Thursday, October 31, 2013

ဝိုင်းထားဆဲ အစိုးရတပ်များလှုပ်ရှားမှုကို KIA ချုံခိုတိုက်ခိုက်

 
ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တပ်မဟာ (၃) တပ်ရင်း (၁၂) ဒေသသို့ အစိုးရစစ်တပ် စကခ -၂၁ အောက် နည်းဗျူဟာ (၃) မှ စစ်အင်အား ၁၀၀ ကျော်ရိက္ခာနှင့် မြင်းအကောင် ၅၀ ကျော်ဖြင့် စစ်ကူလာသောစစ်ကြောင်းနှင့် ဆဂနမ်ခွမ် (Saga Nam Hkum) သွားလမ်း အောင်နန် (Awng Nan) ရွာဟောင်းလမ်း တလျှောက်တွင် ယမန်နေ့တိုက်ပွဲဖြစ်ပွားခဲ့ကြော...င်း သိရသည်။

“စစ်ကူ အင်အား ၁၀၀ ကျော်နဲ့ အရင်ပစ်ကြတာ ၂၈ ရက် ည ၉ နာရီမိုးချုပ်သွားတဲ့အထိ ပစ်ကြတာ ၂၉ ရက် မနက်တော့ စစ်ကူတွေနဲ့ စစ်ကူတွေကိုလာကြိုတဲ့သူတွေအပြင်းထန်ဆုံး ပစ်ခတ်ကြတာ။ သူတို့ဘက် က အသေအပျောက်ရှိနိုင်ပါတယ်” ဟု KIA တပ်ရင်း (၁၂) တပ်ရင်းမှူး ဗိုလ်မှူး လဘန် ဂျွန်းအောင် (Major Labang Jawn Awng) KNG ကချင်သတင်းဌာန သို့ပြောသည်။

ထိုသို့အင်အားတိုးချလှုပ်ရှားလာသော အစိုးရတပ်စစ်ကြောင်းကို KIA တပ်ရင်း (၁၂) ဝိုင်းထားဆဲ ဆဂနမ်ခွမ်သို့မရောက်သေးချိန် လမ်းခုလပ်တွင် ယမန်နေ့ညသန်းခေါင်ချိန်က KIA တပ်ရင်း (၁၂) ဖက်မှ

"လိုင်ဇာမြို့တွင် ကျင်းပသော လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များ ညီလာခံတွင် အပစ်ရပ်ရေးနှင့် နိုင်ငံရေး ဆွေးနွေးရန်အတွက် မူတည်ဆွေးနွေးမည်"

 
ကချင်ပြည်နယ် လိုင်ဇာမြို့တွင် ယနေ့မှစတင်ပြီး ၃ ရက်အကြာ ကျင်းပမည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ညီလာခံတွင် တပြည်လုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေး ဆွေးနွေးရေး မူဘောင်ကိစ္စ အချက် ၂ ချက်အပေါ် မူတည်ဆွေးနွေးသွားကြမည်ဟု သိရှိရသည်။

တပြည်လုံး အတိုင်း...အတာ အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သက်၍ တဖွဲ့ချင်းစီ၏ အမြင်များကို သုံးသပ်ခြင်း၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ သဘောထားအပေါ် သုံးသပ်တင်ပြခြင်း၊ အစိုးရမှ ပေးပို့ထားသော လက်မှတ်ရေးထိုးရန် သဘောထား စာတမ်းမူကြမ်းအပေါ် သုံးသပ်တင်ပြခြင်း၊ သဘောထားဆုံးဖြတ်ချက် ချမှတ်ခြင်းဆိုင်ရာ ဆွေးနွေးချက်တို့ပါကြောင်း၊ နိုင်ငံရေး ဆွေးနွေးရေး မူဘောင်ကိစ္စတွင် ကရင်အမျိုးသား အစည်းအရုံးနှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ / ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA) မှ ကိုယ်စားလှယ်များနှင့် အစိုးရကိုယ်စားလှယ်များ ဆွေနွေးထားသည့်အပေါ် ရှင်းလင်းတင်ပြခြင်းတို့ ပါဝင်ကြောင်း အစည်းအဝေး ထုတ်ပြန်ချက်အရ သိရှိရသည်။

ဆွေးနွေးပွဲအစတွင် တိုင်းရင်းသား ခေါင်းဆောင်တချို့က အမြင်သဘောထားများ တင်ပြခဲ့ရာ မူလက တပြည်လုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးကိစ္စပြီးမှသာ နိုင်ငံရေးဆွေးနွေးရေး မူဘောင်ကိစ္စကို ဆွေးနွေးရန် စီစဉ်ထားရာမှ နောက်ဆုံးတွင် နိုင်ငံရေး ဆွေးနွေးရေး မူဘောင်ကိစ္စ ဆွေးနွေးပြီးမှသာ တပြည်လုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးကိစ္စကို ဆွေးနွေးမည်ဖြစ်ကြောင်း ဆွေးနွေးမှု အစီစဉ်ကို

တစ်ရက်တည်း မြန်မာတပ်နှင့်တအာင်းတပ်တို့ သုံးကြိမ်ဆက်တိုက်ပွဲဖြစ်


မြန်မာစစ်တပ်တို့၏ အပြင်းအထန်ထိုးစစ်ဆင်နေမှုကြောင့် အောက်တိုဘာလ ၂၈ ရက်နေ့တစ်ရက်တည်း တအာင်းလွတ်မြောက်ရေးတပ်မတော်နှင့် တိုက်ပွဲသုံးကြိမ်ဆက်တိုက်ဖြစ်ပွားခဲ့သည်ဟုသိရသည်။

ကွတ်ခိုင်မြို့နယ် လုံကန်ရွာနှင့်လွယ်ကျယ်လန် နားတစ်ဝိုက်တွင် အစိုးရစစ်တပ်ဘက်မှ ကွမ်လုံ-ဟိုပန်အခြေစိုက် ဒု-ဗိုလ်မှူးကြီးအောင်မျိုးဦးဆောင်သော ခလရ-၁၄၃၊ ဒု-ဗိုလ်မှူးကြီး ထွန်းထွန်းဇော်ဦးဆောင်သော ကွတ်ခိုင်အခြေစိုက် - ခရလ - ၄၅ တို့နှင့် TNLA ဘက်မှ တပ်ရင်း - ၁၁၂ တို့ တိုက်ပွဲသုံးကြိမ်ဖြစ်ပွားခဲ့ရာ မြန်မာစစ်တပ်ဘက် ၃ ဦးကျဆုံးကာ ၁၃ ဦးဒဏ်ရာ ရရှိခဲ့ပြီး TNLA ဘက်မှ အထိအခိုက်မရှိကြောင်းသိရှိရသည်။

“နေ့လည် ၁၂း၀၀ နာရီမှာတစ်နာရီကြာတစ်ခါ၊ ညနေ၁း၃၀ နာရီမှ ၂း၃၀ နာရီကြား တစ်နာရီနီးပါးတစ်ကြိမ်၊ ည ၁၀း၃၀ နာရီမှ ၁၁း၀၀ နာရီထိတစ်ကြိမ် သုံးကြိမ်ဆက်တိုက်ဖြစ်တာ၊ နောက်ပြီး မြန်မာစစ်တပ်ဘက်မှ ခလရ - ၁၄၃ က တအာင်းဒေသကို တစ်ကြိမ်တစ်ခါမှ ၀င်ရောက်လာတာမရှိဘူး၊ အခုလို ထိုးစစ်တွေဆင်လာပြီး တပ်ရင်းတိုးချဲ့ပို့ဆောင်နေတာ အရမ်းကိုသိသာထင်ရှားနေပါတယ်” လို့ TNLA အရာရှိတစ်ဦးမှ ပြောဆိုခဲ့သည်။
 
Copy from - Ta'ang Land...

Wednesday, October 30, 2013

အနာဂတ်ပြည်ထောင်စုအတွက် လိုင်ဇာညီလာခံ အရေးပါဟု ခွန်ဥက္ကာပြော



ဖယ်ဒရယ်ပြည်ထောင်စု ဦးတည်ချက်ဟာ အစွန်းနှစ်ဖက်ဖြစ်တဲ့ ခွဲထွက်ရေးနဲ့ တစ်ပြည်ထောင်စနစ်တွေနဲ့ ကင်းလွတ်နေရမှာဖြစ်တယ်လို့ သမိုင်းဝင် တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ၃ရက်ကြာ ညီလာခံတက်ဖို့ လိုင်ဇာကို ရောက်လာတဲ့ ခွန်ဥက္ကာက အောက်တိုဘာ ၂၈ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။
 
Copy from - Kamayut Media

ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး ဦးဆောင်သည့် နေပြည်တော် အထူးစစ်ဗျူဟာ အ၀ိုင်းခံထားရ

 
ကချင် လွတ်လပ်ရေး တပ်မတော် (KIA ) တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၁၂) သည် အစိုးရ အထူး စီမံ ထားသည့် နေပြည်တော် စစ်ဗျူဟာ (၂) အား (၇) ရက် တိုင်တိုင် ၀ိုင်းထားဆဲ ဖြစ်သည့် အပြင် စစ်ကူ လာပေး နေသည့် အထူး စစ်ဗျူဟာ (၃) ကိုလည်း ယနေ့ မနက် ပိုင်းတွင် ထပ်မံ တိုက်ခိုက် နေဆဲ ဖြစ်သည်ဟု KIA တပ်...ရင်း (၁၂) မှူး ဗိုလ်မှူး လဘန်ဂျွန်းအောင် (Major Labang Jawn Awng) က ဆိုပါသည်။

“ ဒီနေ့ မနက် (၆း၃၀) နာရီ ကနေ အခုထိ (၂ နာရီခွဲ) တိုက်ပွဲက ဖြစ်နေ တုန်းဘဲ။ ဗျူဟာ (၃) ကနေ“လား” အကောင် (၅၀) ကျော်နဲ့ ရိက္ခာလား၊ ကျည်ဆံ လားတော့ မသိဘူး၊ ဗျူဟာ (၂)ကို လာပြီး စစ်ကူ ပေးတာလေ။ အဲဒါကို ကျနော်တို့ လူတွေ ဖြတ်တိုက် နေတာပေါ့။ တိုက်ပွဲ ကတော့ မနေ့ ညနေ ကတည်းက နည်းနည်း စဖြစ် လာခဲ့ တယ်လေ ဗျူဟာ (၃) နဲ့က” ဟု ဆိုပါသည်။

ဗိုလ်မှူးကြီး မင်းနိုင်ဦး ဦးဆောင်သည့် နေပြည်တော် အထူး စစ်ဗျူဟာ (၃) သည်အ၀ိုင်းခံ နေရသည့် အထူး စစ်ဗျူဟာ (၂) အား စစ်ကူ ပေးနေခြင်း ဖြစ်ပါသည်။ ယင်း ဗျူဟာ (၃) KIA တပ်ရင်း (၁၂) ကွန်မန်ဒို တပ်များက မနက် (၆) နာရီ ခွဲမှ ညနေ (၂) နာရီခွဲ အထိ ဖြတ်တိုက် နေခြင်း ဖြစ်သဖြင့် တိုက်ပွဲများ ပြင်းထန်လျှက် ရှိပါသည်။ ယင်း ဗျူဟာတွင် ရိက္ခာနှင့် ကျည်ဆံများ တင်ဆောင် လာသည့်လား အကောင် (၅၀) ကျော်လည်း ပါလာ ခဲ့သည်ဟု ဆိုပါသည်။ စစ်ဗျူဟာ (၃) တွင် ခလရ (၂၇၆)၊ ခလရ (၂၂၃)၊ ခမရ

Tuesday, October 29, 2013

လိုင်ဇာမြို့တွင်ကျင်းပမည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ညီလာခံသို့ အဖွဲ့ကိုယ်စားလှယ်များ ရောက်ရှိ

လိုင်ဇာညီလာခံရောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ

လိုင်ဇာ၊ ကချင်ပြည်နယ် - တနိုင်ငံလုံးအတိုင်းအတာ အပစ်ရပ်ရေးအကြိုဆွေးနွေးပွဲအတွက် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ်လိုင်ဇာမြို့တွင် ကျင်းပမည့် ‘Ethnic Armed Organizations Conference’ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များညီလာခံသို့ ထိပ်သီး ခေါင်းဆောင်များ အသီးသီး အောက်တိုဘာ ၂၈ ယနေ့မှစ၍ ရောက်ရှိနေကြပြီဖြစ်သည်။

(photo-KNG အောက်တိုဘာ ၂၈ နေ့ မြစ်ကြီးနားမှ လိုင်ဇာမြို့သို့ ရောက်ရှိလာတဲ့ UNFC တပ်ပေါင်းစု ခေါင်းဆောင်များကို KIO ဥက္ကဌ ဇောင်းဟရား (ဘယ်)မှ )

 အောက်တိုဘာလ (၃၀) ရက်နေ့မှစတင်ပြုလုပ်မည့် ၄င်းညီလာခံသို့ ညီညွှတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်များသည် ယနေ့နံနက် ၁၂ နာရီခန့်တွင် ရှေ့ဦးစွာ လိုင်ဇာမြို့သို့ ရောက်ရှိလာခြင်းဖြစ်သည်။

ယခုရောက်ရှိနေသော လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များသည် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ရခိုင် အမျိုးသားကောင်စီ (ANC)၊ လားဟူဒီမိုကရက်တစ်သမဂ္ဂ (LDU)၊ “၀”အမျိုးသား အဖွဲ့ချုပ် (WNO)၊ ရခိုင်ပြည်တပ်မတော် (Arakan Army)၊ ပလောင် အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF)၊ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ

ဦးသန်းရွှေကို ဦးသူရရွှေမန်း စိန်ခေါ်လိုက်ပြီ

 
ဖြစ်ပုံက ဒီလိုပါ . . .

ဦးသူရရွှေမန်းဟာ တပ်ထဲမှာ ဗိုလ်ချုပ်ကြီးအဖြစ်နဲ့ ရှိစဉ်က သူ့ကို လက်အောက်ငယ်သားတွေက လေးစားကြည်ညိုကြပါတယ် ၊....

သူ့ကိုယ်သူလည်း ဦးသန်းရွှေ ပြီးရင် ကာကွယ်ရေး ဦးစီချုပ်ဖြစ်မယ်လို့ ယုံကြည်ထားသူပါ ၊

ကာကွယ်ရေး ဦးစီးချုပ် မလုပ်ပါနဲ့တော့ဆိုပြီး ဦးသန်းရွှေက အကွက်ရွှေ့တဲ့ပုံစံနဲ့ သူ့ကို ဖယ်ထုတ်လိုက်တာကို ဦးသူရရွှေမန်း အမြင်မကြည်ခဲ့ပါဘူး ၊

ဦးသူရရွှေမန်း တပ်ထဲက ထွက်သွားပြီးတဲ့ နောက်မှာ သူ့ကို မဟုတ်မတပ် ဇာတ်လမ်းတွေထွင်ပြီး တပ်ထဲမှာ ဝါဒဖြန့် တိုက်ခိုက်တာကို ပြန်သိရတော့ သူတော်တော် အံ့အားသင့်သွားပါတယ် ၊

အဲဒီနောက်မှာ မြောက်ကိုးရီးယား နဲ့ ညူကလီယားလက်နက် ကိစ္စတွေမှာ ဦးသူရရွှေမန်းက သူလုံးဝမပါဝင် မပါတ်သတ်ပါဘူးလို့ အတိအလင်းငြင်းဆိုပါတော့တယ် ၊

လွှတ်တော် အထက်မှာ ကောင်းကင်ကြီးပဲ ရှိပါတယ်လို့လဲ ဦးသူရရွှေမန်းက ပြောထားပါတယ် ၊

အဲဒီနောက်မှာ ဦးသူရရွှေမန်းဟာ ဖွဲ့စည်းပုံမှာ လွှတ်တော်ရဲ့ အရိပ်အောက်ကနေ ရှောင်ထွက်လို့ ရနေတဲ့ အစိုးရကို နည်းမျိုးစုံနဲ့ ဝက်အူရစ်တော့ တာပါပဲ ၊

အစိုးရက လက်ဝါးကြီးအုပ်ထားတဲ့ ဖွဲ့စည်းပုံဆိုင်ရာ ခုံရုံးကိုလည်း နှိပ်ကွပ်နိုင်ခဲ့ပါတယ် ၊

အစိုးရ ဘတ်ဂျက်တွေကိုလည်း ဖြတ်တောက်ပစ်နိုင်ခဲ့ပါတယ် ၊

သူ့ကိုခင်မင်လေးစားတဲ့ စာရင်းစစ်ချုပ် ဦးလွန်းမောင်ဆီက သတင်းအချက်အလက်တွေ နဲ့ ဌာနဆိုင်ရာတွေကို ကိုင်တွယ်ခဲ့နိုင်လို့ အခု လက်ပံတောင်းတောင် အရေးအခင်းကြီး ဖြစ်နေပါတယ် ၊

ဒီကနေ့ကာလမှာ ယခင်ထောင်လှမ်းရေးအဖွဲ့ အကြီးအကဲ ဗိုလ်ခင်ညွန့်နဲ့လည်း သင့်မြတ်အောင် နေနိုင်သူလည်း ဖြစ်ပါတယ် ၊

ဦးသန်းရွှေရဲ့ လူရင်းတွေလို့ လူသိများတဲ့ ဦးအောင်သောင်း ဦးဌေးဦးတို့ အုပ်စုနဲ့လဲ တောက်လျှောက် အဆင်မပြေခဲ့ပါဘူး ၊

အသိအသာဆုံးက ၂၀၁၀ ကတည်းက ဦးသန်းရွှေက သူ့ကို သီခြားခေါါ်တွေ့တဲ့ အကြိမ်ရေဟာ လက်တစ်ဖက်တောင် မပြည့်ပါဘူး ၊

ဦးရွှေမန်းဟာ စစ်တပ်ထဲကနေ မတရားသဖြင့် ဖိအားပေး အငြိမ်းစားယူခိုင်းလိုက်တဲ့ အရာရှိတွေကို သူ့သားတွေ ဦးဆောင်နေတဲ့ ကုမ္ပဏီတွေမှာ အလုပ်ခန့်ထားပြီး နေရာချပေးနေတဲ့သူပါ ၊

ပြီးခဲ့တဲ့ ရက်ပိုင်းက လွှတ်တော်ကသတင်းစာ ရှင်းလင်းပွဲမှာ ဦးသူရရွှေမန်းပြောခဲ့တဲ့ စကားတွေဟာ ရန် ငါ ဖြတ်တဲ့ စကားပုံစံမျိုးတွေ ဖြစ်နေပါတယ် ၊

ဦးသန်းရွှေကို စိန်ခေါ်နေတဲ့ စကားမျိုးတွေ ဖြစ်နေပါတယ် ၊

ဦးသန်းရွှေဟာ အငြီမ်းစားယူသွားပြီ ဖြစ်တဲ့အတွက် အုပ်ချုပ်ရေးပိုင်း ဥပဒေပြုရေးအပိုင်းနဲ့ တရားစီရင်ရေး အပိုင်းတို့မှာ ဝင်ရောက် စွက်ဖက်ဆောင်ရွက်ခွင့် မရှိတော့ပါဘူးလို့ ပြောလိုက်တာဟာ ဦးရွှေမန်းက ဦးသန်းရွှေကို အတိအလင်း ကန့်သတ်လိုက်တာပါ ၊

သူ့စီပွားရေးလုပ်ငန်းတွေကို အချိန်မရွှေးဝင်ရောက် စစ်ဆေးနိုင်တယ်လို့ အတိအလင်း ကြေငြာလိုက်တာဟာလဲ ဦးသန်းရွှေ ၊ ဦးအောင်သောင်းနဲ့ အပါးတော်မြဲ ခရိုနီတွေ အစိုးရနဲ့လွှတ်တော်အထက စစ်ဖက်အရာရှိဟောင်း ဦးသန်းရွှေ ဘက်တော်သား အမတ်တွေကို သူ့လိုလိုက် ကြေငြာရဲသလားလို့ စိန်ခေါ်လိုက်တာပါ ၊

ဖွဲ့စည်းပုံကို မဖြစ်မနေပြင်မှဖြစ်မယ်လို့ ပြောတာဟာလည်း နောက်ပြန်ဆွဲချင်နေတဲ့ စစ်တပ်အထဲက ဦးသန်းရွှေရဲ့ ကေဒါတွေကို စိန်ခေါ်လိုက်တာပါပဲ ၊


မည်သည့် အဖွဲ့ အစည်း ၊ မည်သည့်နိုင်ငံ ၊ ပြည်တွင်းပြည်ပ မည်သည့်နေရာကပင် ဖိအားပေးတာဖြစ်ပါစေ ဖွဲစည်းပုံပြင်ဆင်ရေးကို ကိုယ့်လမ်းကြောင်းနဲ့ကိုယ် ဆက်သွားမယ်ကြေငြာလိုက်တာက တရုတ်ကို ဝင်မပါနဲ့လို့ သတိပေးလိုက်တာပါ ၊

ဦးသန်းရွှေဟာ လက်ရှိမြန်မာံနိုင်ငံရေးအပေါ် စိုးရိမ်မှုရှိနေတယ်လို့ြေုပာဆိုလိုက်တာဟာ စစ်တပ် အစိုးရ နဲ့ လွှတ်တော်တို့ကို နောက်ကျောကနေ ထိန်းချုပ်ဖို့ ဦးသန်းရွှေကြိုးစားနေတယ်လို့ အတိအလင်း ပြောလိုက်တာပါပဲ ၊

ဦးသန်းရွှေ လက်ထက် တိုင်းပြည်စုတ်ပြတ်သတ်သွားတာကိုလည်း စာကားလုံးလှလှလေးသုံးပြီ ဖြေခဲ့တာကိုလည်း တွေ့ရမှာပါ ၊

သေသေချာချာ အာရုံစိုက် စဉ်းစားလိုက်ရင် တွေ့နိုင်ပါတယ် ၊

ဦးသူရရွှေမန်းတစ်ယောက် ဦးသန်းရွှေကို စိန်ခေါ်လိုက်ပါပြီ . .
 
 

Monday, October 28, 2013

လိုင်ဇာမြို့ ညီလာခံတက်ရန် UNFC အဖွဲ့ မြစ်ကြီးနားရာက်ရှိ

 
ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အို ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့မှာ ယခုလ ၃ဝ ရက်နေ့ကနေ နိုဝင်ဘာလ ၁ ရက်နေ့ အထိကျင်းပမယ့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းခေါင်းဆောင်တွေရဲ့ ညီလာခံကို တက်ရောက်ဖို့ ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒ...ရယ်ကောင်စီ UNFC အဖွဲ့ဝင်တွေဟာ ဒီနေ့ညနေပိုင်းက မြစ်ကြီးနားမြို့ကို ရောက်လာပါတယ်။

အဲဒီ UNFC အဖွဲ့က အဖွဲ့ဝင် ၁၂ ဦးဟာ မနက်ဖြန်မှာ လိုင်ဇာမြို့ကို ဆက်လက်ထွက်ခွာမှာဖြစ်တယ်လို့ မြစ်ကြီးနားမြို့အခြေစိုက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG က ဦးလမိုင်ဂွမ်ဂျာက RFA ကို ပြောပါတယ်။

"UNFC အဖွဲ့ ၁၂ ဦး က ဒီနေ့ ရောက်ရှိလာပါတယ်၊ ဦးနိုင်ဟံသာတို့လည်းပါပါတယ်၊ မနက်ဖြန် မနက် ၈ နာရီမှာ သူတို့လိုင်ဇာကို သွားမှာပါ၊ မနက်ဖြန်ကျတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ၃၃ ဦးလာမှာ

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံရေးပြဿနာကို ရှောင်လွှဲမနေသင့်ဟု KIO ဥက္ကဋ္ဌ အထိမ်းအမှတ်နေ့တွင် ပြောကြား

KIO Ningbaw Zawng Hra
KIO ningbaw kaba Lanyaw Zawng Hra
နိုင်ငံတော် အစိုးရအနေဖြင့် နိုင်ငံရေးကြောင့်ဖြစ်ပေါ်နေသော ပြဿနာများအားဖြေရှင်းရာတွင် ရှောင်လွှဲနေခြင်းကြောင့် တိုင်းရင်းသားများနေထိုင်ရာဒေသတို့တွင် တော်လှန်ရေး ခရီးကြာရှည်နေခြင်း ဖြစ်ကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO (၅၃) နှစ်ပြည့် အထိမ်းအမှတ်နေ့တွင် KIO ဥက္ကဋ္ဌဇောင်းဟရား မိန့်ခွန်း ပြောကြားခဲ့သည်။

“KIO အမှုဆောင်အရာရှိများအားလုံး နိုင်ငံရေးအမြင်တူညီရန် အဓိကအရေးကြီးကြောင်း၊ KIO အနေဖြင့် ပြည်တွင်းတွင်ဖြစ်ပေါ်လျက်ရှိသော ပဋိပက္ခများအားနိုင်ငံရေးဖြင့်ဖြေရှင်းရန် မျှော်လင့်ချက်ဖြင့် နိုင်ငံရေးဆွေးနွေးမှုအဆင့် ရောက်ရှိရန် ဆောင်ရွက်လျက် ရှိကြောင်း၊ အပစ်အခတ်ရပ်စဲရေးကိစ္စေ ဆာင်ရွက်ရန်မှာ နိုင်ငံတော်အစိုးရ တာဝန်ယူထားသူများ၏ တာဝန်ဖြစ်သောကြောင့် တရားဝင် အပစ်အခတ် ရပ်စဲရေးအား ကြေညာပြီး တိုင်းရင်းသားများနေထိုင်ရာဒေသရှိ တပ်စခန်းများအား ရုပ်သိမ်းပေးရန် တာဝန်ရှိကြောင်း” မိန့်ခွန်းတွင်ပါရှိသည်။

ထို့ပြင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဝင်များ စုပေါင်းထားသော UNFC အနေဖြင့် ဖယ်ဒရယ် ပြည်ထောင်စုကြီး ဖြစ်ပေါ်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်များ နိုင်ငံရေး အခန်းကဏ္ဍပါဝင် ဆောင်ရွက်မှုတွင် အင်အားကြီးမားရန် မျှော်လင့်ပြီး တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးခေါင်းဆောင်များညီလာခံအား လိုင်ဇာမြို့တွင် ကျင်းပရန် စီစဉ်ထားကြောင်း၊ မူးယစ်ဆေးဝါးသည်လည်း အမျိုးသား ရန်သူဖြစ်ကြောင်းနှင့် ဒုက္ခသည် မိသားစုဝင်များကိုလည်း

UNFC ၏ အနာဂတ် အရေး နှင့် လိုင်ဇာ အစည်း အဝေး ဆက်သွယ် မေးမြန်းခန်း

ဓါတ်ပုံ - ( ညိုအုန်းမြင့်)
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) သည် အဖွဲ့ဝင် မဟုတ်သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အတူ လာမည့် အောက်တိုဘာလ အကုန်တွင် ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာတွင် အထူး အစည်းအဝေးကြီး ကျင်းပရန် ရှိပါသည်။
ဤအစည်း အဝေးသည် အစိုးရမှ တပြည်လုံး အပစ်အခတ် ရပ်စဲရေးလက် မှတ်ထိုးပွဲ ကျင်းပရန် ဖိတ်ခေါ်ထား သည့်အပေါ် သဘောထား ပေးရန် စည်းဝေး ကြခြင်း ဖြစ်ပါသည်။
ဤသို့ကြောင့် UNFC သဘောထားနှင့် လိုင်ဇာအစည်းအဝေးပွဲ၏ အနေအထားများကို ခြုံငုံ သုံးသပ်နိုင်ရန် အတွက် ရွှေဟင်္သာသည် (UNFC) အထွေအထွေ အတွင်းရေးမှူး နိုင်ဟံသာ အား ဆက်သွယ် မေးမြန်းခဲ့ပါသည်။
မေး ။        ။ လက်ရှိ တိုင်းရင်းသား အရေးတွေမှာ (UNFC) အဖွဲ့ဟာ ဘယ်လောက် အရေးကြီး နေတယ်လို့ ဆရာတို့ ခံယူထားပါ သလဲ။
ဖြေ ။         ။ တိုင်းရင်းသား တွေရဲ့ အရေးမှာ UNFC ဟာ ကနေ့ အနေထားမှာ အဓိကနဲ့ အရေးကြီး နေတဲ့ အခန်းနဲ့ တိုင်းရင်းသား တွေရဲ့အရေးကို အဆုံး အဖြတ် ပေးမယ့် အခန်းကို ရောက်ရှိနေပြီးလို့ ခံယူ ထားပါတယ်။ ဘာကြောင့် အဲဒီလိုပြောရ သလဲ ဆိုရင်တော့ တိုင်းရင်းသားတွေ အတွက် အခွင့်အရေးတွေ တိုင်းရင်းသားတွေ လိုလား နေတဲ့ အမျိုးသား တန်းတူရေး နှင့် ကိုယ်ပိုင် ပြဌာန်းခွင့်တွေ အတွက် တောင်းဆိုဖို့ ဖြစ်ပါတယ်။ ဥပမာ လွတ်တော် နေရာမှာ ရရှိထား တဲ့ တိုင်းရင်းသား ညီနောင် ဖက်ဒရေးရှင်း ကတော့ သူတို့က လွတ်တော်ထဲမှာ လူနည်းစု ဖြစ်နေတယ်။ သူတို့က လွတ်တော်ထဲ မှာပြောအားက သိပ့်မရှိ ဘူး။ နောက်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ကလည်း သူတို့ကို အများကြီး ကန့်သတ် ထားတယ်။

ဗြိတိန်စစ်တက္ကသိုလ်သို့ သွားရောက်ခဲ့သည့် ဒေါ်စု



ဥရောပငါးနိုင်ငံ ခရီးစဉ် တထောက်အဖြစ် ဗြိတိန်နိုင်ငံကို ရောက်နေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အောက်တိုဘာ ၂၅ ရက်က Sandhurst တော်ဝင် စစ်တက္ကသိုလ်ကို သွားရောက်ခဲ့ပြီး မိန့်ခွန်းပြောခဲ့ပါတယ်။
Copy from - BBC Burmese

Sunday, October 27, 2013

အစိုးရစစ်ကြောင်းမှ မိုင်းရှင်းခိုင်းရာတွင် ရွာသားတစ်ဦး ထိခိုက်ဒဏ်ရာရ

 
၂၀၁၃ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့ အစိုးရတပ်နှင့်တအာင်းတပ်မတော်တို့ တိုက်ပွဲ ပြီးနောက် မြန်မာတပ်ရင်းအမှတ် ( ၅၀၆) နှင့်ပြည်သူ့စစ်ခေါင်းဆောင်ထွန်းမြတ်လေး အဖွဲ့တို့သည် ပန်အလော့ရွာသား ၁၀ဦးအား ပန်အလော့ရွာအတွင်း မိုင်းရှင်းခိုင်းနေကြောင်း သိရှိရပါသည်။

ပြောသည့်အတိုင်း မလုပ်ဆောင်ပါက အပြစ်ပေးအရေးမည်ဟု ခြိမ်းခြောက်သောကြောင့် ရွာသားများမှာ ကြောက်ကြောက်လှန့်လှန့်ဖြင့် မိုင်းရှာဖွေနေရသည်။

“ မြန်မာအစိုးရတပ်တွေက သူတို့တပ်သားတွေကို ခေါ်ပြီးမိုင်းမရှင်းခိုင်းဘဲ ကျွန်တော်တို့ ရွာသားတွေ ခေါ်ပြီးခိုင်းတာဟာ ကျွန်တော်တို့ တအာင်းလူမျိုးတွေကို သတ်ချင်နဲ့အတူတူပဲလေ ကျွန်တော်တို့လည်း

Saturday, October 26, 2013

အစိုးရတပ်မှတိုက်ပွဲအပြီး ကျောင်းထိုင်ဘုန်းကြီးအား လူဝတ်လဲပြီးဖမ်းဆီးထား

 
Saturday, 26 October
 
ယမန်နေ့ ၂၀၁၃ခုနှစ်၊ အောက်တိုလာလ(၂၅)ရက်နေ့တွင် ရှမ်းပြည်မြောက်ပိုင်း၊ တအာင်း(ပလောင်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော နမ့်ဆန်မြို့နယ်၊ ပန်အလော့ကျေးရွာတွင် နံနက်(၇)နာရီ မိနစ်(၄၀) မှ ၁၀ နာရီ ၂၅ မိနစ်အထိ မြန်မာတပ်ရင်းအမှတ်(၅၀၆)မှ တပ်ရင်းမှူးဇော်မျိုးလတ်နှင့် နမ့်ဆန်ပြည်သူ့စစ်ထွန်းမြတ်လေး ဦးဆောင်သည့်သော အင်အားတစ်ရာတို့ နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA)မှ တားအေဲမ်းတမောဝ်းနှင့် တားအလုမ်တို့ ဦးဆောင်သော တပ်ရင်း (၇၁၇နှင့်၂၅၆)တို့ စစ်ဖြစ်ပွားကြောင်း ရရှိပါသည်။ ဒဏ်ရာရစာရင်းနှင့် အသေအပျောက် စာရင်းအား သိရှိနိုင်ရန် ဆက်လက် စုံစမ်းနေကြောင်းသိရှိပါသည်။

ထိုကြောင့် အောက်တိုဘာလ(၂၅)ရက် ညနေပိုင်း (၃)နာရီအချိန်မှစ၍ မြန်မာတပ်ရင်း အမှတ်(၅၀၆) တပ်ရင်းမှူးဇော်မျိုးလတ်မှ အိမ်ခြေ(၅၀)ခန့်ရှိ ပန်အလော့ရွာသူ၊သားများအား ရွာပြင်ဘက်သို့ မထွက်ရ၊ ထွက်ပါက အပြစ်ပေး အရေးယူမည်ဟုအမိန့်ထုတ်ပြန်ထားကြောင်းသိရသည်။

ထိုအပြင် အစိုးရတပ်ရင်းဘက်မှ ပန်အလော့ကျေးရွာတွင်းရှိ ဘုန်းကြီးကျောင်းတွင် TNLA တပ်ရင်း၏ ဆိုင်ကယ်အားတွေ့ရှိပြီး စစ်ဆေးရာမှ ဆိုင်ကယ်အတွင်း လက်ပစ်ဗုံးတစ်လုံး ရှာဖွေတွေ့ရှိခဲ့ပါသည်။ ထိုလက်ပစ်ဗုံးအား ကျောင်းထိုင်ဆရာတော်ပိုင်ဆိုင်သည့် လက်ပစ်ဗုံးဟု စွပ်စွဲကာ ကျောင်းထိုင်

ဗြိတိန်တော်ဝင်စစ်တက္ကသိုလ် Sandhurst တွင် ဗိုလ်လောင်းများကို မိန့်ခွန်း ပြောကြားရန် ဒေါ်အောင်ဆန်းစုကြည်ရောက်ရှိ

ဗိုဟ်ချုပ်ကြီးတစ်ဦးမှ လေးစားကြည်ညိုစွာ ကြိုဆိုဧည့်ခံလျက်
 
ဗြိတိန်တော်ဝင်စစ်တက္ကသိုလ် Sandhurst တွင် ဗိုလ်လောင်းများကို မိန့်ခွန်း ပြောကြားရန် ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာတဲ့ပုံ ဖြစ်ပါတယ်..

မကြာခင် .. ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်ခုရဲ့
ကမ္ဘာ့အကောင်းဆုံး စစ်တက္ကသိုလ်တစ်ခုမှာ
ကျွန်တော်တို့...မြန်မာနိုင်ငံက.....

မြန်မာ့..တပ်မတော်ရဲ့ ဖခင်..
"ဗိုလ်ချုပ်အောင်ဆန်း" ရဲ့သမီး.."ဒေါ်အောင်ဆန်းစုကြည်" ဟာ.. အဲဒီကဗိုလ်လောင်းတွေကို ..
Lecture မိန့်ခွန်း ပြောကြားတော့မှာပါ..

သမိုင်းမှာ အရင်က မတွေ့ဖူးတဲ့
အဖြစ်ပျက်တစ်ခုပါ..၊

သူ့ကိုကြိုနေကြတဲ့..အင်္ဂံလန်တော်ဝင် စစ်တက္ကသိုလ်က တာဝန်ရှိတဲ့
စစ်ဗိုလ်တွေရဲ့ နွေးထွေးတဲ့ အပြုံးနဲ့ အမေ့ရဲ့ လှိုက်လှဲတဲ့ အပြုံးကို
တွေ့ရတာဟာ..ကျေနပ်စရာပါ..၊

ဒီအချက်ဟာလည်း..ဒေါ်စုရဲ့သမိုင်းမှာ...
မြန်မာ့ဂုဏ်ကို ဆောင်တဲ့ အချက်တစ်ခုဖြစ်သလို
မြန်မာနိုင်ငံပြည်သူတွေနဲ့ မြန်မာ့တပ်မတော်ကိုပါ. Image ကောင်းစေမယ်ဆိုတာတော့..မငြင်းနိုင်ပါဘူး.။
 
အင်တာနက်သတင်းစာမျက်နှာမ

Friday, October 25, 2013

လေးစားရတဲ့ ခေါင်းဆောင် ရှင်းရှင်းလေး ပြောသွားတာ သဘောပေါက်တယ်နော်....


(ကမ္ဘာ့မွတ်စလင်ပါဝါ) ဟာ အလွန်ကြီးမားတယ်ဆိုတဲ့ အတွေးအခေါ်
(စိုးရိမ်မှု၊ ဂရုပြုမိမှု) တွေ ရှိကြတယ်ဆိုတာ ရှင်လည်း လက်ခံနိုင်မှာပါ ။...


Aung San Suu Kyi - “You, I think, will accept that there’s a
perception that Muslim power, global Muslim power, is very greatand certainly that is the perception in many parts of the world and in our country too.”

ဒေါ်အောင်ဆန်းစုကြည် (ဘီဘီစီ အင်တာဗျူုး)
----------------------------------------------------------------------------------------------



 " မြန်မာပြည်မှာ
လူမျိုးတုံး သတ်ဖြတ်မှု့တွေ
မရှိပါဘူးတဲ့ ....

နှစ်ဘက် စလုံး အသတ်ခံနေကြရတာ " တဲ့
ရှင်းတယ် ရှင်းရှင်းလေး ပြောသွားတာ ၊


အင်တာနက်စာမျက်နှာသတင်း ကောကိနှုတ်ချက်မှ

တရားခံအမြန်ဆုံး ဖမ်းဆီးနိုင်ရေးအတွက် KNU တပ်မဟာ (၃) ပူးပေါင်းဆောင်ရွက်မည် ဟုဆို

တောင်ငူမြို့ ချမ်းမြေ့တည်းခိုခန်း ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး သံသယ တရားခံဟု သတ်မှတ်ခံရသော ကျောက်ကြီးမြို့နယ် မေတ္တာရပ်ကွက်နေ စောထွန်းထွန်း ကို ဖမ်းဆီးရမိရေးအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပြီး တွေ့ရှိပါက သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများသို့ အမြန်ဆုံး ပေးပို့အပ်နှံသွားမည် ဖြစ်ကြောင်း KNU တပ်မဟာမှူး ဗိုလ်မှူးချုပ် စောအယ်ကလူသိန်းက အောက်တိုဘာလ ၂၀ ရက်နေ့ ညနေ ၆ နာရီအချိန်တွင် The Voice သို့ပြောကြားသည်။

"တပ်မဟာ (၃) မှာလည်း သူ့ စာရင်းမရှိဘူး။ တပ်ဖွဲ့ဝင်လည်း မဟုတ်ဘူး၊ စောထွန်းထွန်းလို့ အမည်တပ်ထားပေမယ့် ကရင်တိုင်းရင်းသား တစ်ယောက်လည်း မဟုတ်ဘူး။ သူ့မိန်းမကတော့ ကရင်အမျိုး သမီးပါ" ဟု ၄င်းက ဆက်လက် ပြောကြားသည်။

အဆိုပါ သံသယတရားခံသည် တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် မေတ္တာ ရပ်ကွက်တွင် နေထိုင်သူဟု ပြောဆိုနေသော်လည်း ၄င်း၏ နောက်ကြောင်း ရာဇဝင်ကို လိုက်လံစုံစမ်းကြည့်ရာတွင် ကျောက်ကြီးမြို့နယ် အရှေ့ဘက်တောထဲ တွင် နေထိုင်သူတစ်ဦးသာ ဖြစ်ပြီး တောထဲတွင် ကြာကြာပုန်း၍ မဖြစ်နိုင်သဖြင့် ၄င်းဘယ်လောက်ပြေးပြေး လွတ်ရန် မရှိပါကြောင်း ကျောက်ကြီးမြို့နယ် အခြေစိုက် KNU တပ်မဟာ (၃)

ဆဂနမ်ခွမ်တိုက်ပွဲတွင် KIA ၃ ဦး ဒါဏ်ရာရရှိ

 
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မဘိန်းမြို့နယ် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တပ်ရင်း (၁၂) ဒေသ ဆဂနမ်ခွမ် Saga Nam Hkum ၌ အစိုးရတပ်ဖွဲ့ စစ်ကြောင်းများ ဂျေဦး၊ နမ်ခန်ဖက်မှ ထိုးစစ်ဆင် လှုပ်ရှားလာ သောကြောင့် ယမန်နေ့တွင်ပြင်းထန်စွာတိုက်ပွဲဖြစ်ပွားခဲ့ပြီး KIA တပ်ဖွဲ့ဝင် ၃ ဦး ဒါဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဆဂနမ်ခွမ် အနီးရောက်ရှိနေသော အစိုးရတပ် စကခ-၂၁ ဗန်းမော်လက်အောက်ခံ တပ်ဖွဲ့အင်အား ၃၀၀ ခန့်သည် KIA တပ်မဟာ (၃) တပ်ရင်း (၁၂) တို့နှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ချိန် KIA ၃ ဦး ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်ဟု KIA တပ်ရင်း (၁၂) တပ်ရင်းမှူး ဗိုလ်မှူးလဘန်ဂျွန်းအောင် (Major Labang Jawn Awng)က

Thursday, October 24, 2013

ခဲတလုံးဖြင့် ငှက်နှစ်ကောင်ပစ်ချသော ကချင်စစ်ပွဲ

 
စစ်ပွဲတွေ ဆက်ဖြစ်နေတယ်.. အပစ်ခေတ်ရပ်စဲရေးတွေလဲ လုပ်နေပါသတဲ့…စာရေးသူစကားမဟုတ်ပါ ..ပိစန်တာက ပြောတာပါ။ ပိစန်တာ(Peace Center) ဆိုတာ သိလား? “ပိ” ဆိုတာ ..ပဇောက်ကို ..လုံးကြီးတင်ထားတာပါ။ ပဇောက်က သူ့ဘာသာသူနေရင်အကောင်းသား ..အဓိပ္ပါယ်မရှိတဲ့ ၀လုံးကို သွားတင်လိုက်တော့ “ပိ” သွား ပြားသွားရတဲ့သဘောပါ။

 ပြည်တွင်းစစ် မီး စမွှေးပြီး စစ်ပွဲလုပ်ခဲ့တဲ့ လက်သယ်ကဘယ်သူလဲ? ... အဖြေက ရှင်းရှင်းကလေးပါ…အာဏာရူးကြီးမူးကြီး သန်းရွှေတို့ ပဉ္စလက်ဆယ်ဖြာနဲ့ အရှင်ထွက်ရာအကြောင်းကလေး မတိုင်ခင် တရုတ်ပြည်ခရီးမှာ တရုတ်အာဏာပိုင်တွေကို ပေးခဲ့တဲ့ ဘုံးဘောလအော ဂတိတွေကြောင့် မြစ်ဆုံမှာ လောဘတောင်တွေပုံပြီး တာပိန်မှာ လူလိမ်တွေ ဂတိကို ချိုးဖေါက်လို့ ကချင်ချေသလုံးပလွေ၇ိုးတွေကို နေပြည်တော်က သွားကြားထိုးတံစစ်တပ်နဲ့ အပေါက်ဖေါက်ပြီး လေပြေမှုတ်ဖို့လုပ်ရာက

စစ်တပ်ရဲ့သံသယ KIA ထောက်ပြ

 
တတိုင်းပြည်လုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲနိုင်ရေးနဲ့ ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ပေါင်းစုံ ကချင်ပြည်နယ် လိုင်ဇာမှာ သီးသန့်ညီလာခံလုပ် ဆွေးနွေးနိုင်ဖို့ အစိုးရက ခွင့်ပြုထားပေမဲ့ ကချင်ဒေသတွင်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတာကိုကြည့်ရင် စစ်တပ်ဘက်က တိုင်းရင်းသားဆွေးနွေးပွဲအပေါ် သံသယရှိနေပုံရတယ်လို့ KIO ဘက်က ပြောပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေချည်း ကျင်းပမယ့် ညီလာခံကို လေ့လာနိုင်ဖို့ အစိုးရကိုယ်စားလှယ်တွေ တက်ရောက်ဖို့ကိုလည်း ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။ အကြောင်းစုံကို ၀ိုင်းတော်သား ကိုဇော်ဝင်းလှိုင် က ဗွီအိုအေ ရန်ကုန်ရုံးကနေ သတင်းပေးပို့ထားပါတယ်။

ဒီလက်နက်ကိုင်အဖွဲ့အစည်းများ ညီလာခံအတွင်း အစိုးရရဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေး အစီအစဉ်နဲ့ နိုင်ငံရေးဆွေးနွေးပွဲ စတင်တဲ့အခါ တိုင်းရင်းသားတွေဘက်က တညီတညွတ်ထဲ တင်ပြကြမယ့် အချက်တွေကို ဆွေးနွေးဖို့အတွက် ဖြစ်တယ်လို့ ကေအိုင်အိုအဖွဲ့ရဲ့ ညှိနှိုင်းဆောင်ရွက်ရေးမှူးတဦးဖြစ်သူ ဦးဒေါင်ခါးက ဗွီအိုအေကို ပြောပါတယ်။

“အဓိကကျနော်တို့ ဒီတခေါက်မှာ ကျနော်တို့က Nationwide Ceasefire စီမံချက်ပေါ်မှာ အခြေခံပြီးတော့ ဘယ်လို ချဉ်းကပ်မလဲ။ ပြီးရင် Political Dialogue လုပ်လာတဲ့အချိန်မှာ ကျနော်တို့ Common Proposal

တရုတ်ဗျူဟာအရွေ့နဲ့ အမာလိုင်းအုပ်စုရဲ့ ခြေလှမ်းများ

                ဓာတ်ပုံထဲကသူတွေကို စာဖတ်သူတွေက သိပြီးသားမို့ မိတ်ဆက်မပေးတော့ပါ။
 
မြန်မာ့နိုင်ငံရေးမှာ တရုတ်ရဲ့ အခန်းကဏ္ဍ ဘယ်လောက်ကြီးတယ်ဆိုတာ အမေရိကန်အပါအ၀င် ကမ္ဘာ့ နိုင်ငံကြီးတွေလည်း သိနေကြတယ်။ 
 
တကယ်တော့ တရုတ်ဟာ အာဏာရှိသူနဲ့ပဲ ဆက်ဆံလေ့ရှိခဲ့တာပါ။ ဒါပေမယ့် မြစ်ဆုံအလွန်ကာလ တရုတ်ရဲ့ အကျိုး စီးပွား ဘီလျံနဲ့ ချီပြီးထိခိုက်နစ်နာခဲ့ရတယ်။ တရုတ်အနေနဲ့ သူ့ နိုင်ငံ၊ သူ့တရုတ် အမျိုးသား ပိုင် စီးပွားရေးလုပ်ငန်းတွေအပေါ် မြန်မာရဲ့ အကာအကွယ်ပေးမှုဟာ သံသယဖြစ်လာနေတာ ဆက်တိုက်ဆိုသလိုပဲ။ 

ဒီအတွက်ကြောင့် တရုတ်ကွန်မြူနစ်ပါတီ အမျိုးသားရေး ၀ါဒီတွေက မြန်မာကို သင်ခန်းစာပေးရမယ်ဆိုတဲ့ အသံတွေတောင် ထုတ်ဖော်ပြောဆိုလာကြတယ်။ 

မြန်မာလူထုအကြား တရုတ်ဆန့်ကျင်ရေး ဘယ်လောက်ထိ အမြစ်တွယ်နေလဲဆိုတာ သုတေသီ ဟန်ဆောင် ထားတဲ့ တရုတ်ထောက်လှမ်းရေးတွေ တသုပ်ပြီး တသုပ် မြန်မာပြည်ကို လာလေ့လာကြ တယ်။ 

မြစ်ဆုံကိစ္စဟာ တရုတ်အနေနဲ့ အတော်မျက်ကလူးဆန်ပြာ ဖြစ်သွားခဲ့ရလို့ပါဘဲ။ ဒီမှာပဲ တရုတ်အာဏာ ပိုင်
တွေက မြန်မာမှာ ထားတဲ့ သံအမတ်ကို လဲလိုက်တယ်။ မြန်မာအပေါ် ထားတဲ့ ပေါ်လစီကို ပြန်သုံးသပ် လာတယ်။ 

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD၊ ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့ အခြား ဒီမိုကရေစီအင်အား စုတွေ၊ တိုင်းရင်းသားလက်နက်ကိုင်သူရော၊ မကိုင်သူတွေရောနဲ့ မြန်မာမီဒီယာတွေထဲကို စိမ့်ဝင် ထိုး
ဖောက် ဖျားယောင်းသွေးဆောင်ပြီး ၀ယ်လို့ရတဲ့သူကို ၀ယ်တယ်။ ရံလို့ရတဲသူကို ရံတယ်။ ကာလို့ရတဲ့ သူကို ကာတယ်။ ဒီအထဲ ပြည်ပအခြေစိုက် အဖွဲ့အစည်းတချို့နဲ့ မီဒီယာသမားတချို့တောင် ပါသွားခဲ့တယ်။ ဒီလိုနဲ့ မြစ်ဆုံပြန်စရေး အတိုက်အခံ ဆိုသူတွေကို တရုတ်ပြည်ထိပါ ဖိတ်ပြီး သဘောထားပြန်တောက်
ကြည့် တယ်။ 

ခက်တာက ၈၈ မျိုးဆက်အပါအ၀င် အတိုက်အခံဆိုသူတွေက လက်ရှိ သမ္မတ ဦးသိန်းစိန် အစိုးရနဲ့ တူတာတွဲလုပ်၊ မတူတာခွဲလုပ်မယ်ဆိုတဲ့ သဘောထားကို ပေးခဲ့ကြတော့ တရုတ်ကြီးလည်း ပြန်စဉ်းစား သွားရတယ်။ 

မြန်မာပြည်မှာ အာဏာတကယ်အခုချိန်ထိ ရှိနေတာ ဘယ်သူလည်းပေါ့။ ဒီတော့ နောက်ဆုံး အဖြေက တွေ့ သွားတယ်။ စစ်တပ်ပဲတဲ့။ ဒါကြောင့် စစ်တပ်ရဲ့ အကြီးအကဲ ကာ/ချုပ် မင်းအောင်လှိုင်ကို တရုတ်ပြည် ဖိတ်၊ ဒူးတိုက်ဆွေးနွေးရတာပေါ့။ 

ဒီနေရာ မှာ ကာ/ချုပ် မင်းအောင်လှိုင်က တရုတ်ကို မသွားချင်ပဲ သွားခဲ့ရတယ်လို့ MM Play Boys တို့က သတင်းရခဲ့တယ်။ ဖြစ်နိုင်ခြေရှိပါတယ်။ 

အရင်တပ်ချုပ်ကြီးက ဗိုလ်ချုပ်ဝေလွင်နဲ့ တဆင့် ပြော လိုက်တာကတော့ တရုတ်ဟာ ထာဝရ အိမ်နီးချင်း၊ မဖြစ်မနေ သွားရမယ်။ မသွားရင် အားလုံးရဲ့ အကျိုး စီးပွား ထိခိုက်ကုန်ရင် မကုန် မသာပေါ်ကုန်မယ် ဆိုတော့ မင်းအောင်လှိုင်လည်း သုပ်ခြေတင် ချန်ဒူးကနေ ပီကင်းထိ ပြေးရတော့တာပါဘဲ။ 

ဒါပေမယ့် ပြဿနာက အထည်အကြီးအတိုင်း ရှိနေသေးတယ်။ ဒါက မြန်မာပြည်တွင်းက တရုတ်မုန်းတီး
ရေး ဆန့်ကျင်ရေး စိတ်တွေနဲ့ လှုပ်ရှားမှုတွေပဲ။ 

ဒါတွေဟာ ပြီးခဲ့တဲ့ နှစ်က ရခိုင်ကိစ္စနဲ့ ကိုယ်ရှိန် သတ်သွားပေ မယ့် အကင်းမသေဘူးဆိုတာ တရုတ်က သိနေတယ်။ တရုတ်ရဲ့ အရွေ့က မြန်မာအပေါ် တအိအိ ဖိကျလာခဲ့တယ်။ 

ဒါကြောင့် အရင်က ဆက်ဆံကခဲ့တဲ့ စာဖတ်နေသူကြီးရယ်၊ ရှစ်လုံး ခေါ် သီဟသူရတင်အောင်မြင့်ဦးနဲ့ ဦးအောင်သောင်းတို့ အုပ်စုကို ပြန်ပြီး မျက်နှာသာပေး တိတ်တဆိတ်ဆက်ဆံမှုမျက်နှာစာ ပြန်ဖွင့်တယ်။ 

ဒီဘက်က ဦးအောင်သောင်းတို့လည်း ရေငတ်နေသူ ရေတွင်းထဲ ကျဆိုသလိုပဲ၊ အကြံတူတော့ မိတ်ဆွေ
ပေါက်ဖော်ဟောင်းကြီးတွေနဲ့ အလွမ်းသင့်ပြီးသား။ 

ဗိုလ်သိန်းစိန်တို့ ပြုပြင်ပြောင်းလဲရေး သမားတွေက တရုတ်ရင်ခွင်ကနေ အမေရိကန် ရင်ခွင်ကို ချည်းကပ် ချင်သူတွေ၊ တနည်းအားဖြင့် တရုတ်နဲ့ အမေရိကန် ကြား နိုင်ငံရေး ကစားပြီး မုန့်ပိုကျွေးအောင် တောင်းနေ ချိန်၊ မြန်မာပြည်ကြီး အမေရိကန်နဲ့ နီးသွားရင် ငါတို့ ရှားထားသမျှတွေနဲ့ ရှားစားဖို့အတွက် အခက်တွေ့

ကချင်စစ်ပြေး ဒုက္ခသည်စခန်းတစ်ခုအား အစိုးရတပ်ဖွဲ့ ပစ်ခတ်သိမ်းပိုက်

 
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်၊ မုန်းဒိန်ပါ ကျေးရွာ အနီးရှိ ကချင်စစ်ပြေး ဒုက္ခသည် စခန်းအား ဗန်းမော်အခြေစိုက် အစိုးရ တပ်များက လက်နက်ငယ် လက်နက်ကြီး များဖြင့် ပစ်ခတ်ပြီး ၀င်ရောက်သိမ်းပိုက် ခဲ့သည်ဟု ကချင်လွတ် လပ်ရေးတပ်မတော် (KIA) စစ်ရုံးချုပ်က အရာရှိ တစ်ဦးက ဆိုသည်။

၎င်းအရာရှိက “ ဗန်းမော်က အမှတ်(၂၁) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်က ဗျူဟာမှူး ကိုယ်တိုင် ဦးစီးပြီးတော့ ဒီနေ့ မနက် (၁၁) နာရီ မှာ လက်နက် ကြီးနဲ့ စတင် ပစ်ခတ် ပြီးတော့ (၂) နာရီ ခွဲလောက်မှာ ဒုက္ခသည် စခန်းကို တက်သိမ်း လိုက်တာပါ။ ထိခိုက်မှု ရှိနိုင် ပါတယ်။ အသေးစိတ် ကိုတော့ လောလောဆယ် မသိရ သေးဘူး” ဟု ဆိုပါသည်။

အောက်တိုဘာ (၇) ရက်နေ့ ဗန်းမော် ခရိုင် မန်စီ မြို့နယ်၌ အစိုးရတပ်အင်အား ဖြည့်တင်း မှုကြောင့် နားအူကြီး ကျေးရွာ သားများ ဗန်းမော် မြို့ပေါ်ကို ထွက်ပြေး လာကြစဉ်

မုန်းဒိန်ပါ ဒုက္ခသည် စခန်းကို ၀င်ရောက် သိမ်းပိုက် ခဲ့သော အစိုးရ တပ်ဖွဲ့ များမှာ စကခ (၂၁) မှ နည်းဗျူဟာမှူး ဦးစီးပြီး ခလရ ၄၅ ၊ ခလရ ၅၆ ၊ ခမရ ၂၃၆ ၊ ခမရ ၂၄၀၊ ခမရ ၂၇၆ ၊ ခမရ ၆၀၁ နှင့် ခမရ ၆၀၂ တပ်ဖွဲ့များ ပါဝင်သော စုစုပေါင်း အင်အား တစ်ထောင် ကျော်ဖြင့် စစ်ဆင် ခဲ့ခြင်း ဖြစ်သည်။

အစိုးရတပ်များစစ်ဆင်ရေးတွင် ယမန်နေ့ ပစ်ခတ်မှုအတွင်း မုန်းဒိန်ပါ ရွာသား နှစ်ဦး ဒဏ်ရာ အနည်းငယ် ရရှိ ခဲ့သော်လည်း ယနေ့တွင် ဒုက္ခသည် စခန်းကို ပစ်ခတ် ရှင်းလင်းခဲ့ရာ၌ ထိခိုက်မှု မသိရသေးဟု ဗန်းမော်မြို့ ဂရုဏာ လူမှု ကယ်ဆယ်ရေး အဖွဲ့မှ စီမံကိန်း ကြီးကြပ် ညွှန်ကြားသူ ကိုနော်ဒင်းမှ ဆိုပါသည်။

ယင်း မုန်းဒိန်ပါ ကျေးရွာ နားရှိ ဒုက္ခသည် စခန်းသည် မန်စီ မြို့နယ်ရှိ ကျေးရွာ များမှ စစ်ပြေး ဒုက္ခသည် အင်အား (၅၀၀) ခန့် ရှိပြီး၊ ၂၀၁၁ခု နှစ် အစိုးရ စစ်ဆင်ရေး စတင် ကတည်းက ထွက်ပြေး နေရသော ရွားသားများ ဖြစ်သည်ဟု KIO ထိန်းချုပ် နယ်မြေ တွင်းရှိ စစ်ပြေး ဒုက္ခသည် စခန်းကော်မီတီမှ ဦးဒွဲပီဇာက ပြောသည်။

ယင်းနေရာ သည်လည်း ယခင်က KIA တပ်ရင်း (၁၂) နေရာဟောင်း ဖြစ်ပြီး အစိုးရ စစ်ဆင် ရေးကြောင့် ဆုတ်ခွာ လိုက်သည်မှာ ၂၀၁၂ ခုနှစ် နှစ်လည် ကတည်း ကပင် ဖြစ်ပါသည်။ ဤကဲ့သို့ အချိန် ကြာမြင့်စွာ ဆုတ်ခွာ ခဲ့သော နေရာသို့ အနီး အနားရှိ ဒုက္ခသည် များက သွားရောက် အခြေချ ခဲ့ခြင်း ဖြစ်ပါသည်။

သို့သော် အဆိုပါ နေရာအား စကခ (၂၁) စစ်ဗျူဟာမှ ယနေ့ နေ့လည် ပိုင်းတွင် မော်တာ လက်နက်ကြီးများ ပစ်သွင်းပြီး တက်ရောက် စခန်းသိမ်း လိုက်ခြင်း ဖြစ်ပါသည်။

“ဒီနေရာမှာ KIA တပ်တွေ မရှိတာ ကြာပြီးလေ။ တကယ်ဘဲ KIA တပ်တွေ ရှိမယ် ဆိုရင် တိုက်ပွဲတွေ အကြီးအကျယ် ဖြစ်မှာပေါ့။ အရင် တုန်းက ဆိုရင် သူတို့ အဲဒီလို ပစ်ပြီးတော့ ဆုတ်ဆုတ် သွားတယ်လေ။ ဒီတပွဲ မှာတော့ ဒုက္ခသည် စခန်းကိုပါ တက်သိမ်း လိုက်တယ်။ ဒုက္ခသည် တွေကတော့ ဘယ်လို ဖြစ်သွား

ပြဿဒါးနေ့ မရှိတဲ့ နမ့်ခမ်း မူးယစ်ဈေးဆိုတာ

 နမ့်ခမ်းချောင်းဘေးက ကျောက်ဆောင်တွေကို အမှီပြုပြီး မူးယစ်ဆေးဝါး သုံးစွဲနေကြသူများ (ဓာတ်ပုံ - ကျော်ခ / ဧရာဝတီ)
 
“ကျနော်တို့ မြို့ပေါ်မှာ မူးယစ်ဆေးဝါးက ဟင်းသီးဟင်းရွက် ဈေးလို ရောင်းနေတုန်းပဲ၊ ဥပဒေ စိုးမိုးမှု ကတော့ လုံးဝကို မရှိတာ”လို့ ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) ရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ အရာရှိ တဦးက နမ့်ခမ်းမြို့ရဲ့ မူးယစ်ဆေးဝါး ရောင်းချ၊ သုံးစွဲနေမှုတွေ ကို ညွှန်းဆို ပြောပြပါတယ်။ 
 
သူ့ရဲ့ ပြောပြချက်ကြောင့် သိချင်စိတ်နဲ့ ကျနော်တို့ ရောက်ရှိနေတဲ့ မန်တုံမြို့နယ်ထဲကနေ နမ့်ခမ်းမြို့ကို ခရီးနှင်ဖို့ ဆုံးဖြတ် လိုက်ပါတယ်။ ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့က မူးယစ်ဆေးဝါး ရောင်းတဲ့ နေရာ
တွေ ကို သွားဖို့အတွက် TNLA တပ်မှူးတွေကလည်း အကူ အညီ ပေးပါတယ်။ 

နောက် တနေ့ မနက် မှာတော့ တောင်တက် လမ်းတွေကို ကျော်ဖြတ်ရမှာ ဖြစ်တဲ့အတွက် တရုတ် နိုင်ငံ ထုတ် Kenbo ဆိုင်ကယ် ၂ စီးရဲ့ ဘီးတွေကို ချိန်းကြိုးပတ်ပြီး နမ်းခမ်းမြို့ခရီးစဉ်ကို စတင်လိုက်ပါတယ်။ 

မန်တုံကနေ နမ့်ခမ်းကို သွားတဲ့လမ်းကတော့ မိုင်းဝီးမြို့ပေါ် တနေရာက လွဲပြီး အဆင်းအတက် တောင်ပေါ် လမ်းတွေချည်းပဲ ဖြစ်ပါတယ်။ လမ်းတလျှောက်မှာတော့ လက်ဖက်စိုက်ခင်းတွေ အပြင် ရခိုင်ပြည်နယ် ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ် အထိ သွယ်တန်းထားတဲ့ မြေဖို့ပြီးလက်စ ရေနံနဲ့ ဂက်စ် ပိုက်လိုင်းကြီး လည်း မြင်တွေ့ရပါတယ်။ 

မညီညာတဲ့ တောင်ပေါ်လမ်းတွေကို နေ့တဝက်လောက် ကျော်ဖြတ်လာခဲ့ အပြီးမှာတော့ ရှမ်းပြည်နယ်
မြောက်ပိုင်းက နမ့်ခမ်းမြို့ ကို စတင်မြင်တွေ့ခွင့်ရခဲ့ပါပြီ။ မြို့အဝင်ဂိတ်မှာတော့ နမ့်ခမ်းမြို့နယ် အခြေစိုက် ပန်းဆေး ပြည်သူ့စစ်အဖွဲ့တွေက မြို့ကိုဝင်ထွက် နေတဲ့ ကားနဲ့ဆိုင်ကယ် တွေကို စစ်ဆေးမှုတွေ

ဗုံးပေါက်ကွဲမှု ဖော်ထုတ်ရန် အမေရိကန် ကူညီဟုဆို

အောက်တိုဘာ ၂၃ ရက် ၂၀၁၃

အမေရိကန်နိင်ငံသူတစ်ဦး ထိခိုက်ဒဏ်ရာရှိခဲ့သည့် ကုန်သည်ကြီးများ ဟိုတယ် ဗုံးပေါက်ကွဲမှုကို ဖော်ထုတ်
နိင်ရန် အမေရိကန် ပြည်ထောင်စုက နည်းပညာများ ပံ့ပိုးကူညီခဲ့ကြောင်း သမ္မတရုံးမှ အဆင့်မြင့် အရာရှိတစ်ဦးကပြောကြားသည်။

ကုန်သည်ကြီးများဟိုတယ်တွင် ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသမီးသည် အမေရိကုန်နိင်ငံတွင် ကျင်းပမည့် သမ္မတ ရွေးကောက်ပွဲဝင်ပြိုင်မည့် သမ္မတလောင်း တစ်ဦး၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

“ဗုံးကို အသက်သွင်း ထောင်ဖို့နေရာကို ဖုန်းဆက်ပြီး ညွန်ကြားချက်တောင်းခံတာကို ဖော်ထုတ်ဖို့ အမေရိကန်ကအချိန်နဲ့ တပြေးညီ ကူညီ ပေးတယ်”ဟု ၎င်းက ဆိုသည်။ ဟိုတယ်တွင် ဗုံးထောင်ရန်လာရောက်တည်းခိုသူသည် ဓါတ်လှေကားကိုပင် အသုံးမပြုတတ်၍ ဟိုတယ်ဝန်ထမ်းက လိုက်ပို့ပေးခဲ့ရသည်ဟု ဆိုသည်။

အမေရိကန်အမျိုးသမီး၏ အခြေအနေမှာ အရေးပေါ်စိုးရိမ်ရသည့် အခြေအနေတွင် မရှိတော့ကြောင်း၊ ခြေထောက်နှစ်ဖက်စလုံးမှာ ဗုံးစများ မှန်ထားသောကြောင့်မတ်တပ်မရပ်နိုင်သေးကြောင်း၊ ကျောက်ကပ်ကို
အနည်းငယ်ထိခိုက် သွားသည်ဟု ယူဆရကြောင်းဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး

KIA တပ်မဟာ (၃) အား အစိုးရ နည်းဗျူဟာ (၅) ခုဖြင့် အပြင်းအထန်ထိုးစစ်ဆင်နေ

 
ရှမ်းပြည် မြောက်ပိုင်းရှိ မြောက်ပိုင်းတိုင်း စစ်ဌာန ချုပ်မှ မိုးမိတ် အခြေစိုက် အစိုးရ ခမရ (၃၄၈) နှင့် ခမရ (၄၃၇) တို့၏ စစ်ကြောင်း များသည် ရှမ်းပြည် မြောက်ပိုင်း မဘိန်း မြို့နယ်တွင် လှုပ်ရှား နေသော ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ (၃) မှတပ်ရင်း (၁၂) တပ်ဖွဲ့ များနှင့် စကနမ်ခုန် ရွာဟောင်း၌ ယနေ့ မနက် ၁၀ နာရီမှ မွန်းလွဲ (၃) နာရီ အထိ တိုက်ပွဲ ဖြစ်ပွား နေဆဲဟု အမှတ် (၁၂) KIA တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး ဂျွှမ်းအောင်က ဆိုပါသည်။

“သတင်း ပေါက်ကြားမှု မရှိအောင် တောလမ်း ကနေ ချီတက် လာတယ်။ ရွာတွေကို လျှပ်တပြက် ၀င်ပြီး၊ လူတွေကို ရွာပြင် မထွက်ရ အမိန့် ထုတ်ပြီး၊ ရွာထဲမှာ ရှိတဲ့ ဖုန်းတွေကို ပိတ်ခိုင်း ပါတယ်။ အဲဒီလို ချီတက် လာတော့ ကျနော်တို့ သတင်း မရ လိုက်ဘဲနဲ့ ဒီမနက်မှာ ကျနော်တို့ တပ်ရေး ဗိုလ်ကြီး ဦးစီးတဲ့ အဖွဲ့နဲ့ တိုက်ပွဲ ဖြစ်ခဲ့ တာပေါ့ ကျနော်တို့ ဖက်က အရင် တိုက်နေ တာတော့ မဟုတ်ပါဘူး” ဟု ဆိုပါသည်။

အစိုးရ တပ်ဖက်မှ စစ်ကြောင်း (၃ ကြောင်းဖြင့်အင်းအား(၂၀၀) ကျော်ရှိသည့် နည်းဗျူဟာ တခုဖြင့် စစ်ဆင် နေပြီး ယခု တိုက်ပွဲတွင် အစိုးရ တပ်ဖွဲ့မှ အလောင်း (၅) လောင်း ကျန်နေ ခဲ့သဖြင့်အများအပြား ဒဏ်ရာ ရဖွယ် ရှိနေ သည်ဟု ဆိုပါသည်။ KIA တပ်ဖွဲ့မှ ဗိုလ်ကြီး တဦး အပါဝင် တပ်ကြပ် တဦးအနည်းငယ် ဒါဏ်ရာ ရရှိ ခဲ့သဖြင့်

အခြေအနေ ကောင်ပြီး အသာစီး ရနေကြောင်း ဆိုပါသည်။ ဤသို့ကြောင့် KIA တပ်ရင်း(၁၂) မှူးသည် ယင်း စစ်မျက် နှာသို့ အင်အား ဖြည့်တင်းရန် ရောက်ရှိ နေပြီး အထိနာ နေသောအစိုးရ စစ်ကြောင်းကို ချေမှုန်းရန် စီစဉ် နေသည်ဟု ဆိုပါသည်။

တိုက်ပွဲ ဆက်လက် ဖြစ်ပွားရန် ရှိနေပြီး၊လက်ရှိ တိုက်ပွဲ၌ အစိုးရ တပ်များသည် ၄င်းတို့၏ စစ်ကြောင်း များအားကူညီရန် အားထုတ် နေသဖြင့် ၆၀မမ နှင့် (၈၁) မမ လက်နက်ကြီး များကို အားသွန် ခွန်စိုက် အသုံးပြု နေကြကြောင်းတိုက်ပွဲသည် ညနေ (၃) နာရီ အချိန်ထိ ဖြစ်ပွား နေဆဲဟု ယင်းတိုက်ပွဲရှိ ရှေ့တန်းရောက် တပ်မှူးက ဆိုပါသည်။

အစိုးရ တပ်များသည် ဗန်းမော် အခြေစိုက်အမှတ်(၂၁) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်မှ တပ်ဖွဲ့ များကို အခြေခံပြီး နည်းဗျူဟာ (၄) ခုဖြင့် KIA တပ်မဟာ (၃) မှ တပ်ရင်း (၁၂) လှုပ်ရှားရာ ဧရိယာအား စစ်ဆင်

Wednesday, October 23, 2013

KIO ဦးဆောင်သော တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဝင်များ ဆွေးနွေးပွဲ ဒီလ(၂၈)ရက်နေ့ပြုလုပ်မည်

KIO ဦးဆောင်သော တိုင်းရင်းသား လက်နက်ကိုင်
===========================
တပ်ဖွဲ့ဝင်များ ဆွေးနွေးပွဲ ဒီလ(၂၈)ရက်နေ့ပြုလုပ်မည်
=============================
(KNG)
အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)ကြားဆွေးနွေးပွဲသဘောတူညီချက်အရ KIO ဦးဆောင်ပြီး တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးခေါင်များပါဝင်သော တနိုင်ငံလုံးအတိုင်းအတာ အပစ်ရပ်ရေးကိစ္စ ဆွေးနွေးပွဲကို အောက်တိုဘာလကုန်ပိုင်း ၂၈-၃၀ ကြား ဌာနချုပ်လိုင်ဇာမြို့တွင် ပြုလုပ် ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ KIO ဦးဆောင်ပြုလုပ်သွားမည့် ဆွေးနွေးပွဲနှင့်ပတ်သက်၍ ဗဟိုဌာနချုပ် ငြိမ်းချမ်းရေးခေါင်းဆောင် ဦးဆွမ်လွတ်ဂမ် KNG ကချင်သတင်းဌာန သို့ ပြောသည်။

"တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အစိုးရနဲ့ဆွေးနွေးသွားတဲ့အချိန်မှာ KIO ဘယ်လိုပါဝင်မယ်၊ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့သဘောတူညီစွာဆွေးနွေးပြီးတော့ အခုအစိုးရကနေခေါ်နေတဲ့ တနိုင်ငံလုံးလက်မှတ်ထိုးဖို့ ခေါင်းစဉ်အောက်မှာ ဆွေးနွေးသွားမယ် အားလုံးရဲ့အမြင်တွေဖလှယ်သွား မှာဖြစ်တယ်"

ဆွေးနွေးပွဲတွင် ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ UNFC  အဖွဲ့ဝင်တပ်များနှင့် အဖွဲ့ဝင်မဟုတ်သော “ဝ” တပ်ဖွဲ့များ၊ အခြားတပ်ဖွဲ့များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ ၈၊ ၉၊ ၁၀ အတွင်း မြစ်ကြီးနားမြို့တွင် ပြုလုပ်သော ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် KIO ဆွေးနွေးပွဲတွင် အပစ်အခတ်ရပ်ဆဲရေးလက်မှတ်ထိုးပွဲသို့ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIO) တက်ရောက်မည် မတက်ရောက်မည်ကို အစိုးရကို အကြောင်းမကြားမီတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် ဆွေးနွေးပွဲတရပ်ပြုလုပ်ကျင်းပရန် တောင်းဆိုခဲ့ချိန် အစိုးရဘက်မှ သဘောတူခဲ့ခြင်း ဖြစ်သည်။

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIO)သည် ပြီးခဲ့သည့် အောက်တိုဘာ ၁၈ ရက်နေ့တွင်လည်း KIO ဗဟိုဌာနချုပ်လိုင်ဇာမြို့တွင် လူထုရှင်းလင်းပွဲတရပ်ပြုလုပ်ကာ ဆွေးနွေးပွဲရလဒ်များကိုဖလှယ်ပေးခဲ့သည်။
 
အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)ကြားဆွေးနွေးပွဲသဘောတူညီချက်အရ KIO ဦးဆောင်ပြီး တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးခေါင်များ ပါဝင်သော တနိုင်ငံလုံးအတိုင်းအတာ အပစ်ရပ်ရေးကိစ္စ ဆွေးနွေးပွဲကို အောက်တိုဘာလကုန်ပိုင်း ၂၈-၃၀ ကြား ဌာနချုပ်လိုင်ဇာမြို့တွင် ပြုလုပ် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ KIO ဦးဆောင် ပြုလုပ်သွားမည့် ဆွေးနွေးပွဲနှင့်ပတ်သက်၍ ဗဟိုဌာနချုပ် ငြိမ်းချမ်းရေးခေါင်းဆောင် ဦးဆွမ်လွတ်ဂမ် KNG ကချင်သတင်းဌာန သို့ ပြောသည်။

"တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အစိုးရနဲ့ ဆွေးနွေးသွားတဲ့အချိန်မှာ KIO ဘယ်လိုပါဝင်မယ်၊ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ သဘောတူညီစွာဆွေးနွေးပြီးတော့ အခုအစိုးရကနေခေါ်နေတဲ့ တနိုင်ငံလုံး လက်မှတ်ထိုးဖို့ ခေါင်းစဉ်အောက်မှာ ဆွေးနွေးသွားမယ် အားလုံးရဲ့အမြင်တွေဖ လှယ်သွား မှာဖြစ်တယ်"

ဆွေးနွေးပွဲတွင် ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်တပ်များနှင့် အဖွဲ့ဝင်မဟုတ်သော “ဝ” တပ်ဖွဲ့များ၊ အခြားတပ်ဖွဲ့များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ ၈၊ ၉၊ ၁၀ အတွင်း မြစ်ကြီးနားမြို့တွင် ပြုလုပ်သော ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် KIO ဆွေးနွေးပွဲတွင် အပစ်အခတ်ရပ်ဆဲရေးလက်မှတ်ထိုးပွဲသို့ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIO) တက်ရောက်မည် မတက်ရောက်မည်ကို အစိုးရကို

ဗုံးကွဲမှုတွေနောက်ကွယ်က အမာလိုင်း အုပ်စု


ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်အပါအ၀င်နေရာတချို့နဲ့ တောင်ငူ၊ မန္တလေး စတဲ့ မြို့တချို့မှာ ဗုံးတွေ ပေါက်၊ ဗုံးတွေတွေ့ နဲ့မို့ ဒီဗုံးကွဲမှုတွေဟာ ဆန်းကြယ်ပြီး နောက်ကွယ်က ရည်ရွယ်ချက် ကြီးကြီး မားမားရှိတဲ့ အုပ်စုကြီးတခုက ကိုင်တွယ်နေတယ်ဆိုတာ ပေါ်လွင်တယ်။ 
 
ဒီဗုံးကွဲမှုတွေနဲ့ တဆက်တည်း ရန်ကုန်မြို့က ဆမ်ဆောင်း စင်တာမီးလောင်သွားတာ သတိထားမိလိုက်ကြ မယ်ထင်တယ်။ 
 
MM Play Boys က စုံစမ်းရသလောက် အခု ဗုံးကွဲမှုတွေရဲ့ နောက်ကွယ်မှာ သရေစည်သူ ထွန်းဝင်းနဲ့ ဆမ်ဆောင် မြန်မာပြည် ကိုယ်စားလှယ် သန်းဝင်းအောင်တို့ ပါဝင်ပတ်သက်နေတာပါဘဲ။ သူ တို့  နောက် မှာ အမာလိုင်းက အဘ တဦး ဦးပါဝင် နိင် တယ်လို့ ယူဆလို့ရနေပါတယ်။ 

သူတို့ က သိန်း ၆ ထောင်ရင်းပြီး ဗုံးခွဲတဲ့ လှုပ်ရှားမှုကို လုပ်တာဖြစ်ပြီး KNU နဲ့ မကင်းတဲ့ ကရင်တချို့ကို ငှားရမ်းခဲ့တယ်လို့သိရပါတယ်။ 


မွတ်စလင်ဘာသာဝင်တို့ရဲ့ ပြီးခဲ့တဲ့ အိဒ်နေ့မှာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွဋ် အမြတ် ရွှေတိဂုံဘုရားပေါ် မှာ ဗုံးခွဲခိုင်းတာဖြစ် တယ် လို့ ဖမ်းမိထားတဲ့ ကရင်က ဖြှောင့်ချက်ပေးတယ်။ 

အဲဒီဖြောင့်ချက်ပေးတယ်လို့ သတင်းတွေ ထွက်လာအပြီး မြန်မာပြည် ဆမ်ဆောင် ကိုယ်စားလှယ်က သူရုံးကို သူကိုယ်တိုင် မီးရှို့ပြီး ထွက်ပြေးသွားပါပြီ။ ဒါကြောင့် သူ့ကို နိုင်ငံတကာ ရဲတပ်ဖွဲ့လို့ ခေါ်တဲ့ InterPol နဲ့ တိုင်ကြား ထားပါတယ်။ 

ဆမ်ဆောင် မြန်မာပြည်ကိုယ်စားလှယ် သန်းဝင်းအောင် ဆိုတာက ဦးမြသင်းအောင် သားဖြစ်ပါတယ်။ ဦးမြသင်းအောင် ဆိုတာ ပုလဲကင်း ကွာစိ လုပ်ငန်းပိုင်ရှင်ဖြစ်ပါတယ်။ 

သန်းဝင်းအောင်တို့ သူ့အဖေ ဦးမြသင်းအောင်တို့ဟာ စာဖတ်နေသူ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ
ခေတ်မှာ ချမ်းသာလာတာဖြစ်ပါတယ်။ 

သူတို့ ဘာကြောင့် ဒါတွေလုပ် 

မြန်မာ့ နိင်ငံရေးမှာ အဏာရတွေထဲမှာ အုပ်စု ၂ စု ဖြစ်လာနေပါတယ်။ 

ပထမ အုပ်စုတော့ သမ္မတ ဦးသိန်းစိန်၊ ဦးအောင်မင်း၊ ဦးစိုးသိမ်းတို့ ပါဝင်ပြီး အမေရိကန်လိုလားသူ၊ ဒီမိုကရေစီ အင်အားစုတွေ၊ တိုင်းရင်းသားတွေပါတဲ့ အဖွဲ့ ဖြစ်လာနေပြီး နောက်တဖွဲ့ကတော့ ဦးအောင်သောင်း တို့လို ဂိုဏ်းမာလိုင်းတွေ၊ ခရိုနီတချို့နဲ့ တရုတ်လိုလားသူတွေဆိုတဲ့ အုပ်စု ၂ ခု ကွဲလာနေပါပြီ။ 

အခု ဗုံးကွဲမှုဖြစ်စဉ်နဲ့ မြန်မာနိုင်ငံရေး အုပ်စုကြီး ၂ ခု ကြားက တိုက်ပွဲကို ထင်ဟပ်တဲ့ နိုင်ငံရေးလုပ်ကြံမှု လည်း ဖြစ်ပါတယ်။ 

အခု သမ္မတ ဦးသိန်းစိန်နဲ့ ပြုပြင်ပြောင်းလဲရေးသမားတွေ၊ ဦးသိန်းစိန်တို့အုပ်စုနဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးမှာ လက်တွဲ ပူးပေါင်း လုပ်ဆောင်လိုကြတဲ့ တချိန်က အတိုက်အခံ အုပ်စုတွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေထဲက ပူးပေါင်း ဆောင်ရွက်ရေးလုပ်ဆောင်လိုသူတွေရဲ့ လုပ်ရပ်တွေကြောင့် နိုင်ငံ

ဆိတ်ဖလူးတော (အင်းစိန်ထောင်) က ဘအုပ်စောင့်နေမယ်

ဒီကနေ့ ဗိုလ်ချုပ် မနက်ဖြန် အကျဉ်းသား။
ဒီကနေ့ ခရိုနီသူဌေးကြီး
မနက်ဖြန် အကျဉ်းသားထောင်ကျ
 
ကျုပ်သူရိယအလင်းဂျာနယ် ကို ပြီးခဲ့တဲ့တစ်ပတ်နှစ်ပတ်က ပေးပို့ လိုက်တဲ့ စာမူ ''အခွန်မဆောင်၊ အခွန်ရှောင်ခရိုနီကြီးများအား အင်းစိန်ထောင်မှ ကြိုဆိုပါ၏'' ဆိုတဲ့ ဆောင်းပါးကို ပြည်သူလူထု အထူးနှစ်သက်အားပေးကြတယ် ကြားလို့ ကျုပ်တော့ တိုင်းပြည်အ တွက် ကိုယ့်ပြည်သူတွေအတွက် ကိုယ့်နိုင်ငံ အခွန်ဦးစီးဌာန အခွန် တွေတိတိကျကျ တိုးမြှင့်ရတော့မှာ ဖြစ်တာမို့ သိပ်ဝမ်းသာတယ်။
ပိုဆိုးတာက အခု ကျင်းပနေ တဲ့ပြည်သူ့လွှတ်တော်အစည်းအဝေး မှာ အခွန်ဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးဝင်းရှိန်က အခွန်ရှောင်တဲ့ကုမ္ပဏီ တွေကို ပြန်လည်စုံစမ်းစစ်ဆေးပြီး အခွန်ရှောင်ကြောင်း ပေါ်ပေါက် တွေ့ရှိရင် အရေးယူတော့မယ့်အ ကြောင်း ပြောကြားသွားတော့ ကျုပ်ဘအုပ်လည်း ရေးရတာ တိုင်း ပြည်အတွက် အားတက်မိတယ်။
ဒါ အပြင် အခွန်တိမ်းရှောင်ချင်လို့ အရှုံးပြထားတဲ့ ဆောက်လုပ်ရေး ကုမ္ပဏီကြီးတွေလည်း အမြတ်ခွန် ပြန်ပြတဲ့ ပြင်ဆင်လွှာတွေ အလု အယက်ပြန်ပြီး ပြင်ဆင်တင်သွင်း နေတယ်လို့ ကြားတယ်။ စောင့် ကြည့်ကြသေးတာပေါ့။ ထောင်ထဲရောက်ကြမှာတော့ အခွန်ရှောင်၊ အခွန်မဆောင်ခရိုနီ ရော၊ ခရိုနီတွေအားလုံးကြောက်ကြ တဲ့ပုံပဲ။ ဒါပေမဲ့ ကျုပ်မျှမျှတတ စဉ်းစားပါတယ်။ ထောင်ဆိုတာ ဘယ်သူမှ ကင်းနိုင်တာ မဟုတ်ဘဲ။ မရောက်ချင်လည်းရောက်ကြရတာပဲ။ သေချင်း တရားလိုပါပဲဗျာ။ မသေ ချင်လို့မှ မရတာ။ ရှေ့ကသွားတဲ့သူ နဲ့ နောက်ကလိုက်ရတဲ့သူဆိုပြီး ရှေ့နဲ့နောက်ပဲကွာကြတာ။

ထောင်ဆိုတာလည်းဒီလိုပါပဲ။ ကျွန်းသစ်ခရိုနီ၊ ဘိန်းခရိုနီ၊ ဆောက် လုပ်ရေးခရိုနီ၊ မြေသိမ်းယာသိမ်း ခရိုနီအားလုံး မရောက်ချင်လည်း ရောက်ချင်ရောက်ကြရမှာပဲ။ ဘာမဟုတ်တာမှ မလုပ်ခဲ့တဲ့ တိုင်းပြည်နဲ့ လူမျိုးအကျိုး ကိုယ် ကျိုးစွန့်ပြီး လူထုရှေ့က မားမား မတ်မတ်ရပ်ခဲ့တဲ့ ကျုပ်တို့လို ကျောင်းသားတွေ၊ရွှေဝါရောင်တော် လှန်ရေးမှာ ကြိုးပမ်းခဲ့တဲ့ ရဟန်း အရှင်သူမြတ်တွေတောင် ထောင် ထဲရောက်ကြရတာပဲဗျာ။ ခင်ဗျားတို့လိုတိုင်းပြည်ဓနဥစ္စာ ၉၉%နှုန်းလောက်ကို အာဏာပိုင် တချို့နဲ့ လက်ဝါးချင်းရိုက်ပြီး ပေါင်း စားထားတဲ့မတော်မတရားအခွင့်အ ရေးယူထားတဲ့ ခရိုနီတစ်သိုက်က တော့ ပိုလို့တောင် အင်းစိန်ထောင်၊ သာယာဝတီထောင်တွေနဲ့တန်သေး တယ်။ ကျုပ်အပါအဝင်ကျောင်းသား တွေကတော့ အင်းစိန်ထောင်၊ သာ ယာဝတီထောင်၊ မြင်းခြံထောင်၊ သရက်ထောင်၊ မန္တလေးထောင်၊ ကလေးထောင်၊ ပူတာအိုထောင်၊ ကျိုင်းတုံထောင် တွေကို လှည့်ပတ် ပြီး ဟိုပြောင်းဒီရွေ့နဲ့ နေခဲ့ကြရတာ ဗျ။ ကျုပ်တို့ကျောင်းသားတွေ နိုင်ငံ ရေးအကျဉ်းသားတွေ၊ ရဟန်းအရှင် မြတ်တွေ တစ်ထောင်နဲ့တစ်ထောင် ပြောင်းရပုံများ နည်းနည်းတော့ ပြောပြချင်တယ်။ ကိုယ့်ဆွေမျိုးတွေ ရှိတဲ့ မြို့ရွာတွေ လျှောက်ပြောင်း

ဒေါ်အောင်ဆန်းစုကြည် ဆာခရော့ဆုလက်ခံယူခြင်း


video by - 1myanmar

အစိုးရတပ်နှင့်TNLA တအာင်းတပ်မတော် တိုက်ပွဲရက်ဆက်ဖြစ်နေ

T.N.L.A တအာင်း တပ်မတော်
အောက်တိုဘာလ ၂၂ ရက် ၂၀၁၃-ခု

ယနေ့ အောက်တိုဘာလ ၂၂ ရက်နေ့တွင် အစိုးရတပ်ရင်း ခ.လ.ရ (၄၅)နှင့် T.N.L.A တအာင်း တပ်မတော်တို့  ကွတ်ခိုင်မြို့နယ် ငေါးငါးကျေးရွာတွင်တိုက်ပွဲ (၂) ကြိမ်တိတိ ဖြစ်ပွားခဲ့သည်။

ငေါငါးရွာထိပ်နှင့် နမ်းဟွန်းချောင်းတွင်ဖြစ်ပွားခဲ့ကြောင်း အစိုးရတပ်မှ TNLAအား လိုက်လံတိုက်ခိုက်ရာမှ တိုက်ပွဲ ဖြစ်ပွားကြောင်းသိရသည်။

“ဒီနေ့ တိုက်ပွဲဖြစ်တာတော့ ၂ ကြိမ်ဗျာ့၊ နေ့လည် ၁၂ နာရီခွဲကနေ ၁ နာရီတွင်းမှာ တစ်ကြိမ်ရွာ ထိပ်မှာဖြစ်ပြီးတော့ ကျတော်တို့က ရွာနဲ့တအားနီးတော့ ရွာသားတွေကို မထိခိုက်စေချင်လို့ ရှောင်ခဲ့ပေမယ့် သူတို့တွေ လိုက်လံတိုက်ခိုက်တာကြောင့် နေ့လည် ၁ နာရီ နမ်းဟွန်းချောင်း အရောက်မှာ ၁ နာရီခွဲ နီးပါး

Tuesday, October 22, 2013

အီးယူရဲ့ အမြင့်ဆုံးလူ့အခွင့်အရေးဆု ဒေါ်အောင်ဆန်းစုကြည် လက်ခံရယူ

 
ဒေါ်အောင်ဆန်းစုကြည်ကို EU ဥရောပသမဂ္ဂက ၁၉၉၀ ပြည့်နှစ်မှာ ချီးမြင့်ထားတဲ့ Sakharov လူ့အခွင့်ရေးဆုကို ၂၃ နှစ်အကြာ ဒီနေ့ အောက်တိုဘာ ၂၂ ရက်နေ့မှာ ဥရောပပါလီမန်မှာ ကိုယ်တိုင် တက်ရောက် လက်ခံရယူခဲ့ပါတယ်။

ပြင်သစ်နိုင်ငံ Strasbourg မြို့မှာကျင်းပတဲ့ အဲဒီဆုပေးအပ်ပွဲကို ဥရောပပါလီမန်အမတ်တွေနဲ့ လူ့အခွင့်ရေးလှုပ်ရှားသူတွေ တက်ရောက်ကြပါတယ်။ အဲဒီဆုပေးပွဲအခ...မ်းအနားမှာ ဥရောပပါလီမန် ဥက္ကဋ္ဌ Martin Shulz က ၂၃ နှစ်ကြာတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်တိုင်ကိုယ်ကျ ခရီးဦး ကြိုဆိုနိုင်ခဲ့ကြောင်း၊ အခုအချိန်အခါဟာ ကြီးကျယ်တဲ့အ ချိန်ကာလဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ချစ်စဖွယ်အပြုံးနှင့်
ချစ်စဖွယ်အပြုံး
ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီနေ့ဟာ ပျော်ရွှင်ကြည်နူးစရာဖြစ်ရတဲ့နေ့ဖြစ်ပြီး ဒီဆုဟာသူ့ဘ၀အတွက် အလွန်အနှစ်သာရရှိသလို၊ မြန်မာနိုင်ငံဒီမိုကရေစီနဲ့ လူ့အခွင့်အရေးလှုပ်ရှားမှုအတွက်လည်း ခွန်အားဖြစ်စေခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ကွယ်လွန်သူ ဆာခါရော့ဗ်ရဲ့ နိုင်ငံရေးစာပေတွေနဲ့ ရင်းနှီးကျွမ်းဝင်ခဲ့ပြီး လေးစားခဲ့တာတွေနဲ့ မြန်မာနိုင်ငံ စစ်မှန်တဲ့ဒီမိုကရေစီစနစ် ကူးပြောင်းရေးအတွက် ဥရောပသမဂ္ဂနိုင်ငံများအဖွဲ့အနေနဲ့ ငွေကြေးနဲ့သြဇာတွေသုံးပြီး ဆက်လက်ကူညီကြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောဆိုလိုက်ပါတယ်။
 
Copy from - RFA Burmese
 


သူခိုးအဖွဲ့ အားလုံးကို နေပြည်တော် တွင် ဖမ်းဆီးမိပြီးနောက် ဝန်ကြီးဌာန ၁၅ခု၏ အလွဲသုံးစားမှုအား စာရင်းပိတ်လိုက်ပြီ

Photo: သူခိုးအဖွဲ့ အားလုံးကို နေပြည်တော် တွင် ဖမ်းဆီးမိပြီးနောက်
ဝန်ကြီးဌာန ၁၅ခု၏ အလွဲသုံးစားမှုအား စာရင်းပိတ်လိုက်ပြီ

မြန်မာကျပ်ငွေသန်းပေါင်းသောင်းချီ အလွဲသုံးစား လုပ်သည့် ဝန်ကြီးဌာန ၁၅ ခုမှာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ သမဝါယမ ဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာန၊သိပံ္ပနှင့် နည်းပညာ ဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ဟိုတယ်နှုင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ရထားပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ဆက်သွယ်ရေး၊သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန တို့ဖြစ်သည်။

ဝန်ကြီးဌာန ၁၅ခု၏ အလွဲသုံးစားမှုမှာ ကျပ်သန်း ၅၈၃၉၀ ဒသမ ၈၁၀ ( အမေရိကန် ဒေါ်လာ ၂၃၂၉၇၇ ဒသမ ၃၁ ) ဖြစ်ကြောင်း အဆိုပါ ဌာနဆိုင်ရာ ၁၅ ခုက ပြန်သွင်းငွေသည် ကျပ်သန်း ၁၇၄၄၇ ဒသမ ၆၂၉ (အမေရိကန် ဒေါ်လာ ၁၆၂၃၂၂ ဒသမ ၂၉ ) ဖြစ်ကြောင်း ယင်းအလွဲသုံးစားမှုကို ပြည်ထောင်စု အဖွဲ့အစည်းများ၏ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေ အရသုံးဆိုင်ရာ စစ်ဆေးခြင်းတွင် ဝန်ကြီးဌာန ၁၅ ခု စစ်ဆေးခြင်းနှင့် စပ်လျဉ်း ၍ အရေးကြီးသည့် စစ်ဆေးတွေ့ရှိချက်များကို ပြည်ထောင်စု စာရင်းစစ်ချုပ်က ပြည်ထောင်စုလွှတ်တော်သို့ ရှင်းလင်း တင်ပြချက်များမှ သိရသည်။
သို့သော် မည်သူသည် အဓိကတာဝန်ရှိသည် ဆိုသည်ကို ဖေါ်ပြမထားပေ။ ယခု လိမ်လည် ခိုးစားနေကြသော ၀န်ချီးများကိုလည် တရားဥပဒေကြောင်းအရ အရေးယူရန်မ၇ှိကြောင်းနှင့် စာရင်းစစ်ရုံး၏ စစ်ဆေးတွေ့ရှိချက်များကိုသာ ဖေါ်ပြပါကြောင်း သိရသည်။ မည်သည့် ၀န်ချီး မှလည်း မိမိတို့၏ မှားယွင်းသော လုပ်ရပ်ကြောင့် ရာထူးမှ နုတ်ထွက်မည်မဟုတ်ကြောင်းလည်းသိရသည်။

စာဖတ်သူများအား ကျေးဇူးတင်ပါသည်
ဂိုလ်ရှယ်လေး

မြန်မာကျပ်ငွေသန်းပေါင်းသောင်းချီ အလွဲသုံးစား လုပ်သည့် ဝန်ကြီးဌာန ၁၅ ခုမှာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ သမဝါယမ ဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာန၊သိပံ္ပနှင့် နည်းပညာ ဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ဟိုတယ်နှုင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ဆက်သွယ်ရေး၊သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန တို့ဖြစ်သည်။

ဝန်ကြီးဌာန ၁၅ခု၏ အလွဲသုံးစားမှုမှာ ကျပ်သန်း ၅၈၃၉၀ ဒသမ ၈၁၀ ( အမေရိကန် ဒေါ်လာ ၂၃၂၉၇၇ ဒသမ ၃၁ ) ဖြစ်ကြောင်း အဆိုပါ ဌာနဆိုင်ရာ ၁၅ ခုက ပြန်သွင်းငွေသည် ကျပ်သန်း ၁၇၄၄၇ ဒသမ ၆၂၉ (အမေရိကန် ဒေါ်လာ ၁၆၂၃၂၂ ဒသမ ၂၉ ) ဖြစ်ကြောင်း ယင်းအလွဲသုံးစားမှုကို ပြည်ထောင်စု အဖွဲ့အစည်းများ၏ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေ အရသုံးဆိုင်ရာ စစ်ဆေးခြင်းတွင် ဝန်ကြီးဌာန ၁၅ ခု စစ်ဆေးခြင်းနှင့် စပ်လျဉ်း ၍ အရေးကြီးသည့် စစ်ဆေးတွေ့ရှိချက်များကို ပြည်ထောင်စု စာရင်းစစ်ချုပ်က ပြည်ထောင်စုလွှတ်တော်သို့ ရှင်းလင်း တင်ပြချက်များမှ သိရသည်။

 သို့သော် မည်သူသည် အဓိကတာဝန်ရှိသည် ဆိုသည်ကို ဖေါ်ပြမထားပေ။ ယခု လိမ်လည် ခိုးစားနေကြသော ၀န်ချီးများကိုလည် တရားဥပဒေကြောင်းအရ အရေးယူရန်မ၇ှိကြောင်းနှင့် စာရင်းစစ်ရုံး၏

ထရိတ်ဒါး ဟိုတယ်မှာ အမေရိကန်သူ ထိခိုက်ဒဏ်ရာရသွားတာ ကံကြမ္မာအပြောင်းအလဲပါပဲ

 
အင်တာဗျူးသတင်း

စောရွှေထူးက ပြေးနေတာ မဟုတ်လောက်တော့ဘူးဗျ ၊ ဒီအချိန်ဆို စောရွှေထူးသေလောက်ပြီ ၊ သူ့ကိုခိုင်းတဲ့သူတွေက သူ့ကို ပြန်နှုတ်ပိတ်နေလောက်ပြီ ၊...

အဲဒီစောရွှေထူးဆိုတာဗျာ အရင်က KNU ကလို့သာပြောတာ အခု ဘယ်သူခိုင်းလို့ လုပ်တာလဲ ၊ အခုသူ့နောက်မှာရှိတာ ဘယ်သူလဲ ၊ ဒါကပိုအရေးကြီးတာလေ ၊

လူ ရယ် ယူနီဖောင်းရယ် ရှိရင် တစ်ခုခုကြံစည်လို့ရပြီလေ ၊ မိတယ်ဆိုရင်လည်း အားလုံးရှေ့မှာ စစ်ဆေးတာမဟုတ်တော့ ဘယ်လိုမေးဖြေတွေလုပ်ခဲ့တာလဲ ဆိုတာ ဘယ်သူမှမသိဘူးပေါ့ ၊

ထရိတ်ဒါး ဟိုတယ်မှာ အမေရိကန်သူ ထိခိုက်ဒဏ်ရာရသွားတာ ကံကြမ္မာအပြောင်းအလဲပါပဲ ၊ အဲဒီမှာ မြန်မာပြည်ရဲ့ ကံကြမ္မာကို အဲဒီ အမေရိကန်သူက ကယ်လိုက်တာလို့ပြောလို့ရတယ်

ဒီလိုလေ ၊ အဲဒီအမေရိကန်သူ ထိသွားတော့ ဒီစက်ဝိုင်းထဲကို အမေရိကန်ပါဝင်လာတော့မှာလေ ၊ ဒီတော့

အခြေခံဥပဒေပြင်ဆင်ရေးကိစ္စဟာ အရေးပါဆုံး စိန်ခေါ်မှု ဥရောပနိုင်ငံများ အစည်းအဝေး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်

 
ဥရောပသမဂ္ဂ ၅ နိုင်ငံကို သွားရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ လူဇင်ဘတ်မြို့မှာ ကျင်းပနေတဲ့ ဥရောပသမဂ္ဂနိုင်ငံများအဖွဲ့ EU နိုင်ငံခြားရေးရာကောင်စီ အစည်းအဝေးကို ဒီနေ့တက်ရောက်ခဲ့ပါတယ်။ အစည်းဝေးအတွင်း ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၈ နိုင်ငံက နိုင်ငံခြားရေး ၀န်ကြီးတွေနဲ့ တွေ့ဆုံပြီး နေ့လည်စာအတူ သုံးဆောင်ခဲ့ပါတယ်။

နိုင်ငံခြားရေးရာမူဝါဒ အကြီးအကဲ Catherine Aston က ဒေါ်အောင်ဆန်းစုကြည်နဲ့ နေ့လည်စာအတူ သုံးဆောင်ရတာကို ၀မ်းမြောက်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ဆီကတဆင့် မြန်မာပြည်သူတွေရဲ့ လက်ရှိစိန်ခေါ်မှုတွေအကြောင်း ကြားနာဖို့ အခွင့်အလမ်းတစ်ခုဖြစ်ကြောင်း၊ အီးယူက မြန်မာကို စီးပွားရေးနိုင်ငံရေး အကူညီပေးဖို့  ဖွဲ့ထားတဲ့ လုပ်ငန်းအဖွဲ့မှာ ဦးစီးဆွေးနွေးဖို့ သူ့အနေနဲ့ မကြာခင် မြန်မာနိုင်ငံကို ကိုယ်တိုင်သွားရောက်မှာဖြစ်ကြောင်း ပြောပါတယ်။

အလားတူပဲ အစည်းဝေးကိုတက်ရောက်လာတဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး William Hague ကလည်း ဗြိတိန်အစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ ဆက်လက်လုပ်ဆောင်ရေးနဲ့ အမှန်တကယ်လွတ်လပ်ပြီး တရားမျှတတဲ့ ၂၀၁၅ ရွေးကောက်ပွဲဖြစ်လာဖို့ ဆန္ဒရှိကြောင်း ထုတ်ဖော်

Monday, October 21, 2013

၂၀၇၀ ပြည့်နှစ်မှာ ရန်ကုန်မြို့ဆိုတာ ရှိတော့မည်မဟုတ်ကြောင်း မိုးလေ၀သပညာရှင်ဆို

 
၂၁ ရာစုနှစ်အတွင်း ကမ္ဘာ့အပူချိန်တိုးနှုန်းကြောင့် မြန်မာနိုင်ငံအောက်ပိုင်းဒေသရှိ မြို့ကြီးများ လုံးဝပျောက်ကွယ်သွားနိုင်သည့်အခြေအနေရှိနေကြောင်း မိုးလေ၀သပညာရှင် ဦးထွန်းလွင်က သတိပေးပြောကြားသည်။

၂၁ ရာစုကုန်ပိုင်းတွင် ကမ္ဘာကြီး ပူနွေးလာမှုကြောင့် အရှေ့တောင်အာရှနိုင်ငံများအားလုံး အပူချိန် ၄ ဒီဂရ...ီသာ တိုးမည်ဖြစ်သော်လည်းမြန်မာနိုင်ငံတွင်မူ ၁ ဒီဂရီပိုမိုပြီး ၅ ဒီဂရီ အထိတိုးလာနိုင် ကြောင်း၎င်းက ရှင်းပြသည်။

အပူချိန်တိုးမှုကြောင့် ဖြစ်ပေါ်လာမည့် သဘာဝဘေးအန္တရာယ်ကာကွယ်ရန် လိုအပ်သည့် ပြင်ဆင်မှုများ၊ လေ့လာမှုများ မလုပ်နိုင်ပါကမြန်မာနိုင်ငံ၏ အဓိကမြို့ကြီးများ ပျောက်ကွယ်သွား မည်ဖြစ်ကြောင်း မိုးလေ၀သ ပညာရှင် ဦးထွန်းလွင်က ပြောကြားသည်။

၂၀၇၀ ပြည့်နှစ်၌ ရန်ကုန်မြို့ဆိုသည်မှာ ရှိတော့မည်မဟုတ်ကြောင်း ၂၀၈၀ တွင် ဧရာဝတီတိုင်း၊ ပဲခူးတိုင်းတို့၏ သုံးပုံနှစ်ပုံမှာ ပျောက်ဆုံးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ပြီးခဲ့သည့် ဆယ်စုနှစ်များသည် ကမ္ဘာ့သမိုင်းတွင် အပူဆုံးဖြစ်ခဲ့ပြီးမြန်မာနိုင်ငံအနေဖြင့် Global Warning ကို မည်သို့မျှ ရှောင်လွှဲ၍ မရဘဲ မိနေကြောင်းနှင့် လိုအပ်သည့် ပြင်ဆင်မှုများ မပြုလုပ်ရသေးကြောင်း လေ့လာသူများကသုံးသပ်သည်။

မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်သည် လျင်မြန်စွာ ပျက်စီး ယိုယွင်းနေကြောင်း ပြည်တွင်း ပြည်ပပညာရှင်များကလည်းထောက်ပြလျက်ရှိသည်။

ပြည်ပပညာရှင်၊ သုတေသနအဖွဲ့များ၏ ထုတ်ပြန်ချက်များအရမန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သဘာဝဘေးအန္တရာယ် ထိခိုက်မှု အဆိုးဆုံးခံရသည့် ၁၀ နိုင်ငံ စာရင်းသည် ဒုတိယနေရာတွင်ရောက် ရှိနေသည့်အပြင် ရာသီဥတုပြောင်းလဲခြင်း၏ ထိခိုက်မှုဒဏ်ကို အဆိုးဆုံးခံရမည့် နိုင်ငံများစာရင်းတွင်လည်း

ဂျပန်ရောက် ချင်းတိုင်းရင်းသားညီအကိုများတို့ရဲ့ (၁၅)ကြိမ်မြောက် "ခွါဒို"ပွဲ

၂၀၁၃ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့ တိုကျိုတွင် ကျင်းပပြုလုပ်သည့် (၁၅)ကြိမ်မြောက် ချင်းတိုင်းရင်းသားများတို့၏ "ခွါဒို"ပွဲမှတ်တမ်းဓါတ်ပုံများ
 

အာရှချစ်ကြည်ရေးပွဲတော်

၂၀၁၃ ခုနှစ် အောက်တိုဘာလ၂၀ ရက်နေ့ အာရှချစ်ကြည်ရေးပွဲတော်တွင် ဂျပန်ရောက် တိုင်းရင်းသားများ သွားရောက်ပူးပေါင်း ပါဝင်ဆင်နွဲခဲ့ကြပါသည်။

သတင်းမှတ်တမ်း ။ ကိုသာထက်
 
မှတ်တမ်းပုံများ

ဗုံးဖောက်ခွဲမှု နှင့် ပတ်သက်၍ KNU က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေ

ဗုံးဖောက်ခွဲမှု နှင့် ပတ်သက်၍ KNU က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေ

19.10.2013

ရန်ကုန် ၊ အောက်တိုဘာ ၁၈။ ။ ယခု လအတွင်း ရန်ကုန်နှင့် အခြားမြို့ ကြီးများ တွင် ဗုံးဖောက်ခွဲသူများ အဖြစ် စွပ်စွဲခြင်းခံထားရသူများ မှာ ကရင်အမျိုးသားများဖြစ်၍ ကရင်အမျိုးသားအစည်းအရုံး KNU/KNLA တွင်တာဝန်ရှိ သည်ဟုခံယူသဖြင့် စုံစမ်းစစ်ဆေး မှုများ စတင်နေ ပြီဖြစ်ကြောင်း ဗဟိုအလုပ် အမှုဆောင်ကော်မ တီဝင်ဖဒိုမန်းငြိမ်းမောင် က ရန် ကုန်တိုင်းမ်သို့ပြောကြားသည်။

ဖဒိုမန်းငြိမ်းမောင်က''ဒီ ကိစ္စနဲ့ပတ်သက်ပြီး လေ့လာစုံ စမ်းဆဲပဲ ရှိသေးတယ်။ KNU အဖွဲ့ကမဟုတ်ရင်တောင် ကရင် အမျိုးသားတစ်ယောက်၊ ကရင် တိုင်းရင်းသားတစ်ယောက်ဖြစ် တဲ့အတွက် KNU မှာတာဝန် ရှိတယ်လို့မှတ်ယူတယ်''ဟုပြော ဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ အဖြစ်မှန်ပေါ်ပေါက်ရေးအတွက် အစိုးရနှင့် လက်တွဲ၍စုံစမ်းဖော် ထုတ်သွားမည်ဖြစ်ကြောင်း ယင်း ကဆက်လက်ပြော ဆိုသည်။ 

YMG
19.10.2013

ရန်ကုန် ၊ အောက်တိုဘာ ၁၈။ ။ ယခု လအတွင်း ရန်ကုန်နှင့် အခြားမြို့ ကြီးများ တွင် ဗုံးဖောက်ခွဲသူများ အဖြစ် စွပ်စွဲခြင်းခံထားရသူများ မှာ ကရင်အမျိုးသားများဖြစ်၍ ကရင်အမျိုးသားအစည်းအရုံး KNU/KNLA တွင်တာဝန်ရှိ သည်ဟုခံယူသဖြင့် စုံစမ်းစစ်ဆေး မှုများ စတင်နေ ပြီဖြစ်ကြောင်း ဗဟိုအလုပ် အမှုဆောင်ကော်မ တီဝင်ဖဒိုမန်းငြိမ်းမောင် က ရန် ကုန်တိုင်းမ်သို့ပြောကြားသည်။...

ဖဒိုမန်းငြိမ်းမောင်က''ဒီ ကိစ္စနဲ့ပတ်သက်ပြီး လေ့လာစုံ စမ်းဆဲပဲ ရှိသေးတယ်။ KNU အဖွဲ့ကမဟုတ်ရင်တောင် ကရင် အမျိုးသားတစ်ယောက်၊ ကရင် တိုင်းရင်းသားတစ်ယောက်ဖြစ် တဲ့အတွက် KNU မှာတာဝန် ရှိတယ်လို့မှတ်ယူတယ်''ဟုပြော ဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ အဖြစ်မှန်ပေါ်ပေါက်ရေးအတွက် အစိုးရနှင့် လက်တွဲ၍စုံစမ်းဖော် ထုတ်သွားမည် ဖြစ်ကြောင်း ယင်း ကဆက်လက်ပြော ဆိုသည်။

Copy from - YMG

Saturday, October 19, 2013

သူရိယအလင်း ဂျာနယ်တိုက်ကို လူတစုက အောက်တိုဘာ ၁၈ ရက်နေ့ ညသန်းခေါင်မှာ ရောက်လာပြီး ဂျာနယ်တိုက်က ကွန်ပျုတာ ၁၄လုံးကို ယူဆောင်



19-10-2013
သူရိယအလင်း ဂျာနယ်တိုက်ကို လူတစုက အောက်တိုဘာ ၁၈ ရက်နေ့ ညသန်းခေါင်မှာ ရောက်လာပြီး ဂျာနယ်တိုက်က ကွန်ပျုတာ ၁၄လုံးကို ယူဆောင်သွားခဲ့ပါတယ်၊ စီစီတီဗွီ လုံုံခြံရေး ကင်မရာကိုလည်း ဖြုတ်ယူသွားခဲ့တယ်လို့ ဆိုပါတယ်။ သူရိယ အလင်းဂျာနယ် တိုက်ရဲ့ နောက်ဆုံးထုတ် ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ မော်စကိုမှာ သာတဲ့လ ဆောင်းပါးနဲ့ မြင်းခွာတချက်ပေါက်ရင် မီးဟုန်းဟုန်း တောက်စေရမယ်ဆိုတဲ့ စာသားပဲ ရွှေပေါ်မြတင် ညီလေးများထံသို့ ပေးစာနဲ့ ဆက်စပ်မှု ရှိနိုင်ကြောင်း သူရိယအလင်း ဂျာနယ်ရဲ့ ဗဟိုအလုပ်အမှုဆောင် အရာရှိချုပ် ဦးမိုးဝေက ပြောပါတယ်။
 
Copy from - DVB TV

တိုက်ပွဲများဆက်တိုက်ဖြစ်နေသောကြောင့် တအာင်းဒေသတွင်း ရွာလုံးကျွတ်ထွက်ပြေး

 
အောက်တိုဘာဒုတိယပတ်မှစပြီး ပလောင်ဒေသအတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်-TNLA နှင့် အစိုးရတပ်တို့ တိုက်ပွဲများအဆက်မပြတ် ဖြစ်လာသည့်အတွက် ကွတ်ခိုင်မြို့နယ်အတွင်း တအာင်းရွာများရှိရွာသားများမှာ ဇာတိရွာတွင်မနေရဲကြတော့ပဲ အနီးရှိ မိုင်းယုလေး စစ်ပြေးဒုက္ခသည် စခန်းသို့ လူဦးရေ ၂၀၀ ကျော်နှင့် နမ့်ဖတ်ကာသို့ လူဦးရေ ၃၀၀ကျော် အပါအ၀င် ၉၀၀ ခန့်သော ရွာသားများသည်လည်းတောတောင်ကြားတွင်ပြေးပုန်းနေကြရကြောင်း ငေါ့ငါးရွာမှတာဝန်ရှိသူတစ်ဦးမှ ဆိုပါ သည်။

“တိုက်ပွဲတွေက စိပ်သထက်ပိုစိပ်လာတော့ ရွာမှာမနေရဲတော့ဖူး၊ ဒီအတိုင်းပဲ ထွတ်ပြေးလာတာ ဘာမှတောင် ယူမလာခဲ့ရဘူး အသက်ဘေးလွတ်အောင် ပြေးလာရတယ်လေ’’ဟုပြောဆိုခဲ့သည်။

၂၀၁၂-ခုနှင့် ၂၀၁၃-ခုမှ ဖြစ်ပေါ်သော စစ်ပွဲကြောင့်ပလောင်ဒေသ မန်တုံမြို့ပေါ်အပါအ၀င် တွန်းဟုန်း ရွာသို့ လည်းကောင်း၊ ကွတ်ခိုင်-ကာလိုင်ရွာဒုက္ခသည်စခန်း၊ မိုင်းယုလေး ဒုက္ခသည်စခန်း စသည်များ ဖွင့်လှစ်ပြီး ကူညီကယ်ဆယ်ရေး လုပ်နေရကြောင်း၊ ဦးစွာရောက်ရှိနေသည့် ဒုက္ခသည်များမှ အိမ်ပြန်ရန်

သူရိယအလင်း သတင်းဂျာနယ်တိုက်ကို လူအယောက်နှစ်ဆယ်လောက် ဝင်လာပြီး ဂျာနယ် အပါအဝင် ပစ္စည်းတွေကိုသိမ်း

“ညက ၁၁နာရီကျော်ကျော် လောက်မှာ ဖိုးလပြည့်နဲ့ အဖွဲ့တွေ ရောက်လာပြီး ရှေ့တံခါးကို ဖွင့်ခိုင်းတာ လုံခြုံရေး တာဝန်ခံက မဖွင့်ပေးတော့ မလွယ်ပေါက်ကနေ ဖွင့်ခိုင်းလို့ ကိုသစ်မင်းဆွေကို ဖွင့်ခိုင်းပြီး ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်ရဲ့သား သူရိန်နဲ့ လူအယောက်နှစ်ဆယ်လောက် ဝင်လာပြီး ဂျာနယ် အပါအဝင် ပစ္စည်းတွေကို သိမ်းသွားတာ။"

ရန်ကုန်၊ အောက်တိုဘာ ၁၉။

ရန်ကုန်မြို့၊ ကမ္ဘာအေး ဘုရားလမ်း၊ မြန်မာ့ကျောက်မျက်ရတနာ ပြခန်း မျက်နှာချင်းဆိုင်ရှိ သူရိယအလင်း သတင်းဂျာနယ်တိုက်ကို အောက်တိုဘာလ ၁၈ရက်နေ့ည ၁၂နာရီခန့်က နေရွှေသွေးအောင်(ခေါ်)ဖိုးလပြည့် အပါအဝင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၏သားနှင့် အပေါင်းအပါများက ဝင်ရောက်၍ ပစ္စည်းများ သိမ်းဆည်းသွားကြောင်း ၎င်းသတင်းဂျာနယ်တိုက်တွင် ညအိပ် တာဝန်ကျသူများထံမှ သိရသည်။

ယင်းဂျာနယ်တိုက်သို့ ဝင်ရောက်၍ ပစ္စည်းများ သိမ်းဆည်းခံရခြင်းမှာ သူရိယအလင်း သတင်းဂျာနယ် အတွဲ(၁)၊ အမှတ်(၁၂)ပါ စစ်သူရဲ ဗလမင်းထင်ရေးသားသော မော်စကိုမှာ သာသာမယ့်’လ’ ဆောင်းပါးနှင့် ထောင်သူရဲ ဘအုပ်ရေးသားသော ‘မြင်းခွာတစ်ချက်ပေါက်ရင် မီးတဟုန်ဟုန်းတောက်စေရမယ် (သို့မဟုတ်) ရွှေပေါ်မြတင် ညီလေးများထံသို့ပေးစာ’ ဆောင်းပါးများကြောင့် ဖြစ်သည်ဟု ၎င်းဂျာနယ်

မြန်မာ ၃ သိန်းကျော် ခေတ်သစ်ကျေးကျွန် အဖြစ်ရောက်နေ

 
ဩစတြေးလျ အခြေစိုက် လွတ်လပ်စွာ လျောက်လှမ်းခွင့် ဖောင်ဒေးရှင်း (Walk Free Foundation) က ထုတ်ပြန်တဲ့ ၂၀၁၃ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ကျေးကျွန်ဆိုင်ရာ အညွှန်းကိန်းမှာ မြန်မာနိုင်ငံက လူ ၃ သိန်း ၈ သောင်းကျော်ဟာ ခေတ်သစ်ကျေးကျွန်အဖြစ် ရောက်ရှိနေတယ်လို့ ရေးသားထားပါတယ်။

ကမ္ဘာတ၀န်းလုံးမှာ လူ ၂၉.၈ သန်းဟာ လိင်ကျွန်တွေအဖြစ် လူကုန်းကူးခံရတာ၊ အလုပ်ကြမ်းတွေ အတင်းအကြပ် စေခိုင်းခံရတာ၊ အကြွေးကြောင့် ကျွန်ဘ၀ကို ကျရောက်တာတွေ ရှိနေတယ်လို့ အောက်တိုဘာ ၁၇ ရက်နေ့ထုတ်ပြန်တဲ့ အစီရင်ခံစာက ရေးပါတယ်။

ဒီအထဲမှာ မြန်မာနိုင်ငံက လူ ၃ သိန်း ၈ သောင်း ကျော်ကလည်း ခေတ်သစ် ကျေးကျွန် အဖြစ် ကျွန်အပြုခံနေရတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

နိုင်ငံပေါင်း ၁၆၂ နိုင်ငံကိုထည့်သွင်းပြီးတော့ ဒီအညွှန်းကိန်းကို ပြုစု သတ်မှတ်ထားတာဖြစ်ပြီး ပျံ့နှံ့နေထိုင်နေတဲ့ လူဦးရေ၊ လူကုန်ကူးခံရမှု၊ အသက်ငယ်ငယ်နဲ့ အတင်းအကြပ် လက်ထပ်

ဗုံးပေါက်ကွဲမှုများ KNU နှင့် မပတ်သက်ဟု ဦးရဲထွဋ်ပြောပြီ ။

 
မြန်မာနိုင်ငံအနှံ့တွင် ဖြစ်ပေါ်ခဲ့သည့် ဗုံးပေါက်ကွဲမှုများမှာ ကရင် အမျိုးသား အစည်းအရုံး (KNU) နှင့် မသက်ဆိုင်ကြောင်း သမ္မတရုံး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဋ်က ယနေ့ညနေ ၃ နာရီခန့်တွင် ရန်ကုန်တိုင်း ဒေသကြီးရုံး၌ ကျင်းပခဲ့သည့် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်သော သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော် ပြောကြား လိုက်သည်။

“ဒီကိစ္စက KNUနဲ့ ပတ်သက်ခြင်းတော့ မရှိဘူးလို့ သေချာပြောပါရစေ။ KNUက ကျနော်တို့အစိုးရနဲ့ အစောဆုံး လက်မှတ်ထိုး ခဲ့တဲ့ အဖွဲ့လည်း ဖြစ်သလို၊ လက်ရှိချိန်မှာလည်း သမ္မတကြီးနဲ့ ၃ ကြိမ်၊ ကာချုပ်နဲ့ ၃ ကြိမ် တွေ့ဆုံခဲ့တဲ့အဖွဲ့ပါ။ သူတို့ အနေနဲ့လည်း အခုချိန်မှာ ဖမ်းဆီးရမိတဲ့သူကိုလာရောက်တွေ့ဆုံ မေးမြန်းမှုတွေ လုပ်နေပါတယ်။ သံသယ ရှိသူတွေရဲ့ လုပ်ဆောင်ချက်ဟာ လူတချို့ရဲ့ လုပ်ဆောင်ချက်တခုပဲ ဖြစ်ပါတယ်” ဟု ဦးရဲထွဋ်က ပြောသည်။

ဗုံးဖောက်ခွဲမှုနှင့် ပတ်သက်၍ သံသယရှိသူများကို ဖမ်းဆီးရမိနိုင်ရေး အတွက် KNU ဘက်မှ ကူညီပေးခဲ့မှုများ ရှိကြောင်း၊ သံသယ ရှိသူများကို KNU ဘက်မှ တာဝန်ရှိသူက လာရောက် တွေ့ဆုံ မေးမြန်းခဲ့ကြောင်း ဦးရဲထွဋ်က ပြောကြားခဲ့ပြီး မည်သူက လာရောက်တွေ့ဆုံသည်ကိုမူ အတိအကျ

၂၀၁၃ ခုနှစ်၊ အောက်တိုဘာလအတွင်း တိုင်းဒေသကြီးအချို့တွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှု ဖြစ်စဉ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ အရေးယူ ဆောင်ရွက်ချက်များ

 
၂၀၁၃ ခုနှစ်၊ အောက်တိုဘာလအတွင်း တိုင်းဒေသကြီးအချို့တွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှု ဖြစ်စဉ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ အရေးယူ ဆောင်ရွက်ချက်များကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဇော်ဝင်း၏ ရှင်းလင်းချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
 
လေးစားအပ်ပါသော သတင်းစာဆရာကြီးများ၊ ပြည်တွင်း/ ပြည်ပ စာနယ်ဇင်းများမှ တာဝန်ခံများ၊ သံအမတ်ကြီးများ၊ သံရုံးယာယီ တာဝန်ခံများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများမှ တာဝန်ခံများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ ခင်ဗျာ ရှေးဦးစွာ  ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာပါစေကြောင်း မေတ္တာပို့သလျက် လေးစားစွာ နှုတ်ခွန်းဆက်သ ဂါရဝ ပြုအပ် ပါတယ်။
 
သတင်းစာဆရာကြီးများနှင့် ဧည့်သည်တော်ကြီးများ ခင်ဗျာ ဒီနေ့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ယခုရက်ပိုင်းအတွင်း ရန်ကုန်၊ တောင်ငူ၊ မန္တလေး၊ စစ်ကိုင်းမြို့ကြီးများမှာ ပေါက်ကွဲမှုဖြစ်စဉ်များ ဖြစ်ပွားရခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ ပြည်သူလူထုနဲ့ ပူးပေါင်း၍ စုံစမ်းဖော်ထုတ် ဆောင်ရွက်ခဲ့မှု အခြေအနေ များအား ပြည်သူအားလုံးနဲ့ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့

ဗြိတိန်တော်ဝင် စစ်တက္ကသိုလ်တွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောမည်

 
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် လဝက်ခန့် ကြာမြင့်မည့် ဥရောပ ခရီးစဉ်အတွင်း ဗြိတိန်တော်ဝင် စစ်တက္ကသိုလ်ဖြစ်သည့် Sandhurst Military Academy တွင် မိန့်ခွန်း ပြောကြားမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။...

ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာလ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ ဗြိတိန်နိုင်ငံတွင် ငါးရက်ကြာနေ ထိုင်မည် ဖြစ်ပြီး ခရီးစဉ်အတွင်း ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းနှင့် တွေ့ဆုံ မည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် သံအမတ်ကြီး မစ္စတာအင်ဒရူးပတ်ထရစ်က အတည်ပြု ပြောကြားသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန် စစ်တက္ကသိုလ် Sandhurst နှင့် မြောက်အိုင်ယာလန်သို့ သွားရောက်လည် ပတ်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
“ဒီမိုကရက်တစ် အဖွဲ့အစည်းမှာ ဗြိတိန်တပ်မတော်က ဘယ်လိုအခန်းကဏ္ဍက ပါဝင်တယ် ဆိုတာကို ပြသနိုင်ဖို့ ကြိုးစားသွားမှာပါ” ဟု ၎င်းကဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုမှုအရ မြောက်အိုင်ယာလန်သို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်သည့် လေ့လာရေး ခရီးစဉ်နှင့် Sandhurst စစ်တက္ကသိုလ် ခရီးစဉ်ကို ဗြိတိန်အစိုးရက စီစဉ်ပေးခြင်း ဖြစ်ပြီး ဗြိတိန် တပ်မတော် အရာရှိလောင်းများ၏ လေ့ကျင့် သင်ကြားမှုကို လေ့လာသွားမည် ဖြစ်ကြောင်း ဗြိတိန် နိုင်ငံခြားရေးနှင့် ဓနသဟာယရုံး၏ ထုတ်ပြန်ချက်များကို ကိုးကား၍ Independent

Friday, October 18, 2013

KNU တပ်မဟာ ၅ ရဲ့ အရေးကြီးတဲ့ကြေညာချက်

ကရင်ပြည်နယ် ဖာပွန်ခရိုင်တွင် ၂၀၀၉ ခု သြဂုတ်လ ၁၂ ရက်က ကျင်းပသော ကရင့် အာဇာနည်နေ့ အခမ်းအနား၌ KNLA တပ်မဟာ ၅ တပ်ဖွဲ့ဝင်များ စစ်ရေးပြနေစဉ် (ဓာတ်ပုံ – စောရန်နိုင် / ဧရာဝတီ)
ပီးခဲ့တဲ့ရက်ပိုင်း ရန်ကုန်မြို့ပေါ် ဗုံးခွဲမှုတချို့မှာ တာဝန်ရှိတယ်လို့ သံသယဖြစ်ခံရသူတယောက်ဟာ  KNU ရဲ့ ဖာပွန်ဒေသ တပ်ဖွဲ့ဝင်ဖြစ်ဖူးကြောင်း သတင်းတချို့ထွက်လာပါတယ်။ ဒီသတင်းထွက်အပြီးမှာ   KNU ရဲ့ ဖာပွန်ခရိုင်/တပ်မဟာ ၅ က ကြေညာချက်တစောင် ထုတ်ပြန်ထားပါတယ်။ 

ကြာသပတေးနေ့ရက်စွဲနဲ့ ထွက်လာတဲ့ ဒီကြေညာချက်မှာ
"ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရေးအတွက် ဆောင်ရွက်နေသည့် လုပ်ငန်းများကို တစုံတရာ နှောင့်ယှက် ပျက်ပြားစေသည့် လုပ်ရပ်များ၊ အများပြည်သူကို ထိခိုက် နာကျင်စေခြင်းများ၊ ထိတ်လန့် ကြောက်ရွံ့စေခြင်းများကို မိမိတို့ အနေနှင့် လုံးဝ ဆန့်ကျင်ကန့်ကွက်သည်"
လို့ ဖော်ပြထားပါတယ်။
တိတိကျကျ တိုက်ရိုက် စွပ်စွဲထားတာ မဟုတ်တဲ့အတွက် ကြေညာချက်ထဲမှာလည်း  ဗုံးခွဲမှု ဆိုတဲ့ စကားလုံးကို ထည့်ထားခြင်း မရှိဘူးလို့ ယူဆရပါတယ်။
တပ်မဟာ ၅ ရဲ့ ထိပ်တန်း အရာရှိတဦးဖြစ်တဲ့ ဗိုလ်မှူးစောကလယ်ဒို့ကလည်း ကရင်သတင်းဌာန (KIC) ကို ကြာသပတေးနေ့က အခုလို ပြောပါတယ်။  “ကျနော်တို့ တပ်မဟာ(၅)ဟာ ခေါင်းမာတယ်။ သီးသန့် ရပ်တည်လိုတယ်လို့ သတင်းထွက်ပေါ်နေတာ

အစိုးရတပ် ခမရ (၅၀၇) လှုပ်ရှားမှုကို KIA မိုင်းဖြင့်တိုက်ခိုက်

 
ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၃) နယ်မြေ တပ်ရင်း (၂၇) ဒေသတို့ အစိုးရတပ် စကခ (၁၆) အောက် ခမရ (၅၀၇)အဖွဲ့ စစ်အင်အား ၁၀၀ ကျော်ဖြင့် လှုပ်ရှားလာသောကြောင့် ယမန်နေ့ နံနက် KIA ဖက်မှ မိုင်းဖြင့် ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။


၎င်း အစိုးရတပ်ကို နမ့်ခမ်းမြို့နယ် KIA တပ်ရင်း (၂၇) ဒေသ ဟူဟင်တွင် ၁ ကြိမ်၊ မန်ဆောန် တွင် ၁ ကြိမ် မိုင်းဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့်အစိုးရတပ်များ နမ့်ခမ်းဘက်သို့ ပြန်ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။

“အထက်ဘက်ကို တက်လာရင် ပြဿနာဖြစ်မယ်လို့ ရပ်မိရပ်ဖတွေက ပြောနေတဲ့ကြားက တက်လာလို့ KIA ကနေ ၂ ကြိမ် ပစ်လိုက်တာ အစိုးရတပ်ကတော့ ပြန်ဆုတ်သွားတယ်” ဟု KIO အရပ်ဖက်အုပ်ချုပ်ရေးအရာရှိ ဒုက္ခသည်ကယ်ဆယ်ရေးကော်မတီဥက္ကဌ ဆလန်ကဘာ ဒွဲပီဆာ KNG ကချင်သတင်းဌာနသို့ အတည်ပြုပြောသည်။

ထိုသို့ ပြီးခဲ့သည့်ရက်မှ မဘိန်းမြို့နယ် KIA တပ်မဟာ (၃) တပ်ရင်း (၁၂) ဂျေဦးအနီး နမ်ဟောမ် (Nam Hawm) တွင် အစိုးရတပ်များ လှုပ်ရှားနေသောကြောင့် ရွာသားများ စိုးရိမ်ကြောက်ရွံ့ကာ လုံခြုံရာသို့

ဂျပန်နီပွန်ဖောင်ဒေးရှင်း လူနာတင်ယာဉ် ၉၀ ကျော်လှူဒါန်း

ဂျပန်နိုင်ငံအခြေစိုက် နီပွန်ဖောင်ဒေးရှင်းက မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းအပါအ၀င် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးအတွက် စုစုပေါင်း မော်တော်ယဉ် ၉၁ စီးကို ဒီနေ့ လှူဒါန်းလိုက်ပါတယ်။

ရန်ကုန်မြို့ မင်းဓမ္မလမ်းက မြန်မာကွန်ဗင်းရှင်းစင်တာ MCC ခန်းမမှာ ဒီနေ့မနက်ပိုင်းကကျင်းပတဲ့ ပထမဆုံးအကြိမ်ကျင်းပတဲ့ မြန်မာနိုင်ငံမသန်စွမ်း အနုပညာပွဲတော်မှာ လှူဒါန်းကြောင်း ကြေညာခဲ့တာပါ။

အဲဒီလှူဒါန်းတဲ့ မော်တော်ယဉ်တွေဟာ လူနာတင်ယာဉ်တွေအဖြစ်လည်း သုံးစွဲနိုင်သလို အဲဒီအထဲမှာ မြန်မာနိုင်ငံက မသန်စွမ်းသူတွေအတွက် အသုံးပြုဖို့ ယာဉ် ၆ စီးလည်း ပါဝင်တယ်လို့ Nippon Foundation

နိုင်ငံသားစိစစ်ရေးကဒ်ပြားကို Smart Card နှင့် အစားထိုးမည်

 
မြန်မာနိုင်ငံမှာ လက်ရှိကိုင်ဆောင်နေတဲ့ နိုင်ငံသားစိစစ်ရေးကဒ်ပြား (မှတ်ပုံတင်တွေကဒ်)တွေနေရာမှာ Smart Card တွေနဲ့ အစားထိုးပြောင်းလဲပေးဖို့ အစိုးရမှာ အစီစဉ်ရှိတယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့ တိုင်းဒေသကြီး လွှတ်တော်အဆောက်ဦးထဲမှာ မနေ့ကပြုလုပ်တဲ့ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲအပြီးမှာ ဝန်ကြီး ဦးခင်ရီကို RFA က မေးမြန်းရာမှာ အခုလိုပြောခဲ့တာပါ။

“ဒါတွေက ငွေကြေးရင်းနှီးပြီးတော့ နိုင်ငံတကာ ပညာရှင်တွေက လုပ်ရတာဖြစ်တယ်၊ ကျနော်တို့ဆီကို တင်ပြတဲ့ဟာတွေ တစ်ယောက်ချင်းဆီကို ခေါ်နားထောင်တယ်၊ သူကဘယ်အဆင့်လုပ်၊ သူကဘယ်လိုလုပ်တယ်၊ အဲဒီအပေါ်မူတည်ပြီးတော့ တကယ်လုပ်မယ်ဆိုရင်တော့ တင်ဒါစနစ်နဲ့