Friday, July 26, 2013
T.N.L.A တပ်ရင်း ၁၁၂ နှင့် ပန်ဆေးပြည်သူ့စစ်တို့ ရင်တိုက်ပွဲဖြစ်
၂၆-ဇူလိုင်လ-၂၀၁၃ ခုနှစ်
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ရင်း ၁၁၂ နှင့် ပန်ဆေးပြည် သူ့စစ်အဖွဲ့တို့ ဇူလိုင်လ၂၅ ရက် ညနေပိုင် ၅နာရီခွဲမှ ၆ နာရီခွဲအထိ  ရင်ဆိုင်တိုက်ပွဲဖြစ် ပွားကြောင်း သတင်းရရှိ ပါသည်။
TNLA တပ်ရင်း ၁၁၂ တပ်ရင်းမှ ကွတ်ခိုင်မြို့နယ် ကန်ပါဖိုကျေးရွာ ထဲတွင် ၂၀၁၃-၂၀၁၄ ခုနှစ်အတွင်း ဘိန်းတိုက်ဖျက်ရေးစီမံကိန်း လိုက်လံဟောပြောပွဲ ပြုလုပ်နေသည့်အချိန်တွင် ပန်ဆေးပြည်သူ့စစ် အဖွဲ့နှင့် တစ်နာရီကျော် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရပါ သည်။
TNLA-၁၁၂ တပ်ရင်းမှုးမှ ကျနော်တို့ ဘိန်းတိုက်ဖျက်ရေးစီမံကိန်း အတွက် ဒေသခံများနှင့်ဆွေနွေးပွဲလုပ်နေတဲ့အချိန် ပန်ဆေးပြည်သူ့စစ်အဖွဲ့နဲ့ ညနေ့ပိုင် ၅ နာရီခွဲကနေ ၆နာရီခွဲအထိ ရင်ဆိုင်တိုက်ပွဲဖြစ်သည့်ဟုပြောသည်။
၂၅ရက်နေ့ ညနေ့ပိုင်း TNLA တပ်ရင်း ၁၁၂ နှင့် ပန်ဆေးပြည်သူ့စစ်တို့ ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် သေဆုံးဒဏ်ရာရစာရင်းကိုတော့ အတိအကျမရရှိကြောင်း တပ်ရင်းမှုးမှ ဆက် လက်ပြောပြပါသည်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ ၂၀၁၃-၂၀၁၄ ခုနှစ် တအာင်း နယ်မြေအတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစီမံကိန်းကို ဆက်လက်တိုးမြှင့် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရပါသည်။
သတင်းနှင့်ပြန်ကြားရေးဌာန
P.S.L.F/T.N.L.A
Thursday, July 25, 2013
မြန်မာတွေ အင်္ဂလန်မှာ အိမ်ဝယ်နေကြပြီ
ဇူလိုင်လ ၂၄ ရက် ၂၀၁၃
မြန်မာနိုင်ငံမှ အချမ်းသာဆုံးသူများသည် ၎င်းတို့၏ ပိုက်ဆံများကို နိုင်ငံအပြင်ဖက်သို့ ယူဆောင်သွားကြပြီး လန်ဒန်တွင် တန်ဖိုးမြင့် ပိုင်ဆိုင်မှုများတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နေကြသည်။
...
နိုင်ငံရပ်ခြား ရင်းနှီးမြှုပ်နှံသူများက အာရှ၏ “နောက်ဆုံး ကျန်နေသည့် ဈေးကွက်နေရာ” အဖြစ်သတ်မှတ်ပြီး လာရောက် ရင်းနှီးမြှုပ်နှံရန် တန်းစီနေကြချိန်တွင် မြန်မာနိုင်ငံအတွင်းက ဒေါ်လာသန်းနှင့်ချီသော ရင်းနှီးမြှုပ်နှံမှုများက ယခင် မြန်မာ နိုင်ငံကို ကိုလိုနီပြုခဲ့သည့် အင်္ဂလန်နိုင်ငံ၏ မြို့တော် လန်ဒန်ဆီသို့ စီးမျောထွက်နေကြာင်း စစ်တမ်းတခုက ဖော်ပြခဲ့သည်။
၁၂ လတာ ကာလအတွင်း လန်ဒန်နှင့် အင်္ဂလန်နိုင်ငံ၏ အခြားနေရာများသို့ ၀င်ရောက်လာသော မြန်မာတို့၏ ရင်းနှီးမြှုပ်နှံမှု ပမာဏသည် ဟောင်ကောင်နှင့် ဆွစ်ဇာလန် နိုင်ငံများမှ ၀င်ရောက်လာသည့် ပမာဏ နှင့် တူတူပင်ဖြစ် ကြောင်း အင်္ဂလန်နိုင်ငံ အိုးအိမ်ပိုင်ဆိုင်မှုဆိုင်ရာ ကဏ္ဍ၏ ထိပ်တန်းဂျာနယ် တစောင်ဖြစ်သည့် PrimeResi မှ ထုတ်ဝေ ခဲ့သော စစ်တမ်းက ဆိုသည်။
“၂၀၁၃ ဧပြီလအထိ ၁၂ လ အတွင်းမှာ မြန်မာနိုင်ငံက ၀ယ်ယူသူတွေဟာ စတာလင်ပေါင် ၂ သန်းကျော် (အမေရိကန် ဒေါ်လာ ၃ သန်း) တန်ဖိုးရှိတဲ့ တိုးတိုးတိတ်တိတ် ၀ယ်ယူမှုတွေရဲ့ ၁ ရာခိုင်နှုန်း ရှိပါတယ်။ အဲဒါက ဟောင်ကောင်နဲ့ ဆွစ်ဇာလန် က ၀ယ်ယူမှု အတိုင်းအတာနဲ့ တူတူပါပဲ” ဟု လန်ဒန်အခြေစိုက် နိုင်ငံတကာ အိမ်ခြံမြေ အကြံပေး ကုမ္ပဏီ Knight Frank ၏ နောက်ဆုံးထုတ် “ကြွယ်ဝမှု အစီရင်ခံစာ”ကို
ခင်ပွန်း ယောင်္ကျားထံ ပြန်မသွားနိုင်အောင် သံကြိုးနဲ့ သော့ခတ်ခံထားရတဲ့ မိန်းခလေး
ခင်ပွန်း ယောင်္ကျားထံ ပြန်မသွားနိုင်အောင် သံကြိုးနဲ့ သော့ခတ်ခံထားရတဲ့ မိန်းခလေး မနိုင်နိုင်ဝင်း
ပဲခူးတိုင်း ဒေသကြီး ဖြူးမြို့ နယ် သာဓုကန်ကျေးရွာ အုပ်စု ပန်ဂျကိုရီတိုလာကျေးရွာမှ နေအိမ်အထဲမှာ "အဖြစ်အပျက်က တုန်လှုပ်ခြောက်ချား စရာပါ၊ လသားအရွယ် ကလေးငယ်တစ်ဦးနဲ့ သူ့ရဲ့ မိခင်မနိုင်နိုင်ဝင်းတို့ ဟာ အုပ်ထိမ်းသူ လူကြီး မိဘတွေရဲ့ တင်းကျပ်လွန်းတဲ့ မိသားစု(ပုဂ္ဂလိက)စည်းကမ်းတွေအောက်မှာ ပြားပြားမှောက်ပြီး မနိုင်နိုင်ဝင်းရဲ့ ဘယ်ဘက်(၀ဲဘက်) ခြေထောက်မှာ သံကြိုးတစ်ချောင်းနဲ့ ချည်နှောင် သော့ခတ်ခံထားရပြီး ကျန်တဲ့ သံကြိုးစတစ်ဖက်ကို မနိုင်နိုင်ဝင်းအိပ်တဲ့ ကုတင်မှာ ချည်နှောင်လျက် ဒီကနေ့ အထိ ချုပ်နှောင်ခံနေရဆဲပါ။
ဒီလို သံကြိုးတန်းလန်းနဲ့ တိရစ္ဆာန်တစ်ကောင်လို မတရားသဖြင့် ချုပ်နှောင်တားဆီးခံထားရတယ်ဆိုတာ အချိန်ကာလ ဘယ်လောက်ကြာနေပြီလဲဆိုတာ ကာယကံရှင်တွေကလွဲရင် ဘယ်သူမှ အတိအကျ
ဂျပန်မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အနေနဲ့ ဘွဲ့ရ မြန်မာနိုင်ငံသား ၀န်ထမ်းတွေကို ဂျပန်နိုင်ငံမှာ ခေါ်ယူနေပါတယ်။
ဦးဇော်ဇော်လိုင် တင်ဆက်
Copy from - DVBTV News
သမ္မတကြီး တကယ်ရိုးသားခဲ့ရဲ့လား ဖွင့်ဟချက်
ဆောင်းပါးတပုဒ် ဖတ်ဖူးကြမှာပါ၊ သမ္မတကြီးရွှေတြိဂံလို နေရာမှာ တိုင်းမှုးဖြစ်ခဲ့တာတောင် အဂတိကင်းတယ်၊ သမ္မတကြီးကတော်က မုန့်ဟင်းခါး ရောင်းဖို့တောင် ကြံစည်ခဲ့သေးတယ် စသဖြင့် ရိုးဂုဏ်ဖွဲ့ဆောင်ပါးလေးပါ။ ချီးကျူး အားကျ သနားခဲ့ရပါသေးတယ်။ အခုသမ္မတ ရာထူးရတော့ရော အရင်အတိုင်း ပဲလားဆိုတာလေး တင်ပြချင်တာပါ။ တကယ်တော့ ဒီတင်ပြမှုဟာ စစ်အာဏာရှင်နဲ့ခရိုနီ အသိုင်းအ၀ိုင်းရဲ့ မြန်မာပြည်ကြီးကို သွေးစုတ် ဖုတ်ကောင်လို ဂုတ်သားလေး ကိုက်စုတ်လိုက်ရမှ အရသာ ရှိတာတွေနဲ့ယှဉ်ရင် ပြောပလောက်မယ်တော့ မထင်ပါဖူး။ အဖြစ်မှန် တခုအကြောင်း တင်ပြခြင်းသာ ဖြစ်သည်။
ဒီလမ်းတဲ့တဲ့ ဆင်းသွားရင် ပျဉ်းမနားမြို့ထဲ ရောက်တယ်။ ဆန့်ကျင်ဖက် နေပြည်တော်သွားတဲ့ လမ်း၊ နံမည်က ရာဇဌာနီလမ်း၊ အမြန်လမ်းမဟုတ်၊ လမ်းဟောင်းအတိုင်း လာရင် လမ်းညာဖက်မှာ ရွှေတိဂုံပုံစံ တည်ထားတဲ့ ဘုရားရှိတယ်၊ဆက်သွားရင် နေပြည်တော် မရောက်ခင် လမ်းဆုံမှာသမ္မတခြံလို့ခေါ်တဲ့ ဧက၅၀၀ ကျယ်တဲ့ သမ္မတပိုင်ခြံကြီး ရှိပါတယ်၊ခွင့်ပြုချက် မရှိပဲအပြင်လူ လာလို့မရပါဖူး၊ ခွင့်ပြုချက်တခုကြောင့် အခုလိုတင်ပြနိုင်တာပါ။
ပြီးခဲ့တဲ့လလောက်က ဥရောပနိင်ငံတွေ သမ္မတကြီးသွားတော့ မွေးမြူရေးခြံတွေ လျှောက်လေ့လာတာ ဘာအတွက်လဲဆိုတာလဲ သိသာလာမှာပါ။ ၂၁၅မိုင် အမြန်လမ်းမှာ သရက်ခြံကြီးတခုကိုလည်း သမ္မတပိုင်ပါတယ် ဧကတော်တော် များပါတယ်။အဲ့ဒီခြံက ထွက်တာဆိုပြီး တရုတ်သမ္မတဆီအပြင်က မျိုးကောင်း သရက်သီးတွေဝယ်ပြီး လက်ဆောင် ပို့ခဲ့ဖူးပါသေးတယ်။ လူကြီးပိုင်း တော်တော်များများရဲ့ကိုယ်ပိုင် သတ်မှတ်ထားတာတွေ အဲ့ဒီ မိုင်တိုင် ပတ်ဝန်းကျင် မှာအပြည့်ပါပဲ။
ဧက ၅၀၀ ကျယ်တဲ့ သမ္မတ ခြံကြီးထဲမှာ ဘာတွေရှိလည်းဆိုတော့ ဆန်စက်က ၂လုံးရှိ၊ စပါးစိုက်ခင်း၊သစ်ခွနဲ့ နဂါးမောက် အပါအ၀င် စိုက်ခင်းများ၊ နွားဝက်ကြက် မွေးမြူရေးခြံကြီးများ၊ဆန်ဂိုထောင်များ ရှိပါတယ်။ သစ်ခွခြံဆို ကုန်ကျငွေသိန်း ၃၀၀ ကျော်လောက် ရှိမယ်။
ဆန်စက်ဆို ဒေါ်လာသန်းနဲ့ချီ ကုန်တာ စိုက်ခင်းတွေကလည်း မနည်းမနောဘဲ နဂါးမောက်တို့ နေကြာ ပုလဲသွယ်ဆိုတဲ့ စပါးမျိုးတွေ နွားတင်းကုတ်ဆို ရွာကဟာတွေ မျက်စေ့ထဲသွားမမြင် နဲ့ ဟင်ဂလန် သံချောင်းတွေ နဲ့ တိုင်ထောင်ပြီး အလူမီနီယံ သွပ်မိုးထားတာ၊
ဒါက ခရမ်းသီး သခွား မွှေးသီး အသီးအနှံတွေ ပျိုးဖို့အ ဆောက်အဦးတွေ၊
ဆန်စက် တလုံးကို အသီးအနှံထားဖို့အအေးခန်းအဖြစ် စကာင်္ပူကအင်ဂျင်နီယာတွေ လာဆင်ပေးနေတာပါ။
 တကယ်တော့ သမ္မတလဲ ပိုင်ဆိုင်မှုဆိုတာ ရှိနိုင်ပါတယ်။ဒါပေမယ့် ဘယ်သူပေးတဲ့ ဆုလာဒ်ဆိုတာတော့ အားလုံးသိကြမှာပါ။
သမ္မတ လုပ်လိုက်လို့ရတဲ့ ဆုလာဒ် ဆိုတာကလဲ အရင်စစ်အာဏာရှင် လက်ထက်မှာ မထူးခြားပေမယ့် ပိုင်ဆိုင်မှု ပြရတဲ့ ဒီမိုကရေစီအစိုးရ လက်ထက်မှာတော့ ထောက်ပြစရာပါ။ ဒီထက်ထူးခြားတာက ရွှေသံလွင်ကျော်ဝင်းက တာဝန်ခံ ဆောက်လုပ်တယ်ဆိုပြီး နာမည်ခံထားပေမယ့် ပြည်သူပိုင် စီမံကိန်းများသာ တည်ဆောက်ရတဲ့ ဆည်မြောင်းဦးစီးဌာနက လူရောငွေရော အကုန်ခံလုပ်ပေးနေတာပါပဲ။
ဘယ်လို စာရင်းပြမလဲဆိုတာတော့ စောင့်ကြည့်ရမှာပါ။ ၀န်ထမ်းအခေါ်တော့ (BLACK)လုပ်ပေးတယ် ခေါ်တာပေါ့။
 ရွှေသံလွင် ကျော်ဝင်းက တာဝန်ခံဆောက် လုပ်တယ်ဆိုရင်လည်း အပြင်လူငှား လုပ်သင့်ပါတယ်။ အစိုးရ၀န်ထမ်းတွေက တဦးတယောက် ပိုင်ခြံကို ၀န်ထမ်းနေတာ မြင်မကောင်းပါဖူး။ ဒီကြားထဲ ၀န်ကြီးအတွက်က ဘယ်နှစ်ဧက သမ္မတသားမက်အတွက်က ဘယ်နှစ်ဧကအဲ့လို ၀ယ်ပေးရတာလည်း ရှိသေးတယ် ပြောချင် တာကတော့ မတရားတွေသုံးနေတာ ဒီတသက်မ ပြောနဲ့ နောင်ဘ၀တောင် စားမကုန်ဘူး နိုင်ငံတော်အတွက် သုံးတာဆို ဘယ်လောက်ကောင်းမလဲ။ အဲဒါပါပဲ။
ဒီပံုကေတာ့ သမၼတျခံထဲကေ ကာ္ဖီဆိုင္ပါ။အခုမှ ဖွင့်စဆိုတော့ သောက်တဲ့သူက ကျွန်တော် တယောက်ထဲပါပဲ။ နောက်တခါ သွားလည်ရင်တော့ အငြိမ်းစား သမ္မတကြီးကတော်ရဲ့မုန်ဟင်းခါး လက်ရာလေး စားရကောင်းပါရဲ့ဗျာ....။
(ရဲရင့်ငယ်)
(၂၂-၇-၂၀၁၃)
Copy from - yeyintnge.com
ဂျပန် မြှုပ်နှံထားခဲ့သည့် ရွှေ သုံးတန်ကို တွေ့ရှိပြီ
ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တို့ မြှုပ်နှံ ထားခဲ့သည့် ရွှေသုံး တန်ကို ပြည်ထောင်စုအစိုးရ အဖွဲ့က စတင်ရှာဖွေခဲ့ရာတွေ့ရှိပြီဟု ရှာဖွေရေး အဖွဲ့ထဲတွင် ပါဝင်သည့် ဘူမိဗေဒပညာရှင် ပါမောက္ခ ဟောင်း ဦးစိုးသိန်းက ပြောသည်။ ''ပြည်ထောင်စုအစိုးရအဖွဲ့က ကော်မတီဖွဲ့ပြီး တော့ ဆောင်ရွက်နေတာ''ဟု ၄င်းက ဆိုသည်။
ကော်မတီထဲတွင်ပါဝင်သော အဖွဲ့ဝင်အမည်များကို ၄င်းက ထုတ်ဖော်ပြောကြားခြင်း မပြုသော်လည်း ပဲခူးတိုင်းဒေသကြီး ဇီးကုန်း မြို့နယ်အတွင်း၌ ရှာဖွေနေသည်ဟု ၄င်းက ဆက်ပြောသည်။ ''ကျွန်တော်တို့ တွေ့ရှိနေပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့ တူးဖော်မှု မှာတော့ နည်းနည်း အခက်အခဲလေးတွေ ရှိနေသေးတယ်''ဟု ပြော သည်။
ဂျပန်တို့အနေဖြင့် ဒုတိယကမ္ဘာစစ်ကာလ အတွင်းက မြန်မာနိုင်ငံမှ တိမ်းရှောင်ထွက်ခွာစဉ် မြှုပ်နှံခဲ့ခြင်းဖြစ်သည်ဟု ပညာရှင်များ၏ပြောကြား ချက်အရ သိရသည်။
အစိုးရသစ်ကာလအတွင်း ဒုတိယကမ္ဘာစစ် အတွင်းက မြှုပ်နှံထား ခဲ့သော ကမ္ဘာစစ်လက်ကျန် ပစ္စည်းများကို ရှာဖွေနေမှုမှာ ဗြိတိသျှ စဖစ်ဖိုင်း ယားပြီးလျှင် ယခု ဂျပန်ရွှေသုံးတန်မှာ ဒုတိယ
မြန်မာစစ်တပ်ထိုးစစ်ဆင်းနေမှုကြောင့် T.N.L.A နှင့်ရင်ဆိုင်တိုက်ပွဲဖြစ်ပွား
ဓါတ်ပုံ-PSLF/TNLA မဟာမိတ်အဖွဲ့ UNFC အလံတော်ပါ၊
၂၃-ဇူလိုင်လ-၂၀၁၃ ခုနှစ်
T.N.LA တပ်ရင်း ၁၀၁ နှင့် မြန်မာစစ်တပ်တို့ ယနေ့ ၂၃ ရက် ညနေ့ပိုင် ၄နာ၇ီ ၁၅မီနစ် အချိန်တွင် မန်တုံမြို့နယ် ပန်ကန်ကျေးရွာအနီးတွင် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားနေကြောင်း သတင်းရရှိပါသည်။
မြန်မာစစ်တပ် စစ်သာများမှ T.N.L.A ထိန်ချုပ်နယ်မြေအတွင်း ထိုးစစ်ဆင် လာခြင်းကြောင့် မန်တုံမြိုနယ် ပန်ကန်ကျေး ရွာတွင် နှစ်ဖက်တပ်များ ရင်ဆိုင်ဖြစ်ပွားနေကြရကြောင်း T.N.L.A တပ်ခွဲမှူးမှ ပြောသည်။
တိုက်ပွဲကတော့ ညနေပိုင် ၄ နာရီလောက် နှစ်ဖက်တပ်များ စပစ်ကြာတာ အခုချိန်ထိ ပစ်ခတ်နေကြ
Monday, July 22, 2013
အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုစာချုပ် ဘယ်အချိန် လက်မှတ်ထိုးနိုင်မလဲ
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းပေါင်းစုံ ပါဝင်သည့် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု စာချုပ်ကို လာမည့်ရက်များအတွင်း နေပြည်တော်၌ လက်မှတ်ရေးထိုး နိုင်တော့မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဥရောပခရီးစဉ်တွင် ထပ်မံပြောကြား လိုက်ပါသည်။
"လာမယ့်ရက်များအတွင်းမှာ တစ်ပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေပြီး ကျွန်တော်တို့နိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များမှာ အရေးကြီးတဲ့အဆင့် တစ်ဆင့်ကို ကျော်ဖြတ်နိုင်တော့မှာ ဖြစ်ပါတယ်" ဟု သမ္မတဦးသိန်းစိန်က ဇူလိုင် ၁၅ ရက်တွင် လန်ဒန်မြို့ရှိ Chathem House တွင် ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။
အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု လက်မှတ်ရေးထိုးရန် အစိုးရဘက်မှ အဆင့်သင့် ဖြစ်နေခြင်းအပေါ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက အံ့အားသင့်ခဲ့ပြီး ၎င်းတို့အနေဖြင့် မည်သို့လုပ်ဆောင်မည်
အရောင်းစားခံ အမိမြန်မာနိုင်ငံ
ကျုပ်တို့ တစ်နိုင်ငံလုံးကို ပညာမတတ်အောင် နှိမ်ထားတယ် ပညာတတ်တဲ့သူကျတော့လည်း နေလို့မရအောင် မောင်းထုတ်ထားတယ်၊၊ ကဲအခုတော့သိပါပြီ၊၊ ဒင်းတို့လုပ်ချင်ရာလုပ် ဝေဖန်ထောက်ပြနိုင်မယ့်သူ မရှိအောင် လုပ်တာမဟုတ်လား၊၊
ဘာမသိညာမသိနဲ့ ရောင်းစားထားလိုက်တဲ့ မြေပုံတွေ ကြည့်တောင် မကြည့်ရဲလောက်အောင်ပါလား၊၊ ဒါနဲ့ ဒီလောက် ရောင်းစားထားတာတောင် ပြည်သူတစ်ဦးချင်းစီ အကြွေး ၄ သိန်းတင်တယ် ဆိုတာပါလား
အသိပညာရှင် အတတ်ပညာရှင်တို့ကို အားကိုးပါတယ် မြန်မာပြည်ရဲ့ နောက်ဆုံး လက်ကျန် သံယာဇာတတွေပါ ရောင်းချကုန်ပါပြီ၊၊ ဒီသံယာဇာတတွေ မရှိမှတော့ တိုင်းရင်းသားတွေ ဖက်ဒရယ် ရရင်ကော ဘာအကျိုးထူးတော့မှာလဲဗျာ၊၊
National Reconcilation & EITI မလုပ်နိုင်ခင်မှာ စာချုပ်တွေအကုန် လက်လွန်ကုန်ပြီ၊၊၊ Civil Society ပါတယ်ဆိုရုံသိ သူတို့စာချုပ်အကြောင်းရှင်းပြ နားထောင် သဘောတူတယ် ဆိုရုံလောက် အာလီဘိုင်ဖြစ်နေတယ် ဆိုတော့.... ???
လက်ပံတောင်းတောင် ဥပမာလိုပဲပေါ့...
Ah Phu(FB) စာမျက်နှာသတင်းမှ
Sunday, July 21, 2013
အစိုးရစစ် ဆင်ရေးကြားထဲက PSLF ၏ ပြည်သူ့ ဆန္ဒ ခံယူပွဲ
စစ်ပွဲကြောင့် ရွာပုန်း ရွာရှောင် ဘ၀မျိုးဖြင့် ဒုက္ခဖြစ် ရောက်နေကြသည့် တအာင်း လူထု အခြေအနေကို ဖြေရှင်း ပေးပါရန် ဇူလိုင် (၁၉) ရက်နေ့၌ ကျင်းပသော ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (P.S.L.F/ T.N.L.A) မှ ဦးဆောင်သည့် လူထု သဘောထား ခံယူပွဲတွင် တအာင်း လူမှု အဖွဲ့အစည်း ကိုယ်စားလှယ်များမှ တောင်းဆို ခဲ့ကြောင်း တက်ရောက်သူ များက ဆိုပါသည်။
“ ဆန္ဒခံယူပွဲကို TNLA ရဲ့ အခြေခံ ဒေသမှာဘဲ လုပ်ပါတယ်။ (၈)မြို့နယ်က ဒေသ ကိုယ်စားလှယ် (၁၀၀)ကျော် တက်ပါတယ်။ အဓိက တင်ပြ ကြတာ ကတော့ လောလောဆယ် ဒုက္ခသည် ဘ၀ အခြေအနေ၊ ပညာရေး၊ ကျန်းမာရေး ၊ ဒေသ လမ်းပမ်း ဆက်သွယ်ရေး အခြေအနေ၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကိစ္စတွေကို တင်ပြကြပါတယ်” ဟု ကိုယ်စားလှယ် တဦးက ဆိုပါသည်။
PSLF သည် ဖြစ်ရှိနေသော စစ်ရေး အခြေအနေပေါ် မူတည်ပြီး လူထု အကျိုးပြု လုပ်ငန်းများကို ဆက်လက် ဆောင်ရွက် ပေးနေကြောင်း၊ ပညာရေးနှင့် ကျန်းမာရေးတွင် တိုက်ပွဲ ဖြစ်နေသည့် ကာလ၌ မည်သို့မှ ထိထိရောက်ရောက် ကူညီ နိုင်ခြင်း မရှိသေးကြောင်း၊ လူထု အကျိုးစီးပွားကို ငဲ့ညှာသော အားဖြင့် တိုက်ပွဲ မဖြစ်ပွားရန် ရှောင်ရှားပေးနေကြောင်း အထွေထွေ အတွင်းရေးမှူး ဖြစ်သော ဒုတိယ ဗိုလ်မှူးကြီး တားဘုန်းကျော်မှ လူထုအား ရှင်းလင်း တင်ပြခဲ့ပါသည်။
လက်ရှိ၌ TNLA ဒေသတွင် စစ်ပြေး ဒုက္ခသည်များ ၃၀၀၀ နှင့် ၅၀၀၀ အကြားတွင် ရှိနေသည်ဟု ဆိုပါသည်။ ဤဒုက္ခ များအတွက် စားနပ် ရိက္ခာများ ထောက်ပံ့ နေရကြောင်း၊ ပြည့်စုံ လုံလောက်စွာ
Saturday, July 20, 2013
ဒုက္ခသည် ပြန်ပို့ရေး၌ UNFC နှင့် UNHCR တို့ ပူးတွဲတောင်းဆို
ကုလသမဂ္ဂ ဒုက္ခသည် ဆိုင်ရာ မဟာမင်းကြီး (UNHCR)၊ ထိုင်းအစိုးရနှင့် မြန်မာ အစိုးရတို့ သုံးပွင့်ဆိုင် သဘောတူညီမှု ဖြင့်သာ မြန်မာ ဒုက္ခသည်များအား နေရပ်သို့ ပြန်ပို့သင့်ကြောင်း UNHCR နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) တို့က ပူးတွဲတောင်းဆို လိုက်သည်ဟု UNFC အတွင်း ရေးမှူး (၁) ဖြစ်သူ ခွန်ဥက္ကာက ဆိုပါသည်။
“ ဆွေးနွေးပွဲကို မနေ့က ဇင်းမယ် UNFC ရုံးမှာ တွေ့ဆုံပြီးတော့ သဘော တူခဲ့တာဖြစ်တယ်။ သူတို့ကတော့ ကျနော်တို့ UNFC နဲ့ အစိုးရတို့ရဲ့ နိုင်ငံရေးဆွေးနွေးပွဲမှာ ဒုက္ခသည်အရေးကိစ္စ အစီအစဉ် ရှိသလား ဆိုတာ သိချင်တယ်။ ပါတယ်ဆို ရင်လည်း UNHCR မဟာမင်းကြီး ရုံးဖက်က သတင်းအချက်အလက် အရပဲဖြစ်ဖြစ် နည်းပညာ အရပဲဖြစ်ဖြစ် အထောက်အကူ ပေးနိုင်ဖို့အတွက် လာပြီး ပြောတာပါ။ UNHCR အနေနဲ့ကတော့ လောလောဆယ် အနေအထားမှာ ဒုက္ခသည်တွေကို ပြန်ပို့ဖို့ အစီအစဉ် မရှိသေးပါဘူး။ တကယ်လို့ မြန်မာနိုင်ငံမှာ အေးချမ်းတည်ငြိမ်ပြီး စိတ်ချရတဲ့ အချိန်မှာမှ သုံးပွင့်ဆိုင် လက်မှတ်ထိုးပြီးမှ ပြန်ပို့မှာပါ” ဟု ဆိုပါသည်။
ဒါ့အပြင် UNHCR သည်UNFC နှင့် အစိုးရတို့ နိုင်ငံရေးအရ ဆွေးနွေးပွဲတွင် ကြားနေအဖြစ်သာနေပြီး ဒုက္ခသည်များ အတွက် လူ့အခွင့်ရေးရှု့ထောင့်မှ အကူအညီ ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံရေးအရ ဆွေးနွေးပွဲ ဖြစ်ပေါ်လာရန် အတွက်လည်း UN ရုံးချုပ်ရှိ အထွေထွေ အတွင်းရေးမှူးမှ သွယ်ဝိုက်သည့်
ဒေါ်အောင်ဆန်းစုကြည် (၆၆)နှစ်မြောက် အာဇာနည်နေ့ မိန့်ခွန်း ကောက်နှုတ်တင်ပြချက်
အာဇာနည်ခေါင်းဆောင်ကြီးတွေကို ကျေးဇူးတင်ချင်ရင် ဒီနိုင်ငံဟာ ပြည်ထောင်စုသားအားလုံးအတွက် ခိုလှုံရာ ၊ လွတ်လပ်ရာ ၊ လုံခြုံရာဖြစ်အောင် ၀ိုင်းဝန်းလုပ်ဆောင်ကြပါ
- ဒေါ်အောင်ဆန်းစုကြည်
(၆၆)နှစ်မြောက် အာဇာနည်နေ့ မိန့်ခွန်း ကောက်နှုတ်တင်ပြချက်
ရိုက်ကူး - ဇေကြီး၊ အောင်ကြီး
Copy from - DVBTV News
Thursday, July 18, 2013
အပစ်ရပ်ပြီးနောက် ပထမဆုံး အကြိမ် မွန်ပြည်သစ်ပါတီနှင့် အစိုးရတို့ တိုက်ပွဲဖြစ်
(ဓါတ်ပုံ-ကျဆုံးမွန်စစ်သား-၂-ဦး)
တနင်္သာရီတိုင်း ဘိတ်ခရိုင် အခြေစိုက် မွန်ပြည်သစ်ပါတီ တပ်ဖွဲ့နှင့် အစိုးရ တပ်ဖွဲ့ တို့သည် ယမာန်နေ့ နံနက် ၁၀ နာရီခွဲ အချိန်တွင် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင်း မွန်ပြည်သစ် ပါတီ ဒေသခံ တပ်မှူး တမော့ချမ်း က ပြောသည်။
“မနေ့က အစိုးရ တပ်ဖွဲ့ တို့နဲ့ ကျွန်တော်တို့ တပ်ဖွဲ့ ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွား ခဲ့တယ်။ ကျွန်တော်တို့ တပ်ဖွဲ့ ရှိတဲ့ နေရာကို အကြောင်း မကြားဘဲ ဝင်လာတဲ့ အတွက်ကြောင့် တိုက်ပွဲ ဖြစ်ပွား ခဲ့တာပါ” ဟု ဆိုပါသည်။
ထိုင်း-မြန်မာ နယ်စပ် ဖြစ်သော ထိုင်းတောင်ပိုင်း ပရာဂျွဇ် ခီရီခန် ခရိုင်ရှိ ဗာန်စဖန်နွဲ့ (တံတားလေး ကျေးရွာ) နှင့်ဗန်စဖန်ယိုင်း (တံတားကြီး ကျေးရွာ) အကြားရှိ မွန်ပြည်သစ် ပါတီ ဘိတ်ခရိုင် တပ်ဖွဲ့ များ၏ ခြေစိုက် စခန်း ဖြစ်သော သုမင်္ဂလံ ကျေးရွာ အတွင်းသို့ တနင်္သာရီတိုင်း ခမောက်ကြီး အခြေစိုက် အမှတ် (၂၀) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် လက်အောက်ခံ ကျောက်ထနောင်း ကျေးရွာ အခြေစိုက် ခမရ ၅၈၁
မြန်မာပြည်ကပို့လိုက်တဲ့ ပတ္တမြား ၂၄ လုံးတပ် စာတစောင်
မြန်မာပြည်ကပို့လိုက်တဲ့ ပတ္တမြား ၂၄ လုံးတပ် စာတစောင်
အလောင်းမင်းတရားက အင်္ဂလိပ်ဘုရင် King George II ကို ပေးပို့ခဲ့တယ် ဆိုတဲ့ ရွှေပေလွှာတစောင်ဟာ ဂျာမဏီနိုင်ငံက နယ်ဘက် စာကြည့်တိုက်တခုမှာ ရောက်နေပါတယ်။
ရွှေသားအတိပြီးတယ်ဆိုတဲ့ ဒီစာမှာ ပတ္တမြား ၂၄ လုံးကိုလည်း လှလှပပ တန်ဆာဆင်ထားတာပါ။
ဆင်စွယ်ဘူးနဲ့ ထည့်ပို့လိုက်တဲ့စာ (ဓာတ်ပုံများ - NDR/ဂျာမန်ရေဒီယိုဝက်ဆိုက်)
ဒီစာက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀ ဝန်းကျင်မှာ ပေးပို့လိုက်တဲ့စာပါ။
အင်္ဂလိပ်ဘုရင်လက်ထဲကို ရောက်ဖို့ ၂ နှစ်လောက် ကြာတယ်လို့ ဆိုပါတယ်။ အင်္ဂလိပ်ဘုရင်က သူ့ဇာတိမြေမှာ ရှိတဲ့ စာကြည့်တိုက်ကို ပို့လိုက်တယ်လို့ ဆိုပါတယ်။
စာနဲ့ ပတ်သက်တဲ့ အခမ်းအနားတခု မကြာသေးခင်က ပြည်ပမှာ ပြုလုပ်ခဲ့ပုံကို http://www.youtube.com/watch?v=Cd3gekCyZz8 မှာ ကြည့်နိုင်ပါတယ်။
စာကိုသိမ်းထားတဲ့ စာကြည့်တိုက်မှာ ပြုလုပ်ခဲ့ပုံပါပဲ။
ဒီရှေးဟောင်းပစ္စည်းက အခုတော့ မြန်မာပြည် ရောက်လာဖွယ် ရှိနေပါပြီ။
ဒီအကြောင်း မနေ့က ရန်ကုန်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတခုမှာ ဂျာမနီ နိုင်ငံခြားရေးဌာနက ပြောလိုက်ပါတယ်။
ရွှေပေလွှာသိမ်းထားတဲ့ စာကြည့်တိုက်က သဘောတူမယ်၊ စာကြည့်တိုက်ရှိတဲ့ပြည်နယ်ရဲ့ အစိုးရက သဘောတူမယ် ဆိုရင် ဒီစာက မြန်မာပြည် ပြန်ရောက်လာမှာပါ။
အလောင်းမင်းတရားရဲ့သ၀ဏ်လွှာကို ဆင်စွယ်နဲ့လုပ်ထားတဲ့ ဗူးနဲ့ ထည့်ပေးလိုက်တာပါ။ 
အင်တာနက်မှာ စုံစမ်း ဖတ်ရှုကြည့်တော့ Christian VII လို့ အမည်ရတဲ့ ဒိန်းမတ်ဘုရင်တပါးက လက်ကမြင်းလိုက်တာကြောင့် သ၀ဏ်လွှာက ကြေသွားခဲ့တယ်လို့ ဆိုတယ်။ 
ဖတ်ရခက်သွားတာပေါ့လေ။သ၀ဏ်လွှာမှာ အလောင်းမင်းတရား ရေးထားတာကတော့ လက်နက် အကူအညီ ရရှိရေး နဲ့ ကုန်သွယ်မှုကိစ္စတွေဖြစ်ကြောင်း သိရပါတယ်။
အင်္ဂလိပ်ဘုရင်က ဒီစာကို သဘောမပေါက်၊ သူ့ဆီရောက်သွားတာလည်း နောက်ကျသွားတယ် ဆိုတော့ ဒီစာကို အကြောင်းပြန်ဖို့၊ အလောင်းမင်းတရားဆီကို စာပြန်ဖို့ အစီအစဉ် ရှိခဲ့ပုံ မရဘူးလို့ ယူဆရပါတယ်။
စာပေးပို့သူ မြန်မာဘုရင် အလောင်းဘုရား
အင်္ဂလိပ်ဘုရင်။ သူက စာလက်ခံရပေမယ့် ဘာတွေရေးထားမှန်း သိမသွားဘူးလို့ ယူဆရပါတယ်။
နှစ်ပေါင်း ၂ဝဝ ကျော် အကြာမှာ ဒီစာကို ပြန်လေ့လာကြပါပြီ။
See More Here
http://blog.irrawaddy.org/2013/07/blog-post_3855.html
ဧရာဝတီ Facebook / ဧရာဝတီ Twitter
အလောင်းမင်းတရားက အင်္ဂလိပ်ဘုရင် King George II ကို ပေးပို့ခဲ့တယ် ဆိုတဲ့ ရွှေပေလွှာတစောင်ဟာ ဂျာမဏီနိုင်ငံက နယ်ဘက် စာကြည့်တိုက်တခုမှာ ရောက်နေပါတယ်။
ရွှေသား အတိပြီးတယ်ဆိုတဲ့ ဒီစာမှာ ပတ္တမြား ၂၄ လုံးကိုလည်း လှလှပပ တန်ဆာဆင်ထားတာပါ။
ဆင်စွယ်ဘူးနဲ့ ထည့်ပို့လိုက်တဲ့စာ (ဓာတ်ပုံများ - NDR/ဂျာမန်ရေဒီယိုဝက်ဆိုက်)
ဒီစာက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀ ဝန်းကျင်မှာ ပေးပို့လိုက်တဲ့စာပါ။
အင်္ဂလိပ် ဘုရင်လက်ထဲကို ရောက်ဖို့ ၂ နှစ်လောက် ကြာတယ်လို့ ဆိုပါတယ်။ အင်္ဂလိပ်ဘုရင်က သူ့ဇာတိမြေမှာ ရှိတဲ့ စာကြည့်တိုက်ကို ပို့လိုက်တယ်လို့ ဆိုပါတယ်။
စာနဲ့ ပတ်သက်တဲ့ အခမ်းအနားတခု မကြာသေးခင်က ပြည်ပမှာ ပြုလုပ်ခဲ့ပုံကို http://www.youtube.com/watch?v=Cd3gekCyZz8 မှာ ကြည့်နိုင်ပါတယ်။ စာကိုသိမ်းထားတဲ့
Wednesday, July 17, 2013
နိုင်ငံရေး ဆွေးနွေး ပွဲ၌ “ဒေါ်စု” နှင့် အခြား ခေါင်းဆောင်များ ပါဝင်ရန် UNFC လိုလား
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) နှင့် အစိုးရ တို့အကြား နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်ပေါ် လာပါက ပြင်ပ နိုင်ငံကြီး များနှင့် အထင်ကရ မြန်မာ့ နိုင်ငံရေး ခေါင်းဆောင်များ ပါဝင် နိုင်ရန် UNFC မှ လိုလားကြောင်း UNFC ၏ လုပ်ငန်း အထောက် အကူပြု အဖွဲ့ ခေါင်းဆောင် ပဒိုမန်းမန်းက ပြောသည်။
ထိုသို့ ပါဝင် ရာတွင်လည်း UNFC ဘက်မှ လေ့လာ စောင့်ကြည့်သူ အဖြစ်သာ မဟုတ်ပဲ ကြားဝင် ဖြန်ဖြေ ပေးသူ အဆင့်ကို အစိုးရမှ ခွင့်ပြု ပေးသွားရန် ဆက်လက် ညှိနှိုင်း သွားမည် ဟုလည်း ဆိုပါသည်။
“ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦးတို့ အပါအဝင် NBF ခေါင်းဆောင်တွေ၊ နောက် မွန်၊ ရခိုင်အပြင် တခြား အထင်ကရ ခေါင်းဆောင်တွေ ဖိတ်ဖို့ အဓိက စဉ်းစား ထားတဲ့ အထဲမှာ ပါပါတယ်။ တစ်ဘက်ကို တစ်ဘက် ယုံကြည်မှု ရဖို့ ယုံကြည်မှု တည်ဆောက် ဖို့က နှောင့်နှေး ကြန့်ကြာ မှုကို ဖြေလျော့ဖို့ အတွက် ကြားဝင် ဖြန်ဖြေ မှုက မဖြစ်မနေလိုအပ် တယ်လို့ ကျနော်တို့ လက်ခံတယ်” ဟု ပဒို မန်းမန်းမှ ဆိုပါသည်။
UNFC မှ ဒေါ်အောင်ဆန်းစုကြည်အား အထင်ကရ ပုဂ္ဂိုလ် အဖြစ်၎င်း၊ လူထု ဒီမိုကရေစီ ခေါင်းဆောင် အဖြစ် ၄င်း၊ ၉၀ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရ ပါတီ တစ်ဦး အဖြစ် ၄င်း လက်ခံ ယုံကြည် ထားပါသည်။
ထို့ပြင် လက်ရှိ မြန်မာနိုင်ငံ ပြုပြင် ပြောင်းလဲ ရေးကို ဆောင်ရွက် နေသည့် သမ္မတ ဦးသိန်းစိန်၏ အစိုးရ အဖွဲ့နှင့်လည်း နားလည်မှု အတိုင်းအတာ တစ်ခု အထိ ရထားပြီး ဖြစ်ကာ လွှတ်တော်၌လည်း ပါဝင်
အာဏာရှင် သန်းရွှေ နှင့် သိန်းစိန်တို့ အစိုးရ ငြင်းကြမလား?
သူခိုးတို့၏ ဘဏ်တိုက်ကို ဖွင့်ကြည့်ခြင်း အပိုင်း(၁) ၊ အပိုင်း(၂) ၊ အပိုင်း(၃)နိဂုံးပိုင်း
Posted by Maha Mingyi on April, 2013
.. အပိုင်း(၁)
ပွင့်လင်းလွတ်လပ်စွာ ခြေရာခံစစ်ဆေးနိုင်မှုကင်းမဲ့ခြင်းကြောင့် အဂတိချစားမှုက ဆင်းရဲချမ်းသာမှု အား အံ့မခန်းဘွယ် ကွာဟကြီးထွားလာရခြင်းနှင့် အကန့်သတ် သီးခြားသတ်မှတ်ထားသည့် အ နည်း ငယ်သောလူတန်းစားများအတွက်သာ ကြီးမားသော ငွေရေး ကြေးရေးပိုင်ဆိုင် စီမံ ပိုင်ခွင့် အားမျက်နှာသာပေးခွင့်ပြုထားလေ၏ ။ ထိုအချက်၂ချက်ကြောင့် ဆင်းရဲချွတ်ခြုံကျမှုပမာဏ တိုးမြင့် လာပြီး ပြည်သူလူထုအတွက် အကျိုးသက်ရောက်စွာ အသုံးပြု ခွင့်ရှိသော ဓနအင်အား ချိနဲ့ ချို့ယွင်း သွားရသည်ဟု The Financial Time က ရေးသားထောက်ပြ ပါသည်။
A lack of accountability, corruption allows enormous financial opportunity for a select few at the expense of average persons, intensifying the gap between rich and poor; this coupled with a resulting lack of effective social spending, leads to increased rates of poverty.(The Financial Time)
မြန်မာပြည်အတွင်း နိုင်ငံခြားမှ ၀င်လာသောငွေ၏ အကြီးမားဆုံးသည် တန်ဘိုး အနဂ္ဂ ကြီးသော ကျောက်မျက်ရတနာ လုပ်ငန်းနှင့် သဘာဝတွင်းထွက် ဂစ် များအား စုပ်ထုတ်ရောင်း ချခြင်းဟု သိရသည်။ ယခင် ဦးသန်းရွှေ စစ်အုပ်စုနှင့် ယခု ဦးသိန်းစိန်တို့၏ အုပ်စုနှစ်ခုလုံးက တိုင်းပြည်၏ ၀င်ငွေပမာနအား ပွင့်လင်းမြင်သာစွားဆောင်ရွက်လုပ်ကိုင်ခွင့်မပြုကြောင်းကို ယခု တိုင်ပင် ရှိနေလေ သည်။ တိုင်းပြည်၏ ရေနံနှင့် သဘာဝဓါတ်ငွေ့ ၀င်ငွေပမာဏအား ယနေ့ထိ ဘယ်လို ရရှိသည်၊ မည်သို့ စီမံသုံးစွဲသည် ဆိုသော အချင်းရာအား ဖွင့်ထုတ်ဖေါ်ပြခြင်း မရှိသည့် အပြင် စစ်ဘက်ဆိုင်ရာမှ ပါဝင်ပတ်သက်သော ရင်းနှီးမြုပ်နှံလုပ်ကိုင်သည့် လုပ်ငန်းများအား အဆိုပါဝင် များတွင် စီမံဆောင်ရွက်ခွင့်ရှိနေသောကြောင့် မည်သို့မည်ပုံ ရရှိသုံးစွဲနေသည်မှာ ခန့်မှန်းတွက် ဆနိုင်ခြင်း မရှိသေးသော အနေထားတွင်ရှိနေရခြင်းနှင့် အကျိုးမြတ်ခွဲဝေရယူမှုအနေထား ဖုံးကွယ်ထားခြင်းသည်ကပင် အလွန်ရှည်လျှားသော မြန်မာပြည်၏
Tuesday, July 16, 2013
တိုင်းရင်းသားများက နိုင်ငံရေးဆွေးနွေးပွဲ ကြားဝင်ဖြန်ဖြေသူ လိုလား
နောက်တကြိမ် နိုင်ငံရေးဆွေးနွေးပွဲ အကြိုညှိနှိုင်းပွဲ ကျင်းပတဲ့အခါ ကြားဝင်ဖျန်ဖြေသူတွေ ပါဝင်ဖို့ တိုင်းရင်းသား မဟာမိတ်အဖွဲ့ဘက်က ညှိနှိုင်းခဲ့ရာမှာ အစိုးရဘက်ကိုယ်စားလှယ်တွေက ဖြစ်နိုင်ချေနည်းတယ်လို့ တုံ့ပြန်ခဲ့ကြပါတယ်။
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းဦးဆောင်တဲ့ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်တွေနဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) ကိုယ်စားလှယ်တွေ ဒီနှစ်ဖေဖော်ဝါရီလက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ခဲ့ကြပြီးတဲ့နောက် နောက်တကြိမ် ထပ်တွေ့ဆုံကြဖို့ သူတို့ရဲ့ အလုပ်အဖွဲ့အချင်းချင်း တွေ့ဆုံကြတာ ဖြစ်ပါတယ်။
အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ရဲ့ ဦးလှမောင်ရွှေဦးဆောင်တဲ့ အလုပ်အဖွဲ့နဲ့ ပဒိုမန်းမန်းဦးဆောင်တဲ့ ယူအန်အက်ဖ်စီ နိုင်ငံရေးဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ရဲ့ အလုပ်အဖွဲ့တို့ ဇူလိုင် ၁၃ ရက်နေ့က
တိုကျိုမှာ နှစ်စဉ် ကျင်းပတဲ့ (၆၇)ကြိမ်မြောက် ဝိဥာဉ်ပွဲတော်
၂၀၁၃ ခုနှစ် ဇူလှိုင်လ (၁၆)ရက်။
ဝိဥာဉ်ပွဲအကြောင်း အတူသွား ဂျပန်မိတ်ဆွေရှင်းပြတာကတော့ ... တိုင်းတပါးမှာ စစ်ထွက်ကြရတဲ့ ဂျပန်စစ်သားလေးတွေ စစ်မြေပြင်မှာ သေချာပေါက် သေဆုံးကြရမယ် ဆိုတာ သူတို့တွေ သိနေကြတယ် စစ်သားလေးတွေ အိမ်ပြန်နိုင်မည့်သူအလွန်ခဲရင်းတယ် ဆိုတာ သူတို့တွေသိနေကြတယ် ...
ဂျပန်နိုင်ငံကနေ မထွက်ခွါခင်မှာ yasukunijinja ဘုရားကျောင်းမှာ စစ်သားလေးနဲ့ မိဘတွေက ကတိပြုခဲ့ကြတယ်။ သူတို့ ၀ိဥာဉ်တွေ သေချာပေါက် yasukunijinja ဘုရားကျောင်းကို  ပြန်လာခဲ့မယ် မိဘတွေလဲ သေချာ မျော်နေကြတယ် အ၀ါရောမီးပုံလေးတွေမှာ သူတို့နိုင်ငံအတွက် ကျဆုံးသွားကြတဲ့ ဂျပန်စစ်သားတွေရဲ့ နာမည် အရပ်ဒေသ စာတန်းတွေ ထိုးထားပါတယ်... ၃ ရက်တိုင်တိုင် ပွဲတော် ကျင်းပပေးတယ် .... ပွဲတော်မှာ ရပ်နီးရပ်ဝေး မိသားစုဝင်တွေက ဟော်ခန်းကြီးတွေမှာလဲ ဂျပန်သံဃာတော်တွေကို ပင့်ဖိတ်ပြီး သူတို့ရိုးရာအတိုင်း ကောင်းမှုကုသိုယ်တွေပြုပေးကြတယ် ...
အထူးခြားဆုံးကတော့ ကျောင်းဝင်းအလည်လောက်မှာ အဖြူရောင် စလိုက်မီးကို ကြက်ခြေခတ် ထိုးထားတဲ့နေရာလေးက ၀ိဥာဉ်တွေ ရောက်လာတဲ့နေရာလမ်း သတ်မှတ်ထားတယ်လို့ ရှင်းပြပါတယ်။
ကျင်းပလာတာလဲ ၁၉၄၆ ခုနှစ်ကတည်းက ကျင်းပလာတာ (၆၇) ကြိမ်ရှိခဲ့ပါပြီ .
မှတ်တမ်းပုံ
Sunday, July 14, 2013
အစိုးရ (Technical Team) မှ UNFC အား ပေါ်လစီသစ်တင်ပြ
အစိုးရနည်းပညာ အထောက်အကူပြု အဖွဲ့ (Technical Team) သည် တပြည်လုံး အပစ်အခတ် ရပ်စဲရေးအတွက် လက်မှတ်ရေးထိုးပွဲ တရပ် ကျင်းပကြရန် လိုအပ်သည်ဟု ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ဧ။် နည်းပညာ အထောက်အကူပြု အဖွဲ့အား အဆိုသစ် တစ်ရပ် တင်ပြခဲ့ကြောင်း အဖွဲ့ခေါင်းဆောင် ပဒိုမန်းမန်းက ဆိုပါသည်။
“ ကျနော်တို့က နိုင်ငံရေး ဆွေးနွေးပွဲအတွက် မူဘောင်ဆွေးနွေးဖို့ တင်ပြတယ်။ သူတို့က အဲဒီအဆိုကို တင်ပြသွား တယ်။ နိုင်ငံရေးမူဘောင် ဆွေးနွေးဖို့ တရားဝင် ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးဖို့တော့ ရှိတယ်။ ဒါကို ဒီလ (၂၀) ရက်နေ့ နောက်ပိုင်း အကြောင်းပြန်မယ်လို့တော့ ပြောပါတယ်” ဟုဆိုပါသည်။
အစိုးရ ကိုယ်စားလှယ်များသည် တပြည်လုံး အပစ်အခတ် ရပ်စဲရေးအတွက် လက်မှတ်ရေးထိုးပွဲ အဆိုတခုသာ တင်ပြခဲ့ ပါသည်။ UNFC ဖက်ကမူ တပြည်လုံး အပစ်အခတ် ရပ်စဲရေးကို လက်မှတ် ထိုးရမယ် ဆိုပါက နိုင်ငံရေးသဘော တူညီချက် ရရှိရန် နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင် ပါကိုပါရှိ ရမည်ဖြစ်ကြောင်း။ နိုင်ငံရေး ဆွေးနွေးမှုမပါလျှင် ရှေ့ဆက် သွားနိုင်လိမ့်မည် မထင်ကြောင်း
မြန်မာ့ပြုပြင်ပြောင်းလှဲရေးဟာပါကြောင့်အပေါ်ယံသာဖြစ်နေရတလဲ....Bertil Lintner (VOA)
WHY REFORM IN BURMA IS ONLY SKIN DEEP
....Bertil Lintner (VOA)
Saturday, July 13, 2013
UWSA နှင့် အစိုးရ ကိုယ်စားလှယ်များ သဘော တူညီချက်ရရှိ
Saturday, 13 July 2013
“ အပြန်အလှန် ၀ိုင်းခဲ့ကြတဲ့ လွယ်ဆမ်ဆုမ် နေရာကနေ ပြန်ဆုတ်ကြဖို့ နှစ်ဖက် စလုံးက သဘောတူကြတယ်။ အဲဒါကို တပ်ချုပ် မင်းအောင်လှိုင် ကိုယ်တိုင်က တယ်လီဖုန်းဆက်ပြီး သဘော တူလိုက်တာပါ။ အဲဒါကြောင့် ဇွန်လ (၁၈) ရက် နေ့က ရှိနေတဲ့ နေရာကို နှစ်ဖက်စလုံးက ပြန်ဆုတ်ကြရမှာပါ။ အဲဒီတော့ ပြသနာကပြေလည်သွားတယ်” ဟုဆိုပါသည်။
UWSA နှင့် အစိုးရတို့သည် သဘောတူညီချက် (၅) ချက်ဖြင့် ပြေလည် သွားကြသည်ဟု ဆိုပါသည်။ ယင်းသဘောတူ ညီချက်များမှာ-
၁။ ယခင်ပြည်နယ် အဆင့်နှင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများမှ သဘော တူညီချက်များအား နှစ်ဖက်စလုံးမှ ဆက်လက် အလေးထား လိုက်နာဆောင်ရွက်သွားမည်။
၂။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့်'၀' အထူးဒေသ(၂) တို့အကြား လက်ရှိ တည်ဆောက်ပြီး ဖြစ်သော နားလည်မှု၊ ယုံကြည်မှုနှင့် ငြိမ်းချမ်းရေး အစဉ်အလာ ကောင်းများကို
Friday, July 12, 2013
တိုင်းရင်းသားလူမျိုးများဆိုင်ရာ “ပြည်ထောင်စု သဘောတူစာချုပ်” ချုပ်ဆိုရာတွင် အခြေခံရမည့် လမ်းညွှန် အခြေခံမူများ
တိုင်းရင်းသားလူမျိုးပေါင်းစုံညီလာခံ
[ ၂ဝ၁၂ ခုနှစ် စက်တင်ဘာလ (၁၄) ရက်မှ (၁၆) ရက် ]
သို့ တင်သွင်းသော
တိုင်းရင်းသားလူမျိုးများဆိုင်ရာ “ပြည်ထောင်စု သဘောတူစာချုပ်” ချုပ်ဆိုရာတွင်
အခြေခံရမည့် လမ်းညွှန် အခြေခံမူများ
နိဒါန်း
ပြည်ထောင်စုမြန်မာနိုင်ငံဟု ခေါ်ဆိုသော ဤနိုင်ငံကို တိုင်းရင်းသားလူမျိုးပေါင်းစုံတို့က ပင်လုံညီလာခံတွင် စုပေါင်းထူထောင် ခဲ့ကြသည်။ မိမိတို့၏ ဘိုးဘွားပိုင်နယ်မြေအသီးသီး၊ ပြည်ထောင်အသီးသီးကို တန်းတူရည်တူ ပူးပေါင်းဖွဲ့စည်း၍ စုပေါင်းပိုင်ဆိုင် ထားသော “ပြည်ထောင်စု” ဖြစ်သည်။
ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးပေါင်းစုံတို့သည် ပြည်ထောင်စုတည်တံ့ခိုင်မြဲရေး၊ ပင်လုံစိတ်ဓါတ် ကို အခြေခံသော တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးနှင့် မိမိတို့ကိုယ်တိုင် ထူထောင်ခဲ့သော ပြည်ထောင်စု၏ အချုပ်အခြာအာဏာ တည်မြဲရေးအတွက် အစဉ်အမြဲကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။ ထိုနည်းတူ ဤပြည်ထောင်စုကို ပင်လုံညီလာခံတွင် မျှော်မှန်းခဲ့သည့် အတိုင်း စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစနစ်ဖြင့် အသစ်တဖန်ပြန်လည်တည်ဆောက်ရန်လည်း ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။
သို့ရာတွင် လွတ်လပ်ရေးရသည့်အချိန်မှစ၍ ယနေ့တိုင်အဆက်ဆက်သော အစိုးရတို့က မိမိတို့တိုင်းရင်းသားလူမျိုးများ ငြိမ်းချမ်းစွာ ဖြင့် ပြည်ထောင်စုပြန်လည်တည်ဆောက်ရေး ကြိုးပမ်းမှုလမ်းစဉ်ကို ပိတ်ပင်ဟန့်တားခဲ့သည်။ တိုင်းရင်းသားလူမျိုးများတို့၏ ငြိမ်းချမ်းသောနည်းဖြင့် ပြည်ထောင်စုပြန်လည်တည်ဆောက်ရေးကြိုးပမ်းမှုကို ဟန့်တားသည့်အနေဖြင့် ၁၉၆၂ ခုနှစ် မတ်လ (၂) ရက်တွင် ဗိုလ်ချုပ်ကြီးနေဝင်းက စစ်တပ်ဖြင့် နိုင်ငံတော်အာဏာကို သိမ်းပိုက်ခဲ့သည်။
မိမိတို့တိုင်းရင်းသားလူမျိုးများသည် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အာမခံချက်ပေးနိုင်မည့် ပြည်ထောင်စုပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်ကို ငြိမ်းချမ်းသောနည်းဖြင့် ဆောင်ရွက်အဖြေရှာခွင့် မရရှိခဲ့သောကြောင့် အနှစ် (၆ဝ) ကျော် လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲနေရခြင်း ဖြစ်သည်။ သို့ရာတွင် မိမိတို့အနေဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းဖြင့် ငြိမ်းချမ်းစွာဖြေရှင်းသည့် နည်းလမ်းကို အမြဲတစေရှာဖွေတောင်းဆိုနေသည်။ မိမိကိုယ်ကို မိမိကာကွယ်ရေးအတွက်သာ လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲနေခြင်းဖြစ်သည်။ လက်နက်ကိုင်လမ်းစဉ်ဖြင့် နိုင်ငံရေးပြဿနာများကို ဖြေရှင်းရန် ကြိုးပမ်း နေကြသူများ မဟုတ်ကြပါ။
ထို့ကြောင့် သမ္မတသိန်းစိန်အစိုးရ၏ ၂ဝ၁၁ ခုနှစ် သြဂုတ်လ (၁၈) ရက်နေ့တွင် ဖိတ်ခေါ်ကမ်းလှမ်းခဲ့သည့် အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲများကို အပစ်အခပ်ရပ်စဲခြင်း မပြုလုပ်သေးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက ကြိုဆိုခဲ့ကြသည်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်လက်မှတ်ရေးထိုးခြင်းမှတဆင့် နိုင်ငံရေးအရ အနှစ်သာရပြည့်ဝသော တွေ့ဆုံဆွေးနွေးပွဲများကို ကျင်းပ၍ ပြည်ထောင်စုပြဿနာအလုံးစုံတို့ကို နိုင်ငံရေးနည်းဖြင့် အဖြေရှာရန်လည်း
မြန်မာတပ်စခန်း ၃ ခုဝန်းရံပိတ်ဆို့ခံရ - တင်းမာမှုကို ကာ/ချုပ်နှင့်သာဆွေးနွေးဖို့ ဝ ဆန္ဒရှိ
သျှမ်းပြည်အရှေ့ပိုင်းမိုင်းဆတ်မြို့နယ်တွင် ၁ ပတ်ခန့်အကြာ အထပ်ထပ်ဝိုင်းရံနေကြသော မြန်မာစစ် တပ်နှင့် ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့တို့ကြား ပစ်ခတ်မှုမရှိသော်လည်း မြန်မာတပ်စခန်း ၃ ခု ပိတ်ဆို့ဝိုင်းရံထားခြင်းခံထားရကြောင်း စုံစမ်းသိရှိရသည်။
မိုင်းဆတ်မြို့အရှေ့ဘက် ၁၃ မိုင်ခန့်အကွာရှိ လွယ်ဆမ်ဆုမ်တောင်ကြောအနီး လွယ်ပါကေတောင်တွင် မြန်မာနှင့် ဝ တခုစီခြား၍ စိုက်ထားသော စခန်းများအနက် မြန်မာတပ်စခန်း ၃ ခု ဝ တပ်ဖွဲ့၏ ဝိုင်းပိတ် ထားခြင်းခံထားရသည်ဟု ဆိုပါသည်။
အတွင်းပိုင်း ပိတ်မိနေသော မြန်မာတပ်စခန်းများထံ ပို့ပေးရန် လွယ်ဆမ်ဆုမ် မှလာသော မြန်မာရိက္ခာ တင်ကားများ ကိုလည်း ဝ တပ်ဖွဲ့ တားမြစ်ကာ တာဝန်ယူပို့ပေးမည်ဟုပြောဆိုမှုအပေါ် မြန်မာဘက်မှ သဘောမတူဘဲ လှည့်ပြန်သွားကြောင်း ဝ တပ်ဖွဲ့နှင့် နီးစပ်သည့် မိုင်းဆတ်ဒေသခံတဦးကပြောသည်။
“ မြန်မာရိက္ခာတင်စစ်ယာဉ်တန်း မနေ့က (ဂျူလိုင် ၁၀ ရက်)က လွယ်ပါကေမှာ အဝိုင်းခံထားရတဲ့ သူတို့ တပ်စခန်းဆီပို့ဖို့ ဝ တပ်စခန်းဆီမှာ လာခွင့်တောင်းတယ်။ ရိက္ခာ တာဝန်ယူပို့ပေမယ်ပြောတော့ ဗမာစစ်တပ် သဘော မတူဘူး။ ပြောကြဆိုကြ ငြင်းကြခုန်ကြနဲ့ မနေ့က တိုက်ပွဲဖြစ်တော့ မလိုလို တောင်ဖြစ် ခဲ့ရတယ်။ အင်အားဖြည့်ဖို့ ထပ်ရောက်လာကြတဲ့ ဝ တပ်ဖွဲ့ကိုလည်း လွယ်ဆမ်ဆုမ်မြန်မာ စခန်းက ဖြတ်သန်းခွင့်မပေးဘူး။ လက်နက်မပါနဲ့။ စစ်ဝတ်စုံမဝတ်နဲ့လို့ပြောတယ်။ အဲတာကြောင့်အခု လွယ်ပါကေထဲကို ဝ ဘက်ကလဲ ဝင်လို့မရ မြန်မာစစ်တပ်ကလဲဝင်လို့မရ အဲလိုအခြေ အနေဖြစ်နေ တယ်”
Thursday, July 11, 2013
ရန်ကုန် လေဆိပ် လုံခြုံရေး နှစ်ဆတိုးမြှင့်မည်
ရန်ကုန် လေဆိပ် လုံခြုံရေး နှစ်ဆတိုးမြှင့်မည်
ဇူလိုင်လ ၁၀ရက်၊ ၂၀၁၃ခုနှစ်
ရန်ကုန်မြို့ရှိ စေတီ၊ ပုထိုးများနှင့် ကျောင်းကန် ဘုရားများတွင် ဖောက်ခွဲမှု များ ပြုလုပ်မည်ဆိုသည့် သတင်းများ ကြောင့် ရန်ကုန်အပြည်ပြည်ဆိုင် ရာလေဆိပ်လုံခြုံရေးကို ယခုရက် ပိုင်းမှ စတင် ကာ နှစ်ဆတိုးမြှင့် ဆောင် ရွက် သွား မည်ဖြစ်ကြောင်း လေကြောင်းရဲတပ်ဖွဲ့မှူးရုံးမှ သိ ရသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ဝင်းအတွင်းရှိ ပြည်တွင်း ပြည်ပ
ဆိုက်ရောက်နေရာများ တွင် လေဆိပ်လုံခြုံရေးများကို တပ်ဖွဲ့ဝင် အင်အားများအပြင် လုံခြုံရေးဆိုင်ရာ နည်းပညာများ အသုံးပြုကာ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
 လေကြောင်းရဲတပ်ဖွဲ့မှူးရုံးမှ အဆင့်မြင့်အရာရှိတစ်ဦးက ''အရင်တုန်းကတည်းက စစ်နေပေ မယ့် နည်းပညာပိုင်းကိုမြှင့်တင် ပြီး စက်ကိရိယာတွေနဲ့ စစ်ဆေး မယ်။ လူဝင်လူထွက်နဲ့ အိတ်တွေကို အထူး စစ်ဆေးရေး အဖွဲ့တွေ နဲ့ စစ်ဆေးမယ်''ဟု ရန်ကုန်တိုင်းမ်နေ့စဉ် သတင်းစာသို့ ပြောသည်။
ယင်းအပြင် ဇူလိုင် ၇ ရက် က အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဂယာတွင် ဗုံးပေါက်ကွဲမှုများကြောင့် ပြည် တွင်းရှိ လေဆိပ်ဝင်ပေါက်များကို လုံခြုံရေးတိုးမြှင့်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။ 
ယင်းက ''လေဆိပ်မှာ မိုင်းရှာ ကိရိယာတွေ အပြင် လုံခြုံရေးတပ် ဖွဲ့အင်အားကို နှစ်ဆတိုးပြီးတော့ ဆောင်ရွက်မယ်''ဟု ထပ်မံပြော သည်။
 ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ယခင်ကစစ်တပ်နှင့် နယ်မြေခံရဲ တပ်ဖွဲ့ ဝင်များ ပူးပေါင်း ကာ လုံခြုံရေးကို ဆောင်ရွက်ခဲ့ သော်လည်း ယမန်နှစ်မှစတင်ကာ လေကြောင်းရဲတပ်ဖွဲ့မှ တာဝန်ယူ ကာ လုံခြုံရေး ကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
Posted From Yangon Media Group
ဇူလိုင်လ ၁၀ရက်၊ ၂၀၁၃ခုနှစ်
ရန်ကုန်မြို့ရှိ စေတီ၊ ပုထိုးများနှင့် ကျောင်းကန် ဘုရားများတွင် ဖောက်ခွဲမှု များ ပြုလုပ်...မည်ဆိုသည့် သတင်းများ ကြောင့် ရန်ကုန်အပြည်ပြည်ဆိုင် ရာလေဆိပ်လုံခြုံရေးကို ယခုရက် ပိုင်းမှ စတင် ကာ နှစ်ဆတိုးမြှင့် ဆောင် ရွက် သွား မည်ဖြစ်ကြောင်း လေကြောင်းရဲတပ်ဖွဲ့မှူးရုံးမှ သိ ရသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ဝင်းအတွင်းရှိ ပြည်တွင်း ပြည်ပ ဆိုက်ရောက်နေရာများ တွင် လေဆိပ် လုံခြုံရေးများကို တပ်ဖွဲ့ဝင် အင်အားများအပြင် လုံခြုံရေးဆိုင်ရာ နည်းပညာများ အသုံးပြုကာ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
လေကြောင်းရဲတပ်ဖွဲ့မှူးရုံးမှ အဆင့်မြင့်အရာရှိတစ်ဦးက ''အရင်တုန်းကတည်းက စစ်နေပေ မယ့် နည်းပညာပိုင်းကိုမြှင့်တင် ပြီး စက်ကိရိယာတွေနဲ့ စစ်ဆေး မယ်။ လူဝင်လူထွက်နဲ့ အိတ်တွေကို အထူး စစ်ဆေးရေး အဖွဲ့တွေ နဲ့ စစ်ဆေးမယ်''ဟု ရန်ကုန်တိုင်းမ် နေ့စဉ် သတင်းစာသို့ ပြောသည်။
ယင်းအပြင် ဇူလိုင် ၇ ရက် က အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဂယာတွင် ဗုံးပေါက်ကွဲမှုများကြောင့် ပြည် တွင်းရှိ လေဆိပ်ဝင်ပေါက်များကို လုံခြုံရေးတိုးမြှင့်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းက ''လေဆိပ်မှာ မိုင်းရှာ ကိရိယာတွေ အပြင် လုံခြုံရေးတပ် ဖွဲ့အင်အားကို နှစ်ဆတိုးပြီးတော့
အစိုးရ ကိုယ်စားလှယ် များနှင့် ဆွေးနွေးရန် UWSA ကိုယ်စားလှယ်များ ကျိုင်းတုံမြို့သို့ ထွက်ခွာ
"၀" ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ၏ ကိုယ်စားလှယ် (၅) ဦးသည် အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ကိုယ်စားလှယ်နှင့် တွေ့ဆုံ ဆွေးနွေးရန် ယနေ့ မနက် ပိုင်းတွင် ရှမ်းပြည်နယ် အရှေ့ပိုင်း တြိဂံတိုင်း စစ်ဌာနချုပ် ရှိရာ ကျိုင်းတုံ မြို့သို့ ထွက်ခွာ သွားပြီ ဖြစ်ကြောင်း တရုတ်ပြည် နယ်စပ် စစ်ရေး အကဲခတ်သူ ဦးအောင်ကျော်ဇောက ဆိုပါသည်။
“ အခုသွားတဲ့ ကိုယ်စားလှယ် တွေကတော့ စီးပွားရေး ဌာနကြီးမှူး ပေါက်ယိုလျံက ခေါင်းဆောင် ပါတယ်။ အဖွဲ့ဝင်တွေ ကတော့ ဆက်သွယ်ရေး ဌာနကြီးမှူး ကျောက်ကုန်အန်း ပြီးတော့ (၁၇၁) တောင်ပိုင်း စစ်ဒေသ တပ်မှူးကြီး၊ ဝေရှောရင်း၊ ဒုဦးစီးမှူး စိုင်းစံနဲ့ ရုံးအုပ် ဦးအောင်မြင့်တို့ ကိုယ်စားလှယ် (၅) ဦးပေါ့၊ ဒီနေ့ မနက်ပိုင်းမှာ ကျိုင်းတုံ မြို့ကို ထွက်သွား ပါပြီ” ဟု ဆိုပါသည်။
UWSA သည် မူလက ၄င်းတို့၏ ဒုတိယ ဥက္ကဌ ရှောင်းမီလျံကို အဖွဲ့ ခေါင်းဆောင် အဖြစ် ရာထားသော်လည်း နောက်ပိုင်းတွင် ပြောင်းလဲခဲ့ပါသည်။ အစိုးရဘက်မှ ကိုယ်စားလှယ် များမှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့ ဒုတိယ ဥက္ကဌ ဦးသိန်းဇော် ဦးဆောင်သော အဖွဲ့ဟု သိရ
အုပ်စုလိုက် အဓမ္မကျင့်မှုဖြစ်ပွား
လူသုံးဦးက ၀ိုင်းဝန်းအဓမ္မပြုကျင့်မှုတစ်ခု သမိုင်းဘူတာရုံလမ်းရှိ တည်းခိုခန်းတစ်ခုတွင် ဇူလိုင် ၉ ရက် ည ၇ နာရီခန့်က ဖြစ်ပွားခဲ့သဖြင့် ဘုရင့်နောင်ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်သည်။
ပြုကျင့်ခံရသည့်အမျိုးသမီးသည်အသက် ၃၃ နှစ်အရွယ်ရှိပြီး မရမ်းကုန်းမြို့နယ်တွင်နေထိုင်သူဖြစ်ကြောင်း ရဲဌာနက အတည်ပြုထားပြီး သူမသည်အလှူတစ်ခုတွင် သွားရောက်ကူညီလုပ်ကိုင်ပြီး အပြန်လမ်းတွင် ယခုလိုအဓမ္မကျင့်ခံရခြင်း ဖြစ်သည်ဟု သတင်းထုတ်ပြန်သည်။
ထိုသို့ပြန်လာချိန်တွင် အတူပြန်လာသည့် အမျိုးသားကသမိုင်းဘူတာရုံလမ်းရှိ တည်းခိုခန်းသို့ခေါ်ဆောင်ရာ သူမကလိုက်သွားခဲ့ကြောင်း၊ ထို့နောက်သူမကို ခေါ်ဆောင်လာသော အမျိုးသားကတစ်ဦးတည် အပြင်သို့
ရန်ကုန်မှာ BRT အဆင့်မြင့် ဘတ်စ်ကား ပြေးဆွဲမည်
ကိုလံဘီယာတွင် အသုံးပြုနေသည့် BRT ယာဉ်ကြောမြင်ကွင်း
July 10, 2013
ယာဉ်ကြော ကျပ်တည်းလာပြီး ပြည်သူတွေ သွားလာရေး ခက်ခဲလာတဲ့ ရန်ကုန်မြို့တော် အတွက် BRT (Bus Rapid Transit) စနစ် စမ်းသပ်ပြေးဆွဲတော့မယ်လို့ ဇူလိုင် ၉ ရက်နေ့ ရန်ကုန်စည်ပင်ကော်မတီရုံးမှာ ကျင်းပတဲ့ ပို့ဆောင်ရေးဆိုင်ရာ အစည်းအဝေးမှာ ဆုံးဖြတ်လိုက်ပါတယ်။
အစည်းအဝေးမှာ BRT စမ်းသပ်ပြေးဆွဲဖို့ ဂျပန် ဂျိုက်ကာအဖွဲ့က လေ့လာ ဆန်းစစ်ထားတဲ့ အချက်တွေတင်ပြခဲ့ပြီး ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး သူရ ဦးသောင်းလွင် အပါအ၀င် ရန်ကုန်စည်ပင်နဲ့ မထသ တာဝန်ရှိသူတွေက သဘောတူကြောင်း ဆုံးဖြတ်ခဲ့ကြပါတယ်။
BRT စနစ်ဆိုတာဟာ အဆင့်မြင့် ဘတ်စ်ကား ပြေးဆွဲဖို့ အခြားယာဉ်တွေ အသုံးပြုခွင့် ပေးမထားတဲ့ သီးသန့်ယာဉ်ကြော သတ်မှတ်ပေးထားပြီး ဘူတာရုံသဖွယ် သတ်မှတ်ပြီး ဘတ်စ်ကားဂိတ်တွေ ထားရှိ ပြေးဆွဲတဲ့စနစ် ဖြစ်ပါတယ်။
လက်ရှိ အင်ဒိုနီးရှားနိုင်ငံမှာ အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ခဲ့တဲ့ ဘတ်စ်ကား ပြေးဆွဲမှု စနစ်လည်း ဖြစ်ပါတယ်။
သတင်းရင်းမြစ် - ဒီဗွီဘီ
Wednesday, July 10, 2013
လက်ပံတောင်းအရေးလှုပ်ရှားမှုနဲ့ ကိုအောင်စိုးကို ထောင်ဒဏ် ၁ဝ နှစ်ချမှတ်
ပြည်သူ့အကျိုးဆောင်ကွန်ရက်အဖွဲ့င် ကိုအောင်စိုးကို လက်ပံတောင်းအရေးလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ရွှေဘိုမြို့နယ်တရားရုံးမှာ မနေ့က ပြစ်မှုပေါင်း ၈ ခုနဲ့ ထောင်ဒဏ် ၁ နှစ် အမိန့်ချလိုက်တယ်လို့ သိရပါတယ်။
အခုလို အမိန့်ချခံရတဲ့ ပြစ်မှုတွေနဲ့ ပတ်သက်ပြီး တရားရုံးသွားရောက်ခဲ့သူ ပြည်သူ့အကျိုးဆောင် ကွန်ရက် အဖွဲ့င် မမိုးမိုးက RFAကို ပြောပါတယ်။
"ပထမတစ်ကြိမ် အမှုချတာကတော့ ၁၈၈ နဲ့ ချတာ၊ အဓိကကတော့ နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ သင်္ကန်းကိုအလံလုပ်တာပေါ့ အဲဒါကျတော့ ဘာသာသာသနာညှိးနွမ်းစေမှုပေါ့၊ ပြီးရင် တရားမဝင်လူစုလူဝေး သွေးထိုးလှုံ့ဆော်မှု ၈ မှုနဲ့ ထောင် ၁ဝ နှစ်ချလိုက်တာ၊ ပထမအမိန့်ရယ်၊ ဒုတိယအမိန့်ရယ် အကုန်လုံးပေါင်းလိုက်ရင်တော့ ၁၁ နှစ်ခွဲပေါ့၊ မနေ့က ရွှေဘိုမြို့နယ်တရားရုံးမှာ အမိန့်ချလိုက်တာ"
ကိုအောင်စိုးကို အခုလို ပြစ်မှုတွေအများကြီးနဲ့ အမိန့်ချလိုက်တဲ့အတွက်သူ့အမှုကို ဆောင်ရွက်ပေးနေတဲ့ ရှေ့နေက အယူခံင်သွားဖို့ ဆက်လက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။မနေ့က လက်ပံတောင်း အရေးကိစ္စနဲ့ ပတ်သက်ပြီး အမိန့်ချမှတ်လိုက်တဲ့အထဲမှာ ပြည်သူ့အကျိုးဆောင် ကွန်ရက်အဖွဲ့င် ကိုအောင်စိုးအပြင် လက်ပံတောင်းဒေသခံ ဆည်ထဲရွာသား ကိုစိုးသူနဲ့ ကိုမောင်စန်းတို့ကိုလည်း လက်ပံတောင်းအရေးကိစ္စမှာ ဆူပူအောင်လှုံ့ဆော်မှု၊ တားမြစ်မိန့်ချိုးဖောက်မှု၊ တရားမင် လူစုလူေ
UNFC နှင့် အစိုးရ (Technical Team)တို့၏ အကြိုဆွေးနွေးပွဲ
Tuesday, 09 July 2013
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC နှင့် အစိုးရ တို့သည် နိုင်ငံရေး ဆွေးနွေးပွဲ တစ်ရပ် ဖြစ်လာရန် ရည်ရွယ်ပြီး နှစ်ဖက် နည်းပညာ အထောက်အကူပြု အဖွဲ့ (Technical Team) များ အကြို ညှိနှိုင်းရန် လာမည့် ဇူလိုင်လ (၁၃) ရက်နေ့တွင် ထိုင်းနိုင်ငံ၌ တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း ပြောခွင့်ရသူ ပဒိုမန်းမန်းက ဆိုပါသည်။
“ဒီတစ်ပတ် ဆွေးနွေးမှာက လမ်းပြမြေပုံကို ညှိနှိုင်းနိုင်ဖို့ အတွက် အကြိုညှိတာ၊ ကြားဝင် ဖြန်ဖြေ ညှိနှိုင်းရေး အဖွဲ့ ပါဝင်လာအောင် ဆွေးနွေးမယ်။ နေရာ ထိုင်ခင်း ညှိနှိုင်းမယ် လက်ရှိ အပစ်အခတ် ရပ်စဲရှိပြီးသားနဲ့ တချို့လူမှု အကူအညီ အထောက်ပံ့ ကိစ္စတွေပြောဆိုဖြစ်မှာပါ” ဟုဆိုပါသည်။
UNFC အဖွဲ့၏နည်းပညာ အထောက်အကူပြု အဖွဲ့ကို KNU အတွင်းရေးမှူး (၂) ပဒိုမန်းမန်းက ဦးဆောင်ပြီး အစိုးရ ငြိမ်းချမ်ရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မီတီ (UPWC) ၏ နည်းပညာ အထောက်အကူပြု အဖွဲ့
Monday, July 8, 2013
တက္ကသိုလ်အက်ဥပဒေပေါ်ပေါက်မှ သမဂ္ဂတွေရပ်တည်နိုင်မည်ဟု ဗကသအဖွဲ့ပြော
ဆဲဗင်းဂျူလိုင် ၅၁နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို သန်လျင်မြို့ အိုးဝေပညာဒါန သင်တန်းကျောင်းမှာ ဇူလိုင်လ ၇ရက်နေ့က ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေက ဦးဆောင် ကျင်းပခဲ့ကြပါတယ်။
Copy from - Kamayut MediaTv
မြန်မာအစိုးရ ငြိမ်းချမ်းရေးကောင်စီပြန်ဖွဲ့
မြန်မာအစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်များ ကချင်အဖွဲ့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေစဉ်။ (မေလ ၂၈ ရက်၊ ၂၀၁၃)
မြန်မာအစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်များ ကချင်အဖွဲ့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေစဉ်။ (မေလ ၂၈ ရက်၊ ၂၀၁၃)
မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးရရေး ကြိုးပမ်းနေတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီကို အစိုးရက ပြင်ဆင် ဖွဲ့စည်းလိုက်ပါတယ်။ လုပ်ငန်းလိုအပ်ချက်အရ ဗဟိုကော်မတီကို ပြင်ဆင်ဖွဲ့စည်းလိုက်တာဖြစ်ပေမဲ့၊ မူလအတိုင်း လုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ အစိုးရ ပြန်ကြားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ဗွီအိုအေကို ပြောပါတယ်။ ဒါ့အပြင် အခု ပြန်လည် ပြင်ဆင်ဖွဲ့စည်းခဲ့တဲ့ ဒီဗဟိုကော်မတီထဲမှာ မြန်မာနိုင်ငံရဲ့ အဓိက နိုင်ငံရေးပါတီတွေက ခေါင်းဆောင်တွေ မပါဝင်ကြတဲ့အပေါ်မှာ လည်း ဝေဖန်မှုတွေ ထွက်ပေါ်နေတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ် မေးမြန်းထားတဲ့ မနန္ဒာချမ်းက တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၁၀ ရွေးကောက်ပွဲအပြီး တက်လာခဲ့တဲ့ အရပ်သားအစိုးရ အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့အတွက် ဖွဲ့စည်းထားခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီတွေကို ပြီးခဲ့တဲ့ သောကြာနေ့ ဇူလိုင်လ ၅ ရက်နေ့မှာ အစိုးရက အသစ် ပြင်ဆင်ဖွဲ့စည်း လိုက်တာပါ။ အဖွဲ့ဝင် ၁၁ ဦးပါဝင်တဲ့ ဒီ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီမှာ သမ္မတ ဦးသိန်းစိန်က ဥက္ကဋ္ဌ တာဝန်ယူထားပြီး၊ အဖွဲ့ဝင်တွေထဲမှာ ဒုသမ္မတတွေဖြစ်ကြတဲ့ ဒေါက်တာ စိုင်းမောက်ခမ်း၊ ဦးဉာဏ်ထွန်း၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊  အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ အပါအ၀င် ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ နယ်စပ်ရေးရာ ၀န်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ်၊ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် တို့
Saturday, July 6, 2013
ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ အစိုးရနှင့် ၀မ်ပေါင်ကုမ္ပဏီတို့ စာချုပ်သစ် ချုပ်ဆိုမည်ဖြစ်ပြီး စာချုပ်ပါ အချက်များ ပြည်သူသို့ ချပြမည်ဟုဆို
7.5.21
ဇူလိုင် ၅ ရက်က တရုတ်ကုမ္ပဏီများ၏ မြန်မာမီဒီယာ တွေ့ဆုံပွဲကို ရန်ကုန်မြို့တွင် ပြုလုပ်စဉ် (ဓာတ်ပုံ-ထက်ရှိုင်း)
ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ အစိုးရနှင့် ၀မ်ပေါင်ကုမ္ပဏီတို့ စာချုပ်သစ် ချုပ်ဆိုမည်ဖြစ်ပြီး စာချုပ်ပါ အချက်များကို ပြည်သူသို့ ချပြမည်ဟု မြန်မာဝမ်ပေါင် ကုမ္ပဏီမှ စီမံခန့်ခွဲမှု ဒါရိုက်တာ Gen Yi က ပြောကြားသည်။
ဇူလိုင် ၅ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၌ ပြုလုပ်ခဲ့သော တရုတ် စီးပွားရေး လုပ်ငန်းရှင်များနှင့် မြန်မာနိုင်ငံရှိ မီဒီယာများ တွေ့ဆုံပွဲတွင် မြန်မာဝမ်ပေါင် ကုမ္ပဏီမှ စီမံခန့်ခွဲမှု ဒါရိုက်တာ Gen Yi က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ၀မ်ပေါင်ကုမ္ပဏီသည် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား မြန်မာ့စီးပွားရေး ဦးပိုင်နှင့် ပူးပေါင်း လုပ်ဆောင်နေခြင်း ဖြစ်သည်။
လာမည့်ကာလအတွင်း မြန်မာနိုင်ငံ အစိုးရနှင့် ၀မ်ပေါင်ကုမ္ပဏီတို့ စာချုပ်သစ် ချုပ်ဆိုသွားမည် ဖြစ်ကြောင်း၊ စာချုပ်သစ်တွင် စီမံကိန်းနှင့် ပတ်သက်ပြီး မြန်မာအစိုးရ၊ တရုတ်ကုမ္ပဏီနှင့် ပြည်တွင်းကုမ္ပဏီတို့ အကြား အကျိုးအမြတ် ခွဲဝေမှု ကိစ္စရပ်များ၊ သဘာဝ ပတ်ဝန်းကျင်နှင့် ပတ်သက်သည့် ကိစ္စရပ်များ၊ စီမံကိန်းမှ ရရှိသည့် အကျိုးအမြတ် များထဲမှ ဒေသခံများ အတွက် လူမှုရေးနှင့် ပတ်သက်သော လုပ်ငန်းများ လုပ်ဆောင်ခြင်း(Cooperate Social Responsibilities) ကိစ္စရပ်များအား ပြင်ဆင်ချုပ်ဆို သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ စာချုပ်ပါ အချက်အလက်များကို
မြန်မာအမျိုးသမီး လုပ်သား၂၀ ကျော် ဂျပန် စခေါ်
Saturday, 06 July 2013
အလုပ်သမားခေါ်ရန် မြန်မာအစိုးရနှင့် ဂျပန်နိုင်ငံ JITCO တို့ နားလည်မှု စာချွန်လွှာ MoU ရေးထိုးပြီး တစ်လခန့် အကြာတွင် ဂျပန်နိုင်ငံက မြန်မာ အမျိုးသမီး အလုပ်သမား၂၀ ကျော် ခေါ်ရန် အလုပ် ခေါ်စာ (Demand) စတင် ရရှိထားပြီး ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောကြား သည်။
ဂျပန်နိုင်ငံက မြန်မာနိုင်ငံမှ အလုပ်သမားများ ခေါ်ရန် အမျိုးသမီး အပါအဝင် အလုပ်ခေါ်စာ ၅၀ ကျော် ရရှိထားပြီးဖြစ်ပြီး ယင်းအလုပ်ခေါ်စာများ မှန် မမှန် ဂျပန်နိုင်ငံရှိ မြန်မာနိုင်ငံဆိုင်ရာ သံရုံးက စိစစ်နေ ကြောင်း ၎င်းက ဆိုသည်။
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်နှင့် အဆိုပါဌာနမှ အကြီးတန်း အရာရှိများသည် မေလအတွင်းက သွားခဲ့သည့် ဂျပန်ခရီးစဉ်တွင် ဂျပန်နိုင်ငံ အစိုးရနှင့် လုပ်ငန်းရှင်များကို တွေ့ဆုံကာ အလုပ်သမားအရေးကို ဆွေးနွေးခဲ့ပြီး ဂျပန်နိုင်ငံရှိ အငြိမ်းစား အစိုးရ ဝန်ထမ်းများဖြင့် ဖွဲ့စည်းထားသည့် JITCO (Japan International Cooperation Organization)
ဆဲဗင်းဂျူလိုင် အခမ်းအနားတွေ တစ်နိုင်ငံလုံးအနှံ့ ကျင်းပဖို့ပြင်ဆင်နေ
student-union-305.jpg
၁၉၆၂ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့ နံနက်အာရုဏ်တက်ချိန်တွင် စစ်အစိုးရရဲ့ ဗုံးခွဲဖျက်ဆီးခြင်းခံရသော ကျောင်းသားသမဂ္ဂ အဆောက်အဦးပုံ
လာမယ့် ၅၁ နှစ်မြောက် ဆဲဗင်းဂျူလှိုင် အခမ်းအနားတွေကို ၂ဝဝ၇ မျိုးဆက်ကျောင်းသားတွေက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ တက္ကသိုလ်တွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ ကျင်းပသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
ရန်ကုန်မြို့က တက္ကသိုလ်တွေထဲမှာ အဓိကကျင်းပနိုင်ဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေဆီက ခွင့်ပြုချက် ရရှိအောင် ညှိနှိုင်း ဆောင်ရွက်သွားမယ်လို့ တ.က.သ ကျောင်းသားသမဂ္ဂအဖွဲ့င် ကိုစည်သူမောင်က RFA ကို ပြောပါတယ်။
မြို့တော်တော်များများမှာ ဆဲဗင်းဂျူလိုင် အခမ်းအနားတွေကို ကျင်းပသွားမှာဖြစ်ပြီး မန္တလေးမြို့မှာတော့ ခရိုင် ၅ခု  စုပေါင်းပြီး ပြပွဲပြိုင်ပွဲတွေ စကားရည်လုပွဲတွေ ကျင်းပသွားမယ်လို့ ဗ.က.သ များအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီင် မဖြိုးဖြိုးအောင်က ပြောပါ တယ်။
ပြီးခဲ့တဲ့နှစ်က ဆဲဗင်းဂျူလိုင် အခမ်းအနားတွေကို သက်ဆိုင်ရာအာဏာပိုင်တွေက ကျင်းပခွင့် မပေးခဲ့တဲ့အတွက် နေရာအခက်အခဲတွေရှိခဲ့ပြီး အခမ်းအနားမကျင်းပမီ တစ်ရက်အလိုမှာ တစ်နိုင်ငံလုံး
ဗိုလ်ရွှေမန်းနဲ့ ကာလုံ
ဒေါက်တာဆိတ်ဖွားကို မဖော်ထုတ်နိုင်ခဲ့ကြသော်လည်း (ကာလုံ) ကိုတော့ ပွဲထုတ်လာခဲ့ပြီ။
သမ္မတ (ဗိုလ်) ဦးသိန်းစိန်ပင် ထုတ်မပြောခဲ့သော (ကာလုံ) အကြောင်းနှင့် (ကာလုံ) အစည်းအဝေးခေါ်ဖို့ စပြောလာသူ၊ (ကာလုံ) ကို ဗြောင်ပွဲထုတ်လာသူမှာ အမေရိကန်မှ ပူပူနွေးနွေးပြန်လာသူ ဗိုလ်ရွှေမန်း ဖြစ်ပါတယ်။ ဒီလို ထုတ်ဖော်ပြောဆိုချက်က (ကာလုံ) အပါအဝင် သော့ချက်နေများကို သူ့လက်ထဲမှာ ကိုင်ထားလိုက်ပြီဖြစ်တယ်ဆိုတာ အားလုံးကို ပြောလိုက်တာနဲ့ ပြလိုက်တာလို့ ပထမအချက်အနေနဲ့ ယူဆပါတယ်။ ဒုတိယအချက်ကတော့ (ကာလုံ) ဗြောင်လှုပ်ရှားလည်ပတ်တော့မယ်လို့ ကြေညာတာပါပဲ။ ပြီးတော့ ကြံ့ဖွံ့ပါတီထဲမှာ ဝါစဉ်အရ ဥက္ကဋ္ဌရာထူး ဗိုလ်ရွှေမန်း ယူပါလို့ သမ္မတ (ဗိုလ်) ဦးသိန်းစိန်က လွှဲအပ်ခဲ့ပြီးနောက် အခုလို (ကာလုံ) ကိစ္စတွေ အသံထွက်လာတာပါ။ ပေါ်ပေါက်လာတာပါ။
ဗိုလ်သိန်းစိန်က ပါတီဥက္ကဋ္ဌရာထူးကို ဗိုလ်ရွှေမန်းကို လွှဲပေးလိုက်ခြင်းဟာ ကြံ့ဖွံ့ပါတီထဲမှာ ဗိုလ်သိန်းစိန်အခန်း ကုန်ဆုံးသွားပြီဆိုတဲ့ အဓိပ္ပာယ်လည်းဖြစ်ပါတယ်။ ကြံ့ဖွံ့ပါတီဆိုတာ အခြားသော ဒီမိုကရေစီပါတီတွေလို ပါတီဝင်ထုရဲ့ မဲဆန္ဒနဲ့ ခေါင်းဆောင်ကို ဒီမိုကရေစီနည်းကျတင် ရွေးချယ်တင်မြှောက်ကြတာ မဟုတ်ဘူး။ စစ်တပ်ပုံစံအတိုင်း ဖွဲ့စည်းထားတာဖြစ်ပြီး စီနီယာက
ပြေးနေရတဲ့ စနိုးဒင်ကို ရုရှ အမျိုးသမီး ကယ်တင်မယ်
အမေရိကန်အစိုးရရဲ့ လုပ်ရပ်ကို ဖွင့်ချလိုက်ပြီး ထွက်ပြေးနေရတဲ့ စနိုးဒင်ကို ကယ်တင်မယ့်သူ ပေါ်ပေါက်လာပါပြီ။ သူကတော့ ရုရှမှာ နေတဲ့ စပိုင်ဟောင်း အလှမယ် အင်နာချပ်မင်း ဖြစ်ပါတယ်။
စနိုးဒင်ကလည်း မော်စကိုလေဆိပ်မှာ သောင်တင်နေချိန်မှာ ဒီကောက်ရိုးလေးတမျှင် ပေါ်ပေါက်လာတာပါ။ အင်နာချပ်မင်းက အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း ဟန်ပြလုပ်ကိုင်စဉ် ၂၀၁၀ မှာ အမေရိကန်က သူ့ကို ထောက်လှမ်းရေးမှန်း သိပြီး ဖမ်းလိုက်တာပါ။ တခြား ထောက်လှမ်းရေးတွေနဲ့အတူ ရုရှပြန်ပို့ခံရပါတယ်။ အခုတော့ အင်နာချပ်မင်းက ရုရှမှာ ဆယ်လီ ဘရီတီ ဖြစ်နေပါပြီ။
ဂူဂဲလ်မှာ သူ့နာမည် Anna Chapman ကို ရိုက်ထည့်ရှာလိုက်ရင် အထက်ကပုံတွေ ကျလာပါလိမ့်မယ်။ သူက တွစ်တာမှာ စနိုးဒင် ... ရှင် ကျမကို လက်ထပ်မလား လို့ တွိလိုက်ပါတယ် တဲ့။
ရာဟူး သတင်းတပုဒ်မှာ အဲဒီလို ဖတ်လိုက်ရပါတယ်။ စနိုးဒင်က ဘယ်လို အကြောင်းပြန်သလဲ ဆိုတာတော့ မသိရသေးပါ။ အမေရိကန် အစိုးရက စနိုးဒင်ရဲ့ ပတ်စ်ပို့ကို တရားမဝင်ကြောင်း ကြေညာထားပါတယ်။ ဒါကြောင့် သူ ဟိုဟိုဒီဒီ သွားလို့မရဘဲ မော်စကိုလေဆိပ်မှာ သောင်တင်နေဟန် တူပါတယ်။ 
ခိုလှုံခွင့်ပေးဖို့ သူက နိုင်ငံ ၂၀ ထက် မနည်းကို ကမ်းလှမ်းထားပါတယ်။ မနေ့က အီတလီ၊ ပြင်သစ်တို့က သူ့ကမ်းလှမ်းချက်ကို တရားဝင် ပယ်ချလိုက်တယ်လို့   သတင်းတွေက ဆိုပါတယ်။
သူ ကမ်းလှမ်းတဲ့နိုင်ငံများက အမေရိကန်နဲ့ မဟာမိတ်ဖြစ်လိုတဲ့နိုင်ငံတွေချည်းပဲ ဆိုရင်တော့ သူ့ရှေ့ရေးက မကောင်းပါ။ ပြီးခဲ့တဲ့လကတည်းက  စတင်ပြီး သူ့သတင်းက နိုင်ငံတကာမှာ ထိပ်တန်းသတင်း ဖြစ်နေပါတော့တယ်။
အမေရိကန် အစိုးရရဲ့ လျှို့ဝှက်ချက်တွေကို အများသိအောင် ဖွင့်ချခဲ့တဲ့ စနိုးဒင်က ဟောင်ကောင်ကနေ မော်စကို လေဆိပ်ကို ဇွန် ၂၃ မှာ ရောက်သွားပါတယ်။ သူက မော်စကိုလေဆိပ်တွင်း ပတ်စ်ပို့ထိန်းချုပ်တဲ့နေရာကို မဖြတ်သေးဘူး၊ နိုင်ငံတကာခရီးသည်တွေ လေယာဉ်ပြောင်းစီးတဲ့နေရာမှာပဲ ရှိနေသေးတယ်လို့ ဆိုပါတယ်။
ရုရှား အာဏာပိုင်တွေကတော့ အဲဒီနေရာကို နိုင်ငံတကာနယ်နိမိတ်အဖြစ် သတ်မှတ် ထားကြောင်း Reuters သတင်းတပုဒ်မှာ ရေးထားပါတယ်။
ရုရှားကတော့ သူ့ကို မော်စကိုကနေ အမြန်ထွက်သွားစေလိုကြောင်း သတင်းများက ဆိုပါတယ်။ဒီအခြေအနေမှာပဲ စပိုင်ဟောင်းအမျိုးသမီးရဲ့ ကမ်းလှမ်းချက် ထွက်လာတာပါ။
စနိုးဒင်က
 ဒါကို လက်ခံလိုက်ရင် ဘာတွေ ဆက်ဖြစ်မယ်ဆိုတာ မသိရသေးပါဘူး။ ထပ်ပြီး ထူးခြားတာရှိရင် ရေးပါအုံးမယ်။
သတင်းရင်းမြစ် - ဧရာဝတီ
Thursday, July 4, 2013
တိုင်းရင်းသားတွေ လိုလားတဲ့ ဖက်ဒရယ် ပြည်ထောင်စု
လွတ်လပ်ပြီးနောက်ပိုင်း သမိုင်းတလျောက် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး နဲ့ ပါတ်သက်လို့ ပြဿနာတွေ ကြုံခဲ့သလို ပြည်တွင်း စစ်မီးတောက်လောင်ရာမှာလည်း အကြောင်း တခု ဖြစ်ခဲ့ပါတယ်။ အခုအခါ မြန်မာအစိုးရ ၀န်ကြီးအချို့ကလည်း ဖက်ဒရယ် ပြည်ထောင်စုကို လက်ခံတယ်ဆိုတဲ့ ပြောဆိုမှုတွေ ရှိနေပါတယ်။ ဒါကြောင့် တိုင်းရင်းသားတွေ လိုလားတဲ့ ဖက်ဒရယ် ပြည်ထောင်စု ဆိုတာ ဘယ်လိုလဲ ဆိုတာ တိုင်းရင်း ရှုထောင့် အစီအစဉ်ကနေ တင်ဆက်ထားပါတယ်။
Copy from - Ethnic Ptv
UWSA နှင့်အစိုးရ ဆက်ဆံရေးရုံး ပိတ်သည်အထိ ဆက်ဆံရေးတင်းမာ
အစိုးရ တပ်ဖွဲ့များသည် ၀ပြည် သွေးစည်း ညီညွတ်ရေး ပါတီ (UWSA) တောင်ပိုင်း စစ်ဒေသမှ စခန်း တစ်ခုကို ၀ိုင်းထားသည့် အခြေအနေမှ ယခု ဆက်ဆံရေးရုံးပါ ပိတ်ပစ်လိုက်ပြီး ဖြစ်ကြောင်း တရုတ်ပြည်နယ်စပ်မှ စစ်ရေး အကဲခတ်သူ ဦးအောင်ကျော်ဇော်သည် UWSA ပြောခွင့်ရသူကို အခြေခံပြီး ယနေ့ ထုတ်ဖေါ် ပြောကြားခဲ့ပါသည်။
“ တာချီလိတ်နဲ့ကျိုင်းတုံမှာ ရှိတဲ့ ဆက်ဆက်ရေးရုံးတွေကို ပိတ်လိုက်ရပြီး။ ၀တောင်ပိုင်းနဲ့မြောက်ပိုင်းကို ဆက်သွယ် ထားတဲ့ ဆက်သွယ်ရေး လမ်းကြောင်းကိုလည်း ဖြတ်တောက် လိုက်သလို UWSA အဖွဲ့ကိုပါ အစိုးရဘက်ကဖြတ်တောက်လိုက်ပြီးဖြစ်တယ်” ဟု ဦးအောင်ကျော်ဇော်က ဆိုပါသည်။
ဤကဲ့သို့ အစိုးရဖက်မှ တဖြည်းဖြည်း တင်းမာလာသဖြင့် UWSA သည် ၂၀၁၃ ခုနှစ် ဇွန်လ တတိယ အပတ်မှ စတင်ပြီး ၄င်းတို့ လက်အောက်ခံ တပ်ဖွဲ့များ အားလုံးနှင့် ၄င်းတို့၏ မိသားစုဝင်များအား အရေးကြီး ကာလအဖြစ် သတ်မှတ်ပြီး ခရီးသွားလာပါက လက်နက်များ ယူဆောင် သွားရန်နှင့် စစ်ရေးအတွက် အသင့် ပြင်ဆင်ထားရန် အမိန့် ထုတ်ထားခဲ့ခြင်း ဖြစ်သည်ဟု ဆိုပါသည်။
ယင်းကဲ့သို့ ဆက်ဆံရေး အခြေအနေ တင်းမာသည် ဆိုသော်လည်း ယခုအထိ တိုက်ခိုက်ကြခြင်း မရှိသေးပေ။ သို့သော် အစိုးရ တပ်များသည် UWSA တောင်ပိုင်း တပ်ဖွဲ့အပေါ် တဖြည်းဖြည်း အကြပ်ကိုင်
တအာင်းဒေသ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့်ပတ်သက်ပြီး TNLA စစ်ဦးစီးချုပ် ဒုဗိုလ်မှူးကြီး တာဟိုပလန်နှင့် တွေ့ဆုံမေးမြန်းခြင်း
Copy from - irrawaddynews
Wednesday, July 3, 2013
“စနိုးဒင်း၏ နိုင်ငံရေးခိုလှုံခွင့် တောင်းခံမှုကို နိုင်ငံအများအပြား ငြင်းဆို”
အမေရိကန်၏ ထောက်လှမ်းရေး လျှို့ဝှက်ချက်များကို ဖွင့်ဟဖော်ထုတ်သူ အက်ဒွပ် စနိုးဒင်းအတွက် နိုင်ငံရေး ခိုလှုံခွင့်နှင့် ငြိမ်းချမ်းစွာ နေထိုင်ရမည့် အခြေအနေမျိုး ရောက်မလာနိုင်သေးချေ။ ၎င်း၏ နိုင်ငံရေး ခိုလှုံခွင့် တောင်းဆိုမှုကို လက်ခံစဉ်းစားမည်ဟု ပြောဆိုထားသည့် ဘိုလီးဗီးယား သမ္မတ အီဗို မွန်ရာလက်စ်၏ လေယာဉ်သည် အခြေအနေ အရပ်ရပ်ကြောင့် သတ်မှတ် လမ်းကြောင်းမှ သွေဖီကာ ဩစတြီးယား နိုင်ငံတွင် ဆင်းသက်ခဲ့ရသည်။
မွန်ရာလက်စ်က မိမိသည် စနိုးဒင်း၏ နိုင်ငံရေး ခိုလှုံခွင့်ကို လက်ခံ စဉ်းစားမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး နာရီပိုင်း အကြားတွင် ယင်းအခြေအနေနှင့် ကြုံရခြင်း ဖြစ်သည်။ ဘိုလီးဗီးယား သမ္မတ၏ လေယာဉ်ပေါ်တွင် စနိုးဒင်း လိုက်ပါသွားသည်ဟုလည်း သံသယ သတင်းစကားများ ထွက်ပေါ်နေသည်။
ဘိုလီးဗီးယား နိုင်ငံခြားရေး ဝန်ကြီးဖြစ်သူ ဒေးဗစ် ချိုကွီဟွန်ကာက ပြင်သစ်၊ အီတလီနှင့် ပေါ်တူဂီတို့သည် ၎င်းတို့၏ လေပိုင်နက်ကို ဖြတ်သန်းခွင့် မပေးသဖြင့် သမ္မတ၏ လေယာဉ်မှာ လမ်းကြောင်းပြောင်းခဲ့ရကြောင်း စွပ်စွဲခဲ့သည်။ "သမ္မတ လေယာဉ်ဟာ ဗီယန်နာမှာ မဖြစ်မနေ ဆင်းသက်ဖို့ တွန်းအားပေး ခံခဲ့ရတယ်"ဟု ချိုကွီဟွန်ကာက လာပက်ဇ်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ ၎င်းက လေယာဉ်သည် အရေးပေါ် ဆင်းသက်ခဲ့ရခြင်းဖြစ်ပြီး သမ္မတ၏ အသက်အန္တရယ်ပင်
ရှစ်ဆယ့်ရှစ် မျိုးဆက်များ ညီလာခံ (ကနေဒါ)(P-2)
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့နဲ့ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အသိအမှတ်ပြုဖို့ အတွက် ပြည်ပရောက် ဒီမိုကရေစီအင်အားစုတွေရဲ့ ရှစ်လေးလုံး ၂၅ နှစ်ပြည့် အထိမ်းအမှတ် ညီလာခံက တောင်းဆိုလိုက်ပါတယ်။ ကနေဒါနိုင်ငံ တိုရွန်တိုမြို့မှာ ဇွန်လ ၂၈ ရက်နေ့ကနေ ၃ဝ ရက် နေ့အထိ ပြုလုပ်ခဲ့တဲ့ ဒီညီလာခံနဲ့ ပတ်သက်ပြီး RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က သတင်းပေးပို့ထားပါတယ်။
Copy from - RFA
ဒုဗိုလ်ချုပ်ကြီးသိန်းဌေးအပေါ် အမေရိကန် ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်
မြောက်ကိုရီးယား နိုင်ငံကနေ စစ်သုံးပစ္စည်းတွေ မ၀ယ်ယူဖို့ ကန့်သတ်ထားတဲ့ ကုလသမဂ္ဂရဲ့ တားဖြစ်ချက်ကို ချိုးဖောက်တယ်ဆိုပြီး ကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေးရုံးရဲ့ အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးကို အမေရိကန်အစိုးရက အရေးယူဒဏ်ခတ်လိုက်ပါတယ်။ မြောက်ကိုရီးယားနဲ့ အဆက်သွယ်ဖြတ်မယ်လို့ မြန်မာအစိုးရက ပြောထားပေမဲ့ တကယ်တမ်းလက်တွေ့မှာ ဆက်သွယ...်မှုတွေ ရှိနေသေးတယ်လို့ အကဲခတ်တချို့က သုံးပါတယ်။ မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာက လက်ခံလာနိုင်တဲ့အထိ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြသသင့်တယ်လို့လည်း ဆိုပါတယ်။ ဆက်သွယ်စုံစမ်းထားတဲ့ မခင်ဖြူထွေးက တင်ပြထားပါတယ်။
မြန်မာအစိုးရ မစ်ဇိုင်း သုသေသနနဲ့ ဖွံ့ဖြိုးရေးဌာန အကြီးအကဲ၊ ကာကွယ်ရေး ဌာန ပစ္စည်းထုတ်လုပ်ရေးရုံး (DDI) ရဲ့အရာရှိချုပ်၊ ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေး အပေါ် မြောက်ကိုရီးယားနဲ့ မြန်မာကြား လက်နက် ရောင်းဝယ်မှုမှာ ပါဝင်ပတ်သက်မှုကြောင့် ဒဏ်ခတ် ပိတ်ဆို့မှုချမှတ်လိုက်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက အင်္ဂါနေ့မှာ ထုတ်ပြန်ကြေညာ လိုက်တာဖြစ်ပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးဟာ ကာကွယ်ရေးဌာန ပစ္စည်းထုတ်လုပ်ရေးရုံးရဲ့ ကိုယ်စား မြောက်ကိုရီးယားထံကနေ မြန်မာ စစ်တပ်အတွက်
Toyota ၀န်ဆောင်မှုနှင့် ကားအပိုပစ္စည်း အရောင်းစင်တာကို မန္တလေးနှင့် နေပြည်တော်တို့တွင် ထပ်မံဖွင့်လှစ်မည်
ကမ္ဘာအေး ဘုရားလမ်းတွင် ဖွင့်လှစ်ထားသည့် တိုယိုတာ ၀န်ဆောင်မှု စင်တာကို တွေ့ရစဉ်
ကမ္ဘာ့အကြီးဆုံး ကားကုမ္ပဏီဖြစ်သည့် ဂျပန်နိုင်ငံ အခြေစိုက် Toyota က ၀န်ဆောင်မှုနှင့် ကားအပိုပစ္စည်း အရောင်းစင်တာကို မန္ဘလေးနှင့် နေပြည်တော်မြို့တို့ တွင် ထပ်မံဖွင့်လှစ် သွားမည်ဖြစ်ကြောင်း Toyota အုပ်စုဝင် T.T.A.S ကုမ္ပဏီလီမိတက်ထံမှ သတင်းရရှိသည်။
"Toyota က မော်တော်ယာဉ် ၀န်ဆောင်မှုနှင့် အပိုပစ္စည်း အရောင်းစင်တာတွေကို ချဲ့ထွင်သွားဖို့ စီစဉ်နေပါတယ်။ မန္တလေးနဲ့ နေပြည်တော် ဖွင့်လှစ်သွားမှာဖြစ်ပြီး ၂၀၁၄ ခုနှစ် ဒုတိယ သုံးလပတ်လောက်မှာ ဖွင့်လှစ်နိုင်ဖို့ ဆောင်ရွက်နေပါတယ်" ဟု T.T.A.S ကုမ္ပဏီလီမိတက် အထွေထွေမန်နေဂျာ ဦးမျိုးမြင့်သိန်းက ပြောကြားသည်။
Toyota ကော်ပိုရေးရှင်းသည် ဖွံ့ဖြိုးစဈေးကွက် ဖြစ်လာသည့် မြန်မာ၊ ကင်ညာနှင့် ကမ္ဘောဒီးယား ဈေးကွက်များတွင် ဈေးကွက်ဝေစု ပိုမိုရရှိလာစေရေးအတွက် လုပ်ငန်းများကို ချဲ့ထွင့်သွားရန် စီစဉ်နေပြီး အဆိုပါ ဈေးကွက်များတွင် Daihatsu ကော်ပိုရေးရှင်းနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း
ပြည်သူ့စစ်အဖွဲဝင်တွေ ပြစ်မှု ကျူးလွန်ရင် စစ်တပ်ရဲ့ညွန်ကြားချက် ယူဖို့ မလိုဘဲ တည်ဆဲဥပဒေရအရေးယူနိုင်
ပြည်သူ့စစ်အဖွဲဝင်တွေ ပြစ်မှု ကျူးလွန်ရင် စစ်တပ်ရဲ့ညွန်ကြားချက် ယူဖို့ မလိုဘဲ တည်ဆဲဥပဒေရအရေးယူ နိုင်တယ်လို့  ကာကွယ်ရေးဒုဝန်ကြီးက လွတ်တော်မှာ ပြောဆိုသွားပါတယ်။ ဦးအောင်ကြီး သတင်းပေးပို့ထားပါတယ် ။
Copy from - DVBTV News
သမ္မတ ဦးသိန်းစိန် တပ်မတော် အပေါ် အာဏာ လေးနက်မှု မရှိသေး
သမ္မတ ဦးသိန်းစိန် နှင့် ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် ဇွန်လ ၁၀ ရက်နေ့က နေပြည်တော်၌ တွေ့ဆုံစဉ်
(ဓာတ်ပုံ – Ye Htut / Facebook)
သမ္မတ ဦးသိန်းစိန် အနေနှင့် တပ်မတော်ကို ထိန်းချုပ်ကွပ်ကဲ ကိုင်တွယ်နိုင်သည့် အာဏာ လေးနက်မှုမရှိသေးကြောင်း အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူထားသော ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA) အဖွဲ့က ပြောသည်။
ဦးသိန်းစိန်သည် ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် အခက်အခဲများစွာတို့ကို ကြိုးပမ်း ဆောင်ရွက်ရမည် ဖြစ်ကြောင်းလည်း ဇွန် လ၂၉ ရက်နေ့က RCSS/SSA အဖွဲ့၏ ထုတ်ပြန် ကြေညာချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းက ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော် မတီ၏ ဖိတ်ကြားချက်အရ နေပြည်တော် တွင် ဦးသိန်းစိန်နှင့် RCSS/SSA အဖွဲ့ ဥက္ကဌ ယွက်စစ် ဦးဆောင်သော ကိုယ်စားလှယ်တို့ သွားရောက် တွေ့ဆုံ ဆွေးနွေးမှုအခြေ အနေတို့ကို ယင်းအဖွဲ့က ထုတ်ပြန်ထားခြင်း ဖြစ်သည်။
“သမ္မတသည် ခိုင်မာသည့် ငြိမ်းချမ်းရေး မတည်ဆောက်နိုင်မည်ကို စိုးရိမ်ပူပန်နေပြီး တိုက်ပွဲများ ပြန်လည် ဖြစ်ပွားမည်ကိုလည်း စိုးရိမ် နေသည်။ သို့သော် တပ်မတော်အပေါ် ထိန်းချုပ်ကွပ်ကဲ ကိုင်တွယ်နိုင်သည့် အာဏာလေးနက်မှု မရှိသေးပေ။ ခေါင်းဆောင် ပိုင်းများတွင် ပြောင်းလဲလိုသူများရှိသကဲ့သို့
အစိုးရ ရာဇသံကို အာခံသော UWSA တပ်ဖွဲ့ တပ်လှန့်ပြီ
ဝသွေး စည်းညီညွတ်ရေး တပ်မတော် (UWSA)
ဆုတ်ခွာပေးရန် ငြင်းဆိုခဲ့သော ရှမ်းပြည်တောင်ပိုင်း မိုင်းတုံမြို့နယ်ရှိ ဝသွေး စည်းညီညွတ်ရေး တပ်မတော် (UWSA) တပ် စခန်း တစ်ခုကို အစိုးရ တပ်ဖွဲ့တို့က ယနေ့အထိ ဝိုင်းထားဆဲ ရှိကြောင်း UWSA ၏ ပြင်ပ ဆက်ဆံရေး ဌာန တာဝန်ခံ ဦးဆမ်းခွန်းက ဆိုပါသည်။
“ ရှမ်းပြည်တောင်ပိုင်း တာချီလိတ် ခရိုင်က မိုင်းတုံမြို့နယ်မှာ ရှိတဲ့ ကျွန်တော်တို့ လွယ်ကောင်မူး စခန်းကိုပေါ့ သူတို့က ဆုတ်ခိုင်းတယ်။ ကျနော်တို့က မဆုတ်ဘူး။ အဲဒီတော့ ပြီးခဲ့တဲ့ ဇွန်လ အကုန်ပိုင်း ကနေ ကနေ့အထိ တစ်ပတ်လောက် ရှိပြီး၊ ဝိုင်းခံထား ရဆဲပါ။ မဆုတ်တဲ့ စခန်းတွေ အားလုံးကို ၀ိုင်းတယ်။ တိုက်တော့ မတိုက်ဘူး။ ကျနော်တို့ခေါင်းဆောင် တွေကလည်း ဒီကိစ္စကို ဖြေရှင်းပေးဖို့ ကျိုင်းတုံမြို့ကိုရောက်နေတယ်။ အစိုးရ ဘက်ကတော့ ဖြေရှင်းပေးမယ်လို့ အကြောင်းပြန် ထားပေမဲ့ ယခုအထိ ဘာမှ မဖြေရှင်း ပေးသေးပါဘူး” ဟု ဆိုပါသည်။
အစိုးရ တပ်များသည် ရှမ်းပြည် တောင်ပိုင်းရှိ UWSA တပ်ဖွဲ့ စခန်းများကို စာရင်း ပြုစုပေးရန် တောင်းဆိုနေပြီး၊ တချို့  စခန်းများ ဆုတ်ခွာရန် တောင်းဆိုခဲ့ကြောင်း ဆိုပါသည်။ UWSA တပ်များကလည်း အစိုးရ တပ်များ၏ တောင်းဆိုမှုကို ငြင်းဆန် ရာမှ အစိုးရတပ်များသည် ပြီးခဲ့သည့် ဇွန်လ၂၇ ရက်နေ့တွင် ရှမ်းပြည်တောင်ပိုင်း သံလွင်မြစ်ကူး တံတားတာ့ဆန်းမှ တဆင့် လက်နက်ကြီး အပါအဝင် စစ်ကား အစီး၂၀ ဖြင့် ရောက်ရှိလာပြီး အဆိုပါ စခန်းအား ဝိုင်းထားခြင်းဖြစ်သည်ဟု ဆိုပါသည်။ အဆိုပါ စခန်းသည် မိုင်းတုံမြို့နယ် တောင်ဘက် ၁၀ မိုင်ကျော် မဲကင် အရှေ့ဘက် မောက်စလီ အနီး၌ ရှိသော
Tuesday, July 2, 2013
Google ကုမ္ပဏီက ဖော်ထုတ်မှသာ ဒေါက်တာဆိတ်ဖွားကို သိနိုင်မည်ဟုဆို
လွှတ်တော်ကို ဝေဖန်သည်ဟုဆိုသော ဒေါက်တာဆိတ်ဖွားဆိုသူ ကလောင်ပိုင်ရှင် ကို အမေရိကန်နိုင်ငံအခြေစိုက် Google ကုမ္ပဏီကသာ ဖော်ထုတ်နိုင်မည်ဟု ဒေါက်တာဆိတ်ဖွား စုံစမ်းစစ်ဆေးရေးကော်မရှင် ၏ ဥက္ကဋ္ဌဖြစ်သူ ဦးမြညိမ်းက ဇူလိုင် ၁ရက် က ပြည်ထောင်စုလွှတ်တော်တွင် ပြောကြား လိုက်သည်။
၎င်းက နည်းပညာအရ အင်တာနက် လိပ်စာရှာဖွေရန် အခက်အခဲရှိသောကြောင့် Google ကုမ္ပဏီကသာ ဖော်ထုတ်ပေးရန် ဖြစ်နိုင်သည် ဟု ပြောဆိုသွားခဲ့ခြင်းဖြစ်သည်။
ဆက်သွယ်ရေး အချက်အလက် နည်းပညာဝန်ကြီးဌာနနှင့် Myanmar Computer Emergency Response Team (mm CERT) တို့၏ တင်ပြချက်များကို ဦးမြညိမ်းက လွှတ် တော်၌ ပြန်လည် ပြောဆိုခဲ့ခြင်းဖြစ်သည်။
ဖေဖော်ဝါရီလ ၈ ရက်က စတင်ဖွဲ့စည်းခဲ့သော လွှတ်တော်အမတ် ၁၇ ဦးပါသည့် အဆိုပါကော်မရှင်မှာ လေးလနီးပါး စစ်ဆေး ခဲ့ပြီးမှ ထိုရလဒ်ကို လွှတ်တော်၌တင်ပြနိုင် ခဲ့ခြင်းဖြစ်သည်။
ကော်မရှင်သည် ဒေါက်တာဆိတ်ဖွား မည်သူမည်ဝါဖြစ်သည်ကို စုံစမ်းရာ၌ ဆက်သွယ်ရေး သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနနှင့် Myanmar Computer Emergency Response Team (mm CERT) အပါအဝင် ပြန်ကြားရေးဝန်ကြီးဌာန၊ ကွန် ပျူတာကျွမ်းကျင်သည့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များနှင့် ပူးပေါင်း စစ်ဆေးခဲ့ပြီး စာနယ်ဇင်းအသိုင်းအဝိုင်းကို လည်း ခေါ်ယူ
တပ်မတော်သား ကိုယ်စားလှယ်များ လွှတ်တော်တွင် သတိပေးခံရ
တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များကို လွှတ်တော်တွင် ဤသို့ တွေ့ရသည် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ
ယနေ့ ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ဆက်သွယ်ရေး ဥပဒေကြမ်းကို တပုဒ်ချင်းစီ ဆွေးနွေးရာ တပ်မတော်သား ကိုယ်စားလှယ်များက သဘောတူခြင်း၊ မတူခြင်းကို တုန့်ပြန် ဖြေကြားခြင်း မရှိသည့်အတွက် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က တပ်မတော်သား ကိုယ်စားလှယ်များကို သတိပေးခဲ့သည်။
“တပ်မတော်သား ကိုယ်စားလှယ်များ သဘောရင်တူတယ်၊ မတူရင်မတူဘူးပြောပါ။ ဥပဒေကြမ်း တစ်ပိုဒ်ချင်းစီ အတည်ပြုတဲ့ အခါမှာ သဘောတူရင် တူကြောင်းပြောဖို့၊ သဘောမတူရင် မတူကြောင်းပြောဖို့ ဥက္ကဋ္ဌက မေးတဲ့အခါမှာ ဖြေဖို့ တာဝန်ရှိ ပါတယ်။ ဒါနဲ့ ပတ်သက်လို့ စောင်းပါးရိပ်ခြည်နဲ့ အကြိမ်ကြိမ် သတိပေးခဲ့ပြီးပြီ၊ ဒါဟာလည်း သိလို့။ အဲဒီတော့ အုပ်စုလိုက် ဖွဲ့ပြီး ဘာမျှမဖြေဘူးဆိုရင် ဥက္ကဋ္ဌက အဲဒီအုပ်စု တခုလုံးလုံး ဒီအစီအစဉ်မှာ လွှတ်တော်ပြင်ပ ထွက်စေလို့ အမိန့်ချလို့ရတယ်” ဟု အမျိုးသား လွှတ်တော်ဥက္ကဋ္ဌက တပ်မတော်သား ကိုယ်စားလှယ် များကို သတိပေးခဲ့သည်။
ယင်း ဆက်သွယ်ရေး ဥပဒေကြမ်းကို ဆွေးနွေးစဉ် သဘောထား မှတ်ချက်မပေးဘဲ တပ်မတော်သား ကိုယ်စားလှယ်များ နှုတ်ဆိတ် နေခြင်းအပေါ် ဦးခင်အောင်မြင့်က စိတ်ဆိုးကာ မဆွေးနွေးလိုပါက အပြင်ထွက်နေနိုင်သည်ဟု ပြောပြီး လွှတ်တော် အပြင်ဘက်သို့ ထွက်သွားရန် ပြောခဲ့ကြောင်း တောင်ဥက္ကလာ မဲဆန္ဒနယ်မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် က ပြောသည်။
“လွှတ်တော် ဥက္ကဋ္ဌကတော့ သူတို့ကို တအုပ်လုံးလို့ သုံးတယ်။ ဘာမှမပြောဘဲ ထိုင်နေကြလို့၊ ပြီးတော့ စိတ်မပါရင်လည်း အပြင်ထွက် ထိုင်နိုင်တယ် ဆိုတဲ့ သဘောမျိုး ပြောသွားတယ်” ဟု သူက ဆိုသည်။
လွှတ်တော်ထဲတွင် ပြည်သူ့ကိုယ်စားလှယ် နိုင်ငံရေးသမား လွှတ်တော်ကိုယ်စားလှယ် များသာ ရှိရမည့်အချိန်တွင် ကာကွယ်ရေး ဦးစီးချုပ်မှ တိုက်ရိုက် ခန့်အပ်သော တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ ၀င်ရောက် လာသောကြောင့် ယခု ပြဿနာ ပေါ်ပေါက်ရခြင်း ဖြစ်ကြောင်း၊ ယခုကိစ္စကို ကြည့်ခြင်းအားဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် လိုအပ်နေပြီဟု နားလည်ကြောင်း နိုင်ငံရေးလေ့လာသူ ဒေါက်တာ ရန်မျိုးသိမ်းက ပြောသည်။
“တပ်မတော်သား ၂၅ ရာခိုင်နှုန်း လွှတ်တော်ထဲမှာ ရှိနေတဲ့အတွက် နိုင်ငံရေး ဖြစ်စဉ်ကြီး တခုလုံးအတွက် အကျိုးမရှိဘူးလို့ မြင်တယ်။ တပ်ရဲ့ သဘောအရကတော့ အထက်အမိန့်တိုင်းပဲ အလုပ်လုပ်မှာပဲ။ အခြေအနေအရ ၂၅ ရာခိုင်နှုန်းကို မဖယ်နိုင်ဘူး ဆိုရင် ဒီလူတွေက လွတ်လွတ်လပ်လပ် ပြောဆိုနိုင်ပြီးတော့ နိုင်ငံရေး စိတ်ပါတဲ့သူတွေ ဖြစ်ရင် ပိုကောင်းမယ်” ဟု သူက သုံးသပ်သည်။
ယခုအခါ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များသည် အစိုးရနှင့် လွှတ်တော် အတိုက်အခံဖြစ်ပါက အစိုးရဘက်မှ ထောက်ခံခြင်း၊ အာဏာရ အင်အားကြီး ပါတီကြီး တခုကိုသာ ထောက်ခံခြင်း၊ တပ်မတော်၏ အကျိုးစီးပွားကို ထိခိုက်လာမည် ဆိုပါက ကန့်ကွက်ခြင်းတို့ကို ဆောင်ရွက်နေသည်ဟု ပြောနိုင်ကြောင်း မြေပုံ မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် အမတ်က ပြောသည်။
ယခုကိစ္စနှင့် ပတ်သက်၍ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များအပေါ် နားလည်ကြောင်း၊ ၎င်းတို့မှာ လွှတ်တော် ထဲတွင် ပြောရေးဆိုခွင့်မရှိဘဲ လေ့လာသူအဆင့်သာ ရှိကြောင်း၊ ဆုံးဖြတ်ချက် ပေးနိုင်သူများမဟုတ်ဘဲ အထက်အမိန့်ကို စောင့်နေရသူများ ဖြစ်ကြောင်း ဦးဖုန်းမြင့်အောင်က ဆိုသည်။
ဥပဒေကြမ်း၏ သဘောတရားအရ တပိုဒ်ခြင်းစီကို သဘောတူ မတူ မေးမြန်ရပြီး ယနေ့တွင် ဆက်သွယ်ရေး ဥပဒေကြမ်းကို လွှတ်တော် ဥက္ကဋ္ဌက အကြိမ် ၂၀ ခန့်အထိ သဘောတူမတူ မေးမြန်းရာ တပ်မတော်သား ကိုယ်စားလှယ်များက အပျင်းထူကာ လိုက်မပြောခြင်း ဖြစ်ကြောင်း ပွင့်ဖြူ မဲဆန္ဒနယ်မှ