Thursday, January 9, 2014

ပင်လုံစိတ်ဓါတ်ဖော်ဆောင်ရေးမှ စစ်မှန်သော ဒီမိုကရေစီနှင့် ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ကြစို့။

Panlong
            Gragph2.jpg
ပင်လုံစိတ်ဓါတ်ဖော်ဆောင်ရေးမှ
စစ်မှန်သော ဒီမိုကရေစီနှင့် ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ကြစို့။
 
နိဒါန်း
ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များသည် ၁၉၄၇ခု ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် ပင်လုံ စာချုပ်ကို ချုပ်ဆိုခဲ့ပြီး၊ ပင်လုံစိတ်ဓါတ်၊ အမျိုးသားစိတ်ဓါတ်၊ ပြည်ထောင်စုစိတ်ဓါတ်ကို ချမှတ်ပေးထားခဲ့သည်။  အုပ်စိုးသူ အာဏာပိုင် အဆက်ဆက်သည် ပင်လုံစာချုပ် ချုပ်ဆိုသည့်နေ့ကိုအစွဲပြု၍ ပြည်ထောင်စုနေ့ဟု သတ်မှတ် ထားသော်လည်း ဦးတည်ချက်အမျိုးမျိုးဖြင့် ကျင်းပလာခဲ့သည်။
ထိုသို့ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ ချမှတ်ထားသော ပင်လုံစိတ်ဓါတ် အခြေခံမူ လမ်းစဉ်အပေါ် သွေဖယ်အားနည်းသွားရာမှ ၁၉၄၇ ခု ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၁၉၇၄ခု ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ယနေ့ ၂၀၀၈ ခု ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲပြဌာန်းရာတွင် စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုစနစ်နှင့် ဆန့်ကျင် သဖြင့် လွတ်လပ်ရေးနှင့်တပြိုင်တည်း ပြည်တွင်းစစ်မီး တောက်လျှောက် လောင်ကျွမ်းခြင်းဖြစ်သည်။ ခေါင်းဆောင်များ ချမှတ်ထားသော အမျိုးသားရေးစိတ်ဓါတ် လုံးဝ ပြိုလဲပျက်စီးသွားခြင်းနှင့်အတူ တိုင်းပြည်သည် ဆင်းရဲနက်တွင်းသို့ ကျ ဆင်းသွားပြီး ပြည်သူလူထု စားဝတ်နေရေးသည်လည်း အတိဒုက္ခမျိုးစုံ ခံစားနေကြရသည်။
တိုင်းရင်းသားလူမျိုးများဖြစ်ကြသော ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ မွန်၊ မြန်မာ၊ ရှမ်း၊ ရခိုင် စသည့် လူမျိုး များသည် ပင်လုံစိတ်ဓါတ်သည်သာလျှင် မဟာလူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသော လူမျိုးရေးဝါဒကို ဖယ်ရှားနိုင်ပြီး တိုင်းရင်းသားလူမျိုးများအချင်းချင်း လူမျိုးကြီး၊ လူမျိုးငယ် ဖိနိပ်ချုပ်ချယ်သော ပုံစံအားလုံးကို ဖယ်ရှားနိုင်မည် ဖြစ်သည်။ ထိုသို့ တိုင်းရင်းသားလူမျိုးများသည် လူမျိုးရေးတန်းတူညီမျှမှု၊ နိုင်ငံရေးတန်းတူညီမျှမှုရှိပြီး ပြည်ထောင်စု နိုင်ငံအတွက် တာဝန်အသီးသီး ရှိကြသည့်အတိုင်း ပူးပေါင်းဆောင်ရွက်ကြလျက် အချိုးကျ အကျိုးခံစားခွင့်ရရှိခြင်းမျိုး သည်သာလျှင် စစ်မှန်သော အမျိုးသားစည်းလုံးညီညွတ်ရေးကို အာမခံချက် ပေးနိုင်မည်ဖြစ်သည်။
သို့ဖြစ်ပါ၍  ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ ချမှတ်ထားသည့် ပင်လုံစိတ်ဓါတ်၊ ပြည် ထောင်စုစိတ်ဓါတ် အခြေခံမူလမ်းစဉ်အတိုင်း ငြိမ်းချမ်းသာယာဝပြောပြီး စစ်မှန်သောဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ကြပါစို့။  
 
[] နောက်ခံသမိုင်းအကျဉ်း။
            ပြည်ထောင်စုဗမာနိုင်ငံတွင် နေထိုင်ကြသော ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ မွန်၊ မြန်မာ၊ ရှမ်း၊ ရခိုင် စသည့်လူမျိုးများသည် ရှေးပဒေသရာဇ်ခေတ်ကာလကတည်းက ကိုယ့်ဘုရင်၊ စော်ဘွား၊ ဒူးဝါး၊ စောဖျာ၊ စော်ကဲ၊ တောင်ပိုင်ရမ်အုပ်မင်းများဖြင့်သီးခြား လွတ်လပ်စွာအုပ်ချုပ်နေထိုင်လာကြသည့်
ဌာနေတိုင်းရင်းသားများ ဖြစ်ကြသည်။ တပြည်ထောင်ပုံစံမရှိ၊ ပြည်ထောင်စုပုံစံ မရှိခဲ့ပေ။
 
[] အင်္ဂလိပ်ကိုလိုနီခေတ်ကာလ တိုင်းရင်းသားလူမျိုးများနယ်မြေအနေအထား။
() ကရင်၊ မွန်၊ မြန်မာ၊ ရခိုင်လူမျိုးအများစုနေထိုင်ကြသော နယ်မြေကို စုစည်း၍ Burma Proper ဗမာပြည်မဟု ခေါ်တွင်၍ အင်္ဂလိပ်က တိုက်ရိုက်အုပ်ချုပ်သော နယ်မြေ၊
(၂) ရှမ်းစော်ဘွားများ ကိုယ်ပိုင်အုပ်ချုပ်ရေးရရှိသော ပြည်ထောင်စုရှမ်းပြည်၊
(၃) ကချင်ဒူးဝါးများကိုယ်ပိုင်အုပ်ချုပ်ရေးရရှိသော ကချင်တောင်တန်းဒေသ၊
(၄) ချင်းတောင်ပိုင်ရမ်အုပ်မင်းများ ကိုယ်ပိုင်အုပ်ချုပ်ရေးရရှိသော ချင်းတောင်တန်းဒေသ၊
(၅) သီးခြားလွတ်လပ်သော ပြည်ထောင်စုကရင်နီနယ်ပြည်ဟူ၍ နယ်မြေကြီး ၅ ခု တည်ရှိခဲ့သည့်အပြင်
 (က) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထားပြီး part one ခေါ်တွင်သောနယ်မြေများ၊
Government of Burma ACT-1935
() အနောက်ဘက် ရှမ်းပြည်ဟုခေါ်တွင်ခဲ့သော သောင်သွပ်နယ်၊ ဆင်ကလိုက်ခန္တီးနယ်၊ () ရခိုင်တောင်တန်း ဒေသခေါ် ပလက်ဝဒေသနှင့် မြောက်ပိုင်းရှိတောင်တန်းဒေသများ၊ () ဆောမရနယ် (နာဂတောင်တန်းဒေသ) () မေခနှင့်မလိခမြစ်နှစ်သွယ်ကြားရှိသော တြိဂံနယ်မြေ၊ () အထက်ချင်းတွင်းဒေသနှင့် ဟူးကောင်းတောင် ကြား ဒေသ၊ () သံလွင်ခရိုင်နှင့်  () ၀ စော်ဘွားများနယ်မြေ ဟူ၍ပါရှိသည့်အပြင်
(ခ) အင်္ဂလိပ်ဘုရင်ခံက အုပ်ချုပ်ရေးထားရှိသော part 2 ခေါ်တွင်သောနယ်မြေများ
() part one တွင် မပါဝင်သည့် မြစ်ကြီးနားနှင့်ဗန်းမော်တို့မှ အစိတ်အပိုင်းများ၊
() အထက်ချင်းတွင်း စီရင်စုရှိ ဟုမ္မလင်းဆပ်ဒီဝီဇံ၊ တမူးမြို့နယ်ကျေးလက်ဒေသများ၊
() ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကော့ကရိတ်မြို့နယ်မှ မြ၀တီတိုက်နယ်၊ တောင်ငူစီရင်စုအရှေ့ဘက်ခြမ်း၊ ပျဉ်းမနား အရှေ့တောင်တန်းဒေသ၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်း ရွှေကျင်ခရိုင်ခွဲဒေသဟူ၍ ပါရှိသည့်အပြင်
 (ဂ) တောင်ပေါ်စခန်းမြို့များ
            တောင်ကြီး၊ မေမြို့(ခ)ပြင်ဦးလွင်၊ ကလော၊ လားရှိုး၊ လွိုင်လင်၊ လွိုင်မွေ၊ သံတောင်စသည့် တောင်ပေါ် စခန်းမြို့များကို သီးသန့်မြူနီစပါယ်အုပ်ချုပ်ရေးချမှတ်ထားသည့်နယ်မြေများအသီးသီးပါဝင်သည်။
            ဤသည်မှာတိုင်းရင်းသားများဒေသနယ်မြေအလိုက် သီးခြားနေထိုင်လာကြသည်မှာ သမိုင်းအချက်အလက် ပင်ဖြစ်သည်။ သို့သော် စုစည်းပြီး စည်းလုံးညီညွတ်သော တိုင်းရင်းသားနယ်မြေများကို အင်္ဂလိပ်က လာရောက် ပိုင်းခြားခြင်းဖြင့် စိတ်ဝမ်းကွဲပြားမှုရှိသည်ဟူသော အယူအဆသည် နယ်ချဲ့ဆန့်ကျင်ရေးတရားပွဲများ ခေတ်ကာလ တွင် အာပေါင်အာရင်းသန်သန်ဖြင့် ဟောပြော၍ကောင်းသော်လည်း အမှန်မှာမူလကပင် သီးခြားတည်ရှိကြသည့် တိုင်းရင်းသား နယ်မြေများကို သွေးမစည်းမိအောင် အင်္ဂလိပ်တို့က သပ်လျှိုဖြိုခွဲသည်ဟု မှတ်ယူရမည်ဖြစ်သည်။
            ဤတွင် မဝေးလှသော သမိုင်းကြောင်းပြန်ကြည့်ပါက တိုင်းရင်းသားလူမျိုး နယ်မြေများ၏ အနေအထားအမှန် ဖြစ်သည်။ တစ်ပြည်ထောင်ပုံစံမရှိ၊ ပြည်ထောင်စုပုံစံလည်းမရှိခဲ့ပေ။
မှတ်ချက်။          ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ရခိုင်တောင်တန်းဒေသကို ချင်းပြည်နယ်တွင် လည်းကောင်း၊  သံလွင်ခရိုင် (ခေါ်) ဖာပွန်နယ်၊ တောင်ငူစီရင်စုအရှေ့ဘက်ခြမ်း (ခေါ်) သံတောင်နယ်၊ ဘာအံနယ်၊ လှိုင်းဘွဲ့နယ်များကို စုစည်း၍ ၁၉၅၂ ခုနှစ်တွင် ကရင်ပြည်နယ် ဖော်ထုတ်ပေးပြီး ၁၉၅၄ ခုနှစ်တွင် ကော့ကရိတ် နယ်နှင့် ကြာအင်းဆိပ်ကြီးနယ်များအပါအ၀င် ကရင်ပြည်နယ်ကို တိုးချဲ့သတ်မှတ်သည်။ ဝ စော်ဘွားများနယ်ကို ရှမ်းပြည်အုပ်ချုပ်ရေးတွင်လည်းကောင်း၊ အထက်ချင်းတွင်းစီရင်စုရှိ ဟုမ္မလင်းဆပ်ဒီဝီဇံ၊ တမူးမြို့နယ် ကျေးလက်ဒေသ များ၊ ဟုမ္မလင်းခရိုင်ခွဲ၊ ဆင်ကလိုင်ခန္တီး၊ သောင်သွပ်၊ ဆောမရနယ်ပယ်၊ နာဂတောင်တန်းများကို ဗမာပြည်မ အုပ်ချုပ် ရေးတွင်လည်းကောင်း ထည့်သွင်းထားသည်။ ပျဉ်းမနားအရှေ့ တောင်တန်းဒေသ၊ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းနှင့် ရွှေကျင်ခရိုင်ခွဲဒေသကို ဗမာပြည်မတွင် ထည့်သွင်း ထားသည်။ တောင်ပေါ်စခန်းမြို့များဖြစ်သော မေမြို့ (ခ) ပြင်ဦးလွင်ကို ဗမာပြည်မတွင်လည်းကောင်း၊ သံတောင်မြို့ကို ကရင်ပြည်နယ်တွင်လည်းကောင်း၊ တောင်ကြီး၊ ကလော၊ လွိုင်လင်၊ လာရှိုး၊ လွိုင်မွေမြို့ကို ရှမ်းပြည်နယ်တွင်လည်းကောင်း ထည့်သွင်းထားသည်။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မွန်နှင့် ရခိုင်ပြည်ကို ဖော်ထုတ်ပေးသည်။
[] ပင်လုံစာချုပ်နှင့်ပြည်ထောင်စုတည်ဆောက်ခြင်း။
            ဗမာပြည်မအစိုးရကိုယ်စား ဗိုလ်ချုပ်အောင်ဆန်းနှင့် ရှမ်း၊ ကချင်၊ ချင်းတိုင်းရင်းသားခေါင်းဆောင်တို့သည် အမျှော်အမြင်ကြီးမားစွာဖြင့် တိုင်ပင်ဆွေးနွေး အပေးအယူလုပ်ကြပြီးမှ ၁၉၄၇-ခုနှစ်၊ ဖေဖော်ဝါရီ (၁၂) ရက်နေ့တွင် ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့သည်။
ပင်လုံစာချုပ်၏ လက္ခဏာရပ်များ
() အနိုင်အရှုံးစာချုပ်မဟုတ်ပါ၊ တန်းတူရည်တူစာချုပ်ဖြစ်သည်။
() လူမျိုးကိုကိုယ်စားပြုသော  စာချုပ်မဟုတ်ပါ။ ဗမာပြည်မနယ်မြေ၊ ပြည်ထောင်စုရှမ်းပြည်နယ်မြေ၊ ကချင် တောင်တန်းဒေသနယ်မြေနှင့် ချင်းတောင်တန်းဒေသနယ်မြေ ဟူ၍ နယ်မြေ () ခုကို အသီးသီးကိုယ်စားပြုပြီး ချုပ်ဆိုထားသော စာချုပ်ဖြစ်သည်။
 ပင်လုံစာချုးပ်၏အနှစ်သာရများ
() သီးခြားစီတည်ရှိသော ဗမာပြည်မနယ်မြေ၊ ပြည်ထောင်စုရှမ်းပြည်နယ်မြေ၊ ကချင်တောင်တန်းဒေသနှင့် ချင်း တောင်တန်းဒေသနယ်မြေ () ခုသည် တပြိုင်တည်းလွတ်လပ်ရေးရယူရန်။
() ယင်းနယ်မြေ () ခုသည် လွတ်လပ်ရေးရရှိပြီးပါက အမျိုးသားတန်းတူရည်တူ၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော ပြည်ထောင်စုနိုင်ငံ တည်ဆောက်ရန်တို့ဖြစ်သည်။
 [] ဖွဲ့စည်းပုံရေးဆွဲရန်ပြင်ဆင်ခြင်း။
ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ဖဆပလ အဖွဲ့ချုပ်နှင့် ကချင်၊ ချင်း၊ ရှမ်း တိုင်းရင်းသားခေါင်းဆောင်များ သည် အနာဂတ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာတွင် အခြေခံမူများ၊ လမ်းညွန်ချက်များနှင့် ဖွဲ့စည်းပုံ အခြေခံကျောရိုး များကို သဘောတူချမှတ်ထားသည်။
(က) အခြေခံမူ ()ချက်
 
            - လွတ်လပ်သောနိုင်ငံဖြစ်ရမည်။ (Independence)
            - အချုပ်အခြာအာဏာပိုင်ရမည်။ (Sovereignty)
            - ဒီမိုကရေစီသမတနိုင်ငံဖြစ်ရမည်။(Republic)
            - ပြည်ထောင်စုဖြစ်ရမည်။ (Union State) ဟူ၍ ချမှတ်ထားသည်။
 
 
 
() ဗိုလ်ချုပ်လမ်းညွန် ()ချက
------
() ဖွဲ့စည်းပုံအခြေခံကျောရိုး ချမှတ်ခြင်း။
ရန်ကုန်မြို့ ဂျူဗလီခန်းမကြီးတွင် ၁၉၄၇-ခုနှစ်၊ မေလ (၂၄)တွင် ကျင်းပသော ဖဆပလပဏာ မညီလာခံသဘင်၌ အဆို (၁၄) ချက် သို့မဟုတ် အခန်း (၁၄) ခန်း တင်သွင်းသည့်အပေါ် တိုင်းပြုပြည်ပြုလွှတ်တော်ကဲ့သို့ ညီလာခံက လက်ခံခဲ့သည်။ အရေးကြီးသည့် အခြေခံမူများနှင့် အခြေခံကြောရိုးဖြစ်သော အခန်း(၁)ကိုသာ  အောက်ပါအတိုင်း ဖေါ်ပြပါသည်။
အခန်း ၁။ နိုင်ငံဖွဲ့စည်းပုံ
ပုဒ်မ ၁။ ဗမာနိုင်ငံတော်ကို လွတ်လပ်သောအချုပ်အခြာအာဏာပိုင်သမတ နိုင်ငံဟူ၍ကြေညာရမည်။
ပုဒ်မ ၂။ ဆိုခဲ့ပြီးသော လွတ်လပ်ပြီးသော အချုပ်အခြာအာဏာပိုင်သမတ ဗမာနိုင်ငံတော်တွင်

(က)      - ဗမာပြည်ဝန်ကြီးအဖွဲ့က အုပ်ချုပ်သော ဗမာပြည်မ၊
            - ဟုမ္မလင်းခရိုင်ခွဲ
            - ဆင်ကလိုင်ခန္တီး
            - သောင်သွပ်
            - ဆောမရနယ်ပယ်
            - နာဂတောင်တန်းများ
            - သံလွင်ခရိုင်
            - ကန်ပက်လက်ခရိုင်ခွဲ
            - ရခိုင်တောင်တန်းဒေသ ဟူ၍ခေါ်ဝေါ်သော ဒေသများ
 
() ကိုးခန်းနှင့်မောင်းပိုင်တို့အပါအ၀င်ဖြစ်သော ရှမ်းပြည်ထောင်စု
() ကရင်နီပြည်နယ်များ
() ကချင်တောင်တန်းများ
() ကန်ပက်လက်ခရိုင်ခွဲမပါသော ချင်းတောင်တန်းခရိုင်တို့ပါဝင်စေရမည်။
 
ပုဒ်မ ၃။ ချုပ်ဆိုခဲ့ပြီးသော လွတ်လပ်သောအချုပ်အခြာအာဏာပိုင် သမတဗမာနိုင်ငံတော်သည် ပြည်ထောင်စု ဗမာ နိုင်ငံတော်ဟု ခေါ်တွင်ရမည်။
 () အောက်ပါ ဂုဏ်အင်္ဂါများရှိသော ပြည်သူပြည်သားများအား ပြည်ထောင်စုပြည်နယ် အဆင့်အတန်းကို ပေးအပ်ရ မည်။
            - ပထ၀ီအနေအထားအရ နယ်နိမိတ်အထင်အရှား ရှိခြင်း၊
            - မြန်မာစကားနှင့်မတူသော ဘာသာစကားတမျိုးတည်းရှိခြင်း၊
            - ယဉ်ကျေးမှုတမျိုးတည်းရှိခြင်း၊
            - ရာဇ၀င်အစဉ်အလာတမျိုးတည်းရှိသော လူစုရှိခြင်း၊
            - စီးပွားရေးဆိုင်ရာ အကျိုးကျေးဇူးနှင့် စီးပွားရေးလုံလောက်မှုတို့ရှိသော လူစုရှိခြင်း၊
            - လူဦးရေအတော်အတန်ရှိခြင်း၊
            - သီးခြားပြည်ထောင်စုဒေသအဖြစ်ဖြင့် မိမိ၏ကိုယ်ပိုင်ထင်ရှားချက်အတိုင်း နေလိုသောဆန္ဒရှိခြင်း၊
 
 () ကိုယ်ပိုင်အုပ်ချုပ်ရမည့် နယ်များကို အဆင့်အတန်းကို အထက်ပါဂုဏ်အင်္ဂါများ နည်းများမဆို ရှိပါလည်း စီးပွားရေး လုံလောက်မှု ချို့ငဲ့နေသော ပြည်သူပြည်သားများအား ပေးအပ်ရမည်။
() လူမျိုးစုပြည်နယ်အဆင့်အတန်းကို နည်းများမဆို သီးခြားဘာသာစကားရှိခြင်း၊ ထိုဘာသာစကားကို အတော်အသင့်အားဖြင့် တစုတပေါင်းတည်း ပြောဆိုသော ဒေသရှိခြင်း၊ မိမိ၏ ကိုယ်ပိုင်ထင်ရှားချက်အတိုင်း နေလို သော ဆန္ဒရှိခြင်းတို့မှတပါး အထက်ပါအားလုံးသော ဂုဏ်အင်္ဂါများ၌ ချို့ငဲ့နေသော ပြည်သူပြည်သားများအား ပေးအပ်ရမည်။
() တိုင်းရင်းသားလူနည်းစု အခွင့်အရေးများကို
၁။ လူမျိုးအားဖြင့်လည်းကောင်း၊ ဘာသာစကားအားဖြင့်လည်းကောင်း၊ ယဉ်ကျေးမှုအားဖြင့်လည်းကောင်း၊ ရာဇ၀င်အစဉ်အလာအားဖြင့်လည်းကောင်း လူများစုနှင့်ကွဲပြားခြားနား၍
၂။ ဗမာတပြည်လုံး၌ဖြစ်စေ အဖွဲ့ဝင် ဒေသတခုခုတွင်ဖြစ်စေ ရှိသောလူဦးရေအားလုံးတွင် အနည်းဆုံး (၁၀)ပုံ ()ပုံမျှ လူဦးရေရှိသော လူတစုအားရရှိနိုင်စေရန် ၀န်ခံချက်ပြုရမည်။
 ရှင်းလင်းချက်။   ။ အခန်း[] ပုဒ်မ ၃။ အပိုဒ်()တွင် အင်္ဂါရပ်များ ()ချက်ဖော်ပြရာမှာ မြန်မာစကားနှင့်မတူ သော ဘာသာစကားတမျိုးတည်းရှိခြင်း ပါရှိသဖြင့် အမျိုးသားပြည်နယ် ရာထားသော ကချင်၊ ကရင်နီ၊ ချင်း၊ ရှမ်းတိုင်းရင်း သား လူမျိုးများအတွက် ဆိုလိုခြင်းမဟုတ်ပါ။ ကချင်၊ ကရင်နီ၊ ချင်း၊ ရှမ်းလူမျိုးများသည် မြန်မာ စကားနှင့်တူသည် မတူသည်ဟု မေးရန်ဖြေရန်မလိုကြောင်း ရှင်းလင်းပေသည်။
 မြန်မာစကားနှင့်မတူသော ဘာသာစကားတမျိုးတည်းရှိခြင်း ဖော်ပြခြင်းသည် ဗမာပြည်မနယ်မြေတွင် အတူတကွ နေထိုင်ကြသော ရခိုင်၊ မွန်၊ ကရင် လူမျိုးများအတွက် ဖော်ပြခြင်းဖြစ်ကြောင်း ထင်ရှားပေသည်။ ထို့ကြောင့် ရခိုင်၊ မွန်၊ ကရင် အမျိုးသားပြည်နယ်အတွက် တပြိုင်တည်းဖော်ထုတ်ရမည်ဖြစ်သည်။ ထို့အတူ မြန်မာလူမျိုးသည်လည်း ပင်လုံစိတ်ဓါတ်အရ အခြားတိုင်းရင်းသားများနည်းတူ တန်းတူအခွင့်အရေးရှိရမည် ဖြစ်သဖြင့် မြန်မာအမျိုးသား ပြည်နယ်တစ်ခုကိုလည်း တပြိုင်တည်းဖော်ထုတ်ရမည်ဟု ရည်ညွှန်းထားခြင်း ဖြစ်ပေသည်။
ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များသည် အနာဂတ်ပြည်ထောင်စု သမတ ဗမာ နိုင်ငံတော် ဖွဲ့စည်းပုံရေးဆွဲရာတွင် ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ မွန်၊ မြန်မာ၊ ရှမ်း၊ ရခိုင်စသည့် တိုင်းရင်းသားများ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိပြီး စစ်မှန်သည့် ပြည်ထောင်စု တည်ဆောက်ရန် လိုအပ် သော အခြခံမူများ၊ စုဖွဲ့ပုံအခြေခံကျောရိုးများအတွက် အခိုင်အမာ ချမှတ်ထားပြီးဖြစ်ပေသည်။
 
[] ၁၉၄၇-ခုနှစ် ဖွဲ့စည်းပုံနှင့် ပြည်တွင်းစစ်မီးအဆင့်ဆင့်လောင်ကျွမ်းခြင်း
            ဗိုလ်ချုပ်အောင်ဆန်းကျဆုံးပြီးနောက် ဦးနုသည် ဖဆပလအဖွဲ့ချုပ် ဥက္ကဌဖြစ်လာသည်။ ဖဆပလအဖွဲ့ ချုပ်သည် ပင်လုံစိတ်ဓါတ်အခြေခံမူလမ်းစဉ်အပေါ် သွေဖယ်အားနည်းသွားရာမှ ၁၉၄၇-ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲရာတွင်
() ဗမာပြည်မကို ပြည်ထောင်စု (ဗဟို) အာဏာနှင့်တွဲထားပြီး ကရင်၊ မွန်၊ မြန်မာ၊ ရခိုင် အမျိုးသားများ အတွက် ပြည်နယ်မဖေါ်ပေးသဖြင့်၊ ရှမ်း၊ ကချင်၊ ကရင်နီ၊ ချင်းအမျိုးသားများသည် ဗမာပြည်မ လက်ခံအောက်ဘ၀ ရောက်ရှိ သွားခြင်း၊
 () သီးခြားလွတ်လပ်သောကရင်နီပြည်ကို စောဖျာများနှင့်ပြည်သူလူထုဆန္ဒမပါဘဲ ပြည်နယ်တခုအဖြစ် သတ်မှတ် ခြင်း၊
() ပါတီစုံစနစ်လက်တွေ့ကျင့်သုံးရာတွင် ဂိုဏ်းဂဏပြင်းထန်လွန်းခြင်း၊
() ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆွဲရန် အချိန်ဆွဲလွန်းခြင်း၊
() ကချင်ပြည်နယ်အစိုးရနှင့်လူထုဆန္ဒမပါဘဲ ဖီမော်၊ ဂေါ်လန်၊ ကန်ဖန် ဒေသများကို တရုတ်ပြည်သို့ လွဲအပ် ခြင်း၊
() ကူမင်တန်တရုတ်ဖြူကို အကြောင်းပြပြီး ရှမ်းပြည် (၁၃) နယ်ကို စစ်အုပ်ချုပ်ရေးသတ်မှတ်ခြင်း၊
() ဗုဒ္ဓဘာသာကိုနိုင်ငံတော် ဘာသာအဖြစ်ပြဌာန်းခြင်း၊
() ၀န်ကြီးချုပ်ဦးနုဦးဆောင်သော ၁၉၆၂-ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေး နှီးနှောဖလှယ်ပွဲ ကြီးကျင်းပနေစဉ် ဗိုလ်ချုပ်နေ၀င်းဦးဆောင်သည့်စစ်အုပ်စုက အာဏာသိမ်းယူခြင်းစသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ဆန့်ကျင်ခြင်း၊ ဒီမိုကရေစီအခွင့်အရေးနှင့်ဆန့်ကျင်ခြင်း စသည့် လုပ်ရပ်များကြောင့် လွတ်လပ်ရေးနှင့်အတူ ပြည်တွင်းစစ်မီးသည် တဆင့်ပြီးတဆင့် အထုဋ်အထိပ်သို့တောက်လောင်ပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များ တည်ဆောက်ထားသောပင်လုံစိတ်ဓါတ်၊ အမျိုးသားစိတ်ဓါတ်သည်လည်း လုံးဝ ပြိုလဲပျက်စီးသွား သည်။ တိုင်းရင်းသားများ တန်းတူရေးမရှိသော ဖွဲ့စည်းပုံအခြေခံဥပဒေသည်လည်း (၁၄) နှစ်အကြာတွင် ပျက်စီး သွားတော့သည်။
 [] (က) ၁၉၇၄-ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ
ဗိုလ်ချုပ်နေ၀င်းဦးဆောင်သော မဆလ ဖက်ဆစ်စစ်အုပ်စုသည် ၁၉၇၄-ခုနှစ်တွင် ၄င်းတို့စိတ်ကြိုက် ဖွဲ့စည်းပုံ တခုကိုရေးဆွဲပြဌာန်းလိုက်သည်။ တိုင်းရင်းသားများအခွင့်အရေးမဆိုထားဘိ၊ ဒီမိုကရေစီလူ့အခွင့်အရေးဟူ သမျှလုံးဝ ဆိတ်သုဉ်းသွားသဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ဆက်လက် တိုက်ပွဲဝင်လာသည့်အပြင် ပြည်သူ တရပ်လုံး မခံမရပ်နိုင်ဘဲ တလျောက်လုံးနည်းမျိုးစုံဖြင့် ဆန့်ကျင်တိုက်ပွဲဝင်လာခဲ့ရာ ၁၉၈၈-ခုနှစ်၊ တစ်တိုင်း တပြည်လုံး ပြည်သူလူထုဒီမိုကရေစီ အရေးတော်ပုံကြီးကြောင့် မဆလ တစ်ပါတီစနစ် ပြုတ်ကျသွားပြီး ၄င်းတို့ စိတ်ကြိုက်ရေးဆွဲထားသော ၁၉၇၄-ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ၄င်းတို့ကိုယ်တိုင် ဖျက်သိမ်းလိုက်ရသည်။ ဒီမိုကရေစီဆိတ်သုဉ်းသော အခြေခံဥပဒေသည်လည်း (၁၄) နှစ်အကြာတွင် ပျက်ဆီးသွားတော့သည်။
 ()၂၀၀၈-ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ
န၀တ/နအဖ ဖက်ဆစ်စစ်အုပ်စုသည် ၁၉၉၃-ခုနှစ်မှစ၍ အနာဂတ်အမျိုးသားနိုင်ငံရေးတွင် တပ်မတော်မှ အစဉ် တစိုက် ဦးဆောင်ပါဝင်ထမ်းဆောင်နိုင်ရေး ဆိုသည့်ဦးတည်ချက်ဖြင့် အတုအယောင် အမျိုးသားညီလာခံကို စတင် ကျင်းပခဲ့သည်။ ၂၀၀၇-ခုနှစ် (၁၄)နှစ်အကြာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ၄င်းတို့စိတ်ကြိုက် ရေးဆွဲထားပြီး ၂၀၀၈ ခုနှစ်တွင် ယင်းဖွဲ့စည်းပုံအခြေခံဥပဒေကို အတင်းအဓမ္မအတည်ပြု ပြဌာန်းလိုက်ပြီး ၂၀၁၀-ခုနှစ်တွင် ဖိနှိပ်မှုမျိုးစုံ ရွေးကောက်ပွဲတရပ်ကျင်းပကာ သမတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရကိုလည်း ဖွဲ့စည်းထားပြီး ဖြစ်သည်။ ယင်းဖွဲ့စည်းပုံသည် စစ်အုပ်စုက ပြည်သူတရပ်လုံးအပေါ် ကျွန်ပြုထားနိုင်ရေးနှင့် တိုင်းရင်းသားလူမျိုးစုများအား အမျိုးဖြုတ်ရေးကို ဦးတည်ခြင်းဖြစ်ပြီး ဒီမိုကရေစီအခွင့်အရေးနှင့် တိုင်းရင်းသား များ  တန်းတူရေးအတွက် မည်သို့မျှ ဖော်ဆောင်ပေးနိုင်ခြင်း မရှိကြောင်း အားလုံးအသိပင် ဖြစ်သည်။
[၇] စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု သမ္မတဗမာနိုင်ငံတော်သစ်  တည်ဆောက်ရေး
(က) အခြေခံမူများ
 
ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ ချမှတ်ထားခဲ့သော အခြေခံမူများသည် အောက်ပါ (၈)ချက် အပြင် လွတ်လပ်စွာ ပူးပေါင်းခြင်းနှင့် လွတ်လပ်စွာ ခွဲထွက်ခွင့် (၂) ချက် ပါရှိသည်။ သို့သော် ပူးပေါင်း လာသည်မှာ ကြာပြီဖြစ်သောကြောင့် ထည့်သွင်းရန် မလိုအပ်ကြောင်း၊ ခွဲထွက်ခွင့်နှင့် ပတ်သက်၍လည်း ထည့်သွင်းရန် မလိုအပ်ကြောင်း၊ ခွဲထွက်ခွင့်ထက် တန်းတူရည်တူ သည်သာလျှင် ပိုပြီးအရေးကြီးကြောင်း၊ ထို့ကြောင့် အခြေခံ ထားရှိရမည့်မူတွင် ခွဲထွက်ခွင့် ထည့်သွင်းခြင်းမပြုဘဲ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် သွားရန် အရေးကြီးပေသည်။
 
()   လွတ်လပ်၍ အချုပ်အခြာအာဏာပိုင်ဆိုင်သောနိုင်ငံ (Sovereign State)
       လွတ်လပ်၍ အချုပ်အခြာအာဏာပိုင်ဆိုင်သောနိုင်ငံကို ထူထောင်ရမည်ဖြစ်ပြီး နိုင်ငံတော်၏ အချုပ်အခြာ အာဏာ ဟူသမျှတို့သည် ပြည်သူလူထုထံမှသာ ဆင်းသက်လာစေရမည်။
()   တန်းတူရေး (Equality)
       တိုင်းရင်းသားလူမျိုးတိုင်းသည် နိုင်ငံရေးအရဖြစ်စေ၊ လူမျိုးရေးအရဖြစ်စေ တန်းတူရည်တူအခွင့်အရေး ရှိစေရ မည်။
()   ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (Self-determination)
       တိုင်းရင်းသားလူမျိုးတိုင်းသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု စသည့် ကဏ္ဍအသီးသီးတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝ ရှိစေရမည်။
()   ဖက်ဒရယ်ပြည်ထောင်စုစစ်စစ်မူ (Federal Principles)
       ပြည်ထောင်စုလွှတ်တော်တွင် အာဏာတူလွှတ်တော် နှစ်ရပ်ထားရှိရေး အပါအဝင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသော ပြည်နယ်များဖြင့် ပြည်ထောင်စုကို ဖွဲ့စည်းရမည်။
()   လူနည်းစုများ၏အခွင့်အရေးများကို ကာကွယ်ခြင်း (Minority Rights)
       ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များအတွင်း နေထိုင်ကြသော တိုင်းရင်းသားလူနည်းစု များ၏ အခွင့်အရေး များအတွက် လုံလောက်သော အကာအကွယ်များ ပြဋ္ဌာန်းပေးရမည်။
()   ဒီမိုကရေစီနှင့် အခြေခံအခွင့်အရေးများ (Democracy and Fundamental Rights)
       ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်သော နိုင်ငံသားတိုင်းသည် လူမျိုးမရွေး၊ ဘာသာမရွေး၊ လိင်ခွဲခြားမှု မရှိစေ ဒီမိုကရေစီ အခွင့်အရေးများကို အပြည့်အဝ ခံစားပိုင်ခွင့် ရှိစေရမည်။
()   ပါတီစုံဒီမိုကရေစီစနစ် (Multi-party Democracy System)
       ပြည်ထောင်စုမြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးစေရမည်။
()   ဘာသာရေးကို အခြေမခံသောနိုင်ငံ (Secular State)
       နိုင်ငံရေးနှင့် ဘာသာရေး ရောစပ်ခြင်း မရှိစေပဲ၊ ဘာသာရေးကို အခြေမခံသောနိုင်ငံ ဖြစ်စေရမည်။
အထက်ပါ အခြေခံထားရှိရမည့် အခြေခံမူ (၈)ချက် ပါရှိသည့်အတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲရာတွင် -
(၁) တိုင်းရင်းသား ပြည်သူလူထုများ နိုင်ငံရေးအရ ဒီမိုကရေစီ အခွင့်အရေး ဖော်ဆောင်ပေးရေး၊
(၂) တိုင်းရင်းသားများ တန်းတူရည်တူ နိုင်ငံရေးအခွင့်အရေး ဖော်ဆောင်ပေးရေး၊
(၃) ပြည်သူလူထုတရပ်လုံး အခြေခံလူ့အခွင့်အရေး ဖော်ဆောင်ပေးရေး စသည့် အခွင့်အရေးကြီး (၃) ရပ်ကို ကာကွယ်ပြဋ္ဌာန်း ရေးဆွဲရမည် ဖြစ်သည်။
 

ဖွဲ့စည်းပုံ ဥပမာ ပုံစံဇယား
Panlong
            Gragph2.jpg
အထက်ဖော်ပြပါ ဥပမာ ပုံစံဇယားသည် ပြည်သူလူထု ဒီမိုကရေစီအခွင့်အရေး ဖော်ဆောင်ခြင်းနှင့် တိုင်းရင်းသား လူမျိုးများ တန်းတူရည်တူ အခွင့်အရေးဖော်ဆောင်ခြင်းဖြစ်ပြီး အောက်ပါအတိုင်း ဆက်လက် ရှင်းလင်း ဖော်ပြသည်။
 
 
(၁) ပြည်သူလူထု ဒီမိုကရေစီအခွင့်အရေး ဖော်ဆောင်ပေးခြင်း
 
တိုင်းပြည်တပြည်တွင် ပြည်သူလူထုသည်သာလျှင် တိုင်းပြည်၏ အာဏာအရပ်ရပ်ကို ပိုင်ဆိုင်ထားသော မူလပိုင်ရှင် အစစ်အမှန် ဖြစ်သည်။ တိုင်းပြည်၏ အာဏာအရပ်ရပ်သည် ပြည်သူလူထုထံမှ ဆင်းသက်စေရမည်။
 
ပြည်ထောင်စုဗမာနိုင်ငံ၏ အာဏာပိုင်သည် ဧရာဝတီမြစ်၊ သံလွင်မြစ်၊ ပဲခူးရိုးမ၊ ရှမ်းရိုးမ၊ ရန်ကုန်မြို့၊ မန္တလေးမြို့ မဟုတ်ပါ။ နိုင်ငံအတွင်း နေထိုင်ကြသည့် သန်း (၆ဝ) ကျော်သော ပြည်သူလူထုသာလျှင် တိုင်းပြည်၏ မူလအာဏာပိုင်ရှင် အစစ်အမှန် ဖြစ်သည်။ ပြည်သူလူထု တဦးစီ၏ တန်းတူရည်တူ ပိုင်ဆိုင်ထားသည့် အာဏာကို လက်တွေ့ကျင့်သုံး၍ မရပါ။ သို့ဖြစ်၍ လူတသိန်းပိုင်ဆိုင်ထားသည့် အာဏာကို စုပြီး ကိုယ်စားလှယ်တဦးသို့ အာဏာပေးအပ် ရွေးချယ်ရခြင်း ဖြစ်သည်။ ထို့ကြောင့် လူဦးရေ သန်း (၆ဝ) ကျော်ရှိသော ပြည်သူ့အာဏာကို တည်ဆောက်ရန် လူဦးရေ တသိန်းလျှင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးကျစီ ရွေးချယ်တင်မြှောက်မည် ဆိုပါက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ပေါင်း (၆ဝဝ) ဦး ရရှိမည် ဖြစ်သည်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၆ဝဝ) ဦးသည် ပြည်သူလူထုထံမှ တိုင်းပြည်၏ အာဏာများကို ရရှိထားသော်လည်း လက်တွေ့ မကျင့်သုံးနိုင်ပါ။ ပြည်သူ့လွှတ်တော်ကို ခေါ်ယူကျင်းပပြီးမှ ပြည်သူ့ လွှတ်တော်က ဝန်ကြီးချုပ်ကို ရွေးချယ်တင်မြှောက်ရမည်။ ဝန်ကြီးချုပ်က ဝန်ကြီးများကို ရွေးချယ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ အုပ်ချုပ်ပိုင်ခွင့် ရှိသည်။ ဤသည်မှာ ပြည်သူလူထုထံမှ ပြည်သူလူထု ထံသို့ ဒီမိုကရေစီ အုပ်ချုပ်ရေးယန္တရား လည်ပတ်ခြင်းပင် ဖြစ်ပေသည်။
 
ဥပမာအနေဖြင့် ရှင်းလင်းလိုသည်မှာ ပြည်ထောင်စုဗမာနိုင်ငံတွင် လူဦးရေ သန်း (၆ဝ) ကျော်ရှိသည့်အနက် မြန်မာတိုင်းရင်းသား (၃၅) သန်းရှိပြီး အခြားတိုင်းရင်းသားများအားလုံးမှာ (၂၅) သန်း ရှိမည်ဆိုက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ရွေးချယ်ရာတွင် မြန်မာတိုင်းရင်းသား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ပေါင်း (၃၅ဝ) ဦးရရှိပြီး အခြားတိုင်းရင်းသာလူမျိုးများအားလုံး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ပေါင်း (၂၅ဝ) ဦး သာရရှိနိုင်မည် ဖြစ်သည်။
 
တိုင်းရင်းသားများမှ (၂၅ဝ) ဦးသာရပြီး မြန်မာတိုင်းရင်းသာ တမျိုးတည်းမှ လွှတ်တော်ကိုယ်စားလှယ်ပေါင်း (၃၅ဝ) ဦး ရသည် မတရားသည်ဟု ပြော၍ မရပါ။ ဤကဲ့သို့ ပြောဆိုပါက လူတဦးချင်း၏ ဒီမိုကရေစီ ပိုင်ခွင့်ကို ဆန့်ကျင်ရာ ရောက်သွားသည်။ မြန်မာတိုင်းရင်းသား (၃၅) သန်းရှိ၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၃၅ဝ) ဦးရရှိခြင်းသည် ပြည်သူလူထု တဦးချင်း၏ တန်းတူရည်တူ ဒီမိုကရေစီအခွင့်အရေးကို အကောင်အထည် ဖော်ခြင်း ပင်ဖြစ်သည်။
 
ထိုနည်းတူစွာ ပြည်သူလူထုကို နေ့စဉ်နှင့်အမျှ စီမံအုပ်ချုပ်ရန် ပြည်သူ့လွှတ်တော်က ပြည်ထောင်စုအစိုးရ အဖွဲ့ကို ရွေးချယ်တင်မြှောက်ရမည် ဖြစ်သည်။ ဝန်ကြီးချုပ်ရွေးချယ်ရာတွင် မြန်မာတိုင်းရင်းသား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များသဖြင့် ဝန်ကြီးချုပ်လည်း မြန်မာတိုင်းရင်းသား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ထဲမှ အများဆုံးဖြစ်နိုင်ပါသည်။ ထိုနည်းတူ ဝန်ကြီးချုပ်က ဝန်ကြီးအဖွဲ့ (၃၅) ဦး ရွေးချယ်ရာတွင်လည်း မြန်မာတိုင်းရင်းသား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များထဲမှ ဝန်ကြီး (၂၅) ဦးနှင့် အခြား တိုင်းရင်းသား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၁ဝ) ဦးသာ ပါမည် ဖြစ်နိုင်ပါသည်။ ဤသည်မှာ ပြည်သူလူထုထံမှ ဒီမိုကရေစီ ကျင့်စဉ်နှင့်အညီ ဖြစ်သည်။
 
ပြည်ထောင်စု ဝန်ကြီးချုပ်နှင့် ဝန်ကြီးများသည် အုပ်ချုပ်ပိုင်ခွင့်သာ ရသည်။ ဥပဒေပြုပိုင်ခွင့် မရှိပါ။ ပြည်သူ့ လွှတ်တော်နှင့် အမျိုးသား လွှတ်တော် ပါဝင်သည့် ပြည်ထောင်စုလွှတ်တော်က ရေးဆွဲပြဋ္ဌာန်းထားသော ဥပဒေ အတိုင်း အုပ်ချုပ်ပိုင်ခွင့် ရှိသည်။ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တွင်လည်း ထပ်တူ ဥပဒေပြု အာဏာ ရှိသဖြင့် မည့်သည့် လွှတ်တော်ကမှ လွှမ်းမိုးထားခြင်း မရှိပါ။
 
(၂) တိုင်းရင်းသားလူမျိုးများ တန်းတူအခွင့်အရေး ဖော်ဆောင်ခြင်း
 
တိုင်းရင်းသားလူမျိုးများ တန်းတူအခွင့်အရေး ဖော်ဆောင်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းလိုသည်မှာ ဖက်ဒရယ် ပြည်ထောင်စု ဗမာနိုင်ငံတော်တွင် ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ် (၁၂) ပြည်နယ် ရှိသည် ဆိုကြပါစို့။ တပြည် နယ်လျှင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ပေါင်း (၆) ဦးစီ ရွေးမည်ဆိုပါက အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ပေါင်း (၇၂) ဦးရှိမည်။ ဖက်ဒရယ်ပြည်ထောင်စု ဗမာနိုင်ငံတွင် ပြည်နယ်များ (၁၂) ခုနှင့် စုဖွဲ့စည်းထား သည့်အတွက် ပြည်ထောင်စုတခုလုံး၏ သမ္မတသည် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များထဲမှ ရွေးချယ်ရမည် ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်သမ္မတသည် နိုင်ငံတော်၏ အထွဋ်အထိပ် ဥသျှောင်ကြီးဖြစ်သည့်အပြင် စစ်သေနာ ပတိချုပ်လည်း ဖြစ်သဖြင့် အရေးပေါ်ကာလတွင် တိုင်းပြည်တခုလုံးကို စီမံခန့်ခွဲအုပ်ချုပ်ပိုင်ခွင့် သတ်မှတ်ထားသည်။
 
အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့သည် ထပ်တူဥပဒေပြုအာဏာ သတ်မှတ်ထားသဖြင့် ပြည်သူ့ လွှတ်တော်က ဥပဒေပြုပါက အမျိုးသားလွှတ်တော်သို့ ပေးပို့ရမည်ဖြစ်ပြီး အမျိုးသားလွှတ်တော်က သဘောတူမှသာ လျှင် ဥပဒေဖြစ်သည်။ သဘောမတူပါက ဥပဒေဖြစ်ပိုင်ခွင့် မရှိပါ။ ထိုနည်းတူ အမျိုးသား လွှတ်တော်က ဥပဒေပြု ရာတွင်လည်း ပြည်သူ့လွှတ်တော်သို့ ပေးပို့ရမည်ဖြစ်ပြီး ပြည်သူ့လွှတ်တော်က သဘောတူမှသာလျှင် ဥပဒေဖြစ်သည်။ သဘောမတူပါက ဥပဒေဖြစ်ပိုင်ခွင့် မရှိစေရ ဟူ၍ ထပ်တူပြုဥပဒေ သတ်မှတ်ထားသည်။ ထို့ကြောင့် လွှတ်တော် တခုနှင့်တခု ထိန်းညှိထားခြင်းဖြင့် တိုင်းရင်းသားများ တန်းတူညီမျှရေးကို အကောင်အထည်ဖော်နိုင်မည် ဖြစ်သည်။
 
အထက်ပါ ရှင်းလင်းတင်ပြသကဲ့သို့ မြန်မာပြည်နယ်နှင့် ရှမ်းပြည်နယ်တို့သည် လူဦးရေပိုများပြီး နယ်လည်း ပိုကျယ်သည်။ ချင်းပြည်နယ်နှင့် ကရင်နီပြည်နယ်တို့သည် လူဦးရေနည်းပြီး၊ နယ်မြေလည်း ကျဉ်းသည်။ ထို့ကြောင့် အမျိုးသားလွှတ်တော်တွင် (၆)ဦးစီ ရရှိသည်မှာ နစ်နာသည်ဟု မြန်မာနှင့် ရှမ်းတို့က ပြောမည် ဆိုပါက လူမျိုးရေး တန်းတူညီမျှမှုကို လက်မခံဘူးလား၊ လူမျိုးရေးတန်းတူညီမျှမှုကို လက်ခံပါက လူဦးရေများပြီး နယ်မြေကျယ်သော မြန်မာနှင့် ရှမ်းလူမျိုးတို့သည် ပြည်သူ့လွှတ်တော်တွင် မြန်မာ (၃၅ဝ) ဦး၊ ရှမ်းက (၈ဝ) ဦး ရရှိပြီး ချင်း (၂ဝ) ဦးနှင့် ကရင်နီက (၁၅) ဦးသာ ရရှိသည်။ ပြည်သူတဦးချင်း ဒီမိုကရေစီ နိုင်ငံရေး အခွင့်အရေး ရရှိပြီးဖြစ်၍ အမျိုးသား တန်းတူရေး အကောင်အထည်ဖော်ရာတွင် ပြည်နယ်တနယ်လျှင် အမျိုးသားလွှတ်တော် (၆) ဦးစီ အညီအမျှ ရရှိခြင်း သည် အမျိုးသားတန်းတူရည်တူ ဖော်ဆောင်ခြင်းပင် ဖြစ်သည်။
 
(ဥပမာ - ညီရင်းအကိုများသည် တန်းတူရည်တူ ရှိပြီး အမွေများခွဲဝေရာတွင် အသက် (၄ဝ) နှစ်ရှိသော အကိုကြီးက လယ်မြေဧက ၄ဝ ယူမည်။ အလတ်အသက် ၂ဝ နှစ်က ၂ဝ ဧက ယူမည်။ ၁ဝ နှစ်အရွယ် ညီအငယ်ဆုံးကို ၁ဝ ဧက ခွဲဝေပေးမည်ဆိုပါက ညီအစ်ကိုများ တန်းတူရည်တူ မဟုတ်တော့ပါ။ အညီအမျှ ခွဲဝေမှသာလျှင် တန်းတူရည်တူ ဖြစ်သည်)။
 
အထက်ပါကဲ့သို့ သန်း (၆ဝ) ကျော်ရှိသော ပြည်သူလူထု တဦးချင်းစီ၏ ဒီမိုကရေစီ အခွင့်အရေးနှင့် တိုင်းရင်းသား လူမျိုးများ တန်းတူ အခွင့်အရေးကို ဖော်ဆောင်ပေးခြင်းဖြင့် ပင်လုံစိတ်ဓာတ်၊ စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ် တည်ဆောက်ခြင်းသည်သာလျှင် မဟာလူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒကို ဖယ်ရှားနိုင်ပြီး တိုင်းရင်းသားလူမျိုးများ အချင်းချင်း လူမျိုးကြီး လူမျိုးငယ် ဖိနှိပ်ချုပ်ချယ်သော ပုံစံအားလုံးကို ဖယ်ရှားနိုင်ပြီး ငြိမ်းချမ်းသာယာဝပြောသော ဖက်ဒရယ်ပြည်ထောင်စု ဗမာနိုင်ငံတော်သစ်ကို တည်ဆောက်သွားနိုင်မည် ဖြစ်သည်။
 
(၃) ပြည်သူလူထုများ အခြေခံလူ့အခွင့်အရေးများ ဖော်ဆောင်ပေးခြင်း
 
ပြည်သူလူထုများ ဒီမိုကရေစီအခွင့်အရေးတွင် နိုင်ငံရေးအရ ဒီမိုကရေစီအခွင့်အရေးနှင့် အခြေခံ လူ့အခွင့်အရေး ဟူ၍ နှစ်မျိုးရှိသည်။ ပြည်သူလူထုများ နိုင်ငံရေးဒီမိုကရေစီ အခွင့်အရေးနှင့် ပတ်သက်၍ အပိုဒ် (၁) တွင် ဥပမာပုံစံဇယားဖြင့် ရှင်းလင်းတင်ပြပြီး ဖြစ်သည်။
 
ပြည်သူလူထု အခြေခံလူ့အခွင့်အရေးများနှင့် ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ရုပ်သိမ်း၍ မရသော အခြေခံလူ့အခွင့်အရေးများအပြင် လွတ်လပ်စွာ အသင်းအဖွဲ့ ထူထောင်ပိုင်ခွင့်၊ လွတ်လပ်စွာ ရေးသားထုတ်ဝေ ပိုင်ခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်၊ လွတ်လပ်စွာ စည်းရုံးဟောပြောပိုင်ခွင့်၊ လွတ်လပ်စွာ ပညာသင်ကြားခွင့်၊ လွတ်လပ်စွာ စီးပွားရှာဖွေပိုင်ခွင့် စသည့် အခြေခံအခွင့်အရေးများကို ကာကွယ် ပြဋ္ဌာန်းပေးရမည် ဖြစ်သည်။
 
ဤသည်မှာ တိုင်းရင်းသားလူမျိုးများတို့၏ တန်းတူရည်တူ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရရှိသည့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုသမ္မတ ဗမာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အနှစ်သာရပင် ဖြစ်သည်။ ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ မွန်၊ မြန်မာ၊ ရှမ်း၊ ရခိုင် စသည့် တိုင်းရင်းသားများသည် ရှေးနှစ်ပေါင်းထောင်ချီကတည်းက မိမိကိုယ်ပိုင်နယ်မြေတွင် လွတ်လပ်စွာ နေထိုင်လာကြသည့် ဌာနေတိုင်းရင်း သား ညီအစ်ကိုများ ဖြစ်ကြသည်။
 
ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များသည် သီးခြားစီ တည်ရှိသော နယ်မြေများ တပြိုင်တည်း လွတ်လပ်ရေး ရယူရန်နှင့် တန်းတူရည်တူ ပြည်ထောင်စုတည်ဆောက်ရန် ပင်လုံစိတ်ဓာတ်၊ ပြည်ထောင်စု စိတ်ဓာတ် ကို တည်ဆောက်ပေးခဲ့သည်။ သို့ရာတွင် ဗိုလ်ချုပ်အောင်ဆန်းကျဆုံးသွားပြီးနောက် ပင်လုံစိတ်ဓာတ် အခြေခံမူနှင့် သွေဖယ်အားနည်းသွားပြီး ၁၉၄၇ ခုနှစ် ဖွဲ့စည်ပုံအခြေခံဥပဒေ ပြဋ္ဌာန်းရာ၌ တိုင်းရင်းသားများ တန်းတူရေးကို မဖော်ဆောင်ပေးသဖြင့် ပြည်တွင်းစစ်မီး စတင်တောက်လောင်ရခြင်း အကြောင်းများအနက် အဓိကအချက်ပင် ဖြစ်သည်။ ပြည်တွင်းစစ်မီး အရှိန်မြင့်လာသည်နှင့်အမျှ စစ်တပ်အခန်းကဏ္ဍပေါ်လာပြီး နောက်ဆုံး ဗိုလ်နေဝင်း ဦးဆောင်သော စစ်အုပ်စုအာဏာသိမ်းယူအထိ ဖြစ်ပေါ်သည်။ ဖက်ဆစ်စစ်အုပ်စု အုပ်စိုးသည့် နှစ်ပေါင်း (၅ဝ) ကျော်ကာလတွင် တိုင်းရင်းသားလူမျိုးများ အခွင့်အရေးအားလုံး ဆုံးရှုံးသွားသည့်အပြင် ပြည်သူတရပ်လုံး၏ ဒီမိုကရေစီ အခြေခံလူ့အခွင့်အရေး ဟူသမျှသည်လည်း လုံးဝ ဆိတ်သုဉ်းသွားသည်။
 
ပြည်ထောင်စုဗမာနိုင်ငံ၏ အခြေခံနိုင်ငံရေးပြဿနာသည် တိုင်းရင်းသားများ တန်းတူအခွင့်အရေး ဆုံးရှုံးခြင်း ပြဿနာနှင့် ဒီမိုကရေစီလူ့အခွင့်အရေး ဆိတ်သုဉ်းခြင်း ပြဿနာများကြောင့် တိုင်းပြည်သည် ဆင်းရဲနက်တွင်း သို့ ကျရောက်ပြီး ပြည်သူလူထု စားဝတ်နေရေးသည်လည်း အတိဒုက္ခမျိုးစုံ ကြုံတွေ့လျက်ရှိပေသည်။ ယင်းဒွန်တွဲနေသော ပြဿနာနှစ်ရပ်ကို တပြိုင်တည်း ဖြေရှင်းရမည် ဖြစ်သည်။ ထိုဒွန်တွဲနေသော ပြဿနာ တရပ်ရပ်ကို ဖြေရှင်းရန် ချန်လှပ်ထားပါက ပြည်တွင်းစစ်မီးသည် ပြီးဆုံးနိုင်မည် မဟုတ်ပေ။ တချိန်မဟုတ် တချိန်တွင် ပြည်တွင်းစစ်မီးအရှိန် မြင့်လာသည်နှင့်အမျှ စစ်အာဏာရှင် အခန်းကဏ္ဍသည် ပြန်ပေါ်လာပြီး စစ်တပ်အာဏာသိမ်းခြင်း၊ ဒီမိုကရေစီ လူ့အခွင့်အရေး ဆိတ်သုဉ်းခြင်းသံသရာ ပြန်လည်မည်ဖြစ်ပြီး တိုင်းရင်းသားပြည်သူလူထုများ ဆင်းရဲဒုက္ခပင်လယ်ဝေ ခြင်း သံသရာသည်လည်း နောက်တကျော့ ပြန်လည်လာမည် ဖြစ်သည်။
 
ယနေ့ ဒီမိုကရေစီအရေးတော်ပုံကြီးသည် နှစ်ပေါင်း (၂၅) နှစ်ကျော်ကာလတွင် အရှိန်အဟုန် မြင့်မားဆဲရှိပြီး တိုင်းရင်းသားများ တန်းတူရေးတိုက်ပွဲသည် နှစ်ပေါင်း (၆ဝ) ကျော်ကြာလာသော်လည်း ထုထည်ကြီးမားစွာ တည်ရှိ လျှက်ရှိသည်။ ဒီမိုကရေစီအရေးအရှိန်အဟုန်နှင့် တိုင်းရင်းသားများတန်းတူရေး ထုထည်ကြီးသည် လှည်းဘီးနှစ်ဘီး ကဲ့သို့ အချင်းတူညီရန်လိုသည်။ လှည်းဘီးတဘက်သည် အချင်းလေးတောင်ရှိပြီး တဘက်တွင် အချင်းတတောင်သာ ရှိပါက သွားလိုသော ခရီးပေါက်ရောက်နိုင်မည်မဟုတ်ပါ။ ဒီမိုကရေစီအင်အားစုနှင့် တိုင်းရင်းသားအင်အားစုတို့ သည်လည်း လှည်းဆွဲနွားတရှဉ်းကဲ့သို့ အတွဲညီရန် လိုအပ်သည်။
 
နောက်ဆုံးအနေဖြင့် တင်ပြလိုသည်မှာ ဒီမိုကရေစီအင်အားစုများနှင့် တိုင်းရင်းသားအင်အားစုများသည် ပင်လုံ စိတ်ဓာတ် ရှင်သန်ဖော်ဆောင်ရေး ခံယူချက်အပြည့်အဝဖြင့် ပြည်သူတရပ်လုံးနှင့်လက်တွဲ၍ ဒွန်တွဲနေသော တိုင်းရင်း သား လူမျိုးများတန်းတူရေးဆုံးရှုံးခြင်း ပြဿနာနှင့် ဒီမိုကရေစီဆိတ်သုဉ်းခြင်း ပြဿနာနှစ်ရပ်ကို တပြိုင်တည်း ဖြေရှင်းကြရမည်ဟု သံဓိဋ္ဌာန်ချမှတ်ကာ စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် လက်တွဲညီညာ ချီတက်သွားကြပါစို့ဟု တိုက်တွန်းတင်ပြလိုက်ပါသည်။
 
 
 
ပင်လုံစိတ်ဓာတ်ဖော်ဆောင်ရေးမှ စစ်မှန်သော ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်သစ် တည်ဆောက် ရေးဆီသို့ …
 
ဒီမိုကရေစီရေးနှင့် တိုင်းရင်းသားများ တန်းတူရေး တပြိုင်တည်း အောင်ပွဲခံရမည်။
 
ပင်လုံစိတ်ဓါတ်ကို အခြေခံသော ပြည်ထောင်စုနေ့ကို ဦညွှတ်ဂါရ၀ပြုပါလျက် -
 
Khoo Marko Ban
ကယန်းအမျိုးသား စည်းလုံးညီညွတ်ရေး ဒီမိုကရေစီအဖွဲ့(DOKNU)
၁၉၉၀ ခုနှစ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဖယ်ခုံမြို့နယ်
ဖေဖေါ်ဝါရီလ (၁၂) ရက်၊ ၂၀၁၃ ခုနှစ်။

0 comments: