ပေကျင်း ဇန်န၀ါရီ ၁၆
အဂတိတရား နဲ့ ညစ်ထေးလက်တွေအားလုံး ဖမ်းဆီးခံရမှာဖြစ်ပြီး ဥပဒေစည်းကမ်းတွေကို စက္ကူ ကျားတွေ စာခြောက်ရုပ်တွေ အဖြစ်မခံ နိုင်ကြောင်း သည့်အပြင် အဂတိလိုက်စားမှုတွေက ကွန်မြူနစ်ပါတီကို အမြစ်က ဖြိုချပစ်လိုက်နိုင်ကြောင်း တို့ကို တရုတ်သမ္မတ ရှီကျင့်ဖင်က နိုင်ငံပိုင် သတင်းဌာန မှ ယမန်နေ့က ပြောကြားပြီးနောက် ယနေ့ တရုတ် ဗိုလ်ချုပ်တစ်ဦးကို အဂတိလိုက်စားမှုဖြင့် ဖမ်းဆီးလိုက်သည်ဟု ဆိုသည်။
တရုတ်စစ်ဘက် ထိပ်တန်းခေါင်းဆောင် တစ်ဦးအား ရွှေလှေ ၊ ရွှေလက်ဆေးဇလုံ ၊ ရွှေပိန်းချ မော်စီတုန်းရုပ်တု ၊ အိမ်ကြီးရခိုင် ဒါဇင်ပေါင်းများစွာ ၀ယ်ယူထားမှု နှင့် လာဘ်စားမှု တို့ကြောင့် တရုတ် တွင် ဖမ်းဆီးထိန်းသိမ်း လိုက်သည်။ ၄င်းမှာ ပြည်သူလွတ်မြောက်ရေး တပ်မတော် အပေါ် သြဇာညောင်းသော ထောက်ပံ့ရေး ဒုအကြီးအကဲ ဗိုလ်ချုပ် ကူကျွန်းရှန် ဆိုသူဖြစ်ပြီး ရှန်ဟိုင်းမြို့တွင် ကန်ဒေါ်လာ သန်း ၃၃၀ တန် စစ်တပ်ပိုင် မြေကွက်တစ်ကွက်အား ၆ ရာခိုင်နှုန်း လာဘ်ယူ၍ ရောင်းချခဲ့သည် ဟု ဆိုသည် ။
သူနေထိုင်ရာ ဖုယန်မြို့တွင်လည်း ၄င်း၏ မိသားစုဝင်များသည် မြေယာများ သိမ်းပိုက်ရာတွင် နာမည်ကြီးကာ အဆောက်အဦးဆောက်လုပ်ရေး လုပ်ငန်းများ လုပ်သည်ဟု စိုက်ရှင်း Caixin
သတင်းစာက ဆိုသည်။
ပေကျင်းမြို့မှ "တားမြစ်န်းမြို့" The Forbidden City ပုံစံအတိုင်း ၄င်း၏ ကိုယ်ပိုင်အိမ်ကို ဆောက်လုပ်ထားသည်ဟုလည်း Caixin သတင်းစာက ဖော်ပြကာ ၂၀၀၆ ခုနှစ်ကလည်း သူ့ရှေ့တွင် ယင်းရာထူးမျိုးကို တာဝန်ထမ်းဆောင်သွားခဲ့ဖူးသူ ၀မ်ရှို့ယဲ့ လည်း ဒေါ်လာသန်းပေါင်းများစွာ လာဘ်စားမှုဖြင့် စစ်ခုံရုံးမှ ဆိုင်းငံ့သေဒဏ် ကျခံခဲ့ရသည်။
တာဝန်ထမ်းဆောင်ပြီးနောက် ၁ နှစ်ကျော် ကာလတွင် သမ္မတ ရှီကျင့်ဖင်သည် အဂတိလိုက်စားမှု များကို တိုက်ဖျက်ရာတွင် လူသိရှင်ကြား ပြတ်သားတင်းမာလာခဲ့ပြီ ဖြစ်သည်ဟု ဆိုသည်။

Copy from - Thit Htoo Lwin
0 comments:
Post a Comment