Friday, August 30, 2013

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်း က ရည်းစားဟောင်းကို သတ်ပြစ် ရန် အမိန့် ပေး

 
အန်ဟာဆု အော်ခက်စတြာ တီးဝိုင်းက အဆိုတော် ဟွန်ဆန်ဝိုလ်းကို ညစ်ညမ်း ရုပ်ရှင်ဖန်တီးမှုနဲ့  မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းက ပစ်သတ်ဖို့  အမိန့် ပေးခဲ့လို့  သြဂုတ်လ ၂၀ ရက် နေ့ မှာ သူနဲ့ အခြား ၁၂ ဦးကို သေနတ်နဲ့  ပစ်သတ်ပြီး အဆုံးစီရင်ခဲ့ပါတယ်။...

ဟွန်ဆန်ဝိုလ်းဟာ မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့  ရည်းစားဟောင်း ဖြစ်ပြီး လက်ရှိ အဆိုတော်မလေးနဲ့  မတွဲခင်မှာ သူတို့  တွေ့ ခဲ့ကြတာ ဖြစ်ပါတယ်။

ကင်ဂျုံအန်းက အခုလို သတ်ဖြတ်ဖို့  အမိန့် ပေးခဲ့တာ နိုင်ငံရေးပယောဂ အရှုပ်အထွေး ကြောင့် ဖြစ်တယ်လို့  တောင်ကိုရီးယား ချိုဆန်နီလ်ဘို သတင်းစာမှာ ဖော် ပြထားပါတယ်။

ဟွန်ဆန်ဝိုလ်းတို့  တီးဝိုင်း အဖွဲ့ သား တွေကို သြဂုတ် လ ၁၁ ရက်နေ့ မှာ ဖမ်းဆီး ပြီး ၉ ရက် အကြာမှ ကွပ်မျက်ခဲ့တာ ဖြစ်ပါတယ်။

 
Copy from - Myanmar International News

ပုံပေါ်ကို click ပြီး Like & Share လုပ်ပေးကြပါ ပရိတ်သတ်ကြီးရေ..

 
http://lady.tut.by/news/supranational-2013/363296.html?fb_action_ids=503337963086202&fb_action_types=og.recommends&fb_source=aggregation&fb_aggregation_id=288381481237582#view/14286 .. link လေးကို ဖွင့်ပြီး photo အောက်မှာရှိတဲ့ လေးကို click နှိပ်ပေးပါနော်..♥♥♥

နေ့ စဉ်မဲပေးနိုင်ပါတယ်... သြဂုတ်လ ၂၆ ရက်နေ့က စပြီး မဲစပေးလို့ ရတာဖြစ်ပြီး စက်တင်ဘာလ ၄ ရက်နေ့ ၁၂း၀၀ နာရီ အချိန်ထိ မဲပေးလို့ ရပါတယ်...

(Chrome ကနေ မဲပေးပြီးပေမယ့်လည်း Firefox နဲ့ဖွင့်ပြီးမဲ ပေးပါကလည်း မဲပေးလို့ ရ သဖြင့် Browser မတူ ပါက မဲ ထပ်ပေးလို့ ရကြောင်း အသိပေးချင်ပါတယ် ရှင့်.....)

 ♥♥♥.... Miss Supranational Preliminary Competition မှာ Miss Myanmar - ခင်ဝင့်ဝါပုံများ .....♥♥♥

Thursday, August 29, 2013

၆ နှစ်သားမျက်လုံး အရှင်လတ်လတ် ဖောက်ခိုး

တရုတ်နိုင်ငံမှာ ၆ နှစ်အရွယ် ကလေးငယ်တယောက်ကို တိုက်ခိုက်ပြီး မျက်လုံးကို ဖောက်ယူသွားခဲ့သူဟာ မှောင်ခို ဈေးကွက်မှာ မျက်ကြည်လွှာကို ရောင်းစားဖို့ ရည်ရွယ်ပုံရတယ်လို့ အစိုးရပိုင် သတင်းက ဖော်ပြပါတယ်။

Shanxi ပြည်နယ် ကျေးလက်ဒေသမှာ ခြံသမားမိဘတွေက အလုပ်လုပ်နေချိန် စနေနေ့မှာတုန်းက လယ်ကွင်းထဲမှာ သွားနေတဲ့ ကလေးငယ်ကို ဘယ်သူဘယ်ဝါမှန်း မသိတဲ့ အမျိုးသမီးတဦးက တိုက်ခိုက်ခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ကလေးငယ်ရဲ့ မျက်လုံးကိုတော့ နောက်ပိုင်း အနီးအနားမှာ ရှာဖွေ တွေ့ရှိခဲ့တဲ့အကြောင်းလည်း ဒေသခံရဲတွေက ပြောခဲ့တာပါ။

ကလေးငယ်ကို ဆေးရုံတင်ပေးခဲ့ပေမဲ့ မျက်စေ့ကွယ်တာကိုတော့ ဆရာဝန်တွေက ကုသမပေးနိုင်ခဲ့ပါဘူး။ အစိုးရပိုင် သတင်းကတော့ ကလေးငယ်ရဲ့ မျက်လုံးက မျက်ကြည်လွှာကို ယူသွားတာ တွေ့ရပြီး၊

ကြာသပတေးနေ့  လင်းအားကြီး ချိန်မှာ တိုမာဟောခ် ဒုံးကျဉ် ၁၀၀ ကျော်နဲ့  စတိုက်မယ်

ကြာသပတေးနေ့  လင်းအားကြီး ချိန် မှာ တိုမာဟောခ် ဒုံးကျဉ် ၁၀၀ ကျော် နဲ့  စတိုက် မယ်
===================================================
ဆက်ဒမ် ဟူ စိန် ကို ဖယ်ရှား တဲ့ အီရတ် စစ် ပွဲ ရဲ့  ဗျုဟာ ပုံစံ မျိုး အတိုင်း ဆီးရီးယား ကို တိုက် ခိုက် မယ် လို့  အမေရိကန် ထိပ်တန်း စစ်တပ် အရာရှိ တစ်ယောက် က AP သတင်း ဌာန ကို ပြောပါတယ်။ ကြာသပတေးနေ့ နံနက်လင်း အားကြီး ချိန် မြန်မာ နိုင်ငံ မှာ တော့ ကြာသပတေး နေ့  ည ကိုးနာရီ လောက် မှာ ရေငုပ် သဘောင်္တွေ မှာ တပ် ဆင် ထား တဲ့ တိုမာဟောခ် ဒုံး ကျဉ် တွေ ကို ဦး ဆုံး ပစ်လွှတ် တိုက် ခိုက် မှာ ဖြစ် ပြီး အဲဒီနောက် သဘောင်္တွေ က ပဲ့ ထိမ်း ဒုံးကျဉ်တွေ ပစ် လွှတ် ပြီး အာဆဒ် ရဲ့  လေကြောင်း မဟာဗျူဟာ တွေ ကို ရှင်းလင်း မှာ ဖြစ် ပါတယ်။

ဒီနောက် မှာ တော့ ဗြိတိသျှ တော်ဝင် လေတပ် ၊ လတ်တလော မာလီ မှာ
လေကြောင်း တိုက် ခိုက် မှု အတွေ့ အကြုံ ရှိ ခဲ့ တဲ့ ပြင်သစ် လေတပ် တို့  နဲ့  အတူ အမေရိကန် တိုက် လေ ယာဉ် တွေ က ဆီးရီးယား နိုင်ငံ ထဲ ကို ၀င် ရောက် တိုက် ခိုက် မှာ ဖြစ် ပါတယ်။

သုံးရက် ကြာ တိုက် ခိုက် မယ့် ဒီစစ်ပွဲ ဟာ ဆီးရီးယားက ပြိုင် ဘက် တွေ ကို နှိပ် ကွပ် ရာ မှ နိုင်ငံ တကာ က တား မြစ် ထား တဲ့ ဓာတု လက် နက် တွေ ကို အသုံး ပြု လို့  ဖြစ် ပါတယ်။

နှစ် နှစ် ကြာ ဆီးရီးယား အုံကြွမှု မှာ အာဆဒ် အစိုးရ က လူ တစ်သိန်း ကျော်
လောက် ကို သတ် ဖြတ် ခဲ့ ပါတယ်။

ပုံ မှာ တွေ့ ရ တာ က တော့ ဆိုက်ပရပ်(စ) ကို နောက် ဆုံးရောက် ရှိ လာတဲ့
လေယာဉ် တင် သဘောင်္ ကြီး ဖြစ်ပါတယ်။  
 
ဆက်ဒမ် ဟူစိန်ကို ဖယ်ရှားတဲ့ အီရတ် စစ်ပွဲရဲ့  ဗျုဟာပုံစံမျိုးအတိုင်း ဆီးရီးယားကို တိုက်ခိုက်မယ်လို့  အမေရိကန် ထိပ်တန်း စစ်တပ် အရာရှိ တစ်ယောက်က AP သတင်းဌာနကို ပြောပါတယ်။
 
ကြာသပတေးနေ့ နံနက်လင်း အားကြီးချိန် မြန်မာနိုင်ငံမှာတော့ ကြာသပတေးနေ့  ည ကိုးနာရီလောက်မှာ ရေငုပ် သဘောင်္တွေမှာ တပ်ဆင်ထားတဲ့ တိုမာဟောခ် ဒုံးကျဉ်တွေကို ဦးဆုံး ပစ်လွှတ် တိုက်ခိုက်မှာ ဖြစ် ပြီး အဲဒီနောက် သဘောင်္တွေက ပဲ့ထိမ်း ဒုံးကျဉ်တွေ ပစ်လွှတ်ပြီး အာဆဒ်ရဲ့  လေကြောင်း မဟာဗျူဟာ တွေကို ရှင်းလင်းမှာ ဖြစ် ပါတယ်။
 
ဒီနောက်မှာတော့ ဗြိတိသျှ တော်ဝင်လေတပ် ၊ လတ်တလော မာလီမှာ လေကြောင်း တိုက်ခိုက်မှု အတွေ့ အကြုံ ရှိခဲ့တဲ့ ပြင်သစ် လေတပ် တို့ နဲ့ အတူ အမေရိကန် တိုက်လေယာဉ်တွေက ဆီးရီးယား နိုင်ငံထဲကို ၀င် ရောက် တိုက်ခိုက်မှာ ဖြစ်ပါတယ်။

သုံးရက်ကြာ တိုက်ခိုက်မယ့် ဒီစစ်ပွဲဟာ ဆီးရီးယားက ပြိုင်ဘက်တွေကို နှိပ်ကွပ်ရာမှ နိုင်ငံတကာက တား မြစ်ထားတဲ့ ဓာတုလက်နက်တွေကို အသုံးပြုလို့  ဖြစ်ပါတယ်။

နှစ်နှစ် ကြာ ဆီးရီးယား အုံကြွမှုမှာ အာဆဒ်အစိုးရက လူ တစ်သိန်းကျော်လောက်ကို သတ်ဖြတ် ခဲ့ ပါတယ်။

ပုံမှာ တွေ့ရ တာကတော့ ဆိုက်ပရပ်(စ) ကို နောက်ဆုံးရောက် ရှိလာတဲ့ လေယာဉ်တင် သဘောင်္ကြီး ဖြစ်ပါတယ်။
 
အင်တာနက်သတင်းစာမျက်နှာမှ

ဆီးရီးယားကို သြဂုတ်လ (၂၉) ရက် (မနက်ဖြန်)တွင် အမေရိကန်နှင့် မဟာမိတ်များ တိုက်ခိုက်ဖွယ်ရှိ

ကုလသမဂ္ဂ၏ သဘောတူညီချက်ယူ၊ မယူကို အမေရိကန် တာဝန်ရှိသူဖြေကြားခြင်းမရှိ
Copy from - Eleven Myanmar

ပြည်ပကနေ ဗမာပြည်နိုင်ငံရေး လုပ်ဆောင်နေသူတွေကို မစော်ကားပါနဲ့ ။

အံ့ဘွယ်ကျော်နဲ့ အထဲလာလုပ်ကြည့်ပါလားဆိုတဲ့ အသုန်းအနှုန်းကိုသုံးစွဲသူများသို့......

ဘာတဲ့ ။ "အဝေးကနေ ပရမ်းပတာလုပ်နေ၊ ပြောနေကြမယ့်အစား၊ ခဏလေး လာလုပ်ကြည့်စမ်းပါလား" တဲ့ ။ မင်းတို့ဘ၀မေ့ စကားမပြောနဲ့ ။ မင်းတို့ ခုလိုအခြေအနေ ဖြစ်လာအောင် အဝေး ရောက် ရဲဘော်တွေလည်း လုပ်ခဲ့ကြတယ်ကွ ။ အေး ။ အခု အဝေးရောက်နေတယ် ဆိုတဲ့သူတွေဟာ ဗမာပြည်ထဲမှာ မင်းတို့လိုပဲ လုပ်ခဲ့ကြဘူးသူတွေဆိုတာ နားလည်ထားစမ်းပါ ။ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် ကိုယ့်အမြင်နဲ့ကိုယ် ကိုယ့်အခြေအနေနဲ့ကိုယ် ဗမာပြည်ထဲကနေထွက်ခွာနေကြရတာ ။


ဘယ်သူမှ အသိုက်မြုံပျက်ခံပြီး ကိုယ့်မြေကိုယ် မစွန့်ခွာချင်ဘူးကွ ။ မင်းတို့တွေ (၈၈မျိုးဆက်အုပ်စုတွေ)ထောင်ထဲ ရောက်နေကြတဲ့အချိန် မင်းတို့တွေအပေါ် လေးစား စာနာတဲ့စိတ်တွေနဲ့ အပြင်ရောက်နေတဲ့ ကောင်တွေက ကိုယ်ဘာသာ ဇိမ်နဲ့နေရင်ရပါလျက် မင်းတို့အတွက် ရောက်ရာနေရာကနေ ပူးပေါင်း ပါဝင် လှုပ်ရှားခဲ့ကြတယ်ကွ ။ ဖြတ်သန်းခဲ့ကြတဲ့ ဗမာပြည်နိုင်ငံရေးသမိုင်းမှာ ပြည်တွင်းကနေလှုပ်ရှားသူရော ၊ ပြည်ပကနေပါဝင်ဆောင်ရွက်သူရော.. လက်နက်ကိုင်လမ်းစဉ်နဲ့ တိုက်ပွဲဝင်သူရော အားလုံးဟာ သူ့အခန်းကဏ္ဍနဲ့သူ ရှိကြတာချည်းပဲ ။ ပြည်တွင်းမှာလုပ်မှ နိုင်ငံရေးလုပ်တာလား ။

"တစ်ခုပဲ စဉ်းစား။ မင်း အခု ဘာလုပ်နေသလဲ။အပြင်ကနေ မင်း အာခြောင်နေရုံနဲ့ နိုင်ငံရဲ့ စနစ်နဲ့ လူမျိုးရေးတွေ ပြောင်းသွားနိုင်မလား ...? မင်းစဉ်းစား"
ဆိုတာမျိုးပြောဆိုသုံးစွဲလိုက်တာဟာ ငါတို့ပြည်ပရောက်နေသူတွေအားလုံးကို ၀ါးလုံးရှည်နဲ့ရမ်းစော်ကားလိုက်တာပဲ ။ မင်းစကားကိုမင်းတာဝန်ယူဖြေရှင်းပါ ။ ငါတို့က ပြည်တွင်းလာမလုပ်တာလား ။ ငါတို့ပြည်တွင်းလာခွင့်မရသေးတာလားဆိုတာ မင်းတို့သေချာလေ့လာပါ ။ ABSDF နဲ့ ငြိမ်းချမ်းရေးစကားပြောပါပြီဆိုတိုင်း ၊ ကိုမိုးသီး နဲ့ နိုင်အောင်တို့လိုလူတွေတောင် ပြန်လာခွင့်ရပါပြီဆိုတိုင်း ငါတို့ပြန်လာလို့ရပြီလားဆိုတာ မင်းတို့သေချာလေ့လာပါ ။ သေဒါဏ်နဲ့တောင်ပြီးမှာမဟုတ်တဲ့ အရေးယူမှုတွေနဲ့ ငါတို့ကိုထုတ်ထားတဲ့ဖမ်းဝရမ်းတွေ မပြယ်သေးဘူး ။ ပြည်သူတွေအတွက် ငါတို့မျှော်မှန်းထားတဲ့အခြေအနေတွေမဟုတ်တဲ့အတွက် သိန်းစိန်နဲ့ အောင်မင်းဘောမပြီး ဆွေးနွေးတာမျိုး ငါတို့မလုပ်နိုင်ဘူး ။ ငါတို့လက်နက်မချနိုင်ဘူး ။ မင်းတို့က အထဲလာလုပ် အထဲလာလုပ်ပြောတယ် ။ ဘယ်လိုလာရမလဲပြော ။ ငါတို့ဘယ်လိုပုံစံနဲ့လာရမလဲပြော ။ ငါတို့ကို လက်နက်ချစေချင်တာလား ။ သိန်းစိန်နဲ့ စစ်အုပ်စုအကြိုက် ငါတို့ကို ပြောဆိုလုပ်ကိုင်စေချင်တာလား ။ မလုပ်နိုင်ဘူးကွ။ ပြည်သူတွေအနိုင်ကျင့်ခံနေရတဲ့အခြေအနေတွေမပျောက်သေးသမျှ ၊ စစ်တပ်ကနေရာတိုင်းကြီးစိုးချယ်လှယ်ခွင့်ရနေသေးသမျှ ၊ ငါတို့မလာဘူးကွ ။ အဲဒါမှတ်ထား ။ ပြည်ပကနေတတ်နိုင်သလောက်လုပ်နေသူတွေကို ပြည်တွင်းပြန်လာလုပ်မှ နိုင်ငံရေးလုပ်တာဆိုတဲ့အဓိပ္ပါယ်မျိုးပြောဆိုနေမယ်ဆိုရင်တော့ အဲဒါ စစ်အုပ်စုအကြိုက် လိုက်လုပ်လိုက်ပြောနေတာပဲဖြစ်မယ် ။ ဆင်ရိုင်းကိုဖမ်းဖို့ ခိုင်းဆင်တွေနဲ့ကျုံးသွင်းတဲ့ စစ်အုပ်စုကြားကထွက်လာတဲ့အဲဒီစကားကို မင်းတို့ပြန်ရုပ်သိမ်းသင့်တယ် ။ ပြည်ပရောက်တွေရဲ့လုပ်ဆောင်ချက်တွေနဲ့ အခန်းကဏ္ဍကို မင်းတို့မလေးစားချင်နေ အသိမှတ်မပြုရင်နေ မစော်ကားသင့်ဘူးကွ ။

အခု... ပြည်တွင်းမှာရော ဘာတွေ လုပ်နိုင်နေလို့လဲ ။ မင်းတို့ရော ပြည်သူတွေအတွက် ထိထိရောက်ရောက် ဘာတွေလုပ်နိုင်နေလဲ ။
လက်ပံတောင်တောင် ဒေသက ပြည်သူတွေအတွက် မင်းတို့ ဘာတွေလုပ်ပေးနိုင်သလဲ ။
ဗမာပြည်တစ်ပြည်လုံးက မြေသိမ်းခံလ ယ်သိမ်းခံနေရတဲ့ လက်ရှိ ဆန္ဒပြတောင်းဆိုနေကြတဲ့ လယ်သမားတွေအတွက် မင်းတို့ ဘာတွေလုပ်ပေးနိုင်သလဲ ။
ဘာသာရေး လူမျိုးရေး အမည်ခံပြီးဖြစ်နေတဲ့ အနိုင်ကျင့်ခံရမှုတွေ ။ အဲဒီဖြစ်စဉ်တွေကို စစ်အုပ်စုက ထိထိရောက်ရောက် မဖြေရှင်းတာတွေအတွက် မင်းတို့ ဘာလုပ်ပေးနိုင်သလဲ ။
ပြည်သူတွေရဲ့ စားဝတ်နေမှုဘ၀က ဒုံရင်းဒုံရင်းပဲရှိသေးတယ် ။ အနိုင်ကျင့်ခံနေကြရဆဲပဲ ရှိနေသေးတယ်ဆိုတာ မင်းတို့ငြင်းမလား ။ မင်းတို့ဘာလုပ်နေကြလဲ ။ ရှစ်လေးလုံး အခန်းအနားကြောင့် အလုပ်ဖြုတ်ခံရတဲ့ ကျောင်းဆရာမအတွက်တောင် မင်းတို့ထိထိရောက်ရောက် ဘာလုပ်ကြလို့လဲ ။ ရှစ်လေးလုံးနှစ်ပတ်လည်အတွက် ရဲရဲရင့်ရင့်ချီတက်တဲ့သူတွေကို ပုဒ်မ ၁၈နဲ့ ဖမ်းအရေးယူနေတာ မင်းတို့မှာတာဝန်ရှိတယ် မခံစားရဘူးလား ။ မင်းတို့ခေါင်းကို နင်းသထက်ဖိနင်းနေတာတွေအတွက် တိုက်ပွဲခေါ်သံပေးဖို့ မင်းတို့ကြောက်ရွံ့နေကြပြီလား ။ အေး ။ အကြောင်းကြောင်းဆိုတာရှိလို့ မင်းတို့မလုပ်နိုင်သေးတာ ။ မင်းတို့စိတ်ဓာတ်တွေ ပြောင်းလဲသွားတာ မဟုတ်သေးပါဘူးဆိုရင် ရှိနေတဲ့အခြေအနေတွေအတွက် စစ်အုပ်စုအပေါ်မကျေနပ်စိတ်တွေနဲ့ ၊ ပြည်သူတွေအတွက် မခံချင်စိတ်တွေနဲ့ ၊ မင်းတို့ကိုအားမလိုအားမရ ဖြစ်ပြီး ဝေဘန်ကြ အပြစ်ပြောကြတဲ့သူတွေကို မောက်မောက်မာမာ ရိုင်းရိုင်းစိုင်းစိုင်းမတုန့်ပြန်နဲ့ ။ မင်းတို့လည်း ၈၈ ။ ငါတို့လည်း ၈၈ ။ မင်းတို့လည်း တိုက်ပွဲဝင်ခဲ့သူတွေ ။ ငါတို့လည်းတိုက်ပွဲဝင်ခဲ့သူတွေ ။ ပေးဆပ်မှုဆိုတာလည်း တယောက်တမျိုးစီချည်းပဲ ။ တိုင်းရတဲ့ဟာမဟုတ်ဘူး ။ ကိုယ်မှဘာကောင်လို့ သွေးနထင်ရောက် နေတာမျိုး ၈၈မျိုးဆက်တွေမှာရှိနေရင် မင်းတို့ကို နောင်မျိုးဆက်တွေက ကျောခိုင်းသွားကြလိမ့်မယ် ။
ဒေါင်းကွဲလို့ ခွေးဆွဲခံရတာမျိုး ၈၉ တုန်းကလည်း ဗနဲ့ မလို့ ဖြစ်ခဲ့ဘူးပြီးပြီ ။ ခုလည်း မင်းတို့ထပ်ကြုံကြရဦးမယ် ။ ရန်သူအစစ်ကိုမတိုက်နိုင်တိုင်း မတိုက်ရဲဖြစ်နေတိုင်း ဘေးကိုထွက်ပေါက်ရှာရမ်းတာ ကိုယ့်အချင်းချင်းပြန်ခွပ်တာ ၈၈ဒေါင်းရာဇ၀င်လို ဖြစ်နေပြီလို့ ပြည်သူတွေပြောတာ ခံနေရတာ ငါတော့ ရှက်တယ်ကွာ.....

မောင်ကျောင်းသား(၈၈)
from group mail

Wednesday, August 28, 2013

စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ပုဒ်မ ၁၈ကို ဖျက်သိမ်းပေးဖို့ လှုပ်ရှားတက်ကြွသူ ၂၀ခန့် ဆန္ဒပြ

ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်နဲ့ စုဝေးခွင့်ဆိုင်ရာဥပဒေ ပုဒ်မ ၁၈ကို လုံးဝဖျက်သိမ်းရေး တောင်းဆိုတဲ့ လှုပ်ရှားတက်ကြွသူ ၂ဝခန့်ဟာ သြဂုတ် ၂၇ရက်နေ့မှာ မြေနီကုန်းကနေ ဆူးလေထိ ချီတက်ဆန္ဒပြခဲ့ပါတယ်။

Copy from - Kamayut MediaTv

အလုပ်ထုတ်ခံရသူဆရာမအတွက် ကြေညာချက်

ဆန်းပိုင်းက ရန်ကုန်တွင် ပြုလုပ်သည့် ရှစ်လေးလုံးနှစ်ပတ်လည်နေ့အစီအစဉ်သို့ နိုင်ငံရေးနယ်ပယ်မှ ထင်ရှားသူ အများအပြား တက်ရောက်ကြသည် (ဓာတ်ပုံ - ဂျေပိုင်/ဧရာဝတီ)

နေပြည်တော် ကောင်စီ နယ်မြေ၊ ဇမ္ဗူသီရိ မြို့နယ် အထက ၅ တွင် တာဝန်ထမ်းဆောင်ခဲ့သူ ဆရာမဒေါ်စိုးစိုးခိုင်ကို ပညာရေး ၀န်ကြီးဌာနက  ၁၀-၆-၂၀၁၃ မှ ၁၄-၆-၂၀၁၃ အထိ ခွင့်မဲ့ ပျက်ကွက်ခြင်း၊ ခွင့်ပြုချက်မဲ့ ခရီးဝေးထွက်ခွာခြင်း၊ နိုင်ငံရေး အဖွဲ့အစည်း များနှင့် ပါဝင်ပတ်သက်ခြင်း စသည့် စွပ်စွဲချက်များဖြင့် ရာထူးမှ ထုတ်ပယ်ခဲ့သည်။
 
ထိုသို့ ထုတ်ပယ်ခြင်းနှင့် ပတ်သက်ပြီး  တက္ကသိုလ် ဆရာ/ဆရာမများ အသင်း (ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန် အနောက်ပိုင်း တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်များ) က တနင်္လာနေ့တွင်  ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလိုက်ကြောင်း သိရသည်။

ယင်း ကြေညာချက်တွင် အချက် ၆ ချက်ပါဝင်ပြီး၊ ပညာရေးဝန်ကြီးဌာန အနေဖြင့် အဆိုပါ ကိစ္စရပ်အား အပြည့်အ၀ တာဝန်ခံရမည် ဖြစ်ကြောင်း၊ ဖြစ်စဉ်တရပ်လုံးအား ပုဂ္ဂိုလ်ရေး အာဃာတ၊ အဂတိတရား ကင်းရှင်းစွာဖြင့် ဥပဒေ၊ စည်းကမ်းများနှင့် အညီ ပြန်လည်စိစစ်သုံးသပ်ရန်၊ အများပြည်သူမား ယနေ့မှ စ၍

Tuesday, August 27, 2013

T.N.L.A နှင့် နမ့်လန်အခြေစိုက် ခလရတပ်ရင်း (၅၀၆) တို့ ရင်ဆိုင်တိုက်ပွဲဖြစ်


၂၇ရက်၊ သြဂုတ်လ ၂၀၁၃

၂၆ရက် သြဂုတ်လ ညနေ့ပိုင် ၇ နာရီ ခွဲ အချိန်တွင် နမ့်လန်အခြေစိုက် ခလရ တပ်ရင်း (၅၀၆) နှင့် T.N.L.A တပ်ရင်း(၂၅၆)တို့ ကျောက်မဲမြို့နယ် စုန်ဟင်ကျေးရွာအနီးတွင် နှစ်ဖက်တပ်များရင်ဆိုင်တိုက်ပွဲ   ဖြစ်ပွားနေကြောင်း သတင်းရရှိ ပါသည်။

နမ့်ဆန်နှင့် ကျောက်မဲမြို့နယ်တွင် လှုပ်ရှားနေသော T.N.L.A တပ်ရင်း (၂၅၆) တအန်း တပ်ဖွဲ့မှ  သွားလာလှုပ်ရှား နေစဉ် နမ့်လန်အခြေစိုက် ခလရတပ်ရင်း (၅၀၆)မှ ထိုးစစ် ဆင်းနေမှုကြောင့် နှစ်ဖက်တပ်များ ၁၅မီနစ် ကြာ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားရကြောင်း သိရှိရ ပါသည်။

T.N.L.A (၂၅၆) ဒု-တပ်ရင်းမှူးမှ ကျနော်တို့ မနေ့ညနေ့ပိုင်း ၇ နာရီခွဲ အချိန်တွင် ဒုဗိုလ်မှူးကြီး မျိုးဇော်လတ် ဦးဆောင်သည့် နမ့်လန် အခြေစိုက် ခလရ တပ်ရင်း(၅၀၆)နှင့် ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲဖြစ်တာ မီနစ် ၂၀ လောက်ကြား တယ်။ ကျနော်တို့ဖက်က ရဲဘော် တစ်ဦး ဒဏ်ရာရသည် ဟုပြောသည်။

“အစိုးရစစ်သားဖက်က ၂ ဦးဒဏ်ရာရတယ် တစ်ဦးကတော့ ဗိုက်ထိ သွားတယ် မနေ့ညက သူတို့ရွာကို ဖြတ်ပြီး ထမ်းသွား တာ တွေ့လိုက်တယ၊် ဘယ်ဆေးရုံးကို ပို့လဲဆိုတာတော့ မသိ “ဟု ဒေသခံမှ ပြောသည်။

ကျောက်မဲမြို့နယ် စုန်ဟင်ကျေးရွာ အနီးတိုက်ပွဲတွင် ခလရတပ်ရင်း (၅၀၆)မှ ရဲဘော်  ၂ ဦး နှင့် T.N.L.A မှ ရဲဘော်တစ်ဦး ဒဏ်ရာရ ရှိကြောင်း သိရှိရပါသည်။ 

P.S.L.F/T.N.L.A နှင့် အစိုးရတို့ ၃၁ ရက်၊ ဇူလိုင်လ မူဆယ်မြို့တွင် ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပြုလုပ်ပြီးသည့် နောက် နှစ်ဖက်ယုံကြည်မှုတည်ဆောက်ဆဲကာလအတွင်း တိုက်ပွဲ စုစုပေါင်း ၄ကြိမ် ဖြစ်ပွားခဲ့ပါသည်။

သတင်းနှင့် ပြန်ကြားရေးဌာန
P.S.L.F/T.N.L.A

Monday, August 26, 2013

လက်ဖက် ယဉ်ကျေးမှုနှင့် ပလောင်တို့၏ ဘဝ


ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့ကား နာမည်ကျော် လက်ဖက် ထွက်ရာ ဒေသဖြစ်၏။ နမ့်ဆန်ဒေသထွက် လက်ဖက်ခြောက်မှာ လူကြိုက် များသကဲ့သို့ ဇယန်း လက်ဖက်စိုမှာလည်း နာမည်ကြီးသည်။
 
“လက်ဖက်ကောင်း စားချင်ရင် ပလောင် တောင်တက် နှေးရမည်”ဆိုသည့် စကားပုံကိုလည်း လက်ဖက် နှစ်သက်သူတိုင်းလို သိကြ မည်ဟု ထင်ပါသည်။
 
ထို လက်ဖက်ထွက်ရာ ပလောင်ဒေသသည် ပင်လယ် ရေမျက်နှာပြင်အထက် ပေ ၅၀၀၀ ကျော်မြင့်သည့် တောင်ပေါ် ဒေသဖြစ် သည့်အပြင် အေးမြစွတ်စိုသည့် ရေမြေရာသီဥတုနှင့် သဲဆန်သည့် မြေနီသဲဝန်းဖြစ်၍ လက်ဖက် စိုက်ပျိုးရေးကို အားပေး၏။
 
နာမည်ကျော် ဇယန်းလက်ဖက် ထွက်ရာ ဇယန်းရွာကား နမ့်ဆန် မင်းလမ်းမကြီး၏ အဆုံးတွင်တည်ရှိပြီး ယခုအခါ မြို့နှင့် တဆက် တစပ်တည်းပင် ဖြစ်နေလေပြီ။
 
ဇယန်းဟူသော အမည်နှင့် ရင်းနှီးနေသည်မှာကြာပြီ၊ ဘာကြောင့် ဇယန်းဟု ခေါ်ဆိုသည်ကို မသိ။ ဇယန်းရွာကို အစွဲ ပြုပြီး ထိုအရပ်မှ ထွက်သော လက်ဖက်ကို ဇယန်းလက်ဖက်ဟု ခေါ်ဆိုခြင်း ဖြစ်သည်ဟု

အပစ်ရပ်ဆဲရေးမှာ ဘာပြဿနာတွေ ရှိနေလဲ

သမ္မတ ဦးသိန်းစိန်လက်ထက်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အများအပြားနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေ လုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အပစ်အခတ်ရပ်စဲရေး လုပ်စဉ်က ပေးထားတဲ့ သဘောတူညီချက်တွေကို အကောင်အထည်ဖော်ရာမှာတော့ အတော်လေး အားနည်းနေတယ်လို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက ဆိုပါတယ်။ တိုင်းရင်းရှုထောင့် အစီအစဉ်က တိုင်းရင်းသားတွေရဲ့ အမြင်တွေကို စုစည်းထားပါတယ်။

Copy from - Ethnic Ptv

ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းကျေးရွာသတင်း အတိအကျ


ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်၊ ထန်းကန်းကျေးရွာအုပ်စု၊ ၂၀၁၃ ခုနှစ်၊ ဩဂုတ် ၂၄( ၁၈:၃၅) နာရီ အချိန်၊ ထန်းကုန်းကျေးရွာနှင့် ဇီးပင်သာ ကျေးရွာအကြား ရေပြာလှျိုကန်နှင့် မန်ကျီးပင် အနီးတွင် (ဘ-ဦးပြူးကျော်၊ အမိ ဒေါ်ဌေးတင် ဆံပင်အလုပ်သမား လုပ်ကိုင်သူ မလှပြည့် (၂၅)နှစ် အား ထန်းကုန်းကျေးရွာမှ အလုပ်သိမ်းအပြန် အစ္စလာမ်ဘာသာဝင် လူမျိုးတစ်ဦးက လက်ဆွဲပြီး မုဒိမ်းကျင့်ရန် ကြံစည်ကြိုးစားခဲ့သည်။ ထိုစဉ် မလှပြည့်သည် ရုန်းထွက်ပြေးပြီး အနီးရှိ တောင်သူ လုပ်ကိုင်နေသော အောင်ဇော်မြင့်(ဇီပင်သာ)ထံသို့ သွားရောက်အကူအညီ တောင်းခံခဲ့ သည်။ ယခု အခါ အဆိုပါ အမည်မသိ အစ္စလာမ်ဘာသာဝင်ကို ထန်းကုန်းရဲစခန်းသို့ ( ၁၈:၅၀) အချိန် တွင် အပ်နှံခဲ့ကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ၁၉နာရီ ၁၀ မိနစ် အချိန်တွင် ဇီးပင်သာ ကျေးရွာ၊ ထန်ကုန်း ကျေးရွာသား (၁၅၀)ဦးခန့်၊ သံဃာတော်(၃)ပါးတို့သည် ထန်ကုန်းရဲစခန်းရှေ့တွင် တရားခံ ထုတ် ပေးရန် ၁၉ နာရီ ၃၀ မိနစ် အချိန်ထိ တောင်းခံခဲ့သည်။ တရားခံထုတ်မပေးသဖြင့် ၁၉ နာရီ ၄၀ မိနစ်အချိန်တွင် ဦးသန်းမြင့် ၇၈၆ နေအိမ်အား စတင်ရိုက်ဖျက်ခြင်း၊ စည်ပင်ဈေးရှိ မူဆလင် ဆိုင်(၄)ခန်း၊ ဘူးတာဈေးရှိ ဒေါ်ခင်သန်းဆိုင်၊ အမှတ်(၄)ရပ်ကွက်၊ ဦးသောင်းပါင့် ကုန်မာဆိုင်၊ အမှတ်(၃)ရပ်ကွက် ဦးမောင်မောင်နီ ကုန်စုံဆိုင်၊ သံလမ်းဘေးရှိ ဦးအလီဘာ ရေဒီယိုက်ဆက်ဆိုင်၊ အမှတ်(၇)ရပ်ကွက် ဦးဆွေညွန်၊ ဦးမောင်ဝင်း

Saturday, August 24, 2013

T.N.L.A တပ်မတော်မှ ကပ်ထားသည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဆိုင်းပုဒ်များအား အစိုးရစစ်ကြောင်းမှ လိုက်လံဖျက်ဆီး

 
၂၄-သြဂုတ်လ-၂၀၁၃ ခုနှစ်

ကွတ်ခိုင်အခြေစိုက် ခလရ တပ်ရင်း (၄၅) မှ ယနေ့ ၂၄ရက်-သြဂုတ်လ တွင် P.S.L.F/T.N.L.A တအန်းတပ်မတော်မှ (တအာင်း)ကျေးရွာများတွင် ကပ်ထားသည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဆိုင်းပုဒ်များကို လိုက်လံ ဖျက်ဆီးနေကြောင်း မျက်မြင် သက်သေများ ပြောပြချက်အရ သိရှိရပါသည်။

နမ့်ခမ်းမြို နယ်တွင်တအန်း တပ်မတော်T.N.L.Aမှသြဂုတ်လ၂၂ရက်နေ့ တွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဟောပြောပွဲကို ကျယ်နေကျေးရွာ တွင် ဒေသခံပြည်သူများကိုရှင်းလင်းတင်ပြပြီး နောက်တအန်း(ပလောင်)နှင့် မြန်မာစာရေးထားသည့် ဆိုင်းပုဒ် များကို ကျယ်နေကျေးရွာ အပါအ၀င် တခြာကျေးရွာများတွင်လည်း ဒေသခံပြည်သူများနှင့်အတူရွာအ၀င်အထွက် တွင် ကပ်ထားပြီးသည် နောက် ယနေ့ ၂၄၊ သြဂုတ်တွင်

ခလရတပ်ရင်း (၄၅) နှင့် T.N.L.A တအန်းမတော်တို့ ထပ်မံ ရင်ဆိုင်တိုက်ပွဲဖြစ်ပွား

 
၂၄ရက်၊ သြဂုတ်လ ၂၀၁၃

ကွတ်ခိုင်အခြေစိုက် ခလရ တပ်ရင်း ( ၄၅) နှင့် T.N.L.A တပ်ရင်း (၅၂၇) တို့ ယနေ့ ၂၄ရက် သြဂုတ်လ ၃ နာရီ ၁၅ မိနစ်အချိန်တွင် နမ့်ခမ်းမြို့နယ် နမ့်စန့် (တွန်ဟုန်) ကျေးရွာအနီးတွင် နှစ်ဖက်တပ်များ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားနေ ကြောင်း သတင်း ရရှိပါသည်။

နမ့်ခမ်းမြို့နယ်တွင် လှုပ်ရှားနေသောT.N.L.Aတပ်ရင်း(၅၂၇)တအန်းတပ်ဖွဲ့မှ လူထုစည်း ရုံးရေးနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စီမံကိန်း အတွက် နမ့်ခမ်းမြို့နယ် နမ်စန့်ကျေးရွာ အနီးတွင် သွားလာလှုပ်ရှား နေစဉ် ကွတ်ခိုင် အခြေစိုက် ခလရတပ်ရင်း(၄၅)မှ ထိုးစစ်ဆင်းနေမှုကြောင့် နှစ်ဖက် တပ်များ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားနေရကြောင်း သိရှိရပါသည်။

T.N.L.A တပ်ရင်း (၅၂၇) ဦးဆောင်သည့် ဒု-တပ်ရင်းမှူးမှ ကျနော်တို့ နမ်စန့်ကျေးရွာမှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စီမံကိန်းအတွက် လှုပ်ရှားနေတာပါ.. ခလရ တပ်ရင်း (၄၅) မှ ကျနော်တို့ တအန်းတပ်ဖွဲ့ကို ထိုးစစ်ဆင်းလာသောကြောင့် ယနေ့ ၃ နာရီလောက် မှာ နှစ်ဖက်တပ်များ ရင်ဆိုင်တိုက်ပွဲဖြစ်ရတာပါ..

ရန်ကုန် ရေကြီး မြို့ခံတွေ အခက်ကြုံ

ရန်ကုန် ရေကြီးမှုနဲ့ လမ်းဘေးဈေးသည် အခြေအနေ။Copy from-thithtoolwin 
ရန်ကုန်မြို့တွင်း Taxi လိုင်းသစ် ပြေးဆွဲနေပါပြီ... အားပေးကြပါအုံး :P

Photo Credit>> jale
ရန်ကုန်မြို့တွင်း Taxi လိုင်းသစ် ပြေးဆွဲနေပါပြီ... အားပေးကြပါအုံးPhoto Credit>> jale

ရေထဲက ရန်ကုန်မြို့ ( ဧရာဝတီ သတင်းဌာနမှ ကူးယူဖေါ်ပြပါသည်
Photo: အဆင့်မြင့်ဆေးရုံ
ရန်ကုန်မြို့မှာ မိုးကြီး ရေလျှံ ဖြစ်နေတဲ့ အတွက် မြို့တွင်း သွားလာသူတွေ ဒုက္ခရာက် ကြရသလို ကားတွေနဲ့ သွားသူတွေလည်း ကားရေနစ်လို့ ဖြစ်တဲ့ နေရာမှာ ပစ်ထားခဲ့ရသူတွေ ရှိသလို ကားထဲ ရေဝင်လို့ ရေခပ်ထုတ် နေရတဲ့ သူတွေလည်း ရှိနေပါတယ်။

ပုဇွန်တောင်ချောင်း ကလည်း ရေတက် ၊ လေရော မိုးရော ကျတာကလည်း နှစ်ရက် ရှိပြီ ဖြစ်တာကြောင့် မနေ့က မနက်က ဆိုရင် ပုဇွန်တောင်ချောင်း တံတားက ကွန်ကရစ် တိုင်တောင် ကျိုးသွားတယ်လို့

ပုဇွန်တောင်ဖက်မှာ နေထိုင်သူ တယောက်က ဘီဘီစီကို ပြောပါတယ်။ ဒါ့အပြင် မီးကလည်း ပျက်ပြီး မိုးရွာရင် ရေတအားပါတယ်လို့ မြို့ခံက ဆိုပါတယ်။

ကားဘီးတွေ ရေမြုပ်တဲ့ အပြင် မြို့ထဲမှာ မီးပွိုင့်တွေမှာ ကားတွေက ရွေ့တယ် ဆိုရုံသာ သွားနေရတာကြောင့် တနေရာနဲ့ တနေရာ သွားဖို့ အချိန် အတော် ယူရတယ်လို့ ပြောပါတယ်။

ရန်ကုန်မြို့တွင်းနေ လူထုအပြင် လှိုင်သာယာ စက်မှုဇုံဖက် အလုပ်ဆင်း ကြရတဲ့ သူတွေပါ မိုးထဲလေထဲ သွားလာကြတဲ့ အခါမှာ အခက်အခဲတွေနဲ့ ကြုံနေရတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

လှိုင်သာယာ စက်မှုဇုန် ကနေ ဘုရင်နောင် မီးပွိုင့်ကို ဖြတ်တာ ၁ နာရီခွဲ ကြာတယ်လို့ ကိုယ်တွေ့ ကြုံခဲ့တဲ့ ခရီးသွား တယောက်က ပြောပါတယ်။

လမ်းတလျှောက် ကားတွေက ရေဝင်လို့ ပျက်တာ တွေ အများအပြား တွေ့ရပြီး သီရိမွန် ပလာဇာ ဖက်ကဆိုရင် အနိမ့်ပိုင်း ဖြစ်တာကြောင့် ကားတွေဟာ ရေတောထဲ မောင်းနေသလိုမျိုး မြင်ရတယ်လို့ ဆိုပါတယ်။

လပြည့်ကျော် ရက်လည်းဖြစ် ရေကြီးမယ်လို့ မိုးလေ၀သ ခန့်မှန်းချက် ထုတ်ထားတဲ့ အတိုင်း ရေကြီး မိုးသည်းထန် တာကြောင့် ရန်ကုန်တမြို့လုံး ရေလွှမ်းသွားတယ်လို့ ပြောပါတယ်။

လူထု အနေနဲ့လည်း အစိုးရဆီက အကူအညီ ကလည်း မရ ၊ တယောက်ကို တယောက်လည်း မကူညီနိုင် ဖြစ်နေကြောင်း သိရပါတယ်။

သတင်းရင်းမြစ် - ဘီဘီစီ (မြန်မာပိုင်း)

သျှမ်း/တောင်တွင် အစိုးရတပ် နှင့် သျှမ်းပြည်တပ်မတော်တို့ တိုက်ပွဲထပ်ဖြစ် ၄ ဦးထက်မနည်းသေ


သြဂတ်စ် ၂၃ ရက် ၂၀၁၃

သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ်အတွင်း သျှမ်းပြည်တပ်မတော် နှင့် အစိုးရတပ်ဖွဲ့အကြား ယမန် နေ့က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းနှင့် နှစ်ဘက် ကျဆုံးမှုရှိကြောင်း ဒေသခံများပြောပြချက် အရသိရ ပါသည်။

“မိုင်းပန်တပ်လဲပါတယ်။ မိုးနဲ လင်းခေး ဘက်က လာတဲ့တပ်လဲပါတယ်။ အင်အား ၂၀၀ ကျော်ပါတယ် တဲ့။ ကားပေါ်ဆင်းတာနဲ့ တောထဲတက်တာ။ သေနတ်သံတော့ မနက် ၁၀ နာရီကျော်ကနေ မွန်းတည့် ပိုင်း လောက်အထိဘဲ” - ဟု မိုင်းပန်သား စိုင်းနော်ဟန် က ပြောပါသည်။

သြဂတ်စ် ၂၂ ရက်နေ့ နံနက်ပိုင်း၌ သျှမ်းပြည်တောင်ပိုင်း မိုင်းပန်အခြေစိုက် အစိုးရတပ် စစ်ကြောင်း တကြောင်းက မိုင်းပန်မြို့တောင်ဘက် သျှမ်းပြည်တပ်မတော် အခြေစိုက်လှုပ်ရှားရာ နောင်လေကျေးရွာ အုပ်စု ဟွေ့စွဲ နှင့် နားမွန် ရွာကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲကြောင့် အစိုးရတပ် ဘက် ၄ ဦး သေဆုံးကြောင်း၊ သျှမ်းပြည်တပ်မတော် ဘက်တွင်လဲ နှစ်ယောက်ထက်မနည်း ဒဏ်ရာရပြီး တဦးသေ ဆုံးကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီး မကြာမီ မိုးနဲ၊ လင်းခေး မှ တပ်များလည်း အင်အားထပ်ဖြည့်လာ ကြောင်း

ကချင်၏ မပြေလည် သေးသည့် အပစ်အခတ် ရပ်စဲရေး အခြေအနေများ

 
ရှမ်းပြည် မြောက်ပိုင်းရှိ ကချင်ပြည် လွတ်မြောက်ရေး တပ်မတော် အခြေစိုက် တပ်မဟာ (၄) တွင် ယမာန် နေ့က တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင်း တပ်မဟာ (၄) တပ်မှူးက ပြောသည်။

“မနေ့က ကွတ်ခိုင်မြို့နယ် တာမိုး ညဲမြို့နယ်ခွဲ ဘက်မှာ ရှိတဲ့ ကျနော်တို့ KIA တပ်မဟာ (၄) ၊ တပ်ရင်း (၂) ၊ တပ်ခွဲ (၂) နဲ့ တာမိုးညဲမှာ အခြေစိုက်တဲ့ အစိုးရ တပ်ဖွဲ့ တွေနဲ့ တိုက်ပွဲ ဖြစ်ပွား ခဲ့တယ်။ ထိခိုက် ဒဏ်ရာ ရရှိမှုတွေ မသိရှိ ရသေးပါဘူး” ဟု ဆိုသည်။

သြဂုတ်လ (၁) ရက်နေ့မှ စတင် ရေတွက် ပါက ရှမ်းပြည်နယ် မြောက်ဘက်ရှိ တပ်မဟာ (၄) ၌ ယနေ့အထိ တိုက်ပွဲပေါင်း (၁၅) ကြိမ် ဖြစ်ပွား ခဲ့ပြီး ဖြစ်သည်။

ထို့ပြင် ကချင်ပြည်နယ် အရှေ့ မြောက်ဘက်ရှိ လောခေါင်မြို့နယ် တပ်မဟာ (၁) ဒေသ ၌လည်း ပြီးခဲ့သည့် သြဂုတ်လ (၁၇) ရက်နေ့နှင့် (၁၉) ရက်နေ့ များတွင် အလားတူ တိုက်ပွဲ များ ဖြစ်ပွား ခဲ့ပါသည်။

ဤကဲ့သို့သော တိုက်ပွဲများ လျော့ချ နိုင်ရန် အတွက် အဓိက ရည်ရွယ်၍ နည်းပညာ အထောက် အကူပြု

Friday, August 23, 2013

မယူမနေရ ပင်စင်ပေးခံရသည့် ဆရာမအား ရာထူးထုတ်ပယ်မိန့် ပြောင်းလဲထုတ်ပြန်

 
Friday, August 23, 2013
၈၈ ငွေရ တုသတင်းစာရှင်းလင်းပွဲတက်မိ သည့် ဆရာမဒေါ်စိုးစိုးခိုင်အား မယူမနေရ ပင်စင်ပေးပြီး နှစ်ရက်အကြာတွင် ရာထူးမှထုတ်ပယ်သည့် အမိန့်ကို ပြောင်းလဲထုတ်ပြန်ခဲ့ကြောင်းသိ ရသည်။ အဆိုပါ ဆရာမအား ဩဂုတ် ၁၅ရက်နံနက်ပိုင်းတွင် မယူမနေရ အငြိမ်းစား (Forced to Retire)ပေးသည့် ပြန်တမ်းအမှတ်(၃၀၇)အား ပယ်ဖျက်၍ ပညာရေးဝန်ကြီး ဌာန၊...
ဝန်ကြီးရုံး ၏ (၁၇- ၈- ၁၃) ရက်စွဲပါ စာအမှတ် ၁ပညာ၊ ၂(ယ)၊ ၂၀၁၃ (၂/၂၀၁၃) ဖြင့် အကြောင်း ကြားချက်အရ နေပြည်တော်၊ ဇမ္ဗူ သီရိမြို့နယ်၊ အမှတ်(၅) အခြေခံ ပညာအထက်တန်းကျောင်းမှ ဆရာမဒေါ်စိုးစိုးခိုင်အား ရာထူးမှ ထုတ်ပယ် (Removal) လိုက်သည့် ပြန် တမ်းအား အမှတ်(၂)အခြေခံ ပညာဦးစီး ဌာနမှ ညွှန်ကြားရေး မှူး(စီမံ)က လက်မှတ်ရေးထိုးကာ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ယင်းနှင့်ပတ်သက်ပြီး ဆရာမ ဒေါ်စိုးစိုးခိုင်က ''ကျွန်မက ၈၈သမိုင်း တစ်ခုဖြစ်ခဲ့တော့ ဒီပွဲကိုသွားရောက် တက်ခဲ့တာပါ။ ဒီပွဲကိုတက်ခဲ့တဲ့အ တွက် ကျွန်မမှာအပြစ်မရှိဘူး။ ကျွန်မ လို တခြားဝန်ထမ်းတွေကို ဒီလို မဖြစ်စေချင်ဘူး။ အပြစ်ပေးတာ ကလည်း ဒီလောက်မပြင်းထန်သင့် ဘူး။ ဝန်ထမ်းတွေကို ဥပဒေအတိုင်း

၎င်းစီးနင်းလာသော ယာဉ်ကိုဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်သည်ဆိုသော ကင်တားနားပြောကြားချက်မဟုတ်မှန်ဟုဆို

အစိုးရ၊ မျက်မြင် သက်သေများနှင့် မိတ္ထီလာမြို့ခံများငြင်းဆိုခဲ့

Video by - Eleven Myanmar

ရန်ကုန်မြို့အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်းမှာ အဆင့်မြင့်ဆိုက်ရောက်ရာ ကားရပ်နားတဲ့ အဆောက် အဦးအသစ်ကို စတင်ဖွင့်လှစ်လိုက်ပါပြီ

မင်္ဂလာသတင်းပါ ရေရှည်ထိန်းနိုင်ဖို့အဓိကပါ ကောက်ရိုးမီးလို မဖြစ်ပါစေနဲ့လို့ ဆုတောင်းပါတယ်....

ဒေါ်ခင်မင်းဇော် သတင်းမှာ ရှုစားနိုင်ပါတယ်။ ရိုက်ကူး ဖိုးလမင်း
Copy from - DVB TV News

Thursday, August 22, 2013

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အကြမ်းဖက်ခံရမှု အာဏာပိုင်တွေ ဥပက္ခာပြု

"ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အကြမ်းဖက်ခံရမှု 
=============================
အာဏာပိုင်တွေ ဥပက္ခာပြု"
===============
(RFA)
မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ Tamas Ojea Quintana ကင်တားနားက မြန်မာပြည် (၁၀)ရက်ကြာ ခရီးစဉ်အတွင်း သြဂုတ်လ (၁၉)ရက် ညက မိတ္ထီလာမြို့မှာ ဆန္ဒပြသူတချို့က သူလိုက်ပါတဲ့ ယာဉ်တန်းကို အကြမ်းဖက်ခဲ့ကြစဉ်မှာ အာဏာပိုင်တွေ ရဲ့ ကာကွယ်စောင့်ရှောက်မှု မရရှိခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။

မိတ္ထီလာမြို့ကိုရောက်ရှိခဲ့ချိန်မှာ လူနှစ်ရာလောက်ရှိတဲ့အုပ်စုက သူ့ရဲ့ကားကို ၀ိုင်းပြီး အော်ဟစ်ထုနှက် ရိုက်ပုတ်ခဲ့ကြပါတယ်၊

ဒါပေမယ့်မည်သည့် လုံခြုံရေးတပ်ဖွဲ့က မှ သူ့ကို အကာအကွယ် မပေးခဲ့ပါဘူး၊ နိုင်ငံတော်အစိုးရဟာ ကျနော့်လို ကုလသမဂ္ဂကလာတဲ့ အထူးကိုယ်စားလှယ်တစ်ယောက်ကို အကာအကွယ်ပေးဖို့တာဝန်ရှိပါတယ်။

ဒါပေမယ့် အစိုးရဟာ ဒီလို ကာကွယ်ဖို့ ပျက်ကွက်ခဲ့ပါတယ်၊ ဒီဖြစ်ရပ်ကြောင့် ပြီးခဲ့တဲ့ မတ်လက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအတွင်း အာဏာပိုင်တွေရဲ့ ကာကွယ် စောင့်ရှောက်မှုကို မရရှိခဲ့တဲ့ ဒုက္ခသည်တွေရဲ့ ခံစားချက်ကို နားလည်သွားခဲ့ပါတယ်လို့လည်း မစ္စတာ ကင်တားနားက ပြောပါတယ်။

ဒါ့ပြင် မူဆလင်ဒုက္ခသည် (၁၆ဝဝ) လောက် ရှိတဲ့ ဒုက္ခသည်စခန်းကို သွားရောက်ကြည့်ရှုဖို့ မူလ စီစဉ် ထားခဲ့တာကိုလည်း အဲဒီဖြစ်ရပ်ကြောင့် ဖျက်သိမ်းခဲ့ရပါတယ်လို့ သူကပြောပါတယ်။ အခု ခရီးစဉ်ဟာ မစ္စတာ ကင်တားနားရဲ့ (၈)ကြိမ်မြောက် မြန်မာပြည်ခရီးစဉ်ဖြစ်ပါတယ်။ ဒီခရီးစဉ် တွေ့ရှိချက်တွေကို လာမယ့် အောက်တိုဘာ (၂၄) ရက်နေ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ တင်ပြမှာ ဖြစ်ပါတယ်။
 
မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ Tamas Ojea Quintana ကင်တားနားက မြန်မာပြည် (၁၀)ရက်ကြာ ခရီးစဉ်အတွင်း သြဂုတ်လ (၁၉)ရက် ညက မိတ္ထီလာမြို့မှာ ဆန္ဒပြသူတချို့က သူလိုက်ပါတဲ့ ယာဉ်တန်းကို အကြမ်းဖက်ခဲ့ကြစဉ်မှာ အာဏာပိုင်တွေ ရဲ့ ကာကွယ်စောင့်ရှောက်မှု မရရှိခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။

မိတ္ထီလာမြို့ကိုရောက်ရှိခဲ့ချိန်မှာ လူနှစ်ရာလောက်ရှိတဲ့အုပ်စုက သူ့ရဲ့ကားကို ၀ိုင်းပြီး အော်ဟစ်ထုနှက် ရိုက်ပုတ်ခဲ့ကြပါတယ်၊

ဒါပေမယ့်မည်သည့် လုံခြုံရေးတပ်ဖွဲ့က မှ သူ့ကို အကာအကွယ် မပေးခဲ့ပါဘူး၊ နိုင်ငံတော်အစိုးရဟာ ကျနော့်လို ကုလသမဂ္ဂကလာတဲ့ အထူးကိုယ်စားလှယ်တစ်ယောက်ကို အကာအကွယ်ပေးဖို့တာဝ

စစ်ရေးတင်းမာမှု ဆက်လက်ဖြစ်ပွားမှုကြောင့် ငြိမ်းချမ်းရေးဖော်ဆောင်ရန် ကြန့်ကြာစေ

 
နိုင်ငံတော်အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကြား လက်နက်ကိုင်ပဋိပက္ခများ အမြန်ဆုံးဖြေရှင်းနိုင်ရန် နှစ်ဖက်အကြိမ်ကြိမ်တွေ့ဆုံညှိနှိုင်းခဲ့ချိန် စစ်ရေးလျှော့ချရန် သဘော တူညီခဲ့သော်လည်း ရှေ့တန်းစစ်မြေပြင်တွင် ဆက်လက်ဖြစ်ပွားနေသောတိုက်ပွဲများကြောင့် နှစ်ဖက်ငြိမ်းချမ်းရေး ဆွေးနွေးမှု ပြန်လည်အကောင်ထည်ဖော်ရန် ကြန့်ကြာစေသည်။

ကချင်ပြည်နယ် ငြိမ်းချမ်းရေးအမြန်ဆုံးအကောင်ထည်ဖော်နိုင်ရန် မကြာသေးမီက နှစ်ဖက်ဆွေးနွေးပွဲ သဘောတူညီချက်ထဲမှ တချက်ဖြစ်သော အလုပ်အဖွဲ့ Technical Team ဖွဲ့စည်းခြင်းကို တရားဝင်သဘောတူညီမှုဖြင့်ပြည့်စုံစေခဲ့သော်လည်း တဆက်တည်း ရှေ့တန်းတွင် နှစ်ဖက်တိုက်ပွဲများဖြင့် တင်းမာနေခဲ့သည်။

ထို့ကြောင့် ယခုချိန်တွင် ငြိမ်းချမ်းရေးအမြန်ဆုံးအကောင်ထည်ဖော်ဆောင်ရွက်ရန် နှစ်ဖက်တွေ့ဆုံမည့်ကိစ္စ တုံ့ပြန်မှုတစုံတရာ မတွေ့ရသေးပဲ ငြိမ်သက်နေဆဲဖြစ်ကြောင်း ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ PCG က ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

“ခုလောလောဆယ်တော့ တခြားတိုးတက်မှုတော့ ကျွန်တော်တို့ပြောလို့မရသေးဘူး။ ဒါပေမယ့် နှစ်ဦးနှစ်ဖက်သဘောတူညီချက် လက်မှတ်ရေးထိုးထားတဲ့ပေါ်မှာ အကောင်ထည်ဖော်တဲ့ကဏ္ဍအနေနဲ့တော့ ၀မ်းသာပါတယ်။ အခုလောလောဆယ် နိုင်ငံတော်အစိုးရနဲ့ KIO တို့ရဲ့ နှစ်ဦးနှစ်ဖက် တွေ့

၆၆ နှစ်မြောက် မွန်တော်လှန်ရေးနေ့


 
ဗမာပြည်နယ်ပါတဲ့ ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အသစ် ပြန်ရေးဆွဲဖို့ ၆၆ နှစ်မြောက် မွန်တော်လှန်ရေးနေ့ မှာ မွန်ပြည်သစ်ပါတီက တောင်းဆိုလိုက်ပါတယ်။
 
ဦးမောင်တူး တင်ဆက်။ ရိုက်ကူး ဗညားအောင်
Copy from - DVBTV News

Wednesday, August 21, 2013

အဆမတန် ဈေးကြီးပေးလိုက်ရတဲ့ အောင်ပွဲ တဲ့။(Pyrrhic victory in Myanmar)

 
ဘန်ကောက်အခြေစိုက် လုံခြုံရေးဆိုင်ရာ ဆန်းစစ်ဝေဖန်သူ Anthony Davis ရဲ့ Asia Times မှာ ဇန်န၀ါရီလ ၃၀ ရက်နေ့ ဖေါ်ပြထားတဲ့ စာစု ကို ဒီနေ့ပဲ ကောင်းကောင်း ဖတ်ဖြစ်ပါတယ်။ စိတ်ဝင်စား စရာ တော်တော်ကောင်းလို့ အတိုချုံး ဝေငှလိုက်တာပါ။

(၁) လိုင်ဇာ ထိုးစစ်ဆင်တဲ့ တိုက်ပွဲကို ၉ လ ကြိုတင် ပြင်ဆင်မှုတွေနဲ့ စတိုက်ခဲ့တယ်။

(၂) မြန်မာ့ တပ်မတော် သမိုင်းမှာ ခေတ်အမီဆုံး နဲ့ အင်အား အများဆုံး ထုတ်သုံးတဲ့ တိုက်ပွဲ ဖြစ်တယ်။ (တပ်အင်အား = တပ်မ ၃၃၊ ၆၆၊ ၈၈၊ ၉၉၊ ၁၀၁ နဲ့ မြောက်ပိုင်းတိုင်း နယ်မြေခံ တပ်ရင်းများ၊ လက်နက်ကြီး ၁၀၅မမ၊ ၁၂၀ မမ၊ Mi-35 ရဟတ်ယဉ်၊ ဂျက် တိုက်လေယဉ်များ)

(၃) ထိုးစစ်ဆင်တဲ့ ဗျူဟာသည်၊ ၁၉၈၀ ကျော်တုန်းက ရုရှားက အာဖကန်မှာ တိုက်ခဲ့တုန်းက ဗျူဟာ နဲ့ ဆင်တူတယ်။ (လေယဉ်သုံးတဲ့ နည်း နဲ့ မြေပြင် တက်တဲ့ နည်းတွေမှာ တူတယ်။)

(၄) အပြင်းထန်ဆုံး တိုက်ပွဲကာလ ဒီဇင်ဘာ ၁၄ မှ ဇန်န၀ါရီလ ၂၄ အထိ။

(၅) ၂၀၁၁ ဇွန်လမှ နောက်ဆုံး အချိန်ထိ မြန်မာ စစ်တပ်ဖက်က ကျဆုံးသူ စာရင်း အနဲဆုံး ၅၀၀၀ လောက်ရှိ။ အမေရိကန် စစ်တပ်ရဲ့ အီရတ် နဲ့ အာဖကန်နစ္စတန် နှစ်နိုင်ငံ ကျဆုံး စာရင်းထက်များ။

(၆) မြန်မာ့ တပ်မတော် တပ်မှူးများရဲ့ စိတ်ဓါတ်ရေးရာ ကျဆင်းမှုများကို ဒီတိုက်ပွဲမှာ ရလဒ်အဖြစ် တွေ့ရ။ (အဂတိ လိုက်စားမှု၊ အမျိုးသမီး အပျော်ကျူးမှု၊ အရက်သေစာသောက်စားမှု၊ ကိုယ်ပိုင်စီးပွါးရေးမှာ စိတ်ဝင်စားမှု)။

(ရ) လိုင်ဇာ ပတ်ဝန်းကျင် တောင်ကုန်းများကို တပ်စွဲထားနိုင်တယ် ဆိုပေမယ့် တကယ်တန်း လိုင်ဇာ ကို ၀င်မယ် ဆိုရင်တော့ အခုလက်ရှိ ကျဆုံးမှု စာရင်းထက် ပိုတဲ့ ပေးဆပ်မှု မလွဲမတွေ ကြုံ တွေ့နိုင်ကြောင်း။

(ဂ) ဒီ စစ်ပွဲဟာ ကျန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တပ်လှန့်ထားသလို ဖြစ်။ အထူးသဖြင့် ၀ တပ်ဖွဲ့အတွက် ပိုပြီး ခိုင်မာတဲ့ ခံစစ်များအတွက် အကောင်းဆုံး ပြင်ဆင်မှု ပေးလိုက်ကြောင်း။

(၉) ကြည်း၊ လေ၊ လက်နက်ကြီး တပ်များကို စုပေါင်းပြီး စီမံခန့်ခွဲမှုမှာ ကျွမ်းကျင်မှု မရှိခြင်းကို တွေ့ရ။
 
Copy from - Duwa Kachin

Monday, August 19, 2013

“ကင်တားနား ပြန်သွား တာနဲ့ တိုက်ပွဲ စတော့ တာပဲ” ဟု KIA အရာရှိပြော

လိုင်ဇာ ဗဟို အနီး ချောင်းတစ်ဖက် ကမ်း၌ နီးနီး ကပ်ကပ် တပ်စွဲ ထားသည့် အစိုးရ တပ်စခန်း တစ်ခုအား ညွှန်ပြ နေသည့် ကချင်ပြည် လွတ်လပ်ရေး တပ်မတော်သား တစ်ဦး
လိုင်ဇာ ဗဟို အနီး ချောင်းတစ်ဖက် ကမ်း၌ နီးနီး ကပ်ကပ် တပ်စွဲ ထားသည့် အစိုးရ တပ်စခန်း တစ်ခုအား ညွှန်ပြ နေသည့် ကချင်ပြည် လွတ်လပ်ရေး တပ်မတော်သား တစ်ဦး။ဓါတ်ပုံ - (Kachin Soldiers)
 
မစ္စတာ ကင်တားနားကချင် ပြည်နယ်မှ ထွက်ခွာ သွားပြီး နောက် ကချင်ပြည်နယ် အတွင်းရှိ ကချင် အမျိုးသား လွတ်မြောက်ရေးတပ်မတော် KIA နှင့် အစိုးရ တပ်ဖွဲ့တို့ တိုက်ပွဲများ ပြန်လည် ဖြစ်ပွား ခဲ့ကြောင်း KIA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဒုတိယ ဗိုလ်မှူးကြီး နော်ဘို က ပြောသည်။
 
“၁၇ ရက်နေ့က ကျနော်တို့ တပ်မဟာ (၁) ဘက်မှာ ရှိတဲ့ တပ်ရင်း (၁၀) ရဲ့ ရှေ့တန်း စခန်းကို အစိုးရ တပ်ဖွဲ့ တို့က လာရောက်တိုက်ခိုက် ခဲ့တယ်။ တိုက်ပွဲ ကတော့ ပြင်းထန် တယ်လို့ ပြောလို့ ရတယ်။ ကင်တားနား ပြန်သွား တာနဲ့တိုက်ပွဲက စတော့ တာဘဲ” ဟု ဆိုပါသည်။
 
ကချင်ပြည်နယ် အရှေု့မြောက်ဘက် လောခေါင်မြို့နယ်ရှိ ကချင် KIA တပ်မဟာ (၁) လက်အောက်ခံ တပ်ရင်း (၁၀) ၏ ရှေ့တန်း တပ်စခန်းတွင် အစိုးရ တပ်ဖွဲ့ ခမရ (၅၁၂) ၊ နယ်ခြား စောင့်တပ် (BGF ) ပူးပေါင်း တပ်ဖွဲ့ တို့က အင်အား (၃၀၀) ကျော်ဖြင့် သြဂုတ်လ (၁၇) ရက်နေ့ နံနက် (၆) နာရီ ၄၅ မိနစ်မှ မွန်းလွဲ ၁ နာရီခွဲ အထိ (၇) နာရီခန့် လာရောက် တိုက်ခိုက် သွားသည်ဟု ဆိုသည်။
 
တိုက်ပွဲ အတွင်းနှစ်ဖက် တပ်ဖွဲ့ တို့၏ ထိခိုက်မှု သတင်း အသေးစိတ်ကို မသိရှိ ရသေးကြောင်း ဒုတိယ ဗိုလ်မှူးကြီးနော်ဘို က ဆိုသည်။ “သူတို့ တပ်ဖွဲ့တွေပြန်ဆုတ်ခွာ သွားတော့မှ တိုက်ပွဲက ရပ်ဆိုင်း သွားခဲ့ ရတယ်။ အစိုးရ တပ်ဖွဲ့ဘက်က နယ်မြေ ကျွမ်းကျင်းမှုမရှိလို့ ပြန်ဆုတ်ခွာ ပေးလိုက် ရတာပါ။ ၇ နာရီကြာ ခုခံ တိုက်ခိုက် ရတဲ့ ကျနော်တို့ တပ်ဖွဲ့တွေတော်တော် ပင်ပန်း သွားတယ်။ အဲဒါကြောင့် မနေ့ ဂုဏ်ပြုပွဲ ကျင်းပ ပေးခဲ့ ရတယ်။” ဟု ဆိုသည်။
 
ကချင် KIA ၏ အခြား တပ်မဟာများဖြစ်ကြသော တပ်မဟာ (၂)၊ တပ်မဟာ (၃) နှင့် လိုင်ဇာ ဗဟို ဌာနချုပ် ဖြစ်သော တပ်မဟာ (၅) ဒေသ တို့၌ဇွန်လ ကုန်ပိုင်းတွင် နှစ်ဖက် တွေ့ဆုံပွဲ ကျင်းပ ပြီးနောက် တိုက်ပွဲ ဖြစ်ပွားမှု နည်းပါး လာသော်လည်းရှမ်းမြောက်ပိုင်းရှိ KIA တပ်မဟာ (၄) ဘက်တွင် နေစဉ်နှင့် အမျှ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း ဆိုသည်။
 
သို့သော် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာသောမတ်စ် အိုဟေး ကင်တားနားသည်ယမန်နေ့မှ စတင်၍ ရှမ်းပြည်မြောက်ပိုင်း လာရှိုး မြို့သို့ ရောက်ရှိ လာခဲ့ပြီးနောက် အစိုးရ ဘက်မှစစ်ရေး လှုပ်ရှား မှုများ မတွေ့ရှိ ရကြောင်း ဆိုပါသည်။
 
“တိုက်ပွဲ အမြဲ ဖြစ်တတ်တဲ့ ရှမ်းမြောက်ရှိ ကျနော်တို့ တပ်မဟာ (၄) ဒေသမှာ အစိုးရ တပ်ဖွဲ့တွေ စစ်ရေး လှုပ်ရှားမှုတွေသိပ်မတွေ့ ရတော့ဘူး။ ကင်တားနား ပြန်သွားရင် ဘာတွေ ဆက်ဖြစ်လာမှာလဲ စောင့်ကြည့် ရမှာဖြစ်တယ်ဗျာ” ဟု KIA တပ်မဟာ (၄) မှအရာရှိ တစ်ဦးက ဆိုပါသည်။
 
ကုလသမဂ္ဂ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ ကင်တားနားသည် ပြီးခဲ့သည့် သြဂုတ်လ (၁၄) ရက်နေ့တွင် ကချင် ပြည်နယ်သို့ သွားရောက်ကာ (၁၅) ရက်နေ့၌ ရန်ကုန်သို့ ပြန်လာ ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် (၂) ရက် အကြာ၌ တိုက်ပွဲ ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။
 
ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ KIO ၏ လိုင်ဇာ ဌာနချုပ် စခန်းသို့ သွားရောက်မည့် အစီအစဉ်ကိုမူ အစိုးရမှ ခွင့်မပြု သဖြင့် ဖျက်သိမ်း ခဲ့ရ ပါသည်။
 
KIO သည် အစိုးရ၏ ငြိမ်းချမ်းရေး အဖွဲ့နှင့် ကချင်ပြည်နယ် အတွင်း ဖြစ်ပွား နေသော တိုက်ပွဲများ လျှော့ချရေး အတွက် တရားဝင် (၉) ကြိမ်နှင့် အလွတ်သဘော (၅) ကြိမ်ခန့် တွေ့ဆုံ ဆွေးနွေး ခဲ့ပြီး ဖြစ်ပါသည်။ သို့သော်လည်း တိုက်ပွဲ များသည် ယနေ့ အထိ ရှိနေ ဆဲပင် ဖြစ်ပါသည်။
 
KIO/KIA သည် ၁၉၉၄ ခုနှစ် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ရယူ ခဲ့သည်။ ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် နှစ်ဖက် တိုက်ပွဲများ ပြန်လည် ဖြစ်ပွား ခဲ့ကြသည်။
 
သတင်းရင်းမြစ် - ကချင်သတင်းဌာန

ပလောင်ဒေသ၌ မူးယစ်ဆေးဝါး လုံးဝကင်းရှင်းရန် ဆောင်ရွက်မည်



လာမည့် လေးနှစ်အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ပလောင်လူမျိုးများ နေထိုင်ရာ တောင်ပေါ်ဒေသတွင် ဘိန်းစိုက်ပျိုးမှုနှင့် အခြားမူးယစ်ဆေး ရောင်းဝယ် သုံးစွဲမှုများ လုံးဝကင်းရှင်းစေရန် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း တအောင်းအမျိုးသားလွတ်မြောက်ရေး တပ်ဦး TNLA ၏စစ်ဦးစီးချုပ်က မြန်မာတိုင်း(မ်) ကိုပြောသည်။

"မူးယစ်ဆေးဝါး အခန်းကဏ္ဍမှာ ထက်ထက်မြက်မြက် မလုပ်ဘူးဆိုရင် တအန်းလူမျိုး လူငယ်တွေ၊ပညာတတ် လူငယ်တွေ မရှိသလောက်ဖြစ်သွားပြီ။ အားလုံး ဘိန်းသမားဖြစ်နေပြီ။ လူငယ်လူရွယ်ကလေးတွေ ဘိန်းသမား ဖြစ်သွားပြီဆိုရင် လူမျိုးအတွက် တကယ်စိုးရိမ်စရာ အခြေအနေ ဖြစ်နေပြီ"ဟု ဒုဗိုလ်မှူးကြီး တဟိုဘလန်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုံမြို့နယ်၊ ဆယ်လိန်ရွာ၌ ဩဂုတ်လ ၅ ရက်နေ့က ပြောသည်။

ထို့အတွက် ၂၀၁၇ ခုနှစ်တွင် တအန်းနယ်မြေ၌ ရာမဆေးပြားများ အပါအ၀င် ဘိန်းဖြူ ဘိန်းမည်း အားလုံးတိုက်ဖျက်မှုအား ဗဟိုကော်မတီ ဆုံးဖြတ်ချက်ဖြင့် တပ်ရင်း တပ်ဖွဲ့မှူးများမှ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ရန်သူမရှိ မိတ်ဆွေသာရှိခဲ့သူ စာရေးဆရာကြီး ဒဂုန်တာရာ ကွယ်လွန်ရှာပြီ

ပန်းချီ - သန်းဌေးမောင
 
August 19, 2013
မြန်မာနိုင်ငံ၏ အသက်အကြီးဆုံး စာရေးဆရာတစ်ဦးလည်းဖြစ် မြန်မာ့စာပေလောကတွင် ထင်ရှားသူတစ်ဦးလည်းဖြစ်၊ ၁၉၅၃ ခုနှစ် သြစတြီးယားနိုင်ငံ ဗီယင်နာ၌ ''ကမ္ဘာ့ငြိမ်းချမ်းရေးကောင်စီ'' အစည်းအဝေး တက်ရောက်ခဲ့ပြီး ငြိမ်းချမ်းရေး ချစ်မြတ်နိုးသူတစ်ဦးဖြစ်သူ ဆရာကြီး ဒဂုန်တာရာသည် သြဂုတ်လ ၁၉ ရက်မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် အောင်ပန်ြး...မို့နေအိမ်တွင် ကွယ်လွန် သွားရှာပြီဟု ဆရာကြီး၏ တူမဖြစ်သူ စာရေးဆရာမ သင်းမြစန္ဒီ ကပြောသည်။

အသက် ၉၅ နှစ်တွင် ကွယ်လွန်ခဲ့သူ ဆရာကြီးသည် ရန်သူမရှိ မိတ်ဆွေရှိ၊ မုန်းသူမရှိ ချစ်သူရှိ ဟူသည့် မူဝါဒ စကားလုံးများကို ကိုင်ဆွဲကာ တိုင်းရင်းသားများနှင့် မြန်မာအစိုးရတို့ကြား ငြိမ်းချမ်းရေး အမြန်ရလိုသည့် ဆန္ဒရှိခဲ့သူတစ်ဦးလည်းဖြစ်သည်။

ဆရာကြီးသည် ရုပ်ပုံလွှာစာအုပ်ဖြင့် မြန်မာ့သမိုင်းတွင် ထင်ရှားသူများအကြောင်းကို ရေးသားခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းကို အောင်ဆန်း သို့မဟုတ် အရိုင်း ဟူသည့် အသုံးအနှုန်းဖြင့် သုံးနှုန်းရေးဖွဲ့

KIA,ရင်း(၁၀)အား ဗမာတပ်အင်အား (၃၀၀)ကျော်ဖြင့် တိုက်ခိုက်နေ


ကချင်ပြည်နယ် အရှေ့မြောက်ဘက် KIA,တပ်မဟာ (၁) လက်အောက်ခံ၊ KIA, တပ်ရင်း (၁၀)အုပ်ချုပ်ဒေသ၊ လောခေါင်မြို့နယ် အတွင်းရှိ KIA, တပ်ရင်း (၁၀)၏ ရှေ့တန်းစခန်း (ပို့စ်) တစ်ခုအား (၂၀၁၃ ၊ သြဂုတ်လ ၊၁၇) ရက်နေ့တွင် မြန်မာ အစိုးရ စစ်တပ် (ခ.မ.ရ-၅၁၂) တပ် နှင့် နယ်ခြားစောင့်တပ် (BGF)တပ်တို့ ပူးပေါင်း အင်အား (၃၀၀) ကျော်တို့ ဖြင့် လာရောက်တိုက်ခိုက်ခြင်း ကြောင့် (၁၇၊၈၊၂၀၁၃) ရက်နေ့ နံနက် (၆း၄၅) အချိန် မှ မွန်းလွဲ (၀၁း၃၀)အချိန် အထိ အပြင်းအထန် တိုက်ပွဲ ဖြစ်ပွားကြောင်းသတင်း ရရှိပါသည်။
 
တိုက်ပွဲ အတွင်း နှစ်ဘက်စစ်တပ် ၏ ထိခိုက်မှု သတင်းအသေးစိတ် ကိုမှုစုံစမ်းဆဲ ဖြစ်သည်။ မြန်မာ အစိုးရသည် KIA,နှင့် ငြိမ်းချမ်းရေးဖော်ဆောင်နေကြောင်း ကို ကမ္ဘာ နှင့် အများပြည်သူ အား မီဒီယာ မှ တဖွဖွပြောဆိုနေသော် လည်း လက်တွေ့ မှာမှု ကချင် ပြည်နယ် အချို့ ဒေသရှိ KIA, စခန်းများ နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ရှိ KIA, တပ်မဟာ (၄) ဒေသရှိ KIA, တပ်စခန်းများအား နေ့စဉ် နှင့် အမျှထိုးစစ်ဆင် ကျူးကျော် တိုက်ခိုက်မှုများ ပြုလုပ်နေ ဆဲ ဖြစ်ကြောင်း သိရှိရပါသည်။
 
သတင်းရင်းမြစ်  - ကချင်သတင်းဌာန

Sunday, August 18, 2013

နိုင်ငံတကာရှေ့ အပစ်အခတ် ရပ်စဲမည်ဟု ကချင် ပြော

(ကချင်ပြည်သူလူထုနှင့် တွေ့ဆုံခဲ့သော ဗိုလ်ချုပ်ဂွမ်မော် (ဓာတ်ပုံ – မေခ / ဧရာဝတီ)
 
ကေအိုင်အေနှင့် မြန်မာစစ်တပ်အကြား အပစ်အခတ်ရပ်စဲရေး စာချုပ် ထပ်မံချုပ်ဆိုမည်ဆိုပါက ကုလသမဂ္ဂ၊ တရုတ်၊ ဗြိတိသျှအပါအ၀င် နိုင်ငံတကာက ပါဝင် လက်မှတ်ရေးထိုးမှသာလျှင် ကေအိုင်အေက အပစ်အခတ်ရပ်စဲရန် သဘောတူညီ မည်ဖြစ်ကြောင်း ကေအိုင်အေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ပြောဆိုလိုက်သည်။

ယနေ့ မြစ်ကြီးနား မြို့ မနောကွင်း တွင် ကျင်းပသော ကချင်ပြည်သူလူထုနှင့်တွေ့ဆုံစဉ် ဗိုလ်ချုပ်ဂွမ်မော်က ကချင်ပြည်သူများကို အထက်ပါ အတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

ယခင်က အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးခဲ့သော်လည်း ပျက်ပြယ်ခဲ့ရကြောင်း၊ ယခုတဖန် အပစ်အခတ်ရပ်စဲရေး ထပ်မံ လုပ်ဆောင်မည်ဆိုပါက တရုတ်၊ ဗြိတိသျှနှင့် ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာက ပါဝင်လက်မှတ်ရေးထိုးမှသာလျှင် အပစ်အခတ်ရပ်စဲရေး ခိုင်မြဲနိုင်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဂွမ်မော်က ဆိုသည်။

“အလုံးစုံ အပစ် အခတ် ရပ်စဲရေးမှာ ကုလသမဂ္ဂ၊ ဗြိတိသျှ၊ တရုတ်တို့လို နိုင်ငံတကာပါဝင်လာ မှပဲ လက်မှတ်ထိုးနိုင်မယ်။ ဘာကြောင့်လဲ ဆိုရင် အရင်ကတည်းက တခါပျက်ပြီးသွားပြီဖြစ်တဲ့အတွက်

ဒေါက်တာစင်သီယာမောင် ဆစ်ဒနီငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရ

 
18-8-2013

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ မြန်မာနိုင်ငံသား ဒုက္ခသည်နဲ့ ရွှေ့ပြောင်း အလုပ်သမားတွေကို အခမဲ့ ဆေးဝါး ကုသပေးနေတဲ့ စေတနာရှင် ဒေါက်တာ စင်သီယာမောင် ကို သြစတေးလျ နိုင်ငံက ဆစ်ဒနီ ငြိမ်းချမ်းရေး ဆုချီး မြှင့်လိုက်ပါတယ်။...

ဆစ်ဒနီ ငြိမ်းချမ်းရေးဆု ဟာ ကမ္ဘာတဝှမ်း က လူသားတွေ အတွက် ထူးထူးခြားခြား ဆောင်ရွက်ပေးတဲ့ ပုဂ္ဂိုလ်တွေကို သြစတေးလျနိုင်ငံ ဆစ်ဒနီ ငြိမ်းချမ်းရေး ဖေါင်ဒေးရှင်း ကနေ၊ နှစ်စဉ် ဂုဏ်ပြု ချီးမြှင့်တဲ့ဆု ဖြစ်ပါတယ်။

ဒီဆုကို ပညာရှင် ပရော်ဖက်ဆာတွေ ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူး လို လူ့အခွင့်အရေး လှုပ်ရှားခဲ့သူတွေ လွတ်လပ်ရေး အတွက် ကြိုးပမ်းခဲ့တဲ့ အရှေ့ တီမော သမ္မတ ဇနာနာ ဂွတ်စ်မာအို တို့လို့ ပုဂ္ဂိုလ်တွေ ကို ပေးခဲ့ဖူး ပါတယ်။

၂၀၁၃ ခုနှစ်အတွက် ဒေါက်တာ စင်သီယာမောင် ကို ရွေးချယ်ရတာက မိခင်နဲ့ကလေးတွေကို မဖိတ် မစင်အောင် မွေးပေးခဲ့တာ ၊ နယ်စပ်က အမေ့ခံ ကလေးငယ်တွေကို ကာကွယ်ဆေးတွေ ထိုးပေးနိုင်အောင် ဆောင်ရွက်တာ၊ ငှက်ဖျားတိုက်ဖျက်ရေး ကြိုးပမ်းမှုတွေနဲ့ နှစ်ပေါင်း နှစ်ဆယ်ကျော် ဆင်းရဲသား၊

Saturday, August 17, 2013

အီဂျစ်နိုင်ငံရှိ ကမ္ဘာပေါ်၌ ရှေးအကျဆုံး ခရစ်ယာန် ဝတ်ပြုကျောင်းဖြစ်ပြီး အလွန်ရှေးကျသော ကော့ပတစ် ခရစ်ယာန် ကျမ်းစာများ အကြမ်းဖက်သမားများ မီးရှို့ဖက်ဆီးခံရ


 
ကမ္ဘာပေါ်၌ ရှေးအကျဆုံး ခရစ်ယာန် ဝတ်ပြုကျောင်းနှင့် ဘုရားကျောင်းအတွင်းရှိ အလွန်ရှေးကျသော ကျမ်းစာများအား မွတ်ဆလင် ကုလားဆိုး အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီး
----- ----- ----- ----- -----

အီဂျစ်နိုင်ငံရှိ ကမ္ဘာပေါ်၌ ရှေးအကျဆုံး ခရစ်ယာန် ဝတ်ပြုကျောင်းဖြစ်ပြီး အလွန်ရှေးကျသော ကော့ပတစ် ခရစ်ယာန် ကျမ်းစာများကို ထိန်းသိမ်းထားရှိသော ( အပျိုစင် မေရီ ခရစ်ယာန်ဘုန်းတော်ကြီးများကျောင်း " Virgin Mary Monastery " ကျောင်း ) အား ၂၀၁၃ သြဂုတ်လ ၁၅ ရက် ကြာသပတေးနေ့ (အီဂျစ် စံတော်ချိန်) နံနက်ပိုင်းတွင် မွတ်ဆလင် ကုလားဆိုး အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။

ယင်းသို့ အကြမ်းဖက် မီးရှို့ဖျက်ဆီးမှုကြောင့် ဘုရားကျောင်းတစ်ခုလုံးနှင့် ထိန်းသိမ်းထားသော ကျမ်းစာများ မီးလောင်ပြာကျခဲ့ရပြီး ၊ ယင်းမီးကူးစက်လောင်ကျွမ်းမှုကြောင့် ပတ်ဝန်းကျင်ရှိ ကော့ပတစ်ခရစ်ယာန်အိမ် ၁၅ လုံးပါ မီးလောင်ပြာကျခဲ့ရပါတယ်။
 
Copy from - Myanmar Defense League - MDL

၂၀၁၃ ခုနှစ်- အီဂျစ် သွေးမြေကျ- ဗွီဒီယို (၁)


video by - Kayan Times(FB)သတင်း

Friday, August 16, 2013

အစိုးရတပ်များ ကြိုတင် အကြောင်းကြားမှု မရှိဘဲ မွန်ပြည်သစ် နယ်မြေထဲသို့ လှုပ်ရှားလာ

 
15 August 2013
အပစ်အခတ် ရပ်စဲပြီးနောက် မွန်ပြည်သစ် ပါတီ ( NMSP) နယ်မြေအဖြစ် သတ်မှတ် ထားသည့် မွန်ပြည်နယ် ရေးမြို့နယ် ရေးချောင်းဖျား အရှေ့ဘက် နယ်မြေထဲသို့ကြိုတင် အကြောင်းကြားမှု မရှိဘဲ အစိုးရ တပ်ဖွဲ့ဝင်များ ဝင်ရောက် လှုပ်ရှား လာခဲ့သည်ဟု မွန်ပြည်သစ် ပါတီ တာဝန်ရှိသူ တစ်ဦးကဆိုပါသည်။...

“ ဒီနေ့အစိုးရ တပ် ခမရ ၅၈၃ တပ်ဖွဲ့ဝင်တွေက အသိမပေးဘဲ ကျနော်တို့ သတ်မှတ် နယ်မြေ အတွင်း ဝင်လာတယ်။ ဒီလိုမျိုး လုပ်လာရင် မှားပြီး ပစ်ခတ်တာမျိုး ဖြစ်တတ်တယ်။ အဲတာကြောင့် ဒီလိုမျိုး မလုပ်သင့်ဘူး” ဟု ဆိုပါသည်။

ဝင်ရောက်လာသည့် အစိုးရ တပ်ဖွဲ့သည်ရေးမြို့နယ် ကျောင်းရွာ အခြေစိုက် ခမရ ၅၈၃ တပ်ဖွဲ့မှ ဗိုလ်ကြီး ဖြိုးဝေသက် ဦးဆောင်သည့် အင်အား (၁၀) ဦးခန့်ရှိသည့် တပ်ဖွဲ့ ဖြစ်ပါသည်။ ဤအခြေအနေကြောင့် မွန်ပြည်သစ် ပါတီ ထားဝယ် ခရိုင် တပ်ဖွဲ့ဝင်များအား တပ်လှန့်ထားခဲ့ရသည်ဟု ဆိုပါသည်။

အစိုးရတပ်များ ၀င်ရောက် လာသည့် နေရာသည် မွန်ပြည်သစ် ပါတီနှင့် အစိုးရ အဖွဲ့တို့အပစ်အခတ် ရပ်စဲစဉ် မွန်ပြည်သစ် ပါတီ နယ်မြေ အဖြစ် သတ်မှတ်ထားခြင်း ဖြစ်ပါသည်။ ဤနေရာသို့ ၀င်ရောက်

အီဂျစ် သပိတ် ဖြိုခွင်းမှု သေဆုံးသူ ၅၀၀ ကျော်

Black smoke billowed from the scene as the security forces made their way through the camp
Clashes:
 
အီဂျစ် သပိတ်စခန်း ဖြိုခွင်းမှု သေဆုံးသူ ၅၀၀ ကျော် ရှိသွားပြီလို့ အီဂျစ် ကြားဖြတ်အစိုးရက ကြေညာပါတယ်။
 
Crowds: Protestors disperse as tear gas is fired at them by police vehicles

ဗုဒ္ဓဟူးနေ့က ကိုင်ရိုမြို့လယ်ခေါင်ရှိ မွတ်ဆလင်ညီနောင်များရဲ့ သပိတ်စခန်းတွေကို စစ်တပ်က ဖြိုခွင်းခဲ့ရာမှာ လူ ၂ထောင်ထက်မနည်း သေဆုံးသွားတယ်လို့ မွတ်ဆလင်ညီနောင်များအဖွဲ့က ပြောပါတယ်။

 သေဆုံးသွားသူတွေရဲ့ ဈာပနတွေကို အခု ကျင်းပနေပြီး ကြာသပတေးနှောင်းပိုင်းမှာ မွတ်ဆလင်ညီနောင်များအဖွဲ့က ချီတက်ဆန္ဒပြပွဲတွေ ပြုလုပ်ဖို့ စီစဉ်နေပါတယ်။

ရာထူးက ဖယ်ရှားခံရတဲ့ သမ္မတ မိုဟာမက်မော်စီကို နောက်ထပ် ရက် ၃၀ တိုးပြီး ထိန်းသိမ်းဖို့ အီဂျစ် တရားရေးအဖွဲ့က ဆုံးဖြတ်လိုက်ပါတယ်။

သမ္မတ မော်စီကို ဘယ်မှာဖမ်းဆီးထားသလဲ ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

Copy from - BBC Burmese

Wednesday, August 14, 2013

ကြေးနီစီမံကိန်း ဖျက်သိမ်းရေး ဆန္ဒပြသူများ ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပန်းတာင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေး မုံရွာမြို့မှာ ဒီကနေ့ နေ့ခင်းပိုင်းက ချီတက်ဆန္ဒပြခဲ့ကြတဲ့အတွက် ၁၀ ဦး ဖမ်းဆီးခံထားရပါတယ်။

လက်ပန်းတောင်းတောင် ဒေသခံ ၅၀ လောက်ဟာ ကြေးနီစီမံကိန်း ဖျက်သိမ်းရေး၊ အကြမ်းဖက်နှိမ်နင်းတဲ့ ရဲတရားခံတွေ ဖော်ထုတ်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး နဲ့ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း စီမံကိန်းဖော်ဆောင်ရေးကော်မတီကနေ နုတ်ထွက်ရေး စတဲ့အချက် ၄ ချက်ကို မုံရွာမြို့မှာ ချီတက် တောင်းဆို ဆန္ဒပြခဲ့ကြတာပါ။

ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြသူတွေထဲက နော်အုန်းလှအပါအ၀င် ၁၀ ဦးကို ခွင့်ပြုချက်မရဘဲ ဆန္ဒပြမှုနဲ့ မုံရွာ အမှတ် ၁ ရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“နော်အုန်းလှတို့က ဆားလင်းကြီးဘက်မှာ ဆန္ဒပြဖို့အတွက် စာတင်ထားတယ်။ ခွင့်ပြုချက်တင်ထားတယ်။ ခွင့်ပြုချက်က ၁၄ ရက်နေ့ကို စီတန်းလှည့်လည်ခွင့်ရယ်၊ ဟောပြောခွင့်ရယ် နှစ်ခုတင်ရာမှာ ဟောပြောခွင့်ကို မရဘဲနဲ့ လှည့်လည် ဆန္ဒပြခွင့်ကို ပေးခဲ့တယ်။ ၁၄ ရက်နေ့မှာ ပေးတယ်။ နှစ်ခုစလုံးမရလို့ နော်အုန်းလှက မုံရွာဘက်ကိုလည်း တင်တယ်လို့ပြောတယ်။ မုံရွာဘက်မှာတော့ မရဘူး။ ဒီဘက်ကို ကျော်ပြီး ရောက်လာတဲ့အတွက် အခုလို ဖမ်းတယ်လို့ ကျနော်တို့ သိရတယ်။”

အခုလို ဖမ်းဆီးခေါ်ဆောင်သွားမှုကို ဒေသခံတွေက မကျေနပ်တဲ့အတွက် ဆန္ဒပြသမားတွေကို ပြန်လွှတ်ပေးဖို့ အမှတ် ၁ ရဲစခန်းရှေ့မှာ သွားရောက် စုရုံးနေကြတယ်လို့လည်း သိရပါတယ်။

လတ်တလော မုံရွာမှာ ရဲက လုံခြုံရေး တင်းတင်းကျပ်ကျပ်ချထားပြီး တစုံတရာ အကြမ်းဖက် ဖြိုခွင်းတာတော့ မရှိသေးပါဘူး။ ဖမ်းဆီးမှု အခြေအနေနဲ့ပတ်သက်ပြီး မုံရွာ အမှတ် ၁ ရဲစခန်းကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖြေဆိုဖို့ ငြင်းဆိုခဲ့ပါတယ်။

by နော်နိုရင်း
Copy from - DVB

Tuesday, August 13, 2013

ငြိမ်းချမ်းရေးဆွေးနွေးပြီးနောက် ၁၂ရက်အကြာ မြန်မာစစ်တပ်နှင့်T.N.L.A တို့ ရင်ဆိုင်တိုက်ပွဲဖြစ်

 
၁၂၊ သြဂုတ်လ၊၂၀၁၃

မိုင်ငေါ့မြို့နယ်ကွန်စလန်းကျေးရွာအထက်တွင်နမ့်လန်အခြေစိုက် မြန်မာ စစ်တပ် ခမရတပ်ရင်း (၁၇) နှင့် T.N.L.A တပ်ရင်း ၇၁၇ တို့ ယနေ့ သြဂုတ်လ ၁၂ ရက်နေ့ မွန်လွဲ ၂ နာရီခွဲအချိန်တွင် နှစ်ဖက်တပ်များ မိနစ် ၃၀ ခန...့် ရင်ဆိုင် တိုက်ပွဲဖြစ်ပွားကြောင်း သိရှိရပါသည်။

မိုင်းငေါ့မြို့နယ်တွင် အခြေချလှုပ်ရှားနေသော T.N.L.A တပ်ရင်း ၇၁၇မှ မိုင်းငေါ့မြို့ နယ်ရှိ ကျေးရွာပြည်သူ များကို မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စီမံကိန်းအတွက် စည်းရုံးရေးဆင်း သည့်အချိန်တွင် မြန်မာစစ်တပ်ခမရ တပ်ရင်း (၁၇) မှ လိုက်လံနောက်ယှက် ထိုးစစ်ဆင်း လာသောကြောင့် ရင်တိုက်ပွဲဖြစ်ပွားရကြောင်း သိရှိရသည်။

“ကျနော်တို့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် မိုင်းငေါ့မြို့နယ် ရှိ ကျေးရွာတွေမှာ လိုက်လံပြီးစည်းရုံးရေး ဆင်းနေတာ ခမရ တပ်ရင်း (၁၇) မှ ကျနော်တို့ စည်းရုံးရေး ဆင်းနေသည့်လမ်း တစ်လျှောက် လိုက်လံ ထိုးစစ် ဆင်နေသည့်အတွက် ကွန်စလန်း ကျေးရွာ အထက်တွင် ယနေ့ ၂နာရီခွဲ အချိန်မှာ နှစ်ဖက်တပ်များ ရင်ဆိုင် တိုက်ပွဲဖြစ် ကြတာ မီနစ် ၃၀ ခန့်ကြာ တယ်၊ သေဆုံး ထိခိုက်ဒဏ်ရာရတာကိုတော့ အတိအကျ မရသေး ဘူး” ဟု T.N.L.A ၇၁၇ တပ်ရင်းမှုး ဗိုလ်ကြီး တာအိုမ်တမောဝ်မှ ပြောပြသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်တွင်P.S.L.F/T.N.L.A နှင့် မြန်မာအစိုးရတို့  ပြည်နယ်အဆင့်ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင်ယုံကြည်မှုတည်ဆောက်ရေးနှင့် နောက် ထပ် တွေ့ဆုံးဆွေးနွေး ပွဲကို အမြန်ဆုံးကျင်းပပြုလုပ်ရန် သဘောတူ ညီချက် ရရှိ ခဲ့သော်လည်း ၁၂ရက်အကြာ ယနေ့ သြဂုတ်လတွင် အစိုးရ တပ်နှင့် T.N.L.A တို့ ပထမအကြိမ် ပြန်လည် ရင်ဆိုင်တိုက် ပွဲဖြစ်ပွားသည်။

သတင်းနှင့်ပြန်ကြားရေးဌာန
P.S.L.F/T.N.L.A

နှိပ်စက်မှုဒဏ်မခံနိုင်၍ ကေအိုင်အေစစ်သားအဖြစ် ထွက်ဆိုခဲ့ဟု ဦးလထော်ဘရန်ရှောင် ဆို

မြစ်ကြီးနား၊ သြဂုတ် ၁၂

ကေအိုင်အေ စစ်သားအဖြစ် ဖမ်းဆီးကာ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရပြီးနောက် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာသော ဦးလထော်ဘရန်ရှောင်က ၎င်းအနေနှင့် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စ.ရ.ဖ) တပ်ဖွဲ့ဝင်များ၏ နှိပ်စက်မှုဒဏ်ကို မခံနိုင်၍ တရားရုံးတွင် ကေအိုင်အေစစ်သားအဖြစ် ထွက်ဆိုခဲ့ရသည်ဟု ပြောကြားသည်။...

၂၀၁၃ ခုနှစ် ဇွန်လ ၁၂ ရက်နေ့ ဂျန်မိုင်ကောင်း နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းဝင်းအတွင်း ပြုလုပ်သော လူထုရှင်းလင်းပွဲ၌ ဦးလထော်ဘရန်ရှောင်က ၎င်းအနေနှင့် ကေအိုင်အေစစ်သားအဖြစ် ထိန်းသိမ်းခံနေရစဉ်အတွင်း စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဓားမြှောင်ကို မီးကင်ကာ ပါး၊ ဝမ်းဗိုက်နှင့် ချက်နေရာများတွင်ကပ်၍ စစ်ဆေးမေးမြန်းခြင်း၊ ပေါင်တွင် ဓားမြှောင်ဖြင့် ထိုးကာစစ်ဆေး မေးမြန်းခြင်း၊ ခြေသလုံးများအား ဝါးလုံးနှင့် ကြိတ်ကာ ကေအိုင်အေစစ်သားအဖြစ် ဝန်ခံ ခိုင်းခြင်းများကို ကြုံတွေ့ခဲ့ရကြောင်း၊ တရားရုံး၌ ဖြောင့်ချက်ပေးရသော အခါတွင်လည်း စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ၎င်း၏ကိုယ်ပေါ်၌ အသံဖမ်းစက်ကို တပ်ဆင် ပေးထားသဖြင့် ၎င်းတို့ ထွက်ဆိုခိုင်းသည့်အတိုင်း ထွက်ဆိုခဲ့ရကြောင်း ပြောကြားခဲ့သည်။

“အစကတော့ ကျွန်တော့်ကို ကေအိုင်အေ ဗိုလ်ကြီးဆိုပြီး ဝန်ခံခိုင်းတယ်။ကျွန်တော်က မဟုတ်ကြောင်း ငြင်းတယ်။ နည်းပေါင်းစုံနဲ့ ကျွန်တော်ကို နှိပ်စက်ပြီး ဝန်ခံခိုင်းတာ၊ နောက်ဆုံးတော့ ကျွန်တော်လည်း မခံနိုင်တော့လို့ စ.ရ.ဖ များပြောခိုင်းသလို သုံးရစ်ဆိုပြီး ပြောလိုက်ရတယ်” ဟု ဦးလထော်ဘရန်ရှောင်က ဆိုသည်။

ဦးလထော်ဘရန်ရှောင်မှာ စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ နှိပ်စက်စေခိုင်းမှုဒဏ်ကို မခံနိုင်၍ ကေအိုင်အေ စစ်သားအဖြစ် ထောင်ဒဏ်ကျခံခဲ့ရခြင်း ဖြစ်ကြောင်း၊ စ.ရ.ဖ များဘက်မှ အခြား မည့်သည့် အထောက်အထားမျှ မပြနိုင်ဘဲ ၎င်းတို့ဘက်မှ တင်ပြသောသက်သေ အထောက်အထားများကို လျစ်လျူရှုခဲ့ကြောင်း၊ ဦးလထော်ဘရန်ရှောင်သည် ကေအိုင်အေစစ်သား လုံးဝမဟုတ်ကြောင်း၊ ကေအိုင်အို အဖွဲ့အစည်းနှင့် မည်သို့မျှ မပတ်သက်ခဲ့ကြောင်း ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်မှ အသင်းတော်လူကြီးများက တူညီစွာ ပြောကြားသည်။

ကချင်နှစ်ခြင်း ခရစ်ယာန် အတွင်းရေးမှူးဖြစ်သူ ဒေါက်တာဆမ်ဆွမ်က“ကချင် တစ်ယောက်ကိုဖမ်းပြီး နှိပ်စက်လိုက်ရင် ကေအိုင်အေစစ်သား အလိုအလျောက် ဖြစ်သွားပါတယ်။ ဒါ ကချင်လူထုတွေ အားလုံး ခံစားနေရတဲ့ အရာဖြစ်တယ်။တကယ်တော့ စစ်ဘေးဒုက္ခသည်တွေဟာ စိတ်ဓာတ်ရေးရာရော ရုပ်ပိုင်းဆိုင်ရာတွေပါ ဒဏ်ရာ ခံစားနေရသူတွေ ဖြစ်ပါတယ်။

ဒီလိုစိတ်အားငယ်နေတဲ့ချိန်မှာ လှောင်အိမ်ထဲက ငှက်လို ကိုယ်လိုချင်တဲ့ အချိန်မှာ ဖမ်းပြီး၊ ရိုက်ပြီးမှ ကေအိုင်အေ မဟုတ်တာကို ဟုတ်အောင်လုပ်ခြင်းဟာ အင်မတန်မှ ရက်စက်လွန်းပါတယ်။ အင်မတန်မှ တရားလွန်လွန်းပါတယ်။ ဒီမိုကရေစီကို သွားနေတဲ့အချိန်မှာ မဖြစ်သင့်တဲ့အရာပါ” ဟု ဆိုသည်။

ဦးလထော်ဘရန်ရှောင်သည် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထောင်မှ လွတ်မြောက်လာခဲ့ပြီ ဖြစ်သော်လည်း ၎င်းအပေါ်တွင် ချမှတ်ခဲ့သော အပြစ်ကို ပယ်ဖျက်ပေးနိုင်ရန်အတွက် အယူခံဝင်သွားမည် ဖြစ်ကြောင်း၊ ခရိုင်တရားရုံးတော်တွင် အယူခံဝင်ထားမှုမှာ ပလပ်ခံခဲ့ရသဖြင့် ကချင်ပြည်နယ် တရားလွှတ်တော်သို့ ဆက်လက် အယူခံဝင်သွားမည် ဖြစ်ကြောင်း ဦးလထော်ဘရန်ရှောင်၏ အကျိုးဆောင်ရှေ့နေ ဦးဂျီမာခါး ဆိုသည်။

ယနေ့ပြုလုပ်ခဲ့သော လူထုရှင်းလင်းပွဲတွင် ကာယကံရှင် ဦးလထော်ဘရန်ရှောင်နှင့် ဇနီးဖြစ်သူ ဒေါ်ဇေညွယ်၊ ရှေ့နေ ဦးဂျီမားခါး၊ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်မှ အသင်းတော်လူကြီးများက ရှင်းလင်း တင်ပြခဲ့ကြပြီး ပရိသတ် ၁၅၀၀ ခန့် တက်ရောက်ခဲ့သည်။
 
Copy from - The Voice Weekly

Sunday, August 11, 2013

အခြေခံ ဥပဒေ ပြင်ဆင်ရေး ဒေါ်အောင်ဆန်းစုကြည်နှင့် UNA တိုင်းရင်းသားခေါင်းဆောင်များ ဆွေးနွေး

 
ယခင် စစ်အစိုးရက ရေးဆွဲအတည်ပြု ပြဋ္ဌာန်းခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA) အဖွဲ့တို့မှ တိုင်းရင်းသား ခေါင်းဆောင်များ ယနေ့ တွေ့ဆုံဆွေးနေ...ွးကြကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် ယနေ့ မနက်ပိုင်းက ပြုလုပ်သော တွေ့ဆုံပွဲသို့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် UNA အဖွဲ့ဝင် ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်၊ မွန်အမျိုးသား ဒီမိုကရေစီ ပါတီ၊ ဇိုမီး အမျိုးသား ကွန်ဂရက်ပါတီ နှင့် ကရင်အမျိုးသား ဒီမိုကရေစီ ကွန်ဂရက်တို့မှ ခေါင်းဆောင်များ ဖြစ်ကြသည့် ဦးခွန်ထွန်းဦး၊ ဦးစိုင်းညွန့်လွင်၊ ဦးအေးသာအောင်၊ ဦးကျန်ရှင်းထျန် ၊ ဦးနိုင်ငွေသိန်း၊ ဦးစောဟယ်ရီ အပါအ၀င် တိုင်းရင်းသား ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။
 
ခွန် ဒီးယမ် (FB) သတင်းစာမျက်နှာမှ

တိုင်းရင်းသားအားလုံး အပစ်အခတ် ရပ်စဲနိုင်ပြီလား . . .

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဗြိတိန်ခရီးစဉ်နှင့် သြဂုတ်လ ၁ ရက်နေ့ ရေဒီယိုမိန့်ခွန်း တို့တွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကို ကြေညာနိုင်တော့မည်ဟု ထုတ်ဖော် ပြောဆိုလိုက်ခြင်းသည် နှစ်ပေါင်း ၆၀ ကျော် တောက်လောင်ခဲ့သည့် ပြည်တွင်းစစ်မီး ငြှိမ်းသတ်ရေး အမှန်တကယ် ဖြစ်နိုင်ပြီလောဟု မြန်မာ့နိုင်ငံရေး လေ့လာစောင့်ကြည့် သူတို့က မေးခွန်းထုတ်ကြသည်။

လက်နက်ကိ...
ုင်တိုင်းရင်းသား ၁၀ ဖွဲ့ကို ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု လက်မှတ်ရေးထိုး ထားသော်လည်း ကေအိုင်အို၊ တအောင်း လွတ်မြောက်ရေးတပ်မတော် (TNLA) ကဲ့သို့သော လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းများမှာ အပစ်အခတ် ရပ်စဲရေး မလုပ်နိုင်သေးခြင်းနှင့် ရှမ်းပြည်နယ် ပြန်လည်ထူထောင်ရေး တပ်မတော် (တောင်ပိုင်း) RCSS/SSA၊ မွန်ပြည်သစ် ပါတီတို့နှင့် အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ထား သော်လည်း တိုက်ပွဲများ ပြန်ဖြစ်လာခြင်း အပေါ် ယင်းကဲ့သို့ မေးခွန်း ထုတ်ကြခြင်း ဖြစ်သည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ကြေညာနိုင်မှသာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံးနှင့် နိုင်ငံရေးဆွေး နွေးပွဲများ ကျင်းပ၍ ရနိုင်မည်ဖြစ်သောကြောင့် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီက အပစ်အခတ် ရပ်စဲရေး သဘောတူညီနိုင်ရန် ဆွေးနွေးမှုများ ဆက်တိုက် ပြုလုပ်လာသည်ကို တွေ့ရသည်။

KIO/KIA အဖွဲ့နှင့် ဇူလိုင်လ အတွင်းတွင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့အားလုံး ပါသော ဆွေးနွေးပွဲတစ်ရပ် ကျင်းပပြီး နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီက စီစဉ်ခဲ့သော်လည်း လက်တွေ့တွင်

8888 ၂၅နှစ်ပြည့်  in japan

video by - Zay Yar

Saturday, August 10, 2013

ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရန် ကြောက်မနေသင့်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံကိုပြင်ဆင်ရန် ကြောက်မနေသင့်ဟု သြဂုတ်လ ၈ ရက်တွင် ပြောကြားလိုက်သည်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာဟာ လူတွေက လုပ်ထားတဲ့ အရာတစ်ခုပါ။ အဲဒါကို ကျွန်မတို့က မကိုင်ရဲဘူး မထိရဲဘူး ဆိုလို့ရှိရင် ကျွန်မတို့ သက်ရှိ ပြည်သူပြည်သားတွေဟာ သက်မဲ့ စာကြောင်းတစ်ခုကို ကြောက်နေရာ မရောက်ဘူးလားလို့။ ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ခုရဲ့ အသက်ဟာ ပြည်သူ လူထုရဲ့ လက်ခံယုံကြည်မှုပါပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ MCC ခန်းမတွင် ပြုလုပ်လျက်ရှိသည့် ရှစ်လေးလုံး လူထု အရေးတော်ပုံကြီး၏ ၂၅ နှစ်ပြည့် ငွေရတု အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်လာသည့်

Friday, August 9, 2013

ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု ကြေညာစာတမ်း

၂၀၁၃ ခုနှစ် သြဂုတ်လ ၈ ရက်
ရန်ကုန်မြို့
 
ကျွန်ုပ်တို့ တိုင်းရင်းသားအင်အားစုများ၊ ဒီမိုကရေစီအင်အားစုများသည် ၂၀၁၃ ခုနှစ် သြဂုတ်လ ၆ ရက်၊ ၇ ရက်နေ့များတွင် စုစည်းညီညွတ်စွာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ရှစ်လေးလုံး ၂၅ နှစ်တိုင်ခဲ့သော ဤနေ့ဤရက်တွင် ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံ ငွေရတု ကြေညာစာတမ်းကို ထုတ်ပြန် ကြေညာလိုက်သည်။

၁။ ကျွန်ုပ်တို့သည် ကိုယ့်ကြမ္မာကိုယ် ပြဋ္ဌာန်းပိုင်ခွင့်ရှိ၍ တန်းတူညီမျှမှုရှိသော ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံ တော်သစ်ကို ထူထောင်ရန် လိုအပ်သည်ဟု အလေးအနက် ခံယူသည်။

၂။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ကျွန်ုပ်တို့လိုလားသော ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်သစ်ကို ဖော်ဆောင်ပေးနိုင်ခြင်း မရှိပေ။ သို့ဖြစ်၍ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲရန် သို့မဟုတ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ် ပြန်လည်ရေးဆွဲရန် လိုအပ်သည်ဟု အလေးအနက် ခံယူသည်။

၃။ ထိုသို့ဖော်ဆောင်နိုင်ရေးအတွက် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်သော အမျိုးသားအင်အားစု အားလုံးပါဝင်သည့် ညီလာခံတစ်ရပ်ကို ကျင်းပရန်လိုအပ်သည်ဟု အလေးအနက် ခံယူသည်။

ဤသို့ ခံယူသည်နှင့်အညီ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီး၏ မပြီးဆုံးသေးသောတာဝန်များကို ဆက်လက် ထမ်းရွက် သွားမည်ဟု ထုတ်ပြန် ကြေညာလိုက်သည်။ ။
 

တိုကျိုတွင် ကျင်းပပြုလုပ်သည့် ၂၅ နှစ်ပြည့် ၈၈၈၈ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ချီတက် ဆန္ဒပြပွဲ


၈ ရက် ၈ လ ၂၀၁၃ ခုနှစ်။

(၂၅)နှစ်ပြည့် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ချီတက် ဆန္ဒပြပွဲ အခမ်းအနား ကို ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ  စုပေါင်း၍ ကျင်းပခဲ့ကြပါသည်။

အခမ်းအနားကို Gotanta ပန်းခြံမှ နေ့လည် (၃း၀၀)နာရီ တိတိတွင် စတင်ထွက်ခွါ ခဲ့ကြပြီး Shinagawa အရပ်ရှိ မြန်မာ(သံရုံး) အနီးရှိတွင် အဆုံးသတ်ခဲ့ကြပါသည်။ ချီတက်သွားရာ လမ်းတလျှောက်တွင်လဲ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် တပြည်လုံး အပစ်အခတ်ရပ်စဲပြီး တွေ့ဆုံဆွေးနွေးရေးအား ချက်ချင်းလုပ်၊ ယုံကြည်ချက်ကြောင့် မတရား အဖမ်းဆီခံ ကျန်ရှိနိုင်ငံရေး အကျဉ်းသားများ အားလုံး “ချက်ချင်းလွတ်” ၊ အများပြည်သူက လက်မခံ တဖက်သတ် ရေးဆွဲထားသော 2008 ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အမြန်ဆုံး ပြင်ဆင်ပေးရန်စသည့် ဂျပန်နှင့် မြန်မာ နှစ်ဘာသာ ကြွေးကြော်သံများဖြစ် ချီတက် ဆန္ဒပြတောင်းဆို ခဲ့ကြပါသည်။

ဆက်လက်ပြီး Shinagawa အရပ်ရှိ မြန်မာ(သံရုံး)ရှေ့တွင် ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများတို့၏ ဆန္ဒသဘောထားများ ထည့်သွင်း တောင်းဆိုသည့် မြန်မာသံရုံးမှ တဆင့် ဦးသိန်းစိန် အစိုးရသို့ ငွေရတု အိပ်ဖွင့်ပေးစာတစောင်ကို သံရုံးသို့ ပေးပို့ရန်အတွက် ကြိုတင်ဖုန်းဖြစ် အကြောင်းကြားခဲ့ပြီးဖြစ်သော်လည်း
အရင် ထုံးစံအတိုင်း လက်ခံယူပေးခြင်းမရှိ ဖြေဆိုပြောကြားခြင်းမရှိပါ ပြောင်းလဲနေပါပြီလို့ ပြောဆိုနေသော သမ္မတဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့တွေ စိတ်ပျက်ဖွယ် လုပ်ရပ်ဟောင်း အကျင့်ဟောင်း မပြောင်းလဲသေးသည့် တိုကျိုမြန်မာသံရုံးအား လက်တွေ့ပြသလိုက်ပါသည်။

ယနေ့ ချီတက်ဆန္ဒပြပွဲသို့ မြန်မာ့ဒီမိုကရေစီအရေး တက်ကြွစွာလှုပ်ရှားသူ စုစုပေါင်း အင်အား(၃၀၀)ခန့် တက်ရောက်ကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ။ Lian Khan Sum

ရှစ်လေးလုံးငွေရတုနှစ်ပတ်လည် အခမ်းအနားတွင် ကျောင်းသား အရေးတော်ပုံ အော်ပရာကပြဖျော်ဖြေစဉ်။

ရှစ်လေးလုံးငွေရတုနှစ်ပတ်လည် အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်
နှင့် ဦးတင်ဦးတို့ တက်ရောက်လာစဉ်။
ဓာတ်ပုံ- အင်တာနတ်သတင်းစဉ်

မုံရွာမြို့တွင် သံဃာတပါး ကိုယ့်ကိုယ်ကိုယ် မီးရှို့သတ်သေ

ဓါတ်ပုံ - သော်က(မုံရွာ) ThanLarWaddy Times 
 
မုံရွာမြို့ ဇောတိကကျောင်းတိုက်က သံဃာတော်ပါး ဒီကနေ့ မနက်ပိုင်းက ကိုယ့်ကိုယ်ကိုယ် မီးရှို့ သတ်သေ သွားတယ်လို့ မုံရွာမြို့အမှတ် ၂ ရဲစခန်း ရဲအုပ် မောင်မောင်မြင့်က ဒီဗွီဘီကို ပြောပါတယ်။

မီးရှို့သတ်သေတဲ့ သံဃာဟာ သက်တော် ၂၄ နှစ်၊ ၀ါတော် ၄ ၀ါရှိတဲ့ ဦးဇင်းသုတရဖြစ်ပြီး မီးရှို့ သတ်သေတဲ့ အနီးမှာ စာတဆောင် ရေးထားခဲ့တယ်လို့ ရဲအုပ်မောင်မောင်မြင့်က ပြောပါတယ်။

“၃ နာရီခွဲလောက်မှာ မီးရှို့တာ။ သူရေးခဲ့တဲ့ စာလေးတွေတော့ ရှိပါတယ်။ ဘာကြောင်းကြောင်းမှာ မဟုတ်ဘူး။ သူက ဘုရားရှင်ကို ပူဇော်တာပေါ့။ သူ့ကိုယ်ကို ဆီလောင်းမီးရှို့ပြီး ဘုရားရှင်ကို ဆီမီး ပူဇော်တာပေါ့။ အဲဒီလိုရေးထားတယ်။ သူခုလို ပြုတဲ့ ကောင်းမှု ကုသိုလ်အတွက် သာဓုခေါ်ဖို့အတွက် ဆိုပြီး အဲဒီလို ရေးတယ်။”

ပျံလွန်တော်မူသွားတဲ့ ဦးဇင်းသုတရရဲ့ ရုပ်ကလပ်ကို မုံရွာပြည်သူ့ဆေးရုံမှာ စစ်ဆေးမှုတွေ လုပ်ဆောင်မှာ ဖြစ်ပြီး သေမှုသေခင်းနဲ့ အမှုဖွင့်ပြီး အရေးယူ ဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။
နော်နိုရင်း  (ဒီဗွီဘီ)
 
Copy from - thithtoolwin

ဒေါ်အောင်ဆန်းကြည်၏ ၈၈၈၈ ငွေရတုမိန့် ခွန်း အပိုင်း (၁ ၊ ၂)


ရှစ်လေးလုံးငွေရတုအခမ်းအနား တွင် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ ၈၈အရေးတော်ပုံ ဂုဏ်ပြုမိန့်ခွန်းပြောကြား

 

Copy from - DVBTV News

Thursday, August 8, 2013

ဂျပန်နိုင်ငံ၏ အကြီးဆုံးစစ်သင်္ဘာ ထုတ်ဖော်ပြသ

 
အီဇူမိုဟု အမည်ပေးထားသည့် သင်္ဘောကြီးသည် ဖျက်သင်္ဘော အမျိုးအ စားဖြစ်ပြီး မီတာ(၂၅၀) အရှည်ရှိသည်။ ဂျပန်နှင့် တရုတ်နိုင်ငံ တို့ ကြား ရေပိုင်နက် အငြင်းပွားမှု ပြဿနာများ မြင့်တက်နေချိန်တွင် အီဇူမိုသည် အမိနိုင်ငံအတွက် စတင်တာဝန် ထမ်းဆောင်ရန် ပွဲထွက်လာခဲ့ခြင်း ဖြစ်သည်

ဂျပန်နိုင်ငံသည် အင်္ဂါနေ့က ဒုတိယကမ္ဘာစစ် ကာလနောက်ပိုင်း ၎င်းတို့၏ အကြီးမားဆုံး စစ်သင်္ဘောကြီးကို စတင်မိတ်ဆက်လိုက်ပြီ ဖြစ်သည်။ အီဇူမိုဟု အမည်ပေးထားသည့် သင်္ဘောကြီးသည် ဖျက်သင်္ဘော အမျိုးအစားဖြစ်ပြီး မီတာ(၂၅၀) အရှည်ရှိသည်။ ဂျပန်နှင့် တရုတ်နိုင်ငံ တို့ကြား ရေပိုင်နက် အငြင်းပွားမှု ပြဿနာများ မြင့်တက်နေချိန်တွင် အီဇူမိုသည် အမိနိုင်ငံအတွက် စတင်တာဝန် ထမ်းဆောင်ရန် ပွဲထွက်လာခဲ့ခြင်း ဖြစ်သည်။ ရဟတ်ယာဉ်တင် သင်္ဘောအဖြစ်လည်း အသုံးပြုနိုင်သော အီဇူမိုသည် ကုန်းပတ်ပေါ်တွင် ရဟတ်ယာဉ် ဆင်းသက်ရန် ကွင်း(၁၄)ခုကိုပါ ထည့်သွင်း တည်ဆောက်ထားသည်။

ယင်းဖျက်သင်္ဘောသည် ရေငုပ်သင်္ဘောများ ဖျက်ဆီးတိုက်ခိုက်ရေး တာဝန်နှင့် ထောက်လှမ်းရေး တာဝန်များကို ထမ်းဆောင်နိုင်မည်ဟု ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။ (၂၀၀၉)ခုနှစ်က စတင် တည်ဆောက်လာသော သင်္ဘောကြီးကို စစ်ဘက်သုံး ရည်ရွယ်ချက်အပြင် သဘာဝ ဘေးအန္တရာယ် ကျရောက်သော နေရာများတွင်ပါ ကယ်ဆယ်ရေး တာဝန် ထမ်းဆောင်နိုင်ရန်ပါ

Wednesday, August 7, 2013

KIA တပ်ရင်း (၃၆) စခန်း ညသန်းခေါင် အချိန် အတိုကခံရ၊ ကချင်(၄)ဦးကျ

 
ရှမ်းပြည် မြောက်ပိုင်း မူဆယ် မြို့နယ်ရှိ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) တပ်မဟာ (၄) နယ်မြေ မုန်းဂို ဒေသရှိ တပ်ရင်း (၃၆) တပ်စခန်းကို ည ၁၂ နာရီ အချိန်တွင် လာရောက် တိုက်ခိုက်သောကြောင့် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့ကာ ကချင် စစ်သည် (၄) ဦး ကျဆုံး ခဲ့ကြောင်း KIA တပ်မဟာ (၄) စစ်ဦးစီး အရာရှိ ဗိုလ်နော်ဂျာ က ပြောသည်။

“အစိုးရ တပ်ဖွဲ့ ခလရ ၁၂၃ တပ်ဖွဲ့က ပြီးခဲ့သည် သြဂုတ်လ ၄ ရက်နေ့ ညမှာ အချိန်မတော် ကျတော်တို့ တပ်စခန်းကို အစိုးရ တပ်ဖွဲ့တွေ လာတိုက်တော့ ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွား ခဲ့ရတယ်” ဟု ဆိုပါသည်။

ထိုတိုက်ပွဲသည် ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် ဂိန်ဆိုင် အထက် တန်ယောင်ဂျိုင်ရွာ အနီးတွင် ၃ နာရီကြား ဖြစ်ပွားခဲ့သည်။ KIA ဘက်က ၄ ဦး ကျဆုံးသည်ကို ၄င်းမှ ထုတ်ပြော သော်လည်း အစိုးရဘက်က ထိခိုက် ဒဏ်ရာ ရရှိမှု အခြေအနေ မသိရသေးဟု ဗိုလ်နော်ဂျာ က ဆိုပါသည်။

ယခု သြဂုတ် လဆန်းပိုင်း အတွင်း၌ KIA တပ်ရင်း (၃၆) တပ်စခန်းကို အစိုးရ တပ်ဖွဲ့တို့က (၅) ကြိမ် တိုင်တိုင် လာရောက် တိုက်ခိုက် ခဲ့သည်။ ယင်းတို့ကြောင့် မူဆယ်မြို့နယ် တဝိုက်တွင်းရှိ နှစ်ဖက် စစ်တပ်တို့၏ စစ်ရေး အခြေအနေ တင်းမာလျက် ရှိနေကြောင်း ဆိုပါသည်။

KIO သည် ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်နေ့က ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် Technical Team ရုံးဖွင့်သည့် နေ့တွင်လည်း နှစ်ဖက် တိုက်ပွဲ ဖြစ်ပွား ခဲ့သောကြောင့် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ကို စွန့် ခွာသင့်ပြီ အပိုင်း ( ၁ ) ၊ ( ၂ ) ၊ ( ၃ )

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ကို စွန့် ခွာသင့်ပြီ အပိုင်း (၁)
Monday, 05 August 2013
    
လွှတ်တော် ဥက္ကဌ ဦးရွှေမန်းက မိမိ၏ ဘေးတွင် ကပ်ထိုင်နေသော ဒေါ်အောင်ဆန်းစုကြည်ကို ညွှန်ပြကာ အတူ လက်တွဲ အလုပ်လုပ်နေကြပြီဟု ဆိုလျှက် အမျိုးသား စည်းလုံးမှု ရနေသယောင် ဟစ်ကြွေး ခဲ့သည့် ဤသို့သော အချိန်တွင် ဒေါ်အောင်ဆန်း စုကြည် လွှတ်တော်ကို စွန့် ခွာသင့်ပြီ ဟု တပ်လှန့် နိုးလိုက်သံ ကြားလိုက်ရသော အခါ စာဖတ်သူ အံ့သြကောင်း အံ့သြပါမည်။

အကြောင်းမည်သို့ ဆိုသည်ကို ရှင်းပါအံ့။ ရှေ့ ခြေနှစ်လှမ်း တိုးရန် နောက်ခြေ တလှမ်းပြန်ဆုတ်(Onestep backward, two steps forward) ဟူသော ဆိုရိုးစကား ရှိသည်။ လူသည် ဘ၀ခြေလှမ်းများ လှမ်းရာ၌ တခါတရံတွင် မလှမ်းသင့် သောနေရာကို လှမ်းမိ သဖြင့် ကျွံသွား တတ်သည်။

ဤသည်ကို မှန်ကန်စွာ သိမြင်လာပါက လမ်း ကြောင်း မှန်ကို ပြန်လည် လျှောက်လှမ်းရန် မိမိခြေ တလှမ်းကို အမြန်ဆုံး ပြန်ဆုတ်ရပါမည်။၂၀၀၈ ဖွဲ့ စည်း ပုံအခြေခံ ဥပဒေအောက်တွင် ခေါင်းလျှိုးကာ စစ်အစိုးရ တည်ဆောက် ထားခဲ့သည့် လွှတ်တော် အတွင်း ၀င်ရောက် သွားခဲ့ခြင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးအရ သာမက ဥပဒေအရပါ ခြေ လှမ်းကြီး တလှမ်းကျွံသွား ခဲ့ခြင်း ဖြစ်သည်။

အမြန်ဆုံးပြန်ဆုတ်ရန်လိုပါမည်။ သို့ မဟုတ်လျှင် ဒေါ်အောင်ဆန်းစုကြည်သည် ပင်လယ်ထဲတွင် မျောနေသည့် ဆင်သေကောင်ကြီးအပေါ်တွင် စီးနင်းလိုက်ပါ သွားရင်း ဆင်သေကောင်နှင့်အ တူ ရေထဲမြုပ်သွား မည့် ငှက်ငယ် ကလေး၏ ဘ၀နှင့်အလားတူ သွားမှာ စိုးရိမ်မိပါသည်။ အဘယ်ကြောင့် ဆိုသော် စစ် အာဏာရှင်စနစ်ကို စနစ်တ ကျအသက် သွင်းထားသော ၂၀၀၈ ခုနှစ်ဖွဲ့ စည်းပုံ အခြေခံ ဥပဒေသည် ဆင်သေကောင်ပုပ်ကြီး ဖြစ်နေသော ကြောင့် ပင်။

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော် အတွင်း ၀င်ရောက် သွားခဲ့သည့် တနှစ်ကျော်ကာလ ဖြတ် သန်းမှု ကို ပြန်လည် သုံး သပ် ဘို့ လိုပါမည်။ သူမ ကြားဖြတ်ရွေးကောက်ပွဲ ၀င်စဉ်က ကြွေးကြော်ခဲ့သည့် ဥပဒေ စိုးမိုးရေး၊ ပြည်တွင်း ငြိမ်းချမ်း ရေး၊ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး လုပ်ငန်း စံထားချက်များဖြင့်

Tuesday, August 6, 2013

ရှစ်လေးလုံးလူထုဒီမိုကရေစီအရေးတော်ပုံ ငွေရတု (အထက်ဗမာပြည်)




မန္တလေးမြို့မှာ ကျင်းပတဲ့ ၈၈၈၈ ငွေရတုအခမ်းအနားကို ၃၁ လမ်းနဲ့ ၈၄ လမ်းဒေါင့်မှာရှိတဲ့ ဓမ္မသာလ ခန်းမမှာ နံနက် ၈ နာရီ ၈မိနစ် ၈စက္ကန့် မှာ ဦးဝင်းတင်နဲ့ ဦးသိန်းတန်တို့ က ဖဲကြိုးဖြတ်ဖွင့်လှစ်။

ရိုက်ကူး - အိမ်ခိုင်မြဲ

ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ ငွေရတုဆွေးနွေးပွဲ

ှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ ငွေရတုဆွေးနွေးပွဲ ကြိုဆိုနှုတ်ခွန်းဆက် အဖွင့်အမှာစကားပြောနေသည့် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင်
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုဌေးကြွယ်

 ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ

Monday, August 5, 2013

ဟီရိုရှီးမား အနုမြူနှစ်ပတ်လည်နှင့် ဂျပန့်စိတ်ဓါတ် 68th Anniversary of Bombing of Hiroshima

 
ယခု ၂၀၁၃ ခုနှစ် သြဂုတ်လ ၆ ရက် နဲ့ ၉ ရက်နေ့တို့မှာ ၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ် ကာလမှာ ဂျပန်နိုင်ငံ ဟီရိုရှီးမားနဲ့ နာဂါစကီမြို့တို့ကို အနုမြူဗုံးကြဲခြင်း ခံခဲ့ရတဲ့ ၆၈ နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။

... ဒီနေရာမှာ ဂျပန့်စိတ်ဓါတ်လို့ ဆိုခြင်းဟာ ဒီလိုအနုမြူဗုံး ကြဲခြင်းခံခဲ့ရတဲ့ အကြောင်းရင်းများစွာ ရှိတဲ့အထဲမှာ ဂျပန်တို့ရဲ့ ပြင်းထန် မာကြောတဲ့ စိတ်ဓါတ်၊ အထူးသဖြင့် လက်နက်ချတယ် ဆိုတာ မရှိတဲ့ စိတ်ဓါတ်ကြောင့်လဲ ပါပါတယ်။ ဒီစိတ်ဓါတ်ဟာ Bushido Spirit လို့ခေါ်တဲ့ ဂျပန်စစ်ဝါဒီ ဆာမူရိုင်းတို့ရဲ့ စိတ်ဓါတ် (Samurai Spirit) ဘဲဖြစ်ပါတယ်။ ဒါပေမဲ့လဲ ဒီလိုပြင်းထန်မာကြောပြီး မျိုးအနွယ်ကို အရမ်းချစ်တဲ့ စိတ်ဓါတ်ကြောင့်လဲ စစ်ပြီးကာလမှာ ဂျပန်နိုင်ငံဟာ ပြာပုံဘ၀ကနေ ကမ္ဘာ့ထိပ်တန်း ဖွံ့ဖြိုး တိုးတက်တဲ့ စက်မှုနိုင်ငံကြီး ဖြစ်ခဲ့ရတာပါ။ ဂျပန်စစ်ဝါဒီတွေရဲ့ တင်းမာတဲ့မ လျှော့သော ဇွဲလုံ့လကြောင့် ကြားက မြေဇာပင်ဖြစ်ရသူတွေကတော့ အနုမြူဗုံးဒါဏ်ကြောင့်သေဆုံးရုံတင်မကဘဲ ယနေ့ကာလအထိ မျိုးဆက်တွေမှာ အနုမြူရောင်ခြည်သင့်ပြီး ရောဂါဘယတွေနဲ့ လူရုပ်မပေါ်တဲ့ လူသားများ မွေးဖွားခဲ့ရတဲ့ ဂျပန် ပြည်သူတွေပါဘဲ။ ဒါဟာ စိတ်ဓါတ်လေး တစ်ခုကြာင့် ဘာမှမဆိုင်တဲ့ ပြည်သူတွေ ကြေမွ ဆုံးရှုံးသွားခဲ့သလို ဒီစိတ်ဓါတ်ကိုဘဲ ကောင်းတဲ့နေရာမှာ အသုံးချလိုက်လို့ ကမ္ဘာ့ထိပ်တန်း နိုင်ငံဖြစ်သွားတဲ့ ဂျပန်နိုင်ငံရဲ့ ဖြစ်စဉ်ပါဘဲ။ ဒီစိတ်ဓါတ်နှစ်ခုမှာ ကွာခြားချက်ကတော့ ပထမ စိတ်ဓါတ်ကို အသုံးချသူတွေဟာ နိုင်ငံ့အာဏာကို ချုပ်ကိုင်ထားတဲ့ လူနည်းစုစစ်ဝါဒီ (သို့) Decision Maker တွေကြောင့်ပါ။ ဒုတိယကောင်းတဲ့ စိတ်ဓါတ်လဲဘဲ ဒီခေါင်းဆောင်ပိုင်း ဖြစ်တဲ့ Decision Maker တွေ အရမ်းကောင်းပြီး ပြည်သူနဲ့ တစ်သားထဲကျပြီး စွမ်းဆောင်နိုင်ခဲ့လို့ ဂျပန်ဟာကမ္ဘာ့ ထိပ်တန်းနိုင်ငံ ဖြစ်ခဲ့ရတာပါ။

အနုမြူဗုံးဟာ ကမ္ဘာပေါ်မှာ ဂျပန်နိုင်ငံ တစ်နိုင်ငံဘဲ ခံခဲ့ရပါတယ်။ သုံးတဲ့နိုင်ငံကလည်း အမေရိကန် တစ်နိုင်ငံတည်းပါဘဲ။ ဒါပေမဲ့ အဲဒီအချိန်က ကြဲခဲ့တဲ့ နျူကလီးယား လက်နက်ဟာ ဒီနေ့ကာလတိုင်အောင် ကမ္ဘာကြီးကို ခြိမ်းခြောက်နေဆဲ ဖြစ်ပါတယ။ အနုမြူရောင်ခြည် သင့်ရာကပေါ်ပေါက်လာတဲ့ ရောဂါဝေဒနာ ဆိုးများကိုလည်း ဂျပန်နိုင်ငံမှာ မျိုးဆက်အဆင့်ဆင့် ခံစားခဲ့ရပါတယ်။ ၁၉၄၅ သြဂုတ်လ ၆ရက်နှင့် ၉ ရက် နေ့များမှာ ဂျပန်နိုင်ငံ ဟီရိုရှီးမားနဲ့ နာဂါစကီတို့ကို ကြဲချလိုက်တဲ့ အနုမြူဗုံးများရဲ့ ပေါက်ကွဲအားဟာ TNT ယမ်းတန်ချိန် ကီလိုတန် (ထောင်ဂဏန်း) ဘဲရှိပါတယ်။ ဒါပေမဲ့ ဒီနေ့ရှိနေတဲ့ ဟိုက်ဒြိုဂျင်ဗုံးကတော့ TNT ယမ်းတန်ချိန် (မီဂါတန်) တန်ချိန်သန်းနဲ့ချီပြီးပေါက်ကွဲအား ပြင်းထန်ပါတယ်။ ဒါကြောင့် ဟိုက်ဒြိုဂျင်ဗုံး ဘယ်လောက် ပြင်းထန်တယ် ဆိုတာစဉ်းစားလို့တောင် မရနိုင်ပါဘူး။

အနုမြူဗုံးကြဲရခြင်း အကြောင်းရင်းများကို မဆန်းစစ်ခင် အနုမြူဗုံးစတင် တီထွင်မှုရဲ့ အခြေခံဖြစ်တဲ့ အက်တမ်များကို ပြိုကွဲစေခြင်းဖြင့် ကြီးမားတဲ့ စွမ်းအင်ရရှိမှုကို ၁၉၃၀ နောက်ပိုင်းမှာ သိပ္ပံပညာရှင်တွေ သိလာ ပါပြီ။ ဒါကလဲ အိုင်စတိုင်းရဲ့ Relativity Theory အရ ထွက်လာတာပါ။ အဲဒီကာလမှာ အမေရိကန်နဲ့ အခြား သိပ္ပံပညာရှင်များက ဂျာမဏီဟာ အနုမြူလက်နက်ကို ပထမဆုံး အကြိမ်အသုံးချနိုင်လိမ့်မယ်လို့ စိုးရိမ်ခဲ့ကြပါ တယ်။ ဒါကြောင့် ၁၉၃၉ မှာ ဟန်ဂေရီလူမျိုး သိပ္ပံပညာရှင် အက်ဒွပ်တယ်လာ (Edward Teller) နဲ့ သိပ္ပံ ပညာရှင်များက အနုမြူစွမ်းအင်နဲ့ ပတ်သက်ပြီး အမေရိကန်

ရှစ်လေးလုံး ငွေရတု အထိမ်းအမှတ် နိုင်ငံရေးစာတမ်းဖတ်ပွဲနှင့် ဆွေးနွေးပွဲ အခမ်းအနား(တိုကျို)


ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ ၂၅ နှစ်မြောက် ၈၈၈၈ ဒီမိုကရေစီအရေးတော်ပုံ ငွေရတု အထိမ်းအမှတ် နိုင်ငံရေးစာတမ်းဖတ်ပွဲနှင့် ဆွေးနွေးပွဲ အခမ်းအနားကို တိုကျိုမြို့ Ochiai Dai-ichi bchiki Center မှာ ၂၀၁၃ ခုနှစ် သြဂုတ်လ ၄ ရက်နေ့ ညနေ ၅ နာရီမှ ၉ နာရီအထိ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

သတင်းဓါတ်ပုံ ။ Lian Khan Sum

၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်နေမယ့် အစား အသစ်ပြန်ဆွဲ ရန် UNFC ပြော


 
၂၀၀၈ ဖွဲ့စည်းပုံကို လွတ်တော်မှာ ပြင်ဆင်နေမယ့် အစား ဖွဲ့စည်းပုံအသစ်တခုပြန်ရေးဆွဲဖို့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်းစီ တိုက်တွန်းလိုက်ပါတယ်။ Copy from - DVB

Friday, August 2, 2013

အခြေခံဥပဒေကို အသစ်ပြန်ဆွဲရန် တိုင်းရင်းသားညီလာခံ ဆုံးဖြတ်

 
သြဂုတ်လ ၀၂ ရက် ၂၀၁၃
 
ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းရေးအပါအ၀င်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား အသစ်ရေးဆွဲရန် ဇူလိုင် ၂၉ ရက်မှ သြဂုတ် ၁ရက်အထိ လေးရက်ကြာ ကျင်းပခဲ့သည့် တိုင်းရင်းသားညီလာခံတွင် သဘောတူ ဆုံးဖြတ်ခဲ့ကြောင်း UNFC ၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုဒေးဗစ်တာကပေါက ပြောသည်။
...

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)က ဦးစီးကျင်းပသော တိုင်းရင်းသား ညီလာခံတွင် ထိုအချက်များအပြင် ဖက်ဒရယ်တပ်မတော်ဖွဲ့စည်းရေး၊ စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းရေးအပါအ၀င် အချက် ၁၀ ချက် သဘောတူ ဆုံးဖြတ်ခဲ့သေးသည်။

“ဖက်ဒရယ် တပ်မတော်ကတော့ စံပြပေါ့လေ။ မူလေးတွေ ထားတာပေါ့။ တပ်မတော်ဆိုရင် အချင်းချင်း လိုက်တိုက်တဲ့ တပ်မတော် မဟုတ်ဘူး။ ပြည်ထောင်စုကို ကာကွယ်တဲ့ တပ်မတော်ဖြစ်ရမယ်။ နောက်ပြီးတော့ တိုင်းရင်းသားတွေ အချိုးကျ ပါဝင်ကြဖို့၊ ပြဿနာဖြေရှင်းရင်လည်း ငြိမ်းချမ်းတဲ့နည်းနဲ့