Thursday, January 9, 2014

ဂျပန်ရောက်မြန်မာနိုင်ငံသားများ မိမိတို့ရဲ့ဆန္ဒ သဘောထားကို လာရောက် ထုတ်ဖေါ် ပြသနိုင်ကြပါကြောင်း နှိုးဆော်ဖိတ်ခေါ်လိုက်ပါတယ် ။

ဂျပန်ရောက်မြန်မာနိုင်ငံသားများခင်ဗျာ၊
  
လက်ရှိကျင့်သုံးနေတဲ့၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲခဲ့ပုံ အတည်ပြုခဲ့ပုံ တို့သည် ဒီမိုကရေစီနည်း မကျခဲ့ခြင်း၊
 
ဖွဲ့စည်းပုံ အခြေခံဥပဒေထဲတွင် ပါဝင်နေတဲ့ ပြဌာန်းချက်များဟာလည်ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့် မညီညွတ်ခြင်း တို့ကြောင့်၊ ၎င်းဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးအတွက် အဓိက အဟန့်အတား (အဟန့်အတား) ဖြစ်နေပါတယ်။
 
   အဲဒီအတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအား မှန်မှန်ကန်ကန်ဖြင့် အမြန်ဆုံး ပြင်ဆင်ပေးရန်(အမြန်ဆုံး ပြင်ဆင်ပေးရန်)  ပြည်သူ့ဆန္ဒ သဘောထား ဖေါ်ထုတ် တောင်းဆိုတဲ့လှုပ်ရှားမှုကို လာမယ့် (၁၄)ရက်နေ့ အင်္ဂါနေ့မှာ တိုကျိုမှာရှိတဲ့ မြန်မာသံရုံးရှေ့မှာ အဖွဲ့အစည်းပေါင်းစုံက စုပေါင်း ပြုလုပ်ကြပါမည်။
 
မိမိတို့ရဲ့ဆန္ဒ သဘောထားကို လာရောက်ထုတ်ဖေါ်ပြသနိုင်ကြပါကြောင်း နှိုးဆော်ဖိတ်ခေါ်လိုက်ပါတယ်
               
 မြတ်သူ
 DPNS(JpB)
 
 စုံစမ်းရန်၊  ၊ဦးဘုန်းမြင့်ထွန်း၊ဦးလှိုင်အေး၊ဦးဇော်မင်းခိုင်၊ဦးမိုင်ကျော်ဦး၊ဦးသောင်းမြင့်ဦး၊ဦးဇေယျာမင်းထွန်း၊

0 comments: