Saturday, January 18, 2014

သေနတ်ပြောင်းကို ပါးစပ်ထဲ ထည့်တယ် ..... မြန်မာစစ်တပ်မှ အပြစ်မဲ့ရွာသားများကို ဖမ်းဆီးရက်စက်စွာ ရိုက်နှက်

တအာင်းအမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားမှ TNLA စစ်သမီးများ
 
မြန်မာစစ်တပ်နှင့် ငွန်ဆိုင်ပြည်သူ့စစ်ခေါင်းဆောင် ထွန်းမြတ်လေး၏ အဖွဲ့သားတို့မှ နမ့်ဆန်မြို့နယ် တက်လက်ရွာသား ၄ ဦးကို ဖမ်းဆီးစစ်ဆေးပြီး နှိပ်စက်သည်ဟု သတင်းရရှိပါသည်။
 
ဇန်န၀ါရီလ ၁၃ ရက်နေ့တွင် တက်လက်ရွာသား ဦးအိုက်ဆေ (သက် - ၄၀)၊ အိုက်ဆွေ (သက် - ၃၀)၊ ဦးဆိုင်အေး (သက် - ၆၀)၊ သန်းကြည်စိုး (သက် - ၁၅) ၄ ဦးတို့သည် နမ့်ဆန်မြို့နယ် ဟိုမိန်းကျေးရွာတွင် ကျင်းပပြုလုပ်သော တအာင်းအမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားမှ ရွာသို့အပြန် မြန်မာစစ်ကြောင်း ခလရ ၅၀၂၊ ၅၀၆ တို့မှ စစ်ဆေးမေး မြန်ကာ ရိုက်နှက်ခဲ့ခြင်း ဖြစ်သည်ဟု သိရှိရပါသည်။

“တအာင်းစစ်တပ်ကျင်းပတဲ့ပွဲကို သွားတယ်ဆိုပြီးတော့ သူတို့ ၄ ယောက်စလုံးကို ရိုက်တယ်။ သေနတ်ပြောင်နဲ့ ပါးစပ်ထဲကို ထည့်တယ်။ သူတို့ ၄ ယောက်စလုံး သွေးထွက်အောင်ကို ရိုက်တယ်။ ဘာအပြစ်မှမရှိတဲ့ ရွာသားကို ရန်သူသဖွယ် နှိပ်စက် တယ်။ ဒဏ်ရာ ပိုပြင်းထန်တာတော့ ဦးအိုက်ဆေပေါ့။ သူက ဦးခေါင်းပါပေါက်သွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

နေ့လည် ၁း၃၀ နာရီခန့် ညှင်းပန်းနှိပ်စက်ပြီးနောက်ပိုင်း အိုမ်ဗါရ်ရွာဘက်သို့ ခေါ်ဆောင်သွားကာ ညနေ ၅း၀၀ ၀န်ကျင်တွင် ပြန်လွှတ်ပေးခဲ့သည်ဟု သိရှိရပါသည်။

ငွန်ဆိုင်ပြည်သူ့စစ်ခေါင်းဆောင် ထွန်းမြတ်လေးတို့မှ ပြီးခဲ့သည့် ၂၀၁၃-ခုနှစ်တွင် နမ့်ဆန်မြို့နယ် ရွာသားများကို ပစ်သတ်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ မတရားစစ်ဆေးမေးမြန်ခြင်း မကြာခဏ လုပ်လေ့ရှိပြီး ရွာသားများမှ တိုင်ကြာမှုပြုသော်လည်း အရေးယူပေးခြင်းမရှိသည့်အပြင် ပြန်လည် အော်ငေါက် လွှတ်ခဲ့သည်လည်း သိရှိရပါသည်။

ထို့အပြင် ဇန်န၀ါရီလ ၁၅ ရက်နေ့ ဟိုနမ့်တိုက်ပွဲနောက်ပိုင်းတွင် နမ့်ဆန်မြို့နယ် မန်မိုင်းရွာကို ဦးတည်ကာ လက်နက်ကြီး ၇ လုံးပစ်ခတ်ခဲ့ကြောင်းလည်း သိရသည်။
 
Copy from - palaungland.org
 

0 comments: