုကြည်နှင့် တောင်ကြီးမြို့ လူထုတွေ့ဆုံပွဲကို ကျင်းပမည် ဖြစ်ကြောင်း၊ ဤနေရာတွင်သာမက မြို့ပေါ်ရှိ အခြားအဆင်ပြေနိုင်မည့် နေရာများ သို့ပါ လှည့်လည် သွားရောက် တွေ့ဆုံ ဟောပြောနိုင်ရန် စင်မြင့်ကို ၂၄ ဘီးကားကြီးပေါ်တွင် စီစဉ်ထားရှိကြောင်း၊ ယခုတွေ့ဆုံမည့်နေရာမှာ လမ်းမနံဘေးဖြစ်၍ လူဦးရေ တော်တော်များ ၀င်ဆံ့နိုင်ကြောင်း စီစဉ်သူတစ်ဦးက ရှင်းပြသည်။
Copy from - Eleven Media Group

0 comments:
Post a Comment