
(ပုံစာ-စရဖ ၏ လက်ရှိအကြီးအကဲ ဒုဗိုလ်ချုပ်ကြီးကျော်ဆွေ)
မြန်မာပြည်သူတွေကို ဆယ်စုနှစ်ပေါင်းများစွာ စိုးမိုးခြောက်လှန့်ထားနိုင်ခဲ့တဲ့ စစ်ထောက်လှမ်းရေးအဖွဲ့ကြီးဟာ စစ်အာဏာရှင်အချင်းချင်း သံသယတွေနဲ့ ဖြုတ်၊ ထုတ်၊ သတ်ခံလိုက်ရတာမို့ ၂၀၀၄ ခုနှစ်မှာ နိဌိတံသွားခဲ့ပါတယ်။ နှစ်ရှည်လများ တည်ဆောက်ထားခဲ့ တဲ့ ထောက်လှမ်းရေး ကွန်ယက်ကြီးလည်း ဖရို ဖရဲနဲ့ အဖတ်ဆည်မရနိုင်အောင် ပျက်စီးသွားခဲ့ပါတယ်။ ထောက်လှမ်းရေးအဖွဲ့ကြီးတစ်ခုလုံး လက်စတုံး ချေမှုန်းခံလိုက်ရတာ နဲ့ ပတ်သတ်တဲ့ အခြေခံအကြောင်းတရား သတင်းစကားတွေ အများအပြား ထွက်ခဲ့ပေမဲ့ အဓိကအချက်ကတော့ ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ ထောက်လှမ်းရေးအဖွဲ့ကြီးကို ဒီအတိုင်း ဆက်လွှတ်ထားရင် အာဏာပါဝါချင်း တိုးတိုက် လာနိုင်ဖွယ်ရာကိစ္စ တွေရှိတာမို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အပြတ် ရှင်းခဲ့တာဖြစ်ပါတယ်။
ဖျက်သိမ်းခံခဲ့ရတဲ့ တပ်မတော်ထောက်လှမ်းရေး အရာရှိချုပ်ရုံးကို အစားထိုးဖို့အတွက် တပ်မတော် စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံးကို ၂၀၀၄ ခုနှစ်မှာ ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။ တပ်မတော် စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံးကို အတိုကောက်သုံးအနေနဲ့ “စရခ” လို့ သုံးနှုန်းပြီး လက်အောက်ခံ တပ်ဖွဲ့တွေကိုတော့  “စရဖ” (စစ်ဖက်ရေးရာလုံခြုံရေး တပ်ဖွဲ့) လို့ သုံးနှုန်းပါတယ်။ တပ်မတော်စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံးရဲ့ အကြီးအကဲအဖြစ် တာဝန်ယူခဲ့သူတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-
(၁) ကြည်း-၁၂၆၂၉၊ ဒုဗိုလ်ချုပ်ကြီးမြင့်ဆွေ (စတသ-၁၅)(၂၀၀၄-၂၀၀၅) (ယခု-ရန်ကုန်တိုင်းဒေသကြီးဝ န်ကြီးချုပ်)
(၂) ကြည်း-၁၂၆၀၇၊ ဒုဗိုလ်ချုပ်ကြီးရဲမြင့် (စတသ-၁၅)(၂၀၀၅-၂၀၁၀) (ယခု-မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်)
(၃) ကြည်း-၁၆၄၉၃၊ ဒုဗိုလ်ချုပ်ကြီးကျော်ဆွေ (စတသ-၂၂)(၂၀၁၀- ယနေ့)
အသစ်ဖွဲ့စည်းခဲ့တဲ့ တပ်မတော်စစ်ဖက်ရေးရာလုံခြုံ ရေးအရာရှိချုပ်ရုံးရဲ့ ဖွဲ့စည်းပုံအရ လက်အောက်ခံ ဌာနကြီး (၆) ခုရှိပါတယ်။ အဲဒါတွေကတော့-
(၁) စီမံရေးနှင့်အုပ်ချုပ်ရေးဌာ နကြီး
(၂) လေ့ကျင့်ရေးဌာနကြီး
(၃) စစ်ဖက်ရေးရာလုံခြုံရေးဌာနကြီး (ပြည်တွင်း)
(၄) စစ်ဖက်ရေးရာလုံခြုံရေးဌာနကြီး (ပြည်ပ)
(၅) စစ်ဖက်ရေးရာလုံခြုံရေးဌာနကြီး (တန်ပြန်)
(၆) စစ်ဖက်ရေးရာလုံခြုံရေးဌာနကြီး (နည်းပညာ) တို့ ဖြစ်ပါတယ်။
စစ်ဖက်ရေးရာလုံခြုံရေးဌာနကြီး (ပြည်တွင်း) ကို ဗိုလ်မှူးချုပ် (ဌာနကြီးမှူး)-၁၊ ဗိုလ်မှူးကြီး (ဒုဌာနကြီးမှူး)-၁၊ ဒုဗိုလ်မှူးကြီး (စစ်ဦးစီးမှူး(ပ))-၈၊ ဗိုလ်မှူး-၂၁၊ ဗိုလ်ကြီး-၅၈၊ စုစုပေါင်း အရာရှိအင်အား (၈၉) ယောက်နဲ့ဖွဲ့စည်းထားပြီး လက်အောက်ခံဌာနခွဲ (၈) ခုရှိပါတယ်။ လက်အောက်ခံဌာနခွဲတွေကတော့-
(၁) စစ်ဖက်ရေးရာလုံခြုံရေးဌာနခွဲ (တိုက်ပွဲ)
(၂) တိုင်းရင်းသားရေးရာဌာနခွဲ
(၃) လုံခြုံရေးဌာနခွဲ
(၄) အမှုထမ်းလုံခြုံရေးဌာနခွဲ
(၅) မူးယစ်ဌာနခွဲ
(၆) စီးပွားရေးရာသုတေသနဌာနခွဲ
(၇) ရေတပ်စစ်ဖက်ရေးရာလုံခြုံရေး ဌာနခွဲ နဲ့
(၈) လေတပ်စစ်ဖက်ရေးရာလုံခြုံရေး ဌာနခွဲ တို့ဖြစ်ပါတယ်။
စစ်ဖက်ရေးရာလုံခြုံရေးဌာနကြီး (ပြည်တွင်း) ရဲ့တာဝန်တွေကတော့-
၁။ တိုက်ပွဲသတင်းစုဆောင်းရေးမှ ရရှိသည့်သတင်းများအား ထက်/အောက်နှင့် သက်ဆိုင်ရာတပ်များသို့ ဖြန့်ဝေခြင်းများ ဆောင်ရွက်ရန်။
၂။ ငြိမ်းချမ်းရေးရယူထားသော တိုင်းရင်းသားအဖွဲ့အစည်းများနှင့်ပတ်သက်၍ နိုင်ငံတော်မှ ချမှတ်ထားသော မူဝါဒများနှင့်အညီ တရားဥပဒေဘောင်အတွင်းမှ လုပ်ငန်းများ စနစ်တကျ ဆောင်ရွက်တတ်စေရေး အကူအညီပေးရန်။
၃။ တပ်မတော်၏စစ်သတင်းလုံခြုံရေး၊ စစ်မှုထမ်းလုံခြုံရေး၊ စစ်ပစ္စည်းလုံခြုံရေးနှင့် စစ်ဆင်မှုစီမံကိန်း လုံခြုံရေးကိစ္စရပ်များနှင့် ပတ်သက်၍ ညွှန်ကြားချက်များထုတ်ပြန်ရန်၊ သက်ဆိုင်ရာတပ်များနှင့်ပူးေ ပါင်း၍ လုံခြုံရေးတာဝန်ယူဆောင်ရွက် ရန်နှင့် လိုအပ်ပါက လုံခြုံမှုလေ့လာဆန်းစစ်ရန်။
၎။ နိုင်ငံတော်အကြီးအကဲနှင့် တပ်မတော်အကြီးအကဲများ၏ လုံခြုံရေးနှင့် ပြည်တွင်းပြည်ပ ခရီးစဉ်လုံခြုံရေး၊ စစ်ဘက်ဆိုင်ရာ ပြည်ပဧည့်သည်တော်များ၏ ခရီးစဉ်လုံခြုံရေးအတွက် ညွှန်ကြားချက်များထုတ်ပြန်ရန်နှင့် ကြီးကြပ်တာဝန်ယူဆောင်ရွက်ပေးရန်။
၅။ စစ်မှုထမ်းလုံခြုံရေးအတွက် အမှုထမ်းနောက်ကြောင်းစုံစမ်း ၍ မှတ်တမ်းထားရှိရန်နှင့် အရာရှိနှင့်အရာရှိမဟုတ်သူများ၏ စိစစ်ရေးလက်မှတ်များ၊ လုံခြုံရေးတံဆိပ်များ၊ ကတ်များ၊ ယာဉ်ဝင်/ ထွက်ခွင့်ကတ်ပြားများပြုလုပ် ခြင်း၊ စစ်မှုထမ်းများ၏ နိုင်ငံကူးလက်မှတ်နှင့် ပြည်ဝင်/ ပြည်ထွက်ကိစ္စရပ်များကို စိစစ်ဆောင်ရွက်ရန်။
၆။ မူးယစ်ဆေးဝါးနှင့်ဆက်နွယ်သည့် အဖွဲ့အစည်းများနှင့် ၄င်းတို့နှင့်ဆက်နွယ်သည့်သူ များအား ဖော်ထုတ်နိုင်ရေး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးကိစ္စရပ်များအား နိုင်ငံတကာမှ ကျယ်ကျယ်ပြန့်ပြန့်သိရှိရေး ပူးပေါင်းဆောင်ရွက်ရန်။
၇။ နိုင်ငံတော်မှ ကျင့်သုံးနေသော ဈေးကွက်စီးပွားရေးစနစ်တွင် နိုင်ငံတော်အတွင်းရှိ အခြေအနေများကို Economic Intelligence ပြုလုပ်၍ နိုင်ငံတော်အတွက် စီးပွားရေးဆိုင်ရာ မဟာဗျူဟာသတင်းများကို ပြုစုတင်ပြရန်။
၈။ မြန်မာ့ရေပိုင်နက်တွင် စစ်ဘက်ရေးရာလုံခြုံရေးဆိုင် ရာကိစ္စရပ်များနှင့် ကမ်းရိုးတန်း တစ်လျှောက်ရှိ ဆိပ်ကမ်းများ၏ လုံခြုံရေးကိစ္စများ ဆောင်ရွက်ရန်။
၉။ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(ရေ)များ၏ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များနှင့်နိုင်ငံတကာမှ ခေတ်မီ တိုက်ရေယာဉ်များ၊ တပ်ဆင်သည့်လက်နက်နည်းစနစ်များအား လေ့လာ သုတေသနပြုရန်။
၁ဝ။ အိမ်နီးချင်းနိုင်ငံများနှင့် အင်အားကြီးနိုင်ငံများ၏ ရေတပ်ဆိုင်ရာဖွဲ့စည်းပုံများ၊ ရေကြောင်းရန်ကာကွယ်ရေး၊ အင်အားတိုးချဲ့မှု၊ လေ့ကျင့်မှုနှင့် အခြားလှုပ်ရှားမှုများကို စောင့်ကြပ်လေ့လာရန်။
၁၁။ မြန်မာ့လေပိုင်နက်အတွင်း စစ်ဘက်ရေးရာလုံခြုံရေးဆိုင် ရာကိစ္စရပ်များ၊ လေဆိပ်များ လုံခြုံရေးနှင့် လေကြောင်း သတင်းရယူမှုကိစ္စများ ဆောင်ရွက်ရန်။
၁၂။ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(လေ)များ၏ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များနှင့်နိုင်ငံတကာမှ ခေတ်မီ တိုက်လေယာဉ်များ၊ တပ်ဆင်သည့်လက်နက် နည်းစနစ်များအား လေ့လာသုတေသနပြုရန်။
၁၃။ အိမ်နီးချင်းနိုင်ငံများနှင့် အင်အားကြီးနိုင်ငံများ၏ လေတပ်ဆိုင်ရာဖွဲ့စည်းပုံများ၊ လေကြောင်းရန်ကာကွယ်ရေး၊ အင်အား တိုးချဲ့မှု၊ လေ့ကျင့်မှုနှင့် အခြားလှုပ်ရှားမှုများကို စောင့်ကြပ်လေ့လာရန် တို့ ဖြစ်ပါတယ်။
(မိုးဇေညိမ်း)
ဖျက်သိမ်းခံခဲ့ရတဲ့ တပ်မတော်ထောက်လှမ်းရေး အရာရှ
(၁) ကြည်း-၁၂၆၂၉၊ ဒုဗိုလ်ချုပ်ကြီးမြင့်ဆွေ (စတသ-၁၅)(၂၀၀၄-၂၀၀၅) (ယခု-ရန်ကုန်တိုင်းဒေသကြီးဝ
(၂) ကြည်း-၁၂၆၀၇၊ ဒုဗိုလ်ချုပ်ကြီးရဲမြင့် (စတသ-၁၅)(၂၀၀၅-၂၀၁၀) (ယခု-မန္တလေးတိုင်းဒေသကြီးဝန
(၃) ကြည်း-၁၆၄၉၃၊ ဒုဗိုလ်ချုပ်ကြီးကျော်ဆွေ (စတသ-၂၂)(၂၀၁၀- ယနေ့)
အသစ်ဖွဲ့စည်းခဲ့တဲ့ တပ်မတော်စစ်ဖက်ရေးရာလုံခြုံ
(၁) စီမံရေးနှင့်အုပ်ချုပ်ရေးဌာ
(၂) လေ့ကျင့်ရေးဌာနကြီး
(၃) စစ်ဖက်ရေးရာလုံခြုံရေးဌာနကြ
(၄) စစ်ဖက်ရေးရာလုံခြုံရေးဌာနကြ
(၅) စစ်ဖက်ရေးရာလုံခြုံရေးဌာနကြ
(၆) စစ်ဖက်ရေးရာလုံခြုံရေးဌာနကြ
စစ်ဖက်ရေးရာလုံခြုံရေးဌာနကြ
(၁) စစ်ဖက်ရေးရာလုံခြုံရေးဌာနခဲ
(၂) တိုင်းရင်းသားရေးရာဌာနခွဲ
(၃) လုံခြုံရေးဌာနခွဲ
(၄) အမှုထမ်းလုံခြုံရေးဌာနခွဲ
(၅) မူးယစ်ဌာနခွဲ
(၆) စီးပွားရေးရာသုတေသနဌာနခွဲ
(၇) ရေတပ်စစ်ဖက်ရေးရာလုံခြုံရေး
(၈) လေတပ်စစ်ဖက်ရေးရာလုံခြုံရေး
စစ်ဖက်ရေးရာလုံခြုံရေးဌာနကြ
၁။ တိုက်ပွဲသတင်းစုဆောင်းရေးမှ
၂။ ငြိမ်းချမ်းရေးရယူထားသော တိုင်းရင်းသားအဖွဲ့အစည်းမျာ
၃။ တပ်မတော်၏စစ်သတင်းလုံခြုံရေ
၎။ နိုင်ငံတော်အကြီးအကဲနှင့် တပ်မတော်အကြီးအကဲများ၏ လုံခြုံရေးနှင့် ပြည်တွင်းပြည်ပ ခရီးစဉ်လုံခြုံရေး၊ စစ်ဘက်ဆိုင်ရာ ပြည်ပဧည့်သည်တော်များ၏ ခရီးစဉ်လုံခြုံရေးအတွက် ညွှန်ကြားချက်များထုတ်ပြန်ရန
၅။ စစ်မှုထမ်းလုံခြုံရေးအတွက် အမှုထမ်းနောက်ကြောင်းစုံစမ်း
၆။ မူးယစ်ဆေးဝါးနှင့်ဆက်နွယ်သည
၇။ နိုင်ငံတော်မှ ကျင့်သုံးနေသော ဈေးကွက်စီးပွားရေးစနစ်တွင်
၈။ မြန်မာ့ရေပိုင်နက်တွင် စစ်ဘက်ရေးရာလုံခြုံရေးဆိုင်
၉။ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွ
၁ဝ။ အိမ်နီးချင်းနိုင်ငံများနှင
၁၁။ မြန်မာ့လေပိုင်နက်အတွင်း စစ်ဘက်ရေးရာလုံခြုံရေးဆိုင်
၁၂။ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွ
၁၃။ အိမ်နီးချင်းနိုင်ငံများနှင
(မိုးဇေညိမ်း)
0 comments:
Post a Comment