Monday, September 30, 2013

အစိုးရ ငြိမ်းချမ်းရေး ကော်မီတီ သဘောထားကြောင့် TNLA တွေ့ဆုံရန်မရှိသေး

 အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးခြင်း မပြုပါက ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး PSLF အဖွဲ့နှင့် နောက်ထပ် ပြန်လည် တွေ့ဆုံနိုင်မည် မဟုတ်ကြောင်း ငြိမ်းချမ်းရေး စင်တာမှ အကြီးတန်း အရာရှိ တဦးကပြန်ကြား ထားခဲ့သည်ဟု ပြောခွင့်ရ အတွင်းရေးမှူး ဖြစ်သူ ဒုတိယ ဗိုလ်မှူးကြီး တာဘုန်းကျော် ကဆိုပါသည်။ 
 
ဒီစကားကတော့ စက်တင်ဘာလ (၈) ရက်နေ့မှာ  UNFC နဲ့ ဦးအောင်မင်း တို့တွေ့တုန်းက MPC က ဦးလှမောင်ရွှေ ပြောလိုက်တဲ့ စကားပါ။  လက်မှတ် မထိုးဘူး ဆိုရင် ပြန်တွေ့ဖို့ မရှိဘူးလို့ ကျနော်တို့ရဲ့ UNFC ကိုယ်စားလှယ်တွေ ကို အဲဒီလို ပြောလိုက်တဟု ဆိုသည်။
 
ထိုကဲ့သို့ သဘော ထားသည့် အပြင် အပစ်အခတ် ရပ်စဲရန် ယုံကြည်မှုလည်း မတည်ဆောက် ခဲ့ဟု ဆိုပါသည်။ အစိုးရ တပ်ဖွဲ့များသည် တအာင်း လွတ်မြောက်ရေး တ်ပမတော် TNLF ကို ယနေ့ အထိ စစ်ဆင်နေခဲ့ပါသည်။ ဤကဲ့သို့ တိုက်ပွဲ ဖြစ်နေသမျှ TNLA ထပ်တွေ့စရာ အကြောင်း မရှိသေးဟု တာဘုန်းကျော်က ဆိုပါသည်။
သို့သော် ဦးအောင်မင်းသည်  လက်နက်ကိုင် အဖွဲ့ (၁၆) ဖွဲ့အနက် (၁၄)ဖွဲ့နှင့် အပစ် ရပ်နိုင်ခဲ့ကြောင်း၊ ကျန်သည့် KIA နှင့် TNLA တို့ကိုလည်း မကြာခင်အပစ်ရပ်ရန် ဆက်လက် ဆောင်ရွက်မည်ဟု ယမာန်နေ့ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး စင်တာ ရုံးအတွင်း၌ ကျင်းပသည့် (၅၈) ဦးကိုယ်စားလှယ်များ

ဂျပန်ရေတပ် သင်္ဘော သုံးစင်း သီလဝါ၌ ဆိုက်ကပ်၊ ငါးရက်ကြာ နေထိုင်မည်



ဂျပန်အငယ်တန်း ရေတပ်အရာရှိတွေကို လေ့ကျင့်ပေးနေတဲ့ ဂျပန်စစ်သင်္ဘော ၃စင်းဟာ ရန်ကုန်မြို့အနီးက သီလဝါဆိပ်ကမ်းမှာ စက်တင်ဘာ ၃ဝရက်နေ့က ဆိုက်ကပ်ခဲ့ပါတယ်။

Copy from - Kamayut Media

အစိုးရသည် UNFC နှင့်ထပ်မံတွေ့ဆုံဆွေးနွေးမည် မဟုတ်တော့ကြောင်း ဦးအောင်မင်းဆို

ရှေ့ဆက် ဆွေးနွေး မှုများတွင် တဖွဲ့ချင်း ဆွေးနွေးမှုဖြင့်သာ ခေါ်ယူတွေ့ဆုံတော့မှာ ဖြစ်ကြောင်း၊ ပြီးခဲ့သည့် စက်တင်ဘာ (၂၈) ရက်နေ့ မွန်ပြည်နယ် မော်လမြိုင်မြို့ တွင် တွေ့ဆုံ ခဲ့သော လက်နက်ကိုင် အဖွဲ့အစည်း (၄) ဖွဲ့၏ တွေ့ဆုံပွဲ၌ အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မီတီ ဒုတိယ ဥက္ကဌ က ဆိုခဲ့သည်ဟု ယင်းအစည်းအဝေးကို တက်ရောက် ခဲ့သည့် ဒီမိုကရေစီ အကျိုးပြု ကရင့် အမျိုးသား တပ်မတော် (DKBA) ၏ ကိုယ်စားလှယ် ခေါင်းဆောင် ဗိုလ်မှူးကြီး ဆန်းအောင်က ဆိုပါသည်။
“ သူတို့ ဖိတ်လို့ သွားတွေ့တာပါ။ (၄) ဖွဲ့တွေ့တယ်။ အဲဒီ ဆွေးနွေးပွဲမှာဘဲ ဦးအောင်မင်းက ပြောပါတယ်။ နောက်တခါ တွေ့ရင် တဖွဲ့ချင်းဘဲ တွေ့တော့မယ်။ UNFCနဲ့တွေ့တော့မှာ မဟုတ်တော့ဘူးလို့ ထည့်ပြောသွားတာ ဖြစ်ပါတယ်။ မွန်ပြည်သစ် ကိုယ်စားလှယ် ကလည်း ပြောပါတယ်။ လက်မှတ် ထိုးခဲ့ပြီးပြီး အခု ထပ်ထိုးရမယ်ဆိုတော့ ဒီကိစ္စ ဗဟိုကိုပြန် လည်တင်ပြပေးမယ်လို့” ဆိုသွားခဲ့ပါသည်။
 
ထို့အပြင် ထပ်မံ လက်မှတ် ထိုးရေးတွင် နိုင်ငံရေးဆွေးနွေးပွဲ ရက်သတ်မှတ်ပေးနိုင်မလား ဆိုသည့်မေးခွန်းနှင့် တိုင်းရင်းသား ဒေသ ရှိနေသော  အစိုးရရှေ့တန်းတပ်ဖွဲ့များ နေရပ်ရင်း တပ်ဌာနချုပ်သို့ ပြန်သင့်ကြောင်း အဆိုကိုပါ တင်ပြခဲ့ပါသည်။ အစိုးရ ကိုယ်စားလှယ်များသည် ဤမေးခွန်းများအား ပြန်လည်ဖြေကြားခြင်းမရှိဘဲ ၄င်းတို့၏ တပြည်လုံး အပစ် အခတ် ရပ်စဲရေး လက်မှတ်

ပထမဆုံး လေအေးစက်တပ်ဆင် အမြန်မြို့ပတ်ရထား တစ်နေ့ ၈ကြိမ်ပြေးဆွဲမည်



ဂျပန်နိုင်ငံက တစ်ပတ်ရစ် မီးရထားတွဲဆိုင်းတွေကို ဝယ်ယူပြီး လေအေးစက်တပ်ဆင် ပြေးဆွဲမယ့် ရန်ကုန်မြို့ရဲ့ ပထမဆုံး မြို့ပတ်အမြန်ရထားကို တစ်နေ့ ၈ကြိမ်ပြေးဆွဲသွားမယ်လို့ ရထားပို့ဆောင်ရေးဝန်ကြီးက စက်တင်ဘာ ၂၉ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

Copy from - Kamayut MediaTv

လက်ပတောင်းဒေသသို့ လမ်းလျှောက်သူများစစ်ကိုင်းတွင်တားဆီးခံ

လက်ပန်တောင်းတောင်ခြေရှိ လယ်တီသိမ်နှင့် စေတီတော်ကို ကာကွယ်စောင့်ရှောက်ရန် ဟုဆိုကာ မန္တလေးမြို့ အမရပူရမြို့ နယ်မှ စတင်လမ်းလျှောက်ထွက်ခွာလာခဲ့ သောလက်ပတောင်း ဒေသခံများနှင့် ရန်ကုန်မြို့ မှတက်ကြွ လှုပ်ရှားသူများပါဝင်သောအဖွဲ့ ဝင်အင်အား ၅၀ ခန့် ကို စစ်ကိုင်းမြို့ အဝင် ဧရာဝတီ တံတား(ရတနာပုံ) အဆင်းတွင် လုံခြုံရေးတပ်ဖွဲ့ ဝင်များ ဆက်မသွားရန် တားဆီးရာမှ အနည်းငယ် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ ပါတယ်။
 
တက်ကြွလှုပ်ရှားသူ ကိုသန့် စင်နှင့် ဦးဘမြင့် တို့ ကို လုံခြုံရေး တပ်ဖွဲ့ ဝင်အချို့ ကဖမ်းဆီးရန် ကြိုးပမ်းရာမှ အခုလိုဖြစ်ပွားခဲ့ ခြင်းဖြစ်ပါတယ်။ စစ်ကိုင်းခရိုင်မှ တာဝန်ရှိသူအချို့ နှင့် ညှိနှိုင်းပြီးနောက်

Sunday, September 29, 2013

လိုင်စင်ရ အသံတိတ် လူသတ်သမားများ

“အသားမှုန့်တွေက အချိုမှုန့်ထက် ပိုဆိုးတယ်”

တစ်ဆင့်စကား တစ်ဆင့်နားဖြင့် ကြားရသော စကားကြောင့် အိမ်ထောင်ရှင်မ ဒေါ်တင်တင်ဌေး ကြောက်လန့်စိတ် အတော်ကြီးမားသွားသည်။

ယင်းကြောင့် လက်ရှိသုံးစွဲနေသော အသားမှုန့်များ၊ အချိုမှုန့်များ နေရာတွင် မည်သည့် ဟင်းခတ်ပစ္စည်း အစားထိုးရမည်ကို ဒေါ်တင်တင်ဌေး တစ်ယောက် စဉ်းစားကြည့်သော်လည်း အဖြေမထွက်ခဲ့ချေ။

အစားအစာများ ချက်ပြုတ် ကြော်လှော်ရာတွင် သုံးစွဲနေသော အသားမှုန့်များတွင် အချိုမှုန့်များ၏ ပါဝင်ပစ္စည်းအတိုင်းသာ ပါဝင်ကြောင်း၊ အထူးသဖြင့် အချိုမှုန့်၊ အသားမှုန့်များသည် အချိုအရသာ ရရှိရန် အသုံးပြုသော်လည်း ယင်းတို့၏ ပါဝင်ပစ္စည်းများသည် အငန်ဓာတ်သာ ဖြစ်သောကြောင့် ရေရှည်စားသုံးမည် ဆိုပါက ကျန်းမာရေးကို ထိခိုက်နိုင်ကြောင်း မြန်မာနိုင်ငံရှိ စားသုံးသူ ကာကွယ်ရေး တာဝန်ရှိသူများနှင့် ဆေးပညာရှင် အသိုင်းအဝိုင်းက ပြောကြားထားသည်။

နေ့စဉ် အစားအစာများတွင် မပါမဖြစ် သုံးစွဲနေသော အချိုမှုန့်များကို ၁၉၀၈ ခုနှစ်တွင် ဂျပန်လူမျိုး Mr.KikunaeIkeda က စတင်တီထွင်ခဲ့ရာ ပထမဆုံး အချိုမှုန့်ကို ပင်လယ်ကျောက်ပွင့်များ၏ အစွမ်းသတ္တိကို အခြေခံကာ ထုတ်လုပ်ခဲ့သည်။

ယင်းနောက် အာဂျီနိုမိုတို အမည်ဖြင့် ကမ္ဘာကျော် ဟင်းခတ်ပစ္စည်း အချိုမှုန့် တစ်မျိုးကို အောင်မြင်အောင် ထုတ်လုပ်လာနိုင်ခဲ့သည်။ အချိုမှုန့်၏ အောင်မြင်မှုသည် ၁၉၅၉ ခုနှစ်တွင် အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး အဖွဲ့ကြီး၏ အသိအမှတ်ပြုမှုကို ရရှိလာသည်။

သို့သော် ၂၀၀၀ ပြည့်လွန်နှစ်များတွင်မူ အချိုမှုန့်၏ ဆိုးကျိုးများ သိသိသာသာ ပေါ်ပေါက်လာခဲ့သဖြင့် ကမ္ဘာ့နိုင်ငံကြီး အများစုကလည်း အချိုမှုန့် ရောင်းချ တင်သွင်းခွင့်များကို တရားဝင် ပိတ်ပင်လာပြီး အချိုမှုန့် သုံးစွဲမည့်နေရာတွင် အသားမှုန့်များ ဝင်ရောက်လာသည်။

အချိန်ကာလ အတန်ကြာကတည်းက အချိုမှုန့် သုံးစွဲနေခဲ့ရာမှ မြန်မာနိုင်ငံတွင် ပြည်ထဲရေးဝန်ကြီးဌာနက ၂၀၀၀ ပြည့်နှစ် ဝန်းကျင်တွင် ယင်းအချို့မှုန့်များ တင်သွင်းခွင့် စတင်ပိတ်ပင်ခဲ့ပြီး ယခုနှစ်ပိုင်းတွင်မှ တရားဝင် တင်သွင်းခွင့် ပြုခဲ့ရာ လက်ရှိအချိန်တွင် ပြည်ပမှ အထူးသဖြင့် ထိုင်းနိုင်ငံမှ အချိုမှုန့်၊ အသားမှုန့်များသာမက ပြည်တွင်းထုတ် အသားမှုန့်များလည်း အိမ်ရှင်မတိုင်း၏ မီးဖိုခန်းတွင် နေရာယူလျက် ရှိသည်။

အချိုမှုန့်အန္တရာယ်ကို သိရှိပြီးနောက် အစားထိုးသုံးနိုင်သည့် အသားမှုန့်များကြောင့် လက်ရှိအချိန်တွင် အသားမှုန့် သုံးစွဲသူ ရာခိုင်နှုန်းသည် အချိုမှုန့် သုံးစွဲသူများထက် ပိုများနေလိမ့်မည် ဖြစ်သည်။ အသားမှုန့်၏

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၂၅ နှစ်မြောက် ငွေရတုအထိမ်းအမှတ် အခမ်းအနား(တိုကျို)၊


 
၂၀၁၃ ခုနှစ် စက်တင်ဘာလ ၂၉ ရက်။

 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်သည့် ၂၅ နှစ်မြောက် ငွေရတုအထိမ်းအမှတ် အခမ်းအနားကို တိုကျို Ikebukuro, Toshimaku Kenko- Plaza(7F)၌ယနေ့နံနက် ၉း၃၀ နာရီမှ ၁၂း၀၀ နာရီအထိ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲ့မှ ဦးဆောင် ကျင်းပပြုလုပ်ခဲ့ကြပြီး ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသည့် အင်အားစုများတို့မှ တက်ရောက်ပူးပေါင်း ပါဝင်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum

 
 
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲ့မှ
 

ပထမဆုံးအကြိမ် မွန်အမျိုးသား ကွန်ဖရင့် မော်လမြိုင်မြို့၌ ကျင်းပ

 
ပထမဆုံးအကြိမ် မွန်အမျိုးသား ကွန်ဖရင့်ကို မော်လမြိုင်မြို့ မွန်ပြည်နယ် ခန်းမ၌ စက်တင်ဘာ ၂၈ ရက်က ကျင်းပခဲ့ပြီး အခမ်းအနားသို့ မွန်ပါတီများ၊ ကရင်၊ ပအို့ဝ် စသည့်တိုင်းရင်းသား ပါတီများ၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ မွန်ပြည်နယ် ၀န်ကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့် အစိုးရအဖွဲ့ ၀န်ကြီးများ၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်၊ ဦးမင်းဇေယျနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်။

ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှ ဒေသတွင်း တည်ငြိမ်အေးချမ်းမှုနှင့် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး ရရှိမည် ဖြစ်သည့်အတွက် မွန်အမျိုးသား ကွန်ဖရင့်သည် အလွန်အရေးကြီးကြောင်း ၀န်ကြီးဦးအောင်မင်းက မွန်အမျိုးသား ကွန်ဖရင့်၌ အမှာစကား ပြောကြားသည်။

ဆက်လက်၍ လက်နက်ကိုင်အဖွဲ့ ၁၄ ဖွဲ့နှင့် အပစ်အခတ် ရပ်စဲပြီး ပြည်နယ်၊ ပြည်ထောင်စုအဆင့် စာချုပ် ၃၇ ခု ချုပ်ဆိုနိုင်မှုနှင့် အောက်တိုဘာလ အကုန်တွင် ပြည်ထောင်စုအဆင့် ဆွေးနွေးမှုကို နှစ်ဖက်မူအားဖြင့် သဘောတူထားကြောင်း၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ နှစ်နှစ်ကျော် ကာလအတွင်း နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု National Dialogue ကို သွားနိုင်ရန် စတင်ပြင်ဆင်သည့် အခြေအနေကို ရောက်ရှိနေပြီ ဖြစ်သည့်အကြောင်း၊ ယင်းသို့သွားနိုင်ရန် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် Nation Wide Ceasefire Agreement ကို ၂၀၁၃ ခုနှစ် အောက်တိုဘာ လကုန်တွင် ပြုလုပ်ရန် ပြင်ဆင်နေကြောင်း၊ ၎င်းမှတစ်ဆင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲကြီးတွက် မူဘောင်ရေးဆွဲရေး Framework for Political Dialogue ကို နိုဝင်ဘာ၊ ဒီဇင်ဘာတွင် ဆောင်ရွက်ရန် ရည်မှန်းပြင်ဆင်နေကြောင်း၊ အဲဒီက အတည်ပြုသည့်အတိုင်း National Dialogue ပွဲကို ၂၀၁၄ ခုနှစ် နှစ်ဆန်းတွင် စနိုင်ရန် မျှော်လင့်ထားကြောင်း၊ အဲဒီမှာ အလွတ်သဘော ပြောရရင် ပြည်ထောင်စုကြီးမှ ခွဲထွက်မှု၊ အချုပ်အခြာအာဏာ ထိပါးသည့် ကိစ္စလွဲရင် ကျန်ကိစ္စများ ဆွေးနွေးနိုင်ကြောင်း၊ အချိန်ကန့်

အစိုးရစစ်တပ်က အပစ်ရပ်ချင်တယ် ဆိုရင်တစ်ညထဲ နဲ့ တောင် ရပ်လို့ ရပါတယ်


 
တကယ်တမ်း မြန်မာ အစိုးရစစ်တပ်ကအပစ်ရပ်ချင်တယ် ဆိုရင်တစ်ညထဲ နဲ့ တောင် ရပ်လို့ ရပါတယ်ဘာကြောင့် လည်းဆိုတော့ တိုင်းရင်းသားလက်နက် ကိုင်တွေက မြန်မာ စစ်တပ် ကို နယ်ကျော် ပြီး သွားမတိုက်လို့ပါ။

Copy from - Kamayut Media

Saturday, September 28, 2013

ကန်တားနားကို တာဝန်မှ ရပ်စဲဖို့  ဆုံးဖြတ်လိုက်ကြောင်း သိရ

 
မ နေ့ က ကျင်းပ ပြုလုပ်တဲ့ ကုလသမ္မဂ လူ့ အခွင့်အ ရေးဆိုင် ရာ အစည်းအ ဝေး တစ်ခုမှာ ကန်တားနားကို တာဝန်မှ ရပ်စဲဖို့  ဆုံးဖြတ်လိုက်ကြောင်း သိရပါတယ်..

အမှန်တကယ်တော့ သူ့  တာဝန် သက်တမ်း ခြောက်နှစ်ဟာ လာမယ့် ဖေဖော်ဝါရီလ မြန်မာပြည် နောက်ဆုံး ခရီးစဉ် အပြီးမှာ အဆုံးသတ်မှာပါ ဒါပေမဲ့ သူ့ သ ဘောထားအမြင် သုံးသပ်ချက်တွေဟာ တဖက်သတ် ဆန်လွန်းတယ် ဆိုတဲ့ စွပ်စွဲချက်တွေ.. ကန့် ကွက်မှု့ တွေ.. မြန်မာပြည်သူတွေ ကမ္ဘာသိအောင် ပြသနိ...ုင် ခဲ့တဲ့နောက်မှာ အ ခြေအ နေ တွေက ပြောင်းခဲ့ရတာပါ..

ဒီဖြစ် ရပ်.. သ ဘောထား.. တွေဟာ အမှန်ပဲလား ဆိုတာ မြန်မာနိုင် ငံဆိုင် ရာ လူ့  အခွင့်အ ရေး အထူးအကြံပေး ကိုယ်စားလှယ် ဗီဂျေ နမ်ဗီးယား ကိုယ်တိုင် ကန်တားနားရဲ့  မ အောင်မြင် တဲ့ ခရီးစဉ် အပြီးမှာပဲ ချက်ချင်း ရောက်လာပြီး စုံစမ်း အတည်ပြု ချက် ယူခဲ့ပါတယ်..

ဒီနေရာမှာ ထူးခြားတာ တစ်ခုက မိတ္ထီလာ ဖြစ်စဉ် အပြီး (24.3.2013) နေ့ တွေမှာ ကိုယ်တိုင် သွားရောက် လေ့လာခဲ့သူ မစ္စတာ နမ်ဘီးယား ဟာ 969 စနက် မကင်းဘူးလို့  အစောပိုင်းမှာ သံယောင် လိုက် ပြောခဲ့ပါသေးတယ်..ဒါပေမဲ့ မြန်မာပြည်သူတွေရဲ့  ကန့် ကွက်မှု့ ကို သေချာသိပြီး နောက်ပိုင်း ယခုခရီးစဉ်

Friday, September 27, 2013

ကမ္ဘာ့အလိုအရှိဆုံး အမျိုးသမီး


  ကမ္ဘာ့အလိုအရှိဆုံး အမျိုးသမီး၊ ဓာတ်ပုံ- The Mirror

ကမ္ဘာကျော် ဖြစ်ရပ်တခု မကြာသေးမီက ဖြစ်ပွားသွားခဲ့ပါတယ်။ ကင်ညာနိုင်ငံ၊ နိုင်ရူဘီမြို့က ကုန်တိုက် ကြီးမှာ အမည်မသိ သေနတ်သမားတွေက ၀င်ရောက်စီးနင်း တိုက်ခိုက်သတ်ဖြတ်မှုမှာ အဓိက သံသယ ဖြစ်ခံရသူ အမျိုးသမီးတဦးကို ကမ္ဘာ့ အလိုအရှိဆုံး အမျိုးသမီးရယ် လို့ ထုတ်ပြန် ကြေညာလိုက်ပါတယ်။ 
 
နိုင်ရူဘီကုန်တိုက်က ရက်စက်သတ်ဖြတ်မှုတွေကြောင့် လူပေါင်း အနည်းဆုံး ၆၇ ဦး သေဆုံးခဲ့ရပြီး နောက် ဆုံးမှာတော့ အစိုးရက အဲဒီကုန်တိုက်ကြီးကို ထိမ်းသိမ်းနိုင်လိုက်ပါပြီတဲ့။ 

အခုလို ထိန်းသိမ်းနိုင်တယ်လို့ ကြေညာအပြီး ယနေ့ထုတ် The Mirror သတင်းစာမှာ ကမ္ဘာ့အလိုအရှိဆုံး အမျိုးသမီးအဖြစ် ဗြိတိသျှ လူမျိုး အသက် ၂၉ နှစ်အရွယ် မစ္စ Samantha Lewthwaite ကို ဓာတ်ပုံတွေနဲ့ တကွ ထုတ်ပြန်လာပါတယ်။ 

အပြည်အပြည်ဆိုင်ရာ ရာဇ၀တ်မှု နှိမ်နင်း တိုက် ဖျက်ရေး ရဲတပ်ဖွဲ့ အင်တာပိုလ် အဆိုအရ သူဟာ တောင် အာဖရိကနိုင်ငံ၊ နိုင်ငံကူးလက်မှတ်ကို ကိုင်ဆောင်ထားပြီး မွတ်စလင်ဘာသာကို ပြောင်းလဲ ကိုးကွယ်ခဲ့သူ 
ဖြစ်ပြီး မျက်မြင်သက်သေတွေရဲ့ ပြောဆိုချက်တွေ၊ မှတ်တမ်းတွေအရ အခုလို ထုတ်ပြန်တာလို့ ဆိုပါ

Thursday, September 26, 2013

အကြိမ် (၁၃၀) ကျော် အတိုက်ခိုက် ခံရသည်ကို RCSS ပြန်လည်သုံးသပ်


26 September 2013

 ၅ ကြိမ်မျှ အပစ်ရပ်ရေး လက်မှတ် ထိုးထား ပါလျှက်နှင့် အကြိမ် (၁၃၀) ကျော် အတိုက်ခိုက် ခံခဲ့ ရသဖြင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS)သည် ဒေသတွင်း တိုက်ပွဲလျှော့ချရေး အတွက် အကြို ညှိနှိုင်းဆွေးနွေးပွဲ တစ်ရပ်ကို ပြီးခဲ့သည့် စက်တင်ဘာလ လယ်ပိုင်းတွင် ကျင်းပ ခဲ့ကြောင်း ပြောခွင့်ရသူ ဒုတိယ ဗိုလ်မှူးကြီ...း စိုင်းဆိုင်မိဏ်း ကဆိုပါသည်။

“ကျနော်တို့ ဆက်ဆံရေးရုံး ဖွင့်ထားတဲ့ မြို့နယ် တဝိုက်မှာ ဆိုရင် တိုက်ပွဲတွေ မဖြစ်သလောက် ပါဘဲ။ ဆိုတော့ နောက်ထပ် ဆက်ဆံရေးရုံးတွေ ထပ်ပြီး ဖွင့်လှစ်ရမဲ့ အခြေအနေမှာ ရှိနေတယ်။ ပြီးတော့ သက်ဆိုင်ရာ တပ်မှူးတွေ လှုပ်ရှားတဲ့ အခါမှာလည်း ဘယ်ဆက်ဆံရေးရုံးကို ဆက်သွယ် အကြောင်းကြား ထားရမယ်ဆိုတဲ့ ညှိနှိုင်းတဲ့ တွေ့ဆုံပွဲ ဖြစ်ပါတယ်” ဟုဆိုပါသည်။

RCSS သည် တိုက်ပွဲဖြစ်ပွားမှု လျော့ချနိုင်ရန် ပြီးခဲ့သည့် သြဂုတ်လ ၃၁ ရက်နေ့က RCSS ကိုယ်စား လှယ်နှင့် ကရင် အမျိုးသား အစည်းအရုံး KNU ကိုယ်စားလှယ်တို့ ဒုတိယ သမ္မတ ဒေါက်တာ

လားရှိုးမြို့ ၊ မြို့ နယ်အုပ်ချုပ်ရေးမှူးနှင့် ၀န်ထမ်းများ မသမာသော နည်းများဖြင့် မြေယာများသိမ်းဆည်း ရောင်းစားနေ

 
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ ၊မြို့ နယ်အထွေထွေ အုပ်ချုပ်ရေး မှူးနှင့် ၀န်ထမ်းအမျိုးသမီးများ ရိုးသားလှ သော ကျေးလက်တောရွာနေ ရှမ်းတိုင်းရင်းသူတိုင်းရင်းသားများ မြန်မာစာမတတ်ခြင်းကို အခွင့်ကောင်း ယူ၍ ရုံစာ ရွက်တါင် လက်ကိုအတင်းဆွဲကာ လက်ဗွေရာ နှိပ်ယူပြီး ‘နင့်မြေဆုံးပြီ’ ဟု ပြောကာ ထိုရှမ်းတိုင်းရင်းသား /သူများ မြေကိုသိမ်းကာ မြေကွက်ရိုက် ပြန်ရောင်းစားခြင်းဖြစ်စဉ် ဖြစ်ရပ်ဖြစ်ခြင်းကြောင့် သတင်းထောင်၊ စာရေးသူကိုယ်တိုင် ကာယကံရှင်တို့ နေထိုင်ရာ လားရှိုးမြို့ ၊မယ်ဟန်ကျေးရွာအုပ်စု၊ နမ့်ခိုက်ကျေးရွာသို့ သွားရောက်ခဲ့သည်။

ဖြစ်စဉ်မှာ လားရှိုးမြို့ ၊ မယ်ဟန်ကျေးရွာအုပ်စု၊ နမ့်ခိုက်ကျေးရွာတွင် နေထိုင်သော ဦးစိုင်းစံညွှန့် ၊မနန်းအေးညွှန့်  တို့ ကို ရွာအုပ်ချုပ်ရေးမှူး ဦးစံထွန်းဆာ၊ ရွာလူကြီး ဦးစံသြ၊ ရပ်ကျေးစာရေးမ အိအိမော်တို့  ကမြို့ နယ်အုပ်ချုပ်ရေး မှူးရုံးက (၁၀း၀၀)နာရီအရောက် ခြံမြေ ကိစ္စအတွက် လာရောက်ရန် ပြောသည့်အတွက် ခင်ပွန်းဖြစ်သူ ဦးစိုင်းစံညွှန့်  မအားလပ် သည့်အတွက် မနန်းအေးညွှန့် -ညီမဖြစ်သူ

Saturday, September 14, 2013

တိုင်းရင်းသားအေ၇းမှာ ဒေါ်စုကြည် ပါဝင်လာတော့မယ်ဆိုတာကို သိရတော့ ၀မ်းသာမိပါတယ်


DVBTV News

စစ်ကြောင်း(၅) ကြောင်းဖြင့် TNLA အား ပြင်းထန်စွာ စစ်ဆင်လာ

 
13 September 2013
ပြီးခဲ့သည့် စက်တင်ဘာ (၁၁) ရက်နေ့ ကွတ်ခိုင်မြို့နယ် နမ်းဖက်ကာ အုပ်စုရှိ ဖာဖိုင့်နှင့် ပါချောင် ကျေးရွာ အနီး နမ့်ဟွန်းချောင်းတွင် ဖြစ်ပွားသော တိုက်ပွဲကြောင့် အစိုးရ စစ်ကြောင်း (၅)ကြောင်းသည် ထိုနေရာသို့ ပိုက်စိပ် တိုက် စစ်ဆင် လာခဲ့ခြင်း ဖြစ်ကြောင်း တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်မှ အထွေထွေ အတွင်းရေးမှူး ဒုတိယ ဗိုလ်မှူးကြီး တာဖုန်းကျော်က ဆိုပါသည်။

“ အထိနာ သွားတော့ အဲဒီနေရာကို စစ်ကြောင်း (၅)ကြောင်းနဲ့ ပိုက်စိပ် တိုက်ပြီး ကျနော်တို့ ရှိနိုင်မဲ့ နေရာတွေကို လိုက်ရှာ နေကြတယ်။ ဒေသခံ စစ်ကြောင်း တွေပါဘဲ။ အခြေအနေ ကတော့ တိုက်ပွဲတွေ ဆက်ဖြစ်မဲ့ အလားလာတော့ ရှိနေတယ်” ဟုဆိုပါသည်။

ယင်းအစိုးရတပ် စစ်ကြောင်း များသည် ကွတ်ခိုင်မြို့နယ် အခြေစိုက် ခလရ (၄၅)၊ ခလရ (၂၄၁)၊ ခလရ (၂၄၂)၊ နမ့်ဖက်ကာ အခြေစိုက် ခလရ (၁၂၃) နှင့် တာမိုးညဲမြို့နယ် အခြေစိုက် ခလရ (၂၉၀) တပ်ဖွဲ့တို့မှ စစ်ကြောင်းများ ဖြစ်ပါသည်။ ယင်းတို့သည် အထိနာ သွားခဲ့သော စက်တင်ဘာ (၁၁) ရက်န့ နေ့လည် (၂) နာရီမှ ၃ နာရီခွဲ အထိ ဖြစ်ပွားသော TNLA နှင့် ခလရ (၄၅) တပ် ဖွဲ့တို့၏ တိုက်ပွဲကြောင့် ပိုက်စိပ် တိုက်လာခြင်း ဖြစ်ပါသည်။

TNLA တပ်ရင်း (၁၁၂) သည် ယင်းလှုပ်ရှားမှုကို တန်ပြန်ရန် မရှိသေးဟု ဆိုပါသည်။ စစ်ဆင်မှုများသည် အချိန်ကြာမြင့် လာပါက အစိုးရ တပ်များသည် လူထုအပေါ် လူ့အခွင့်အရေးများ ချိုးဖေါက် လာဖွယ်ရာ စိုးရိမ် နေရကြောင်း ဆိုပါသည်။ အထူးသဖြင့် ရွာသားများအား ရိုက်နှက်မှု၊ တဖက်သတ် စွပ်စွဲပြီး ပစ်သတ်မှု၊ သွားလာရေးတွင် ကျေးရွာများအား ကန့်သတ် လာမှုများ လုပ်လေ့ လုပ်ထ ရှိသည့် အတွက် စိုးရိမ် ရခြင်း ဖြစ်သည်ဟု ဆိုပါသည်။

ယင်းတိုက်ပွဲတွင် အစိုးရ ဖက်မှ (၁၀) ကျော် ကျဆုံးပြီး (၂၀) ကျော် ပြင်းထန်စွာ ဒဏ်ရာ ရသဖြင့် TNLA အား တန်ပြန် တိုက်ခိုက်ရန် စစ်ဆင် နေခြင်း ဖြစ်ပါသည်။ TNLA တပ်ရင်း (၁၁၂) တပ်ဖွဲ့သည် မူးရစ်ဆေးဝါး တိုက်ဖျက်ရေး အစီအစဉ် အရ ကွတ်ခိုင်မြို့ နယ် နမ်းဖက်ကာ အုပ်စုရှိ ဖာဖိုင့်နှင့် ပါချောင် ကျေးရွာ ဖက်သို့ သွားရောက် လှုပ်ရှား ခဲ့ခြင်း ဖြစ်ပါသည်။ ဤလှုပ်ရှားမှုကို ခလရ (၄၅) တပ်ဖွဲ့သည် ပန်ဆေး ပြည်သူ့စစ်နှင့် ပူးပေါင်းပြီး နောက်ယောင်ခံ လိုက်နေခြင်းမှ တိုက်ပွဲ ဖြစ်ပွား ခဲ့ရခြင်း ဖြစ်ပါသည်။

TNLA နှင့် အစိုးရ တို့သည် ပြီးခဲ့သည့် ဇူလိုင်လ ကုန်ပိုင်းတွင် အပစ်အခတ် ရပ်စဲရေးအတွက် ရှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် တွေ့ဆုံ ဆွေးနွေး ခဲ့ကြပါသည်။ ဤအစီစဉ်၏ နောက်ဆက်တွဲ အစီစဉ်အရ

အမလေး ရှား

အမလေး  ရှား
~~~~~~~~

ငါ ပြန်ခဲ့မယ်....
ဝဖီးနေတဲ့ အာရှကျား ခံတွင်းဝက_
မေဒေး မသိတဲ့ သူဌေးကြီး ဖ၀ါးအောက်က_
တစ်နေ့ ၁၂ နာရီ အလုပ်လုပ်ရတဲ့ စက်ရုပ်ဘ၀က_
တစ်နေ့အလုပ်ပျက်ရင် ၃ ရက်စာ လုပ်ခ ဖြတ်တဲ့ ဘူဇွာ ဥပဒေအောက်က_
လူကို လေချွန်ပြီးခေါ် ခြေထောက်နဲ့ ထိုးပြပြီး ခိုင်းတတ်တဲ့ ယဉ်ကျေးမှုကြားက_

အလုပ်ရှင်သူဌေးကို
 ကြောက်ရ_
လမ်းထွက်ရင် ရဲကိုကြောက်ရ_
အိမ်မှာ ညအိပ်ရင် အော်ပရာစီ ကြောက်ရ_
ပွဲစား လူလိမ်၊ ဂိုဏ်းစတား ၊အိန္ဒိယ
ရဲ  ရေလာ ဖာသယ် အရက်အတု_
အမလေး ရှား နေရတဲ့ဘဝ
..........ထွီ...............
ဘုရင့်နောင်ကို အားနာပါရဲ့..
ဦးအောင်ဇေယျရေ တောင်းပန်ပါတယ်...
အာရှ ကျားတွေသနားမှ ချမ်းသာရမယ့်....
အာရှ နွားဘ၀မို့ပါ....
ဒါလေး ၀ရိန်ဆော်ပြီးရင်
ဒီကဗျာကို ဆက်ရေးပါ့မယ်...
ဒီတစ်လ
 အကြွေးကျေရင်တော့.....
စိတ်ချ......
စိတ်ချ......
မုတ်သုန်မိုးနဲ့ အတူ  ငါပြန်ခဲ့မယ်...။
ကျော် န၀ဒေး(ခေတ္တ..မလေးရှား)
၁၅ .၆. ၂၀၁၃
https://www.facebook.com/kyaw.nawaday?fref=ts
ကူးယူ ဖော်ပြခြင်းဖြစ်ပါသည်..။
အမလေး ရှား
~~~~~~~~

ငါ ပြန်ခဲ့မယ်....
ဝဖီးနေတဲ့ အာရှကျား ခံတွင်းဝက_
မေဒေး မသိတဲ့ သူဌေးကြီး ဖ၀ါးအောက်က_
တစ်နေ့ ၁၂ နာရီ အလုပ်လုပ်ရတဲ့ စက်ရုပ်ဘ၀က_
တစ်နေ့အလုပ်ပျက်ရင် ၃ ရက်စာ လုပ်ခ ဖြတ်တဲ့ ဘူဇွာ ဥပဒေအောက်က_
လူကို လေချွန်ပြီးခေါ် ခြေထောက်နဲ့ ထိုးပြပြီး ခိုင်းတတ်တဲ့ ယဉ်ကျေးမှုကြားက_

အလုပ်ရှင်သူဌေးကို ကြောက်ရ_
လမ်းထွက်ရင် ရဲကိုကြောက်ရ_
အိမ်မှာ ညအိပ်ရင် အော်ပရာစီ ကြောက်ရ_
ပွဲစား လူလိမ်၊ ဂိုဏ်းစတား ၊အိန္ဒိယ
ရဲ ရေလာ ဖာသယ် အရက်အတု_
အမလေး ရှား နေရတဲ့ဘဝ
..........ထွီ...............
ဘုရင့်နောင်ကို အားနာပါရဲ့..
ဦးအောင်ဇေယျရေ တောင်းပန်ပါတယ်...
အာရှ ကျားတွေသနားမှ ချမ်းသာရမယ့်....
အာရှ နွားဘ၀မို့ပါ....
ဒါလေး ၀ရိန်ဆော်ပြီးရင်
ဒီကဗျာကို ဆက်ရေးပါ့မယ်...
ဒီတစ်လ အကြွေးကျေရင်တော့.....
စိတ်ချ......
စိတ်ချ......
မုတ်သုန်မိုးနဲ့ အတူ ငါပြန်ခဲ့မယ်...။
ကျော် န၀ဒေး(ခေတ္တ..မလေးရှား)
၁၅ .၆. ၂၀၁၃
 
အင်တာနက်စာမျက်နှာမှ ကူးယူခဲ့ပါသည်။

Tuesday, September 10, 2013

တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်ဆဲရေး သဘောတူညီချက်ရဖို့ မလွယ်ကူသေး

9 September 2013 19:29 အစိုးရဖက်က ကြိုးစားနေတဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်ဆဲရေး သဘောတူညီချက်ရဖို့ မလွယ်ကူသေးဘူးလို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ ပြောဆိုလိုက်ပါတယ်။
ခွန်ဘသာ တင်ဆက်ထားပါတယ်။
Copy from - DVB TV News

Monday, September 9, 2013

၇၄ ကြိမ်မြောက် ဦးဥတ္တမနေ့အခမ်းအနားကျင်းပ

ရန်ကုန်၊ စက်တင်ဘာ ၉။

ရန်ကုန်မြို့ မင်းဓမ္မလမ်းပေါ်ရှိ Myanmar Convention Center (MCC) တွင် ယနေ့ ကျင်းပပြုလုပ်သော ၇၄ ကြိမ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားသို့ သံဃာတော်များနှင့် နိုင်ငံရေးခေါင်းဆောင်များ တက်ရောက် အလေးပြုခဲ့ကြကြောင်း သိရသည်။

ယင်းအခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးမင်းကိုနိုင်၊ ဆရာတော် ဦးဝီရသူ၊ ရွှေညဝါဆရာတော်၊ မကွေးဆရာတော်၊ အခြား သံဃာတော် များနှင့် နိုင်ငံရေး သမားများ တက်ရောက်ကြပြီး စုစုပေါင်း လူဦးရေ ၅၀၀၀ ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရည်မွန
Copy from - The Myanma Age

ခွေးကိုဆဲတဲ့မြန်မာအလုပ်သမားကို ထိုင်းလူမျိုးက သေနတ်ဖြင့်ပစ်သတ်

 
9.9.2013
ထိုင်းနိုင်ငံ တောင်ပိုင်း စူရတ်ဌာနီမြို့ ဘန်ခ်ျရနပ် ကွက်တွင်နေထိုသင်ည့်ရာဘာခြံအလုပ်သမား တစ်ဦး အား ခွေးကို ဆဲဆိုသဖြင့် ထိုင်းလူမျိုးတစ်ဦးက သေနတ်ဖြင့် ပစ်သတ်လိုက်ကြောင်း သိရှိရသည်။

ယမန်နေ့ ညနေ ၆နာရီကျော်ခန့် က အသက် ၂၁ နှစ်အရွယ် သိန်းမင်းစံ ဆိုသည့် ရာဘာခြံ အလုပ်သမားတစ်ဦး အချိုရည်နှင့် မုန်.များ ယူဆောင်သွားစဉ် ခွေးတစ်ကောင် လိုက်ကိုက်သဖြင့် ထိုင်းဘာသာစကားဖြင့်ဆဲဆိုခဲ့သည်။ စားစရာများ ၀ယ်ပြီးပြန် လာသည့်အခါ ခွေးပိုင်ရှင်က အိမ်ရှေ့မှ စောင့်နေပြီးညာဘက်ရင်အုံနှင့် ညာဘက် မျက်ခုံး အပေါ်နဖူးစောင်းတို့ကို သေနတ်ဖြင့်၂ချက် ပစ်ခတ်လိုက်ခြင်းဖြစ်သည်။

ဦးလေး တော်စပ်သူ ကိုဇော်ဇော် က “ ခွေးလိုက်ကိုက်လို့ ဆဲမိတာကို သေနတ်နဲ့ပစ်သတ်ရတတယ်လို့ဗျာ။ အချိုရည်ဗူးနဲ့ မုန့်ကိုကိုင်ပြီး နေရာမှာ ပွဲချင်းပြီးသေရတယ်။ ခွေးကို ကျနော့်တူက တစ်ခုခုနဲ့ လုပ်မိတယ် ဆိုလည်းတစ်မျိုး။ ကျနော်တို့ မြန်မာတွေဟာ ခွေးတစ်ကောင်လောက်တောင် တန်ဘိုးမရှိဘူးလား။ အသက်တစ်ချောင်းဗျာ။ ဘ၀တစ်ခု ဒီလို လုပ်ချင်တိုင်း လုပ်လို့ရစတမ်းလားဗျာ” ဟု ထိခိုက်ကြေကွဲ စာဆို

တိုင်းရင်းသားမဟာမိတ်နဲ့ အစိုးရ နိုင်ငံရေးအကြို ဒုတိယအကြိမ်တွေ့

 
အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ်အကြား နိုင်ငံရေးဆွေးနွေးပွဲအတွက် အကြိုညှိနှိုင်းရာမှာ သဘောတူညီချက်တစုံတရာမရရှိဘဲ အဆုံးသတ်ခဲ့ပါတယ်။
ဦးအောင်မင်းဦးဆောင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနဲ့ နိုင်ဟံသာဦး ဆောင်တဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တို့က ကိုယ်စားလှယ်တွေ ထိုင်းနိုင်ငံ ချင်းမိုင်မြို့က ဟောလီဒေးအင်းဟိုတယ်မှာ ဆွေးနွေးကြတာပါ၊
ဒီဆွေးနွေးပွဲမှာ အစိုး၇ဘက်က လာမယ့်အောက်တိုဘာမှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ် ထိုးရေးကို တင်ပြခဲ့ပြီး ဒီအချက်ကို တိုင်းရင်းသားတွေဘက်က ပြည်နယ်အဆင့်။ ပြည်ထောင်စုအဆင့် လက်မှတ်ရေးထိုးပြီးဖြစ်တာကြောင့် ထပ်မံထိုးဖို့ လိုအပ်မအပ် မေးခွန်းထုတ်ခဲ့ပါတယ်။
 
အစိုးရဘက်က သဘောတူတဲ့အဖွဲ့လာလက်မှတ်ထိုးဖို့ တံခါးဖွင့်ထားမယ့်အကြောင်း ပြောဆိုခဲ့ပါတယ်။
အစိုး၇ဘက်ကတော့ တနိုင်ငံလုံးအတိုင်းအတာဆောင်တဲ့ လက်မှတ်ရေးထိုးပြီးမှ သာနိုင်ငံရေးဆွေးနွေးပွဲ

Sunday, September 8, 2013

ရန်ကုန်-ကျိုက်ထို-ရန်ကုန် အထူးအမြန်ရထား ခရီးသည် ၁၁၅ ဦးဖြင့် စက်တင်ဘာ ၇ ရက် စတင်ပြေးဆွဲ

A-8-9
စက်တင်ဘာ ၇ ရက်က ရန်ကုန်-ကျိုက်ထို-ရန်ကုန် အထူးအမြန်ရထားပေါ်တွင် လိုက်ပါစီးနင်းသည့် ခရီးသည်များကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ထင်)
 
ရန်ကုန်-ကျိုက်ထို-ရန်ကုန် အထူးအမြန်ရထား စက်တင်ဘာ ၇ ရက်တွင် စတင်ပြေးဆွဲခဲ့ပြီး ရန်ကုန်ဘူတာကြီးမှ နံနက် ၆ နာရီ ၂၅ မိနစ်တွင် စတင်ထွက်ခွာခဲ့ကာ ခရီးသည် ၁၁၅ ဦး လိုက်ပါ စီးနင်းသွားခဲ့ကြောင်း သတင်းရရှိသည်။
 
ယင်းအထူးအမြန်ရထား စတင်ပြေးဆွဲခြင်း အထိမ်းအမှတ် အခမ်းအနားကို စက်တင်ဘာ ၇ ရက် နံနက် ၆ နာရီတွင် ရန်ကုန်ဘူတာကြီး၌ ပြုလုပ်ခဲ့ပြီး ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးနှင့် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေတို့ တက်ရောက်ဖွင့်လှစ် ပေးခဲ့ကြောင်း သိရသည်။
အိမ်သာစနစ်၊ အမြန်နှုန်းတွေ ကောင်းတဲ့ရထားပါ။ ဒီခရီးစဉ် ပြေးတဲ့ရထားက ဂျပန်နိုင်ငံက ၁ တွဲကို ဂျပန်ယန်း ၈ သန်း ကျော်ပေးပြီး ပြန်ဝယ်ထားတဲ့ ရထားပါ။ တစ်ပတ်ရစ်ဖြစ်သော်လည်း အကောင်းဆုံးဖြစ်အောင် လုပ်ထားပါတယ်။ ဒီခရီးစဉ် တစ်ခြမ်းကို ဒီဇယ် ၁၀၈ ဂါလံလောက် ကုန်တဲ့အခါကျတော့ ခရီးသည် ၁၀၀ လောက် မရရင် တွက်ခြေမကိုက်ပါဘူး . . . . .
ရန်ကုန်-ကျိုက်ထို-ရန်ကုန် အထူးအမြန်ရထားကို အပတ်စဉ် စနေ့နေ့တိုင်း ရန်ကုန်မှ ကျိုက်ထိုသို့ ပုံမှန်ပြေးဆွဲပေးမည်ဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ကျိုက်ထိုမှ ရန်ကုန်သို့ ပုံမှန် ပြေးဆွဲပေးမည် ဖြစ်ကြောင်း၊ လက်မှတ်ခ အနေဖြင့် ရန်ကုန်မှ ကျိုက်ထိုသို့ ကျပ် ၃၅၀၀ ဖြစ်ပြီး နိုင်ငံခြားသား ဆိုပါက

ဆီးရီးယားစစ်ပွဲ ပြည်တွင်းပြည်ပထောက်ခံမှုရဖို့ အမေရိကန်ကြိုးပမ်း

ဆီးရီးယားစစ်ပွဲ ပြည်တွင်းပြည်ပထောက်ခံမှုရဖို့ အမေရိကန်ကြိုးပမ်း -
( ဗွီအိုအေ သတင်းဌာနမှ ကူးယူဖေါ်ပြပါသည် )


သမ္မတ Barack Obama အစိုးရဟာ ဆီးရီးယားအပေါ် စစ်ရေးနဲ့ တုံ့ပြန်မဲ့အပေါ် အမေရိကန်ပြည်သူတွေရဲ့ ထောက်ခံမှုရရှိဖို့ တိုက်တွန်း ကြိုးစားနေပါတယ်။
ဘယ်လိုမှ လက်မခံနိုင်လောက်တဲ့ တိုက်ခိုက်မှုအပေါ် တုံ့ပြန်ဖို့ ပျက်ကွက်တယ်ဆိုရင် နောက်ထပ် ဓာတုလက်နက်နဲ့ တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်ခြေ ရှိတယ်လို့ သမ္မတက နိုင်ငံတော်ကို အပတ်စဉ်ပြောကြားတဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ခုလို သမ္မတက ပြည်တွင်းမှာ ထောက်ခံမှုရရှိဖို့ ဆောင်ရွက်နေချိန်မှာပဲ နိုင်ငံခြားရေးဝန်ကြီး John Kerry ကလည်း အမေရိကန်ရဲ့ အရေးယူမယ့် အစီအစဉ်အပေါ် ထောက်ခံကြဖို့ ဥရောပ နိုင်ငံခြားရေးဝန်ကြီးတွေကို တိုက်တွန်းနေပါတယ်။ EU ဥရောပသမဂ္ဂအလှည့်ကျတာဝန်ယူထားတဲ့ Lithuania နိုင်ငံ Vilnius မြို့တော်မှာ ဝန်ကြီး Kerry ဟာ ဥရောပနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဆီးရီးယားအရေးကို အလွတ်သဘော ဒီကနေ့ ဆွေးနွေးခဲ့ပါတယ်။

ဝန်ကြီး Kerry နဲ့ တွေ့ဆုံအပြီးမှာ ဆီးရီးယားအစိုးရရဲ့ တိုက်ခိုက်မှုအပေါ် ပြတ်ပြတ်သားသားနဲ့ ပြင်းပြင်းထန်ထန် တုံ့ပြန်ဖို့ တိုက်တွန်းထားတဲ့ ကြေညာချက်ကို EU နိုင်ငံခြား မူဝါဒရေးရာအကြီးအကဲ Catherine Ashton ကဖတ်ပြခဲ့ပါတယ်။ ခုလို ထောက်ခံမှုပြသတဲ့အပေါ် ဝမ်းသာတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက တုံ့ပြန်ခဲ့ပါတယ်။

G-20 ထိပ်သီးစည်းဝေးပွဲမှာ အမေရိကန်အပါအဝင် နိုင်ငံ ၁၀ ခုက ပြင်းပြင်းထန်ထန် ဆီးရီးယားအပေါ် တုံ့ပြန်အရေးယူဖို့ တောင်းဆိုထားတဲ့
ကြေညာချက်မှာ လက်မှတ်ရေးထိုးမယ်လို့ ဂျာမနီနိုင်ငံကလည်း ပြောပါတယ်ရှင်။

http://burmese.voanews.com/content/america-tried-to-reach-international-support-on-syria-civil-war-against-/1745235.html
 
သမ္မတ Barack Obama အစိုးရဟာ ဆီးရီးယားအပေါ် စစ်ရေးနဲ့ တုံ့ပြန်မဲ့အပေါ် အမေရိကန်ပြည်သူတွေရဲ့ ထောက်ခံမှုရရှိဖို့ တိုက်တွန်း ကြိုးစားနေပါတယ်။ ဘယ်လိုမှ လက်မခံနိုင်လောက်တဲ့ တိုက်ခိုက်မှုအပေါ် တုံ့ပြန်ဖို့ ပျက်ကွက်တယ်ဆိုရင် နောက်ထပ် ဓာတုလက်နက်နဲ့ တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်ခြေ ရှိတယ်လို့ သမ္မတက နိုင်ငံတော်ကို အပတ်စဉ်ပြောကြားတဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ခုလို သမ္မတက ပြည်တွင်းမှာ ထောက်ခံမှုရရှိဖို့ ဆောင်ရွက်နေချိန်မှာပဲ နိုင်ငံခြားရေးဝန်ကြီး John Kerry ကလည်း အမေရိကန်ရဲ့ အရေးယူမယ့် အစီအစဉ်အပေါ် ထောက်ခံကြဖို့ ဥရောပ နိုင်ငံခြားရေးဝန်ကြီးတွေကို တိုက်တွန်းနေပါတယ်။ EU ဥရောပသမဂ္ဂအလှည့်ကျတာဝန်ယူထားတဲ့ Lithuania နိုင်ငံ Vilnius မြို့တော်မှာ ဝန်ကြီး Kerry ဟာ ဥရောပနိုင်ငံခြားရေးဝန်ကြီးတွေနဲ့

Thursday, September 5, 2013

လွှတ်တော် ကော်မတီက ဆီးရီးယားကို ရက်ပေါင်း ၆၀ တိုက်ခွင့်ပေး

 
04 September 2013
 
လွှတ်တော် နိုင်ငံ ခြား ရေးရာကော်မတီက ကြားနားမှု ပြီးနောက် သမ္မတ အိုဘားမားက တင်သွင်းသည့် ဆီးရီးယားကို တိုက်ခိုက်မည့်အဆို ကြမ်းကို လွှတ် တော်ကလက်ခံမှု ပြုကာ ရက်ပေါင်း ၆၀ တိုက်ခိုက် နိုင် ကြောင်းနှင့် အခြေအနေအရ ရက်၃၀ ထပ်မံတိုး မြှင့်နိုင်ကြောင်း အတည်ပြုခဲ့သည်။

လွှတ်တော်ကြားနာပွဲတွင် နိုင်ငံခြား ရေးဝန်ကြီး ဂျွန်ကယ်ရီက ဆီးရီးယား သမ္မတဘာရှား အယ်(လ) အာဆဒ်က အဆိပ် ဓာတ်ငွေ့  နှင့် ဓာတုဗေဒ လက်နက်များ သုံးခဲ့သည်မှာ ယုံမှားသံသယ ဖြစ်စရာပင်မလို ဟု ထွက်ဆို ခဲ့သည်။

အထက် လွှတ်တော် ဥက္ကဌ ဂျွန်ဘေးနား ၊ အရီဇိုးနား ပြည်နယ် လွှတ်တော် အမတ် ဂျွန်ဘေးနား တို့  က ထောက်ခံသည်ဟု CBS ရုပ်သံ က ထုတ်လွင့် သည်။

ယခင် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီ ကလင်တန် ကလည်း ဆီးရီးယားကို တိုက်ရန် အိုဘားမား ၏ အဆိုပြုမှုကို ထောက်ခံကြောင်း ထုတ်ဖော် ပြောသည်။

အိုဘားမား၏ လွှတ်တော်သို့  အဆိုတင်သွင်းမှုသည့် အရေးပါသည့် ရီပတ်ဘလီကန်အမတ်များ၏ ထောက်ခံမှုကို ရရှိ နေပြီ ဖြစ်သည်။

ဆီးရီးယားတွင် ၁၅ စက္ကန့် ဉ် ဒုက္ခသည်တစ်ဦးတိုးနေပြီး ဒုက္ခသည် နှစ်သန်း ပြည့်သွားပြီ ဖြစ်ကြောင်း ကုလသမဂ္ဂက သတင်းထုတ် ပြန်သည်။

Copy from - Freedom News Group(Burma)
 

Sunday, September 1, 2013

အမျိုးသားပြန်လည်သင့်မြတ်ရေးကို ချဉ်းကပ်မှုမမှန်ခြင်းသည် တိုင်းပြည် ၏ လက်ရှိအဓိကပြသနာ အပိုင်း (၁)

သြဂုတ်လ ၂၁ ရက်နေ့ က ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်ရွာစစ် ၏ သဘောထား ထုတ်ဖေါ်ချက် ကို ကြားလိုက် ရသောအခါ လှိုင်းကြီးနေဆဲဖြစ်သည့် ပင်လယ်ပြင်ကို ဖြတ်ကျော်ရန် လှေအား တက်စုံ ရွက်စုံပြင်နေသည့် အချိန်တွင်  တက်တချောင်း အား ရိုက်ချိုး လိုက် သလိုများဖြစ်သွားမလားဟု စဉ်းစားမိသည်။  ၄င်းက “ယူအင်န်အက်ဖ်စီ၏ ဆုံးဖြတ်ချက်ကို ကြိုဆိုသော် လည်း အချိန် စောလွန်း သေးကြောင်း နှင့် ယနေ့ တိုင်းပြည်အတွက် အရေးကြီးဆုံး လိုအပ်သော အရာမှာ အမျိုးသား ပြန်လည် သင့် မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဖြစ်ကြောင်း” ဖွင့်ဟ လိုက်သောကြောင့်ဖြစ်သည်။
 
ပြီးခဲ့သည့်လက တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအင်န်အက်ဖ်စီ) မှ ကြီးမှုးကျင်းပခဲ့ သည့် တိုင်းရင်းသားများ၏ညီလာခံကြီးတွင် ချမှတ်ခဲ့သည့် ဖက်ဒရယ်ပြည် ထောင်စု ဖွဲ့ စည်းပုံအခြေခံဥပဒေ အသစ် တရပ် ရေးဆွဲသွားရေး နှင့် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် တည် ဆောက်ရေးတို့ အား ၄င်းက ရည်ညွှန်းပြော ဆို သွားခြင်းဖြစ်သည်။
 
လာပြန်ချေပြီ --- “အမျိးသား ပြန်လည်သင့်မြတ်ရေး”။ ဟိုနေရာမှာလဲ “အမျိးသား ပြန်လည်သင့် မြတ် ရေး” သည်နေရာမှာလဲ “အမျိးသား ပြန်လည်သင့်မြတ်ရေး”။ ဤဝေါဟာရ အား နိုင်ငံရေး ခေါင်းဆောင် အတော်များ များက ရည်ညွှန်းပြောဆိုခဲ့ကြပြီးလည်းဖြစ်သည်။ သို့ ရာတွင် ဤသည်မှာ မည်သည့်အရာဖြစ်သည်ကို အခြေခံလူထု နားလည်အောင် ပြည့်ပြည့် စုံစုံ ရှင်းလင်းဖွင့်ဆိုထားသည်ကို  မကြားသိ ရသေးပါ။
 
“အမျိးသား ပြန်လည်သင့်မြတ်ရေး” နှင့် ဒေါ်အောင်ဆန်းစုကြည်
 
ပြီးခဲ့သည့် ရှစ်လေးလုံး ငွေရတု နေ့ တွင် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ဆက်စပ်၍ အောက်ပါအတိုင်း ပြောကြား သွားခဲ့သည်။
 
“၁၉၈၈ ခုနှစ်တုံးက အမျိုးသားရင်ကြားစေ့ရေး ဆိုတာ ပြည်သူနဲ့ တပ်မတော်အကြားမှာ အဆင်ပြေ ရေး လို့ စဉ်းစားခဲ့ ကြ တယ်။ အခုလဲ အဲသည်အတိုင်းစဉ်းစားကြရမယ်။ အဲဒီလို ရဲရဲဝံ့ဝံ့စဉ်းစားနိုင်မှ ရှေ့ကို ပြေပြေ လည်လည် နဲ့ သွားနိုင်မှာဖြစ်တယ်။”
 
ဒေါ်အောင်ဆန်းစုကြည်၏ ဆိုလိုချက်အရ ပြည်သူနဲ့ တပ်မတော်အကြားမှာ အဆင်ပြေရေးသည်သာ အမျိုးသားပြန်လည် သင့်မြတ်ရေးဟူ၍ နားလည်ရမည်ကဲ့သို့ ဖြစ်သည်။ ဤသည်မှာ ကျဉ်းမြောင်းလွန်းရုံမကေ၀၀ါး နေသည်။ တိကျမှုမရှိ။ မည်သည့် အရာများအား အဆင်ပြအောင် လုပ်မည်မသိ။ အဆင်ပြေ အောင် မည်သို့ မည်ပုံ ဖေါ်ဆောင်သွားမည်ဟူသည့် လုပ်ငန်းစဉ်ဦးတည် ချက်နှင့် နည်းလမ်း ကို မတွေ့ ရ။ မည်သည့်အချိန်၌ တရားဝင် နိဂုံး ချုပ်မည်ကိုလည်း မကန့် သတ်။ သို့ ဖြစ်ရာ မည်သို့ သော အခြေအနေ အောက်တွင် ဖြစ်စေ “တပ်မတော်နှင့် ပြေလည် ရေး” ဟူသည်ကို မဖြစ်မနေ သားစဉ်မြေးဆက်လိုက်နာ ကျင့်သုံးရ မည်ကဲ့သို့  ဖြစ်နေသည်။ “အမျိးသား ပြန်လည် သင့်မြတ်ရေး” သို့ မဟုတ် “ရင်ကြားစေ့ရေး” ဟူသော လှပသည့်ဝေါဟာရ အောက်တွင် အတွေးအခေါ်မှားကို ဖြန့်် ဖြူး နေမှာ စိုးရိမ်မိသည်။
 
လူထုကို ဦးဆောင်ခွင့်ရနေသော ဒေါ်အောင်ဆန်းစုကြည်ကိုယ် တိုင် ကအမျိုးသား ပြန်လည်သင့် မြတ်ရေးနှင့် စပ်လျှဉ်း၍လူ့ အခွင့်အရေးရှုဒေါင့်မှ အဓိကထားကာ ခိုင်မာတိကျသည့် အခြေခံမူ တခုခုကို အသေအချာ မဆုပ်ကိုင် သေးခြင်းမှာ တကယ့် ပြသနာဖြစ်နေသည်။

သို့ ဖြစ်၍လက်တွေ့ အရ “အမျိးသား ပြန်လည်သင့်မြတ်ရေး” ကို ဖေါ်ဆောင်ရာတွင် တပ်မတော်နှင့် ပြေလည်ရေး၊ တပ်မတော်၏ ငြိုငြင်မှု ကို မခံရရေးမှာ လုပ်ငန်းစဉ်၏ ဦးတည်ချက်ကဲ့သို့ ဖြစ်သွားသည်။ အကျိုးဆက် အနေဖြင့် တပ်မတော် ဘာလုပ်လုပ် နုတ်ပိတ်နေရေးဘ၀သို့ ကျဆင်းသွားရတော့သည်။ ကြီးကောင် ကြီးမား အရွယ် ကြီးရောက်မှ စစ်ဗိုလ်ဟောင်း သစ်များ ကြီးစိုးလွှမ်းမိုးထားသည့် လွှတ်တော်အတွင်း ၄င်းတို့ နှစ် သက် မှုရစေရန် ကကြ ခုန်ကြ လုပ်ဆောင်မှုမျိုးကသာ အဓိက

ငွေရှိတိုင်း မဖြစ်နှိင်သောအရာများလောကမှာငွေရှိရင် ဘာမဆိုဖြစ်တယ်လို့ ထင်နေကြသူတွေအတွက်

…အောက်ကအချက်(၂၀)ကို ဖတ်ကြည့်ပေးပါ………
**************************************************
...

1.ပိုက်ဆံပေးပြီး အစားအသောက်တွေ (Food) ကို မင်းဝယ်လို့ရလိမ့်မယ်၊စားချင်စိတ် (Appetite) ကို ဝယ်လို့မရဘူး။

2. ပိုက်ဆံပေးပြီး ဟာသတွေ (Fun) ကို မင်း ဝယ်လို့ရလိမ့်မယ်၊ပျော်ရွှင်ခြင်း (Joy) ကို ဝယ်လို့မရဘူး။

3. ပိုက်ဆံပေးပြီး အပေါစားမိန်းမတွေ အများကြီး ကို မင်းဝယ်နိုင်လိမ့်မယ်၊ မေတ္တာတရား (Love) ကိုဝယ်လို့မရဘူး။

4. ပိုက်ဆံပေးပြီး ဆေးဝါးပစ္စည်းတွေ (Medicine) ကိုမင်းဝယ်လို့ရလိမ့်မယ်၊ ကျန်းမာခြင်း (Health)

အမျိုးချစ်တာ ဂုဏ်ယူစရာပါ ....

စစ်ဝါဒီတွေရဲ့ မဟာဗမာ လူမျိုးကြီးဝါဒ ကျင့်သုံးပုံကိုမကြည့်ရသေးတဲ့လူတွေအတွက်ဝေမျှလိုက်ပါတယ်။
Copy frm - Aldo Sawaldo(FB)