Monday, December 30, 2013

နေပြည်တော်မှ ပေးပို့လာသော အရေးပေါ်သတင်းဖြစ်ပါသည်

 
သန်းရွှေကို ဖယ်နိုင်ရင် မြစ်ဆုံကို ကယ်နိုင်ပြီ
(နေပြည်တော်အရေးပေါ်သတင်း)

မြစ်ဆုံကနေ အထက်တကြောမှာ ယူရေနီယမ်တွေ နဲ့ ရဲအတ် တွေ တူးလို့ရတယ် ဆိုတဲ့ သတင်းတွေ ထွက်လာပါပြီ ၊
...

သန်းရွှေက မြစ်ဆုံကို ပြန်စဖို့ တရုတ်တွေကို မီးစိမ်းပြလိုက်ပြီလို့ သတင်းရထားပါတယ် ၊
မြစ်ဆုံကို အာရုံလွှဲဖို့ အစီအစဉ်တွေ တရပ်စပ်လာပါလိမ့်မယ် ၊

မကြာသေးခင်က သန်းရွှေခိုင်းလို့ တေဇ နဲ့ အောင်သောင်း မြစ်ဆုံဘက်ကို ခရီးထွက်သွားသေးတယ်လို့ ကြားပါတယ် ၊

မြစ်ဆုံဆက်လုပ်ဖို့ အောင်သောင်းက အိုက်ထွန်းကိုပါ ရှယ်ယာထည့်ခိုင်းထားတယ်ကြားပါတယ် ၊
အခုတော့ မြစ်ဆုံဟာ စတီဗင်လော တစ်ယောက်ထဲ မဟုတ်တော့ပါဘူး ၊

မြစ်ဆုံကိစ္စမှာ တရုတ်တွေဆီက ကန်ထရိုက်ပြန်ယူထားသူတွေက စတီဗင်လော ၊ တေဇ ၊ အောင်သောင်း နဲ့ အိုက်ထွန်းတို့ ၄ ယောက် ဖြစ်သွားပါပြီ ၊

မကြာခင်မှာ ကေအိုင်အေ နဲ့ တိုက်ပွဲကြီးတွေ ထပ်ဖြစ်အောင်လုပ်ပြီး မြစ်ဆုံသွားတဲ့ လမ်းကို ပိတ်ပစ်လိုက်တော့ မှာပါ ၊

မြစ်ဆုံကို ကယ်မယ်ဆိုရင် သန်းရွှေကို ဖယ်မှရပါတော့မယ် ၊
စတီဗင်လော ၊ တေဇ ၊ အောင်သောင်း နဲ့ အိုက်ထွန်းတို့ကလည်း မြစ်ဆုံကို ကြောင်တောင်မနှိုက်သင့်ပါဘူး

သန်းရွှေကို ဖယ်နိုင်မှ မြစ်ဆုံကို ကယ်နိုင်တော့မှာပါ ၊
---------------------------------------------------------------------------------------
ဒီတစ်ခါ လွှတ်တော်တက်ရင် လွှတ်တော်ကိုယ်စားလှယ်တွေ သရဏဂုံ တစ်ခါတည်း တင်ခဲ့ပါလို့
(နေပြည်တော်သတင်း)

လွှတ်တော်ကြီဟာ ဘယ်လိုတည်ဆောက်ထားတယ် ဘယ်လိုလည်ပတ်နေတယ် ဆိုတာ လျှို့ဝှက်ထားရမယ့်နေရာ မဟုတ်ပါဘူး ၊
...
လွှတ်တော်ကိုယ်စားလှယ်တွေဆိုတာ မြန်မာပြည်ရဲ့ ကံကြမ္မာကိုပုံဖော်မယ့်သူတွေပါ ၊

အခုတော့ လွှတ်တော်ကိုယ်စားလှယ်တွေအတွက် စိတ်မချရဆုံးနေရာက လွှတ်တော်ကြီးကိုယ်တိုင် ဖြစ်နေပါတယ် ၊

လွှတ်တော်ရဲ့ စီစီတီဗွီ ကင်မရာအထဲမှာ မြောက်ကိုးရီးယားတွေ တွေ့ခဲ့ရတယ် ဆိုတဲ့ သတင်းထွက်လာပါတယ် ၊

လွှတ်တော်အောက်မှာလည်း မြေအောက်လှိုဏ်ခေါင်းတွေရှိတယ်ဆိုတဲ့ သတင်းကတော့ ထွက်နေတာကြာနေပါပြီ ၊

လွှတ်တော်လုံခြုံရေးအတွက် သီသန့် အစီအစဉ်တွေထားရှိဖို့ပြောတော့လည်း ဦးသန်းရွှေက သဘောမတူပြန်ပါဘူး ၊

လွှတ်တော်အထဲက စီစီတီဗွီတွေဟာ ၂၄ နာရီ အလုပ်မလုပ်ပါဘူး ၊

အထက်က ဖွင့် ဆိုတဲ့ အချိန်မှာ ဖွင့်ရပြီး အထက်က ပိတ်ထားဆိုတဲ့ အချိန်မှာ ပိတ်ထားရတာတွေပါ ၊

အခုသတင်းထွက်သွားတာက ပိတ်ဆိုတဲ့ အချိန်မှာ ဖွင့်ထားမိတဲ့ ကင်မရာကနေ မြောက်ကိုရီးယားတွေကို တွေ့ခဲ့ရတယ်ဆိုတဲ့ သတင်းပါ ၊

မြောက်ကိုရီးယားတွေက လွှတ်တော်တစ်ခုလုံး ထိန်းချုပ်နိုင်တဲ့ ကွန်ထရိုးအခန်းတစ်ခု လာဆင်ပေးတာလို့ပြောပါတယ် ၊

အခုဆိုလွှတ်တော်အထဲမှာ ဘယ်နေရမှာပဲဖြစ်ဖြစ်တီးတိုးတိုင်ပင်နေတာတွေကို လျှို့ဝှက်အသံဖမ်းယူနိုင်ပါတယ် တဲ့ ၊

နောက်ထပ် တခြား အစီအစဉ်တွေလဲ ရှိနိုင်ပါသေးတယ် ၊

ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံးကို မှာချင်ပါတယ် ၊
ဒီတစ်ခါ လွှတ်တော်လာတက်ရင် လွှတ်တော်ကိုယ်စားလှယ်တွေ သရဏဂုံ တစ်ခါတည်း တင်ခဲ့ပါလို့ . . .

Copy from - Hawdeka Khalaylay(FB)သတင်းစာမျက်နှာမှ

Saturday, December 28, 2013

လက်နက်ကိုင် တိုင်းရင်း သား အဖွဲ့များ ကိုင်စွဲထားသည့် ဘုံသဘော တူညီချက် (၁၁)ချက်

 
28 December 2013 

လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များသည် ၂၀၁၃ ခုနှစ် အောက် တိုဘာ (၃၁)ရက်နေ့မှ နိုဝင်ဘာ (၂)ရက် နေ့အထိ ကချင်လွတ် လပ်ရေး အဖွဲ့ (KIO) ဌာန ချုပ် ဖြစ်သော လိုင်ဇာမြို့တွင် သမိုင်းဝင် တွေ့ဆုံ ဆွေးနွေးပြီး တနိုင်ငံ လုံးအပစ် အခတ်ရပ်စဲရေး ဆိုင်ရာ ဘုံသဘော တူညီ ချက်ကို ရေးဆွဲ ခဲ့ပါသည်။...


ယင်းဘုံ သဘော တူညီ ချက်ကို နိုဝင်ဘာ (၄)ရက်နေ့ တွင် အစိုးရ ကိုယ်စား လှယ်များ အား ကချင်ပြည်နယ် မြစ် ကြီး နား မြို့တွင် တင်ပြ ဆွေးနွေး ခဲ့ ပါသည်။ အ လားတူ အစိုးရ၏ တနိုင်ငံ လုံးအပစ် အခတ် ရပ်စဲရေး ဆိုင်ရာ သဘောတူ ညီ ချက်ကိုလည်း အပြန် အလှန် တင်ပြခဲ့ပါသည်။

အစိုးရ ကိုယ်စား လှယ် များ တင်ပြချက် များ သည် ယခင် လိုင်ဇာ အစည်း အဝေးသို့ တင်ပြခဲ့သော ရပ်တည်ချက် မဟုတ် တော့ဘဲ ပြောင်းလဲသွား ခဲ့သဖြင့် တိုင်းရင်း သား ကိုယ်စား လှယ်များ ဆွေးနွေး ရန် အခက်ကြုံ ခဲ့ပါသည်။ ဤသို့ ကြောင့် ရက်ရွှေ့ဆိုင်းသည့် အနေဖြင့် ကရင်ပြည်နယ် ဖါးအံမြို့ တွင် နောက်

ထင်ရှားမှတ်သား ၂ဝ၁၃ သမိုင်း စကားများ


၂ဝ၁၃ မကြာမီ ကုန်ဆုံးတော့မည်။ ၂ဝ၁၃ အတွင်း နာမည်ကျော် ပုဂ္ဂိုလ်များ၏ ထင်ရှား မှတ်သားစကား များကို လေထဲပျောက်ပျက် မသွားစေရန် စုစည်း တင်ဆက် လိုက်ပါ သည်။
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်
”ကျွန်မ သမ္မတ မဖြစ်ချင်ဘူး လို့ ဟန်ဆောင် လိုက်ရင် ကျွန်မ မရိုးသားရာ ကျမှာပေါ့။ အဲဒီအစား ကျွန်မ ပြည်သူတွေ အပေါ် ရိုးရိုးသားသား ပြောပါတယ်” ဟု နေပြည်တော် တွင် ဇန်နဝါရီ ၃ဝ ရက်က ကျင်းပသော ကမ္ဘာ့ စီးပွားရေး ဖိုရမ်၏ စကားဝိုင်း၌ အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ၂ဝ၁၅ ခုနှစ် သမ္မတ ရာထူးနှင့်ပတ်သက်၍ ပြောသည်။
 
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
”တပ်မတော်သည် တိုင်းရင်းသား လူမျိုး အားလုံး ပါဝင် ဖွဲ့စည်းထားသည့် ပြည်ထောင်စု တပ်မတော်” ဖြစ်ကြောင်း ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ပြောကြားချက် ကို ဒီဇင်ဘာ ၃

အသက်သွေးကြောဖြစ်တဲ့ ဧရာဝတီ ကျဆုံးရင် ကျုပ်တို့လည်း ကျဆုံးရလိမ့်မယ်…

ကျုပ်တို့ မိခင်ဧရာဝတီကို သူတို့ရန်မူတော့မယ်…

ကျုပ်တို့ရဲ့ အသက်သွေးကြောဖြစ်တဲ့ ဧရာဝတီ ကျဆုံးရင် ကျုပ်တို့လည်း ကျဆုံးရလိမ့်မယ်…

ကျုပ်တို့ရဲ့ မိခင်ဧရာဝတီ ပျက်ဆီးရင် ကျုပ်တို့လည်း ပျက်ဆီးခြင်းနဲ့ ကြုံရလိမ့်မယ်…...

မိခင်ဧရာဝတီသာ သေဆုံးခဲ့ရင် ဧရာဝတီရဲ့ ရင်ခွင်နဲ့ ကင်းကွာလို့ မရတဲ့ ပြည်သူတွေဘဝလည်း သေဆုံးရလိမ့်မယ်…

ကျုပ်တို့ မိခင်ဧရာဝတီကို ကာကွယ်ကြပါ…
ကျုပ်တို့ရဲ့ ဧရာဝတီမိခင်ကို အဆုံးရှုံးမခံနိုင်ကြောင်း ပြည်သူတွေ ကြွေးကြော်ကြပါ…

ကျုပ်တို့မိခင်ဧရာဝတီကို ကယ်တင်ဖို့ ကြိုးစားကြပါ…

လူဖြစ်ပြီး လူစိတ်မရှိတဲ့ လူတစ်စုကြောင့် ကျုပ်တို့ဘဝတွေ အခါခါသေခဲ့ရပြီး နောက်ထပ်ဘဝပေါင်းများစွာကို သတ်ဖို့ကြိုးစားနေတဲ့ လက်အတွင်းက လွတ်မြောက်အောင် လုပ်ရမှာ ကျုပ်တို့ သမိုင်းပဲဖြစ်တယ်……

သက်နှင်း သုန္ဒရီ
Aye Chan Mon# Credit To:Ashin Issariya > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

မြစ်ဆုံစီမံကိန်းအတွက် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနက အခမဲ့ရှယ်ယာ ၁၅ ရာခိုင်နှုန်း၊ Asia World က လက်ငင်းငွေ ငါးရာခိုင်နှုန်းနှင့် တရုတ် CPI က ရာခိုင်နှုန်း ၈၀ အထိ ပိုင်ဆိုင်ထားပြီး နှစ် ၅၀ စီမံကိန်းဖြစ်

27 December 2013

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် လက်ထက်တွင် ဆက်လက် လုပ်ဆောင်ခြင်း မပြုရန် တားမြစ်ခံရသည့် မြစ်ဆုံစီမံကိန်း အတွက် ရှယ်ယာပိုင်ဆိုင်မှု နှုန်းထားများမှာ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနက အခမဲ...့ရှယ်ယာ ၁၅ ရာခိုင်နှုန်း၊ အေးရှားဝေါလ်က လက်ငင်းငွေ ငါးရာခိုင်နှုန်းနှင့် တရုတ်နိုင်ငံပိုင် CPI က ရာခိုင်နှုန်း ၈၀ ဖြင့် အများဆုံး ပိုင်ဆိုင်ထားပြီး စီမံကိန်း ကာလမှာ နှစ် ၅၀ အထိ လုပ်ပိုင်ခွင့် ရရှိမည်ဖြစ်ကြောင်း ACHC မှ ဒီဇင်ဘာ ၂၆ ရက်က ထုတ်ပြန်ခဲ့သည့် စီမံကိန်းဆိုင်ရာ အချက်အလက်များအရ သိရသည်။

မြစ်ဆုံ ရေအားလျှပ်စစ် ထုတ်လုပ်ရေး စီမံကိန်းများအတွက် ဧရာဝတီမြစ်ညာ-မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း ကုမ္ပဏီ (ACHC) အား တည်ထောင်ခဲ့ပြီး အဆိုပါ ကုမ္ပဏီတွင် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ အေးရှားဝေါလ်၊ တရုတ် CPI တို့မှ ဖွဲ့စည်းခဲ့ပြီး နိုင်ငံတော် ကုန်သွယ်ရေး ကော်မတီမှ ၂၀၁၀ ပြည့်နှစ် ဇွန်လတွင် မှတ်ပုံတင်ခွင့် ပြုခဲ့ကြောင်း သိရသည်။ မလိခ၊ မေခမြစ်နှင့် မြန်မာနိုင်ငံ၏ မိခင်မြစ် တစ်စင်းဖြစ်သည့် ဧရာဝတီမြစ်ဆုံ အထက်ပိုင်းရှိ မြစ်ဆုံ၊ ချီဖွေ၊ ၀ူဆောက်၊ ဖီဆော၊ ခေါင်လန်ဖူး၊ ယဲ့နန်၊ လာဆာတို့၌ စီမံကိန်း ခုနစ်ခုနှင့် လုပ်ငန်းသုံး ရေအားလျှပ်စစ် စက်ရုံတစ်ခု ပါဝင်မည့် စီမံကိန်းများအတွက် မတည်ရင်းနှီး မြှုပ်နှံငွေ အမေရိကန်ဒေါ်လာ ဘီလျံ ၂၀ ဖြစ်ပြီး စီမံကိန်း အပြီးတွင် နှစ် ၅၀ လည်ပတ်ပြီးနောက် မြန်မာအစိုးရထံသို့ အခမဲ့ ပြန်လည်လွှဲပြောင်း ပေးမည်ဖြစ်ကြောင်း စီမံကိန်းဆိုင်ရာ

- ကမ္ဘာ့ အကြီးဆုံးမြစ်ကြီး ၁၅စင်း-

 
ပူးတွဲပါ Scan ပုံ လေးကတော့ Walter K. Dodds ရေးသားသော စာမျက်နှာ ၅၆၉မျက်နှာပါ ၂၀၀၂ခုနှစ်မှာထုတ်ဝေခဲ့တဲ့ Freshwater Ecology:Concepts and Environmental Applications စာအုပ်မှကူးယူဖေါ်ပြထားခြင်းဖြစ်ပါတယ်။ ( ၂၀၁၀ခုနှစ်မှာ co-author Matt Whiles နှင့်အတူ စာမျက်နှာ ၈၅၀အထိ တိုးမြင့်ကာ ဒုတိယ အကြိမ်ထပ်ရိုက်နှိပ်ခဲ့ပါတယ်။ )

ဇယားက ကမ္ဘာ့ အကြီးဆုံးမြစ်ကြီး ၁၅စင်းရဲ့ ရေစီးဆင်းအား(Discharge)ပေါ်မှာတည်ပြီးအဆင့်ခွဲသတ်မှတ်ရာမှာ ကျနော်တို့ရဲ့ ဧရာဝတီ က ကမ္ဘာ့အဆင့် ၁၂မှာရှိပါတယ်။
 
မိုးရေဆင်း နိုင်တဲ့ မြေဧရိယာ(Drainage Area)မှာတော့ ၁၅စင်းထဲမှာ အငယ်ဆုံးဖြစ်ပါတယ်။ ငယ်သော်ငြား သန်တယ်လို့ပြောနိုင်ပါတယ်။

ကဲ...ဘယ်လောက်သန်သလဲ ကြည့်ရအောင်။

အလျား ၂၀၁၁ကီလိုမီတာ=၁၂၄၉မိုင်( အရှည်မှာ ကမ္ဘာ့အဆင့် ၂၆) ရှည်လျားတဲ့ မြစ်ဧရာရဲ့ ဖျမ်မျှ ရေစီးဆင်းအား ဟာ ၁၄၀၀၀ကုဗမီတာ/စက္ကန့် ရှိပါသတဲ့ ။
 
တနည်းပြောရရင် တစက္ကန့်မှာ ၁၄၀၀၀ ကုဗမီတာ စီးဆင်းပါသတဲ့။
 
ပိုရှင်းအောင် ကုဗမီတာ ကို ဂါလံ ပြောင်းလိုက်ကြရအောင်။
၁၄၀၀၀x၂၆၄= ၃,၆၉၈,၄၀၈ ဂါလံ။
တစက္ကန့် မှာ ရေဂါလံပေါင်း ၃ သန်းခွဲကျော် စီးဆင်းနေတယ် လို့ အဲဒီဇယားကပြောနေပါတယ်။

ဧရာဝတီမြစ်ကမ်းနဖူးကိုသွာပါ

ကမ်းနဖူးမှာရပ်ပြီး မြစ်ရေစီးဆင်းနေတဲ့ ရှေ့တူရှူကို စိုက်ကြည့်လိုက်ပြီး တစ်နှစ်သုံးလို့ ရေတွက်လိုက်ပါ။
သုံး လို့ ဆုံးသွားတာနဲ့ ခင်ဗျားရဲ့ ရှေ့မှောက်မှာ ရေဂါလံပေါင်း ၃သန်းခွဲစီးဆင်းပြီးသွားပါပြီ။

မြစ်ကြီးဧရာဟာ
စက္ကန့်တိုင်း စက္ကန့်တိုင်း ရေဂါလံပေါင်း ၃သန်းခွဲ စီးဆင်းနေပါတယ်။

တမိနစ်အတွင်း စီးဆင်းအား ဟာ ရန်ကုန်မြို့ရဲ့မြို့သူမြို့သားများကို တဦးလျှင် ရေပီပါ တဝက်ကျော်ကျော်နှုန်း ပေးဝေနိုင်ပါတယ်။

စက္ကန့်ပေါင်း ၁၀၀၀(၁၆.၆မိနစ်)အတွင်းမှာ ဂါလံ သန်းပေါင်း၃၅၀၀ ရပါတယ်။ မြန်မာတပြည်လုံးက လူဦးရေ သန်းပေါင်း၆၀ကို တဦးလျင် ရေ တပီပါနှုန်း ပေးဝေနိုင်ပါတယ်
တကယ်ပြောတာပါ။ ယုံပါ။

 
Hlaing Oo(FB)သတင်းစာမျက်နှာမှ

Friday, December 27, 2013

အာဆီယံ နိုင်ငံများ သာမကဘဲ အာရှနိုင်ငံ များနှင့်ပါ ဗီဇာ ကင်းလွတ်ခွင့်ဖြင့် သွားလာနိုင်ရန် ညှိနှိုင်း လျက်ရှိ

 
မြန်မာနိုင်ငံ အနေနဲ့ အခြား ပြည်ပ နိုင်ငံများနဲ့ ဗီဇာ မလိုဘဲ ၀င်ထွက် သွားလာ နိုင်ဖို့ အတွက် ဆောင်ရွက် လျက်ရှိရာမှာ အာဆီယံ နိုင်ငံများနဲ့ သာမကဘဲ အာရှနိုင်ငံ များနဲ့ပါ ဗီဇာ ကင်းလွတ်ခွင့်နဲ့ သွားလာနိုင်ဖို့ အတွက် ညှိနှိုင်း လျက်ရှိတယ်လို့ နိုင်ငံခြားရေး ၀န်ကြီးဌာန၊ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာ ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အခုလို ညှိနှိုင်း လျက်ရှိရာ မှာတော့ တရုတ်၊ ကိုးရီးယား၊ အိန္ဒိယနိုင်ငံများမှ အစိုးရ အဖွဲ့အစည်း များနဲ့ ဆွေးနွေး နေတာဖြစ်ပြီး သာမန်နိုင်ငံကူး လက်မှတ် ကိုင်ဆောင် ထားသူများ အတွက် ဗီဇာကင်း လွတ်ခွင့်များနဲ့ ၀င်ထွက် သွားလာ နိုင်အောင် စီစဉ်နေတာ ဖြစ်ပါတယ်။
 
မြန်မာနိုင်ငံ အနေနဲ့ အဆိုပါ နိုင်ငံများရှိ အစိုးရ အဖွဲ့များ ဖြစ်တဲ့ နှစ်နိုင်ငံ သံတမန်များနဲ့ အဆင့်မြင့် အရာရှိများ အကြား ဗီဇာကင်း လွတ်ခွင့်များနဲ့ သွားလာနိုင်တဲ့ သဘာတူ စာချုပ် လက်မှတ်များ ရေးထိုးကာ သွားလာ နိုင်ပေမယ့်လည်း သာမန် နိုင်ငံကူး လက်မှတ် ကိုင်ဆောင် ထားသူများ အနေနဲ့ ဗီဇာ မလိုဘဲ ၀င်ထွက်ခွင့် မရရှိသေးတာ ဖြစ်တဲ့ အတွက် အခုလို ညှိနှိုင်း ဆွေးနွေး နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာ-ဂျပန် နိုင်ငံကြား မှာလည်း ဗီဇာမလိုဘဲ ၀င်ထွက် သွားလာ နိုင်ဖို့ ညှိနှိုင်း လျက်ရှိပြီး မကြာမီ သဘော

‘အထက်’ ကတဲ့လား ….

ကျွန်တော်တို့ ပရဟိတအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၏ အများပြည်သူ လူထုတို့အပေါ် ဗြဟ္မစိုရ်တရားလေးပါး လက်ကိုင်ပြုပြီး သီလလုံခြုံစွာဖြင့် အနစ်နာခံ ပေးဆပ်မှု စေတနာတရားများအား ဟန့်တားခြင်း၊ ပိတ်ဆို့ခြင်း၊ တားမြစ်ခြင်း စသည့် အကုသိုလ်လုပ်ရပ်များကို ယခင့်ယခင် အစိုးရလက်ထက် များ ကတည်းက တွေ့ကြုံခံစားခဲ့ရသည်။ ကျွန်တော်တို့ ပရဟိတသမားများသည် နိုင်ငံရေးပါတီ ဖွဲ့စည်း တည်ထောင်ထားသော နိုင်ငံရေးသ...မားများမဟုတ်၊ နိုင်ငံ့အရေး ပြည်သူ့အရေးကိစ္စများကို အစိုးရအား အုတ်တစ်ချပ် သဲတစ်ပွင့် တစ်ထောင့်တစ်နေရာမှ ပံ့ပိုးကူညီပေးနေသော စေတနာရှင်များ သက်သက်သာ ဖြစ်ပါသည်။ နိုင်ငံတော်အား ဆူပူမှုကို လှုံ့ဆော်ကြသူများမဟုတ်၊ နိုင်ငံတော်အာဏာအား လိုချင်တက် မက်ကြသောသူများလည်းမဟုတ်။ ပြည်သူလူထုတို့အားလည်း စည်းရုံးရေးဆင်းရန်မလို၊ ကိုယ့်အလုပ် ကိုယ်လုပ်ကြသော ပရဟိတသမားများသာဖြစ်သည်။ နိုင်ငံတော်ကြီး ငြိမ်းချမ်းမှု၊ သာယာဝပြောမှု၊ မိမိတို့ ရပ်ကွက်၊ မြို့နယ်၊ တိုင်းဒေသအသီးသီးတို့တွင် စိမ်းလန်းစိုပြေဝပြောမှုကိုသာ လိုလားကြသော စေတနာ ရှင် မေတ္တာရှင် ပေးဆပ်ကြသူများသာဖြစ်သည်။

  တစ်ချိန်က … ဆရာတော်ကြီးတစ်ပါးမှ မြို့နယ်တစ်ခုတွင် တရားပွဲဟောကြားမှု ပြုရာတွင် ဤ တရားပွဲမှရရှိသော အလှူငွေများကို ကျွန်တော်တို့၏ လူမျိုးဘာသာ ဆင်းရဲချမ်းသာမရွေးတို့ ကြုံတွေ့နေရ သော နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေး စသည့် အကူအညီများကို အခမဲ့ ပေးဆပ်နေသော နာရေးကူညီမှုအသင်း(ရန်ကုန်)အား လှူဒါန်းမည်ဟု ကြေငြာပြီး ကျွန်တော့်အား အသိပေးအကြောင်းကြား ခဲ့သောကြောင့် ထိုနေ့ညတွင် ကျွန်တော်နှင့် အလုပ်အမှုဆောင်အချို့သည် တရားပွဲကျင်းပသည့် မြို့နယ်သို့ သွားရောက်ခဲ့ကြသည်။ လမ်းခုလပ်၌ ကျွန်တော့်ထံသို့ တယ်လီဖုန်းဝင်လာသည်။ “ဦးကျော်သူ ခင်ဗျာ … ကျွန်တော်တို့ တရားပွဲဖြစ်မြောက်ရေးအဖွဲ့ကပါ။ ဆရာတော်ကြီးရဲ့ အလှူငွေလှူဒါန်းခြင်း အစီ အစဉ်ပျက်သွားပါပြီ” ဟူ၍ ဝမ်းနည်းကြေကွဲစွာ ဆက်သွယ်လာသည်။ ဘာကြောင့်နည်းဟု ကျွန်တော်မှ ပြန်လည်မေးမြန်းခဲ့ရာ … “မြို့နယ်အာဏာပိုင်အဖွဲ့မှ လှူခြင်းလှူ ကျော်သူတို့အဖွဲ့ကို မလှူရဘူး သူတို့ ဖွဲ့စည်းထူထောင်ထားတဲ့ အင်အားကြီး အဖွဲ့ကြီးအား လှူရမယ် အထက်က အမိန့်ချတယ်” တဲ့ဗျာ သြော် … ကျွန်တော်တွေးမိသည်။ အလှူရှင်၏ဆန္ဒကို ဖျက်သိမ်းပြီး အာဏာစက်ဖြင့် ဟို ကိုမလှူရဘူး။ ဒီကို

မြစ်ဆုံစီမံကိန်းဆောင်ရွက်သည့် CPI/ACHC ကုမ္ပဏီအကြောင်းရှင်းလင်းမှုပြုလုပ်ခဲ့


Copy from - Eleven Myanmar

ယာဆုကုနိ စစ်သည်တော်ဗိမာန်သို့ဂျပန်ဝန်ကြီးချုပ် အာဘေးယနေ့သွားရောက်

တိုကျို ဒီဇင်ဘာ ၂၆

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ ယနေ့ မိနစ် ၃၀ ကြာ ယာဆုကုနိ စစ်သည်တော် ဗိမာန်သို့ လည်ပတ်ခြင်းက အိမ်နီးချင်း တရုတ် ၊ မြောက်ကိုရီးယား ၊ တောင်ကိုရီးယား နိုင်ငံတို့၏ မျှော် လင့်ထားပြီး ရှုံချမှုများ ပြင်းထန်သော ကန့်ကွက်မှုများကို ဖြစ်စေခဲ့ပါတယ်။

ယာဆုကုနိ စစ်သည်တော် ဗိမာန်သည် ယင်းအိမ်နီးချင်း နိုင်ငံတို့အတွက် ဒုတိယ ကမ္ဘာစစ် ဂျပန်နိုင်ငံ၏ နယ်ချဲ့စစ်ဝါဒီ ကို သတိရစေသည်။ ဂျပန်တို့၏ ဒုတိယ ကမ္ဘာစစ် အတွင်းစစ်ရေး ကျူးကျော်မှုကြောင့် တရုတ် စစ်ဖက် နှင့် အရပ်သား သန်းပေါင်းများစွာ သေကြေပျက်စီး ခဲ့ရသလို ကိုရီးယားနိုင်ငံ၌ လည်း သိန်းနှင့်ချီ၍ သေဆုံးခဲ့ရသည်။

ဂျပန်အရာရှိများ ယာဆုကုနိ သို့သွားသည့် အကြိမ်တိုင်း၌ ယင်းနိုင်ငံများက ပြင်းပြင်း ထန်ထန်ကန့်ကွက်ခဲ့ကြသည်။ ယင်းမှာ အာရှ၌ ဂျပန်တို့ကျူးလွန်ခဲ့ကြသည့် ရက်စက် ကြမ်းကြုတ်မှုများကို ငြင်းဆိုခြင်းဖြစ်သည်။ စစ်ရာဇ၀တ်ကောင်များကို ယနေ့တိုင် ဂုဏ်ပြုနေရာ လည်း ရောက်သည်ဟု

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း မြန်မာအစိုးရဧ။်လမ်းညွှန်ချက်အတိုင်းသာ ဆက်လက်ဆောင်ရွက်မည်ဟု CPI ဆို



 

ရပ်ဆိုင်းထားသည့် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို မြန်မာအစိုးရဧ။်လမ်းညွှန်ချက်အတိုင်းသာ ဆက်လက်ဆောင်ရွက်သွားမည်ဟု CPI ကုပ္မဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
 
ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ယနေ့မွန်းလွဲ ၂နာရီခွဲကပြုလုပ်သော ဧရာဝတီမြစ်ညာ -မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကုပ္မဏီ (ACHE)ဧ။် လူမူရေးပိုင်း ဆောင်ရွက်ခြင်း အစီရင်ခံစာ စာနယ်ဇင်း ရှင်းလင်းပွဲတွင် ၄င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပြီး ရပ်နားထားသော မြစ်ဆုံစီမံကိန်းကို ဆက်လက် လုပ်ဆောင်ရန် စီမံချက်ရှိမရှိကိုမူ ပြန်လည်ဖြေကြားခဲ့ခြင်း မရှိခဲ့ပေ။
" ပြည်သူတွေက ဒီစီမံကိန်းနဲ့ပတ်သက်ပြီး အတိအကျမသိသေးဘူး။ နားလည်မူလွဲနေကြတယ် ။အခုကိစ္စက ကျွန်တော်တို့ ကုပ္မဏီအနေနဲ့ စီမံကိန်းရဲ့ မှန်ကန်တဲ့ အချက်လက်တွေကို ပြည်သူကို ချပြတာပါ။ အခုအစိုးရကလည်း ပြည်သူတွေရွေးတဲ့အစိုးရပဲ။ ပြည်သူတွေ ရွေးချယ်တဲ့ အစိုးရကနေ မှန်ကန်တဲ့ ရွေးချယ်မူတစ်ခု ဖြစ်လာနိုင်တယ်လို့ ကျွန်တော်တို့ ယူဆပါတယ် "ဟု ACHE ကုပ္မဏီမှတာဝန်ရှိသူက ပြောသည်။
 
လက်ရှိ အစိုးရလက်ထက်တွင် မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းထားသောကြောင့်  စီမံကိန်း ပြန်လည်စတင်ပါက စာချုပ်အသစ် ချုပ်ဆိုရမည်ဖြစ်ကြောင်း၊ လက်ရှိတွင် မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားသောကြောင့် ကုပ္မဏီသည် တစ်နှစ်လျှင် ကန်ဒေါ်လာသန်း ၅၀၀ ဆုံးရူံးနေကြောင်း ရှင်းလင်းပွဲမှ သိရသည်။
 
စီမံကိန်းရပ်ဆိုင်းပြီး နောက်ပိုင်းတွင်လည်း မြစ်ဆုံစီမံကိန်း ဧရိယာမှ ဒေသခံများကို စားနပ်ရိက္ခာများ ထောက်ပံ့ပေးခဲ့ပြီး သုံးနှစ်အတွင်း ဆန်ထောက်ပံ့မူ ကျပ်သိန်း ၅၆၄၀ တန်ဖိုးရှိခဲ့သည်ဟု ၄င်းတို့ကပြောသည်။
 
မြစ်ဆုံအထက်ပိုင်း ရေအားလျှပ်စစ်စီမံကိန်း ၇ ခုနှင့် ချီဖွေငယ် ရေအားလျှပ်စစ် စီမံကိန်းအပါအ၀င် စီမံကိန်း ရှစ်ခုဧ။် ရင်းနှီးမြုပ်နှံမူ တန်ဖိုးမှာ ကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလျံ ရှိပြီး လက်ရှိ အစိုးရလက်ထက်တွင် ပြည်သူများနှင့် လူမူအဖွဲ့အစည်းများဧ။် တောင်းဆိုမူကြောင့် အစိုးရကရပ်ဆိုင်းခဲ့သည်။
 
Copy from - Popular News

Wednesday, December 25, 2013

နာမည်ပေးထားတာလေးက လှတယ်။ " ပြည်သာ" တဲ့။ သစ်တပင်မှမခုတ်ဘဲ ချမ်းသာသွားသူများ

 
ပုံပါ အပေါ်အနီဝိုင်းက ဒီကနေ့ Facebook မှာ hot ဖြစ်နေတဲ့ မိုက်ကယ်မိုးမြင့် ရဲ့ A6 အကွက်ပေါ့။ နာမည်ပေးထားတာလေးက လှတယ်။ " ပြည်သာ" တဲ့။ သစ်တပင်မှမခုတ်ဘဲ ချမ်းသာသွားသူပေါ့ဗျာ။ ဘယ်ပတ်ဝန်းကျင်မှ မထိခိုက်ဘူး။

အဲဒီ A6 အကွက်က Gas ကို hit ပြီးပြီ။၂၀၁၂နှစ် မတ်လမှာ hit တာ။ ဒီနေ့သတင်းတွေထဲမှာ နောက်ထပ်လေးကွက် သူ ရသတဲ့။ ကျု ပ်ကတော့ယုံတယ်။ သူကြွယ်ဝတာ မြန်မာ ပြည်သူပြည်သားများ ချောင်လည်ဘို့ဘဲ လို့။

အောက်က အနီအဝိုင်းကတော့ ဒီမိုဖက်တီး တင်လိုက်တဲ့ ဇောတိက offshore rig ရှိတဲ့ အကွက်ပေါ့။ အဲဒါက ယိုးဒယားပိုင် အကွက်ပေါ့။ M9။

နာမည်ပေးကောင်းတယ်နော်။ ဇောတိက တဲ့။ M9 အကွက်မှာနော်။ ၂၀၀၇ နှစ်မှာ ဧရာမ ဓါတ်ငွေ့အကြောကြီး 7ကြောကို hit ခဲ့တာ။ ဒါတင်မ ဟုတ်သေးဘူးနော်။ ဂေါသက ၁ က ပေ ၁၀,၀၀၀ မှာ ဓါတ်ငွေ့ 9.4 MMcfd ထွက်သေးတယ်။

 ဒါဘဲလား??။ ဘယ်ကမလဲ။

ကံကုံဏ ၁ ကလဲ 21.2MMcfd နဲ့ 8.6MMcfd ရပြန်သေးတယ်။

ဒါတင်လား??။ဘယ်ကမလဲဗျာ။
ဇောတိက ၂ က 109.5 million standard cubic feet။
ဇောတိက ၃ က 26.7MMcfd။
ဇောတိက ၄ က 71.1MMcfd။
ဇောတိက ၅ က 38.36MMcfd။


မြန်မာ ကမ်းလွန် ရေတိမ် နဲ့ ရေနက် မှာ ရေနံစိမ်း က ၃.၂ ဘီလီယံ ပီပါ နဲ့ ဓါတ်ငွေ့ ၁၈ထြီလီယံ ကုဗပေ ရှိသတဲ့။ ဘယ်လောက်ကြွယ်ဝ သလဲ။ ဒါပေမဲ့ ယိုးဒယားက အားလုံးရဲ့ လေးပုံ တပုံ လောက်ကို ယူသွားမှာ။

PTTE ကြွယ်ဝ သွားတာ မြန်မာပြည်သူပြည်သားများ ဘာမျှမချောင်လည်သေးပါဘူး။ မှောင်မိုက်ဆဲပါဘဲ။

ဒါပေမဲ့.....အဲဒီယိုးဒယားပိုင် ကုမ္ပဏီကြီးရဲ့ သူဌေးကြီး က သန်းရွှေကြီးဆီ ပုံမှန် အခစား ဝင်ရတယ်လို့ကြားဘူးတယ်။ မီဒီယာသမားတွေစုံစမ်းကြပေါ့ဗျာ။
 
Hlaing Oo(FB)စာမျက်နျာသတင်းမှ

ပုဒ်မ ၁၈ အပါအဝင် တခြား ဖိနှိပ်ချုပ်ခြယ်တဲ့ ပုဒ်မတွေ ဖျက်သိမ်းပေးဖို့ ဇန်နဝါရီလ ၄ ရက်နေ့မှာ ဆန္ဒပြမယ်လို့ ဒီနေ့ ကြေညာ


 
တရားမဝင် စီတန်းလှည့်လည်ခွင့် ပုဒ်မ ၁၈ အပါအဝင် တခြား ဖိနှိပ်ချုပ်ခြယ်တဲ့ ပုဒ်မတွေ ဖျက်သိမ်းပေးဖို့ ဒါမဟုတ် ပြင်ဆင်ပေးဖို့ ၈၈ မျိုးဆက်ကျောင်းသားများနဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေ လာမယ့်နှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ ဆန္ဒပြမယ်လို့ ဒီနေ့ ကြေညာလိုက်ပါတယ်။ RFA သတင်းထောက် ကိုမျိုးဇော်ကို က တင်ပြထားပါတယ်။
 
Copy from - RFA Myanmar

Tuesday, December 24, 2013

ဥက္ကဌ ဦးခွန်ထွန်းဦးက မြန်မာပို့စ်သတင်းဂျာနယ် သို့ပြောပြီ ....

 
~ ၁၉၉၀-ရွေးကောက်ပွဲ တွင် ဒုတိယမဲအများဆုံးအနိုင်ရရှိခဲ့ပြီး တိုင်းရင်းသားအင်အားကြီးပါတ
တစ်ခုဖြစ်သည့် SNLD(ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်)သည်
ဖွဲ့စည်းပုံအခြေခံဥပဒေ
မပြင်ဆင်ပါက ၂၀၁၅-ရွေးကောက်ပွဲ ဝင်ရောက်... ယှဉ်ပြိုင်ရန် မသေချာကြောင်း ဥက္ကဌ ဦးခွန်ထွန်းဦး
က မြန်မာပို့စ်သတင်းဂျာနယ် သို့ပြောကြားသည်။
Ref: The Myanmar

မန်စီမြို့နယ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွား

မန်စီမြို့နယ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွား 
===========================
7day Daily
ဗန်းမော်ခရိုင် မန်စီမြို့ နယ်အတွင်း အစိုးရတပ်နှင့် ကေအိုင်အေတို့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

မန်စီမြို့နယ် မုန်းဒိန်ပါကျေးရွာနှင့် နမ့်လင်းပါကျေးရွာအနီးတွင် ဒီဇင်ဘာ ၂၀ ရက်က တိုက်ပွဲ နှစ်ကြိမ်ခန့် ဖြစ်ပွားခဲ့သည်။ ဒီဇင်ဘာ၂၁ရက်တွင်လည်း နမ့်လင်းပါကျေးရွာအနီးတွင် အစိုးရနှင့် ကေအိုင်အေတို့အကြား နံနက်၅နာရီ မိနစ် ၃၀ ခန့်က စတင်၍ တိုက်ပွဲများ ထပ်မံဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
အစိုးရဘက်မှ ခလရ(၄၇)၊ (၂၃၇)၊ (၃၈၇)၊ (၄၃၈) တို့နှင့် ကေအိုင်အေတပ်ရင်း ၁၂ တို့အကြား တိုက်ပွဲများ  ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အစိုးရတပ်နှင့်ကေအိုင်အေတို့ကြား ပြီးခဲ့သည့် အောက်တိုဘာလလယ်ခန့်မှစတင်၍ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

မန်စီမြို့နယ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများသည် ကေအိုင်အေက ၄င်းတို့၏အထက်ညွှန်ကြားချက်ကို မလိုက်နာဘဲ စတင်တိုက်ခိုက်ခြင်းကြောင့်ဖြစ်ပြီး တပ်မတော်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ လက်လှမ်းမမီသည့် မှောင်ခိုလမ်းကြောင်းများကို နယ်မြေရှင်းလင်းရေး ပြုလုပ်ခြင်းသာဖြစ်ကြောင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောကြားထားသည်။

ကေအိုင်အေ ပြောရေးဆိုခွင့်ရှိသူများကမူ မြစ်ကြီးနားဆွေးနွေးပွဲတွင် နှစ်ဖက်သဘောတူညီထားခဲ့သော အရေးပါသည့် အများပြည်သူသုံးလမ်းကြောင်းများ ဖွင့်လှစ်ရန် ကေအိုင်အေတပ်များ နောက်ဆုတ်ပေးသော်လည်း အစိုးရတပ်များက သတ်မှတ်လမ်းကြောင်းအတိုင်း ၀င်မလာ၍ တိုက်ပွဲဖြစ်ပွားရကြောင်း  ပြောသည်။ ထို့အပြင် အစိုးရက နယ်မြေစိုးမိုးမှု ပြုလုပ်လိုသည့်အတွက် အင်အားသုံးကာ ဖိတိုက်နေသည့်သဘော ဖြစ်နေသည်ဟုလည်း  ကေအိုင်အေက ပြောကြားထားသည်။

အစိုးရဘက်ကမူ မန်စီမြို့ နယ်အတွင်း  တပ်မတော်ရိက္ခာတင်ယာဉ်များကို  ကေအိုင်အေက မိုင်းထောင်ခြင်း၊ စတင်ပစ်ခတ်ခြင်းတို့ကြောင့် တိုက်ပွဲများဖြစ်ပွားနေရသည်ဟု ဆိုသည်။

တိုက်ပွဲများကြောင့် ဒေသခံပြည်သူ ထောင်နှင့်ချီ၍  ဗန်းမော်မြို့နယ်ရှိ  ဘုရားကျောင်းများ၊ တရုတ်နယ်စပ်အနီး မန့်ဝိန်းကြီးဒေသရှိ စစ်ဘေးရှောင်စခန်းလေးခုတွင် တိမ်းရှောင် ခိုလှုံနေရကြောင်း ဒေသတွင်းအဖွဲ့အစည်းများထံမှ သတင်းရရှိသည်။
 
ဗန်းမော်ခရိုင် မန်စီမြို့ နယ်အတွင်း အစိုးရတပ်နှင့် ကေအိုင်အေတို့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။
 
မန်စီမြို့နယ် မုန်းဒိန်ပါကျေးရွာနှင့် နမ့်လင်းပါကျေးရွာအနီးတွင် ဒီဇင်ဘာ ၂၀ ရက်က တိုက်ပွဲ နှစ်ကြိမ်ခန့် ဖြစ်ပွားခဲ့သည်။ ဒီဇင်ဘာ၂၁ရက်တွင်လည်း နမ့်လင်းပါကျေးရွာအနီးတွင် အစိုးရနှင့် ကေအိုင်အေတို့အကြား နံနက်၅နာရီ မိနစ် ၃၀ ခန့်က စတင်၍ တိုက်ပွဲများ ထပ်မံဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အစိုးရဘက်မှ ခလရ(၄၇)၊ (၂၃၇)၊ (၃၈၇)၊ (၄၃၈) တို့နှင့် ကေအိုင်အေတပ်ရင်း ၁၂ တို့အကြား တိုက်ပွဲများ  ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အစိုးရတပ်နှင့်ကေအိုင်အေတို့ကြား ပြီးခဲ့သည့် အောက်တိုဘာလလယ်ခန့်မှ စတင်၍ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
 
မန်စီမြို့နယ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများသည် ကေအိုင်အေက ၄င်းတို့၏အထက်ညွှန်ကြားချက်ကို မလိုက်နာဘဲ စတင်တိုက်ခိုက်ခြင်းကြောင့်ဖြစ်ပြီး တပ်မတော်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ လက်လှမ်းမမီသည့် မှောင်ခိုလမ်းကြောင်းများကို နယ်မြေရှင်းလင်းရေး ပြုလုပ်ခြင်းသာဖြစ်ကြောင်း မြောက်ပိုင်းတိုင်း

Monday, December 23, 2013

ပအို့ ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ ချုပ်ဥက္ကဌ ခွန်မြင့်ထွန်းအင်တာဗျူး

ကရင်အမျိုးသားအစည်းအရုံးက ဦးဆောင်ပြီး ကေအန်ယူဌာနချုပ် လေးဝါး (ခေါ်) လော်ဃီးလာမှာ ဒုတိယအကြိမ်မြောက် တိုင်းရင်းသားညီလာခံကို လာမယ့် ၂၀၁၄ ဇန်န၀ါရီလ ၂၀ ကနေ ၂၂ အထိ သုံးရက်တာ ကျင်းပမယ်........
 
ဒီဆွေးနွေးပွဲပြီးတာနဲ့ တပြိုင်နက် ဇန်န၀ါရီလ ၂၄ ရက်ကနေ ၂၆ ရက်နေ့အထိ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းခေါင်းဆောင်တဲ့ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မ တီက တာဝန်ရှိသူတွေနဲ့ ကရင်ပြည်နယ် ဘာအံမြို့မှာ တွေ့ဆုံမယ်.......
Copy from - DVB TV News

ဖွဲ့စည်းပုံပြင်ရန် တပ်မတော်သားအမတ်များ ပြောပြီ

 
ဒီဇင်ဘာလ ၂၃ ရက်၊ တနင်္လာနေ့၊ ၂၀၁၃ ခုနှစ်

လွှတ်တော်အသီးသီးတွင် ၂၅ ရာခိုင်နှုန်းစီ နေရာယူထားကြသည့် တပ်မတော်သား လွှတ်တော်အမတ် များက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြင်ဆင်ရန်လိုအပ်သည်ဟု ပြောဆိုလိုက်ပြီး တပ်မတော် သားအမတ်တို့ ပြင်ဆင်လိုသည့်အချက် ၁၅ ချက်ရှိသည်ဟု ဗိုလ်ချုပ်ရာထူးအဆင့်ရှိ တပ်မတော်သား လွှတ်တော်အမတ်တစ်ဦးက ဒီဇင်ဘာ ၂၂ ရက်တွင် မဇ္ဈိမကို ထုတ်ဖော်ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီထံသို့ ပြင်ဆင်လိုသည့် အချက် ၁၅ ချက်ကို ဒီဇင်ဘာ ၁၅ ရက်က အကြံပြုစာပေးပို့ပြီးဖြစ်သည်ဟုလည်း အဆို ပါဗိုလ်ချုပ်က ပြောသည်။

“ဒီဇင်ဘာ ၁၅ ရက်မှာ တပ်မတော်က အကြံပြုစာပို့မယ်လို့ အရင်ကတည်းက စီစဉ်ထားပါတယ်။ အဲဒီ အတိုင်း သက်ဆိုင်ရာတာဝန်ရှိသူတွေ လုပ်ကြမှာပါ။ အချက် ၁၅ ခု အကြံပြုထားပါတယ်”ဟု ပြောသည်။

သို့သော် အသေးစိတ် ပြောဆိုရန်ကိုမူ ငြင်းဆိုခဲ့ပြီး မူလစီစဉ်ထားသည့်အတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီဝင် တပ်မတော်သား ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဗိုလ်မှူး

မြန်မာစစ်တပ် ခမရ ၁၇ ပန်ကွဲ ရွာကိုဦးတည်ပြီး လက်နက်ကြီး ပစ်

 
ဒီဇင်ဘာလ ၂၂ ရက် နေ့လည် ၁၃း၄၅ နာရီခန့်တွင် မြန်မာတပ် ခမရ ၁၇ ကျေက်မဲမြို့နယ် ပါင်ကွာည် (ပန်ကွဲ)ရွာကို ဦးတည်ပြီး လက်နက်ကြီး ၈ ကြိမ်ထက်မနဲ ဆက်တိုက် ပစ်ခတ်ခဲ့သည်။

နေ့လည် ၁၂ နာရီ ကျော်ခန့်တွင် ကွန်ဆလမ်ဖက်မှ တက်လာသော ထိုမြန်မာစစ်ကြောင်းသည် ပါင်ကွာည်ရွာ ဥက္ကဋ္ဌအား ဖုန်းဆက်ရာ ရွာတွင်းတွင် TNLA တအာင်းတပ်ရင်း 717 အဖွဲ့တချို့ ခေတ္တ နားနေသည်ဟု ပြောသဖြင့် မြန်မာစစ်ကြောင်းမှ TNLA ရှိနေလျှင် ပါင်ကွာည်ရွာသို့ မလာတော့ကြောင်း ထိုစစ်ကြောင်းမှူး ဗိုလ်မှူးမျိုးမင်း ကအကြောင်းပြန်ကြားခဲ့သည်။

ထို့ကဲ့သို့ ဖုန်းဆက်ပြီးနောက် တအာင်းအဖွဲ့တို့မှာ နေ့လည်စာအမြန်ချက်စားပြီး ရွာမှ ပြန်လည်ထွက်ခွာစဉ် ခမရ ၁၇ စစ်ကြောင်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်လာခဲ့သည်။ ရွာအပြင်ဖက်သို့ ရောက်ရှိနေသော တအာင်းတပ်ဖက်ကလည်း ထိုမြန်မာစစ်ကြောင်းနှင့်ရင်ဆိုင်တိုးကာ တိုက်ပွဲ

ဒီမိုကရေစီအရေးနဲ့ ပါတ်သက်လာရင် ၈၈ တွေရဲ့သမိုင်း ဘယ်တုန်းကမှ မရိုင်းခဲ့ဘူးဆိုတာ ယုံကြည်လိုက်ပါ မိတ်ဆွေ။


 
၂၅ နှစ်တာ နိုင်ငံရေး ခရီးကြမ်းကို ဖြတ်သန်းခဲ့ကြတဲ့ ၈၈ မျိုးဆက်တွေမှာ ကိုယ်ပိုင် နိုင်ငံရေးအမြင် ၊ ကိုယ်ပိုင် နိုင်ငံရေး ခံယူချက်တွေ ကိုယ်စီ ရှိကြပါတယ်။
 
အထူးသဖြင့် ၈၈၈၈ ကာလကတည်းက ဗကသ ၊ အကသ ၊ လူ့ဘောင်သစ် အစရှိသဖြင့် အဖွဲ့အစည်းတွေကို တည်ထောင်ကြရာမှာ ကိုယ့်အဖွဲ့အစည်းရဲ့ မူဝါဒလမ်းစဉ် တွေကို ကိုယ့်ဘာသာကိုယ် ရေးဆွဲချမှတ်ခဲ့ကြတယ်။ လိုအပ်တဲ့ ငွေရေးကြေးရေး အတွက် လမ်းဘေးမှာ အကြော်ရောင်း ရှာဖွေခဲ့ကြရတယ်။ အဖွဲ့အစည်း ရပ်တည်မှု အတွက် ကိုယ့်အား ကိုယ်ကိုးခဲ့ကြရတယ်။ ဒါကြောင့် ဒီနေ့ ပြည်တွင်းပြည်ပမှာ ရှိနေကြတဲ့ ၈၈ မျိုးဆက်တွေဟာ နိုင်ငံရေးပြဿနာတစ်ရပ်ကို ရှာဖွေချဉ်းကပ် အဖြေရှာကြရာမှာ တစ်ဦးနဲ့တစ်ဦး နိုင်ငံရေးအယူအဆ ကွဲပြားခြားနားမှုတွေ ရှိတတ်ပါတယ်။
 
၈၈၈၈ပန်းတိုင်ဆီသို့ ချီတက်ကြရာမှာ နည်းဗျူဟာအရ လျှောက်တဲ့လမ်းချင်း တူချင်မှ တူမယ်။ မဟာဗျူဟာကတော့ အားလုံး အတူတူသာလျှင် ဖြစ်ပါတယ်။ ပုံမှန်အချိန်တွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့NLD ရဲ့ နိုင်ငံရေးလမ်းကြောင်းအပေါ် အားမလို အားမရ ဝေဖန် ထောက်ပြမှုတွေရှိချင် ရှိခဲ့ကြမယ်။ ဒီ ဝေဖန်ထောက်ပြမှု တွေ အားလုံးဟာဒေါ်စု နဲ့ NLD အပေါ် ချစ်တဲ့စိတ်ကို အရင်းခံတယ်လို့ မြင်ပါတယ်။ မည်သို့ပင် ဆိုစေNLD ရဲ့ နိုင်ငံရေးလမ်းကြောင်းနဲ့ ပါတ်သက်လို့ အယူအဆ တူသည် ဖြစ်စေ ၊

မပြောင်းလဲနိုင်သေးသော ပညာရေး မူဝါဒများကြောင့် များစွာစိတ်ပျက်မိခြင်း

   
 ̏ပညာရေးသည် နိုင်ငံ၏အသက်၊ ပညာရေးနလံထူမှ တိုင်းပြည်နလံထူမယ်˝ဟု အများပြည်တို့ ထပ်တလဲလဲ ပြောဆိုနေချိန်ဝယ် … ။ မြန်မာနိုင်ငံ၏ ပညာရေးဝန်ကြီးဌာနအောက်ရှိ ပညာရေး မြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီသည် လက်ရှိကျင်းပနေသည့် ပညာရေးစနစ်ကို မူသစ်တစ်ခုဖြင့် အစား ထိုး ပြုပြင်ပြောင်းလဲရန် စီစဉ်လျှက်ရှိနေကြောင်း သတင်းများ ထွက်ပေါ်လျှက်ရှိသည်။ ထိုသတင်းမှာ စတုတ္ထတန်းနှင့် အဋ္ဌမတန်း အတန်းတင်စာမေးပွဲစနစ်ကို မြို့နယ်နှင့် တိုင်းဒေသကြီးအဆင့်ဖြင့် မြှင့်တင်ကျင်းပ သွားရန် စီစဉ်နေတယ်ဆိုတဲ့ သတင်းပါ။ ထိုသတင်းအတိုင်း ပညာရေးမူစနစ်ကို စနစ်သစ်မူအဖြင့် ပြဋ္ဌာန်းပေးခဲ့ မည်ဆိုလျှင် … ။
 
            ပညာရေးမူဝါဒများနှင့် ပတ်သက်၍ အမှားများစွာရှိခဲ့သော မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်အတွက် သမိုင်း အထောက်အထားများကို အကိုးအကားယူ၍ ပြန်လည် သုံးသပ်သင့်ဟု ထင်မြင်မိသည်။ ဥာဏ်မီသမျှ ပြန်လည် သုံးသပ်ပြရသော် ယခုလက်ရှိပြဋ္ဌာန်းထားသော အခြေခံပညာရေးစနစ်သည် ခေတ်နှင့် ရင်ဘောင် တန်းနိုင်သော အရည်အချင်းများ အားနည်းနေခြင်း။ အချိန်နှင့်တပြေးညီ အလျင်အမြန် ပြုပြင်ပြောင်းလဲ ပေးသင့်ပါလျှက် ပြုပြင်ပြောင်းလဲပေးရန် နှေးကွေးနေခြင်း၊ နှစ်ပေါင်း ခြောက်ဆယ်နီးနီး ကျင့်သုံးသွားခဲ့သော ပညာရေးမူဝါဒများရဲ့ အားနည်းချက်၊ အားသာချက်များကို

ဆီးဂိမ်းအဖွင့်/အပိတ်မှာ ဒုတိယသမ္မတချင်းအတူတူ စိုင်းမောက်ခမ်းကတော့ ထိုင်နေရပြီး ဥာဏ်ထွန်းကြတော့ စကားတွေ ပေးပြောနေလိုက်တာ။



ဒုတိယ သမ္မတချင်းအတူတူ နောက်မှ ဖြစ်တဲ့ ဒုသမ္မတကိုကျတော့ အရေးပါတဲ့ နေရာတွေမှာ အထူးအခွင့်အရေးပေးတာ ဘာလည်းဆိုတော့ ဥာဏ်ထွန်းက စစ်တပ်က လာတာဖြစ်ပြီး စိုင်းမောက်ခမ်းက အရပ်ဘက်က တိုင်းရင်းသားမို့ လို့ ။

အာဏာရှင်တွေရဲ့  အကျင့်က အခုထိ ရှိနေဆဲဆိုတာ မယုံကြတဲ့သူတွေ သိဖို့ ။ စစ်တပ်ဘက်က လာခဲ့တာချင်း တူခဲ့ရင်တောင် တပ်မတော်အပေါ် စစ်မှန်စွာ သဘောထား ကျင့်သုံးတဲ့သူနဲ့  အာဏာရှင်ဘက် ဖားတဲ့သူနဲ့  ကွာသေးတယ်ဆိုတာ တပ်မတော်သားစစ်စစ်တွေနဲ့  တိုင်းရင်းသားတွေ မြင်တတ်ပြီး အာဏာရူးတွေကို ဆန့် ကျင်ကြဖို့  သင့်နေပြီ။
 
 Copy from - niknayman.blogspo

27th SEA Games: Closing Ceremony Liveနဲ့ အစအဆုံး


Copy from - SingaporeSports

Friday, December 20, 2013

ပေါင်းစားနေသူတွေလည်း သတိထားကြ..... အမေစု ဒေါကန်နေပြီ...



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်တိုင်း ကော့မှူးမြို့နယ်နဲ့ ပဲခူးတိုင်း သာယာဝတီမြို့တွေမှာ ပြုလုပ်တဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လူထုဆန္ဒ ကောက်ခံပွဲမှာ မိန့်ခွန်း ပြောခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တဲ့အထဲက တချို့ကို ကောက်နှုတ်ပြီး RFA သတင်းထောက် ကိုနေမျိုးထွန်းက စုစည်းတင်ပြထားပါတယ်။
 
Copy from - RFA MyanmarVideoChannel

ရန်ကုန်ပညာရေး တက္ကသိုလ်နှင့် ဂျပန်တက္ကသိုလ်တို့ ပူးပေါင်း၍ ပညာရေး မူဝါဒနှင့် ဥပဒေဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး

Nagoya University နှင့် ပူးပေါင်း၍ ပညာရေး မူဝါဒနှင့် ဥပဒေဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးကြစဉ်
 
ရန်ကုန်ပညာရေး တက္ကသိုလ်နှင့် ဂျပန်နိုင်ငံရှိ Nagoya University တို့ ပူးပေါင်း၍ ပညာရေး မူဝါဒနှင့် ဥပဒေဆိုင်ရာ ကိစ္စရပ်များကို ပူးပေါင်းဆွေးနွေးခဲ့ကြောင်း ရန်ကုန်ပညာရေး တက္ကသိုလ်မှ သိရသည်။

ဆွေးနွေးရာတွင် ဂျပန်နိုင်ငံမှ ပညာရေး မြှင့်တင်မှု ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များ၊ ပညာရေး မူဝါဒများနှင့် ဥပဒေများ အကြောင်းနှင့် ပညာရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များတွင် အဓိက စိန်ခေါ်နေသည့် အကြောင်းအရာများကို ဆွေးခဲ့ကြပြီး မြန်မာနိုင်ငံမှလည်း လက်ရှိ ဆောင်ရွက်လျက်ရှိသည့် ပညာရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ၊ ပညာရေးမူဝါဒများနှင့် ဥပဒေများ အကြောင်းအရာများနှင့် ရင်ဆိုင်နေရသည့် ပညာရေး စိန်ခေါ်မှုများ အကြောင်းကို ပြန်လည်
ဆွေးနွေးခဲ့ကြသည်။

''မြန်မာနိုင်ငံ အနေနဲ့ လက်တွေ့ကျတဲ့ ပညာရေး ပြုပြင်ပြောင်းလဲမှုတွေကို ဆောင်ရွက်နေတဲ့ အချိန်ကာလ ဖြစ်ပါတယ်။ အထူးသဖြင့် အမျိုးသား ပညာရေးမူဝါဒနဲ့ ဥပဒေကို ရေးဆွဲဖို့ အတွက် စီမံဆောင်ရွက်နေတာ

မြန်မာ နှင့် ဂျပန် ဗီဇာ ကင်းလွတ်ခွင့်အတွက် နှစ်နိုင်ငံ လက်မှတ်ရေးထိုး ရန်စီစဉ်

ရန်ကုန်။ ။ မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့အကြား သာမန်နိုင်ငံကူး လက်မှတ် ကိုင်ဆောင်သူများအနေဖြင့် ဗီဇာမလိုဘဲ သွားလာနိုင်ရန် အတွက် နှစ် နိုင်ငံအစိုးရအဖွဲ့တို့အကြား စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံခြား ရေးဝန်ကြီးဌာနမှ သိရသည်။

လက်ရှိတွင် နှစ်နိုင်ငံ သံတမန်များနှင့် အဆင့်မြင့်အရာရှိများအနေ ဖြင့် သွားလာနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူတိုင်း သွားလာနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန ကောင်စစ်ရေးရာနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေ စာချုပ်များဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ''ဂျပန်နိုင်ငံနဲ့ နှစ်နိုင်ငံလက်မှတ်ရေးထိုးနိုင်ဖို့ ဆောင်ရွက်နေပါတယ်''ဟု ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် စေရန် အတွက် အာဆီယံ ဒေသတွင်းနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်နိုင်ငံတို့နှင့် ဗီဇာ ကင်းလွတ်ခွင့် ရရှိရန် အတွက် နှစ်နိုင်ငံ လက်မှတ်ရေးထိုးထားပြီးဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ

အချောင်သမားတွေကတော့ ဝင်ပြိုင်ကြ

 
`` ဒီ ဖွဲ့စည်းပုံ မပီမပြင်ကြီးနဲ့ ဆက်ပြီး လှုပ်ရှားမယ် ဆိုလို့ကတော့ သမိုင်းတရားခံ ဖြစ်မှာပဲ။
လက်ရှိ အခြေခံဥပဒေကိုက
သမ္မတက အာဏာရှိတာလား ၊ ကာကွယ်ရေး ဦးစီးချုပ်ကပဲ အာဏာရှိတာလား ဘာမှ ...မပီပြင်ဘူး။
 
ဒီ ဖွဲ့စည်းပုံကိုသာ ပြင်ဆင်ရေး မလုပ်ဘူးဆိုရင် လက်ရှိအခြေအနေထက် ပိုဆိုးသွားမှာပဲ။
 
အချောင်သမားတွေကတော့ ဝင်ပြိုင်ကြမှာပေါ့။ 
 
ကျွန်တော်တို့ အနေနဲ့ ကတော့ ဒီ ဖွဲ့စည်းပုံကို မပြင်ဘူးဆိုရင်  လာမယ့် ရွေးကောက်ပွဲမှာ 
ဘာမှ ဝင်ပြိုင်တာတို့ လုပ်မှာ မဟုတ်တော့ဘူး ´´

ဦး ခွန် ထွန်း ဦး
ရှမ်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

( ဧရာဝတီ နှင့် အင်တာဗျူးမှ )

စင်ကာပူ အိန္ဒိယရပ်ကွက် ဆူပူမှုတွင် ပါဝင်သူ ၅၃ ဦးကို နိုင်ငံမှ နှင်ထုတ်မည်


စင်ကာပူ၊ ဒီဇင်ဘာ ၁၈

စင်ကာပူနိုင်ငံရှိ အိန္ဒိယ ရပ်ကွက်တွင် ယခုလ အစောပိုင်းက ဖြစ်ပွားခဲ့သော အကြမ်းဖက် ဆူပူဆန္ဒပြမှုတွင် ပါဝင်သူ ၅၃ ဦးကို နိုင်ငံမှ နှင်ထုတ်မည် ဖြစ်ကြောင်း စင်ကာပူ အစိုးရ၏ ပြောကြားချက်ကို BBC သတင်းတွင် ဖော်ပြထားသည်။

ထို့ပြင် အဆိုပါကိစ္စတွင် ပါဝင် ပတ်သက်သော နောက်ထပ် လူ ၂၈ ဦးကိုလည်း ရာဇဝတ်မှုများဖြင့် တရားစွဲဆိုမည် ဖြစ်ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

စင်ကာပူတွင် လာရောက် အလုပ် လုပ်ကိုင်နေသော အိန္ဒိယ နိုင်ငံသားတစ်ဦး ဘတ်စ်ကား တိုက်မိပြီး သေဆုံးသွားခြင်းကို အစပြု၍ အိန္ဒိယနိုင်ငံလေးဟု တင်စားခေါ်ဝေါ်သည့် စင်ကာပူရှိ အိန္ဒိယနိုင်ငံသားများ နေထိုင်ရာ ရပ်ကွက်တွင် ဆူပူဆန္ဒပြမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဆူပူမှုတွင် နိုင်ငံခြားသား လုပ်သား ၄၀၀ ခန့်မှာ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပြီး ရဲကားများ၊ အရေးပေါ် ကားများကို မီးရှို့ခဲ့ကြရာ ဒီဇင်ဘာလ ၈ ရက်နေ့က ရဲတပ်ဖွဲ့ဝင်များ အပါအဝင် လူ ၁၈ ဦး

Thursday, December 19, 2013

ကျပ်သုံးသောင်းကျသင့်ကာ အချိန် ၁၂ နာရီကြာမြင့်မည့် ရန်ကုန်-ဘန်ကောက် နေ့ချင်းရောက် ခရီးစဉ်ကို Yangon Air Bus-Taxi ကုမ္ပဏီမှ ၂၀၁၄ ခုနှစ်တွင် စတင်ပြေးဆွဲမည်

 (ခရီးစဉ်ပြေးဆွဲမည့် နှစ်ထပ်ဘတ်စ်ကားအား တွေ့ရစဉ်)

ကျပ်သုံးသောင်းကျသင့်ကာ အချိန် ၁၂ နာရီကြာမြင့်မည့် ရန်ကုန်-ဘန်ကောက် နေ့ချင်းရောက် ခရီးစဉ်ကို Yangon Air Bus-Taxi ကုမ္ပဏီမှ ၂၀၁၄ ခုနှစ်တွင် စတင်ပြေးဆွဲမည်

ကျပ် ၃၀၀၀၀ ကျသင့်ကာ အချိန် ၁၂ နာရီ ကြာမြင့်မည့် ရန်ကုန်-ဘန်ကောက် နေ့ချင်းရောက် ခရီးစဉ်ကို Yangon Air Bus-Taxi ကုမ္ပဏီမှ အဲကွန်းနှစ်ထပ် ဘတ်စ်ကားဖြင့် ၂၀၁၄ ခုနှစ်တွင် စတင်ပြေးဆွဲရန် စီစဉ်နေကြောင်း သိရ...သည်။

"ရန်ကုန်-ဘန်ကောက် နေ့ချင်းရောက် ပြေးဆွဲပေးမှာ ဖြစ်ပါတယ်။ လက်မှတ်ခ အနေနဲ့ကတော့ တစ်ဦးကို ကျပ် ၃၀၀၀၀ ကျသင့်မှာဖြစ်ပြီး နိုင်ငံခြားသားဆိုရင် အမေရိကန်ဒေါ်လာ ၄၀ ကျသင့်မှာ ဖြစ်ပါတယ်။ ခရီးစဉ်ကို လိုက်ပါမယ့် ခရီးသည်တွေ အနေနဲ့ နိုင်ငံကူးလက်မှတ် လိုအပ်မှာ ဖြစ်ပါတယ်။ မြ၀တီကို ရောက်ရင်တော့ Free Visa အတွက် ဘတ် ၅၀ ပေးသွင်းရမှာ ဖြစ်တယ်။ Free Visa နဲ့ဆိုရင် ရက်ပေါင်း ၄၅ ရက်လောက် ထိုင်းမှာနေလို့ရမှာပါ။ နိုင်ငံကူးလက်မှတ် မပါဘူး။ Free Visa မလုပ်တဲ့ ခရီးသည်တွေက

ဖွဲ့စည်းပုံ မပြင်လျှင် ၂၀၁၅ ရွေးကောက်ပွဲ ဒေါ်အောင်ဆန်းစုကြည် မဝင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်, ဖွဲ့စည်းပုံ အခြေခံဥပဒေ, ရွေးကောက်ပွဲ, ဒေါ်အောင်ဆန်းစုကြည်
မတ်လ အတွင်း ပြုလုပ်ခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ညီလာခံတွင် မိန့်ခွန်းပြောကြားနေသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
 
ဖွဲ့စည်းပုံ အခြေခံဥပဒေကိုသာ ပြန်လည် ပြင်ဆင်နိုင်ခြင်းမရှိလျှင် ဂုဏ်သိက္ခာရှိရှိ ဖြင့် ရပ်တည်နေသော နိုင်ငံရေးသမားများအနေဖြင့် လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲသို့ ၀င်ရောက်လှုပ်ရှားမှု မပြုသင့်တော့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ခြင်းသည် လက်ရှိ ဦးသိန်းစိန်အစိုးရက ပြောနေသော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ တိုးတက်မှုမရှိကြောင်း သက်သေပြသခြင်း ဖြစ်သည်။
 
ဒီဇင်ဘာ ၁၃ ရက်နေ့က သာယာဝတီမြို့တွင် ကျင်းပသော ဖွဲ့စည်းပုံအခြေခံ ဥပဒေ လူထုဆွေးနွေးပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က “ဒီရွေးကောက်ပွဲက အရမ်းစွန့်စားရတဲ့ အရာတစ်ခုပါ။ အဲဒါကို မပြင်နိုင်ဘူးဆိုရင် ပြည်သူကို ကိုယ်စားပြုရမယ့် ကျမအတွက် ဘာမှ ဂုဏ်သိက္ခာရှိမှာ မဟုတ်ဘူး။ အဲဒါအတွက် ကျမ မ၀င်ချင်ဘူး။ ဒါ့ကြောင့် ဂုဏ်သိက္ခာရှိတဲ့ သူတွေအနေနဲ့ လည်း  ဒီဖွဲ့စည်းပုံနဲ့တော့ မ၀င်သင့်ဘူး” ဟု ပြောဆိုခဲ့ခြင်းသည် ယခင်စစ်အစိုးရက ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းအပြီး အတည်ပြုပြဌာန်းခဲ့သော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် ဆန္ဒ မပြင်းပြသော ဦးသိန်းစိန်အစိုးရနှင့် မြန်မာ့တပ်မတော်အပေါ် အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်၏

Wednesday, December 18, 2013

ကွမ်းလုံမြို့ ၌ ဗုံးပေါက်ကွဲ၍ စစ်သားတစ်ဦးနှင့် အေးရှားဝေါလ်ဝန်ထမ်း နှစ် ဦး သေဆုံး

ကွမ်းလုံမြို့ ၌ ဗုံးပေါက်ကွဲ၍ စစ်သားတစ်ဦးနှင့် အေးရှားဝေါလ်ဝန်ထမ်း နှစ် ဦး သေဆုံး

18 Dec 2013 post by porpular News

ရှမ်းပြည်နယ်မြောက်ပိုင်း ကွမ်း လုံမြို့တွင် ယနေ့ ဒီဇင်ဘာ ၁၇ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ် အချိန်ခန့်က ဗုံးပြင်းထန်စွာ ပေါက်ကွဲမှုဖြစ်ပွားခဲ့၍ တပ်မတော်သားတစ် ဦးနှင့်Asia World ဝန်ထမ်း ၂ ဦးတို့ သေဆုံး ခဲ့ ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် မှ ဒုတိယရဲမှူးကြီးက ပြောသည်။

ယခုနှစ်များအတွင်း ကွမ်းလုံမြို့ တွင် ဗုံးပေါက်ကွဲမှုကြောင့် လူအသေ အပျောက်အများဆုံးနှင့် အကြီးမား ဆုံး ပေါက်ကွဲမှုဖြစ်သည်ဟု ရှမ်းတိုင်း ရင်းသားများ ဒီမိုကရက် တစ်ပါတီမှ သိန်းနီ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးစိုင်းဝင်းခိုင်က မှတ်ချက်ပြု သည်။

လားရှိုး-ကွမ်းလုံ ကားလမ်းမ ပေါ်တွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ဗုံး ပေါက် ကွဲမှုကြောင့် ထော်လာဂျီမှာ ဆိုးရွားစွာ ပျက်စီးခဲ့သည်ဟု ၄င်းက ဆိုသည်။

ရဲတပ်ဖွဲ့ဌာနချုပ်က ဗုံးပေါက်ကွဲ မှုကြောင့် ထိခိုက်သူစာရင်းနှင့် သေ ဆုံးသူစာရင်းကိုသာ ထုတ်ဖော်ပြော ဆိုပြီး မည်သည့်အကြောင်းဖြစ်သည် ကိုမူ စုံ စမ်းဆဲသာရှိေ သးသည့်အတွက် မည်သည့်မှတ်ချက်မှ မပေး လိုကြောင်း Popular News သို့ပြောသည်။

စာရင်းအရ နယ်စပ်လူငယ်ဖွံ့ဖြိုး ရေးနည်းပြနှင့် Aisa World ဝန်ထမ်း တစ်ဦးတို့လည်း ခြေထောက်တွင် ထိခိုက်ဒဏ်ရာရခဲ့ကြောင်းနှင့် သေ ဆုံးသူ တပ်မတော်သား မှာ အမှတ် (၂) အခြေချ စစ်ဗျူဟာအဖွဲ့မှ ဒုတပ်ကြပ် တစ်ဦး ဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့်လကလည်း ရှမ်းပြည် မြောက်ပိုင်းဒေသ နမ့်ခမ်းတွင် ဗုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။
18 Dec 2013
ရှမ်းပြည်နယ်မြောက်ပိုင်း ကွမ်း လုံမြို့တွင် ယနေ့ ဒီဇင်ဘာ ၁၇ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ် အချိန်ခန့်က ဗုံးပြင်းထန်စွာ ပေါက်ကွဲမှုဖြစ်ပွားခဲ့၍ တပ်မတော်သားတစ် ဦးနှင့်Asia World ဝန်ထမ်း ၂ ဦးတို့ သေဆုံး ခဲ့ ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် မှ ဒုတိယရဲမှူးကြီးက ပြောသည်။

ယခုနှစ်များအတွင်း ကွမ်းလုံမြို့ တွင် ဗုံးပေါက်ကွဲမှုကြောင့် လူအသေ အပျောက်အများဆုံးနှင့် အကြီးမား ဆုံး ပေါက်ကွဲမှုဖြစ်သည်ဟု ရှမ်းတိုင်း ရင်းသားများ ဒီမိုကရက် တစ်ပါတီမှ သိန်းနီ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးစိုင်းဝင်းခိုင်က မှတ်ချက်ပြု သည်။

လားရှိုး-ကွမ်းလုံ ကားလမ်းမ ပေါ်တွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ဗုံး ပေါက် ကွဲမှုကြောင့် ထော်လာဂျီမှာ ဆိုးရွားစွာ ပျက်စီးခဲ့သည်ဟု ၄င်းက ဆိုသည်။

ရဲတပ်ဖွဲ့ဌာနချုပ်က ဗုံးပေါက်ကွဲ မှုကြောင့် ထိခိုက်သူစာရင်းနှင့် သေ ဆုံးသူစာရင်းကိုသာ ထုတ်ဖော်ပြော ဆိုပြီး မည်သည့်အကြောင်းဖြစ်သည် ကိုမူ စုံ စမ်းဆဲသာရှိေ သးသည့်အတွက် မည်သည့်မှတ်ချက်မှ မပေး လိုကြောင်း Popular News သို့ပြောသည်။

စာရင်းအရ နယ်စပ်လူငယ်ဖွံ့ဖြိုး ရေးနည်းပြနှင့် Aisa World ဝန်ထမ်း တစ်ဦးတို့လည်း ခြေထောက်တွင် ထိခိုက်ဒဏ်ရာရခဲ့ကြောင်းနှင့် သေ ဆုံးသူ တပ်မတော်သား မှာ အမှတ် (၂) အခြေချ စစ်ဗျူဟာအဖွဲ့မှ

မြန်မာတပ်တို့ နမ့်ဆန်မြို့အနီးရင်ဆိုင်တိုက်ပွဲဖြစ် မြန်မာ ၄ ဦး ကျဆုံး အနဲဆုံး ၇ ဦးဒါဏ်ရာရ


ဒီဇင်ဘာလ ၁၃ ရက်  ၂၀၁၃ နံက် ၉း၀၀ နာရီခန့်တွင် နမ့်ဆန်မြို့အနီး ဂျုံနန်း(ဇယန်းကြီး) နှင့် အိုမ်ဝေါင်း(နမ့်ခေး) ရွာအကြားတွင် တအာင်းတပ်မတော် TNLA လှုပ်ရှားတပ်ရင်း ၁၀၁ နှင့် မြန်မာတပ် ခမရ ၅၀၂ တို့ နှစ်ဘက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ကြရာ ၅၀၂ မြန်မာတပ်မှ ၄ ဦးကျဆုံးပြီး အနဲဆုံး ၇ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။

နှစ်ဖက်တိုက်ပွဲမှာ နမ့်ဆန်မြို့နှင့်အလွန်နီးကပ်ပြီး ၁၅ မိနစ်ခန့်ကြာပစ်ခတ်ပြီးနောက် တအန်းတပ်ဖွဲ့များ အမြန်ပြန်လည်ဆုတ်ခွာလိုက်သဖြင့် တိုက်ပွဲပြီးဆုံးခဲ့သည်။ တအန်းတပ်မတော်ဖက်မှ ထိခိုက် ကျဆုံးမှု မရှိပါ။

မြန်မာတပ် ၅၀၂ သည် နမ့်ဆန်မြို့နယ် ပါင်ရမ်ရွေးရွာရှိ TNLA စိုက်ထူထားသည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အမိန့် ဆိုင်းပုဒ်များကို ၁၂ ရက် ယမန်နေ့တွင် ဖျက်ဆီးပြီး ပြန်အလာ တအန်းလှုပ်ရှားတပ်ရင်းနှင့် ရင်ဆိုင်တွေ့ကြခြင်းဖြစ်သည်။

လွန်ခဲ့သည့် အပတ်တွင်လည်း ဂျုံဂေးရွာရှိ တအန်းတပ်မတော်၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အမိန့်ကြေငြာချက်ဆိုင်းပုဒ်များကို မြန်မာတပ်များက ဖျက်ဆီးခဲ့ကြသည်။

ယခုတကြိမ်တိုက်ပွဲသည် နမ့်ဆန်မြို့နယ်အတွင်းဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ ဦးသိန်းစိန်အစိုးရလက်ထပ် ပေါ်ပေါက်လာသည့် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် နမ့်ဆန်မြို့

မီးပုံးပျံကြောင့် အင်းလေး ဟူပင်ဟိုတယ် မီးလောင်

ဟူပင် ဟော်တယ် ဘန်ဂလိုများအား တွေ့မြင်ရစဉ်
ဟူပင် ဟော်တယ် ဘန်ဂလိုများအား တွေ့မြင်ရစဉ်
 
ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးကန် အနောက်ဘက်ကမ်းက ခေါင်တိုင်ရွာက ဟူပင် ဟိုတယ်ပေါ်ကို မီးပုံးပျံပေါ်က မီးကျည်တွေ ကျတဲ့အတွက် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။
 
ဒီဇင်ဘာ ၁၆ ရက် ည ၉ နာရီခွဲကနေ စတင်ပြီး တနာရီနီးပါးလောင်ကျွမ်းခဲ့တဲ့ မီးကြောင့် ရေပေါ်မှာ တည်ဆောက်ထားတဲ့ ဘန်ဂလို ၁၈ လုံး မီးလောင်သွားတာဖြစ်တယ်လို့ ခေါင်တိုင် ဟူပင် ဟိုတယ်က ၀န်ထမ်းတဦးက ပြောပါတယ်။ ခေါင်တိုင်ကျေးရွာက ဘုရားပွဲအထိမ်းအမှတ်လွှတ်တင်လိုက်တဲ့ မီးပုံးပျံတွေကနေ ကျတဲ့ မီးပွားတွေကြောင့် အခုလို မီးလောင်သွားတာဖြစ်ပါတယ်။
 
ဟိုတယ် ၀န်ထမ်း တဦးက “၁၆ ရက်နေ့မှာ သူတို့ရွာမှာ ပွဲရှိတယ်။ ပွဲကနေ မီးပုံးပျံ လွှတ်တင်လိုက်တာ မီးကျဉ်တွေကျပြီး လောင်သွားတာပါ”လို့ ပြောပါတယ်။ ဘန်ဂလိုတွေဟာ ၀ါးကပ်၊ ထရံများဖြင့် ဆောက်လုပ်ထားတာ ဖြစ်သလို မီးလောင်ကျွမ်းမှုကြောင့် ထိခိုက်သေဆုံးမှုမရှိသလို လောင်ကျွမ်းတဲ့

အပေါင်းသင်းကျွဲတကောင်ကို ၀င်ကယ်တင်တဲ့ သတ္တိခဲကျွဲ...


Copy from - Barcroft TV

ဂျပန် နိုင်ငံဟာ တရုတ်တို့ရဲ့ ခြိမ်းခြောက်မှု ကြီးထွားလာ

 
ဂျပန် နိုင်ငံဟာ တရုတ်တို့ရဲ့ ခြိမ်းခြောက်မှု ကြီးထွားလာနေတာကို တုံ့ပြန်ဆောင်ရွက်တဲ့ အနေနဲ့ ကာကွယ်ရေး အသုံးစရိတ် တိုးမြှင့်ရေးနဲ့ စစ်တပ်ပုံစံ ပြောင်းလဲရေး ပြုလုပ်မယ့် ၅ နှစ် စီမံကိန်း တစ်ခုကို ကြေညာလိုက်ပါတယ်။

အဲဒီစီမံကိန်းမှာ ရေတပ် တပ်ဖွဲ့ အသစ်တစ်ခုကို ဖွဲ့စည်းမှာ ဖြစ်ပြီး ရေဒါ ထောက်လှမ်းရေး လေယာဉ်နဲ့ သင်္ဘောတွေကိုလည်း ဝယ်ယူမှာ ဖြစ်ပါတယ်။ နောက်ပြီး ဂျပန်ဟာ ကာကွယ်ရေး စခန်းနေရာကိုလည်း မြောက်ဘက် ကနေ တရုတ်နဲ့ မျက်နှာချင်းဆိုင် တောင်ဘက် ကျွန်းစုတွေ ဆီကို ပြောင်းရွှေ့မှာ

Tuesday, December 17, 2013

မိတ္ထီလာအင်းဝဘဏ်ကို စစ်တပ်မှ ဗိုလ်ကြီးတစ်ဦး အနုကြမ်းစီးလုယက်

17 Dec 2013
မိတ္ထီလာမြို့  ဈေးအရှေ့ ပြင်ရပ်ကွက် မြို့ ဈေးကြီး အနောက်တောင်ဘက် ရန်ကုန်-မန္တလေး ကားလမ်းမအနီး အင်းဝဘဏ်တွင် ဒီဇင်ဘာ ၁၇ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က တစ်ကိုယ်တော် အနုကြမ်းစီး လုယက်မှုဖြစ် ပွားကြောင်း သိရသည်။

ဖြစ်ပွားပုံမှာ အင်းဝဘဏ်မန်နေဂျာ ဒေါ်မိမိယဉ် အသက် ၄၄ နှစ် (ဘ) ဦးသောင်း သည် ဘဏ်ဝန်ထမ်း အမျိုးသား ၁ ဦး ၊ အမျိုးသမီး ၈ ဦးတို့ နှင့် ဘဏ်လုပ်ငန်းများ ဆောင်ရွက်နေ ခဲ့သည်။ ဒေါ်မိမိယဉ် သည် ၄င်း ၏ ကွန်ပျူတာထိုင်ခုံတွင် ထိုင်နေစဉ် ဘောင်းဘီရှည် ၊ ပြောက် ကျားအင်္ကျီ ၀တ်ဆင်၍ ကျောပိုးအိတ် တစ်လုံးအား ဆွဲ၍ ၀င်လာသော အမည်မသိလူတစ်ဦး က ဒေါ်မိမိယဉ်၏ ကျောဘက်မှ သိုင်းဖက်ကာ ကျန်လက်တစ် ဘက်မှ အရိုးအသွား ၁၅၄ လက္မခန့်ရှိ ဓါးဦးချွန်ဖြင့် ထောက်ကာ တစ်ယောက်မှ မလှုပ်နဲ့ အားလုံးငြိမ်ငြိမ်နေဟု ဆိုကာ ကြမ်းပြင်ပေါ် တွင် ၀န်ထမ်းများအား မှောက်လျက်နေခိုင်းခဲ့သည်။ ထိုနောက်
၎င်းယူဆောင်လာသော ကျောပိုးအိတ်ထဲသို့  ဘဏ်မှ ငွေများထည့်ခိုင်းရာ ဘဏ်ကောင်တာပေါ်တွင် ငွေမရှိသဖြင့် ဘဏ်ဝန်ထမ်းများ က ငြိမ်သက်နေခဲ့သည်။


 အနုကြမ်းစီးသူက ၄င်း၏ဓါးကို ကောင်တာ စားပွဲပေးတင်ပြီး ဆက်လက်ငြိမ်သက်နေရန် ဘဏ်ဝန်ထမ်းများကို ပြောဆို ခိုက် ကောင်တာပေါ်မှ ဓါးအား ဘဏ်မန်နေဂျာ က ကောက်ယူလွှင့် ပစ်ပြီး လုံခြုံရေး

ဒီမိုကရေစီ နိုင်ငံတွေမှာ စစ်ပညာ လုံးဝမသင်ဖူးတဲ့ အမျိုးသမီးတစ်ယောက်ကိုတောင် ကာကွယ်ရေးဝန်ကြီးခန့်

မြန်မာနိုင်ငံမှာ စစ်အာဏာရှင် စနစ်ကို အသက်သွင်းနေတဲ့ 2008 နာဂစ် အခြေခံဥပဒေကို ဆန္ဒခံယူနေချိန်မှာ၊ စပိန်နိုင်ငံမှာ ကာကွယ်ရေးဝန်ကြီး အသစ်စက်စက်ကလေး ကာမဲန် ချာကွန် က ကလေးမီးဖွားခဲ့ပါတယ်၊
ကာမန်က ကာကွယ်ရေးဝန်ကြီး ဖြစ်တဲ့ အချိန်မှာ ကိုယ်ဝန် ခုနစ်လ နဲ့ ပါ၊ သူကျွမ်းကျင် တာ က စစ်ပညာ မဟုတ်ပါဘူး၊ ဥပဒေ ပိုင်းပါ၊ အခြေခံဥပဒေ ဆိုင်ရာ အထူးပြုပြီး ယူထားပါတယ်၊ သူက နိုင်ငံရေး သမား ပါ၊ သူ့ပါတီက အစိုးရအဖွဲ့ ဖွဲ့ချိန်မှာ ကိုယ်ဝန်အရင့်အမာ နဲ့ သူ့ကို ဝန်ကြီးချုပ်က ကာကွယ်ရေး

Monday, December 16, 2013

အခြေခံဥပဒေ ပြင်ဆင်ရေး EU တိုက်တွန်းမည်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ငြိမ်းချမ်းရေးနိုဘဲဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၅ ခုနှစ်မှာ သမ္မတအဖြစ် ပါဝင်အရွေးခံခွင့်ပြုဖို့ ဥရောပသမဂ္ဂ EU အဖွဲ့ဝင်နိုင်ငံတွေက မြန်မာအစိုးရ ကို တိုက်တွန်းကြမယ်လို့ သိရပါတယ်။

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ တနင်္လာနေ့က ကျင်းပခဲ့တဲ့ EU နိုင်ငံခြားရေးဝန်ကြီးများ စည်းဝေးပွဲမှာ သဘောတူညီခဲ့ကြတာပါ။

လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတွေ ဖြစ်မလာ ဘူးဆိုရင် မြန်မာနိုင်ငံဟာ ပြည်တွင်းမငြိမ်သက်မှုတွေ၊ ဒီမိုကရစီ ပြုပြင်ပြောင်းလဲမှု နောက်ပြန် လျော ကျနိုင်ခြေတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ရေရှည် ခိုင်မာဖို့အတွက် ခေတ်သစ် ဒီမိုကရေစီ လိုအပ်ချက်တွေနဲ့

Sunday, December 15, 2013

ဘယ်သူအတွက် အလုပ်လုပ်ခဲ့တာလဲ ..... ??????

ဗိုလ်ချုပ်အောင်ဆန်း အလုပ်လုပ်ခဲ့တာတွေဟာ
သူ့ အတွက်လား ၊ သူ့မိသားစု အတွက်လား ၊ သူ့ဆွေမျိုးတွေအတွက်လား ၊
သူ့ တပည့်သားမြေးတွေအတွက်လား ၊ မြန်မာပြည်ကြီးအတွက်လား ၊

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အလုပ်လုပ်ခဲ့တာတွေဟာ
သူ့ အတွက်လား ၊ သူ့မိသားစု အတွက်လား ၊ သူ့ဆွေမျိုးတွေအတွက်လား ၊
သူ့ တပည့်သားမြေးတွေအတွက်လား ၊ မြန်မာပြည်ကြီးအတွက်လား ၊...

အခု သမ္မတကြီး ဦးသိန်းစိန် အလုပ်လုပ်နေတာတွေဟာ
သူ့ အတွက်လား ၊ သူ့မိသားစု အတွက်လား ၊ သူ့ဆွေမျိုးတွေအတွက်လား ၊
သူ့ တပည့်သားမြေးတွေအတွက်လား ၊ မြန်မာပြည်ကြီးအတွက်လား ၊

အခု ဒေါ်အောင်ဆန်းစုကြည် အလုပ်လုပ်နေတာတွေဟာ
သူ့ အတွက်လား ၊ သူ့မိသားစု အတွက်လား ၊ သူ့ဆွေမျိုးတွေအတွက်လား ၊
သူ့ တပည့်သားမြေးတွေအတွက်လား ၊ မြန်မာပြည်ကြီးအတွက်လား
 
Copy from - Hawdeka Khalaylay

NLD မှ ကော့မှူးတွင် ပြုလုပ်သည့် အခြေခံဥပဒေ ဆန္ဒခံယူပွဲသို့


Copy from - Eleven Myanmar

တပ်မတော်ကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက တရားခံ ဖြစ်စေသည်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို

သာယာဝတီမြို့ တွင် ဒေါ်အောင်ဆန်းစုကြည် ဟောပြောခဲ့သော အသံဖိုင်

ဒီမိုကရေစီ စံနှုန်းနှင့် ကိုက်ညီမှု မရှိဟု ဝေဖန် ခံနေရသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် နိုင်ငံနှင့် ပြည်သူအတွက် တပ်မတော်ကို တရားခံ ဖြစ်စေကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ပြည်သူ့ဆန္ဒ သဘောထား ရယူပွဲကို ဒီဇင်ဘာလ ၁၄ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ကော့မှူး မြို့နယ် အဖျောက်ကျေးရွာတွင် ပြုလုပ်ခဲ့ပြီး ယင်းဥပဒေ တည်ရှိမှု၏ ရလဒ်ကို ပြောကြားရာတွင် ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ပြည်သူနဲ့ တပ်မတော်ဟာ တစ်သွေးတည်း၊ တစ်သားတည်း ဖြစ်စေချင်ပါတယ်။ အခုဟာက တပ်မတော်နဲ့ ပြည်သူကို ရန်တိုက် ပေးရုံတင် မကဘူး၊ ပြည်သူတွေ မကျေနပ်တဲ့ ကိစ္စတွေနဲ့ ပတ်သက်ရင် တပ်မတော်ကို တရားခံ ဖြစ်အောင် လုပ်ထားတယ်လို့ပဲ ကျွန်မမြင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က

တရုတ်၏လွှမ်းမိုးမှုကို ကန့်သတ်ရန် မြန်မာအား အကူအညီထပ်မံပေး

photo-Ye Htut
တရုတ်၏လွှမ်းမိုးမှုကို ကန့်သတ်ရန် မြန်မာအား အကူအညီထပ်မံပေးမည့် မြန်မာ-ဂျပန် ထိပ်သီး အစည်းအဝေး တိုကျိုမြို့၌ ယနေ့ပြုလုပ်မည် နှစ် (၄၀) ပြည့် အာဆီယံ-ဂျပန် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးနှင့် ဂျပန်-မဲခေါင် ထိပ်သီးအစည်းအဝေးများ တက်ရောက်ရန် ဂျပန်နိုင်ငံသို့ရောက်ရှိနေသော သမ္မတ ဦးသိန်းစိန်နှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့၏ မြန်မာ-ဂျပန် ထိပ်သီးအစည်းအဝေးကို တိုကျိုမြို့၌ ဒီဇင်ဘာ ၁၅ ရက်ယနေ့တွင် ပြုလုပ်မည်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။
 
မြန်မာ-ဂျပန် ထိပ်သီးအစည်းအဝေးကို တိုကျိုမြို့ရှိ ဂျပန်ဝန်ကြီးချုပ်ရုံး၌ ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် စတင်ပြုလုပ်ရန် စီစဉ်ထားသည်။ အဆိုပါထိပ်သီးအစည်းအဝေးတွင် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်မှုနှစ် (၆၀)ပြည့်မည့် ၂၀၁၄ ခုနှစ်အတွက် ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ဆောင်ရွက်နေမှုများတွင် ဂျပန်က ထောက်ခံရေး၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ရာတွင် ဥပဒေခိုင်မာစေရေး၊ ကျန်းမာရေးနှင့် ဆေးပညာကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး စသည့် အကြောင်းအရာလေးရပ်ကို

Saturday, December 14, 2013

အကွဲအပြဲသံသရာ (သို့မဟုတ်) နိဂုံးမချုပ်သေးသော မြန်မာနိုင်ငံ၏ နိုင်ငံရေးကျိန်စာ

 
13 December 2013
မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းကိုကြည့်လျှင် ခေတ်အဆက်ဆက်တွင် ခေါင်းဆောင်ပိုင်း မညီညွတ်ရာမှ  အကွဲအပြဲဇာတ်လမ်းများ ပေါ်ပေါက်ခဲ့ရာ တိုင်းပြည်အတွက်များစွာ နစ်နာခဲ့ ရသည်။ ကုန်းဘောင်ခေတ် ပဒေသရာဇ်မင်းဆက် နောက်ဆုံးကာလတွင် ပြုပြင်ပြောင်းလဲရေး လုပ်လိုသော  ကင်းဝန်မင်းကြီး ဦးဆောင်သောအဖွဲ့နှင့် ပြုပြင်ပြောင်းလဲရေးမလုပ်လိုသော ဆင်ဖြူမရှင်မိဖုရားကြီးနှင့် ယောအတွင်းဝန်ဦးဘိုးလှိုင်တို့ ခေါင်းဆောင်သော အဖွဲ့နှစ်ခု၏ အကွဲအပြဲမှ အစပြုပြီး မြန်မာနိုင်ငံသည် တိုင်းတစ်ပါးကိုလိုနီလက်အောက်သို့ ကျရောက် သွားသည်အထိ ရင်နင့်စရာဖြစ်ခဲ့ရသည်။ ထို့အတူ ကိုလိုနီခေတ် လွတ်လပ်ရေးကြိုးပမ်းမှု တွင်လည်း ခေါင်းဆောင်ပိုင်း မညီညွတ်မှုကြောင့် တို့ဗမာအစည်းအရုံး၊ ဝိုင်အမ်ဘီအေ၊ ဂျီစီဘီအေ စသည်ဖြင့် အဖွဲ့ပေါင်းများစွာ ကွဲထွက်သွားသဖြင့် နှစ်ပေါင်း ၁၀၀ ကျော် ကျွန်သက် ရှည်ကြာခဲ့ရပြန်သည်။ လွတ်လပ်ရေးရပြီးချိန်တွင်လည်း နိုင်ငံကိုဦးဆောင်ခဲ့သည့် ဖဆပလ နှစ်ခြမ်းကွဲကာ တည်မြဲ၊ သန့်ရှင်းဟူ၍ လည်းကောင်း၊ ဦး၊ ဗိုလ်၊ သခင်ဟူ၍ လည်းကောင်း၊  ရဲဘော်ဖြူ၊ ရဲဘောဝါ ဟူ၍လည်းကောင်း၊ ကွန်မြူနစ် ပါတီတွင်လည်း အလံနီ၊ အလံဖြူ ဟူ၍လည်းကောင်း အစိတ်စိတ်အမွှာမွှာ ဂိုဏ်းဂဏများစွာပေါ်ပေါက်ခဲ့ရာ နောက်ဆုံး တပ်မတော် က အာဏာသိမ်းသည်အထိ အကွဲအပြဲဇာတ်လမ်းများ ဇာတ်သိမ်းမလှဖြစ်ခဲ့ ရသည်။ ယခုအခါ နိုင်ငံတော်ကြီးကို ဒီမိုကရေစီစနစ်ဖြင့်  အသစ်တစ်ဖန် ပြန်လည် တည်ဆောက်ရန် ကြိုးပမ်းနေချိန်တွင်လည်း အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် အတိုက် အခံများကြားတွင် ညီညွတ်မှုတည်ဆောက်နိုင်ရန် အရေးကြီးပါသည်။ ပြီးခဲ့သောလပိုင်းက နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းတွင် အစိုးရအဖွဲ့နှင့် လွှတ်တော်ကြားတွင် ပွတ်တိုက်မှုများ ရှိနေကြောင်း ထုတ်ဖော်ပြောဆိုမှုများရှိခဲ့သည်။
ထို့အတူ ယခုရက်ပိုင်းတွင်  အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း သူမအနေဖြင့် နိုင်ငံတော်သမ္မတ၊ လွှတ်တော် နာယက၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့နှင့် လေးပွင့်ဆိုင်နိုင်ငံရေး ဆွေးနွေးလိုကြောင်း တရားဝင်တောင်းဆိုရာတွင် အစိုးရအဖွဲ့က ထိုသို့လေးပွင့်ဆိုင်တွေ့ဆုံရန် အချိန်မကျ သေးကြောင်း တရားဝင်ကြေငြာချက်တစ်စောင် ထွက်ပေါ်လာခဲ့သည်ကို တွေ့ရသည်။ ယင်းအချက်သည် လက်ရှိအစိုးရအနေဖြင့် အမှန်တကယ် ပြုပြင်ပြောင်းလဲလိုစိတ် မရှိခြင်းကို  ပြသနေခြင်းဖြစ်ပြီး၊ သမ္မတနှင့် ကာချုပ်၏ စကားစဉ် ရှေ့နောက်မညီကြောင်း စသည်ဖြင့် သြစတေးလျခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ခဲ့သည်ကို တွေ့ရသည်။ ထိုသို့ ရှိနေချိန်တွင် သမ္မတ ဦးသိန်းစိန်၏ မင်းသားမလုပ်ရသဖြင့် ပတ်မကြီးထိုးဖောက်လိုသော စိတ်ဓာတ်မျိုး မထားရှိသင့်ဘူးဟု မိန့်ခွန်းထွက်ပေါ်လာသည်ကို တွေ့ရသည်။ ယင်းအပြင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင်လည်း ပွတ်တိုက်မှုများ ရှိနေသည်ကိုတွေ့နိုင်သည်။ မြန်မာ့ နိုင်ငံရေးသည် အဘက်ဘက်မှ ပွက်တိုက်မှုများ ရှိနေသည်မှာ ငြင်းကွယ်၍ မရသော အနေအထား ဖြစ်နေသည်။ ထို့ကြောင့် အတိတ်က အဖြစ်အပျက် သမိုင်းသင်ခန်းစာများကို ရယူပြီး နိုင်ငံတည်ငြိမ်အေးချမ်းစေရန် မြန်မာ့နိုင်ငံရေး ကျွမ်းကျင်သူများက ဝေဖန် ပြောကြား လိုက်သည်။

သမိုင်းထဲကအကွဲအပြဲ

မြန်မာ့သမိုင်းမှာ ခေါင်းဆောင်တွေ မညီညွတ်လို့ အကွဲအပြဲဇာတ်လမ်းများစွာ ပေါ်ပေါက် ခဲ့သည်။ ထိုသို့ဖြစ်ရခြင်းမှာ မြန်မာတို့၏ Political Culture (နိုင်ငံရေးယဉ်ကျေး) မှုကြောင့်ဟု ဆိုနိုင်ကြောင်း၊ ထိုယဉ်ကျေးမှုကြောင့်လည်း တိုင်းရင်းသားလူမျိုးစုတွေအကြား ယုံကြည်မှု ပျောက်ကွယ်ပြီး

လွပ်လွတ်ရေးရတာ တောင်ပေါ်ဒေသကော ပါသလား လို့မေးရမလိုဖြစ်ပါပြီးးးးးးးးးးးးးးးး

ဂျပန် အာဆီယံ ဆက်ဆံရေး နှစ် ၄၀ ပြည့် အစည်းအဝေး သမ္မတ ဦးသိန်းစိန်တက်ရောက်

 
ဂျပန်နိုင်ငံမှာ ကျင်းပနေတဲ့ ဂျပန် အာဆီယံ ဆက်ဆံရေး နှစ် ၄၀ ပြည့် အစည်းအဝေးကို တက်ရောက်ဖို့ သမ္မတ ဦးသိန်းစိန်ဟာ ဂျပန်နိုင်ငံကို ဒီကနေ့ မနက်က ရောက်ရှိသွားပါတယ်။

ဒီအစည်းအဝေးမှာ ဂျပန်ကနေ မြန်မာနိုင်ငံရဲ့ ကျန်းမာရေး အခြေခံ အဆောက်အအုံနဲ့ ရန်ကုန် မန္တလေး မီးရထားလမ်း အဆင့်မြှင့်ရေး တို့အတွက် ဒေါ်လာ သန်းပေါင်း ၆၀၀ နီးပါး ကူညီဖို့ ရှိနေပါတယ်။

Copy from - Myawady News

Friday, December 13, 2013

သျှမ်း - ကချင် နယ်စပ်သို့ အစိုးရစစ်ကား ၄၀ ကျော် ဦးတည်နေ

ဒီဇင်ဘာလ 12 ရက် 2013 

 စားနပ်ရိက္ခာ နှင့် စစ်အင်အားများ တင်ဆောင်သည့် အစိုးရစစ် ယာဉ်တန်းများ သျှမ်းပြည် မြောက်ပိုင်းမှ ကချင်ပြည်နယ် စပ်ဘက်သို့ ဦးတည်သွားနေကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။ “စစ်ကား အစီး ၄၀ လောက်ရှိမယ်ထင်တယ်၊ မနေ့ညနေတုန်းက မြို့ထဲဖြတ်ပြီး ကချင်ပြည်နယ် မန့်ဝိန်းကြီးဘက်သို့ ဦးတည်သွား တာတွေ့ရတယ်၊ ဆီပီပါတင်ကားက... တစ်စီး ကျန်တာတွေက ရိက္ခာနဲ့ လက်နက်တွေ၊ လက်နက်ကြီးတွေပါမယ်ထင် တာပဲ၊ တင်ထားတော့အပြည့်ပဲ ” ဟု နမ့်ခမ်းဒေသခံ စိုင်းအိုက်ကပြောသည်။

သျှမ်းပြည်မြောက်ပိုင်း မူစယ်ခရိုင် နမ့်ခမ်းမြို့နယ်မှတဆင့် ကချင်ပြည်နယ် မန့်ဝိန်းကြီး ကျေးရွာဘက်သို့ အစိုးရစစ်ကား ၂၉ စီးရောက် ရှိသွားကြောင်း၊ နမ့်ခမ်းမြို့ အနောက်ဘက် နောင်ကောင်နှင့် နောင်မကျေးရွာရှိ လယ်ကွင်းထဲတွင် စစ်ကား ၁၀ စီးစာ လုံခြုံရေးချ ထားကြောင်း စိုင်းအိုက်က ပြောသည်။ ထို့အတူ လားရှိုး မူစယ်ကား ဆရာတဦး ကလည်း ယမန်နေ့ ဒီဇင်ဘာ ၁၀ ရက်မနက်ပိုင်း၌ သိန္နီမြို့ရှိ (စစ်ဆင်ရေးကွပ်ကဲမှု ဌာန ချုပ်) စကခ ၁၆ ရှေ့တွင် ရွှေလီဘက်သွားမည့် စစ်ယာဉ်တန်း ၄၅ စီး တွေ့

မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့ ဦးလေး Jang Song Thaek ကွပ်မျက်ခံရ

တရားရုံးတင် ကွပ်မျက်ခံလိုက်ရတဲ့ မြောက် ကိုရီးယား ခေါင်းဆောင် Jang Song Thaek။
တရားရုံးတင် ကွပ်မျက်ခံလိုက်ရတဲ့ မြောက် ကိုရီးယား ခေါင်းဆောင် Jang Song Thaek။
 
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ရဲ့ အဓိက အကြံပေးတဦးလို့ ယူဆကြတဲ့ သူ့ရဲ့ဦးလေးလည်းတော်စပ်သူ Jang song Thaek ကို မြောက်ကိုရီးယား အာဏာပိုင်တွေက ကွပ်မျက်လိုက်ပါတယ်။ Jang ဟာ အထူးစစ်ခုံရုံးမှာ ကြားနာစစ်ဆေးမှု ခံပြီးနောက်၊ ကြာသာပတေးနေ့မှာ သူ့ကို ကွပ်မျက်လိုက်တာဖြစ်တယ်လို့ မြောက်ကိုရီးယား အစိုးရပိုင် ကိုရီယား ဗဟိုသတင်းအေဂျင်စီက ကြေညာပါတယ်။

Jang ဟာ ပါတီခေါင်းဆောင်မှုနဲ့ နိုင်ငံခေါင်းဆောင်တွေကို ဖြုတ်ချဖို့ ပါတီဆန့်ကျင်ရေး တန်ပြန်တော်လှန်ရေးလုပ်ရပ်တွေကို ကျူးလွန်တဲ့ သစ္စာဖောက်တဦးဖြစ်တယ်ဆိုပြီး မြောက်ကိုရီးယား သတင်းက ကြေညာသွားပါတယ်။

သူ့ကိုတော့ အဂတိလိုက်စားမှု၊ မိန်းမလိုက်စားမှုနဲ့ မူးယစ်ဆေးဝါးသုံးစွဲမှု အပါအ၀င် ရာဇ၀တ်မှု အတော်များများနဲ့ စွဲချက်တင်ခံခဲ့ရပါတယ်။ Jang ဟာ ကွယ်လွန်သူ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong ll ရဲ့ ညီမဖြစ်သူ၊ လက်ရှိ မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ အဒေါ် Kim Kyong Hui နဲ့

ဆန္ဒပြသူတွေကို စစ်တပ်က ဖြိုခွဲခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး လူသတ်မှုနဲ့ ရုံးထုတ်

 
ထိုင်းနိုင်ငံမှာ အတိုက်အခံ ခေါင်းဆောင် အဘိဆစ် ဝက်ဂျာဂျိဝကို သူ ဝန်ကြီးချုပ် တာဝန်ယူခဲ့စဉ်က ဆန္ဒပြသူတွေကို စစ်တပ်က ဖြိုခွဲခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး လူသတ်မှုနဲ့ ရုံးထုတ်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၃ နှစ်က မြို့တော် ဘန်ကောက်မှာ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို ထောက်ခံတဲ့ လက်နက်မဲ့ ဆန္ဒပြသူတွေကို လုံခြုံရေး တပ်ဖွဲ့တွေက ပစ်ခတ် ဖြိုခွဲမှုအတွင်း လူ ၉၀ ကျော် သေဆုံး ခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီတုန်းက ဝန်ကြီးချုပ်ဖြစ...်ခဲ့တဲ့ မစ္စတာ အဘိဆစ်ဟာ စစ်တပ်ကို အင်အား အလွန်အကျွံ သုံးဖို့ ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် မစ္စတာ အဘိဆစ်ကတော့ အခုလို စွပ်စွဲချက်တွေဟာ

Thursday, December 12, 2013

မြန်မာတပ်မှ ၂၀ ကျော် ကျဆုံးပြီး ၃၀ ကျော်ထိခိုက်ဒဏ်ရာရရှိ


11 Dec 2013 by TNLA ...

နမ့်လိတ်တောင် တိုက်ပွဲမှာ ကိုယ့်ဘက်ကအနာမခံချင်တာကြောင့် TNLA နဲ့ KIA တပ်ဖွဲ့တွေ နေရာဆုတ်ပေးလိုက်လို့ ၂ ရက်ကြာတိုက်ပွဲပြီးသွားပါတယ်။

နမ့်လိတ်တောင်တိုက်ပွဲမှာ TNLA က တပ်ရင်း ၁၁၂ ရဲ့ တပ်ခွဲ (၃) တခွဲနဲ့ KIA တပ်ရင်း ၈ တပ်ခွဲ (၂) တခွဲ စုစုပေါင်း အင်အား ၅၀ လောက်ပဲ ခုခံတိုက်နေတာပါ။

မြန်မာအစိုးရတပ်ဖက်က ခလရ ၁၂၃၊ ၁၄၃၊ ၁၄၂၊ ၁၄၅၊ ၄၅ နဲ့ တပ်ရင်းနံပတ် အတိအကျ မဖော်ပြနိုင်တဲ့ ဧည့်တပ် ၂ တပ်လောက်(တပ်မ ၃၃ ကလို့ယူဆ)ပါ ပါတယ်။ အင်အား ၃၀၀-၄၀၀ လောက်ရှိပါတယ်။

တိုက်ပွဲမှာ တအာင်းနဲ့ကချင်ဘက်က တယောက်ကျ ၃ ယောက် အနဲငယ်ဒဏ်ရာရပါတယ်။

TNLA နဲ့ KIA ရဲ့ ရှေ့ထွက်မိုင်း ၁၀ လုံးကျော်နဲ့ အပြန်အလှန်ပစ်ခတ်တာကြောင့် မြန်မာတပ်ဘက်က အနဲဆုံး ၂၀ကျော် ကျဆုံးပြီး ၃၀ ကျော်ထိခိုက်ဒဏ်ရာရရှိပါတယ်။ မြန်မာတပ်တွေ နမ့်လိတ်တောင်အပြီး ထိခိုက်ဒဏ်ရာရသူကို ပြန်သယ်တဲ့အချိန်မှာ မျက်မြင်တွေ တွေ့ရှိချက်အရ ကျဆုံးသူတွေရဲ့ သေနတ်လက်နက်အပို ၂၆ လက်တွေ့ရပြီး ဒါဏ်ရာရရှိသူ ဖိုးဝီးကားနဲ့ ၃ စီး ထော်လာဂျီနဲ့တစီး

KIA တပ်မဟာ(၃) နှင့် (၄) နယ်မြေတို့ တွင် တိုက်ပွဲဆက်ဖြစ်


12 Dec 2013
ဒီဇင်ဘာ(၁၁)ရက် မနက် (၁၁း၃၀)နာရီအချိန်ခန့် ရှမ်းပြည်မြောက်ပိုင်း ကေအိုင်အေ တပ်မဟာ (၄) တပ်ရင်း(၂) နယ်မြေ မုန်ဂျီ ဟူးရက်( MungJi Huyet Bum) တစ်ကြော နယ်ကျော်ကာ ၀င်ရောက်လှုပ်ရှားလာသော မြန်မာအစိုးရတပ် ခလရ(၁၂၅) တပ်ဖွဲ့ နှင့် ကေအိုင်အေ တပ်ရင်း(၂) တပ်ဖွဲ့ ဝင် များ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။ ...

ထို့ အပြင် ဒီဇင်ဘာ(၉)ရက်နေ့ နေ့ လည်(၁၂း၃၀)နာရီ အချိန်ခန့် က ကေအိုင်အေ တပ်မဟာ(၃) တပ်ရင်း (၁၂)နယ်မြေ မုန်ဒိန်ပါ ကျေးရွာ အနီး လယ်ကွင်းထဲ အလုပ်လုပ်နေသော ရွာသူရွာသားများ ရှိရာသို့  မြန်မာအစိုးရတပ်မှ စစ်သားများ လက်နက်ကြီးဖြင့် (၁၀)ကြိမ် လက်နက်ငယ်များဖြင့် (၁၀)ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။ လူစိတ်မရှိသော အဆိုပါ စစ်သားများမှာ စကခ(၂၁) တပ်ရင်းမှ ဖြစ်ကြောင်းထပ်မံသိရသည်။ အဆိုပါ ပစ်ခတ်မှုကြောင့် ရွာသူရွာသားများ ထိခိုက်ဒဏ်ရာ ရရှိခြင်းရှိမရှိ စုံစမ်းနေဆဲဖြစ်သည်။
 
post by Knet

27th SEA Games Myanmar 2013 ဖွင့်ပွဲ အခမ်းအနား အစအဆုံး...


Copy from - Wai Yan De Mo

နေပြည်တော် ဆီးဂိမ်း တရုတ် အဓိက ထောက်ပံ့မှုဖြင့် ဖွင့်လှစ်

Sai Phyo Wai Lin's photo.
ဆီးဂိမ်း မှ တာဝန်ရှိသူများ အခန်း၊ Photos@NayMyoZin
(11-12-2013)

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်း ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို တရုတ်နိုင်ငံ၏ အကူအညီ၊ အထောက်အပံ့များဖြင့် ယနေ့ ညပိုင်းတွင် ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပနိုင်ရေးအတွက် တရုတ် အကူအညီ များစွာ ရယူခဲ့ပြီး မြန်မာက ရယူထားသော အကူအညီများတွင် ဆီးဂိမ်း ပြိုင်ပွဲဝင်မည့် မြန်မာ ကစားသမား ၂၀၀ ခန့် အတွက် တရုတ်နည်းပြများဖြင့် လေ့ကျင့်ခြင်း၊ ပြိုင်ပွဲများတွင် လိုအပ်မည့် လေ့ကျင့်ရေး အထောက်အကူ ပစ္စည်းများ ရယူခြင်း၊ ဖွင့်ပွဲပိတ်ပွဲတွင် အသံစနစ် အပါအ၀င် ဆလိုက်မီးများ၊ အပြင်အဆင်များ၊ နည်းပညာများနှင့် အကူအညီများ ရယူခြင်း၊ ဆီးဂိမ်းပြိုင်ပွဲရလဒ်များကို အချိန်မီသတင်း ထုတ်ပြန်ပေးသည့် နည်းစနစ်များ ရယူခြင်း များ ပါဝင်ကြောင်း သမ္မတပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်နှင့် အစိုးရတာဝန်ရှိသူများက ဧရာဝတီသို့ ပြောဆိုသည်။

မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၄၀ ကျော်ကြာမှ ပြန်လည်ကျင်းပခွင့် ရရှိခဲ့သည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲအတွက် တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ ၃၆ သန်း ကျော်တန်ဖိုးရှိ အကူအညီများ ထောက်ပံ့ခဲ့ကြောင်း ဒီဇင်ဘာလ ၃ ရက်နေ့ ရန်ကုန်မြို့ ဆီဒိုနားဟိုတယ်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး Yang Houlan က ပြောဆိုခဲ့သည်။

ဆီးဂိမ်းပြိုင်ပွဲတွင် တရုတ်နိုင်ငံ၏ အကူအညီနှင့် အထောက်အပံ့များ အဓိက ရယူခြင်းသည် မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံ၏ သြဇာ လွှမ်းမိုးမှု မည်မျှကြီးမားသည်ကို သိသာစေပြီး မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ လောင်းရိပ်အောက်မှ ခွဲမထွက် နိုင်သေးသည်ကို မြင်သာ ထင်သာရှိစေသည်ဟု နိုင်ငံရေးအသိုင်းအ၀ိုင်းက သုံးသပ်ပြောဆိုသည်။

နေပြည်တော် ဥတ္တရသီရိမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက “ဘေဂျင်းအိုလံပစ်ကို ဖွင့်ခဲ့တဲ့ အတိုင်းပဲ တရုတ်က ဒီမှာလာလုပ်နေတယ်။ ဖွင့်ပွဲလုပ်မဲ့ အားကစားရုံကြီးကလည်း တရုတ် ဗိသုကာ ပညာရှင်တွေရဲ့ လက်ရာပဲ။ ပြည်တွင်း ကုမ္ပဏီကတာဝန်ယူ ဆောက်တယ်ဆိုပေမယ့် တရုတ်အင်ဂျင်နီယာတွေရဲ့ အကြံဥာဏ်နဲ့ ဆောက်ထားတာ။ ဖွင့်ပွဲပိတ်ပွဲ ကိုလည်း တရုတ်ရဲ့ ကူညီပံပိုးမှုနဲ့

Wednesday, December 11, 2013

(၄၄)နှစ်တာ ကာလအတွင်း တကျော့ပြန် ပြန်လည် ကျင်းပခဲ့တဲ့ ယနေ့ ၂၇ကြိမ်မြောက် ဆီးဂိမ်းဖွင့်ပွဲ မြင်ကွင်းများ..

 

ပဒေသရာဇ်ကိုတော်လှန်တဲ့နေ့ ၆၄ နှစ်ပြည့်

 
ဒီနေ့တော့ ၁၁-၁၂-၂၀၁၃ နေ့ထူးရက်မြတ်နေ့ပဲဖြစ်ပါတယ
ဒီနေ့ကတော့ ပအိုဝ်းလူမျိုးရဲ့ မမေ့နိုင်တဲ့ ပဒေသရာဇ်ကို တိုက်ခိုက်တော်လှန်ခဲ့တဲ့ နေ့ပါ
၆၄ နှစ် ပြည့်ပြီဖြစ်တဲ့ ဂုဏ်ယူစရာ နေ့လည်းဖြစ်ပါတယ်