Sunday, June 30, 2013

နိုင်ငံခြားက ပြန်ရောက်လာသူတစ်ယောက်ရဲ့ ပုံရိပ်တစ်ခုပါ...


ဒီပုံလေး မြင်လိုက်ရတော့ ရင်ထဲမှာ ဖော်မပြနိုင်လောက်အောင် ခံစားရပါတယ်။ အများအားဖြင့်တော့ နိုင်ငံခြားက ပြန်လာသူ ဆိုရင် လှလှပပ ကြော့ကြော့ မော့မော့ တွေကိုချည်း မြင်ဖူးကြတာ များပါလိမ့်မယ်။
 
သို့ပေမဲ့ နိုင်ငံရပ်ခြားမှာ ရရာ အလုပ်ကလေး လုပ်ပြီး မိမိရဲ့ မိသားစုကို ရှာဖွေ ကျွေးမွေးနေရတဲ့ သူတွေအများကြီး ရှိနေပါတယ်။ ဒီကြားထဲ ဒုက္ခတွေ အန္တရာယ်တွေ အမျိုးမျိုးန...ဲ့ ကြုံရသူတွေလည်း မနည်းပါဘူး။ ခုလို နည်းနဲ့တောင် အိမ်ပြန်မရောက်နိုင်ကြသူတွေ ဒုနဲ့ဒေးပါ။ ဒီလို ဆင်းရဲဒုက္ခ ခံနေရတဲ့

ရန်ပွဲ ဖြစ်ခဲ့ရတဲ့ မိန်းမလျာ အလှပြိုင်ပွဲ

ဒိုင်တွေက အနိုင် ရသူကို လူမှားပြီး ကြေညာ မိရာ ကနေ ဒုတိယ ရတဲ့ သူက အလှ ဘုရင်မ သရဖူ ရရှိ ခဲ့သူကို ဝင်ပြီး နပန်း လုံးခဲ့ တာပါ။ BBC Burmese - ၂၉.၀၆.၂၀၁၃ (စနေနေ့)
Copy from - TheBBCBurmese

မြန်မာတပ်အချင်းချင်း မှားယွင်း တိုက်ခိုက်မှုကြောင့် ၉ ဦးထက်မနည်းသေ

၂၉ ရက် ဂျွန်လ၂၀၁၃

သျှမ်းပြည်တပ်မတော် SSPP/SSA နယ်မြေအတွင်း မြန်မာအစိုးရတပ် အချင်းချင်း မှားယွင်း ပစ်ခတ် သည့် တိုက်ပွဲကြောင့် ၉ ဦးထက် မနည်းသေ ဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရှိသည်ဟု ဆိုသည်။

“ရန်သူက ဘုန်းကြီးကျောင်းထဲမှာရှိတယ်အထင်နဲ့ ကျောင်းနားရောက်တာနဲ့ ချတော့တာဘဲ။ လားရှိုးလက်အောက်ခံ တပ်က တိုက်ဖို့ အမိန့် ရထားတာ ကိုး။ တကယ်တော့ ရန်သူက ကျောင်းထဲမှာ မရှိတော့ ဘူး။ ဗမာစစ်တပ်က ဘဲ ဘုန်းကြီးကျောင်းထဲမှာ ရှိနေတာ ။အလူးအလဲခံလိုက်ရတဲ့တပ်က စကခ ၁၇ လက် အောက်ခံ တပ်ရင်းကလို့ သိရတယ်။ ဒီမှားယွင်းတိုက်ပွဲ က နှစ် ဘက်စလုံး၉ ယောက်သေတယ်။ရမခလက်အောက်ခံဘဲ၁၀ ယောက် ကျော် တယ် ဒဏ်ရာရတာ” - ဟု အစိုးရတပ် နှင့် နီးစပ်သည့် သျှမ်းပြည်မြောက် ပိုင်း ပြည်သူ့စစ် အရာရှိတဦးက ပြောပါတယ်။

ဇွန် ၂၅ ရက်နေ့ နံနက်က ကျေးသီးမြို့မြောက်ဘက် မိုင် ၃၀ ကျော် ၀မ့်ဝပ် ဘုန်းကြီးကျောင်း အတွင်းရှိနေသည့် ခမရ ၅၂၅ ၊ ခမရ ၅၆၉ တို့အား အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ရမခ လက်အောက်ခံ ပူးပေါင်းအင်အား တပ်ရင်း ၃ ရင်းက နံနက် ရ နာရီမှ ၉ နာရီခွဲအထိ ၀ိုင်းရံတိုက် ခိုက်ခြင်း ဖြစ်သည်။

“အခုလောလောဆယ်တော့ တိုက်ပွဲမရှိတော့ဘူး။ ကားလမ်းမြောက် ဘက် ခြမ်း လာရင်တော့ ကျနော် တို့နဲ့ ထပ်ဖြစ်မှာဘဲ။ အခုသူတို့အချင်း ချင်းမှားတိုက်တာကို ကျနော်တို့ တပ်စခန်းကို တက်သိမ်း သယောင်ဝါဒဖြန့်သေးတယ်။ ကျနော်တို့နဲ့ ၂၃-၂၄ ရက်က လာတိုက်တာလဲ သူတို့တ အား သေ တယ်။ သူတို့အချင်းချင်း မှားတိုက်တာလဲ ထပ်သေကြတယ်” – ၀မ့်ဟိုင်းမှ အရာရှိတဦးက ပြောပါသည်။

ဝမ့်ဟိုင်းအခြေစိုက် မြောက်ပိုင်း သျှမ်းပြည်တပ်မတော် SSPP/SSA နယ်မြေ တွင် အစိုးရတပ်ရင်း ၂၀ ရင်းထက်မနည်း အင်အားဖြည့် လှုပ်ရှားနေသည်။
 
သတင်းရင်းမြစ် - သျှမ်းသံတော်ဆင့်သတင်း

သေနတ်သံ မထွက်ဘဲ လူတွေ သေနေရတာ(အင်တာဗျူး)

 
Saturday, June 29, 2013

လက်ရှိ အစိုးရ တပ်မတော်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲဝင်နေတဲ့ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်ဦး (TNLA) ဟာ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသခံ လူထုတွေအကြားမှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ဆောင်မှုနဲ့ ထောက်ခံမှုတွေ ရရှိနေပါတယ်။

... အင်အား ၁၃၀၀ အထက်မှာ ရှိတယ်လို့ သိရတဲ့ TNLA ဟာ ၂၀၁၁ ခုနှစ်က ဖွဲ့စည်းခဲ့ပြီး ယခင် ၂၀၀၅ ခုနှစ်က အစိုးရထံ လက်နက်အပ်နှံခဲ့တဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်မတော် (PSLA) ထိန်းချုပ်ခဲ့တဲ့ နေရာတွေမှာ ၂၀၁၂ ခုနှစ်မှာ ပြန်လည်ခြေချ ထိန်းချုပ်ခဲ့ပြီး အဲဒီဒေသမှာရှိတဲ့ ဘိန်းစိုက်ပျိုးမှု၊ ဖြန့်ဖြူးရောင်းချမှုနဲ့ သုံးစွဲမှုတွေ တိုက်ဖျက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

TNLA ရဲ့ ဘိန်းနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးမူဝါဒ၊ တိုက်ဖျက်တဲ့အခါ အခြေအနေအခက်အခဲ၊ ဒေသတွင်း ဘိန်းနဲ့ မူးယစ်ဆေးဝါး ပျံ့နှံ့နေမှု၊ ထိခိုက်ဆုံးရှုံးမှုနဲ့ တိုက်ဖျက်နေတဲ့ အခြေအနေတွေကို ဧရာဝတီ သတင်းထောက် ကျော်ခနဲ့ သတင်းထောက် မုံရာတို့က TNLA စစ်ဦးစီးချုပ် ဒု ဗိုလ်မှူးကြီး

ကာလုံအစည်းအဝေး ခေါ်ယူရန် နိုင်ငံတော်သမ္မတကို သူရဦးရွှေမန်း တိုက်တွန်း


Saturday, June 29, 2013

လိုင်လ ၁ရက်နေ့တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် လွှတ်တော် နာယကအဖြစ် တာဝန်လွှဲပြောင်း ရယူမည့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးကို အမြန်ဆုံး ပြန်လည် ကျင်းပပေးရန် တိုက်တွန်းကြောင်း သဝဏ်လွာကို ဇွန်လ ၂၅ ရက်နေ့က သမ္မတဦးသိန်းစိန်ထံ ပေးပို့ထားသည့် ဇွန်လ ၂၈ ရက်နေ့က ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ၏ လုပ်ငန်းစဉ်များကို ဆွေးနွေးရန် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးများ ပြန်လည် ကျင်းပသင့်ကြောင်း ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီသည် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် ဆွေးနွေးလျက် ရှိသော်လည်း အချို့အဖွဲ့များနှင့် ဆွေးနွေးရာ မအောင်မြင်မှုများ ရှိနေသောကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် မလိုလားအပ်သော ဘေးထွက် ဆိုးကျိုးများ ဖြစ်လာနိုင်သည်ဟု လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေး နေကြသဖြင့် ယင်းသို့ သဝဏ်လွှာ ပေးပို့ရခြင်း ဖြစ်ကြောင်း

Friday, June 28, 2013

(၅၁)နှစ် ပြည့်မြောက်ခဲ့သော ဇူလိုင် (၇)ရက်

 
၁၉၆၂ ခုနှစ်၊ ဇူလိုင်လ(၇)ရက်၊ နေ့လည်(၂)နာရီတွင် ဖိနှိပ်ချုပ်ချယ်သော ကျောင်းဆောင် စည်းကမ်း များကို တကသမှ ဦးဆောင်၍ ကျောင်းသား/ကျောင်းသူများ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသည်။ ဘွဲ့နှင်းသဘင်မှ အဓိပတိ လမ်းမအတိုင်း ဆန္ဒပြသူများကို နံပါတ်တုတ်ကိုင် ရဲသားများနှင့် မတရားနှိပ်ကွပ်ကြသည်။ ဦးဆောင် သူ တကသမှ ကျောင်းသားများကိုလည်း ဖမ်းဆီးသွားကြသည်။ ဤတွင် ကျောင်းသားထုကမ ခံမရပ်နိုင်ဖြစ် လာ...ပြီး ရဲများနှင့် ရုန်းရင်းဆန်းခတ် ဖြစ်ကြရတော့သည်။ ရဲများက မျက်ရည်ယို ဗုံးများကိုသုံး၍ အကြမ်းဖက် နှိမ်နင်းသည်အထိ ယုတ်မာ ရိုင်းစိုင်းလာကြသည်။ အဓိပတိလမ်းတွင် ကျောင်းသားထုက မခံမရပ်နိုင်ဖြစ်လာ ကြ၍ ရဲများကိုခဲများဖြင့် ပြန်လည် ပစ်ခတ်ကြတော့သည်။

လက်နက်မပါဘဲ အေးချမ်းစွာ ဆန္ဒပြနေသော ကျောင်းသားထုကို ရန်သူ့ နယ်မြေမှ ရန်သူများသဖွယ် စစ်သားများက ဝိုင်းဝန်း ပစ်ခတ်ကြသည်။ သေဆုံးသူ ကျောင်းသား/ကျောင်းသူများ၏ အလောင်းကို စစ်လော် လီကား(၃)စင်းဖြင့် သယ်ဆောင်သွားပြီး ဖျောက်ဖျက်ပစ်လိုက်ကြသည်။ ကျောင်းသား(၁၀၀)ကျော်သတ်ရုံ ဖြင့်အားမရနိုင်သေးဘဲ ကျောင်းသားထု မှီခိုအားထားရာ ဗမာ့ မော်ကွန်းဝင်မိခင် တ.က.သ အဆောက်အုံကြီး ကိုလည်း(၈.၇.၆၂)ရက်နေ့ နံနက်(၆)နာရီတွင်(ဒိုင်းနမိုက်)နှင့် ဖျက်ဆီး ဖောက်ခွဲ လိုက်ပါတော့သည်။

ထိုဖောက်ခွဲ ဖျက်ဆီးရန်အတွက် ဆွေးနွေးဆုံးဖြတ်ချက်များ ပြုလုပ်ရာတွင် လုံခြုံရေးကောင်စီဝင်များ အားလုံးပါဝင်ပြီး လုံခြုံရေးကောင်စီဥက္ကဌ ဗိုလ်မှူးကြီးကျော်စိုး၊ ဗိုလ်မှူးကြီးလှဟန်၊ ဗိုလ်မှူးကြီးစောမြင့်၊ ဗိုလ်မှူးကြီးဘနီ၊ ထောက်လှမ်းရေးဗိုလ်မှူးကြီး မောင်လွင်၊ ရဲမင်းကြီး ဘအေးတို့ဖြစ်ကြသည်။ ထိုစဉ်က တက္ကသိုလ်နယ်မြေ လုံခြုံရေးတာဝန်ခံ ဒုဗိုလ်မှူးကြီးစိန်လွင်(ရှစ်လေးလုံး အရေးတော်ပုံတွင် ပြုတ်သွားသော သမ္မတ)က တက္ကသိုလ် သမဂ္ဂကြီးအား ဖြိုဖျက်ပြီးနောက် ယခုကဲ့သို့ သတင်းထောက်များအား ခေါ်ယူပြသခဲ့ သည်။(အောက်ပုံ)

ထို(7-July) အရေးအခင်းကြီး၏ အဓိကတာဝန်ရှိသူ တရားခံများမှာ နေဝင်း - စန်းယု(စစ်အုပ်စု) ကြီးပင်ဖြစ်သည်။ လာမည့် (၇.၇.၂၀၁၃)ရက်နေ့သည် ငါတို့၏ဦးလေး၊ ငါတို့၏ အစ်ကိုခွပ်ဒေါင်းကြီးများ သွေးမြေကျ အသက်စတေး တိုက်ပွဲဝင်ခဲ့ကြသည့် (၅၁)နှစ်မြောက် ကျောင်းသားတော်လှန်ရေးနေ့ကြီးပင်ဖြစ် သည်။ ထို့ကြောင့် ထိုနေ့ကို ၈၈ မျိုးဆက်ခွပ်ဒေါင်းများ အားလုံးမှ မမေ့မလျော့ အလေးပြုလိုက်ပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

စစ်အောင်
၈၈ မျိုးဆက်ကျောင်းသားဟောင်း

ပြည်တွင်းစစ် ပြသနာကို အပစ်အခတ် ရပ်စဲရေးနည်းဖြင့် မကုစားနိုင်

 
မြန်မာနိုင်ငံ၏ ပြည်တွင်းစစ် ပြသနာကို အပစ်အခတ် ရပ်စဲသည့် နည်းဖြင့် ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ကြောင်း နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးခြင်းဖြင့်သာ အဖြေရှာ သင့်ကြောင်း ကချင်လွတ်လပ်ရေး အဖွဲ့ KIO ဗဟိုကော်မတီဝင် တစ်ဦးက ဆိုပါသည်။

“အပစ် ရပ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို ကြည့်ပါ။ နှစ်ဖက် ခေါင်းဆောင်တွေ ဘယ်လိုဘဲ ဂတိတွေ ပေးကြ ပေးကြ ဖြစ်နေတဲ့ တိုက်ပွဲက ရပ်မသွားဘူး။ ဒီလိုဖြစ်လာ လိမ့်မယ် ဆိုတာ ကျွန်တော်တို့ KIO က သိနေလို့ နိုင်ငံရေးပြသနာကို နိုင်ငံရေးအရ ဖြေရှင်းပေးဖို့ တောင်းဆိုနေရတာဖြစ်တယ်၊ အဓိက ကတော့ တန်းတူရေးနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့် ရရေးပါဘဲ” ဟု ဆိုပါသည်။

သမ္မတ ဦးသိန်းစိန်သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အားလုံးနီးပါး အပစ်ရပ်စဲ သွားပြီး ဖြစ်၍ မကြာမီတွင် လွှတ်တော်သို့ တင်ပြပြီး တပြည်လုံး အပစ်အခတ် ရပ်စဲရေး သဘော တူညီချက်ကို လက်မှတ် ရေးထိုး နိုင်တော့မည် ဖြစ်သည် ဟု ဇွန်လ ၂၅ ရက်နေ့၌နေပြည်တော်တွင်ပြုလုပ် ခဲ့သည့်

မျိုးစောင့်ဥပဒေကို လွှတ်တော်မှာ ကန့်ကွက်တဲ့အမတ် ၂ဝ၁၅ မဲမရရန် စည်းရုံးမည်ဟု မြစေတီဆရာတော်ဘုရား မိန့်ကြား


 
အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေး သြဝါဒခံယူပွဲကို မြန်မာနိုင်ငံ သံဃာ့ မဟာနာယကအဖွဲ့က ဆရာတော်ကြီးများ၊ သံဃာတော် အပါးတစ်ထောင်ကျော်တက်ရောက်တဲ့ ဇွန်လ ၂၇ရက်နေ့ အခမ်းအနားမှာ မျိုးစောင့်ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းရေး လုပ်ဆောင်သွားမယ်လို့ မိန့်ကြားလိုက်ပါတယ်။
 
Copy from - kamayutmedia

Thursday, June 27, 2013

ဖုန်းဈေးကျမှာကို လွှတ်တော်က ဘာကြောင့် ကြောက်နေသလဲ

 
ဆက်သွယ်ရေးအော်ပရေတာ လုပ်ပိုင်ခွင့်ရတဲ့ ကုမ္ပဏီအမည် ကြေညာမယ့် အစီအစဉ်ကို ရွှေ့ဆိုင်းပေးဖို့ အစိုးရကို တိုက်တွန်းကြောင်း  မနေ့က ပြည်သူ့လွှတ်တော်မှာ ကန့်ကွက်သူမရှိ ဆုံးဖြတ်လိုက်ပါပြီ တဲ့။

သို့သော်လည်း ဆက်သွယ်ရေးဌာနကတော့ စီစဉ်ထားတဲ့အတိုင်း ဒီကနေ့ ကြေညာပါ့မယ် ဆိုတဲ့အကြောင်း ဆက်သွယ်ရေးအော်ပရေတာလုပ်ငန်း တင်ဒါခေါ်ယူရေး ကော်မတီ ဥက္ကဋ္ဌ ဦးဆက်အောင်ကို ကိုးကားပြီး  The Voice Daily သတင်းစာမှာ မျက်နှာဖုံးသတင်းအဖြစ် ရေးထားပါတယ်။

လုပ်ငန်း လုပ်ပိုင်ခွင့်ရမယ့်  ကုမ္ပဏီ ၂ ခု အမည် ကြေညာမယ်လို့ သတင်းထွက်ကတည်းက ဖုန်းကို သင့်လျော်တဲ့ဈေးနဲ့ ကိုင်လိုသူတွေက ၀မ်းသာနေကြတာပါ။ အရံကုမ္ပဏီ ၁ ခု အမည်လည်း ကြေညာမယ်လို့ သိရပါတယ်။

ပြည်သူ့လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ဒီကနေ့ The Voice Daily အယ်ဒီတာ့ အာဘော်မှာလည်း အခုလို ဝေဖန်ထားပါတယ်။

"နှစ်ပေါင်းများစွာ မြန်မာဆက်သွယ်ရေး လုပ်ငန်း၏ တစ်ဖက်သတ် အနိုင်ကျင့်သကဲ့သို့ အပေါ်စီး ယူလွန်းသည်ကို ခေါင်းငုံ့ ခံခဲ့ရသည့် ပြည်သူလူထုအတွက် နိုင်ငံတကာ အဆင့်မီ ဈေးသက်သာသော မိုဘိုင်းလ် ဆက်သွယ်ရေး လုပ်ငန်းများဖြင့် ဝန်ဆောင်မှု ပေးစေလိုသော စီမံကိန်း တစ်ရပ်ကို ဥပဒေပြုမဏ္ဍိုင်သည် သန်းခြောက်ဆယ်သော ပြည်သူလူထု မျက်နှာနှင့် လက်တစ်ဆုပ်စာ လူတစ်စု မျက်နှာ နှစ်ဖက်အနက် မည်သည့်ဘက်ကို ကြည့်မည်နည်းဟု မေးခွန်းထုတ်ရမည် ဖြစ်သည်"

 ပြည်သူ့လွှတ်တော်မှာ ထိုင်နေတဲ့ အမတ်မင်းတွေ ဘယ်သူ့မျက်နှာကြည့်မှာလဲ လို့ ဗြောင် မေးထားတာပါ။

အမတ်မင်းတွေက ပြည်သူ့မျက်နှာ မကြည့်တဲ့အတွက် အဲဒီလို ဆုံးဖြတ်လိုက်ကြတာ ရှင်းနေပါတယ်။

အမတ်မင်း ဆိုရာမှာ ဒေါ်အောင်ဆန်းစုကြည်တို့လို NLD က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ၊ ကြံ့ခိုင်ရေးပါတီနဲ့ တခြားပါတီများက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ၊ တမတ်သား ကိုယ်စားလှယ်တွေကို ဆိုလိုတာပါ။

သူတို့က တယ်လီဖုန်း ကိုယ်စီ ခါးထိုးထားနိုင်သူတွေ ဆိုတော့ ပြည်သူ့မျက်နှာ ဘယ်ကြည့်တော့မလဲ။

ရွှေ့ဆိုင်းရေး အဆိုကို ကန့်ကွက်သူမရှိ ဆုံးဖြတ်တယ် ဆိုတော့ ပြည်သူ့လွှတ်တော်မှာ တယ်လည်း ညီညွတ်ကြပါလားလို့ ဆိုရပါမယ်။

ကန့်ကွက်သူမရှိ သဘောတူတယ် ဆိုတာကိုလည်း ဒီနေ့ထုတ်
ကြံ့ခိုင်ရေးပါတီ သတင်းစာမှာ ရေးထားပါတယ်။ ရွှေ့ဆိုင်းရေး အဆိုတင်သွင်းသူကတော့ တနိုင်းမဲဆန္ဒနယ် ကြံ့ခိုင်ရေးပါတီ အမတ်မင်း ဦးမျိုးဆွေ ဖြစ်ပါတယ်။

"ရေရှည် ယှဉ်ပြိုင်ဆောင်ရွက်ရာမှာ ပြည်တွင်း ကုမ္ပဏီများအနေဖြင့် အခက်အခဲများ၊ ဆုံးရှုံးမှုများနှင့် ရင်ဆိုင် ရနိုင်ပြီး ပြည်ပကုမ္ပဏီများရဲ့ လက်ဝါးကြီးအုပ် ၀ါးမျိုခြင်း ခံရနိုင်တယ် လို့ ပြည်သူလူထုအကြား စိုးရိမ်မှုများ ဖြစ်ပေါ်နေပါတယ်" စသဖြင့် သူက အဆိုတင်သွင်းကြောင်း ကြံ့ခိုင်ရေးပါတီ သတင်းစာ မျက်နှာဖုံးမှာ ရေးထားပါတယ်။

ကုမ္ပဏီတွေ ပြိုင်ဆိုင်ကြတာ ဘယ် ပြည်သူလူထုက  စိုးရိမ်မှာလဲ။ စားသုံးသူဆိုတာ ကုမ္ပဏီတွေ ပြိုင်ဆိုင်တာကို သဘောကျတာ နိုင်ငံတကာရဲ့ ထုံးစံပါ။

ဆက်သွယ်ရေးကုမ္ပဏီတွေ "အခက်အခဲများ၊ ဆုံးရှုံးမှုများ" ရင်ဆိုင် ရတာလည်း နိုင်ငံတကာရဲ့ ထုံးစံပါ။မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေ အာဏာသိမ်း အုပ်ချုပ်တဲ့ ကာလမှာတော့ လုပ်ပိုင်ခွင့် ရတဲ့ ဆက်သွယ်ရေး ကုမ္ပဏီတွေက ဒီလို ဘယ်ရင်ဆိုင်ရပါ့မလဲ။

အမတ်မင်း ဦးမျိုးဆွေရဲ့ အခြေအမြစ်မရှိတဲ့ အထက်ပါ စကားလုံးတွေကို သူ့ပါတီက အမတ်တွေ၊ တမတ်သား အမတ်တွေ သဘောတူတာကြတော့ သဘာဝကျပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နဲ့ တခြား အတိုက်အခံ အမတ်မင်းများက သဘောတူလိုက်ကြတာကတော့ အံ့သြဖွယ်ပါပဲ။ ဘာကြောင့် ထောက်ခံ လိုက်တာလဲ။
အိပ်ငိုက်နေတာကြောင့်များလား။
ပြည်သူတွေ တယ်လီဖုန်း ဖောဖောသီသီ အသုံးပြုချင်တာကို မသိလို့လား။
ပြည်သူတွေ ဘာလိုချင်တယ် ဆိုတာကို မသိဘူး ဆိုရင်တော့ ပြည်သူတွေကြားထဲ မသွားဘဲ

KIA,တပ်ရင်း (၃၆) ဒေသ ဖိုင်ကောင်းတွင် တိုက်ပွဲပြင်းထန်နေ

(ဓါတ်ပုံ-စစ်ပွဲ ဖြစ်ပွားရာလယ်ကွင်း)
ဇွန် (၂၆) ဗုဒ္ဓဟူး။

 ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ ထိန်းချုပ်နယ်မြေဖြစ်သော ရှမ်းပြည်မြောက်ပိုက် ကေအိုင်အေ တပ်မဟာ (၄) လက်အေက် ကေအိုင်အေ တပ်ရင်း (၃၆) ဒေသတွင် ဗမာအစိုးရ ခလရ (၁၂၈) တပ်များနှင့် ကေအိုင်အေ မျိုးချစ်ရဲဘော်များ တိုက်ပွဲဖြစ်ပွားလျှက်ရှိကြောင်း သတင်းရရှိပါသည်။
 
ကေအိုင်အေ တပ်ရင်း (၃၆) ဒေသ ဖိုင်ကောင်းကျေးရွာရှိ ဘုရားရှိခိုးကျောင်း အောက်နား လယ်ကွင်ပြင်တွင် ယနေ့ည (၈း၀၀) နာရီအချိန်ခန့်မှ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ယခုတင်းရေးသားချိန်အထိ တိုက်ပွဲများပြင်းထန်လျှက်ရှိကြောင်း သိရှိရပါသည်။ ဗမာစစ်တပ်ဘက်မှ လက်နက်ကြီးများကို အသုံးပြုပစ်ခတ် နေကြောင်းလည်း သတင်းရရှိပါသည်။
သတင်းရင်းမြစ် - ကချင်သတင်းဌာန

၁၅ နှစ် စီမံချက်အတွင်း မူးယစ်ဆေးဝါးထုတ်လုပ်မှု ၂ ဆ တိုးလာဟု ဒု-ရဲမှူးကြီး ဝန်ခံ

မူးယစ်ဆေးဝါးကင်းစင်ရေး ၁၅နှစ်စီမံကိန်းနဲ့ လုပ်ဆောင်ခဲ့ပေမယ့် ပပျောက်မှုမရှိတဲ့အပြင် ၂ဆတိုးလာတာမို့ နောက်ထပ် ၅နှစ် စီမံကိန်းနဲ့ လုပ်ဆောင်နေရတယ်လို့ ဒုတိယရဲမှူးကြီးက ဇွန်လ ၂၆ရက်နေ့မှာ ဝန်ခံလိုက်ပါတယ်။
Copy from - Kamayut MediaTv

Wednesday, June 26, 2013

TNLA တပ်သားများ တအာင်းစာပေ သင်ကြားပို့ချ...

သတင်းရင်းမြစ် - ဧရာဝတီ

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ယှဉ်ပြိုင်ခွင့်မရှိပါက၂၀၁၅ရွေးကောက်ပွဲ သြစတြေးလျ ကူညီမည်မဟုတ်ဟုဆို

 
ရန်ကုန်၊ ဇွန် ၂၅

သမ္မတနေရာတွင် ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန် တားမြစ်ထားသည်ဆိုသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉(စ)ကို မပြင်ဆင်ပါက၂၀၁၅ ရွေးကောက်ပွဲတွင် သြစတြေးလျ အစိုးရအနေနှင့် အကူအညီ ပေးအပ်မည် မဟုတ်ကြောင်း သြစတြေးလျ-မြန်မာ ပါလီမန် အဖွဲ့ဥက္ကဋ္ဌ Ms. Janelle Saffin က The Voice သို့ ပြောကြားသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် အကူအညီပေးအပ်ရန် ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၏ တောင်းဆိုချက်ကို သြစတြေးလျ အစိုးရ က သဘောတူထားသော်လည်း လွတ်လပ်မျှတမှု မရှိနိုင်သော ရွေးကောက် ပွဲကိုမူ ကူညီမည် မဟုတ်ကြောင်း ၎င်းက ရှင်းပြသည်။

"ခြောက်ပြစ်ကင်း သဲလဲစင် ရွေးကောက်ပွဲမျိုးတော့ မမျှော်လင့်ပါဘူး။ ဒါပေမဲ့ လေဒီကို တားမြစ်ပုဒ်မ (The Lady Prohibition Section 59(f) ) ကတော့ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲအတွက် ခလုတ်ကန်သင်း

ပုဇွန်တောင်ချောင်းအတွင်း ငမိုးရိပ်မိချောင်း တစ်ကောင်အား ယနေ့နံနက်ပိုင်းတွင် ဖမ်းမိခဲ့၊

 
ရေလုပ်သားများမှ ဖမ်းဆီးခဲ့ပြီး သာကေတ မိချောင်းမွေးမြူရေး စခန်းသို့ ပို့ဆောင်

Copy from - Eleven Myanmar

Tuesday, June 25, 2013

မြန်မာစစ်တပ်အချင်းချင်း နှစ်နာရီကြာမှားယွင်းတိုက်ခိုက်

 
မြောက်ပိုင်း သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် အစိုးရတပ်များကြား တိုက်ပွဲများမကြာခဏ ပြန်လည်ဖြစ် ပွားနေချိန် မြန်မာစစ်တပ်အချင်းချင်း စစ်ကူတောင်းရာမှ ကျေးသီးမြို့နယ်အတွင်း ယနေ့နံနက်ပိုင်း၌ နှစ် နာရီကြာ အချင်းချင်း မှားယွင်း တိုက်ခိုက်ခဲ့သည်ဟု သတင်းရရှိပါသည်။
“ကျနော်တို့က ဝမ့်ဝပ်ကနေ ယမာန်နေ့ ညပိုင်းက ထွက်ခွါလိုက်တယ်။ ရလခ တိုင်းလက်အောက်ခံ ခမရ- ၅၂၅ က ဝင်ရောက်အစားထိုးတယ်။ အထပ်ထပ် ဝိုင်းပတ်နေတဲ့ကြားက ရလခ က ရမခ ကို စစ်ကူတောင်း တယ်။ ရွာထဲမှာ ကျနော်တို့ မရှိတော့ဘူးဆိုတာ ရမခ မသိလိုက်လို့ထင်တယ်။ စစ်ကူအဖွဲ့နဲ့ ရွာထဲရှိနေတဲ့ ခမရ- ၅၂၅ နဲ့ တိုက်တော့ တာပဲ” - ဟု ရှေ့တန်းရောက် SSPP/SSA တပ်မှူး တဦးက ပြောပါသည်။

ဂျွန် ၂၄ ရက်နေ့ တွင် နံနက် ၁၀ နာရီအချိန် လင်းခေးအခြေစိုက် ရလခ လက်အောက်ခံ (ခမရ ၅၂၅) နှင့် ကျိုင်းတောင်းအခြေစိုက် ရပခ လက်အောက်လံ ခမရ ၅၆၉ က ပူးပေါင်းအင်အား ၁၀၀ ကျော်က ကျေးသီးမြို့ မြောက်ဘက် ဝမ့်ဝပ်ကျေးရွာအတွင်းအမ် ၆၀၊ ၇၉ ဖြင့် ဝမ့်ဝပ်ဘုန်းကြီးကျောင်းနှင့် ရွာအတွင်းသို့ ဆက်တိုက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ကျေးရွာထဲသို့ဝင်ရောက် သိမ်းပိုက်ရန်ကြိုးစားစဉ်

နိုင်ငံရေးမှာ လိုအပ်ရင် ညွှန့်ပေါင်းဆိုတာ ရှိနိုင်ဟု NLD ဥက္ကဋ္ဌပြော

 ယနေ့ နေပြည်တော်မှာ မီဒီယာသမားတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံစဉ်၊ ဓာတ်ပုံ- NLD 
 
နေပြည်တော်မှာ ယနေ့ ပြန်လည်စတင်လိုက်တဲ့ လွှတ်တော်အစည်းအဝေး ခဏနားချိန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သတင်းမီဒီယာသမားတွေနဲ့ တွေ့ဆုံ
မေးမြန်းချိန်မှာ လက်ရှိ နိုင်ငံရေးအခြေအနေတွေအပြင် ၂၀၁၅ ခုနှစ်အလွန် နိုင်ငံရေးမှာ လိုအပ်ရင် ညွှန့်ပေါင်း ဆိုတာ ရှိနိုင်တယ်လို့ ပြောကြားလိုက်ပါတယ်။ 
 
ဒီအပြင် နိုင်ငံရေးမှာ တံခါးတွေကို ဖွင့်ထားဖို့လိုတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ မီဒီယာသမားတွေနဲ့ တွေ့ဆုံစဉ်မှာ ဘာသူတွေ ဘာတွေ မေးခဲ့လို့ ဘာတွေ ဖြေခဲ့တယ်ဆိုတာ စိတ်ဝင်စားစရာပါ။
 
လွန်ခဲ့တဲ့ ရက်သတ္တ ပတ် ကျော်က အမေရိကန် ပြည်ထောင်စုကို ရောက်နေခဲ့ချိန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ လည်း ဖြစ်၊ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌလည်းဖြစ်တဲ့ သူရ ဦးရွှေမန်းကလည်း တိုင်းပြည်အတွက် လိုအပ်ရင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီနဲ့ ညွှန့်ပေါင်း ဖွဲရင် ဖွဲ့မှာ ပဲလို့ ပြောခဲ့ပါသေးတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီကနေ့ နေပြည်တော်က သတင်းစာရှင်းလင်းပွဲ အသံဖိုင် အပြည့်အစုံကို ဧရာဝတီက ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ 
 

သတင်းရင်းမြစ် - ဧရာဝတီ

Dr.Aye Chan's Historical Talk


 
 
2013 ခုနှစ် ဇွန်လ(၂၂)ရက်နေ့က ဂျပန်နိုင်ငံတွင် People's Forum on Burma (အများစု ဂျပန်လူမျိုးများ)မှ (၁၇) နှစ် မြောက်ညီလာခံ အခမ်းအနားကို ဂျပန်နိုင်ငံ Ikebukuro အရပ်ရှိ Ecotoshima Plaza အဆောက်အဦး (၈) ထပ်တွင် ညနေ(၆)နာရီမှ (၈း၄၅) နာရီထိ ကျင်းပခဲ့ပါတယ်၊
 
ဒီအခမ်းအနားတွင် Sophia University မှ ဂျပန်လူမျိုး ပါမောက္ခ Kei Nemoto San မှ"၁၉၈၂ ခုနှစ်မြန်မာနိုင်ငံသားဥပဒေနှင့် ရခိုင်ပြည်နယ်ရဲ့ လက်ရှိအခြေနေ" ခေါင်းစဉ်အောက်မှာ ဘယ်သူက နိုင်ငံသားလဲ?" မြန်မာနိုင်ငံတော်/ နိုင်ငံသားရဲ့ သမိုင်းအသိ(ခံယူမှု)ကို ကြည့်မယ်၊ ၁၈၂၄ ခုနှစ်လို့ ပြောတဲ့ အတွေး " စသဖြင့် ခေါင်းစဉ်ဝေေ၀ဆာဆာ နဲ့ ဟောပြောခဲ့ပါတယ်၊ ခေါင်းစဉ်ဝေေ၀ဆာဆာနဲ့ ဟောပြော ခဲ့ပါတယ်၊ ဒါပေမယ့် ပါမောက္ခ Kei Nemoto San ရဲ့ဟောပြောချက်ကို ခြုံငုံသုံးသပ်ရရင် 1824-၂၆ ခုနှစ် Englo Burma စစ်ဖြစ်ပြီး ရခိုင်နှင့် တနင်္သာရီ ကို အင်္ဂလိပ်တို့ သိမ်းပိုက်ခဲ့ကြောင်း၊၁၈၅၂ မှာ ရန်ကုန်အပါဝင် အောက်မြန်မာနိုင်ငံကို သိမ်းပိုက်ခဲ့ပုံ၊ ၁၈၈၅ ခုနှစ်မှာတော့ မြန်မာတစ်နိုင်ငံလုံးကို အင်္ဂလိပ်တို့ သိမ်းပိုက်ပြီး အိန္ဒိယနိုင်ငံရဲ့ ပြည်နယ် တစ်ခု အဖြစ်နဲ့ အင်္ဂလိပ်တို့ အုပ်ချုပ်ခဲ့ပုံ၊ အိန္ဒိယ နိုင်ငံသားများ ကို လယ်ယာမြေ လုပ်သားများအဖြစ် ခိုင်းစေခဲ့ရာမှ လယ်ပိုင်ရှင်များဖြစ်ပြီး ငွေတိုးချေးစားတဲ့ ချစ်တီး များ ဖြစ်လာပုံ၊ ၄င်း Indian ချစ်တီးများကို မြန်မာ လူမျိုးများက မကောင်းတဲ့ Image တစ်ခုအဖြစ် မြင်လာကြပုံ၊ ၄င်း အိန္ဒိယ ကုလားများက (၄) နှစ်လောက် ငွေစုဆောင်းပြီး တစ်ချို့ ပြန်သွားကြကြောင်း၊မပြန်တဲ့ လူတွေလည်း အခွန်ငွေများ ပေးဆောင်ကြကြောင်း၊ မြန်မာဘုရင်တွေ နန်းစိုက်ခဲ့တဲ့ မြို့တော်ဟောင်း မန္တလေးကိုတော့ ဂျပန်နိုင်ငံရဲ့ ကျိုတို မြို့တော်ဟောင်း နှင့် ခိုင်းနှိုင်းပြခဲ့ပါတယ်၊ မြန်မာ့သမိုင်းရဲ့ ကုန်းဘောင်ခောတ်မှာတော့ ဗုဒ္ဓဘာသာနဲ့ အတူ မူဆလင်၊ဟိန္ဒူ နှင့် ခရစ်ယန် ဘာသာတွေ ရှိခဲ့ပုံ ၊ တိုင်းရင်းသားတွေအဖြစ် တရုတ်၊ အိန္ဒိယ၊ အာဖဂန်၊ ပါရှန်၊ အာမေးနီးယား နှင့် ပေါ်တူဂီ လူမျိုးများရှိခဲ့ပုံတို့ကို ရှင်းပြပါတယ်၊ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအရ တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ မပါတဲ့ လူမျိုးတွေဟာ တစ်ခုခု သက်သေခံ အနေနဲ့ အထောက်ထားမပြနိုင်ရင်တော့ နိုင်ငံသား ဖြစ်ဖို့ရာ မဖြစ်နိုင်လို့ ဆိုပါတယ်၊ သူသိတဲ့ အိန္ဒိယအနွယ် ကုလားလေးတစ်ယောက်ဆိုရင် RIT စက်မှုတက္ကသိုလ်ကို စတုတ္ထနှစ်ထိ တက်ရောက်အောင်မြင်ခဲ့ပြီး ပဉ္စမမြောက်နှစ်တွင် နိုင်ငံသား အဖြစ်အသိမှတ်ပြု ခံထားရသူ မဟုတ်သည့်အတွက် RIT စက်မှုတက္ကသိုလ် မှ ကျောင်းထုတ်ခံခဲ့ရပုံတို့ ကိုလည်း ပြောပါတယ်၊ ပါမောက္ခ နေမိုးတိုးစံ ရဲ့ ထူးထူးခြားခြား ပြောဆိုချက်ကတော့ မြန်မာ လူမျိုးတွေဟာ ဗုဒ္ဓဘုရားရှင်ရဲ့ သာဂီဝင်အနွယ်မှ ဆင်းသက်လာသည်ဟု ယူဆကြကြောင်း နှင့် ကမ္ဘာ မကျေ နိုင်ငံတော်သီခြင်းဟာ အမျိုးသားရေး အစွမ်းရောက်ကြောင်း ပြောဆိုသွားပါတယ်၊ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံသို့ လာရောက်ခဲ့စဉ်တုန်းက ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေကို ပြန်ပြီး Review လုပ်ရမယ်လို့ ပြောဆိုသွားကြောင်း ၊ ဒီအကြောင်းနဲ့ ဆက်စပ်ပြီး Rohingya ဆိုတဲ့ ဝေါဟာရကို နောက်ဆုံး နိဂုံးချုပ်မှာ ကြားညှပ် ပြောဆိုသွားပါတယ်၊ ဒုတိယတစ်ဦးကတော့ မောင်းတော ဒေသမှာ NGO လုပ်နေတဲ့ Etsuko Nemoto San ဖြစ်ပါတယ်၊ ဒီ အမျိုးသမီးကတော့ Bridge Asia Japan ရဲ့ဥက္ကဋ္ဌ ဖြစ်ပါတယ်၊ မောင်းတောမှာ ကားပြင်သင်တန်းနဲ့ အမျိုးသမီးတွေကို အပ်ခြုပ် သင်တန်းတွေ ပေးခဲ့ပုံ ၊ လမ်း တံတား နဲ့ စာသင်ကျောင်းတွေဆောက်ခဲ့ ပုံတွေကို ရှင်းပြပါတယ်၊ ရခိုင် နှင့် ကုလား အဓိကရုန်းတွေ ဖြစ်ပြီးနောက်ပိုင်း Bridge Asia Japan ရဲ့ လုပ်ငန်းတွေကို ရပ်ထားကြောင်းလည်းပြောသွားပါတယ်၊၊
 
ရခိုင်အမျိုးသားတွေကတော့ ရခိုင်တစ်ပြည်လုံး ချွတ်ခြုံ ကျနေတာ မူဆလင်( ၉၅%) ရှိတဲ့ မောင်းတောဒေသကိုသာ ဘာကြောင့် ရွေးချယ်လုပ်ရသလဲဆိုတဲ့ အတွေးကိုစီ ဖြစ်ခဲ့ကြပါတယ်၊ ဒီ People's Forum on Burma ညီလာခံ မတိုင်မီက သူတို့ရဲ့ Webpage စာမျက်နှာပေါ်မှာ ဂျပန်ဘာသာနဲ့ Rohingya ဆိုတဲ့ အသုံးနှုန်းကို အပ်ကြောင်းထပ်မျှ သုံးနှုန်းထားပြီး ပါမောက္ခ Kei Nemoto San မှ"၁၉၈၂ ခုနှစ်မြန်မာနိုင်ငံသားဥပဒေနှင့် ရခိုင်ပြည်နယ်ရဲ့ လက်ရှိအခြေနေ" ခေါင်းစဉ်အောက်မှာ ဘယ်သူက နိုင်ငံသားလဲ?" မြန်မာနိုင်ငံတော်/ နိုင်ငံသားရဲ့ သမိုင်းအသိ(ခံယူမှု)ကို ကြည့်မယ်၊ ၁၈၂၄ ခုနှစ်လို့ ပြောတဲ့ အတွေး " စတဲ့ ခေါင်းစဉ်ကို Emphasize လုပ်ထားတာတွေ့ရတဲ့အတွက် ရခိုင်အမျိုးသားရေး စိတ်ဓါတ်နိုးကြားသူ ရခိုင်အမျိုးသား (၁၀ )ဦး တက်ရောက်ခဲ့ကြပါတယ်၊ ဂျပန်နိုင်ငံ Kanda University မှ သမိုင်းပါမေက္ခ ဒေါက်တာ အေးချမ်း၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ)ဗဟို ဥက္ကဋ္ဌ ဦးဇော်မင်းခိုင်၊ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ဂျပန်)ဋ္ဌါနခွဲ ဥက္ကဋ္ဌ ကိုလှအေးမောင်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ဂျပန်)ဋ္ဌါနခွဲ ဒုဥက္ကဋ္ဌ(၁)ကို ပေါ်ထွန်းအောင်၊ဒုဥက္ကဋ္ဌ(၂) ကို ခင်မောင်ထွန်း၊ ရခိုင်လူမှုရေးအသင်း(ဂျပန်)ဥက္ကဋ္ဌ ကို မျိုးမင်းသန့်၊ ကိုခင်မောင်အေး(ALD)၊ ကို ဦးကျော်တင်(ALD) ၊ ကို စောလွင် (ALD) နှင့် ကို မောင်မောင်လွင် (ALD) တို့ တက်ရောက်ခဲ့ကြပါတယ်၊ ပါမောက္ခ ဒေါက်တာ အေးချမ်းမှ ပါမေက္ခ နေမိုးတိုးစံ ရဲ့ ဟောပြောချက်များကို တစ်ချက်ချင်း ချေပ ပြောဆိုပြီး ဂျပန်လူမျိုးများလည်း သူရိယ နေမင်းကို ဆွေမျိုးစပ်သည့် အယူအဆရှိကြောင်း ၊ ကမ္ဘာမကြေ သီချင်းသည် အမျိုးသားရေး အစွမ်းရောက် သီခြင်းမဟုတ်ကြောင်း၊ နိုင်ငံတိုင်းတွင် အမျိုးသားသီခြင်းရှိကြောင်းချေပပြောဆိုပါတယ်၊ ကိုလှအေးမောင်မှ Kei Nemoto San နှင့် Etsuko Nemoto San အား ရခိုင်မှာ အဓိကရုန်းတွေ ဖြစ်ခဲ့ရသည်မှာ ယခုလို Rohingya ဆိုသည့် အသုံးနှုန်းကို ပြောဆို ရေးသား ဖော်ပြကြခြင်းသည် ပြဿနာ၏ ရင်းမြစ်ဖြစ်ကြောင်း ၊ နောက်နောင်မသုံးနှုန်းကြပါရန် တိုက်တွန်းပြောဆိုခဲ့ပါတယ်၊ ကိုစောလွင်မှ မြန်မာနိုင်ငံရဲ့ သန်းခေါင်စာရင်းတွေမှာ မည်သည့် အခါမှ Rohingya ဝေါဟာရ မရှိခဲ့ကြောင်း ၊ ဖဆပလ ခောတ်တွင်လည်း ဦးနုမှ သူ့ပါတီ မဲရရှိရေးအတွက် နိုင်ငံရေး ကစားခဲ့ခြင်းသာဖြစ်ကြောင်း ချေပပြောဆိုခဲ့ကြပါတယ်၊ ဇော်မင်းထွဋ်(ကုလား)ကတော့ မြန်မာနိုင်ငံမှာ တိုင်းရင်းသား (၁၄၄) မျိုး ရှိခဲ့ကြောင်း အရှက်သိက္ခာမဲ့စွာ အထောက်ထားမရှိပဲ ပြောဆိုခဲ့ပါတယ်၊    အကြောင်းရာ အားလုံးကို ခြုံငုံ သုံးသပ်ရရင်တော့ ပါမောက္ခ နေမိုးတိုးဟာ ဒီအခမ်းနားကို ရခိုင်အမျိုးသားတွေ ရောက်ရှိလာတဲ့အတွက် ကိုယ်ရှိန်သတ် ပြောဆိုသွားပုံ ရပါတယ်၊ အရှေ့ တောင်အာရှ သမိုင်းပါမေက္ခ ရခိုင်အမျိုးသား ဒေါက်တာ အေးချမ်း အတွက်ကတော့ ဒီပွဲဟာ Light Weight ပွဲလေး တစ်ပွဲသာ ဖြစ်ကြောင်း သုံးသပ်မိပါကြောင်းပါ ခင်ဗျား
 
Copy from - Hla Aye Maung(FB)မှ

မလေးရှားရောက် သီတဂူဆရာတော်ကြီးရဲ.မေတ္တာ ဂရုဏာ နဲ့ မုဒိတာ

 
ယနေ.ဝမ်းသာစရာမြင် ကွင်းက တော့ သီတဂူ ဆရာတော် ကြီး ကိုယ်တိုင်မလေးရှား လဝကသို့ကြွရောက် ပြီး မြန်ပြည်ပြန် မည့် သူများ ကို သြဝါဒ မိန့်ကြားကာ လဝက သို့ပေးရမည့်ဒဏ်ငွေ ကို လူပေါင်း၈၀ အတွက် ဒါ နပြုလှူဒါန်း လိုက်တာပါ။

နောက်ထပ် မြန်ပြည် ပြန် မည့် သူများကိုလည်း ဆက် လက် လှူဒါန်း ပြီး ((သီတဂူပရဟိတမ လေး ရှား)) ကို ယနေ့ပင် ဖွဲ့စည်း လိုက်သည်။

နောက် ထပ် စိတ်မ ကောင်းစရာ မြင် ကွင်းက တော့ လဝက ထဲကို လက် ထိပ်တန်းလန်းနဲ့ဝင်လာတဲ့မြန်မာ အ မျိုး သား ၈ ဦး ပါပဲ ရင် ထဲမှာ စိတ်မ ကောင်း ဘူးပြန် တဲ့လူ ကပြန်ကြအဖမ်းခံရတဲ့လူကအဖမ်းခံ နေရတယ်၊ဘာကြောင့် ဖမ်း တယ် ဆိုတာတော့ မသိနောက်ထပ် အချုပ် ထောင် ထဲမှာမြန်မာ တွေဘယ် လောက် ရှိ နေသေးတာလဲသူတို့တွေက ကော ဘယ် တော့ လွှတ်မှာလဲ ဘယ်တော့ ပြန်ရမှာလဲ ကျေးဇူးပြုပြီး အချုပ် ထောင် ထဲက မြန်မာဒုက္ခသည် တွေကိုဦးစားပေး ခေါ်ထုတ်
ပေးစေချင်တယ်ဗျာ လက် ထိပ် တန်း လန်းနဲ့ဝင်သွားတဲ့မြန်မာ ၈ ယောက်ကိုမျက်စိထဲက မထွက် ဘူး၊ဒါ

ရန်ကုန်-ဒလ မြစ်ကူးတံတား တည်ဆောက်ရန် ကိုရီးယားကုမ္ပဏီမှ တိုင်းတာရေးလုပ်ငန်းများ ပြုလုပ်မည်

အမေရိကန်ဒေါ်လာ ၆ သိန်း ၂ သောင်း ကုန်ကျမည်ဖြစ်ကာ ၆ လအတွင်း ဆောင်ရွက်သွားမည်

Copy from - Eleven Myanmar

ရင်နစ်ဖွယ်အပြန်ခရီးနှင့် အပူမီးကိုငြိမ်းသူများ

 
မြင်ကွင်းထဲတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ လေဆိပ်ဆိုက်ရောက် ဧရိယာထဲ၌ နိုင်ငံ ရပ်ခြားမှ ပြန်လည် ရောက်ရှိလာကြသော မိမိတို့၏ မိသားစုဝင်များအား ဝမ်းသာအားရ ပွေ့ဖက်နှုတ်ဆက် ပျော်မြူး နေကြသော မိသားစုဝင်များ၏ ပျော်ရွှင်ဖွယ်ရာမြင်ကွင်းလေးအား မြင်ရပြန်တော့ မိမိကိုပါ ထိုပီတိ ကလေးကူးစက်၍ ပျော်ရွှင်ကြည်နူးသလို ခံစားမိပါသည်။

အော်…“သွားလမ်းသာ၍ လာလမ်းဖြောင့် ကြသူများပါတကား” ဟုတွေးမိသလို အခြားတဖက် လူမသိသူမသိလေဆိပ်၏ နောက်အပေါက် ပစ္စည်းအ ဟောင်းများ ထားရှိရာနေရာ ညောင်ပင်အိုကြီး၏ အရိပ်အောက်ရှိ လေဆိပ်သုံး ထော်လီတစ်စင်းပေါ်တွင် အထပ်ထပ်ထုတ်ပိုးထားသော အခေါင်းသေတ္တာတစ်လုံးနှင့်အတူ ဘေးဝဲယာတွင် အော်ဟစ်ငိုကြွေး ပူဆွေး နေကြသော မိသားစုတစ်စု အော်… “သွားလမ်းသာခဲ့ပေမယ့် ရင်နင့်ဖွယ်အပြန်ခရီး” နဲ့ မိသားစုဝင်တွေ မျက်ရည်တွေနှင့် ဆီးလို့ကြိုနေသော မြင်ကွင်းကလေးသည် မိမိတို့၏ နှလုံးသားကို စူးနစ်ကြေကွဲစေခဲ့လေ ပြီ။ ထိုမြင်ကွင်းလေးအား ဘယ်သောအခါမှ မေ့နိုင်တော့မည် မဟုတ်တော့ချေ။

၂.၆.၂ဝ၁၃ ရက်နေ့တွင် မလေးရှားနိုင်ငံ၌ ရက်စက်စွာ အကြမ်းဖက်သတ်ဖြတ်ခြင်းကြောင့် ကွယ် လွန်ခဲ့ရသော ကိုဇော်ဝင်းထိုက် အသက် (၃၁) နှစ်၏ ရုပ်အလောင်းအား မိဘဆွေမျိုး ညီအစ်ကို မောင်နှမ

Monday, June 24, 2013

ဂျပန်-မြန်မာ ချစ်ကြည်မှု ရာပြည့်အခမ်းအနား ရန်ကုန်တွင်ကျင်းပ၊ ဦးဥတ္တမ အခန်းကဏ္ဍကို ပြောကြား

 


ဂျပန်-မြန်မာ ချစ်ကြည်မှု နှစ် ၁ဝဝပြည့်အခမ်းအနားကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီမှာ ဇွန်လ ၂၂ရက်နေ့က ကျင်းပခဲ့ပြီး အမျိုးသားလွတ်မြောက်ရေး လှုံ့ဆော်သူ ဆရာတော် ဦးဥတ္တမရဲ့ အဆိုအမိန့်တွေ မှေးမှိန်နေပြီလို့ ပညာရှင်တစ်ဦးက ပြောဆိုလိုက်ပါတယ်။
 
Copy from - Kamayut MediaTv

ကုသိုလ်တော်ကျောက်စာ ကမ္ဘာ့ယဉ်ကျေးမှုမှတ်တမ်းဝင်

Madalay Kuthodaw
Madalay Kuthodaw
 
မန္တလေးမြို့မှာရှိတဲ့  ကုသိုလ်တော်လို့ခေါ်တဲ့ မဟာလောက မရဇိန်ကျောက်စာကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုဆိုင်ရာ UNESCO အဖွဲ့ကြီးက Memory of World ကမ္ဘာ့မှတ်တမ်း စာရင်းမှာ ထည့်သွင်း သတ်မှတ်ပေးခဲ့ပါတယ်။

စာရွက်စာတမ်း၊ အထောက်အထား၊ မှတ်တမ်း စတဲ့ သမိုင်းအတွက်အရေးပါတဲ့ အထောက်အထားတွေကို ထိန်းသိမ်းနိုင်ဖို့အပြင် သမိုင်း အချက်အလက်တွေကို လူတိုင်း လေ့လာကြည့်ရှုနိုင်အောင် အကူအညီပေးတဲ့ ကမ္ဘာ့မှတ်တမ်းစာရင်းမှာ ထည့်သွင်းဖို့ တောင်ကိုရီးယား နိုင်ငံ Gwangju မှာ ကျင်းပတဲ့ ယူနက်စကိုအစည်းအဝေးမှာ လက်ခံလိုက်တာဖြစ်ပါတယ်။

ဇွန်လ ၁၈ ရက်ကနေ ၂၁ ရက်အထိကျင်းပတဲ့ ကမ္ဘာ့မှတ်တမ်းစာရင်း သတ်မှတ်တဲ့ ကော်မတီအစည်းအဝေးကို နိုင်ငံပေါင်း ၄၀ ကနေ ၅၄ နေရာအတွက် အသစ်တင်သွင်းခဲ့ပြီး ဒီအထဲမှာ မြန်မာနိုင်ငံက ကုသိုလ်တော်အပြင် နီပေါနဲ့ အစ္စရေး နိုင်ငံတွေက သမိုင်းဝင်နေရာတွေလည်း ပါဝင်ပါတယ်။

ဖူဂျီ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် စာရင်းဝင်

နှင်းတွေဖုံးနေတ့ ဖူဂျီတောင်။
နှင်းတွေဖုံးနေတဲ့ ဖူဂျီတောင်။
 
ဂျပန်နိုင်ငံရဲ့ အထင်ကရအဖြစ်ဆုံး ဖူဂျီ (Fuji) တောင်ကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် ထိမ်းသိန်းစောင့်ရှောက်ရမယ့် နေရာအဖြစ် သတ်မှတ်လိုက်လို့ ဂျပန်နိုင်ငံ အထူးဂုဏ်ယူနေပါတယ်။ ပေတစ်သောင်း နှစ်ထောင်ကျော်မြင့်တဲ့ Fuji တောင်ဟာ ဂျပန်လူမျိုးတွေအတွက် ယဉ်ကျေးမှုအရရော ဘာသာရေးအရပါ တန်ဖိုးထားရတဲ့နေရာပါ။

UNESCO ကုလသမဂ္ဂ ပညာရေး သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့က အဲဒီလို သတ်မှတ်ဖို့ မဲပေးရွေးချယ်နေတာကို Fuji တောင်တဝိုက် မြို့တွေမှာ ဒေသခံတွေ အများနဲ့သက်ဆိုင်တဲ့ခမ်းမတွေကနေ ရုပ်မြင်သံကြား အကြီးကြီးတွေနဲ့ အချိန်နဲ့တပြေးညီ ကြည့်ရှုနေခဲ့ကြပြီး၊ နောက်ဆုံး အဖြေထွက်လာတော့ ဝမ်းသာအားရ

ဦးဝီရသူ၊ မြန်မာ ဗုဒ္ဓဘာသာနှင့် ပတ်သက်၍ TIME မဂ္ဂဇင်းအား သမ္မတရုံး ကန့်ကွက်

Time မဂ္ဂဇင်းတွင် "THE FACE OF BUDDHIST TERROR" ဟု အမည်ပေးထားသော ဆောင်းပါးနှင့် ၎င်းခေါင်းစဉ်ကို မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူအား မျက်နှာဖုံးတွင် ယှဉ်တွဲဖော်ပြမှုကို မြန်မာ သမ္မတရုံးက အင်တာနက် စာမျက်နှာမှ တဆင့် ဇွန်လ ၂၃ ရက်က ကန့်ကွက် လိုက်သည်။

“တိုင်းမ်မဂ္ဂဇင်းပါ ဖော်ပြချက်သည် နှစ်ပေါင်းထောင်ချီ၍ တည်တံ့လာခဲ့ပြီး မြန်မာနိုင်ငံသား အများစု ကိုးကွယ်ရာ ဖြစ်သော ဗုဒ္ဓဘာသာ သာသနာတော်အပေါ် အထင်အမြင်လွဲမှားစေပြီး လက်ရှိ ဆောင်ရွက်နေ သည့် ဘာသာပေါင်းစုံတို့အကြား အပြန်အလှန် ယုံကြည်မှု တည်ဆောက်နေခြင်းကိုလည်း ထိခိုက်စေနိုင်ကြောင်း တွေ့ရသည်” ဟု သမ္မတရုံးက ဆိုသည်။

ယင်းအပြင် မြန်မာနိုင်ငံသည် ဘာသာရေးခွဲခြားမှုမရှိဘဲ လွတ်လပ်စွာ ကိုးကွယ်ခွင့် ပြုထားသော နိုင်ငံဖြစ်ပြီး ခရစ်ယာန် ဘာသာသာသနာ၊ အစ္စလာမ် ဘာသာသာသနာ၊ ဟိန္ဒူဘာသာ သာသနာနှင့် နတ်ကိုးကွယ်သော ဘာသာတို့ကို ကိုးကွယ်ရာ ဘာသာများအဖြစ် အသိအမှတ် ပြုထားကြောင်းလည်း

ရှမ်းပြည် မြောက်ပိုင်း စစ်ရေးတင်းမာ

sspp-ssa-soldier-b305
SSPP/SSA ရှမ်းပြည်တပ်မတော် မြောက်ပိုင်း တပ်သားများကို ၂၀၁၂ ခုနှစ်အတွင်း ရှမ်းပြည်မြောက်ပိုင်း တပ်စခန်းတနေရာတွင် တွေ့ရစဉ်။ Photo courtesy of Shanland
 
ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တပ်စခန်းတစ်ခုကို အစိုးရတပ်က နောက်ဆုတ်ပေးဖို့ ဒီရက်ပိုင်းအတွင်းက တောင်းဆိုခဲ့ပေမယ့် SSPP/SSA အဖွဲ့က သဘောမတူဘူးလို့ သိရပါတယ်။
 
အခုရက်ပိုင်းအတွင်းမှာပဲ ရှမ်းပြည်အလယ်ပိုင်း ခိုလန်မြို့အခြေအစိုက် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကနေ မိုင်းရှုးမြို့နယ်အတွင်းက တာဆန်းပူးဆိုတဲ့ SSPP/SSA စခန်းတစ်ခုကိုဆုတ်ပေးဖို့ စစ်ဦးစီးပထမတန်း ဗိုလ်မှူးကြီးကိုယ်တိုင် တယ်လီဖုန်းနဲ့ အကြောင်းကြားလာတာဖြစ်တယ်လို့ ရှမ်းသတင်းရပ်ကွက်အဆိုအရ သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုး စိုင်းလောင်စိုင်းက "သူတို့ဖယ်ခိုင်းတိုင်း ကျွန်တော်တို့ ဖယ်လို့မရဘူး၊ ဒီမှာ ကျွန်တော်တို့

အကြမ်းဖက်အထိကရုံန်း လက်သယ် ဘယ်သူလဲ? ဖေါ်လိုက်ပြီ

 
အပိုင်း(၁)
ဆဲချင်သလိုဆဲ မတတ်နိုင်တော့ပြီ အမှန်ကိုတော့ ရေးတော့မည်။
ဗိုလ်သန်းရွှေ ဗိုလ်မောင်အေးတို့မဆင်းခင်လေး ရှုပ်ထား ယုတ်ထားသမျှ ကျနော့ဆီ အရောက်ပေးပို့လာကြသော တပ်မတော် အရာရှိကလေးများကိုတော့ အားနာသည်။ သို့သော် အမှန်တရားအတွက် ကျနော်ဖေါ်ကောင် လုပ်ပေးတော့မည်။

ပြသနာအစက အမေရိကန် အထက်လွှတ်တော် အမတ် ဂျင်ဝက် မြန်မာပြည်သွားသော ကာလတွင် ဗိုလ်သန်းရွှေနှင့် တရုတ်တို့ ချေခြင်းလိမ်တော့သည်။

ဗိုလ်သန်းရွှေတို့ တပ်မတော်က အကြွေးအလွန်ထူနေသောကြောင့်ထွက်ပေါက်ရှာရေးမဟာဗျူဟာခင်းခဲ့ကြသည်။ ဂျင်ဝက်၏ ချီးကျူးထောပနာပြုမှုအတွက် အမြတ်ထွက်အောင် ဘဘကြီး ဗိုလ်ရွှေကိုယ်တိုင်တွေ့ဆုံပြီး ရှေးမြန်မာအနာဂတ်အတွက် အကြေလည်ရှင်းပြပြီး ၂၀၁၀ ရွေးကောက်ပွဲအကြောင်း ဂျင်ဝက်နှင့် နိုင်ငံတကာသို့ လက်ဆောင်ပါးလိုက်သည်။
ရွေးကောက်ပွဲ ကျင်းပရန် ၂လခွဲတင်းတင်းလောက် လိုသော ၂၀၁၀ ခုနှစ် သြဂုတ်လ ၁၅ ရက်တွင် ဂျင်ဝက်အား ဗိုလ်သန်းရွေက ၂ နာရီကြာမျှတွေ့ဆုံပြီး အသေးစိတ်ချပြကာ ၄င်းလိုချင်သော အခြေနေအား နားချသည်။ တဖက်မှလဲတရုတ်ပြည်နှင့် နားလည်မှုရအောင် Lion Share ဟုခေါ်သော စီမံကိန်းကြီးများဖြင့် မက်လုံးပေးထားသည်။ သို့သော် နိုင်ငံတကာ ကြွေးမြည်အား တရုတ်မှ ဆပ်ပေးမည်မဟုတ်သကဲ့သို့ ပိတ်ဆို့မှုများဖြင့် တင်းကြပ်နေသော မြန်မာ စစ်အစိုးရက ဂျင်ဝက်ဆိုသော

Saturday, June 22, 2013

ဖက်ဒရယ် ပြည်ထောင်စုစနစ် တပ်မတော်လက်ခံအောင် ဆောင်ရွက်မည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

 
ရန်ကုန်၊ ဇွန် ၂၀

တိုင်းရင်းသား ခေါင်းဆောင်များက (၆၅) နှစ်ကြာ တောင်းဆိုခဲ့သော ဖက်ဒရယ် ပြည်ထောင်စုစနစ် ကျင့်သုံးရေးကို တပ်မတော်က လက်ခံလာအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
...
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA)မှ တိုင်းရင်းသား ပါတီ ငါးခု၏ ထိပ်ပိုင်း ခေါင်းဆောင်များနှင့် ဇွန်လ ၁၈ ရက်နေ့က တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်၌ တွေ့ဆုံစဉ် ၎င်းက ယင်းသို့ ပြောကြားခြင်းဖြစ်သည်။

တိုင်းပြည် အနာဂတ်အတွက် ဖက်ဒရယ် ပြည်ထောင်စုကို မဖြစ်မနေ ထူထောင်ရမည် ဖြစ်ပြီး ယင်းအတွက် အခြေခံဥပဒေ ပြင်ဆင်ရာတွင် တစ်ဆင့်ပြီး တစ်ဆင့် အချိန်ယူ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း တပ်မတော်မှ ဖက်ဒရယ်ကို လက်ခံလာအောင် ရှင်းပြ ပြောဆိုမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

တိုင်းရင်းသားပါတီ ခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံစဉ် ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရေး၊ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ရွေးကောက်ပွဲစနစ်များနှင့် ပတ်သက်၍ အဓိက ဆွေးနွေးခဲ့ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်

TIME မဂ္ဂဇင်းရေးသားချက် ပြည်ပရောက်ဘုန်းတော်ကြီးတချို့ပယ်ချ

အရှင်ဝီရသူ (လယ်)
အရှင်ဝီရသူ (လယ်)
 
အခုတပတ်ထုတ် Time မဂ္ဂဇင်းနဲ့ နယူးယောက်ခ်တိုင်းမ်သတင်းစာတို့မှာ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင်တချို့ရဲ့ လုပ်ရပ်တွေအပေါ် ဝေဖန်ရေးသားထားတဲ့ ဆောင်းပါးတွေနဲ့ပတ်သက်ပြီး ပြည်ပမှာ သီတင်းသုံးနေကြတဲ့ သံဃာတော်တချို့က ဒီရေးသားမှုတွေဟာ မှန်ကန်ခြင်းမရှိဘူးလို့ ပြန်လည်ချေပလိုက်ကြပါတယ်။ ဒီတပတ်ထုတ် တိုင်းမ်မဂ္ဂဇင်းမှာ “ဗုဒ္ဓဘာသာရဲ့ ကြမ်းတမ်းသောမျက်နှာစာ” ဆိုတဲ့ ခေါင်းစဉ်နဲ့ အဓိကအားဖြင့်တော့ အရှင်ဝီရသူကို အိုစမာဘင်လာဒင်နဲ့တင်စားပြီး သွေးထွက်သံယိုမှုကို လှုံ့ဆော်သူအဖြစ် ဝေဖန်ရေးသားထားသလို The New York Times သတင်းစာထဲမှာ မြန်မာ ဗုဒ္ဓဘာသာတွေအကြား အစွန်းရောက်ဝါဒ ပေါ်ထွန်းလာခြင်းဆိုတဲ့ မွတ်ဆလင်တွေအပေါ် အကြမ်းဖက်ခဲ့ကြတယ်ဆိုပြီး ဝေဖန်ရေးသားခဲ့တာဖြစ်ပါတယ်။

 ဒီရေးသားချက်တွေနဲ့ပတ်သက်ပြီး ကနေဒါနိုင်ငံ၊ တိုရန်တိုမြို့က ဆရာတော် ဦးကောဝိဒက အခုလို တုံ့ပြန်ခဲ့ပါတယ်။

“အခုလို The Buddha Terror face ဆိုပြီး လုပ်တာက တော်တော်လေး ထိခိုက်သွားတယ်။ ဒါ တိုင်းမ် မဂ္ဂဇင်းကြီးလို ကမ္ဘာမှာ သြဇာအာဏာရှိတဲ့ မဂ္ဂဇင်းကြီးက မလုပ်သင့်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ မွတ်ဆလင်ဘာသာကို အဲလို သွားရေးလို့ရှိရင် သူတို့ တော်တော်လေး ဒုက္ခရောက်သွားလိမ့်မယ်။ ဗုဒ္ဓဘာသာကတော့ ဘုရားတွေကို ဖျက်ဆီးနေတာတောင်မှ ဘုန်းဘုန်းတို့ ဗုဒ္ဓဘာသာက ငြိမ်နေတယ်လေ။ အဲဒီတော့ ဦးဝီရသူကို ဘင်လာဒင်နဲ့ နှိုင်းတာတို့၊ ဗုဒ္ဓဘာသာနဲ့ မွတ်ဆလင်ကြား မုန်းတီးရေးဖြစ်အောင်လုပ်တာတို့တော့ ဘုန်းဘုန်းက မကြိုက်ဘူး။ သူလည်း အဲဒီလို ဟောမယ်မထင်ဘူး။ အခု ဗမာပြည်မှာ ဖြစ်သွားတဲ့ကိစ္စတွေကို ဘုန်းဘုန်းတို့ ပြန်ကြည့်လိုက်လို့ရှိရင် ရခိုင်မှာဖြစ်တဲ့ကိစ္စ၊ မိတ္ထီလာမှာဖြစ်တဲ့ကိစ္စ၊ နောက်တခါ ဥက္ကံမှာဖြစ်တဲ့ကိစ္စတွေဟာ ဗုဒ္ဓဘာသာတွေက စခဲ့တာမဟုတ်ဘူး တကာကြီး။ တခြားဘာသာဝင်တွေက စတော့ မခံနိုင်လို့ ဖြစ်တာနဲ့တူတယ်။ အဲဒီတော့ အလွန်သိက္ခာရှိတဲ့ မဂ္ဂဇင်းကြီးတစ်စောင်က ဒီလိုကြီး ရေးလိုက်တယ်ဆိုတော့ ဘုန်းဘုန်းတို့ နိုင်ငံခြားမှာနေတဲ့

ကွတ်ခိုင်မြို့နယ်တွင် မြန်မာစစ်တပ်နှင့် T.N.L.A တို့ စစ်ပွဲများ ပြင်းထန်နေ

 
ဇွန်လ၊ ၂၂ရက်၊ ၂၀၁၃
 
ကွမ်လုံအခြေစိုက်မြန်မာစစ်တပ် ခလရ တပ်ရင်း ၁၄၅နှင့် ကွတ်ခိုင်အခြေစိုက်တပ်ရင်း ၄၅တို့မှ T.N.L.A ထိန်းချုပ် နယ်မြေအတွင်းသို့ ထိုးစစ်ဆင်းနေခြင်းကြောင့် ယနေ့ ဇွန်လ ၂၂ရက်နေ့ မနက် ၈နာရီကျော်အချိန်တွင် T.N.L.A တပ်ရင်း ၁၀၁ တပ်ခွဲ ၂ နှင့်တိုက် ပွဲတစ် ကြိမ်ဖြစ်ပွားခဲ့ပြီ နေ့လည်ပိုင် ၁၁ နာရီ ၄၅မီနစ်တွင် T.N.L.A တပ်ရင်း ၁၁၂ နှင့်တစ်ကြိမ် ထပ်မံရင်ဆိုင်တိုက်ပွဲဖြစ်ပွားနေကြောင်း သိရှိရသည်။
 
မြန်မာတပ်ရင်း ၁၄၅နှင့် တပ်ရင်း ၄၅ ပူးပေါင်းတပ်တို့မှ ကွတ်ခိုင်မြို့နယ် T.N.L.A ထိန်းချုပ် နယ်မြေအတွင်း စစ်တပ်အင်အား ထိုးစစ်ဆင်းလာသဖြင့် T.N.L.A တအာင်း(တအန်း) တပ်မတော်နှင့် ရင်ဆိုင်တိုက်ပွဲ ဆက်တိုက်ဖြစ် ပွားကြောင်း သိရှိရသည်။
 
ယနေ့မနက် ၈ နာရီအချိန် ကွမ်လုံအခြေစိုက် ခလရ တပ်ရင်း ၁၄၅မှ T.N.L.A ၁၀၁ တပ်ရင်းတပ်ခွဲ ၂ နှင့် K.I.A တပ်ရင်း ၈ တပ်ခွဲတို့ကို စတင်ပစ်ခတ်ခြင်းကြောင့် ၃၀ မီနစ် ကြား နှစ်ဖက် ရင်ဆိုင်တိုက်ပွဲဖြစ်ပြီ

လျှပ်စစ်ကား တကြိမ်အားဖြည့်ရုံနဲ မိုင် ၂၀၀ ကျော်မောင်းနှင်နိုင်


အင်တာနက်ကနေ စီးပွားရေးဝန်ဆောင်မှုလုပ်နေတဲ့ Pay Pal ကုမ္ပဏီကို ပူးတွဲတည်ထောင်သူလည်းဖြစ်၊ လျှပ်စစ်ကားထုတ်လုပ်တဲ့ Tesla ကားကုမ္ပဏီပိုင်ရှင် ဘီလီယံနာသူဋ္ဌေးကြီး Elon Musk က ခရီးရှည်သွားနိုင်လာနိုင်တဲ့လျှပ်စစ်ကား ပြုလုပ်နိုင်ဖို့အတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်နေပါတယ်။

...
Los Angeles မြို့မှာရှိတဲ့ Tesla ကုမ္ပဏီရဲ့ ဒီဇိုင်းထုတ်လုပ်တဲ့ စတူဒီယိုမှာ ကြာသာပတေးနေ့က ပြုလုပ်တဲ့အခမ်းအနားမှာ Musk က အားကုန်သွားတဲ့ ဘက်ထရီနေရာမှာ အားအပြည့်ဖြည့်ထားတဲ့ ဘက်ထရီနဲ့ အစားထိုးထားတဲ့ ဘက်ထရီလဲတဲ့စနစ် အသစ်ကို ကြေညာခဲ့ပါတယ်။ အဲဒီ ဘက်ထရီအသစ်လဲတဲ့စနစ်က ဓာတ်ဆီလီတာ ၅၀ လဲတာနဲ့ အချိန်အတူလောက်ပဲရှိမှာဖြစ်သလို တန်ဖိုးအားဖြင့်လည်း အတူတူလောက်ပဲရှိမှာဖြစ်ပါတယ်။

Tesla’s က ဘက်ထရီအားအသစ် ပြန်သွင်းတဲ့နေရာမှာ ဘက်ထရီကို အလကား ပြန်သွင်းနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီလို ဘက်ထရီ အားပြန်သွင်းဖို့အတွက်ဆိုရင်တော့ နာရီဝက်လောက်ကြာမှာ ဖြစ်ပါတယ်။ ဘက်ထရီ အားအပြည့်ရှိတဲ့ကားတစင်း ပျမ်းမျှအားဖြင်တော့ မိုင် ၂၅၀ ကျော်ကျော်လောက်

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ င၀န်မြစ်အတွင်း လက်ထိတ်တန်းလန်းဖြင့် သေဆုံးနေသော အမျိုးသမီးအလောင်း ဇွန် ၁၉ ရက်နေ့က ပေါ်ခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ ပုသိမ်မြို့တဘက်ကမ်း သင်္ဘောကျင်း ရဲစခန်းမှ ဒု ရဲအုပ် တဦးအပါအ၀င် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၅ ဦးအား ဖမ်းဆီး ထိမ်းသိမ်းထားကြောင်း သတင်းရရှိသည်။

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ င၀န်မြစ်အတွင်း လက်ထိတ်တန်းလန်းဖြင့် သေဆုံးနေသော အမျိုးသမီးအလောင်း ဇွန် ၁၉ ရက်နေ့က ပေါ်ခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ ပုသိမ်မြို့တဘက်ကမ်း သင်္ဘောကျင်း ရဲစခန်းမှ ဒု ရဲအုပ် တဦးအပါအ၀င် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၅ ဦးအား ဖမ်းဆီး ထိမ်းသိမ်းထားကြောင်း သတင်းရရှိသည်။
 
ဖမ်းဆီး ထိမ်းသိမ်းခံထားရသည့် ရဲတပ်ဖွဲ့ဝင်များမှာ လက်ထိတ်တန်းလန်းဖြင့် ရေနစ်သေဆုံးခဲ့သူ မသန်းသန်းအေး၏ အမှုအား ကိုင်တွယ် စစ်ဆေးနေသည့် ဒုရဲအုပ် နိုင်အောင်ကျော်၊ တပ်ကြပ်ကြီး ကြည်လင်၊ တပ်ကြပ် နေထွန်း၊ တပ်ကြပ် ဇော်မင်းထွန်း နှင့် ဒုတပ်ကြပ် ကျော်လင်းနိုင်တို့ဖြစ်ပြီး ၎င်းတို့အား ပုသိမ်မြို့ရှိ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးအတွင်း ချုပ်နှောင်ထားကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့နှင့် နီးစပ်သူတဦးက ပြောသည်။
 
“ကောင်မလေး သေတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ သူတို့ ၅ ဦးကို တိုင်းရဲရုံးမှာ ချုပ်ထားတယ်။ တိုင်းရဲမင်းကြီး အမိန့်နဲ့ ဖမ်းတာလား၊ ရဲချုပ်အမိန့်နဲ့ ဖမ်းတာလားတော့ မသိဘူး။ ရဲဥပဒေ အရတော့ သူတို့ ရာထူးက ပြုတ်ဖို့များတယ်။ ထောင်လည်း ကျနိုင်တယ်။ လက်ရှိမှာ စခန်းမှူးကိုလည်း မြို့နယ်ရဲမှူးက

တိုင်းပြည်မလုံခြုံလို့ ဒုက္ခသည်တွေရှိတာဟု ဦးအောင်မင်း ဝန်ခံပြောဆို



 
ဒုက္ခသည်တွေဟာ တိုင်းပြည်မလုံခြုံလို့ ထွက်ပြေးတိမ်းရှောင်သွားတာမို့ ပြန်လာအောင် အတင်းအကြပ်လုပ်ဆောင်လို့ မတရတဲ့အကြောင်းနဲ့ ဘဝလုံခြုံရေးကို အစိုးရက တာဝန်ယူရမယ်လို့ သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းက ကမ္ဘာ့ဒုက္ခသည်များနေ့ ဇွန်လ ၂၁ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။
 
Copy from - Kamayut MediaTv

မြောက်ပိုင်း သျှမ်းပြည်တပ်မတော်၏ တပ်စခန်းအား အစိုးရစစ်တပ် ထပ်မံတိုက်ခိုက်

 
သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း စခန်းချထားသည့် သျှမ်းပြည်တိုးတက်ရေးပါတီ/သျှမ်းပြည်တပ်မတော်၏ တပ်စခန်းဆီသို့ မြန်မာစစ်တပ်က တက်တိုက်သဖြင့် ယမန်နေ့က ၂ နာရီကြာတိုက်ပွဲဖြစ်ပွါးခဲ့ကြောင်း စုံစမ်း သိရှိရသည်။

“ကျေးသီးမြို့ ဟွေ့နားခီလင်းမှာတိုက်ပွဲဖြစ်တာ။၂ နာရီကြာ ပစ်ခတ်ကြတယ်။ အသေအပျောက် ဘယ်လောက်ရှိလဲတော့ အတိ အကျမသိရဘူး။ ဝမ့်ဖွီးရွာသားတွေပြောတာတော့ ဗမာ စစ်ကြောင်း ထမ်းစင် ၁၀ ထမ်းထက်မနည်း ထမ်းလာတယ် လို့ပြောတယ်။ ဒဏ်ရာရတွေရော အလောင်းတွေရောတဲ့” ဟု ကျေးသီး မြို့ခံ စိုင်းစိုင်းက ပြောသည်။

ကျေးသီးမြို့နယ် အနောက်မြောက်ဘက် ၇ မိုင်အကွာရှိ ဝမ့်ဖွီးရွာ အနောက်ဘက် ဟွေ့နားခီလင်း ယာတောအနီး လွယ်ကုတ် တောင်ခြေတွင် ချထားသော သျှမ်းပြည်တိုးတက်ရေးပါတီ၏တပ်စခန်းအား

Friday, June 21, 2013

ရန်ကုန် မြစ်ဖြတ် ချစ်ကြည်ရေးတံတား တောင်ကိုရီးယား လက်ဆောင်ပေးမည်



တောင်ကိုရီး ယားအစိုးရက မြန်မာ-တောင် ကိုရီးယားချစ်ကြည်ရေးတံတား တစ်စင်းကို ရန်ကုန်မြစ်ဖြတ်တည် ဆောက်ပေးရန် သဘောတူလိုက် ပြီဖြစ်သည်။ ထိုချစ်ကြည်ရေးတံတားက တောင်ကိုရီးယား၏ ပုံရိပ်အား မြန်မာပြည်သူများအတွင်း မြှင့် တင်ပေးနိုင်လိမ့်မည်ဟု တောင် ကိုရီးယား အစိုးရက ယုံကြည်နေ ကြောင်း ယွန်ဟပ်သတင်းကရေး သားလိုက်သည်။

... မြန်မာနိုင်ငံ နေပြည်တော် သို့ရောက်ရှိ နေသည့် တောင်ကို ရီးယားဘဏ္ဍာရေးဝန်ကြီးဦး ဆောင်သည့်အဖွဲ့နှင့် မြန်မာအစိုးရ သက်ဆိုင်ရာ ဝန်ကြီးဌာနတို့ ဆွေးနွေး အပြီး အဆိုပါသဘောတူညီ ချက် ပေါ်ထွက်လာခြင်းဖြစ်သည်။ တံတားတစ်ဖက်ခြမ်းတွင် တောင်ကိုရီးယားက စက်မှုဇုန် တစ်ခုကို အကောင်အထည်ဖော် ပြီး ကိုရီးယား ကုမ္ပဏီများ ထိုစက် မှုဇုန်တွင် လာရောက်ရင်းနှီးမြှုပ် နှံမှုပြုနိုင်ရန်လည်း တောင်ကိုရီး ယားက မြန်မာအစိုးရအားဆက် လက်တိုက်တွန်းမည်ဟုဆိုသည်။ ထို့ပြင် တောင်ကိုရီးယား က ယင်း၏စီးပွားရေးဖွံ့ဖြိုးတိုး တက်ရေးတွင် အောင်မြင်ခဲ့သော Saemaul(ကျေးရွာသစ်များ)လှုပ် ရှားမှုအတွေ့အကြုံများကို မြန်မာ နိုင်ငံ အား မျှဝေပေးရန် မြန်မာ အစိုးရနှင့်

KIA တပ်မဟာ (၄)ကို ချေမှုန်းရန် အစိုးရ တပ်ဖွဲ့ စစ်ဆင်နေ


အစိုးရ တပ်ဖွဲ့များသည် ပြင်းထန်သော စစ်ဆင်ရေးများဖြင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တပ်မဟာ (၄) ကို အမြစ်ဖြတ် စစ်ဆင်နေသည်ဟု KIA တပ်မဟာ (၄) မှ အရာရှိ တစ်ဦးမှ ဆိုပါသည်။

“ ကျနော် ကွပ်ကဲနေတဲ့ တပ်မဟာ (၄) ဒေသမှာဇွန်လ လဆန်းပိုင်းက စပြီး မနေ့က အထိ တိုက်ပွဲပေါင်း အကြိမ် ၂၀ ကျော် ရှိသွားပြီး ဖြစ်တယ်။ ပွဲတိုင်းလည်း ပြင်းပြင်း ထန်ထန်ကို စစ်ဆင်တယ်။ ရွာသားတွေကိုလည်း လမ်းပြခိုင်းရင်းနဲ့ သတ်တယ်။ ပြီးတော့ TNLA နဲ့ SSPP ကိုလည်း တိုက်နေတယ်။ ကြည့်ရတာက KIA ကို ဒီနေရာကနေ မောင်းထုတ်တဲ့ သဘောဘဲဖြစ်မယ်” ဟု ဆိုပါသည်။

KIA သည် အစိုးရနှင့် တောက်လျှောက် ဆွေးနွေးပွဲများ ကျင်းပခဲ့ကြောင်း၊ နှစ်ဖက် တပ်ဖွဲ့များ တိုက်ခိုက်မှု လျှော့ချရန်နှင့် ဆက်လက် မဖြစ်ပွားအောင် ထိန်းသိမ်းကြရန် သဘောတူ ထားသော်လည်း တိုက်ပွဲများ

ကမ္ဘာပေါ်ရှိ ဒုက္ခသည်အများဆုံး ၁၀ နိုင်ငံတွင် မြန်မာပါဝင်



ရန်ကုန်- မြန်မာနိုင်ငံသည် ကမ္ဘာ့ဒုက္ခသည်အများဆုံးရှိသော ၁၀ နိုင်ငံတွင်ပါဝင်ပြီး အဆင့် ၇ နေရာတွင် ရပ်တည်နေကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၏ ဇွန် ၁၉ ရက်ထုတ် အစီရင်ခံစာတွင်ဖော်ပြထားသည်။

၂၀၁၂ခုနှစ်အထိ တစ်ကမ္ဘာလုံးတွင် အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေရသော ဒုက္ခသည်ပေါင်း ၄၅ ဒသမ ၂ သန်းရှိပြီး မြန်မာနိုင်ငံတွင် ဒုက္ခသည်လေးသိန်းကျော်ရှိကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

သို့သော်မြန်မာနိုင်ငံ၌ ဒုတိယမြောက်အဆင်းရဲဆုံးပြည်နယ်ဖြစ်သည့် ရခိုင်ပြည်နယ်တစ်ခုတည်း၌ ပင် ရွှေ့ပြောင်းဒုက္ခသည် (IDPS) ခြောက်သိန်းခန့်ရှိကြောင်း အစိုးရက ယမန်နှစ်တွင် သတင်းထုတ်ပြန်ထားသည်။

ယင်းရွှေ့ပြောင်းဒုက္ခသည်များသည် သဘာဝဘေးအန္တရာယ်များ၊ ၂၀၁၂ခုနှစ်အတွင်း အကြောင်း အမျိုးမျိုးကြောင့် နေရပ်များကို စွန့်ခွာနေရသူများဖြစ်ပြီး အကူအညီများပေးအပ်ရန်လိုအပ်ကြောင်း

ခြစားမှုခင်းများနှင့်မြန်မာထိပ်တန်းအရာရှိကြီးများ

 
ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းထွန်း (ဗိုလ်မှုးချုပ်ဟောင်း) နေအိမ်အကျယ်ချုပ်ဖြင့် စစ်ဆေးခံနေရသည်။ ကန်ဒေါ်လာ၂သန်းပါသော လက်ဆွဲအိတ်တခု သူ၏နေအိမ်တွင် သိမ်းဆည်းရမိသည်ဟု ဆိုသည်။ ယခင်ဆက်သွယ်ရေးဝန်ကြီးဖြစ်သူ ဦးသိန်းဇော် (ယခု ကချင်ပြည်နယ်ဝန်ကြီး) လည်း စစ်ဆေးခံရသည်ဟု ဆိုသည်။
 
ထိပ်ပိုင်း လူကြီး ၆၀အနက် ၂၀မှာ ယာယီထိန်းသိမ်း ခံထားရသည်။ တရုပ်ကုမ္ပဏီ Huawei and ZTE တို့က အလွန် အမြက်စွန်းရှိသော ဆက်သွယ်ရေး ကန်ထရိုက်များ ရရန်ကြိုးစားကြနေကြပါသည်။ ၂၀၀၄ခုနှစ်က ZTE သည် ဆက်သွယ်ရေးဝန်ကြီးဌာနသို့ ကန်ဒေါ်လာသန်း၁၅၀ ချေးငှားပြီး ဆက်သွယ်ရေး ၀ါယာကြိုးများ ရောင်းချခဲ့ရာ ကမ္ဘာ့ပေါက်ဈေးထက် ၁၀ဆ ဈေးကြီးပြီး ရောင်းခဲ့သည်။ ဆက်သွယ်ရေး

Thursday, June 20, 2013

အစိုးရတပ် တိုက်ခိုက်မှုကြောင့် တပ်ပေါင်းစုစခန်းတခု နောက်ဆုတ်ပေး

 
ဇွန်လ ၂၀ ရက် ၂၀၁၃

ရှမ်းပြည်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၄) နယ်မြေ ဂွတ်ခိုင်မြို့နယ် နမ်ဖတ်ကာ ကျေးရွာ (Nam Hpat Ka)ရှိ KIA နှင့် တအောင်း (ပလောင်) တပ်ဖွဲ့ (TNLA) တပ်ပေါင်းစု ရှိရာတပ်စခန်းအား အစိုးရတပ်မှ အင်အားတိုးချဲ့ တိုက်ခိုက်လာခြင်းကြောင့် ဇွန်လ ၁၈ ရက်နေ့က နောက်ဆုတ်ထားလိုက်သည်။
...
အစိုးရတပ်ဘက်မှ ခလရ ၁၄၅၊ ၁၂၃ စုပေါင်းတပ်များသည် KIA တပ်ရင်း ၈ နယ်မြေတွင်းရှိ ငေါ့ငါး (Ngaw Nga) တပ်ပေါင်းစု စခန်းကို စစ်အင်အား ၁၀၀ ကျော်ဖြင့် ၂ ကြိမ် တိုက်ခိုက်လာခြင်းကြောင့် ည ၁၀ နာရီချိန်တွင် နောက်ဆုတ်လိုက်ခြင်းဖြစ်ကြောင်း တပ်မဟာ (၄) KIA အရာရှိ ဆလန်ကဘာ တဦးပြောသည်။

ထိုစခန်းကို ယမန့်နေ နံနက် ၁၀ နာရီတွင် ၁ ကြိမ် ညနေ ၅ နာရီချိန်တွင် ၁ ကြိမ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယနေ့ နံနက်ထိ မုန်းရိုး ဂွတ်ခိုင်ဘက်တွင် စစ်အင်အား ၁၀၀ ကျော်ဖြင့် ထပ်မံ၍

ကမ္ဘာ့မြို့တော်များ (တိုကျို) ဂျပန် မြို့တော် အကြောင်း

 
တိုကျိုမြို့သည် ဂျပန်နိုင်ငံ၏ မြို့တော်ဖြစ်ပြီး မဟာတိုကျို နယ်မြေ Greater Tokyo Area ၏ အလယ်     ဗဟိုတွင် တည်ရှိသည်။ အဆိုပါ နယ်မြေသည် ကမ္ဘာ့ အကြီးဆုံး မြို့ပြနယ်မြေ ဖြစ်သည်။ ဂျပန် အစိုးရ အဖွဲ့နှင့် ဘုရင့်နန်းတော် တည်ရှိရာ နေရာဖြစ်ပြီး ဂျပန်တော်ဝင် ဘုရင့် မိသားစုများလည်း နေထိုင်ကြသည်။
 
တိုကျိုသည် ဟွန်ရှုး ကျွန်းမကြီး၏ အရှေ့တောင်ဘက် ကန်တို ဒေသတွင် တည်ရှိပြီး တိုကျိုမြို့ ပြ ဒေသမှာ ယခင် တိုကျိုခရိုင်နှင့် တိုကျိုမြို့တော် တို့ကို ပေါင်းစပ်၍ ၁၉၄၃ ခုနှစ်တွင် ဖွဲ့စည်း ထူထောင် တည်ဆောက် ခဲ့သည်။ တိုကျိုမြို့ပြ အစိုးရသည် အထူးရပ်ကွက် (၂၃) ရပ်ကွက်ကို ကိုင်တွယ် အုပ်ချုပ်သည်။
 
အဆိုပါ အထူး ရပ်ကွက်များတွင် လူဦးရေ ၉ သန်းကျော် နေထိုင်၍ တိုကျိုခရိုင်သည် ကမ္ဘာပေါ်တွင် လူဦးရေ အများဆုံး မြို့ပြနယ်မြေ တစ်ခုဖြစ်ကာ လူ ၃၅ သန်းေ ကျာ် နေထိုင်ပြီး ကမ္ဘာပေါ်တွင် အကြီးမားဆုံး မြို့ပြ စီးပွားရေး လုပ်ငန်းကြီးများ ပူးပေါင်း ဆောင်ရွက်လုပ်ကိုင်ရာ မြို့ဖြစ်ပြီး GDP အမေရိကန် ဒေါ်လာ ၁ ဒသမ ၄၇၉ ထရီလီယံ ရှိသဖြင့် နယူးေ ယာက် မြို့ပြနယ်မြေထက် ပိုမို များပြားသည်။
 
Copy from - satekuupuyar

အင်ဒိုနီးရှားဘက်က တောမီးကြောင့် စင်္ကာပူမှာ လေထုညစ်ညမ်းမှု အုံ့ဆိုင်းမှုများ


 
အင်ဒိုနီးရှားဘက်က တောမီးကြောင့် စင်္ကာပူမှာ ၁၆နှစ်တာအတွင်း အဆိုးဝါးဆုံးလို့ သတ်မှတ်တဲ့ လေထုညစ်ညမ်းမှု အုံ့ဆိုင်းမှုများ ဖြစ်ပေါ်နေပါတယ်။ တချို့ဈေးဆိုင်တွေ၊ အစားအသောက် ၀န်ဆောင်မှု လုပ်ငန်းတချို့လည်း ဒီအုံ့ဆိုင်းမှုတွေကြောင့် ခဏပိတ်နားထားကြောင်း သိရပါတယ်။

PSI (Pollutant Standards Index) ဟာ စင်္ကာပူအစိုးရရဲ့ ၃နာရီကြားတခါ ထုတ်ပြန်ချက်တွေအရ ဇွန်လ ၁၉ ရက် ညပိုင်းမှာ စိုးရိမ်စရာအဆင့် PSI 300+ အထက်ထိ... မြင့်တက်လာခဲ့ကြောင်း၊ အခုလက်ရှိ ဇွန်လ ၂၀ရက် ဒေသစံတော်ချိန် မနက် ၁၁ နာရီ တိုင်းထွာချက်အရ PSI 198 ရှိနေပြီး နေ့လည် ၁နာရီမှာ PSI 371 ထိ မြင့်တက်လာဖွယ်ရှိနေကြာင်း သိရှိရပါတယ်။ PSI သတ်မှတ်ချက်အရ 300 အထက်ကို

လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ နှင့် နိုင်ငံတကာရုပ်ရှင်ပွဲတော်



20.06.2013
 
မြန်မာနိုင်ငံကလူငယ်တွေဟာ အလားအလာအများကြီး ရှိသူတွေ ဖြစ်ပြီး အခွင့်အရေးသာရမယ်ဆိုရင် အကောင် အထည်ဖော်နိုင် သူတွေဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါ တယ်။
 
သူ့ရဲ့ ၆၈ နှစ်ပြည့် မွေးနေ့ကို အထိမ်းအမှတ်ပြုပြီးတော့ ကျင်းပခဲ့တဲ့ လူ့အခွင့် အရေး၊ လူ့ဂုဏ်သိက္ခာနဲ့ နိုင်ငံတကာ ရုပ်ရှင်ပွဲတော် ဆုပေးပွဲအခမ်းအနားအတွင်း ဒေါ်အောင်ဆန်းစုကြည် က အဲဒီလိုပြောခဲ့တာပါ။
 
ဒီရုပ်ရှင်ပွဲတော်ကို ကြည့်တဲ့အခါ လူငယ်တွေအပေါ် ယုံကြည်မှုရှိတာ မမှားဘူးဆိုတာကို တွေ့ရတယ်လို့လည်း ဒေါ်အောင်ဆန်းစု ကြည်ကပြောခဲ့တဲ့ ရန်ကုန်မြို့၊ Traders' ဟော်တယ်က ဆုပေးပွဲအခမ်းအနားကို ကိုကျော်ကျော်သိန်းက ကိုယ်တိုင်သွားတက်ပြီး တော့ သတင်းပေးပို့ ထားပါတယ်။
 
Copy from - voanews.com/

ဒေါ်အောင်ဆန်းစုကြည် အသက် ၆၈ နှစ်ပြည့် မွေးနေ့ပွဲရုပ်သံ



ဒေါ်အောင်ဆန်းစုကြည် အသက် ၆၈ နှစ်ပြည့် မွေးနေ့ပွဲကို ဇွန်လ ၁၉ ရက်နေ့ ဒီကနေ့ ရန်ကုန်မြို့ NLD ရုံးချုပ်မှာ ကျင်းပခဲ့ပါတယ်။ RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။
 
Copy from - RFA MyanmarVideoChannel

မြန်မာအစိုးရတပ်၏ လမ်းပြအဖြစ် အဓမ္မ ခေါ်ဆောင်သွားခြင်းခံရသူ ဦးဇခုံလွမ်းခေါင် အား မြန်မာအစိုးရတပ်မှ ပစ်သတ်

 
ကေအိုင်အိုအစိုးရ ထိန်းချုပ်နယ်မြေဖြစ်သော ရှမ်းပြည်မြောက်ပိုင်း ကေအိုင်အေ တပ်ရင်း (၃၆) နယ် မူဆယ်မြို့နယ် မုန်ကူး နောင်းဆိုင် ကျေးရွာရှိ ကလေး (၆) ဦး၏ ဖခင်ဖြစ်သော ဦးဇခုံလွမ်းခေါင် ကို ဗမာအစိုးရ စစ်တပ် ခလရ (၁၂၈) မှ ဇွန် (၁၄) ရက်နေ့တွင် ရှေ့တန်းတစ်နေရာ၌ ပစ်သတ်ခဲ့ကြောင်း သိရှိရပါသည်။

ဖြစ်စဉ်မှာ မုန်ကူး အခြေစိုက် ပတစတပ်များနှင့် ခလရ (၁၂၈) သို့သည် ကေအိုင်အေ တပ်ရင်း (၃၆) ဒေသဖြစ်သော နောင်းဆိုင်ကျေးရွာသို့ ဇွန်လ (၁၄) ရက်နေ့ မနက် (၃း၃၀) နာရီခန့်တွင် တရုတ်လူမျိုး ဖြစ်သော လောရှန်ဂျိုင်းကို လမ်းပြအဖြစ်ခေါ်ဆောင်ကာ ရောက်ရှိလာကြောင်း၊ နောင်းဆိုင် ကျေးရွာမှ ဥက္ကဌ ဦးဒဘန်ဘရန်နန် ကိုလမ်းပြရှာပေးရန် ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သိရှိရပါသည်။

ရွာသူရွာသား အားလုံးမှာ စစ်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှာင်ကုန်ပြီဖြစ်ကြောင်းနှင့် ရွာစောင့် အဖြစ် ဦးဇခုံလွမ်းခေါင်သာ ကျန်ရှိခဲ့ကြောင်း၊ ဗမာစစ်တပ်မှ ဦးဇခုံလွမ်းခေါင်ကို ခေါ်ကာ နောက်တစ်ရွာအထိ လိုက်ပြပြီးလျှင်ပြန်လည် လွတ်ပေးမည်ဖြစ်ကြောင်း ကတိတွေပေးကာ ခေါ်ဆောင်သွားကြောင်း သိရှိရပါသည်။

ဗမာစစ်တပ်များမှ ဦးဇခုံလွမ်းခေါင်ကို လမ်းပြအဖြစ်ခေါ်ဆောင်ကာ ဆက်လက်ချီတက်ရာ မုန်နာဇွပ် အရောက်တွင် ကေအိုင်အေ တပ်ရင်း (၃၆) မှ မျိုးချစ်ရဲဘော်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ လမ်းပြအဖြစ် ခေါ်ဆောင်လာသော ဦးဇခုံလွမ်းခေါင်ကို ရန်သူရှိတဲ့ဘက် ခေါ်ဆောင်လာသည်ဟု အပြစ်တင်ကာ

T.N.L.A ၁၁၂တပ်ရင်းနှင့် မြန်မာတပ်ဖွဲ့ ၁၄၅ တို့ တိုက်ပွဲတွင် မြန်မာဖက်မှ ၄ ဦးကျဆုံး


၁၉ရက်၊ ဇွန်လ၊ ၂၀၁၃

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (T.N.L.A) တပ်ရင်း ၁၁၂ နှင့် ကွန်လုံမြို့အခြေစိုက် မြန်မာ တပ်ရင်း ၁၄၅ အဖွဲ့တို့ ယနေ့ ၁၉ရက်နေ့ ၊ မနက်ပိုင်း ၅ နာရီခွဲမှ ၇ နာရီခွဲအထိ ၂ နာရီနီးပါး ငေါ့ငါးကျေးရွာ အထက် တွင် တိုက်ပွဲထပ်မံဖြစ်ပွားနေကြောင်း သိရှိရသည်။
...
မြန်မာတပ်ဖွဲ့မှတပ်ရင်း ၁၄၅မှ ယနေ့မနက်ပိုင်း ၅း၃၀နာရီ မှ ၇း၃၀နာရီအထိ လက်နက်ကြီး များဖြင့် အလုံပေါင်း ၄၀-၅၀ အထိ T.N.L.A တပ်ရင်း ၁၁၂တို့၏ ပြောက်ကျား တပ်စခန်းရှိ ရာ တောင်ထိပ်ဆီသို့ ပစ်ခတ်ပြီ် နှစ်ဖက် တိုက်ပွဲ ပြင်း ထန်နေကြောင်း သိရှိရပါသည်။

T.N.L.A ၁၁၂ တပ်ရင်းမှူး တာဝိန်းမာနှ်မှ ယနေ့မနက် ၅နာရီ အချိန်မှာ ကျနော်တို့ ၂ နာရီ နီးပါးတိုက်ပွဲဖြစ်နေသလို မနေ့ ၁၈ရက် နေ့လည် ၁၁ နာရီခွဲကနေ ၁၂ နာရီအထိတစ်ကြိမ်၊ မွန်းလွဲ ၂ နာရီက နေ ၆ နာရီအထိ တိုက်ပွဲဆက်တိုက်ဖြစ်နေတာ မြန်မာစစ်သား ဖက် ၄ဦးသေ တယ်၊ ဒဏ်ရာရတဲ့

အစိုးရတပ်မှ တောင်ငူ ဘက်တွင် ဗုံးကြဲလေ့ကျင့်နေ

ဇွန်လ ၁၉ရက်၊ ၂၀၁၃ခုနှစ်။

မြန်မာအစိုးရတပ်မှ စစ်လေယာဉ်များသည် ပဲခူးတိုင်း တောင်ငူခရိုင်ရှိ ထန်းတပင် မြို့နယ်အတွင်း၌ ယခုရက်ပိုင်းအတွင်း စစ်ရေးအရ ဗုံးကြဲလေ့ကျင့်မှုများ ပြုလုပ်လျှက်ရှိကြောင်း ထိုဒေသမှ လာသည့် သတင်းများအရ သိရသည်။ “ဒီရက်ပိုင်းတွေ စစ်လေယာဉ်တွေ ဗုံးကြဲလေ့ကျင့်နေတယ်။ အခုက ကြုံကြိုက်ပြီး ခပ်လှမ်းလှမ်းကနေ ကြည့်တာကို။ ကျနော်က အဲဒီလေယာဉ်ပျံသန်းနေတာကိုလည်း တွေ့တယ်။ ဗုံးကြဲတာလည်း အသံကြားရတယ်။”ဟု ကေအဲန်ယူ တောင်ငူ ခရိုင်ဥက္ကဌ ပဒိုစောအယ်ဝါးက ကေအိုင်စီသို့ အတည်ပြု ပြောဆိုသည်။
 
ယင်းသို့ ဗုံးကြဲလေ့ကျင့်နေသည့်နေရာမှာ ထန်းတပင်မြို့၏ အရှေ့ဘက် ၄မိုင်ခန့်အကွာတွင်ရှိပြီး ထိုအနီးတ၀ိုက်တွင် ကျွန်းကုန်း၊ ရွှေဈေး၊ ပဲပုပ်၊ ချောင်းဝ၊ ရေကျော်၊ ကရင်နီကုန်း စသည့်ကျေးရွာများ ရှိသည်။ ပြီးခဲ့သည့် မေလ ၂၀ရက်နေ့က အလားတူ စစ်လေယာဉ်များ လေ့ကျင့်ပျံသန်း ဗုံးကြဲမှုများ

ပထမတန်းကျောင်းသူ ၀ါယာကြိုးဖြင့်အရိုက်ခံရမှု အုပ်ထိန်းသူကို တရားစွဲဆို


 
တောင်ကြီးမှ ပထမတန်းကျောင်းသူ ၀ါယာကြိုးဖြင့်အရိုက်ခံရမှု အုပ်ထိန်းသူကို တရားစွဲဆို တောင်ကြီး ၊ ဇွန် ၁၉ တောင်ကြီးမြို့မှ အသက်(၇)နှစ်အရွယ် ပထမတန်းကျောင်းသူကို ၀ါယာကြိုးနှင့် ရိုက်မှုဖြင့် အုပ်ထိန်းသူအား လူမှုဝန်ထမ်းမှ တရားစွဲဆိုထားကြောင်း သတင်းရရှိသည်။
 
ယနေ့တွင် တောင်ကြီးမြို့ အမက(၁၅)သို့ ကျောင်းကျန်းမာရေးက ကလေးများ၏ ကျန်းမာရေးကို သွားရောက်စစ်ဆေးစဉ် ပထမတန်းကျောင်းသူ မသက်ထားခင်၏ ကျောပြင်နှင့် ခြေထောက်တစ်လျှောက်၌ အကွင်းလိုက်ပေါ်နေသော ဒဏ်ရာများကို တွေ့ရှိရသဖြင့် တောင်ကြီင်္းမြို့ လူမှုဝန်ထမ်းဦးစီးနှင့် ရဲစခန်းတို့ကို ကျောင်းကျန်းမာရေးမှ အထက်တန်းသူနာပြု ဒေါ်စောဥမ္မာနှင့် ကျောင်းတာဝန်ရှိသူများက တိုင်ကြားခဲ့ကြောင်း၊ ယင်းတိုင်ကြားချက်အရ ကလေးငယ်အား မေးမြန်းရာ သူမ၏ ကြီးတော်နှင့် အမ၀မ်းကွဲတို့က ၀ါယာကြိုးနှင့် ရိုက်နှက်ထားသည်ဟု ဆိုကြောင်း၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှ

Wednesday, June 19, 2013

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ ခေါင်းဆောင်တွေ တွေ့ဆုံ ရုပ်သံသတင်း


ဒေါ်ညိုမာသက်သတင်းပေးပို.ထားပါတယ်။ ရိုက်ကူး- ညိုမာသက်
Copy from - DVBTV News

ကွတ်ခိုင်မြို့နယ် T.N.L.A တအာင်းတပ်ဖွဲ့ ၁၁၂နှင့် မြန်မာတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်နေ

 
၁၈ရက်၊ ဇွန်လ၊ ၂၀၁၃။
 
ကွတ်ခိုင်မြို့နယ်အခြေစိုက် (T.N.L.A) တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း ၁၁၂ နှင့် ကွန်လုံမြို့ အခြေစိုက် မြန်မာတပ်ရင်း ၁၄၅ အဖွဲ့တို့ ယနေ့ ၁၈ရက်၊ ဇွန်လ နေ့လည်ပိုင် ၁၁း၃၀ မီနစ်အချိန်တွင် ကွတ်ခိုင်မြို့နယ် ငေါ့ငါးကျေးရွာအထက်တွင် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားနေကြောင်း သိရှိရသည်။
 
T.N.L.A တပ်ရင်း ၁၁၂ တို့၏ ပြောက်ကျားတပ်စခန်းရှိရာ တောင် ထိပ်ဆီသို့ မြန်မာတပ်ဖွဲ့ တပ်ရင်း ၁၄၅ အင်အား ၁၂၀ ကျော် လက်နက်ကြီးများဖြင့် ပစ်ခတ် ခဲ့ပြီးနောက် နှစ်ဖက်တိုက်ပွဲ ပြင်းထန် နေကြောင်း သိရှိရပါ သည်။
 
T.N.L.A မှတပ်ရင်း ၁၁၂ တပ်ရင်းမှူး တာဝိန်းမာနှ် ဦးဆောင်သည့် တအာင်း(ပလောင်) တပ်ဖွဲ့ နှင့် ကွန်လုံမြို့ အခြေစိုက် တပ်ရင်း ၁၄၅ မှ ဗိုလ်မှူး စောယုနိုင် ဦးဆောင် သည် မြန်မာတပ်ဖွဲ့တို့ ကွတ်ခိုင်မြို့

ရှမ်းပြည် မြောက်ပိုင်း၌ KIA နှင့် အစိုးရ တပ်များ တိုက်ပွဲ ပြင်းထန်နေဟုဆို

 ရှမ်း/မြောက် KIA တပ်မဟာ ၄ နယ်မြေ Wing Seng 
============================
တွင် တိုက်ပွဲပြင်းထန်လျှက်ရှိ
================
( Jinghpaw kasa)
ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ ရှမ်းပြည်မြောက်ပိုင်း ကေအိုင်အေ တပ်မဟာ (၄) လက်အောက်၊ တပ်ရင်း (၃၆) ဒေသ မုန်ဘော်၊ ၀င်းဆိုင်တွင် ကေအိုင်အေ မျိုးချစ်ရဲဘော်များနှင့် ဗမာအစိုးရ စစ်တပ်များ ဇွန် (၁၈) ရက် ယခုသတင်းရေးသား ချိန်တွင် ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း သတင်းရရှိပါသည်။

ဗမာအစိုးရ စစ်တပ်မှ ကေအိုင်အေ ထိန်းချုပ်နယ်မြေများသို့ စစ်အင်အား အလုံး အရင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ပြီး၊ လက်နက်ကြီးများဖြင့် ပစ်ခတ်လျှက်ရှိကြောင်း သိရှိရပါသည်။ ဗမာစစ်တပ်များ၏ လက်နက်ကြီးများဖြင့် ပရမ်းဗတာ ပစ်ခတ်မှု ၊ တမင်တကာ မီးရှို့ မှုတို့ကြောင့် ၀င်းဆိုင်ရွာရှိ ပြည်သူများ၏ အိုးအိမ်များ မီးလောင်ကျွမ်းလျှက်ရှိကြောင်း သိရှိရပါသည်။

ဝင်းဆိုင်ရွာကို မီးလောင်တိုက်သွင်းလိုက်မည်ဟု ကြုံးဝါးကာ ရွာကို မီးရှို့နေခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ဗမာအစိုးရ စစ်တပ်များသည် ခမရ (၂၄၂) အပါအ၀င် တပ်ရင်းများစွာဖြင့် တနင်္ဂနွေနေ့မှ စ၍ ကေအိုင်အေ ထိန်းချုပ်နယ်မြေများသို့ ထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ယခုတိုက်ပွဲသည် ကေအိုင်အိုအစိုးရနှင့် ဗမာအစိုးရတို့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် တွေ့ဆုံဆွေးနွေးပြီးနောက် အပြင်းထန်ဆုံး တိုက်ပွဲဖြစ်ကြောင်းလည်း သိရှိရပါသည်။
ဇွန်လ ၁၈ ရက် ၂၀၁၃ ခုနှစ်။
 
ရှမ်းပြည်နယ် မြောက်ပိုင်း မုန်းကိုးဒေသတွင် ကချင်လွတ်လပ်ရေးတပ် (KIA) နှင့် အစိုးရ တပ်ဖွဲ့များနှင့် နေ့စဉ် တိုက်ပွဲ ဖြစ်ပွားနေသည်ဟု ဒေသခံများနှင့် KIA က ပြောသည်။

ယနေ့ မွန်းလွဲ ၁ နာရီကျော် အချိန်တွင် KIA တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၃၆၊ ၃၈ တပ်ဖွဲ့များနှင့် အစိုးရ၏ လောက်ကိုင် လက်အောက်ခံ တပ်ရင်း ၁၂၈ တပ်ဖွဲ့များ မုန်းကိုးဒေသရှိ မုန်ဘော် ဝင်းဆိုင် ကျေးရွာအနား တိုက်ပွဲ ဖြစ်ပွားနေသည်ဟု KIA ပြည်သူ့စစ် တပ်ဖွဲ့ဝင်တဦးက မဇ္ဈိမကို ပြောသည်။

“ဒီနေ့နေ့လည်း ၁ နာရီကျော်ကနေ တိုက်ပွဲ ဖြစ်နေတယ်။ အစိုးရဘက်က ပစ်လိုက်တာ လက်နက်ကြီးက ရှမ်းရွာ နှစ်ရွာဘက် ကျသွားတယ်။ အိမ် နှစ်လုံး သုံးလုံး မီးလောင်သွားတယ်။ ကျနော်တို့ဘက်က တပ်ရင်း ၃၆ တပ်ဖွဲ့နဲ့ ပြည်သူ့စစ် တပ်ဖွဲ့တွေ ပါတယ်။ လက်နက်ကြီး ပါတော့ တိုက်ပွဲက

Tuesday, June 18, 2013

လူ့အခွင့်အရေးကြေညာစာတမ်းကို လူတန်းစားမရွေး ဖတ်နိုင်အောင် ဖြန့်ချိထုတ်ဝေ



အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို လူတန်းစားမရွေး ဖတ်ရှုနားလည်အောင် ဘာသာပြန်ထားတာမို့ လူတိုင်း ဖတ်သင့်တယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် ဥက္ကဌက ဇွန်လ ၁၈ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။
 
Copy from - Kamayut MediaTv

တရားခံအစစ်ကို ဖမ်းမိသော်လည်း သံသယဖြင့် ဖမ်းဆီးထားသူကို ပြန်မလွှတ်သေး

 
ဟင်္သာတမြို့  ဗုံးခွဲတရားခံအဖြစ် ထောင် ဒဏ် တစ်သက်တစ်ကျွန်းကျခံ နေရသူ ဆက်သွယ်ရေးဝန်ထမ်း ကိုကျော်စွာလင်းမှာ ကလေးသုံးယောက်၏ ဖခင်ဖြစ်ပါသည်။

ထိုကဲ့သို့ ဖခင်ဖြစ်သူတစ်ယောက်မှာ မိမိကလေးများ နေထိုင်ရာ ဆက်သွယ်ရေးရုံးကို ဗုံးဖေါက်ခွဲသည်ဆိုခြင်းမှာ ဖြစ်နိုင်ခြေအလွန်နည်းပါသည်

 ထို့ အပြင် ဗုံးခွဲခဲ့သော တရားခံ အစစ်ဖြစ်သူ သန်းကိုဦးမှာ ဗုံးများကို သူကိုယ်တိုင် ထောင်ကာ ဖေါက်ခွဲခဲ့သည်ဟု ဝန်ခံခဲ့ပြီး ဖြစ်ပါသည်။

 ဆက်သွယ...်ရေး ဝန်ထမ်း ကိုကျော်စွာလင်းကို ခိုင် မာသော သက်သေအထောက်အထား မရှိဘဲ ပြစ်ဒဏ်ချမှတ်လိုက်ခြင်းမှာ သံသယ၏ အကျိုးကို ခံစားခွင့် ဆုံးရှုံးနေရပါသည်။ အပြစ်မဲ့သူ ၁ယောက် ပြစ်ဒဏ် မကျခံစေရရန်မှာ တရားဥပဒေ၏ အဓိကတာဝန် ဖြစ်သောကြောင့် ဆက်သွယ်ရေးဝန်ထမ်း ကိုကျော်စွာလင်းအား ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့် ပေးပါရန် သမ္မတ ဦးသိန်းစိန် နှင့် အစိုးရ တစ်ရပ်လုံး ကို ဟင်္သာတမြို့  ပြည်သူတစ်ယောက်အနေဖြင့် တောင်းဆိုအပ်ပါသည်။
 
Copy from - Nyi Han(FB)သတင်းမှ

စစ်ကိုင်းတိုင်းက ရဲစခန်းတွေကို နေပြည်တော် ရဲဌာနချုပ်က ဝင်ရောက်စီးနင်း

police_members_305px
မြန်မာရဲတပ်ဖွဲ့ဝင်များပုံ။Photo: AFP
 
ဇွန်လ ၁၆ ရက် မနေ့ညက စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ရဲတပ်ဖွဲ့စခန်းနဲ့ တမူးခရိုင် ရဲတပ်ဖွဲ့စခန်းတွေကို နေပြည်တော် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်က ဒုတိယရဲချုပ်ဦးစီးတဲ့ ရဲအင်အား ၁ဝဝ လောက်က ဝင်ရောက်စီးနင်းခဲ့တယ်လို့ RFA က စုံစမ်းသိရပါတယ်။
ကလေးခရိုင် ရဲတပ်ဖွဲ့စခန်းကို ဝင်ရောက်စီးနင်းပြီးချိန် မှာ  ခရိုင်ရဲတပ်ဖွဲ့မှုး ဒုတိယရဲမှူးကြီး ဇော်နိုင်ထွန်းထံက  လိုင်စင်မဲ့ကားအစီးရေ ၂ဝ ကျော်ကို သိမ်းဆည်းရမိပြီး၊  တမူးခရိုင်ရဲတပ်ဖွဲ့မှူး ဦးလှဝင်းရဲ့ကားပေါ်က အိန္ဒိယနိုင်ငံက တင်သွင်းတဲ့  တရားမဝင်ဆေးဝါး တချို့ကို သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။ ကလေးခရိုင် ရဲတပ်ဖွဲ့မှူးနဲ့ တမူးခရိုင်ရဲတပ်ဖွဲ့မှူးတို့အပြင် ရဲအရာရှိတချို့ကို နေပြည်တော်ကို

DKBA ဌာနချုပ် သတင်းစာရှင်းလင်းပွဲ


June 17, 2013
ကလို့ထူးဘော DKBA ဌာနချုပ်မှာ ရက်ကြာပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုတိုင်းရင်းသားပေါင်းစုံ နှီးနှောဖ လှယ်ပွဲကြီးပြီးသွားတဲ့အတွက် ဒီနေ့မွန်းလွဲပိုင်းမှာသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။

 ရှေ့လုပ်ငန်းစဉ်အတွက်
မြေပေါ်မြေအောက် အဖွဲ့အစည်း ၃၀ ကျော်ထဲက ၁၇ ဦးပါကော်မတီကို ဖွဲ့စည်းလိုက်ပြီး သူတို့အဖွဲ့ဟာ ပြည်သူတွေအတွက် အမှန်တကယ် အကျိုးဆောင်ပေးမယ့် အဖွဲ့ ဖြစ်တယ် လို့ ဒီနေ့သတင်းစာရှင်း လင်းပွဲမှာ DKBA ဗိုလ်မှူးကြီးဆန်းအောင်က ပြောပါတယ်။
ဧရာဝတီ သတင်းဌာန သတင်းထောက်ပြည်တော်မြင့်ရဲ့ ”အခုဖွဲ့လိုက်တဲ့အဖွဲ့က ပြည်သူတွေအတွက် တကယ် အလုပ်လုပ်ပေးမှာလား၊ ဒါမှမဟုတ်ရင် အခြားအဖွဲ့အစည်းတွေလိုဘဲ ဖွဲ့စည်းပြီး မကြာဘူး ပေါ်လိုက်ပျောက်လိုက် ဖြစ်သွားမှာလား” ဆိုတဲ့အမေးကို သူက ဖြေဆိုတာပါ။
 
ဗိုလ်မှူးကြီးဆန်းအောင်က ”ထိုင်း-မြန်မာနယ်စပ်ဒေသမှာ တောင်လှန်ရေးကာလ တလျှောက်လုံး မှိုလို ပေါက်ခဲ့တယ် ဆိုတာက၊ သူတို့က ပြည်တွင်းတော်လှန်ရေးနယ်မြေမှာဖွဲ့ခဲ့တာ မဟုတ်ဘူး ဒီနေ့ ကျွန်တော်တို့ဖွဲ့လိုက်တဲ့အဖွဲ့အစည်းက တကယ်လုပ်မယ့် ဆန္ဒရှိတယ်၊ ပြည်တွင်းပြည်ပက အဖွဲ့အစည်းတွေ ပြည်တွင်း လက်နက်ကိုင်အဖွဲ့တွေနဲ့ ပေါင်းစပ် ဖွဲ့စည်းလိုက်တာဖြစ်တယ်၊ စေတနာမှန်မှန်နဲ့ ဒီနေ့ဒီချိန်ကစပြီး လုပ်နိုင်သလောက်ကို လက်တွေ့ အကောင်အထည်ဖော်မဲ့ အဖွဲ့အစည်းဆိုတာ ကျွန်တော် ရဲရဲဝံ့ဝံ့ ကတိပေးပါတယ်” လို့ ဖြေဆိုခဲ့တာပါ။
 
၃ ရက်ကြာ နှီးနှောဖလှယ်ပွဲမှာ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ အရပ်ဖက်လူမှု အဖွဲ့အစည်း ၃၀ က ကိုယ်စားလှယ် ၈၄ ဦးတက်ရောက်ခဲ့ပြီး အချက် ၈ ချက်ပါတဲ့

အင်္ဂပူလယ်သမား ၅၀၀ ကျော် ဒုတိယအကြိမ် ထွန်တုံးတိုက်ပွဲ ဆင်နွှဲမည်

June 17, 2013

သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေ ပြန်ရရှိဖို့အတွက် အင်္ဂပူမြို့နယ်က လယ်သမား ၅၀၀ ကျော် ဒုတိယအကြိမ် ထွန်တုံးတိုက်ပွဲ ပြုလုပ်မယ်လို့ လယ်သမားတွေက ပြောပါတယ်။
 
ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် ကွင်းကောက်ဒေသမှာ အမှတ် ၆ အဆင့်မြင့် လေ့ကျင့်ရေးသင်တန်းကျောင်းက သိမ်းထားတဲ့ လယ်ဧက ၂၀၀ ကျော်ပြန်ရဖို့ ဇွန် ၁၉ ရက်နေ့မှာ လယ်သမားတွေက ဒုတိယအကြိမ် ထွန်တုံးတိုက်ပွဲလုပ်မှာပါ။
 
၁၉၉၄ ခုနှစ်ကတည်းက သိမ်းဆည်းထားတဲ့ လယ်မြေတွေပြန်ရဖို့အတွက် နိုင်ငံတော်သမ္မတနဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို အကြိမ်ကြိမ်တင်ပြခဲ့ပေယ့် မထူးခြားတာကြောင့် လူအင်အားပိုသုံးပြီး ဒုတိယအကြိမ် ထွန်တုံးတိုက်ပွဲလုပ်တာလို့ ဒေသခံတွေက ပြောပါတယ်။
 
လူအင်အား ၅၀၀ ကျော်နဲ့ ပြုလုပ်မယ့် ထွန်တုံးတိုက်ပွဲကို ဦးဆောင်တဲ့ လယ်သမား ဦးသန်းဌေးက လယ်ယာမြေအသိမ်းခံရလို့ ဘ၀ပျက်သွားသူတွေလည်း ရှိတယ်လို့ ပြောပါတယ်။
 
“စသိမ်းကတည်းကတော့ လယ်သမားတွေက ကျေနပ်မှု မရှိခဲ့ပါဘူး။ လျော်ကြေးကလည်း ၁ ဧကကို ၂၀ နှုန်းလောက်ပဲရကြတယ်။ ဒါပေမယ့် မပြောရဲကြဘူး။ ကြောက်ကြတယ်။ အဲဒီလိုမျိုးနဲ့ ဘ၀တွေပျက်ကြတယ်။ တချို့ဆို ရူးတောင်ရူးကြတယ်။ အိုးမဲ့အိမ်မဲ့နဲ့ ကလေးတွေဘာတွေပါ ကျောင်းမထားနိုင်တော့ဘူး။ ဥပဒေတွေ ပေါ်လာတဲ့အခါကျတော့ တိုင်းဒေသကြီးအဖွဲ့ကိုရော၊

Monday, June 17, 2013

ရခိုင်ပါတီနှစ်ခု ပူးပေါင်းရေး အပြီးသတ် သဘောတူ လက်မှတ်ရေးထိုး

 
ရခိုင်တိုင်းရင်းသားပါတီတွေဖြစ်တဲ့ ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (RNDP) နဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) တို့ပူးပေါင်းပြီး ရခိုင်အမျိုးသားပါတီ (Arakan National Party) အဖြစ်ထူထောင်ဖို့ ဒီကနေ့ နှစ်ဖက်ခေါင်းဆောင်တွေ သဘောတူ လက်မှတ်ရေးထိုးလိုက်ပါတယ်။

ရခိုင်အမျိုးသားပါတီအဖြစ် အသစ်ထူထောင်ဖို့ ဆုံးဖြတ်ရတာဟာ ရခိုင်တမျိုးသားလုံးရဲ့ တောင်းဆိုမှုကြောင့်အပြင် ရခိုင်ပြည်နယ်ရဲ့ လက်ရှိပထ၀ီနိုင်ငံရေး အခြေအနေတွေကြောင့် အခုလိုပူးပေါင်းရတာလို့ ဒီကနေ့ ရန်ကုန်မြို့ တာမွေမြို့နယ်မှာရှိတဲ့ ရခိုင်သဟာရအသင်းမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ရခိုင်တိုင်းရင်းသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဌဒေါက်တာအေးမောင်က ပြောပါတယ်။

"အဓိကရည်မှန်းချက်က ရခိုင်ပြည်သူတစ်ရပ်လုံးရဲ့ဆန္ဒ၊ သံဃာထုတစ်ရပ်လုံးရဲ့ တောင်းဆိုချက်၊ ကျနော်တို့ပါတီနှစ်ခုချင်းမှာလည်းရှိတဲ့ မူလရည်မှန်းချက်၊ ဒီနေ့ဒီအချိန်ဒီကာလာမှာ ရခိုင့်ပထဝီနိုင်ငံရေး အခြေအနေကလည်း ပေါင်းစည်းဖို့အတွက် တောင်းဆိုတဲ့အခြေအနေကို အထူးသဖြင့် ပဋိပက္ခတွေ

ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ သူရဦးရွှေမန်းပြောဆို


Monday, June 17, 2013

မြန်မာနိုင်ငံမှာ ဖယ်ဒရယ်ပြည်ထောင်စုစနစ်ကို တည်ဆောက်ရမယ်လို့  ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ပြောလိုက်ပါတယ်။

သူရဦးရွှေမန်းနဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ အမေရိကန်ပြည်ထောင်စု အနောက်ဖက်ခြမ်း ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့ ဒေသအနီးတဝိုက်နေထိုင်တဲ့ မြန်မာမိသားစုတွေနဲ့  တနင်္ဂနွေနေ့ကတွေ့ဆုံခဲ့ပြီး တက်ရောက်လာသူတွေရဲ့ မေးခွန်းတွေဖြေဆိုရာမှာ အဲဒီလို ပြောဆိုလိုက်တာ ဖြစ်တယ်လို့ တွေ့ ဆုံပွဲ တက်ရောက်ခဲ့တဲ့ ABSDF တပ်ရင်း ၁ဝ၁ ခေါင်းဆောင်ဟောင်း တဦးဖြစ်တဲ့ ကိုမူးသာက RFA ကိုပြောပါတယ်။

သူရဦးရွှေမန်းက အမေရိကန်ပြည်ထောင်စု စတင်ထူထောင်ခဲ့တဲ့ ပထမဦးဆုံး ပြည်နယ် ၁၃ ခုအကြောင်းနဲ့ အဲဒီအချိန်ကစပြီး လက်ရှိကာလထိ ကျင့်သုံးနေတဲ့ အမေရိကန် ဖယ်ဒရယ်ပြည်ထောင်စု စနစ်ကို အခုခ ရီးစဉ်အတွင်း လေ့လာခဲ့တဲ့အကြောင်း၊ ဖယ်ဒရယ်ဆိုတာ ခွဲထွက်ခွင့် တောင်းဆိုတာလို့  သူတို့အနေနဲ့  အရင်ခေတ်တွေက နားလည်ခဲ့တာ မှားယွင်းခဲ့တဲ့အကြောင်း ပရိသတ်ကို ပြောဆိုတယ်လို့  ကိုမူးသာက

ဗိုလ်ချုပ် စောလားပွယ်ကို မူးယစ်ရာဇာအဖြစ် ဆုငွေထုတ်ခြင်း ထိုင်းအစိုးရ ပြန်တောင်းပန်ဟုဆို

 
ကရင်လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်သော DKBA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောလားပွယ် ခေါ် ဗိုလ်နှုတ်ခမ်းမွေးကို ထိုင်းအစိုးရက ၂၀၁၂ ခုနှစ် မတ်လအတွင်းက မူးယစ်ရာဇာအဖြစ် ဖမ်းဝရမ်း ထုတ်ခဲ့ခြင်း ကို ပြန်လည် တောင်းပန်ထားကြောင်း DKBA တပ်ဖွဲ့မှ ဗိုလ်ချုပ် စောမိုရှေး က ပြောကြားသည်။

ယင်းအကြောင်းအရာကို ဗိုလ်ချုပ် စောလားပွယ် နေအိမ်တွင် သတင်းမီဒီယာ များနှင့် တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့သည်။ သို့သော် လာရောက် တောင်းပန်သည့် အချိန်ကိုမူ ထည့်သွင်း ပြောကြားခြင်း မရှိသကဲ့သို့ မေးမြန်းရာတွင်လည်း အတိအကျ ပြောကြားခြင်း မရှိပေ။

ထိုင်းအစိုးရက ဗိုလ်ချုပ်စောလားပွယ်ကို မူးယစ်ရာဇာအဖြစ် ဖမ်းဝရမ်း ထုတ်ပြန်ချက်မှာ မှားယွင်းပါသည်ဟု ထိုင်းထောက်လှမ်းရေးက လာရောက် တောင်းပန်ခြင်း ဖြစ်ကြောင်း ဗိုလ်ချုပ်

အစိုးရတပ်နှင့် TNLA တို့ စစ်ရေးတင်းမာ

 
Monday, June 17, 2013

ရှမ်းပြည်နယ်မြောက်ပိုင်း နန့်ဆမ်မြို့နယ်တွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် အစိုးရ တပ်မတော်တို့အကြား တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ပြီး နှစ်ဖက်တပ်များအကြား စစ်ရေး တင်းမာလျက်ရှိကြောင်း သိရသည်။

TNLA တပ်ရင်း (၂၅၆) ထိန်းချုပ် နယ်မြေအတွင်း အင်အား ၅၀ ခန့်ဖြင့် ဝင်ရောက်လာသည့် နောင်ချို အခြေစိုက် ခလရ (၁၁၄) တပ်ရင်းတို့ ဇွန်လ ၁၅ ရက်နေ့ နံနက် ၆ နာရီခန့်တွင် နန့်ဆမ်မြို့နယ် ပန်အလောက်ရွာနှင့် မန်လုံ ကျေးရွာ အကြားတွင် နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLA ပြန်ကြားရေးဌာန တာဝန်ခံ မိုင်းအောင်ကိုက ပြောသည်။

“နယ်ကျွံလာတဲ့ အစိုးရတပ်ကို TNLA ပြောက်ကျားတပ်တွေက တိုက်တာပါ၊ ကျနော်တို့ဘက်က ကျဆုံးဒဏ်ရာ မရှိဘူးဆိုတာ သိရပေမယ့် အစိုးရဘက်က ကျဆုံးဒဏ်ရာရ စာရင်းတော့ ရှေ့တန်းတပ်တွေက ပို့မလာသေးတဲ့ အတွက် မသိရသေးပါဘူး” ဟု မိုင်းအောင်ကိုက ဧရာဝတီသို့ ပြောသည်။

ပလောင်ကျေးရွာများ အနီးဖြစ်နေသည့်အတွက် TNLA ပြောက်ကျားတပ်များက တိမ်းရှောင်သော်လည်း နှစ်ဖက်တပ်များ နီးကပ်နေသောကြောင့် တိုက်ပွဲများ ထပ်မံ ဖြစ်ပွားနိုင်သည်ဟု မိုင်းအောင်ကိုက

ရှစ်လေးလုံး ငွေရတုအခမ်းအနား ငြိမ်းချမ်းရေးနဲ့ ရင်ကြားစေ့ရေးအတွက် ကျင်းပမည်ဟုဆို


 
မြန်မာ့နိုင်ငံရေးမှာ မဖြစ်မနေ ဆောင်ရွက်ရမယ့် ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို အခြေခံပြ­ီး ရှစ်လေးလုံး အရေးတော်ပုံ ငွေရတုအခမ်းအနားကို ကျင်းပမှာဖြစ်တယ်လို့ ဖြစ်မြောက်ရေး ကော်မတီက ဇွန်လ ၁၅ရက်နေ့မှာ ပြောဆို လိုက်ပါတယ်။
 
Copy from - Kamayut MediaTv

Sunday, June 16, 2013

ဗုဒ္ဓဘာသာကို သိက္ခာကျရန် လုပ်ကြံနေသည့် အလိမ်ညာမီဒီယာတို့အား ရှုံ့ချ


 
မှော်ဘီသံဃာ့အစည်းအဝေး၏ နောက်ဆုံးနေ့မှာ -- သတင်းသမားများသည် ဒေါက်တာ ဓမ္မပိယ၊ ဓမ္မဒူတ အရှင်ဆေကိန္ဒ၊ သီတဂူ အရှင်ဒေ၀ိန္ဒာဘိဝံသတို့ကို လာရောက် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

ထိုဆရာတော်တို့က ထိုမီဒီယာသတင်းသမားများအား သတင်းမှန်ကို အတိအကျ တင်ပေးဖို့ရန်ကို အကြိမ်ကြိမ်မှာခဲ့ပါသည်။

သို့သော် တချို့ ကလိမ်ကကျစ် မီဒီယာတို့သည် မှော်ဘီထုတ်ပြန်ချက်ထဲမှာ မပါသည့်အကြောင်းအရာ တချို့ကို ဝေ့လည်ကြောင်ပတ်ဖြင့် လွှင့်ထုတ်ခဲ့ပါသည်။ ထ...
ို့ကြောင့် အောက်ပါအတိုင်း ကြေငြာချက်ကို အတိအလင်း ထုတ်ပြန်လိုက်သည်။

၁။ “ ၉၆၉” ဂဏန်းသည် ငြိမ်းချမ်းရေး သင်္ကေတဖြစ်သည်။ သို့သော် ဗုဒ္ဓဘာသာအပေါ်မှာ မလိုတမာ ဖြစ်နေသည့် ဘာသာခြားများက ထိုဂဏန်းကို အမင်္ဂလာဂဏန်းအဖြစ် သတင်းလွှင့်နေကြသောကြောင့် ဘာသာခြား များ အသုံးမပြုနိုင်စေရန် ရည်ရွယ်၍ “ဗုဒ္ဓသာသနာတော်ကို ညှိုးနွမ်းစေနိုင်မည့်

ရွှေတိဂုံစေတီတွင် အမျိုးသမီးတစ်ဦး ဆာရီခြုံ၍ပန်းကြဲ

ရန်ကုန်၊ ဇွန် ၁၄

မြန်မာနိုင်ငံ၏ အထင်ရှားဆုံး စေတီဖြစ်သော ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် အရှေ့ဘက်စောင်းတန်း ရင်ပြင်တော်တွင် ဇွန်လ ၁၄ ရက် နေ့လယ် ၁၂ နာရီ ၄၅ မိနစ်ခန့်က အသက် ၃၈ နှစ်အရွယ် စိတ်မနှံ့သူ အမျိုးသမီးတစ်ဦးသည် ဆာရီခြုံ၍ နှင်းဆီပန်းများကို ကြဲချခဲ့ကြောင်း ရွှေတိဂုံစေတီတော် ဂေါပက လုံခြုံရေးရုံးမှ သိရသည်။

ဆာရီခြုံထားသော အမျိုးသမီးနှင့် အတူ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး အဖော်ပါပြီး အရှေ့ဘက်မုခ်မှ နှင်းဆီပန်းငါးစည်းကို ငွေကျပ်တစ်သောင်းဖြင့် ဝယ်ယူ၍ ဘုရားရင်ပြင်ထောင့် တွင် ပန်းကြဲကာ ဓာတ်ပုံအရိုက်ခံပြီး ထွက်ပြေးခြင်းကြောင့် ဘုရားဂေါပက လုံခြုံရေးအဖွဲ့က ဖမ်းဆီးခြင်း ဖြစ်ကြောင်း

မြန်မာစစ်တပ်နှင့် T.N.L.A တပ်ရင်း ၂၅၆တို့ နမ့်ဆန်တွင် ရင်ဆိုင်တိုက်ပွဲဖြစ်ပွား


ဇွန်လ (၁၅) ရက်နေ့ မနက်ပိုင် ၆ နာရီအချိန်တွင် T.N.L.A တပ်ရင်း (၂၅၆) နှင့် နောင်ချိုအခြေစိုက် ခလရ တပ်ရင်း (၁၁၄)တို့မှ နမ့်ဆန်မြို့နယ် မန်လုံနှင့် ပန်အလော့ရွာအကြားတွင် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါ သည်။

နောင်ချိုအခြေစိုက် ခလရတပ်ရင်း (၁၁၄) အင်းအား (၅၀) ၀န်ကျင်ရှိ စစ်ကြောင်းမှ နမ့်ဆန်မြို့ နယ်T.N.L.A တပ်ရင...်း (၂၅၆) ထိန်းချုပ်နယ်မြေအတွင်း ၀င်ရောက်လာ ရာ နှစ်ဖက် တပ်များမှ မီနစ် ၃၀ ခန့် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။

T.N.L.A (၂၅၆) တပ်ရင်း တပ်ခွဲမှူးမှ ကျနော်တို့ ဒီနေ့ မနက်ခင်း ၆ နာရီအချိန်လောက်မှာ နမ့်ဆန်မြို့နယ် မန်လုံ နှင့် ပန်မလော့ကျေးရွာအကြားမှ ခလရတပ်ရင်း (၁၁၄) နဲ့ မီနစ် ၃၀ ခန့် ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့တယ်၊ သူတို့ဖက်တော့ အင်အား (၅၀) ခန့်လောက်ရှိမယ်.. ကျနော်တို့ ဖက်က တော့ ထိခိုက်ဒဏ်ရာရတာမရှိဘူး မြန်မာစစ် တပ်ဖက်က ဘယ်နှစ်ဦးဒဏ်ရာ ရလဲဆိုတာ အတိအကျ မသိရသေး ဘူးဟု ပြောပြခဲ့ပါသည်။

T.N.L.A ထိန်းချုပ်နယ်မြေအတွင်းသို့ မြန်မာစစ်တပ်မှ အင်းအားမြောက်များစွာဖြင့် ၀င်ရောက် ထိုးစစ်ဆင်နေပြီး ဇွန်လ (၁၄)ရက်နေ့ မွန်လွဲ ၂ နာချိန်အချိန်တွင်လည် ကွတ်ခိုင်မြို့နယ် လုံကမ်ကျေးရွာအနီးတွင် မြန်မာစစ်တပ် တပ်ရင်း (၁၄၄-၄၅) တပ်ရင်းများနှင့် T.N.L.A တပ်ရင်း (၁၁၂) တို့မှ ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရှိရ ပါသည်။

သတင်းနှင့်ပြန်ကြားရေးဌာန
P.S.L.F/T.N.L.A

မလေးရှားတွင် ရက်စက်စွာ အသက်ခံရသော မြန်မာလူမျိုးများအတွက် ဝမ်းနည်းခြင်း အထိမ်းမှတ် တိုကျိုတွင်ကျင်းပပြုလုပ်။

 
မလေးရှားတွင် ရက်စက်စွာ အသက်ခံရသော မြန်မာလူမျိုးများအတွက် ဝမ်းနည်းခြင်း အထိမ်းမှတ်အဖြစ် ဂျပန်နိုင်ငံ တိုကျိုမြို့  Shibuya တွင်ရှိသော မလေးရှားသံရုံးရှေ့၌ ဂျပန်ရောက် မြန်မာနိုင်ငံသားများတို့မှ စုပေါင်း၍ ယနေ့ ဇွန်လ (၁၇)ရက်နေ့ နံနက် ၁၁း၀၀ နာရီချိန်တွင် ပန်း၊ ပန်းခွေ message card များတို့ကို သံရုံးရှေ့နေရာတွင်ချပြီး ငြိမ်သက်စွာ ဆုတောင်းခဲ့ကြကြောင်း သိရှိရပါသည်။

မိုင်းကျော်ဦး
 
 
မှတ်တမ်းပုံများ

ရှမ်းမြောက် ကေအိုင်အေ တပ်မဟာ(၄) နယ်မြေတွင် တိုက်ပွဲဖြစ်

16 Jun 2013

ဇွန်(၁၅) မနက် အစောပိုင်းက ရှမ်း/မြောက် ကေအိုင်အေ တပ်မဟာ(၄) လက်အောက်ခံ တပ်ရင်း(၉) နယ်မြေ သို့  စစ်ကြောင်းထိုး လှုပ်ရှားလာသော အင်အား(ရ၀) ခန့် ရှိ အစိုးရစစ်ကြောင်း ခလရ(၄၅) တပ်ဖွဲ့  နှင့် အဆိုပါဒေသ တွင် စခန်းထိုင်ထားသော ကေအိုင်အေ တပ်ဖွဲ့ ဝင် တို့  ဆိုင်ဟွမ်ကျေးရွာ အနီးတွင် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်းသိရသည်။

အလားတူ ဇွန်(၁၅) နေ့ လည် ၁ နာရီခန့် တွင် ကေအိုင်အေ တပ်ရင်း (၁ရ) နယ်မြေ လွိုင်ကမ်မိန်း ကျေးရွာ အနီးရှိ မန်ဂျန်ဘွမ် ပါတ်ဝန်းကျင် တွင် စစ်ကြောင်းထိုးလှုပ်ရှားနေသော မြန်မာအစိုးရတပ် ခလရ (၁၂၉) တပ်ဖွဲ့  နှင့် ကေအိုင်အေ ပြည်သူ့ စစ်တပ်ဖွဲ့ ဝင် များ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်းထပ်မံသိရှိရသည်။ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုများ အား မသိရသေးပါ ။
 
Copy from - Jade Land