ပင်လုံစိတ်ဓါတ်ဖော်ဆောင်ရေးမှ
စစ်မှန်သော ဒီမိုကရေစီနှင့် ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ကြစို့။
နိဒါန်း
ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များသည် ၁၉၄၇ခု ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် ပင်လုံ စာချုပ်ကို ချုပ်ဆိုခဲ့ပြီး၊ ပင်လုံစိတ်ဓါတ်၊ အမျိုးသားစိတ်ဓါတ်၊ ပြည်ထောင်စုစိတ်ဓါတ်ကို ချမှတ်ပေးထားခဲ့သည်။ အုပ်စိုးသူ အာဏာပိုင် အဆက်ဆက်သည် ပင်လုံစာချုပ် ချုပ်ဆိုသည့်နေ့ကိုအစွဲပြု၍ ပြည်ထောင်စုနေ့ဟု သတ်မှတ် ထားသော်လည်း ဦးတည်ချက်အမျိုးမျိုးဖြင့် ကျင်းပလာခဲ့သည်။
ထိုသို့ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ ချမှတ်ထားသော ပင်လုံစိတ်ဓါတ် အခြေခံမူ လမ်းစဉ်အပေါ် သွေဖယ်အားနည်းသွားရာမှ ၁၉၄၇ ခု ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၁၉၇၄ခု ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ယနေ့ ၂၀၀၈ ခု ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲပြဌာန်းရာတွင် စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုစနစ်နှင့် ဆန့်ကျင် သဖြင့် လွတ်လပ်ရေးနှင့်တပြိုင်တည်း ပြည်တွင်းစစ်မီး တောက်လျှောက် လောင်ကျွမ်းခြင်းဖြစ်သည်။ ခေါင်းဆောင်များ ချမှတ်ထားသော အမျိုးသားရေးစိတ်ဓါတ် လုံးဝ ပြိုလဲပျက်စီးသွားခြင်းနှင့်အတူ တိုင်းပြည်သည် ဆင်းရဲနက်တွင်းသို့ ကျ ဆင်းသွားပြီး ပြည်သူလူထု စားဝတ်နေရေးသည်လည်း အတိဒုက္ခမျိုးစုံ ခံစားနေကြရသည်။
တိုင်းရင်းသားလူမျိုးများဖြစ်ကြသော ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ မွန်၊ မြန်မာ၊ ရှမ်း၊ ရခိုင် စသည့် လူမျိုး များသည် ပင်လုံစိတ်ဓါတ်သည်သာလျှင် မဟာလူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသော လူမျိုးရေးဝါဒကို ဖယ်ရှားနိုင်ပြီး တိုင်းရင်းသားလူမျိုးများအချင်းချင်း လူမျိုးကြီး၊ လူမျိုးငယ် ဖိနိပ်ချုပ်ချယ်သော ပုံစံအားလုံးကို ဖယ်ရှားနိုင်မည် ဖြစ်သည်။ ထိုသို့ တိုင်းရင်းသားလူမျိုးများသည် လူမျိုးရေးတန်းတူညီမျှမှု၊ နိုင်ငံရေးတန်းတူညီမျှမှုရှိပြီး ပြည်ထောင်စု နိုင်ငံအတွက် တာဝန်အသီးသီး ရှိကြသည့်အတိုင်း ပူးပေါင်းဆောင်ရွက်ကြလျက် အချိုးကျ အကျိုးခံစားခွင့်ရရှိခြင်းမျိုး သည်သာလျှင် စစ်မှန်သော အမျိုးသားစည်းလုံးညီညွတ်ရေးကို အာမခံချက် ပေးနိုင်မည်ဖြစ်သည်။
သို့ဖြစ်ပါ၍ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ ချမှတ်ထားသည့် ပင်လုံစိတ်ဓါတ်၊ ပြည် ထောင်စုစိတ်ဓါတ် အခြေခံမူလမ်းစဉ်အတိုင်း ငြိမ်းချမ်းသာယာဝပြောပြီး စစ်မှန်သောဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ကြပါစို့။
[၁] နောက်ခံသမိုင်းအကျဉ်း။
ပြည်ထောင်စုဗမာနိုင်ငံတွင် နေထိုင်ကြသော ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ မွန်၊ မြန်မာ၊ ရှမ်း၊ ရခိုင် စသည့်လူမျိုးများသည် ရှေးပဒေသရာဇ်ခေတ်ကာလကတည်းက ကိုယ့်ဘုရင်၊ စော်ဘွား၊ ဒူးဝါး၊ စောဖျာ၊ စော်ကဲ၊ တောင်ပိုင်ရမ်အုပ်မင်းများဖြင့်သီးခြား လွတ်လပ်စွာအုပ်ချုပ်နေထိုင်လာကြသည့်