Thursday, January 16, 2014

လုပ်ဖေါ်ကိုင်ဘက်တယောက်အတွက် တုန့်ပြန်စာ

 
စိုင်းလောင်(၀်)းခမ်း

ဆန္ဒပြတောင်းဆိုသူတွေ အားလုံးကိုတော့ မင်းမစော်ကားသင့်ဘူး မင်းကသာ စစ်အစိုးရအတွက် လော်ဘီလုပ်ပေးတဲ့သူ ဂျပန်ကျောင်းတက်သူ(သို့)အလုပ်ဗီဇာနဲ့ လာတဲ့သူတယောက်ယောက်ဆိုရင် ဒီထက်စကားလုံး ပြင်းပြင်းထန်ထန်ပြောလဲ ကိုယ်ကပြန်ပြီးတော့ တုန့်ပြန်ခဲ့မိမှာ မဟုတ်ဘူးလေ အခုတော့ မင်းက ဒီလှုပ်ရှားမှုတွေထဲ ပါဝင်ခဲ့ဘူးတဲ့သူ တယောက်ဆိုတော့ နဲနဲပြန်ပြောပြချင်တယ်။

 မင်းပြောတာ အားလုံးမမှန်ဘူးလေ ဆန္ဒပြတဲသူတွေ အားလုံးကိုတော့ါးလုံးရှည်နဲမရမ်းပါနဲ့ ဆယ်စုနှစ်များစွာ ဆန္ဒပြတောင်းဆိုခဲ့ကြတာလဲ ပိုက်ဆံရလို့လဲမဟုတ်သလို ဘယ်သူတွေခိုင်းလို့ လုပ်နေတာလဲ မဟုတ်ဘူး ပြည်တွင်းပြန်ပြီးထိုင်ခုံအတွက် ပါတီထောင်ဖို့လဲ မဟုတ်ဘူး ကိုယ့်ထမင်းကိုယ်စား ကိုယ်ရဲ့ ကိုယ်ပိုင်အချိန်တွေကိုဖဲပြီး ကိုယ်ယုံကြည်ရာ တတ်နိုင်သလောက် ဥာဏ်မှီသလောက် ကိုယ့်နိုင်ငံအတွက် ရိုးသားစွာ လုပ်နေတဲ့သူတွေလဲရှိတယ်။

နေထိုင်ခွင့် တခုတည်းအတွက် ဆန္ဒပြပြီး ဓါတ်ပုံတွေကို ဂျပန် (လ၀က) တင်ပြီး နေထိုင်ခွင့်အတွက် လုပ်နေတဲ သူတွေလဲရှိတယ်ဆိုတာ ၀န်ခံပါတယ် ဂျပန်အခေါ် (ကျပျောက်/ကျပြန်) မင်းလိုလူတွေပေါ့၊ မင်းလဲ ရဖူဂျီလျောက်ပြီး နေထိုင်ခွင့်ရပြီးမှ ပြန်တဲသူမဟုတ်လါး၊ မင်းကတော့ ဂျပန်ျနိုင်ငံမှာ နိုင်ငံရေးခုတုံးလုပ်ပြီး ရပြီး အထုတ်ပိုက်ပြန်တော့ (ကျပြန်)ပေါ့ကွာ။

တိုင်းရင်းသားတွေဒေသ ထိုးစစ်ပြင်ထန်တဲ့အချိန်၊ ငါတို့လေးစားတဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦးနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ၊ ဦးဝင်းတင်၊ ကိုမင်းကိုနိုင်အစရှိတဲ နိုင်ငံရေးအကျဉ်းသား မတရား အဖမ်းဆီးခံနေရချိန် နေစဉ်ရက်ဆက် စစ်အစိုးရသံရုံးရှေ့မှာနေ့စဉ်ရက်စက် ဆန္ဒပြခဲ့ကြတာတွေ၊ အစာငတ်ဆန္ဒပြ ထိုင်သပိတ်ရော လေးစားတဲ့ ခေါင်းဆောင်တွေအတွက်  နည်းလမ်းပေါင်းစုံ ငါ့တို့လုပ်ခဲ့ကြတယ်၊ တိုကျို လူစည်းကားရာ လမ်းတွေပေါ်မှာရော ငါတို့တွေ ဆယ်စုများစွာ လက်ခြင်းချိတ်ပြီး တောင်းဆိုခဲ့ကြတယ်၊ သည့်အပြင် ဂျပန်လွတ်တော်၊ နိုင်ငံခြားရုံးတွေမှာရော နိုင်ငံတကာသံရုံးတွေမှာပါ ငါတို့ခေါင်းဆောင် လွတ်မြောက်ဖို့ စစ်အစိုးရကို ဖိအားပေးဖို့ ခြေဆန့်အကူအညီတောင်းခဲ့ကြတယ်၊ မိုးထဲလေထဲမှာရော ဂျပန်ဆောင်းကိုအန်တုပြီး တတ်နိုင်တာ လုပ်ခဲ့ကြတာလေ.. ဂျပန်မှာ အချိန်ဟာ ဘယ်လောက်တန်ဖိုးကြီးတယ် ခြေလက်လှုပ်တာနဲ့ ငွေရတယ်ဆိုတာ မင်းသိမှာပါ။ တချို့ အလုပ်ပြုတ်ခံ ပြီး လှုပ်ရှားတာလဲ တွေ့ဘူးတယ်ဗျာ။ ထပ်ပြောမယ် ငါ့တို့လုပ်ခဲ့လို့ ခေါင်းဆောင်တွေ လွှတ်မြောက်လာတယ် မပြောဘူးနော ဒါပေမယ့် သူတို့တွေလွတ်မြောက်ရေးအတွက် ထောင်တခါးဖွင့်ဖို့ ထောင်နံရံတွေဖြိုတဲ့နေရာမှာ အုတ်တချပ် သဲတပွင့်တော့ သေချာပါခဲ့တယ်ဆိုတာ ယုံကြည်တယ်။ အဲဒီထဲ့မှာ ယုံကြည်ချက်အတိုင်း ဆယ်စုများစွာ တစိုက်မတ်မတ် လုပ်တဲသူတွေကို မင်းမစော်ကားပါနဲ့၊ မင်းလိုလူ ဒီအထဲမှာ ဗီဇာတခုထဲအတွက် (ကျပျောက်)တွေ အလုပ်တွေလုပ် အထုတ်တွေကျစ်ကျစ်ပါအောင်ပိုက် ပြီးတော့ သံရုံးအခွန်ဆောင် မှားခဲ့ပါတယ်ဆိုပြီး ဒူးဓောက်တောင်ပန် ပြန်တဲ့သူတွေရှိသလို တချို့က ခြံစည်းရိုးကျော် ခွေးတိုးပေါက်ကနေပြန်ကြတာလဲတွေ့သဗျာ ... မင်းက ဘယ်လမ်းပြန်သလဲ ???? မပြောပြတော့ဘူး မင်းကိုယ်မင်းအသိဆုံးမို့လို့လေ၊ လူတိုင်း မင်းလိုစိတ်ဓါတ်မဟုတ်ဘူးဆိုတာတော့ သိစေချင်တယ်၊


ငါ့တို့နိုင်ငံမှာ လူတိုင်းကါးဝယ်စီး၊ တယ်လီဖုန်း လွတ်လွတ်လပ်လပ်ကိုင်ခွင့်ရ နဲနဲလေးလှုပ်သာလူးသာရုံနဲ့တော့ ဒီမိုကရေစီရနေပြီလို့ မင်းထင်ရင်လဲ ထင်မိမှာပေါ့၊ မင်းယုံကြည်ချက်လေ...

နိုင်ငံတကာကနေ ပြည်တွင်းပြန်ပြီး နိုင်ငံရေး ဆက်လုပ်နေတဲ့သူတွေ ပြည်တွင်းမှာ မမှန်တာ မတရားတာတွေကို ထောင်နခမ်းဝကနေ သတ္တိရှိရှိ ဆန္ဒနေကြတဲ့ နောင်တော်တွေ ညီအကိုတွေကို အလွန်လေးစားပါတယ်... ဘာကြောင့်လဲဆိုတော့ အစိုးရနဲ့ လက်တကမ်းအကွာမှာရှိနေပြီး SB တို့ ထောက်လှမ်းရေး ကင်မရာရှေ့မှာလေ ... အစိုးရနောက်ပြန်ဆုတ်ရင် သန်းကောင်ယံ အိမ်တခါးလာခေါက် ထောင်သွင်းနေကြလေ ဒါကြောင့် အလွန်လေးစားတာ ရင်ထဲ့ကစကားနော။

ငါတို့တွေ ကိုယ့်ရုံကြည်ရာ ယုံကြည်တဲ့အတိုင်း ဆက်လျှောက်မယ်ဗျို့….

မိုင်းကျော်ဦး

0 comments: