Friday, January 31, 2014

ရပ်၊ ကျေး အုပ်ချုပ်ရေးမှူး အများစု ပြည်သူ စိတ်တိုင်းကျ တင်မြှောက်ထားခြင်း မဟုတ်ကြောင်း ၈၈ မျိုးဆက်ပြောကြား

တနိုင်ငံလုံးက ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ အများစုဟာ ပြည်သူလူထုက စိတ်တိုင်းကျ ရွေးကောက် တင်မြှောက်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေမဟုတ်ဘူးလို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဒီနေ့ ပြောလိုက်ပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ရုံးခန်းမှာ ကျင်းပခဲ့တဲ့ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး များပြုပြင်ပြောင်းလဲရေးဆိုင်ရာ အစီအရင်ခံစာ သတင်းစာရှင်းလင်းပွဲမှာ ၈၈ မျိုးဆက် လူထု ဆက်ဆံရေးဋ္ဌာန တာဝန်ခံ ကိုဂျင်မီ က အခုလိုပြောခဲ့တာပါ။

“ လူထုစိတ်တိုင်းကျတာ ၃၈ ရာခိုင်နှုန်းပဲကျွန်တော်တို့လေ့လာတွေ့ရရှိတယ်။ ၃၈ ရာခိုင်နှုန်းမှာ NLD ကကျော်ထောင့်နောက်ခံပြုထားတာက ၂၉ ရာခိုင်နှုန်း၊ တိုင်းရင်းသားပါတီတွေက ကိုယ်စားပြုထားတဲ့ ၉ ရာခိုင်နှုန်းတွေရတယ်။ ကျန်တာတွေကတော့ ပြည်ထောင်စုကြံခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက အများစု အဲဒါတွေ ကျွန်တော်တို့တွေ့ရတယ်။”

၈၈ မျိုးဆက် ငြိမ်းချမ်းရေး နဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ အုပ်ချုပ်ရေးမှူးတွေရဲ့ ရွေးကောက်ပွဲ ကာလအခြေအနေတွေ၊ အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲတွေ နဲ့ နိုင်ငံရေးပါတီတွေ ဆက်နွယ်မှုတွေ ၊ အုပ်ချုပ်ရေးမှူးတွေကို တိုင်းတန်းတာတွေ နဲ့ အရေးယူနိုင်ခဲ့တဲ့အခြေအနေ စတဲ့အပိုင်းတွေပါဝင်ပါတယ်။

ဒါအပြင် အစီအရင်ခံစာရဲ့တွေ့ရှိချက်တွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ လွှတ်တော် ဥက္ကဋ္ဌ တွေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို ပေးပို့သွားမယ်လို့ သိရပါတယ်။

Copy from : RFA

0 comments: