Friday, May 31, 2013

ကချင်ဆွေးနွေးပွဲ လုံးဝအပစ်ရပ်ရေး သဘောတူညီချက်မရဘဲ ပြီးဆုံး

သုံးရက်မြောက် ကချင်ဆွေးနွေးပွဲ ( မေ ၃၀၊ ၂၀၁၃)
သုံးရက်မြောက် ကချင်ဆွေးနွေးပွဲ ( မေ ၃၀၊ ၂၀၁၃)
 
သုံးရက်ကြာ မြန်မာအစိုးရ နဲ့ ကေအိုင်အို ကိုယ်စားလှယ်တွေကြား ဆွေးနွေးပွဲ မှာ အပစ်အခတ် ရပ်စဲရေးနဲ့ ပတ်သက်လို့ တိတိကျကျ သဘောတူညီချက်တော့ မရခဲ့ပါဘူး။ ဒါပေမဲ့ နှစ်ဘက်ကြား နိုင်ငံရေးဆွေးနွေးပွဲတရပ်လုပ်ဖို့နဲ့ အပစ်အခတ် ရပ်စဲရေး အတွက် အခြေအနေကောင်းတွေ ဖန်တီးဖို့ အချက် ၇ချက်ပါတဲ့ သဘောတူညီချက်ကို လက်မှတ်ထိုးခဲ့ကြပါတယ်။ ဒီအကြောင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ရောက်ရှိနေတဲ့ ဗွီအိုအေ ဝိုင်းတော်သား ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

ကေအိုင်အိုနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီတို့အကြား သုံးရက်ကြာ တွေ့ဆုံဆွေးနွေး ခဲ့ကြပြီးတဲ့နောက် အချက် ၇ချက်ပါ သဘော တူညီချက် ကို မေလ ၃၀ရက် ကြာသပတေးနေ့မှာ လက်မှတ်ရေးထိုးနိုင် လိုက်ကြတာပါ။

“(က) နိုင်ငံတော်အစိုးရနဲ့ ကေအိုင်အိုတို့ နိုင်ငံရေးဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်ရန် သဘောတူညီသည်။ (ခ) နှစ်ဖက်တပ်ဖွဲ့များမှ ပစ်ခတ်တိုက်ခတ်မှုများလျော့ချခြင်း၊ တိုက်ပွဲများ ထပ်မံ မဖြစ်ပွားအောင် ထိန်းသိမ်းခြင်း တို့ကို ဆောင်ရွက်သွားရန် သဘောတူသည်။

ပြည်ထောင်စု ငြိမ်းချမ်းမှု ဖော်ဆောင်မှု ဗဟိုဌာန MPC က ဦးအောင်နိုင်ဦးက သဘောတူညီချက် ၇ချက်ကို သတင်းစာရှင်းလင်းပွဲအတွင်း ဖတ်ပြသွားတာပါ။ အရင့်အရင်က တခြားလူမျိုးစုတွေနဲ့ ရခဲ့ဖူးတဲ့ သဘောတူညီချက်တွေ မတူဘဲ ထူးခြားတယ်လို့ ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက ပြောတဲ့သဘောတူညီချက်တွေကို အလွယ်တကူ ရခဲ့ကြတာတော့ မဟုတ်ပါဘူး။ တံခါးပိတ်၊ တံခါးဖွင့် ဆွေးနွေးပွဲတွေအတွင်း အကြိတ်အနယ် ဆွေးနွေးခဲ့ကြတာတွေထဲမှာ အဓိက အကျဆုံးကတော့ ကေအိုင်အိုဘက်က အစဉ်တစိုက်တောင်းဆိုလာခဲ့တဲ့ နိုင်ငံရေးဆွေးနွေးပွဲကိစ္စဖြစ်ပါတယ်။

“ ကျနော်တို့ရဲ့ သဘောတူညီချက်ထဲမှာ နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လုပ်သွားမယ်ဆိုတာ နံပတ်တစ်အနေနဲ့ ဆုံးဖြတ်ချက်ချခဲ့တာပါ။ ဒီအချက်ကိုလည်း အကြိတ်အနယ်ဆွေးနွေးခဲ့ကြပါတယ်။”
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီရဲ့ဥက္ကဌ ဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက ဆွေးနွေးပွဲအပြီး သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောသွားတာပါ။ ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းရဲ့ ပြောဆိုချက်ကို ကေအိုင်အို၊ ကေအိုင်အေဘက်က အဓိက ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ကလည်း အလားတူ အသိအမှတ်ပြုပြောဆိုပါတယ်။

“ဆွေးနွေးပွဲတွေမှာ နိုင်ငံရေးဆွေးနွေးပွဲတွေလုပ်မယ်လို့ပြောဆိုခဲ့ကြပါတယ်။ ဘယ်လိုလုပ်ကြမလဲဆိုတဲ့ အပိုင်းပေါ့နော်။ ကျနော်တို့ဘက်က ချဉ်းကပ်ပုံ၊ ချဉ်းကပ်နည်းနဲ့ နိုင်ငံတော်အစိုးရဘက်က လက်တွေ့ အကောင်အထည်ဖော်မယ့် အပိုင်းကို အဓိက ထားဆွေးနွေးခဲ့ကြပါတယ်။ ဒါကြောင့် ကျနော်တို့ချမှတ်ထားပြီးသား နိုင်ငံရေးဆွေးနွေးပွဲတွေကို လုပ်ဆောင်သွားမယ်ဆိုတာကို ပြောချင်ပါတယ်။”

ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တိုးတက်မှုအချို့ရခဲ့တဲ့အတွက် ဝမ်းသာတဲ့အကြောင်း၊ နိုင်ငံတကာလေ့လာသူအဖြစ် နှစ်ဦးပဲ တက်ရောက်ခဲ့တဲ့ အထဲက မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ ကောင်စစ်ဝန် မစ္စတာ လူဇီက ဗွီအိုအေကိုပြောပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ လက်ရှိခွန်အားကို ထိန်းသိမ်းပြီး အတူတကွ အားဖြည့် ကူညီသွားမယ်လို့ မျှော်လင့်တဲ့ အကြောင်းလည်း

KIO အဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးနေစဉ် တအာင်း(ပလောင်)ဒေသတွင် ထိုးစစ်ပြင်းထန်နေသည့် အကြောင်း အထွေထွေအတွင်းရေးမှူး အင်တာဗျူး ။

PSLF/TNLA အထွေထွေအတွင်းရေးမှူး မိုင်းဘုန်းကျော် အင်တာဗျူး

ဒေါ်အောင်ဆန်းစုကြည် ကြိုဆိုရေးငွေစာရင်ရှင်တမ်း


၂၀၁၃ ခုနှစ် မေလ ၃၀ ရက်။
ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်ရောက် မြန်မာမိသားစုများ တွေ့ဆုံပွဲ ကျင်းပပြီးစီးပြီးနောက် ကျန်ရှိ ငွေစာရင်းရှင်းတမ်း ရှင်းလင်းရန်နှင့် ကော်မတီဖျတ်သိမ်းရန်အတွက်  နောက်ဆုံး ညှိနှိုင်း အစည်းအဝေးကို ၂၀၁၃ ခုနှစ် မေလ ၂၆ ရက်နေ့ နံနက် ၉း၃၀ နာရီမှ ၁၂း၀၀ နာရီအထိ Kenkoo Plaza ( Ikebukuro ) 7 F, တွင် ကျင်းပခဲ့ကြပြီး ဖြစ်ပါသည်။ 

အစည်းဝေးမှ ဘဏ္ဍာရေးဆပ်ကော်မတီမှ ငွေစာရင်းရှင်းလင်းခြင်း၊ စာရင်းစစ်မှ စစ်ဆေးပြီးသည့်နောက် ကော်မတီအား တရားဝင်ဖျတ်သိမ်းရန် ကြေငြာချက် တစောင်အား ပြန်ကြားရေးကော်မတီမှ ထုတ်ပြန်သွားမည် ဖြစ်ပြီး လက်ကျန်ငွေ ( ၃၇၅,၅၁၇ - ယန်း)ကိုလဲ မြန်မာပြည်တွင်းရှိ ရေအခက်အခဲ့ဒေသသို့ NLD တဆင့်ပေးပို့ လှုဒန်းသွားရန် ဆွေးနွေး ဆုံးဖြတ်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum

Thursday, May 30, 2013

မန်တုံနှင့် နမ့်ခမ်းမြို့နယ် အစပ်တွင် T.N.L.A တအာင်းတပ်ဖွဲ့နှင့် မြန်မာတပ်ဖွဲ့ တိုက်ပွဲပြင်းထန်နေ

၃၀ ရက်၊ မေလ၊ ၂၀၁၃။
 
နမ့်ခမ်းမြို့နယ် အခြေစိုက် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (T.N.L.A) တပ်ရင်း ၄၇၈ နှင့် မန်တုံမြို့နယ် အခြေစိုက် တပ်ရင်း ၃၆၇ အဖွဲ့တို့နှင့် မြန်မာတပ်ဖွဲ့တို့ ယနေ့ ၃၀ ရက်မေလ ညနေ ၁၈း၄၅ မှ ယခု သတင်းရေးနေသည့် အချိန်ထိ နမ့်ခမ်း-မန်တုံ မြို့နယ်အစပ် နားအော်ကြီးနှင့် ထာတ်ကျဲတ် ဘုရားတောင် အကြား တောင်တန်း စခန်းများတွင် တိုက်ပွဲ ပြင်းထန်နေလျှက်ရှိသည်။
 
T.N.L.A တပ်ရင်း ၃၆၇ နှင့် တပ်ရင်း ၄၇၈ တို့၏ ပြောက်ကျား တပ်စခန်းငယ်များ ရှိရာ တောင်တန်းများ ဆီသို့ မြန်မာ တပ်ဖွဲ့ ၃၀၀ ခန့် တက်လာသဖြင့် တိုက်ပွဲ ပြင်းထန်နေခြင်း ဖြစ်သည်။
 
ယမန်နေ့က နမ့်ခမ်းမြို့နယ်မှ ထွက်လာသော ရှမ်းတောင်တပ်ဖွဲ့ ယူနီဖောင်းဝတ် မြန်မာတပ် အင်အား ၂၀၀ ကျော်သည် နမ့်ခမ်းမြို့နယ် မိုင်းဝီးရွာထိ ကားစီးလာပြီး ထိုရွာမှ ချေလျှင် တောလမ်းဖြင့် ၂၉ ရက်နေ့

ဒီပဲယင်း လုပ်ကြံသတ်ဖြတ်မှုကြီး (၁၀နှစ်)ပြည့် အထိမ်းအမှတ်အခမ်းအနား (တိုကျို)



ရုပ်သံသတင်း - DVB TV News
ယနေ့ ၂၀၁၃ ခုနှစ် မေ ၃၀ ရက် ညနေ ၃း၀၀ နာရီမှ ၄းဝဝ နာရီအထိ တိုကျို ရှီနာဂါဝါအရပ်ရှိ မြန်မာသံရုံးရှေ့ မှာ နိုင်ငံတော်မှ စနစ်တကျ ကျူးလွန်ခဲ့သည့် ဒီပဲယင်း လုပ်ကြံသတ်ဖြတ်မှုကြီး (၁၀နှစ်)ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနားကို ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများတို့မှ စုပေါင်းကျင်းပခဲ့ကြပြီး အင်အား ၁၀၀ ကျော်တို့မှ တက်ရောက်ပါဝင်ခဲ့ကြကြောင်း သိရှိရပါသည်။
PNS-Japan
 
 
သတင်းဓါတ်ပုံ။
 

T.N.L.A တပ်မှူးများ ၆ လပတ် စုံညီအစည်းအဝေးတွင် ရန်သူအခြေအနေ သုံးသပ်ဆွေးနွေးစဉ်

 
တအာင်း (ပလောင်) တောင်တန်းဒေသ အမြင့်ပေ ၆၀၀၀ ကျော် တောင်ပေါ်မှာ အေးကအေး လေကတိုက် မိုးကလည်းရွာ ချမ်းချမ်းနဲ့ပဲ အစည်းအဝေးထိုင်နေကြတဲ့ PSLF/TNLA ခေါင်းဆောင်များ
တပ်မှူးစုံညီအစည်းအဝေး ...
 
Photo by -Taang Tea Land

နိုင်ငံတကာရှေ့ အပစ်အခတ် ရပ်စဲမည်ဟု ကချင် ပြော


မေလ ၃၀ ရက် ၂၀၁၃

ကေအိုင်အေနှင့် မြန်မာစစ်တပ်အကြား အပစ်အခတ်ရပ်စဲရေး စာချုပ် ထပ်မံချုပ်ဆိုမည်ဆိုပါက ကုလသမဂ္ဂ၊ တရုတ်၊ ဗြိတိသျှအပါအ၀င် နိုင်ငံတကာက ပါဝင် လက်မှတ်ရေးထိုးမှသာလျှင် ကေအိုင်အေက အပစ်အခတ်ရပ်စဲရန် သဘောတူညီ မည်ဖြစ်ကြောင်း ကေအိုင်အေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ပြောဆိုလိုက်သည်။

ယနေ့ မြစ်ကြီးနား မြို့ မနောကွင်း တွင် ကျင်းပသော ကချင်ပြည်သူလူထုနှင့်တွေ့ဆုံစဉ် ဗိုလ်ချုပ်ဂွမ်မော်က ကချင်ပြည်သူများကို အထက်ပါ အတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

ယခင်က အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့သော်လည်း ပျက်ပြယ်ခဲ့ရကြောင်း၊ ယခုတဖန် အပစ်အခတ်ရပ်စဲရေး ထပ်မံ လုပ်ဆောင်မည်ဆိုပါက တရုတ်၊ ဗြိတိသျှနှင့် ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာက ပါဝင်လက်မှတ်ရေးထိုးမှသာလျှင် အပစ်အခတ်ရပ်စဲရေး ခိုင်မြဲနိုင်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဂွမ်မော်က ဆိုသည်။

“အလုံးစုံ အပစ် အခတ် ရပ်စဲရေးမှာ ကုလသမဂ္ဂ၊ ဗြိတိသျှ၊ တရုတ်တို့လိုနိုင်ငံတကာပါဝင်လာ မှပဲ လက်မှတ်ထိုးနိုင်မယ်။ ဘာကြောင့်လဲ ဆိုရင် အရင်ကတည်းက တခါပျက်ပြီးသွားပြီဖြစ်တဲ့အတွက်

မိုင်းဝီးအနီး ပိန်းခမ်းတောင်တိုက်ပွဲတွင် မြန်မာတပ်ဖွဲ့ အနဲဆုံး ၃ ဦးထိခိုက်ကျဆုံး

၃၀ ရက်၊ မေလ၊ ၂၀၁၃။

နမ့်ခမ်းမြို့နယ် အခြေစိုက် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (T.N.L.A) တပ်ရင်း ၄၇၈ တပ်ခွဲ (၁) အဖွဲ့တို့ ဒေသစိုးမိုးရေးအတွက်လှည့်လည်လှုပ်ရှားစဉ် မိုင်းဝီးအုပ်စု ပိန်းခမ်းရွာအလွန် စေတီကုန်းအနီးတွင် ယနေ့နံနက် ၁ နာရီခန့်မှ ၂ နာရီနီးပါးအထိ နာရီဝက်နီးပါးကြာ မြန်မာတပ်ဖွဲ့နှင့် ထိပ်တိုက်ရင်ဆို...င် တိုးပြီး နှစ်ဖက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားရာ မြန်မာတပ်ဖွဲ့ အနဲဆုံး ၃ ဦး ထိခိုက်ကျဆုံး သည်ဟု သိရှိရသည်။

တအာင်းတပ်မတော် တပ်ရင်း ၄၇၈ တပ်ဖွဲ့ဝင်များ နယ်မြေစိုးမိုးရေးအတွက် လှည့်လည်လှုပ်ရှားရာမှ မြန်မာတပ်ဖွဲ့ ခလရ ၁၄၄ တပ်ဖွဲ့ကင်းပုန်းဝပ်ရာ လွယ်ဟွမ်ရွာဘက်လမ်းအထွက် ထိုဘုရားကုန်းအနီးတွင် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ 
KIA ဗိုလ်သင်တန်းကျောင်းဆင်း တအာင်းအရာရှိတဦးအား T.N.L.A တပ်မတော်စစ်ဦးစီးချုပ် က ရာထူးအပ်နှံနေစဉ်
 
“ မြန်မာတပ်ဘက်က လူမများပါဘူး။ တပ်ခွဲတခွဲတောင်အပြည့်မရှိဘူး။ TNLA ကလည်း လှည့်လည် လှုပ်ရှားတဲ့ ပြောက်ကျားတပ် ဆိုတော့ တိုက်ပွဲကသိပ်မကြာဘူး။ လက်နက်အကြီးငယ် အစုံပဲ အသံတွေကြားရတာ။ တိုက်ပွဲပြီးတာနဲ့ တအာင်းပြောက်ကျားတပ် တို့ အလျင်အမြန်ကိုပဲ

T.N.L.A တအာင်းတပ်ဖွဲ့နှင့် မြန်မာတပ်ဖွဲ့ တိုက်ပွဲဖြစ်စဉ်အကျဉ်း


၂၉ ရက်၊ မေလ၊ ၂၀၁၃။
 

 တိုက်ပွဲ # ၁ - T.N.L.A တပ်ရင်း ၁၁၂ Vs မြန်မာတပ် ၄၅ နှင့် ၁၂၃ နှင့် ရဲတပ်ဖွဲ့+ ပြည်သူ့စစ်
နေရာ - ကွတ်ခိုင်မြို့နယ် မိုင်းယုလေးနှင့် လူမ်ကမ်ရွာအကြား (လားရှိုး-မူဆယ်ကားလမ်းအနီး)
အချိန် - နံနက် ၃း၃၀ နာရီ...ခန့်မှ ၅း၃၀ နာရီထိ
ရန်သူကျဆုံးမှု - မြန်မာတပ်ဖွဲ့ အနဲဆုံး ၅ ဦးထိခိုက်ကျဆုံး


တိုက်ပွဲ # ၂ - T.N.L.A တပ်ရင်း ၇၁၇ Vs မြန်မာတပ် ၅၀၁
နေရာ - ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်ခွဲ ခူန်ခါဒေသ
အချိန် - နံနက် ၃ နာရီခန့်မှ မိုးလင်းလုနီးပါးအထ
ရန်သူကျဆုံးမှု - မြန်မာတပ်ဖွဲ့ ၂ ဦးကျဆုံးပြီး အနဲဆုံး ၃ ဦးထိခိုက်ဒါဏ်ရာရရှိ


တိုက်ပွဲ # ၃ - T.N.L.A တပ်ရင်း ၂၅၆ Vs မြန်မာတပ် ၅၀၂ နှင့် ဒေသခံ ထွန်းမြတ်လေးပြည်သူ့စစ်
နေရာ - နမ့်ဆန့်မြို့နယ် အိုမ်ဝါရ်(နမ့်ခေး) ရွာအနီး
အချိန် - နေ့လယ် ၁၃း၃၀ နာရီခန့်မှ ၁၄း၄၅ နာရီအထိ
ရန်သူကျဆုံးမှု - မြန်မာတပ်ဖွဲ့ အနဲဆုံး ၆ ဦးထိခိုက်ကျဆုံး

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA

Wednesday, May 29, 2013

သီးခြား ကချင်နိုင်ငံ တည်ထောင်ရန် KNO ကြေညာချက် ထုတ်ပြန်


29 May 2013 ,

မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) မေလ ၂၈ ရက်နေ့ ငြိမ်းချမ်းရေး ဆွေးနွေးနေချိန် ပြည်ပအခြေစိုက် အကြီးဆုံး ကချင်အဖွဲ့အစည်း KNO မှ ကချင် သီးခြား လွတ်လပ်သော နိုင်ငံတည်ထောင်ရန် သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့သည်။

၎င်းကြေညာချက်ကို UK နိုင်ငံတွင်ကျင်းပသည့် ကချင်အမျိုးသားအစည်းအရုံး (Kachin National Organization - KNO) ဗဟိုလူကြီးများ၏ အစည်းအဝေးမှ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

“KNO ရည်ရွယ်ချက် ပန်းတိုင်ကို ကျနော်တို့ လက်တွေ့လုပ်ဆောင်လာချိန် တခါတလေ စိတ်ကူးထားတာနဲ့ လွှဲလာတာရှိတယ်။ အဲဒါကြောင့် မလွှဲဖို့ရန်အတွက် အမြဲတမ်း သတိရစေဖို့ ဆွေးနွေးတယ်။ ဆုံးဖြတ်တယ်။ ပြီးတော့ သဘောထား ထုတ်ပြန်တာ ဖြစ်တယ်” ဟု KNO အထွေထွေအတွင်းရေးမှူး ဒူဝါ မခေါခွန်ဆာ KNG ကချင်သတင်းဌာန သို့ပြောသည်။
၎င်းကြေညာချက်တွင် ကချင်ပြည်နယ်တွင် ကိုယ်ပိုင် အချုပ်အချာအာဏာနှင့် ပြည့်စုံသော သီးခြား လွတ်လပ်သော နိုင်ငံတည်ထောင်ပြီး ထိုနိုင်ငံတွင် ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ် ကျင့်သုံးသွားမည်ဟု ဆိုထားသည်။

သို့သော် ကချင်၊ ကရင်၊ ကရင်နီ၊ ရခိုင်၊ ရှမ်း၊ ချင်း၊ မွန်နှင့် မြန်မာ တိုင်းရင်းသားများ အားလုံးပါဝင်ပြီး

တိုက်ပွဲကြောင့် အပြစ်မဲ့ တအာင်းအမျိုးသမီးငယ်တစ်ဦး ပွဲချင်းပြီးသေဆုံး

29 May 2013,
 
တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ရင်း ၁၁၂၊ တပ်ခွဲ (၂) ရှိရာသို့ အစိုးရ ခလရ ၄၅ တပ်ဖွဲ့နှင့် ပန်းဆေး ပြည်သူ့စစ် နှစ်ဖက် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားရာ အပစ်မဲ့ဒေသခံ အမျိုးသမီးငယ် တစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ၂၀၁၃ခုနှစ် မေလ(၂၈)ရက်နေ့လည်တွင် အသက်၁၈နှစ်ရှိ လွေးအေကျမ်ငင်းနှင့် သူမမိခင် ဒေါ်ယေကြာ(ယာမာသိန်း) တို့ မိုင်းယုလေးမှ ဂျုံနောရွာအသွား တုံ့ပန်းအရောက်တွင် တိုက်ပွဲဖြစ်ပွားရာမှ သူမ၏နာခေါင်း (ဦးခေါင်း) ကျဉ်ဆံမှန်ပြီး ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။

“ သေနတ်သံကြားလိုက်တာနဲ့ သူတို့သားအမိက လမ်းဘေးချုံထဲဝင်ပုံးနေတာ.. သေနတ်သံတိတ်ပြီဆိုပြီး ချုံကနေထွက်လာတာနဲ့ပဲ သူ့သမီးနှာခေါင်းမှန်သွားတယ် ပြီးတော့ချက်ချင်းလဲကျသွားတော့တာပဲ .. ဒါနဲ့သူ့အမေက အနီးတဝိုက်ရှိတောင်ယာ လုပ်နေတဲ့ လူတွေကို အကူအညီတောင်းတယ်.. မနေ့က ချက်ချင်းပဲ

လားရှိုးသတင်းယူနေသည့် ရုပ်သံသတင်းသမား ၂ ဦး တိုက်ခိုက်ခံရ

ယနေ့လားရှိုးမှ အဖျက်သမားများ (29-5-2013)ဓါတ်ပုံ - အင်တာနက်စာမျက်နှာမှ
 
လားရှိုးမြို့ မီးရှို့မှုတွေနဲ့ ပဋိပက္ခတွေအကြောင်း လိုက်လံသတင်း ရိုက်ယူနေတဲ့ အိုင်စီဂျေ ရုပ်သံ အလွတ် သတင်းသမား ၂ ဦးကို ဒေါသထွက်နေတဲ့ လူအုပ်စုတစ်စုက လာရောက် ရိုက်နှက်သွားတဲ့ အတွက် ဦးခေါင်းနဲ့နောက်ကျော ဘက်တွေမှာ ဒဏ်ရာရ သွားပါတယ်။

လားရှိုးမြို့ (၇) ရပ်ကွက် အနီးနားမှာ စားသောက်ဆိုင်တခုကို ဖျက်ဆီးနေတဲ့ သတင်းယူနေစဉ် ဒီကနေ့ညနေပိုင်းက အရိုက်ခံရ တာဖြစ်ပါတယ်။

အရိုက်ခံရတဲ့ အိုင်စီဂျေသတင်းသမားက “ကျနော်ကိုယ်တိုင် အရိုက်ခံရတယ်။ ခေါင်းကွဲသွားတယ်။ ရပ်ကွက် ၇ ထဲမှာပါ။ ကျနော်နဲ့အတူပါလာတဲ့သူက ကျောကုန်းမှာ အရိုက်ခံရတယ်။ ကျနော်တို့ ကင်မရာကို ဘေးမှာလွယ်ပြီး အခြေအနေကို ကြည့်နေတဲ့အချိန်မှာ ဆိုင်ကယ်အုပ်လိုက်ကြီးက လာတယ်။ ပြီးတော့ ပြေးဆင်းလာပြီး ကျနော့်ကင်မရာကို ဆွဲယူတယ်။ ကျနော့်ဘေးက သူငယ်ချင်းရဲ့ ကင်မရာကို ဆွဲယူတယ်။ မင်းတို့က မှတ်တမ်းရိုက်တာလားဆိုပြီး ဆွဲယူတော့ မဟုတ်ပါဘူးဆိုပြီးပြောတယ်။ အဲမှ ကင်မရာပေးဆိုပြီး ယူတယ်။ ကျနော်တို့က ကင်မရာတော့ မယူနဲ့၊ Memory Card မန်မိုရီကတ်ပဲ

T.N.L.A တပ်ရင်း ၇၁၇ နှင့်ဖြစ်ပွားသည့် ခူန်ခါတိုက်ပွဲတွင် မြန်မာတပ်ဖွဲ့ အနဲဆုံး ၅ ဦးထိခိုက်ကျဆုံး

၂၉ ရက်၊ မေလ၊ ၂၀၁၃။
 
ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်ခွဲ ခူန်ခါဒေသ အခြေစိုက် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်(T.N.L.A) တပ်ရင်း ၇၁၇ နှင့် မြန်မာတပ်ဖွဲ့ ခမရ ၅၀၁ တို့ ယနေ့နံနက် ၃ နာရီခန့်မှ မိုးလင်းလုနီးပါးအထိ နှစ်ဖက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားရာ မြန်မာတပ်ဖွဲ့ ၂ ဦးကျဆုံးပြီး အနဲဆုံး ၃ ဦးထိခိုက်
ဒါဏ်ရာ ရရှိသည်ဟု သတင်းရရှိသည်။
 
တပ်ရင်း ၁၇၁ တပ်ဖွဲ့ဝင်များ နယ်မြေစိုးမိုးရေးအတွက် လှည့်လည် လှုပ်ရှားရာမှ မြန်မာတပ်ဖွဲ့ ခမရ ၅၀၁ စစ်ကြောင်းနှင့် ရင်ဆိုင် တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ခူန်ခါရွာနှင့် အလွန်နီးကပ်သဖြင့် တိုက်ပွဲအရှိန် မြင့်လာသည့်နောက်ပိုင်း နံက် ၅ နာရီ ခန့်တွင် ခူန်ခါရွာတွင်းအထိ တိုက်ပွဲ ကူးစက် သွားခဲ့သည်ဟု T.N.L.A တပ်ရင်း ၇၁၇ တပ်ရင်းမှူး ပြောပြချက်အရ သိရှိရပါသည်။
 
“မိုးမလင်းသေးဘူး သေနတ်သံတွေ ကြားနေရတယ်။ မကြာပါဘူး မီးပွင့်တွေပါမြင်ရတော့ ရွာထဲထိ တိုက်ပွဲဖြစ်ပြီ ဆိုတာသိတော့ ရွာသားတွေ ရွာပြင် ထွက်ပြေးသူပြေး လွတ်မယ်ထင်တဲ့နေရာ ပုန်းသူပုန်းနဲ့ တကယ့်ပြည်တွင်းစစ်ကြီးပါပဲ။ ရွာသား ၂ ယောက် တော့ ပေါင်နဲ့ လက်မှာ လက်နက်ကျည်ဆ ထိတယ် သိပ်တော့မပြင်းဘူး၊ နှစ်ဘက်လုံးတော့ အနဲနဲ့အများ ထိခိုက်မှုရှိမှာပဲ” ဟု ခူန်ခါရွာသားတဦးက ပြောပြပါသည်။ ထိုဒါဏ်ရာရရှိတော့ ဒေသခံပြည်သူ နှစ်ဦးကို ကေအိုင်အေတပ်ဖွဲ့မှ ကချင်ဆေးမှူးက

မြန်မာတပ်ဖွဲ့ အင်အား ၂၀၀ လွယ်တိုင်းလျှမ်ရှမ်းတပ်ဖွဲ့ဝတ်စုံဖြင့်TNAL စိုးမိုးနယ်မြေတွင်းသို့ ဝင်ရောက်

၂၉ ရက်၊ မေလ၊ ၂၀၁၃။
 
တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ရင်း ၁၁၂ နှင့် တပ်ရင်း ၄၇၈ စိုးမိုးနယ်မြေသို့ မြန်မာတပ်ဖွဲ့ အင်အား ၂၀၀ ကျော်က လွယ်တိုင်းလျှမ်ရှမ်းတပ်ဖွဲ့ ယူနီဖောင်းများ ဝတ်ဆင်ပြီး ၂၉ ရက်နေ့နံနက် မိုးမလင်းခင် ၄ နာရီခန့် နမ့်ခမ်းမြို့နယ် မိုင်းဝီးရွာမှ ထွက်ခွာ သွားခဲ့ကြသည်ဟု သတင်းရရှိသည်။
 
၂၈ ရက်နေ့ နေ့ခင်းပိုင်းတွင် မြန်မာ စစ်တပ်ဖွဲ့၏ ရွှေလီရိပ်သာ၌ တပ်ဖွဲ့ အင်အား ၂၀၀ ကျော်တို့သည် နမ့်ခမ်းမှ ခရီးထွက်ရန် ပြင်ဆင်နေသည်ကို တွေ့ရှိကြောင်း နမ့်ခမ်း ဒေသခံတအာင်းလူမျိုး တဦးကပြောပြပါသည်။ ထိုနောက် ည ၈ နာရီကျော်အချိန်တွင် ၁၂ ဘီးကားကြီး ၃ စီး၊ ဖိုးဝီး ကားငယ် များနှင့်အတူ မိုင်းဝီးဘက်သို့ ထွက်ခွာသွားခဲ့ကြသည်။
 
ထိုမြန်မာတပ်ဖွဲ့ ၂၀၀ ကျော်သည် မိုင်းဝီးသို့ရောက်သည့်အချိန်တွင် RCSS/SSA ၇၀၁ ယူနီဖောင်းများ ပြောင်းလဲ ဝတ်ဆင်ပြီး စစ်ကြောင်း နှစ်ကြောင်းခွဲကာ တအာင်းတပ်ဖွဲ့ နယ်မြေတွင်းသို့ အာရုဏ်ဦး မိုးမသောက်မီ ကတည်းက ထွက်ခွာသွားကြသည်ဟု ရှမ်းယူနီဖောင်းဝတ် မြန်မာစစ်ကြောင်းကို တွေ့ရှိသူ မိုင်းဝီး ဒေသခံကပြောပြသည်။
 
“၇၀၁ ရှမ်းတပ်ဖွဲ့ စစ်ကြောင်းတွေ တက်လာသာတွေ့တော့ တော်တော်များတာကြောင့် အံ့အားသင့်မိတယ်။ ကျနော်တို့ တအာင်းနယ်မှာ ၇၀၁ တွေဒီလောက် မရှိပါဘူး။ ဒါပေမဲ့ သူတို့အချင်းချင်း စကားပြော အမိန့်ပေးသံ တွေက ဗမာစကားသံ ဖြစ်နေတော့ ဟာ ဒါဗမာစစ်သားတွေပဲလို့ သတိထားမိတယ်။ မိုးလည်းကောင်းကောင်း မလင်းသေးတော့ သူတို့မျက်နှာတော့ သဲသဲကွဲကွဲ

အရင်းစစ်တော့ အမြစ်ဘယ်ကလာ...

 
တလောက လန်ဒန်မြို့ ဆန္ဒပြပွဲကမြင်ကွင်းတခုပေါ့..။ အကြမ်းဖက်သမားတွေအတွက် လူ့အခွင့်အရေးဆိုတာ မလိုအပ်ဘူးလို့ ဆိုမလား လူ့အခွင့်အရေးနဲ့ မထိုက်တန်ဘူး မအပ်စပ်ဘူး ဆိုလေမလား..။

ဓာတ်ပုံနဲ့ ပြောချင်တာ စပ်ဆက်ချင်မှ စပ်ဆက်ပါမယ်။

ရခိုင်မှာ ဘင်္ဂလီ အကြမ်းဖက်မှုတွေ ဖြစ်တော့.. သမ္မတကြီးရဲ့ ကျုံးသွင်းပစ်မယ်၊ လှေနဲ့ပို့မယ်၊ ကြိုက်တဲ့သူ လာခေါ် ဆင်ဖမ်းမယ် မြင်းဖမ်းမယ် ဇလီဖာတုံး သွားကြားထိုးမယ်ဆိုတဲ့ ကတိနှုတ်ထွက် စကားတခုကို ကြားလိုက် မိပါတယ်..။

ဒီစကားနှုတ်ထွက် စကားတွေကို အတိအကျ အကောင်အထည်ဖော်ဖို့ မြန်မာပြည်က အထင်ကရ ဆရာတော်တဦးက သမ္မတနဲ့ တွေ့ခွင့်ရချိန်မှာ တင်ပြတော့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးတို့ ဘာတို့ စကားတွေ ဖြစ်ကုန်ပါသတဲ့....။

နောက်ဆုံး ထွက်ပြီးသား ဆင်စွယ် ပြန်ဝင်ရိုး ထုံးစံမရှိ.. မင်းမှာသစ္စာ လူမှာကတိဆိုတဲ့ စကားကို နင်းပြောတော့.. ကျွန်တော်တို့ ဆော်ဒီအာရေဗျကိုလည်း ကြည့်ရသေးတယ်ဗျ ဆိုပြီး အဖျားရှူးသွားပြီး ရယ်ကျဲကျဲ လုပ်နေလေရဲ့၊ ထိုစဉ်က သမ္မတနဲ့အတူ သူရရွှေမန်းပါ ရှိနေတာပါတဲ့..။ (မီဒီယာများ မေးမြန်းစုံစမ်းနိုင်သည်)

အဆိုပါ တွေ့ဆုံပွဲအကြောင်း ထိုစဉ်က တွေ့ခွင့်ရတဲ့ ပါဝင်ခဲ့သူ ကိုယ်တိုင် ပြောပြလို့ သိခဲ့ရတာပါ...။ ၂၀၀၈ အခြေခံဥပဒေကို ပြည်သူတွေ တခဲနက် ထောက်ခံပါတယ် ဆိုပြီး ရောက်တဲ့နေရာမှာ ပြောဆိုနေသူများက မှန်ကန်တဲ့ ပြည်တွင်းအားကို အယုံအကြည် မရှိလေတော့ ပြည်ပရန်ကို ကြောက်ရွံ့နေတာ ဆန်းတော့

လားရှိုးမြို့တွင် အမျိုးသမီးတစ်ဦး ဓာတ်ဆီလောင်း မီးရှို့ခံရမှုနောက်ပိုင်း ဖြစ်ပွားခဲ့သော ဗလီမီးရှို့မှုများကြောင့် အရေးပေါ် အခြေအနေ ပုဒ်မ-၁၄၄ ထုတ်ပြန်

larshiocase-may29
ည ၈ နာရီ ၀န်းကျင်ခန့်က လားရှိုးမြို့ရှိ အစ္စလာမ်ဘာသာ စာသင်ကျောင်း မီးလောင်နေစဉ်
29 May 2013,
 
ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ နယ်မြေ (၇)၊ အမှတ် ၈ ရပ်ကွက်၊ သန္နီလမ်းပေါ်တွင် မေ ၂၈ ရက် ညနေ ၄ နာရီ ၁၅ မိနစ်ခန့်က အမျိုးသမီးတစ်ဦးအား အမျိုးသားတစ်ဦးက ဓာတ်ဆီလောင်း မီးရှို့ရာမှ စတင်ခဲ့သော ပဋိပက္ခကြောင့် အစ္စလာမ်ဘာသာ အဆောက်အအုံ နှစ်လုံးနှင့် ဈေးဆိုင်ခန်းများ မီးလောင်ကျွမ်းခဲ့ပြီး ညပိုင်းတွင် အရေးပေါ်အခြေအနေ ပုဒ်မ (၁၄၄) ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
 
ဖြစ်စဉ်မှာ ယင်းနေ့ညနေ ၄ နာရီ ၁၅ မိနစ်ခန့်တွင် သန္နီလမ်းပေါ်၌ ဓာတ်ဆီရောင်းနေသော မအေးအေးဝင်း (၂၄ နှစ်) (ရှမ်း/တရုတ်/မြန်မာ/ဗုဒ္ဓ) ကို ကျိုင်းတုံမြို့၊ ၂ ရပ်ကွက်မှ ရောက်ရှိလာသူ နေ၀င်း (၄၈ နှစ်) (အိန္ဒိယ/တရုတ်/အစ္စလာမ်) မှ ဓာတ်ဆီလောင်းပြီး မီးရှို့ရန် ပြေးလိုက်သဖြင့် မအေးအေးဝင်းမှ ရတနာတင်းတိမ် လမ်းအတွင်းသို့ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။ ထိုလမ်းအတွင်းမှာပင် မအေးအေးဝင်းမှာ မပြေးနိုင်တော့ဘဲ မိသွားစဉ် နေ၀င်းမှ ဓာတ်ဆီလောင်း မီးရှို့ခဲ့ကြောင်း၊ အဆိုပါ မြင်ကွင်းကြောင့် ပတ်ဝန်းကျင်ရှိ ဒေသခံများက ထိုအစ္စလမ် ဘာသာဝင်ကို ၀ိုင်းရိုက်ခဲ့ကြကြောင်း၊ သတင်းကြားသည်နှင့် ရဲတပ်ဖွဲ့များ ရောက်ရှိလာကာ ဓာတ်ဆီလောင်း မီးရှို့သူ နေ၀င်းကို အမှတ် (၁) ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ယင်းနောက် ဒေသခံ ၁၅၀ ခန့်သည် ညနေ ၅ နာရီခန့်တွင် အမှတ် (၁) ရဲစခန်းရှေ့သို့ စုရုံးရောက်ရှိလာပြီး မီးရှို့သူ တရားခံကို ထုတ်ပေးရန် အော်ဟစ်ပြောဆို ခဲ့ကြကြောင်း မျက်မြင်ဒေသခံများက ဆိုသည်။
 
"မီးရှို့တဲ့သူနဲ့ အရှို့ခံရတဲ့ မိန်းကလေးက နဂိုကတည်းက သိကြတာ မဟုတ်ဘူး။ မြင်လည်းမြင်ဖူးကြတာ မဟုတ်ဘူး။ ဒီဘာသာခြားကလည်း လားရှိုးမြို့ကို ရောက်လာတာ သုံးရက်ပဲ ရှိသေးတယ်၊ တည်းခိုခန်း တစ်ခုမှာတည်းတာ" ဟု The Daily Eleven ၏ လားရှိုးသတင်းထောက်က သတင်းပေးပို့ခဲ့သည်။ ဓာတ်ဆီလောင်း မီးရှို့ခံရသော မအေးအေးဝင်းသည် ခြေ၊ လက်နှင့် ဆံပင်များ မီးလောင်ကျွမ်းသွားပြီး

KIO နှင့် အစိုးရ ကိုယ်စားလှယ်တို့ ဆန့်ကျင်ဖက် အမြင်ဖြင့် ဆွေးနွေးပွဲ စတင်ခဲ့


မေလ ၂၈ ရက် ၂၀၁၃

ယနေ့ ကျင်းပသော ကချင် လွတ်လပ်ရေး အဖွဲ့ KIO နှင့် အစိုးရ ကိုယ်စားလှယ် အဖွဲ့တို့၏ ပထမရက် ဆွေးနွေးပွဲ၌ ဆွေးနွေးမှု မတင်မကျ ဖြစ်ကာ ယနေ့ မွန်းလွှဲ ၁ နာရီ အချိန်တွင် နေ့တစ်ဝက်ဖြင့် ဆွေးနွေးပွဲကို ရပ်နား လိုက်ရကြောင်း ဆွေးနွေးပွဲသို့ လေ့လာသူ တစ်ဦး အဖြစ် တက်ရောက် ခဲ့သူ ရှမ်းပြည် တိုးတက်ရေး ပါတီ အဖွဲ့မှ ကိုယ်စားလှယ် ဗိုလ်မှူး စိုင်းလက ဆိုပါသည်။

“KIO ဖက် ကတော့ အားလုံး ပါဝင်တဲ့ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးပွဲ ကိစ္စကို အရင် ဆွေးနွေးပေးဖို့ တင်ပြခဲ့သလို အစိုးရ ကိုယ်စားလှယ် ဘက်ကတော့ ခိုင်မာတဲ့ အပစ်အခတ် ရပ်စဲရေးကို အရင်ပြုလုပ်သွားဖို့ ဆွေးနွေးခဲ့တာ တွေ့ရတယ်။ အဲဒါကြောင့် အမြင် မတူတဲ့အတွက် မတင် မကျနဲ့ နေ့တစ်ဝက်လောက်မှာ ဆွေးနွေးပွဲကို ရပ်ထား ခဲ့ရပါတယ်။” ဟု ဆိုပါသည်။

ဤကဲ့သို့ မတင်မကျ ဖြစ်နေသည့် အတွက် အစိုးရဘက်က အဆိုပြုထားသည့် အပစ်အခတ် ရပ်စဲရေး ကိစ္စကို ကချင် ပြည်သူများ၏ သဘောထား အတိုင်း ခံယူရမည်ဟု KIO ဖက်က တောင်းဆို ထားပါသည်။ ထို့အပြင် လက်ရှိ ကိုယ်စားလှယ်များ မဆုံးဖြတ်နိုင်သည့် အရေးကြီးသော ကိစ္စများကိုမူ KIO ဗဟို

လားရှိုးမြို့ရှိ မြို့မ ဗလီ နှင့် အစ္စလာမ်ဘာသာဝင်မိဘမဲ ကျောင်း တို့အား ဘာသာရေး ပဋိပက္ခများကြောင့် မီးရှိုကြ

လားရှိုးမြို့တွင် မေလ 28 ရက်နေ့ နေ့လည် ၃ နာရီ ၀န်းကျင်ခန့်တွင် ဓါတ်ဆီရောင်းနေသော အမျိုးသမီးငယ်လေးအား အစ္စလာမ်ဘာသာဝင်တစ်ဦးမှ ဓါတ်ဆီဝယ်ယူရာတွင် ဓါတ်ဆီမပြည့်ကြောင်း ပြောပြီး ဆီဘူး နှစ်ဘူးအား အမျိုးသမီးငယ်လေး ကိုယ်ပေါ်သို့ လောင်းထည့်ပြီး အသင့်ပါလာသော မီးခြစ် ဖြင့် ရှိုးခဲ့ခြင်းကြောင့် အမျိုးသမီးလေးမှာ ဆေးရုံသို့ တက်ရောက်ဆေးကုသနေရပြီး အစ္စလာမ်ဘာသာဝင် အမျိုးသားအား သက်ဆိုင်ရာ ရဲစခန်းမှ ဖမ်းဆီးစစ်ဆေးနေကြောင်း လားရှိုးမြို့ခံ တစ်ဦးက ပြောသည်။

အဆိုပါ ပြဿနာမှ အစပြုခဲ့ပြီး ညပိုင်းအချိန်တွင် မြို့လူငယ်များမှ မြို့မဗလီအား မီးရှိုးခြင်းများ ပြု လုပ်ခဲ့ကြပြီး ၊အစ္စလာမ်ဘာသာဝင် မိဘမဲ့ စာသင်ကျောင်းကိုလည်း မီးရှို့ခဲ့ကြသဖြင့် ဗလီဘေးရှိ ဆိုင်ခန်းများ မီးလောင်ကြွမ်းမှုများဖြစ်ပေါ်နေကြောင်း မေလ ၂၈ ရက်နေ့ ည ကိုးနာရီအချိန်ခန့် တွင် လားရှိုးမြို့ဒေသခံ သတင်းထောက်တစ်ဦးကပြောကြားခဲ့သဖြင့် သိရသည်။

မြို့ပေါ်တွင် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များအပြင် စစ်တပ်မှလည်း လုံခြုံရေးတာဝန်ယူနေရကြောင်း မြို့ ခံများက ပြောသည်။ (လက်ရှိ - လားရှိုးမြို့ မဈေး နှင့် ဆေးရုံကြီး အနီးရှိ ကြက်ခြေနီ ရုံးအဆောက်အဦး မီးဆွဲလောင်နေ ပြီဖြစ်ကြောင်း သတင်းရရှိပါသည်။)ယခု လားရှိုး နှင့် ဖုန်းအဆက်အသွယ်များလဲ ပျတ်တောက်နေ ပါတယ်။

Copy from - Lachid Kachin

TNLA တပ်ရင်း ၁၁၂ နှင့် အစိုးရ ခလရ ၄၅ ရင်ဆိုင် တိုက်ပွဲဖြစ်

28 May 2013

တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ရင်း ၁၁၂၊ တပ်ခွဲ (၂) ရှိရာသို့ အစိုးရ ခလရ ၄၅ တပ်ဖွဲ့နှင့်ပန်းဆေး ပြည်သူ့စစ် အချို့တို့က ထိုးစစ်ဆင် လာသဖြင့် နှစ်ဖက် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွား ခဲ့ကြသည်ဟု TNLA အရာရှိ တစ်ဦးက ဆိုပါသည်။

“ဖြစ်တဲ့ နေရာ ကတော့ ကွတ်ခိုင်မြို့နယ် ဂျုံနော်ရွာနှင့် သာပန်ကုန်း ကျေးရွာ အကြား တောတွင်း တစ်နေရာမှာပေါ့။ ဖြစ်တာက ဒီနေ့ နေ...့လည်တစ် နာရီကနေ နှစ်နာရီအထိ ဖြစ်ခဲ့ပါတယ်။ ထိခိုက်မှုတော့ မပြောတတ်သေးဘူး။ သူတို့ပြော နေတာ ကတော့ နယ်မြေ ရှင်းလင်းရေး အတွက် လှုပ်ရှားနေတာပါလို့ ပြောနေခဲ့တာပါဘဲ။” ဟု ဆိုပါသည်။

အစိုးရ တပ်ဖွဲ့များ၏ စစ်ဆင်ရေး အနေအထား အရ ဆက်လက် တိုက်ပွဲဖြစ်ပွားရန် အလားအလာ ရှိနေသည်ဟု ဆိုပါသည်။ TNLA သည် ပန်းဆေး ဒေသ အတွင်းရှိ မူးယစ်ဆေးဝါး ရောင်းဝယ်သူ ထုတ်လုပ်သူများကို ဖမ်းဆီး စစ်ဆေး နေပြီး အရေးယူ နေသဖြင့် ပန်ဆေး ပြည်သူ့စစ်မှ မကျေနပ်မှု

Tuesday, May 28, 2013

ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို ဒီကနေ့မနက် မြစ်ကြီးနားမြို့မှာ စတင်နေပါတယ်။


 Copy from - DVB TV News

အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး ပြောဆိုချက်များ လက်တွေ့မပါဟု ဒေါ်စု ဝေဖန်ပြီ


 
သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရအဖွဲ့ရဲ့ ပြုပြင်ပြောင်းလဲမှုတွေအပေါ် ဒေါ်အောင်ဆန်းစုကြည်က ပထမဆုံး မေးခွန်းထုတ်လိုက်ပြီး တိုးတက်မှုမရှိဘူးလို့ မေလ ၂၇ရက်နေ့မှာ ဝေဖန်ပြောဆိုလိုက်ပါတယ်။
 
Copy from - Kamayut MediaTv

Monday, May 27, 2013

KIO,ကိုယ်စားလှယ် အဖွဲ့အားကချင်လူထု ၃ သောင်းကျော်ကြိုဆို

KIO/KIA ဒုစစ်ဦးစီချုပ် ဗိုလ်ချုပ်ဂွမ်မော်အပါအ၀င် KIA, မှ တာဝန်ရှိသူများ (၂၇.၅.၂၀၁၃) နေ့ မွန်းလွှဲ(၁)နာရီခန့်တွင် မြစ်ကြီးနားမြို့သို့ ရောက်ရှိလာစဉ် (၃၀၀၀၀)သုံးသောင်း ကျော် ခန့်ရှိ သော ကချင် လူထုမှ သောင်းသောင်း ဖျဖျ ကြိုဆို သည့် မှတ်တမ်း ရုပ်သံ။

video by - Lachid Kachin
 

မြန်မာနိုင်ငံတွင် အေအာရ်ဗီဆေးမရ၍ အေ့ဒ်စ်ဝေဒနာရှင် ၄၀ ကျော် နေ့စဉ်သေဆုံး

မြန်မာနိုင်ငံတွင် အေအာရ်ဗီဆေးမရ၍ အေ့ဒ်စ်ဝေဒနာရှင် ၄၀ ကျော် နေ့စဉ်သေဆုံး

ရန်ကုန်၊ မေ- ၂၇

ခုခံအားကျဆင်းမှုရောဂါအတွက် အသုံးပြုသည့် ပိုးထိန်းဆေးအေအာရ်ဗီမရရှိ၍ မြန်မာနိုင်ငံတွင် နေ့စဉ်ရောဂါပိုးကူးစက်ခံထားရသူ ၄၀ ကျော် သေဆုံးနေပြီး ရောဂါကူးစက်ခံထားရသူများ၏ ၄၀ ရာခိုင်နှုန်းကျော်သာ အေအာရ်ဗီဆေးဝါးရရှိနေကြောင်းသတင်းရရှိသည်။
 
“ဆေးကုသခွင့်အရင်ကထက် သိသိသာသာမြင့်တက်လာပေမယ့်   AIDS   ရောဂါနဲ့ ဆက်နွှယ်တဲ့ ရောဂါတွေကြောင့် သေဆုံးမှုလည်း မြင့်တက်လာပါတယ်။ ၂၀၁၂ မှာဆိုရင် သေဆုံးသူဦးရေ တစ်သောင်းငါးထောင်ကျော်ပါတယ်”ဟု ယနေ့ ကျင်းပသည့် အေ့ဒ်စ်ဖြင့် ကွယ်လွန် သူများအတွက် အောက်မေ့ဖွယ် မီးထွန်းဆုတောင်းပွဲတွင်   UNAIDS  ဌာနေ ကိုယ်စားလှယ် မစ္စတာ Eammon Marphy က ပြောသည်။
 
ခုခံအားကျဆင်းမှုရောဂါ လူနာများအတွက် ARV  ဆေးဝါးရ ယူနိုင်မည့် ပြည်သူ့ဆေးရုံများ ထပ်မံတိုးချဲ့ထားပြီး ယခုနှစ်မှစတင်၍ ဆင်ခြေဖုံးမြို့နယ်ဆေးရုံများတွင်ပင် ဆေးဝါးရယူနိုင်တော့မည်ဖြစ်ကြောင်းအမျိုးသား ခုခံအားကျဆင်းမှုရောဂါတိုက်ဖျက်ရေးစီမံချက် (နေပြည်တော်)လက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာထွန်းညွန့်ဦးက ပြောသည်။

လက်ရှိတွင် ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ တိုင်းနှင့်ပြည် နယ်ဆေးရုံ ၄၈ ရုံတွင်  ARV  ဆေးဝါးပေးနေပြီး ယခုနှစ်မှစတင်၍  ဆေးရုံပေါင်း ခုနစ်ရုံ၊ တိုင်းနှင့်ပြည်နယ် အဆင့်ရှိ ခုခံကျကာလသားတိုက်ဖျက်ရေးအဖွဲ့ ခုနစ်ဖွဲ့ကို ထပ်မံတိုး ချဲ့ထားကာဆေးဝါးယူရနိုင်သည့် နေရာ ၆၂ နေရာ ရှိလာပြီဖြစ်သည်။

ထို့ပြင် တိုင်းနှင့်ပြည်နယ် ဆေးရုံများတွင် မိမိနီးစပ်ရာမြို့နယ်ဆေးရုံများ တွင်ပင် ရယူနိုင်သည့် မြို့နယ်အဆင့် ဆေးရုံ ၃၀ ကို ယခုနှစ်မှစတင်၍ တိုးချဲ့လိုက်ကြောင်း ဒေါက်တာထွန်းညွန့်ဦးက ပြောသည်။

“မြို့နယ်ဆေးရုံများမှ ဆေးဝါးရယူနိုင်မည့် နေရာများတွင် လှိုင်သာယာ၊ လှည်းကူး၊ ကျောက်တန်းမြို့နယ်များ ပါဝင်ကြောင်း သိရသည်။နှစ်စဉ်တိုင်းနှင့် ပြည်နယ်ဆေးရုံများ၊ မြို့နယ်ဆေးရုံများ တိုးချဲ့သွားမည်ဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင်   ARV  စင်တာပေါင်း ၇၀ ကျော်နှင့် မြို့နယ်အဆင့် ဆေးရုံတစ်ရာကျော်များတွင် အလွယ်တကူ ဆေးဝါး ထုတ်ယူသွားနိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း အမျိုးသားကာလသားတိုက်ဖျက်ရေးစီမံချက်မှ ဦးမြင့်ဆွေက ပြောသည်။

၂၀၁၂-၂၀၁၃ ကျန်းမာရေး ဘတ်ဂျက်မှ   ARV   ဆေးဝါးဝယ်ယူ ရန်ငွေကျပ်သိန်း ၂၅၀၀ ရရှိခဲ့ပြီး ယခုနှစ်တွင်လည်း တိုးမြှင့်ရရှိမည်ဖြစ်ပြီး ယခုလက်ရှိတွင် Global Fund  ၏ အကူအညီဖြင့် ဆေးဝါးများပေးနေခြင်းဖြစ်သည်။
 
အေ့စ်ဒ်ရောဂါဖြင့် ကွယ်လွန်သွားသူများအတွက် ဆုတောင်းပွဲကို မေ ၂၆ ရက်က အင်းလျားလိတ် ဟိုတယ်တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ- ကျော်စိုးနိုင် (BG)
ဓာတ်ပုံ- ကျော်စိုးနိုင် (BG)
ရန်ကုန်၊ မေ- ၂၇

ခုခံအားကျဆင်းမှုရောဂါအတွက် အသုံးပြုသည့် ပိုးထိန်းဆေးအေအာရ်ဗီမရရှိ၍ မြန်မာနိုင်ငံတွင် နေ့စဉ် ရောဂါပိုး ကူးစက်ခံထားရသူ ၄၀ ကျော် သေဆုံးနေပြီး ရောဂါ ကူးစက်ခံထားရသူများ၏ ၄၀ ရာခိုင်နှုန်း ကျော်သာ အေအာရ်ဗီဆေးဝါး ရရှိနေကြောင်း သတင်းရရှိသည်။

“ဆေးကုသခွင့်အရင်ကထက် သိသိသာသာမြင့်တက်လာပေမယ့် AIDS ရောဂါနဲ့ ဆက်နွှယ်တဲ့ ရောဂါတွေကြောင့် သေဆုံးမှုလည်း မြင့်တက်လာပါတယ်။ ၂၀၁၂ မှာဆိုရင် သေဆုံးသူဦးရေ တစ်သောင်းငါးထောင်ကျော်ပါတယ်”ဟု ယနေ့ ကျင်းပသည့် အေ့ဒ်စ်ဖြင့် ကွယ်လွန် သူများအတွက် အောက်မေ့ဖွယ် မီးထွန်း ဆုတောင်းပွဲတွင် UNAIDS ဌာနေ ကိုယ်စားလှယ် မစ္စတာ Eammon Marphy က ပြောသည်။

ခုခံအားကျဆင်းမှုရောဂါ လူနာများအတွက် ARV ဆေးဝါးရ ယူနိုင်မည့် ပြည်သူ့ဆေးရုံများ ထပ်မံတိုးချဲ့ထားပြီး ယခုနှစ်မှစတင်၍ ဆင်ခြေဖုံးမြို့နယ်ဆေးရုံများတွင်ပင် ဆေးဝါး ရယူနိုင်တော့မည် ဖြစ်ကြောင်း အမျိုးသား ခုခံအားကျဆင်းမှု ရောဂါတိုက်ဖျက်ရေး စီမံချက် (နေပြည်တော်)လက်ထောက်

မေ ၃၀ ဒီပဲယင်း သတ်ဖြတ်မှူကြီး ၁၀ နှစ်မြောက် ရုပ်သံ

27-5-2013
 ရိုက်ကူး စောနန်း၊ စောဖိုးစီ၊ ဂျိုးဇက်
Copy from - DVB TV News

ဂျပန်သို့ တရားဝင်အလုပ်သမား စေလွှတ်မည်


ဂျပန်နိုင်ငံသို့ မြန်မာအလုပ်သမားများတစ်လလျှင် လုပ်အားခ အနိမ့်ဆုံးကျပ် ၁၀သိန်းကျော်ဖြင့် တရားဝင် သွားရောက်လုပ်ကိုင်နိုင်တော့မည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

ဂျပန်နိုင်ငံသို့ မြန်မာအလုပ် သမားစေလွှတ်မှုကို ယခင်ရပ်ဆိုင်းခဲ့ရာမှယခုအခါ မြန်မာအစိုးရနှင့် ဂျပန်နိုင်ငံရှိ အပြည်ပြည်ဆိုင်ရာလေ့ကျင်ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (JITCO) တို့ ပူးပေါင်း၍ မြန်မာအလုပ်သမားများကို တရားဝင်စေလွှတ်ရန် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ကာ သဘောတူ လက်မှတ်များ ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။

“လုပ်ငန်းမူတည်ပြီးတော့ ယန်းငွေအနိမ့်ဆုံး တစ်သိန်းနှစ်သောင်းလောက်ရမယ်။ သူတို့ဆီမှာ နိုင်ငံခြားသားတွေရဲ့ အခကြေးငွေသတ်မှတ်ချက်အတိုင်းရမယ်။ သူတို့ ဘက်ကအလုပ်ရှာအုံးမှာပေါ့။ အလုပ်ခေါ်စာရမှ ဒီဘက်က လုပ်ငန်းစလို့ရမှာ။ သူတို့ဘက်ခေါ်ရင် ခေါ်သလောက်ခွင့်ပြုမှာ”ဟု

လားရှိုးမြို့နယ် အတွင်း လက်နက်/ ခဲယမ်းများ ဖမ်းဆီးရမိ

လားရှိုးမြို့နယ် အတွင်း လက်နက်/ ခဲယမ်းများ ဖမ်းဆီးရမိ
နေပြည်တော် မေ ၂၇
 
တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ လားရှိုးမြို့နယ်၊ ဟိုပိတ်ကျေးရွာ အနီးရှိ အေးရှားဝါးလ် တိုးဂိတ်၌ နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိစဉ် မေ ၂၇ ရက် နံနက် ၂နာရီ ၂၀မိနစ်ခန့်က လားရှိုးမြို့မှ သိန်းနီမြို့ဘက်သို့ ယာဉ်မောင်း(စုံစမ်းဆဲ) မောင်းနှင်လာသော ၃င/၄၁၂၀ မတ်တူး အဖြူရောင်ယာဉ်အား မသင်္ကာသဖြင့် စစ်ဆေးရန် ရပ်တန့်စေရာ ယာဉ်မှာ ရပ်တန့်ပေးခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေး၍ ပူးပေါင်း အဖွဲ့များဖြင့် ပိတ်ဆို့ရှာဖွေစဉ် နံနက် ၃နာရီခွဲတွင် သိန်းနီမြို့နယ်၊ မိုင်းလီအုပ်စု၊ နားဆော့ကျေးရွာ ဘုန်းကြီးကျောင်းရှေ့၌ ယာဉ်အား တွေ့ရှိခဲ့သည်။
 
အဆိုပါ ယာဉ်အား သိန်းနီမြို့မ ရဲစခန်းတွင် အသေးစိတ် ရှာဖွေခဲ့ရာ ယာဉ်နောက်အဖုံးအတွင်းမှ အမ်-၂၂ ခေါက်ဒင် (၁၁)လက်၊ အမ်-၇၉ (၄၀)မမ ဗုံးပစ် လောင်ချာ (၃) လက်၊ အမ်-၁၆ (၄)လက်၊ အမ်-၂၂ (၃)လက်၊ BERETTA ပစ္စတို (၁) လက်၊ စုစုပေါင်း လက်နက်မျိုးစုံ(၂၂)လက်နှင့် အမ်-၂၂ ကျည်အိမ် (၂၄)ခု၊ အမ်-၁၆ ကျည်အိမ်(၄)ခု၊ ပစ္စတိုကျည်အိမ် (၂)ခု၊ LUGER အမျိုးအစား ၉-မမ ကျည် (၅၀)တောင့်၊ ၅.၅၆

မြန်မာနိုင်ငံကို ဂျပန်က အကြွေးတွေ လျှော်ပစ်လိုက်ပြီ

May 27, 2013
ဂျပန်နိုင်ငံက မြန်မာ့ပြုပြင်ပြောင်းလဲရေးကို ထောက်ခံအားပေးတဲ့အနေနဲ့ မြန်မာ့ကြွေးမြီ အမေရိကန် ဒေါ်လာ ၂ ဘီလျံ နီးပါးကို လျှော်ပစ်လိုက်ပြီး အကူအညီပေးရေးတွေကိုလည်း အရှိန်မြှင့်မယ်လို့လည်း ကတိပေးလိုက်ပါတယ်။

ဂျပန်နိုင်ငံရဲ့ တချို့အကူအညီတွေဟာ ရန်ကုန်နားက ဂျပန်နဲ့ပူးပေါင်းလုပ်ဆောင်မယ့် သီလ၀ါ အထူး စီးပွားရေးဇုံ ဖွံ့ဖြိုးရေး အတွက်လည်း ပါဝင်တယ်လို့ ရိုက်တာသတင်းတပုဒ်က ဆိုပါတယ်။ မြန်မာ့ဖွံ့ဖြိုးရေးအတွက်လည်း ဂျပန်နိုင်ငံက ယန်း သန်းပေါင်း ၉၁၀၀၀ ကို ကူညီပေးသွားမှာဖြစ်တယ်လို့
လည်း ဂျပန် ၀န်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။ 
ဂျပန်က လွန်ခဲ့တဲ့ ၁ နှစ်ကတည်းက မြန်မာအစိုးရက ပေးဖို့ရှိတဲ့ ကြွေးမြီ ဂျပန် ယန်း ၁၇၆.၁ ဘီလျံယန်း ( အမေရိကန် ဒေါ်လာ ၁.၇၄ ဘီလျံ) ကိုလည်း လျှော်ပစ်ခဲ့ပါတယ်။ ဂျပန်ဘက်က ပြောရာမှာတော့ မြန်မာ့ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်အပါ အ၀င် မြန်မာဟာ လိုအပ်မှုတွေ အခုထိတော့

Sunday, May 26, 2013

ကချင်ပြည်နယ်က တိုင်းရင်းသားတွေ အားလုံးအရေး ထည့်သွင်းဆွေးနွေးဖို့ တောင်းဆို

ကချင်ပြည်နယ်မှာ နေထိုင်ကြတဲ့ တိုင်းရင်းသား လူမျိုးစုများအားလုံး ခံစားနေရတဲ့ ဒုက္ခတွေကို အလေးထားပြီး အစိုးရနဲ့ ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့တို့ နှစ်ဖက်အမြန်ဆုံး ငြိမ်းချမ်းရေးရအောင် ဆွေးနွေးပေးကြဖို့ ကချင်ပြည်နယ်အတွင်း နေထိုင်ကြတဲ့ ရှမ်းတိုင်းရင်းသားမျိုးနွယ်စုတွေက ဒီနေ့ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ကြပါတယ်။
 
လာမယ့် မေလ ၂၈ ရက်နေ့ မြစ်ကြီးနားမြို့မှာပြုလုပ်မယ့် အစိုးရနဲ့ ကေအိုင်အိုတို့ ဆွေးနွေးပွဲမှာ ကျန်တဲ့တိုင်းရင်းသားအရေးတွေကိုလည်း ထည့်သွင်းဆွေးနွေးပေးစေလိုတဲ့အတွက် အခုလို ကြေညာချက် ထုတ်ပြန်ရတာဖြစ်တယ်လို့ လက်မှတ်ရေးထိုးရာမှာပါဝင်တဲ့ ဦးစိုင်းထိန်လင်းက RFA ကို ပြောပါတယ်။
 
“ကချင်ပြည်နယ်မှာ သမိုင်းအစဉ်အဆက် အခုချိန်ထိနေခဲ့တဲ့ ကျနော်တို့ ရှမ်းမျိုးနွယ်စုဟာ ကချင်ပြည်နယ်ထဲမှာ သွတ်သွင်းတဲ့ အချိန်ကစပြီးတော့ ကျနော်တို့လူမျိုးစုနယ်မြေတွေဟာ တိမ်မြှပ်နေတယ်၊ နောက်ကျနော်တို့ဟာ ပြောရေးဆိုခွင့်ဟာလည်း မရှိတာဖြစ်တဲ့အတွက်ကြောင့်မို့ ကမ္ဘာနဲ့မြန်မာကိုသိဖို့အတွက် စည်းဝေးရခြင်းဖြစ်ပါတယ်၊ ကျနော်တို့ ငြိမ်းချမ်းရေး သဘောတူညီမှုများ ချမှတ်တဲ့အခါမှာ ကချင်လူမျိုးစုအတွက် အဓိကမဟုတ်ပဲနဲ့ ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ ဒေသခံ ရှမ်းလူမျိုးစုများအပါအဝင် တခြားတိုင်းရင်းသားများရဲ့ အကျိုးစီးပွား၊ အခွင့်အရေးကိုလည်းပဲ မထိခိုက်ဖို့

မြန်မာတို့အလုပ်အကိုင်အခွင့်အလမ်းရဖို့ ဂျပန်ကူညီမည်ဟု ရှင်ဇိုအာဘေး ပြောဆို


မြန်မာ-ဂျပန်စီးပွားရေးညီလာခံကို ရန်ကုန်မြို့ မြန်မာကုန်သည်ကြီးများအသင်းရုံးမှာ မေလ ၂၅ရက်နေ့က ကျင်းပခဲ့ပြီး ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။

Copy from - Kamayut MediaTv

DKBA စစ်ဒေသ၌ BGF နှင့် အစိုးရ တပ်များ စစ်ပြင်ဆင်နေ

DKBA မှ ဗိုလ်ချုပ် စောလားဖွယ် အစိုးရ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့စဉ်
DKBA မှ ဗိုလ်ချုပ် စောလားဖွယ် အစိုးရ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့စဉ်

ဒီမိုကရေစီ ကရင် အကျိုးပြု တပ်မတော် (DKBA) နှင့်အစိုးရ နယ်ခြား စောင့်တပ် (BGF) တို့ပဋိပက္ခ ဖြစ်ပွားခဲ့သာ ကရင်ပြည်နယ် လှိုင်းဘွဲ မြို့နယ် မြိုင်ကြီးငူ ဒေသမှ မယ်တဝေါ စခန်း အနီးအနားသို့ BGF နှင့် အစိုးရ တပ်အင်အားများ တိုးချဲ့ ချထား နေသည်ဟု ကရင် ငြိမ်းချမ်းရေး ကောင်စီမှ စစ်ဗျူဟာမှူး တစ်ဦးက ဆိုပါသည်။ 
 
အရင်က တပ်ရင်း () ရင်းဘဲ ရှိတယ်။ အခုတော့ အချိန်တို အတွင်းမှာဘဲ () ရင်း ဖြစ်သွားပြီး၊ တိုးလာတာက ပဋိပက္ခဖြစ်ပြီးမှ တိုးလာတာပါ။ ကျနော် တို့ စောင့်ကြည့်နေပါတယ်။ () ရက် () ရက်လောက်။ တိုးလာတဲ့ တပ်တွေထဲမှာ အစိုးရ တပ်လည်း ပါတယ်။ BGF တပ်လည်း ပါတယ်။ ကြည့်ရတာ ပြသနာကို ဖြေရှင်း ပေးမဲ့ပုံ မဟုတ်တော့ဘူး။ ပြသနာ ဖြစ်လာအောင် ဖန်တီးတယ်၊ ပြီးတော့ ဒီပြသနာကို အကြောင်းပြပြီး စစ်ဆင်လို့ ရအောင် လုပ်နေပုံ ပေါ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဟပ်ကြီး

Saturday, May 25, 2013

ဂျပန်ဝန်ကြီးချုပ် အာဇာနည်ဗိမာန်ကို သွားရောက် ဂါရ၀ပြု။

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ မေလ ၂၅ရက်နေ့ မနက်က ရန်ကုန်မြို့ အာဇာနည်ဗိမာန်ကို သွားရောက် ဂါရ၀ပြု။

Copy from - DVB TV

ရှမ်းနှင့်ကယားရှိ မြေသိမ်းယူမှုတွင် စစ်တပ်က အများဆုံးဟုဆို

May 24, 2013

ပြီးခဲ့တဲ့ အနှစ် ၂၀ လောက်ကစပြီး ရှမ်းနဲ့ ကယားပြည်နယ် ဒေသခံတွေ မြေယာအသိမ်းခံရမှုမှာ မြန်မာ့တပ်မတော်က သိမ်းယူတဲ့မြေတွေ အများဆုံးပဲလို့ မြေသိမ်းမှု စစ်ဆေးရေးကော်မရှင်က ပြောပါတယ်။
 
ရှမ်းနဲ့ကယား လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်က “ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ပထမအကြိမ် စစ်ဆေးတဲ့အချိန် လယ်မြေဧကပေါင်း ၂၀၀၀ လောက် ရှိပါတယ်။ အများဆုံး သိမ်းတာက ကာကွယ်ရေးဝန်ကြီးဌာန တပ်ပိုင် စိုက်ပျိုးမြေတွေ သိမ်းတာ များတယ်။ တချို့ကျတော့ ပြည်ထဲရေး ၀န်ကြီးဌာနက ကာကွယ်ရေးဝန်ကြီးဌာနကို လွှဲပြောင်းပေးတဲ့စာတွေ ရှိတယ်။ ကယားပြည်နယ်အတွင်း တပ်မတော်စစ်ရေးလေ့ကျင့်ရေးကျောင်းအတွက် ဧကပေါင်း ၃၀၀၀ လောက်သိမ်းထားတယ်။ အဲဒါလည်း ပြဿနာအကြီးအကျယ်ဖြစ်နေတယ်။”
 
တိုင်တန်းမှုမှာ ၁၉၉၀ နောက်ပိုင်းက အသိမ်းခံရတဲ့ မြေတွေသာ အကျုံးဝင်ကြောင်း၊ ရှမ်းပြည်နယ်က တိုင်စာပေါင်း ၅၀ ကျော်နဲ့ ကယားပြည်နယ်က တိုင်စာပေါင်း ၁၀ စောင် လက်ခံရရှိပြီး ရှမ်းပြည်နယ် မြောက်ပိုင်းဘက်ကို မေ ၈ ရက်ကနေ ၁၇ ရက်နေ့အထိ ၁၀ ရက်ကြာ သွားရောက် စစ်ဆေးခဲ့တယ်လို့

Friday, May 24, 2013

မောင်းသူမဲ့ယာဉ်နဲ့ တိုက်ခိုက်တာ ထိရောက် တရားနည်းလမ်းကျတယ်လို့ဆို

Friday, May 24, 2013

အမေရိကန်ရဲ့ မောင်းသူမဲ့ ယာဉ်တွေ သုံးပြီး ပြည်ပက စစ်သွေးကြွတွေကို နှိမ်နင်းနေမှုဟာ အငြင်းပွားဖွယ် ဖြစ်နေပြီး ဒါကို သမ္မတ အိုဘားမား က အပြင်းအထန် ကာကွယ် ပြောကြားခဲ့ပါတယ်။

သူ့ရဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး မိန့်ခွန်းမှာ ဒီမောင်းသူမဲ့ ယာဉ်တွေနဲ့ တိုက်ခိုက်မှုဟာ ထိရောက်ပြီး ဥပဒေနဲ့ ညီတယ်လို့ သမ္မတ ဆိုသွားခဲ့ ပေမယ့် အန္တရာယ် ခြိမ်းခြောက် ခံရပြီး အနီးအနားက အရပ်သားတွေကို ထိခိုက်မှု မရှိဘူး ဆိုတဲ့ အခြေအနေ ကျမှသာ သုံးသင့်တယ်လို့ သူက အလေးအနက်ထား ပြောကြားသွားခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ အများအပြား ထိခိုက် သေဆုံး နေရတာကြောင့် ဒီမောင်းသူမဲ့ ယာဉ်တွေ မကြာခဏ သုံးပြီး နှိမ်နင်းမှု ပြုနေတဲ့ အာဖဂန် နစ္စတန် ၊ ပါကစ္စတန် စတဲ့ နိုင်ငံတွေနဲ့ အမေရိကန် ဆက်ဆံရေး တင်းမာခဲ့ရတာ ဖြစ်ပါတယ်။

တခါ သူ့ပထမ သမ္မတ သက်တမ်းမှာ ရည်မှန်းပြီး အကောင်အထည် မဖော်သေးတဲ့ ဂွမ်တာနာမို အကျဉ်းစခန်း ပိတ်ရေးနဲ့ ပတ်သက်လို့ လုပ်ဆောင်မယ့် အစီအစဉ်တွေကိုလည်း မစ္စတာ အိုဘားမားက သူ့

စက်မှုဇုန်မှာ လုပ်ခလစာ တိုးမြှင့်ရရှိရေး အတွက် ဆန္ဒပြပွဲ။


 

ရန်ကုန်မြို့ လှိုင်သာယာနဲ့ ရွှေပြည်သာ စက်မှုဇုန်မှာ လုပ်ခလစာ တိုးမြှင့်ရရှိရေး အတွက် ဒီရက်ပိုင်းအတွင်း အလုပ်သမား ဆန္ဒပြပွဲတွေ ခပ်စိပ်စိပ် ဖြစ်လာနေတာ တွေ့ရပါတယ်။ အပြည့်စုံကို RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။

Copy from - RFA MyanmarVideoChannel

ဝ ပြည်နယ် တောင်းဆိုမှုအပေါ်........

ဝ ပြည်နယ် တောင်းဆိုမှုအပေါ်........

ဝ ပြည်နယ်တောင်းတဲ့အပေါ် အမျိုးမျိုး ပြောနေ ဆိုနေကြတယ်.... တစ်ချို့ကလည်း ဝ ဟာ တိုင်းရင်းသားမဟုတ်ဘူးလို့ ဆိုကြတယ်..... တစ်ချို့ကလည်း တရုတ်လက်ပါးစေလို့ ဆိုကြတယ်.... တစ်ချို့ကလည်း တရုတ်ကို ကြည့်မရတာနဲ့ ဝ ပါ ဆော်ပစ်ဆိုပီး ပြောနေကြတယ်...... တစ်ချို့ကတော့ ဝ ရဲ့ ကြီးမားတဲ့ လက်နက်ကိုင်တပ်ရဲ့ အခြေအနေကို ထောက်ပြပီး အန္တရာယ်ရှိတယ်လို ဆိုလာတယ်..... ဒါပေမယ့် ဝ တွေပြည်နယ် တောင်းတာဟာ အခုမှမဟုတ်ပဲ အတော်အတန်ကြာပီဆိုတာ အများစု မေ့လျော့နေတဲ့ အချက်ပဲ..... ဒီသတင်း ထွက်ပေါ်လာတာနဲ့ တိုက်တိုက်ဆိုင်ဆိုင် KIA နဲ့ ငြိမ်းချမ်းရေးပီးတော့၊ SSA၊ DKBA နဲ့ အွန်လိုင်းမှာ လှည့်ရန်တိုက်လို့မရချိန် ဦးသိန်းစိန်ရဲ့ နိုင်ငံခြား ခရီးစဉ်ထွက်ချိန်နဲ့လည်း တိုက်ဆိုင်နေတာကို သတိထားမိတယ်......

သူတို့တွေ ဘာရည်ရွယ်ချက်နဲ့ ဒီသတင်းကို အစပျိုးထုတ်လွှင်လာတယ် ဆိုတာကို ထူးပီးမဝေဖန်လိုပေမယ့် ဒီသတင်းအပေါ်မှာစီးမြောရင်း အပြန်အလှန် ဝေဖန်မှုတွေ များလာတယ်...... ဒါပေမယ့် အနှစ်ပါတဲ့ ဝေဖန်မှုက နည်းပါးပီး ထစ်ခနဲရှိ ဒေဝေါကြီး ဒေဝေါကြီးဆိုတဲ့ပုံသဏ္ဍန်နဲ့ တရုတ်က တရုတ်က ဆိုတာကို ထည့်သွင်းပြောလာကြတာပဲ အများဆုံးတွေ့ရတယ်..... အခုလက်ရှိ ဝ ကိစ္စဟာ ကိုယ့်ရဲ့ ပြည်တွင်းရေးဖြစ်တဲ့အတွက် ဝ လူမျိုးတွေ ဘာကြောင့် ပြည်နယ်တောင်းသလဲဆိုတာကို ထည့်သွင်းစဉ်းစားပေးတဲ့လူ နည်းတာကို သတိထားမိတယ်.... တိုင်းရင်းသားအချင်းချင်း ညီအစ်ကိုလို သင့်မြတ်နေရင်တော့ တရုတ်ကို သံသယရှိတာ ဖြစ်သင့်ပါတယ်.... တိုင်းရင်းသားချင်းလည်း ကြုံတိုင်း လူမျိုးတုန်း သတ်နေချိန်မှာ ဘာကြောင့်လဲဆိုတာသိဖို့ ဝ တွေရဲ့ ရပ်တည်မှုကို သေခြာလေ့လာဖို့ လိုပါလိမ့်မယ်....... ကျွန်တော်တို့ရဲ့ တိုင်းရင်းသားဖြစ်တဲ့ ဝ နဲ့ ပါတ်သက်လို့ ဘာကြောင့် ပြည်နယ်တောင်းသလဲဆိုတာကို သိစေဖို့ ဒီစာကို ရေးလိုက်ပါတယ်......

ဝ တွေဟာ ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရှမ်းပြည်ရဲ့ လက်အောက်ခံအနေနဲ့ ပါဝင်ခဲ့တယ်..... ပင်ကိုယ်က ကိုယ့်ခေါင်းဆောင်နဲ့ကိုယ် နေခဲ့ကြပြီး ရှမ်းခေါင်းဆောင်တွေနဲ့ တန်းတူရည်တူ ပြောဆို ဆက်ဆံခဲ့တဲ့ ဝ လူမျိုးတွေအတွက်တော့ အဆင်မပြေဘူးပဲ ဆိုရမယ်...... နောက်တစ်ခုက ဝ တွေဟာ ရှမ်းနဲ့ ရာဇဝင်ကြွေးရှိတယ်.... အထူးသဖြင့် ခွန်ဆာတို့နဲ့ အကြီးအကျယ်ငြိခဲ့ပီး သူသေကိုယ်သေ တပ်နှစ်တပ် သတ်ခဲ့ကြတာ သမိုင်းသက်သေတွေ ရှိခဲ့တယ်..... ဒီ ရန်ညှိုးကြောင့်လည်း SSA အပါအဝင် အခြားတိုင်းရင်းသား တပ်တွေက ဝ တပ်ကို လစ်ရင်လစ်သလို အားနည်းတဲ့ရင် တွယ်လေ့ရှိတယ်..... တိုင်းရင်းသားပေါင်းစုံ ပါဝင်တဲ့ ငြိမ်းချမ်းရေးအဖွဲ့ ဖွဲ့ထားပေမယ့် KIA နဲ့ ဝ နဲ့ဟာလည်း မတည့်ပဲ တိုက်ခဲ့ကြတဲ့ သမိုင်းတွေ ရှိခဲ့တယ်......

ဒါတွေကြောင့် ဝ ဟာ စစ်ရေးအဆင်သင့်ဖြစ်အောင် အမြဲပြင်ထားရတယ်..... သူ့လူမျိုးတိုင်းဟာ အသက်ပြည့်ရင် စစ်မှုမထမ်းမနေရ စနစ်ကို ကျင့်သုံးတယ်...... လိုတဲ့ လက်နက်တွေအတွက် ဝ မှာ ကိုယ်ပိုင်လက်နက် စက်ရုံတွေ ရှိတယ်..... သူ့ရဲ့နေရာအရ ကြည့်ရင်လည်း ပါတ်ပါတ်လည်မှာ အခွင့်သာရင် တိုက်မယ့် တိုင်းရင်းသား လက်နက်ကိုင်တွေ ရှိတယ်...... အခြားတစ်ဖက်မှာလည်း ဖိအားပေးနေတဲ့ အစိုးရ စစ်တပ်ရှိတယ်...... နောက်ဘက်မှာလည်း စီးပွားရေးနဲ့ ဖိနင်းဖို့ ပြင်နေတဲ့ တရုတ်နိုင်ငံ ရှိတယ်...... ဒါကြောင့် သူတို့ရဲ့ ရုန်းကန်ရမှု အနေအထား၊ ပထဝီဝင် မျက်နှာသွင်ပြင်ကို လေ့လာကြည့်ဖို့ လိုလိမ့်မယ်.... ဝ လက်နက်အင်အားကြီးထွားတယ် ဆိုတာသည် သူ့ကိုယ်သူ ကာကွယ်ဖို့လည်းဖြစ်တယ်.... မကြီးထွားရင်လည်း SSA သတ်လို့ သေရတဲ့ ဝ စစ်သားတွေက သူတို့အတွက်သင်ခန်းစာ ဖြစ်နေလို့...... ဒါကြောင့် ဝ ရဲ့ လက်နက်အင်အားနဲ့ ပါတ်သက်ပီး စိုးရိမ်နေတာ ဖြစ်သင့်သလို သူတို့ရဲ့ သမိုင်းကြောင်း ရန်ကြွေးတွေကို ကျေကျေလည်လည် လေ့လာဖို့လိုပါလိမ့်မယ်.......

ဝ နဲ့ ရှမ်းနဲ့ ရှိတဲ့ ရာဇဝင်ကြွေးကြောင့် ဝ ကလည်း ရှမ်းအောက်မှာ မနေချင်ဘူး..... အခုအချိန်မှာ အစိုးရက ဝ ဘက်ကလိုက်ရင် ရှမ်းက ကလော်မယ်.... ရှမ်းဘက်ကလိုက်ရင် ဝ က ကလော်မယ်..... ဝ ကလည်း ပြည်နယ်အစိုးရ အုပ်ချုပ်တာတော့ မခံနိုင်ဘူး ဗဟိုအစိုးရ အုပ်ချုပ်တာပဲ ခံ မယ်လို့ ပြောလာတယ်....... ပြည်နယ်အစိုးရကလည်း ဝ ကို ၄၇ အခြေခံဥပဒေအရဆိုပီး အုပ်ချုပ်ချင်တယ်..... ဒီအချိန်မှာ ဝ ကို အတင်းသွားတိုက်မယ်ဆိုရင် ကောင်းကျိုးထက် ဆိုးကျိုးက ပိုများတယ်...... ဝ ဟာ KIA နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ တိုက်တွန်းတဲ့စာမှာ ခွဲထွက်ခွင့် မပါသော ငြိမ်းချမ်းရေး ဆိုတဲ့ စကားလုံးကို တော်တော်လေး အလေးပေး သုံးထားတာ တွေ့ရတာကို ကြည့်ခြင်းအားဖြင့် ဝ ဟာ ပြည်ထောင်စုအတွက် အန္တရာယ် ဖြစ်လား မဖြစ်လား သုံးသပ်နိုင်ပါတယ်......

ဝ ဟာ မြန်မာပြည်ရဲ့ အရှေ့ဖျား လူဦးရေး အင်မတန်ထူထပ်တဲ့ တရုတ်နိုင်ငံနဲ့ အဦးဆုံးထိစပ်နေတဲ့ မြန်မာနိုင်ငံရဲ့ နယ်မြေလို့ ပြောလို့ရတယ်..... အဲဒိအတွက် သူ့စီကို ပြိုဆင်းလာမယ့် တရုတ်တွေကို သူနိုင်သလောက် တားဆီးနေခဲ့တယ်.... လက်ရှိအနေအထားအရ ဝ ပြည်ဘက်ကနေ ဒီဘက်ကိုဆင်းလာတဲ့ တရုတ်တွေ မရှိသလောက် အတော်လေး နည်းပါးတယ်..... လူဦးရေ ယိုစိမ့်မှုကို သူနိုင်သလောက် တားဆီးထားနိုင်တယ်လို့ ပြောလို့ရတယ်..... ဗဟိုအစိုးရ၊ ပြည်နယ်အစိုးရရဲ့ ပံ့ပိုးကူညီမှု အလျဉ်းမရှိပဲ သူ့ဟာသူ လုပ်ဆောင်နေရတယ်လို့ ဆိုနိုင်တယ်......

ဝ ပြည်နယ်ဟာ ရှမ်းပြည်နယ်ထဲမှာ သယံဇာတတွေထွက်တယ်၊ သတ္ထု၊ ရွှေ၊ ရာဘာ အများကြီးပဲ ဒါကို ပြည်နယ်အစိုးရကလည်း မျက်စိကျတယ်...... ယခင် စစ်အစိုးရ လက်ထက်ကလည်း မျက်စိကျခဲ့တယ်..... ခွန်ဆာကို တိုက်ပီး ဝ လူမျိုးတွေရဲ့ သွေးတွေနဲ့ ရင်းယူထားတဲ့ မြေပေါ်မှာ ရာဘာပင်တွေ စိုက်ထားပီး ဖြစ်ထွန်းလာချိန်မှာမှ ယခင် စစ်အစိုးရက ရွေးကောက်ပွဲမလုပ်ခင် နောက်ကိုဆုတ်ခိုင်းတဲ့အတွက် တိုက်လု တိုက်ခင် အခြေအနေဖြစ်ခဲ့ရတယ်...... ဝ ဒေသရဲ့ ပန်းဆန်းမှာ ရှိတဲ့ လောင်းစကားရုံဟာ တရုတ်လူမျိုးတွေရဲ့ ရှာဖွေထားတဲ့ ပိုက်ဆံတွေ လာရောက်ဖြုန်းတီးရာ၊ တရုတ်တွေရဲ့ ငွေတွေ စီးဝင်သွားရာ နေရာတစ်ခုဖြစ်လို့ တရုတ် အာဏာပိုင်တွေက ပိတ်စေချင်ပေမယ့် အဓိက ဝင်ငွေရလမ်းဖြစ်လို့ ဝ တွေက မပိတ်ပဲ ထားတဲ့အခါမှာ တရုတ်ရဲ့ ဒဏ်ခတ်တာတွေ ခဏခဏ ခံရလေ့ ရှိတယ်....... ဒီအတွက်ကြောင့် ဝ ဟာ တရုတ်ရဲ့ ဒဏ်တွေ နောကျေနေပီလို့ ပြောလို့ရပါတယ်..... ဝ ဒေသရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုကတော့ အဲ့ဒိဒေသမှာရှိတဲ့ ၂၄ နာရီ မီးရရှိမှု၊ လမ်းပန်းဆက်သွယ်ရေး ပြေပြစ်မှု၊ ကြိုးဖုန်း၊ အင်တာနက်၊ မိုဘိုင်းဖုန်းဆက်သွယ်ရေး ကောင်းမွန်မှု၊ လောင်စာဆီ ဝယ်ယူရရှိနိုင်မှု၊ ဒေသတွင်း တည်ငြိမ်မှု အစရှိတာတွေနဲ့ ပြန်ကြည့်ရင် သိနိုင်ပါတယ်.....

ဝ နဲ့ ကေအိုင်အေ ကွာခြားမှုကတော့ ကေအိုင်အေက ကချင်နိုင်ငံတော် ဆိုတာကို မျိုးဆက်သစ်တွေကို ရိုက်သွင်းတယ်၊ အဲ့ဒိအတွက် တိုက်ယူရမယ်ဆိုတဲ့ အသိကို မွေးထားတယ်.... ဝ က ဗဟိုအစိုးရရဲ့ စောင့်လျှောက်မှု၊ ကာကွယ်မှုကို တောင်းခဲ့တယ်၊ ခုထိလည်း တောင်းနေတုန်းပဲ....... ဝ လူမျိုးတွေ အရွယ်ရောက်ရင် ဝ တပ်ထဲ မဝင်မနေရ ရှိကြပေမယ့် ဝ နိုင်ငံထူထောင်ဖို့ စိတ်ကူးမရှိကြတာ သတိထားမိတယ်..... ကျွန်တော် ဝ နယ်ဘက်မှာ ရင်းရင်းနှီးနှီး နေခဲ့စဉ်က သူတို့တွေရဲ့ ဘာကြောင့် ဗဟိုအစိုးရက သူတို့ကို နိုင်စားချင်ကြသလဲ ဆိုတဲ့ မေးခွန်းကို ခဏခဏ အမေးခံခဲ့ရတယ်..... 

ဝ ကိစ္စဟာ အကိုင်အတွယ် မတတ်ရင်၊ အထိမ်းအသိမ်းမတော်ရင် ရှမ်းပြည်အရင် ပြိုကွဲမယ့် ကိစ္စပါ..... ဝ ကိုပြည်နယ်ပေးရင် ပြည်နယ်အစိုးရ လက်ခံမှာလား မေးစရာရှိလာတယ်...... ကိုယ်တိုင်က တိုင်းရင်သားခြင်း တန်းတူအခွင့်အရေး ကြွေးကျော်နေတဲ့ လူမျိုးကြီး ရှမ်းတွေအနေနဲ့ သူ့ရဲ့ တိုင်းရင်းသားအခွင့်အရေး ရဖို့တောင်းဆိုနေတဲ့ ဝ ကို လက်ခံနိုင်မလား ဆိုတဲ့ မေးခွန်းပါပဲ...... အခုဖြစ်နေတဲ့ ပြဿနာအများစုဟာလည်း ကိုယ်တိုင်က တိုင်းရင်းသားလွတ်လပ်ခွင့် တောင်းနေပေမယ့် ကိုယ့်အောက်က တိုင်းရင်းသားတွေကိုတော့ ကိုယ့်လက်အောက်ခံလို ထားနေတဲ့အတွက် ပြဿနာဖြစ်နေတာပါ..... ဥပမာအနေနဲ့ KIA ရဲ့ အုပ်ချုပ်မှုအောက်မှာ တိုင်းလိုင် ရှမ်းနီတွေကို တန်းတူမထားလို့ ဖြစ်နေတဲ့ ပြဿနာမျိုးပါ..... ဗဟိုအစိုးရရဲ့ အုပ်ချုပ်မှုကို လက်ခံချင်တဲ့ ဝ ကို ပြည်နယ်တောင်းတာကို ပြည်နယ်အစိုးရက သဘောထားကြီးဖို့ လိုမယ်လို့ မှတ်ယူတယ်..... အထူးသဖြင့် တိုင်းရင်းသား အခွင့်အရေး ဆိုတာကို ကြွေးကျော်နေသူတွေက ကိုယ့်အောက်က အခြားတိုင်းရင်းသားတွေကို ဖိနှိပ်တာမျိုးလည်း မဖြစ်ဖို့လိုမယ်.....

ဝ ဒေသကို တရုတ်က ဟယ်လီကော်ပတာ ပေးတယ် ဆိုတာနဲ့ ပါတ်သက်ပီး ပြောချင်တာက ဝ ဒေသရဲ့ တောင်တွေဟာ ပင်လယ်ရေမျက်နှပြင်အထက် အမြင့်ပေ ၅၀၀၀ အထက်မှာရှိတယ်..... ဟယ်လီကော်ပတာရဲ့ အားနည်းချက်ဟာ ပင်လယ်ရေမျက်နှာပြင်ထက် မြင့်လာလေလေ လေဖိအား နည်းလာတဲ့အတွက် အမြင့်ကို ပြန်တက်နိုင်စွမ်း နည်းလာလေလေ၊ ကုန်စည် တင်ယူနိုင်မှု နည်းလာလေပဲ...... ဝ ဒေသမှာ လေယာဉ်ပြေးလမ်းအတွက် မြေပြန့် လုံလုံလောက်လောက် မရှိဘူး.... ဟယ်လီကော်တာ သုံးမယ်ဆိုရင်တောင် အဆင်မပြေတဲ့ အချက်က ဝ ဘက်က တောင်တွေရဲ့ ရာသီဥတုပဲ..... ဝ တွေရဲ့ စီးပွားရေး မြို့တော် ပန်ဆန်းကလွဲပီး ကျန်တဲ့နေရာတွေက မကြာခဏ မြူတွေဆိုင်းပီး မိုးထစ်ချုံးရွာနေတဲ့ ဒေသ..... အထူးသဖြင့် ဝ ဌာနချုပ် တောင်သုံးလုံးရဲ့အောက်ခြေက မိုင်းမောမြို့ကလေးဆိုရင် တိမ်ပေါ်မှာ ရှိနေတယ်လို့ တင်စားရအောင် အမြဲလိုလို မြူတွေဆိုင်းနေလေ့ ရှိပါတယ်..... ဝ ဒေသမှာရှိတဲ့ မြေပြန့်ကလည်း တောင်တွေကြားထဲမှာ ဒယ်အိုးသဖွယ် ဖြစ်နေတာ များပါတယ်.... မြေပြန့်လေး ရတိုင်းမှာ သူတို့ဟာ မြို့တည်ထားရတာပါ...... ဥပမာအားဖြင့် ပန်ဆန်း၊ မိုင်းပေါက်....

ဟယ်လီကော်ပတာ၊ လေယာဉ် အစရှိတာတွေ ရပီဆိုတာနဲ့ အရံစက်ပစ္စည်း အများကြီးလိုပါတယ်..... လေယာဉ်ကွင်းလိုမယ်..... ထိမ်းသိမ်းဖို့ အဆောက်အဦးတွေ၊ အဲ့ဒိလေယာဉ်ကွင်းအတွက် လေကြောင်းရန်ထိမ်းသိမ်းဖို့၊ ကျွမ်းကျင် စစ်သည်၊ ဝန်ထမ်း၊ ထောက်ပို့ အစရှိတာတွေ အများကြီးပါ..... နောက် သူတို့ ရာသီဥတုအရလည်း အဆင်မပြေပါဘူး..... ဒါဖြင့် ဝ ဒေသရဲ့ သံချပ်ကာ ကားတွေကို လက်ညှိုးထိုးမေးနိုင်ပါတယ်..... ဝ ဒေသရဲ့ တစ်နေရာနဲ့ တစ်နေရာ ဆက်သွယ်တဲ့ ကားလမ်းတွေဟာ တစ်ဖက်က တောင် တစ်ဖက်က အသူတရာနက်တဲ့ ချောက်ပါ...... သွားရိုးသွားစဉ် လမ်းမဟုတ်ရင် သံချပ်ကာတင့်ကားတောင် သွားဖို့တော်တော်လေးကို ခဲယဉ်းပါတယ်..... ဝ ဒေသမှာ သံချပ်ကာ ကားတွေ သွားမယ်ဆိုရင် တောင်ပေါ် တောင်စောင်းကနေ အာပီဂျီတစ်ချက်စာပဲ ရှိပါတယ်..... တောင်ပေါ်လမ်းတွေရဲ့ သဘာဝအရ မြူဆိုင်းရင် ရှေ့ကို ဓါတ်တိုင် တစ်တိုင်တောင် ကြိုမြင်ဖို့ ခဲယဉ်းတဲ့အတွက် ကားတွေ မမောင်းပဲ ရပ်နေရတာ ခဏခဏပါ....... ဒါဆိုရင် ဒိသံချပ်ကာတွေရဲ့ ထိရောက်မှုနဲ့ အသုံးချမယ့် နေရာကို တွက်ဆလို့ ရပါတယ်..... 

ဝ ရဲ့ စစ်တပ်ဖွဲ့စည်းပုံကို သေခြာလေ့လာမယ်ဆိုရင် အဓိက အားထားတာ Defense အတွက်ကို ဦးစားပေးပါတယ်.... ဝ စစ်တပ်ရဲ့ လှုပ်ရှားမှုတွေကို သေခြာလေ့လာမယ်ဆိုရင် စစ်တပ်နဲ့ ထိပ်တိုက်တွေ့ဖို့ ပြင်ဆင်နေသလို SSA လှုပ်ရှားမှုတွေများတဲ့ဘက်မှာလည်း အုံနဲ့ ကျင်းနဲ့ လှုပ်ရှားမှုတွေ ရှိတာကို သတိထားကြည့်ဖို့တော့ လိုမယ်....... ဝ ကိုတက်တိုက်ရင် သူ့ဒေသရဲ့ သဘာဝ အတားအဆီးများနဲ့ ဝ လူမျိုးတွေရဲ့ နယ်မြေကျွမ်းကျင်မှုကြောင့် လက်ရှိစစ်တပ် ထက်ဝက်ကျော် ပြုတ်သွားနိုင်ပါတယ်...... ဝ လည်းအထိနာပါလိမ့်မယ်...... ဝ အထိနာရင် သူ့ဘေးမှာ ဝိုင်းနေတဲ့ သူ့ကိုဆော်ချင်တဲ့ အခြားတိုင်းရင်းသားတွေရဲ့ လက်ချက်ဖြစ်သွားပါလိမ့်မယ်.... ဝ ခေါင်းဆောင်တွေ အကြောက်ဆုံးအချက်က အဲ့ဒါပဲ ဖြစ်ပါတယ်.... ဒါကြောင့် ဝ ဘက်ကစပြီး ရန်စတာ၊ ရန်စွာတာ မရှိပဲ သူ့စီးပွားရေး သူလုပ်နေတာကို သတိထားကြည့်ရင် တွေ့ပါလိမ့်မယ်..... တရုတ်ကို သူတို့အားမကိုးခဲ့တာက တရုတ်က ဝင်လာပီးရင် နှင်ထုတ်ရခက်တယ်ဆိုတဲ့ အချက်ပါပဲ.....

ဝ တွေဟာ လွတ်လပ်ရေး မရခင်မှသည် လွတ်လပ်ရေး ရပြီးသည့် ယနေ့အချိန်ထိ ကိုယ်ပိုင် အုပ်ချုပ်ခွင့်နဲ့ နေခဲ့ပါတယ်..... ပြည်မ၊ ပြည်နယ် အစိုးရ သြဇာ သူတို့အပေါ် မသက်ရောက်ခဲ့ပါဘူး...... ဘေးမှာလည်း တရုတ်ရဲ့ ဖိအားရှိသလို အဖက်ဖက်မှာလည်း တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်းရဲ့ ရန်စောင်မှုတွေကြားမှာ တည်ရှိနေခြင်း ဖြစ်ပါတယ်...... သူတို့နယ်မြေရဲ့ အားနည်းချက်၊ အားသာချက်ကို သူတို့သိတဲ့အတွက်ကြောင့် ရှေးယခင်ကလည်း ပြည်မ အစိုးရကို သူတို့အားကိုးခဲ့သလို ယခုလည်း အားကိုးတဲ့အနေနဲ့ ပြည်နယ်တောင်းဆိုလာတာ ဖြစ်ပါတယ်...... KIA ကို အစိုးရနဲ့ ငြိမ်းချမ်းရေးယူဖို့ တိုက်တွန်းတဲ့ စာမှာပါတဲ့ ခွဲထွက်ခွင့်မပါသော ငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးကို သုံးခဲ့တဲ့ ဝ တွေရဲ့ ခွဲထွက်ခွင့်မပါသော ပြည်နယ်တောင်းဆိုခြင်းအပေါ် ကျွန်တော်လည်း ထောက်ခံပါတယ်.... 

ထောက်ခံရခြင်းသည် သူတို့ ပြည်နယ်တောင်းရခြင်း၏ အခြေအနေကို သိရှိတဲ့အတွက် ဖြစ်သလို ပြည်နယ် ပေးသင့် မပေးသင့် ဆိုတာထက် ဘာကြောင့် ပြည်နယ်တောင်းသလဲ ဆိုတာကို မြင်အောင်ကြည့်ပီး အဆင်ပြေအောင် ဘယ်လို ညှိနှိုင်းပေးမလဲ ဆိုတဲ့အမြင်တွေအပေါ်မှာလည်း များစွာ ကြိုဆိုမိပါတယ်...... လူမျိုးကြီး တိုင်းရင်းသား မျိုးနွယ်စုများအနေနဲ့လည်း မိမိကိုယ်တိုင် တိုင်းရင်းသား အခွင့်အရေး တောင်းဆိုနေချိန်မှာ မိမိလက်အောက်က တိုင်းရင်းသားတွေကို မိမိတို့ကိုယ်တိုင် ဖိနှိပ်ထားတာမျိုး မလုပ်သင့်ဘူးလို့လဲ မြင်မိပါတယ်......

ဝ ကိစ္စဟာ ရှုပ်ထွေးမှု မှန်ပါတယ်...... ဝ ဟာ တရုတ်ရဲ့ ဝှက်ဖဲဆိုရင်ဖြင့် ပါသွားခဲ့တာ ကြာပါပီ..... ဒီဘက်ကလည်း တက်တိုက်နိုင်တာ မဟုတ်ပါဘူး...... ဝ ဒေသ တောင်သုံးလုံးအနားကို ဒီဘက်က အရိပ်တောင် ဖြတ်ဖူးတာ မဟုတ်ပါဘူး....... ဝ ဆိုတာ လွတ်လပ်ရေး ရပီးကတည်းက ဗဟိုအစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ မရှိခဲ့ပေမယ့် ဘေးနားက ဝါးမြိုချင်တဲ့ အိမ်နီးခြင်းကြီး ရှိနေရဲ့သားနဲ့ အခုအချိန်ထိ မြန်မာနိုင်ငံအောက်မှာ ရှိနေတာဟာ ဘာကြောင့်လည်းဆိုတာ စဉ်းစားဖို့လိုပါလိမ့်မယ်..... ဒါပေမယ့် ထည့်သွင်း စဉ်းစားစေချင်တာကတော့ ဝ ဒေသဟာ လွတ်လပ်ရေး မရခင်မှသည် ယခုရပီးချိန်အထိ ဗဟိုအစိုးရရဲ့ အုပ်ချုပ်မှုနဲ့ ကင်းလွတ်နေခဲ့ပါတယ်.... မြန်မာစစ်တပ်ကိုယ်တိုင် ရှေးကလည်း မသိမ်းပိုက်နိုင်ခဲ့သလို အခုလည်း သိမ်းပိုက်နိုင်ဖို့ မသေခြာပါဘူး..... 

ဒီအတွက် ကျွန်တော့်အနေနဲ့ ဝ ရဲ့ ပြည်နယ်တောင်းဆိုခြင်းကို ဆက်ဆက်ခါ ဆန့်ကျင်နေကြသူများအပေါ် မေးလိုတာကတော့ ဗဟိုအစိုးရလည်း လက်လှမ်းမမှီ၊ ကိုယ်တိုင်လည်း ကိုယ်ပိုင်နိုင်ငံ ထူထောင်နိုင်တဲ့ အနေအထားရှိတဲ့ ဝ ဟာ ဘာကြောင့် ကိုယ်ပိုင်နိုင်ငံ မထူထောင်ပဲ မြန်မာပြည်ကို ဖက်တွယ်နေသလဲ၊ ဘာကြောင့် ဝ ဟာ အင်အားကြီးတဲ့ တရုတ်ဘက်ကို ပါမသွားခဲ့သလဲ၊ အခုအချိန်ထိ ဗဟိုအစိုးရရဲ့ စောင့်လျှောက်မှုကို တောင်းဆိုနေသလဲ ဆိုတဲ့မေးခွန်းပါပဲ........ ပြည်နယ် မပေးချင်ဘူးဆိုရင်ဖြင့် ဝ ဒေသနဲ့ သူတို့ ကြုံတွေ့နေရတဲ့ ညှပ်ပူး ညှပ်ပိတ် အခက်အခဲအပေါ် ဘယ်လိုဖြေရှင်းသင့်တယ်လို့ မြင်ပါသလဲ ဆိုတဲ့ မေးခွန်းတွေပါပဲ..... အပြုသဘောဆန်စွာ ဆွေးနွေးမည့်သူများကို လက်ကမ်းကြိုလျက်ပါပဲ.......


Photo: ဓါတ်ပုံရိုက်လျင် သေဒဏ် သတ်မှတ်ထားသော ဝ အထူးဒေသ (၂) ဌာနချုပ် တောင်သုံးလုံးရှိရာ မိုင်းမောမြို့ကလေး မြူတွေ လွှမ်းလာချိန် ရိုက်ထားခြင်း ဖြစ်ပါတယ်.....
ဝ ပြည်နယ် တောင်းဆိုမှုအပေါ်........

ဝ ပြည်နယ်တောင်းတဲ့အပေါ် အမျိုးမျိုး ပြောနေ ဆိုနေကြတယ်.... တစ်ချို့ကလည်း ဝ ဟာ တိုင်းရင်းသားမဟုတ်ဘူးလို့ ဆိုကြတယ်..... တစ်ချို့က...လည်း တရုတ်လက်ပါးစေလို့ ဆိုကြတယ်.... တစ်ချို့ကလည်း တရုတ်ကို ကြည့်မရတာနဲ့ ဝ ပါ ဆော်ပစ်ဆိုပီး ပြောနေကြတယ်...... တစ်ချို့ကတော့ ဝ ရဲ့ ကြီးမားတဲ့ လက်နက်ကိုင်တပ်ရဲ့ အခြေအနေကို ထောက်ပြပီး အန္တရာယ်ရှိတယ်လို ဆိုလာတယ်..... ဒါပေမယ့် ဝ တွေပြည်နယ် တောင်းတာဟာ အခုမှမဟုတ်ပဲ အတော်အတန်ကြာပီဆိုတာ အများစု မေ့လျော့နေတဲ့ အချက်ပဲ..... ဒီသတင်း ထွက်ပေါ်လာတာနဲ့ တိုက်တိုက်ဆိုင်ဆိုင် KIA နဲ့ ငြိမ်းချမ်းရေးပီးတော့၊ SSA၊ DKBA နဲ့ အွန်လိုင်းမှာ လှည့်ရန်တိုက်လို့မရချိန် ဦးသိန်းစိန်ရဲ့ နိုင်ငံခြား ခရီးစဉ်ထွက်ချိန်နဲ့လည်း တိုက်ဆိုင်နေတာကို သတိထားမိတယ်......

သူတို့တွေ ဘာရည်ရွယ်ချက်နဲ့ ဒီသတင်းကို အစပျိုးထုတ်လွှင်လာတယ် ဆိုတာကို ထူးပီးမဝေဖန်လိုပေမယ့် ဒီသတင်းအပေါ်မှာစီးမြောရင်း အပြန်အလှန် ဝေဖန်မှုတွေ များလာတယ်...... ဒါပေမယ့် အနှစ်ပါတဲ့ ဝေဖန်မှုက နည်းပါးပီး ထစ်ခနဲရှိ ဒေဝေါကြီး ဒေဝေါကြီးဆိုတဲ့ပုံသဏ္ဍန်နဲ့ တရုတ်က တရုတ်က ဆိုတာကို ထည့်သွင်းပြောလာကြတာပဲ အများဆုံးတွေ့ရတယ်..... အခုလက်ရှိ ဝ ကိစ္စဟာ ကိုယ့်ရဲ့ ပြည်တွင်းရေးဖြစ်တဲ့အတွက် ဝ လူမျိုးတွေ ဘာကြောင့် ပြည်နယ်တောင်းသလဲဆိုတာကို ထည့်သွင်းစဉ်းစားပေးတဲ့လူ နည်းတာကို သတိထားမိတယ်.... တိုင်းရင်းသားအချင်းချင်း ညီအစ်ကိုလို သင့်မြတ်နေရင်တော့ တရုတ်ကို သံသယရှိတာ ဖြစ်သင့်ပါတယ်.... တိုင်းရင်းသားချင်းလည်း ကြုံတိုင်း

Thursday, May 23, 2013

မြန်မာ့လူ့အခွင့်အရေးအခြေအနေ စိုးရိမ်ရဆဲ AI သုံးသပ်



23.05.2013
ကမ္ဘာအနှံ့မှာ ဒုက္ခသည်တွေ တိုးလာနေသလို၊ အဲဒီ ဒုက္ခသည်တွေအတွက် ထောက်ပံ့ကူညီမှုတွေလည်း အားနည်းနေတယ်လို့ Amnesty International နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ကြီးရဲ့ နှစ်ပတ်လည် အစီရင်ခံစာထဲမှာ ထောက်ပြ ဝေဖန်ထားပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်းမှာ ကမ္ဘာအနှံ့ ဒုက္ခသည်တွေဟာ လူဦးရေ ၁၅ သန်းအထိ တိုးများလာတယ်လို့ Amnesty International က ပြောပါတယ်။ ဒါ့အပြင် ဒုက္ခသည် အတော်များများဟာ သူတို့ နိုင်ငံတွင်းမှာပဲ ရွှေ့ပြောင်းတိမ်းရှောင်နေကြရတဲ့ အခြေအနေ ဖြစ်နေတယ်လို့လည်း ဖော်ပြပါတယ်။

ဒီလို ဒုက္ခသည်တွေ တိုးများလာတာဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့်ဖြစ်ပြီး၊ ဒုက္ခသည်တွေကို လက်ခံထားတဲ့ နိုင်ငံတွေရော နိုင်ငံ အတော်များများကပါ အဲ့ဒီ ဒုက္ခသည်တွေကို လုံလုံလောက်လောက်

နိပွန် ဖေါင်ဒေးရှင်း၏ အကူအညီ ပေါ်လစီ အစိုးရ ကန့်ကွက်

 
၂၃ရက်နေ့ မေလ ၂၀၁၃။
 
မြန်မာ အစိုးရ၏ ခွင့်ပြုချက်ဖြင့် ပေးလာသော နိုင်ငံတကာ အကူအညီများကို လက်ခံတော့မည် မဟုတ်ကြောင်း ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP ) က ဆုံးဖြတ် လိုက်သည်ဟု နိုင်ငံခြားရေး တာဝန်ခံ ဗိုလ်မှူးကြီး ဖိန်ဖက ဆိုပါသည်။
 
“ ကျနော်တို့ ထိန်းချုပ် နယ်မြေ အတွင်းမှာ ရှိတဲ့ စစ်ပြေး ဒုက္ခသည်တွေ အတွက် နိုင်ငံတကာ ကူညီမှုကို မြန်မာ့ ငြိမ်းချမ်းရေး စင်တာ MPC က ပိတ်လိုက်တယ်။ သဘော ကတော့ တိုက်ရိုက် ပေးခွင့် မရှိဘူး။ အစိုးရက တဆင့်သာ ပေးရမယ် ဆိုတဲ့ သဘောထားပေါ့။ ဒီတော့ ဘာထူးမှာလဲ စစ်ပြေးတွေကို ကျနော်တို့ ဖန်တီးလို့ ဖြစ်လာတာမှ မဟုတ်တာ” ဟု ဆိုပါသည်။
 
ပြီးခဲ့သည့် မေလ ၁၁ ရက်နေ့တွင် ပြည်ထောင်စု ငြိမ်းချမ်းမှု ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မီတီ ဒုဥက္ကဌ ဦးသိန်းဇော်နှင့် အဖွဲ့သည် SSPP/SSA ဒေသရှိ စစ်ပြေး ဒုက္ခသည်များ အတွက် အကူအညီ ပေးရန် ဂျပန်

ကေအိုင်အိုနဲ့ ဆွေးနွေးပွဲ တိုင်းရင်းသားလက်နက်ကိုင် ၉ ဖွဲ့တက်ရောက်မည်

kio-peace-meeting-b305
KIO နှင့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့ ၂၀၁၂ ခုနှစ် မတ်လဆန်းပိုင်းက တွေ့ဆုံခဲ့တဲ့မှတ်တမ်းပုံ,rfa
2013-05-22
လာမယ့်မေလ ၂၈ ရက်နေ့မှာ ကျင်းပမယ့် အစိုးရနဲ့ ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၉ ဖွဲ့အပါအ၀င် တရုတ် ကိုယ်စားလှယ်တွေနဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ နမ်ဘီယားတို့ တက်ရောက်ကြမယ်လို့ သိရပါတယ်။
 
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မနောကွင်းမှာ ကျင်းပမယ့် ဒီဆွေးနွေးပွဲမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ကိုယ်စားလှယ်အားလုံး တက်ရောက်ကြမှာဖြစ်တယ်လို့ တိုင်းရင်းသားအဖွဲ့တွေကို စီစဉ်ဖိတ်ကြားတဲ့ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) အဖွဲ့ဝင် ဦးလမိုင်ဂွန်ဂျာက RFA ကို ပြောပါတယ်။
 
"တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၉ ဖွဲ့ကို ဖိတ်ထားတယ်၊ သူတို့က ၁၇ ရက်နေ့ ရောက်လာမယ်လို့တော့ သိရတယ်၊ သူတို့မှာ ငြိမ်းချမ်းရေးဆွေးနွေးရေးကော်မတီ ဖွဲ့ထားတယ်လေ၊ သူတို့ဖွဲ့ထားတဲ့ ကော်မတီအားလုံး တက်ရောက်မယ်ဆိုတာတော့ သိရတယ်ဗျ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ဦးအောင်မင်း ဦးဆောင်ပြီးမှ တပ်ပိုင်းဆိုင်ရာကတော့ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးနဲ့ ဒီတစ်ခေါက် လွှတ်တော်ကိုယ်စားလှယ်တွေ ပါလာမယ်လို့တော့ ကျွန်တော်တို့ အကြမ်းအားဖြင့်

ရှမ်းမြောက် KIO တပ်မဟာ ၄ နယ်မြေတွင် အစိုးရစစ်အင်အား တိုးချဲ့နေ

 
22 May 2013

မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကြား ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရန်ရှိသော်လည်း ရှမ်းပြည်မြောက်ပိုင်း KIO တပ်မဟာ ၄ နယ်မြေတွင် အစိုးရစစ်အင်အား တိုးချဲ့နေဆဲ ဖြစ်ကြောင်း သိရသည်။

မေလ ၂၁ ယမန်နေ့ မုန်ဂိုးဒေသ မုန်ဘော် (Mung Baw) ပြည်သူ့စစ်တပ်တွင် အစိုးရစစ်အင်အား ၅၀ ကျော်ရောက်ရှိနေပြီး ပန်ဆိုင်း(ကြူကုတ်)နှင့် မူဆယ်ဘက်သို့ အင်အား ၇၀ ကျော်ရောက်ရှိနေကြောင်း မျက်မြင် ဒေသခံများပြောသည်။

မုန်ဘော်ဘက်သို့ရောက်ရှိနေသော အစိုးရတပ်ဖွဲ့တို့သည် ကွတ်ခိုင်-လားရှိုးဘက်မှ အရပ်သားကုန်တင်ကား ၅ စီးဖြင့် မန်နောင်ယန် (Mung Nawng Yang) တောင်သို့ရောက်လာပြီး ထိုနေရာမှတဆင့် မုန်ဘော်သို့ ခြေလျင်ဖြင့် အင်အားတိုးချဲ့လာခြင်းဖြစ်သည်ဟု ပန်ဆိုင်း (ကြူကုတ်) ဒေသအခြေစိုက် KIO ပြည်သူ့စစ် MHH (Mungshawa Hpyen Hpung) တပ်ခွဲ(၅) တပ်ခွဲမှူး ဇော်ဆိုင်း

နမ့်ခမ်းဒုက္ခသည် စခန်းမှ ၀မ်းလျှော ပြသနာ ကုသရန် အခက်အခဲဖြစ်နေ

တအာင်းစစ်ပြေးဒုက္ခသည်များ စစ်ရှောင်နေပုံ
တအာင်းစစ်ပြေးဒုက္ခသည်များ စစ်ရှောင်နေပုံ
 22 May 2013
ရှမ်းပြည်နယ် နမ့်ခမ်းမြို့ပေါ်ရှိ နေ၀န်းနီတအာင်း (ပလောင်) ဒုက္ခသည် စခန်းတွင် ကလေးများ ၀မ်းပျက်၊ ၀မ်းလျှော ရောဂါများ ဖြစ်ပွားနေပြီး ကုသမှု အခက်အခဲ နှင့် ရင်ဆိုင် နေရသည်ဟု ပလောင် အမျိုးသမီး အဖွဲ့မှလွေးပိုး ညိုင်းကဆိုပါသည်။ 
 
မေလ ဒုတိယ အပတ်က စဖြစ်တယ်။ ကလေးတွေ အတော်များများ ဖြစ်နေတယ်။ သေဆုံးမှု အဆင့်ကို မရောက် ကြပေမဲ့ ကုသမှုတွေ မလုပ်နိုင်တော့ကူးစက်မှုက ပိုများလာတယ်။ဖြစ်တာက အစားအသောက် မသန့်ဘူး။ယင်ကောင် နားတဲ့ အစားစာ ဆိုလည်း မရှောင်ရဘူး။ စားသောက် ကြရတယ်။ ပြီးတော့ အစားအသောက်ဆိုတာ ကြာကြာ ထားလို့ရ ဘူးလေ။ ဒါပေမဲ့ သူတို့လို ဒုက္ခသည်တွေက အဲဒါတွေကို စားနေကြရတယ်။ ဒါကြောင့် ၀မ်းလျှော ကြတာပေါ့ ဟုဆို ပါသည်။
 
ထို့အပြင် မိုးရာသီအစ ဖြစ်ခြင်းကြောင့် ဒုက္ခသည်များ နေရသည့် အိမ်ထဲသို့ ရေများ ဝင်လာနေသဖြင့် သောက်သုံးရေ မသန့်မှုကြောင့်လည်း ဖြစ်နိုင်ပါသည်။
 
ယင်းနမ့်ခမ်း ဒုက္ခသည် စခန်းတွင် ဒုက္ခသည် မိသားစု ၃၇၉ စု ရှိပြီး၊ သုံးပုံ တစ်ပုံမှာ ကလေးများဖြစ်သည်။ လူဦးရေအားဖြင့် တအာင်း ဒုက္ခသည်များ ထောင်ချီ ရှိနေပြီး ရှမ်းဒုက္ခသည် များလည်း ရှိနေပါသည်။
 
ဆေးဝါး မလုံလောက်ခြင်း၊ အစားအသောက် မလုံလောက်ခြင်း၊ ဆေးဝန်ထမ်း အားနည်းခြင်းကြောင့် ၀မ်းလျှော ရောဂါများ ဆက်လက် ကူးစက်နေရခြင်း ဖြစ်သည်ဟု ဆိုပါသည်။ အစားအသောက် အတွက်

Wednesday, May 22, 2013

မြစ်ဆုံကိစ္စနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က တရုတ်နိုင်ငံအား စကားပါး

22 May 2013

မြစ်ဆုံကိစ္စနှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က မေ ၂၁ ရက်တွင် လွှတ်တော်အတွင်း ပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲတွင် တရုတ်နိုင်ငံသို့ စကား ပါးလိုက်ကြောင်း သိရသည်။

မီဒီယာ တွေ့ဆုံပွဲတွင် Eleven Media Group မှ "တရုတ်သံရုံးနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေက အန်တီတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တာဝန်ရှိသူတွေနဲ့တွေ့ရင် မြစ်ဆုံပြန်စဖို့ တောင်းဆိုလေ့ ရှိတယ်လို့ သိရပါတယ်။ အဲဒီတောင်းဆိုမှုတွေအပေါ် အန်တီအနေနဲ့ ဘယ်လိုသဘောထား ရှိပါသလဲ" ဟု မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်က ယခုလို ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။ လက်ရှိနိုင်ငံတော် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ ငြိမ်းချမ်းရေး ကိစ္စများ ဆောင်ရွက်ရာတွင် ယခုထက် ပိုမိုပွင့်လင်းမြင်သာမှု ရှိရန်လိုအပ်ကြောင်း . . . . .

ဒေါ်အောင်ဆန်းစုကြည်က "အန်တီပြောချင်တာက တကယ်တော့ မြစ်ဆုံနဲ့ ပတ်သက်လို့ရှိရင် သမ္မတကြီးကိုပဲ ပြောဖို့ ရှိပါတယ်။ အန်တီတို့ အန်အယ်ဒီကိုပဲ ဘာဖြစ်လို့ လာပြောနေမှန်းကို အန်တီ

လက်နက်ကိုင် တိုင်းရင်းသားများ ပါဝင်နိုင်သည့် KIO နှင့် အစိုးရ ဆွေးနွေးပွဲ

 
21 May 2013
လာမည့် မေလ၂၈ ရက်နေ့၌ ကျင်းပရန် ရှိသော ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ KIO နှင့် အစိုးရ တို့၏ တွေ့ဆုံဆွေးနွေး ပွဲတွင် လက်နက်ကိုင် တိုင်းရင်းသား ပေါင်းစုံ ပါဝင် တက်ရောက်မည် ဖြစ်ကြောင်း KIO အထွေထွေ အတွင်းရေးမှူး ဒေါက်တာ လဂျာ ကဆိုပါသည်။ 

“ ဒီတွေ့ဆုံပွဲမှာ UNFC အဖွဲ့ဝင်တွေနဲ့ အဖွဲ့ဝင်တွေ မဟုတ်တဲ့ ၀ပြည်သွေးစည်း ညီညွတ်ရေး ပါတီ တို့လို မိုင်းလား အဖွဲ့ ပြီးတော့ RCSS အဖွဲ့တွေ လိုမျိုးပေါ့ ပါကြမယ်လေ။ ဒီအဖွဲ့တွေလည်း ပါလာတယ် ဆိုတော့ မြစ်ကြီးနားမှာ တွေ့ဆုံ ကြမည့် ပွဲကို ကျနော်တို့ သဘောတူ လက်ခံ လိုက်ပါတယ်။” ဟု ဆိုပါ သည်။

ယင်းတွေ့ဆုံပွဲသို့ ‘ဝ’ ပြည်သွေးစည်း ညီညွတ်ရေး ပါတီ အပါအ၀င် လက်နက်ကိုင် တိုင်းရင်းသား အားလုံးကို ဖိတ်ကြားထား ခဲ့ကြောင်း ဆိုပါသည်။ UWSA သည် KIA နှင့် အစိုးရတို့၏ မတ်ခ်ျ လက တရုတ်နိုင်ငံ ရွှေလီမြို့ တွင် ကျင်းပသည့် ဆွေးနွေး ပွဲကို တက်ရောက်လို သော်လည်း ပြည်ဝင်ခွင့်

ABSDF (မြောက်ပိုင်း) ငြိမ်းချမ်းရေး ကိုယ်စားလှယ်ကို အစိုးရ တာဝန်မယူ

May 21, 2013

ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး ကော်မတီနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ရန်ကုန်မြို့သို့ ထွက်ခွာမည့် မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ၏ တရုတ်နယ်စပ် KIO ထိန်းချုပ်နယ်မြေ အခြေစိုက် ABSDF (မြောက်ပိုင်း) ကိုယ်စားလှယ်အား အစိုးရဘက်မှ လမ်းခရီးကိစ္စ တာဝန်မယူန...ိုင်ဟု အကြောင်းကြားခဲ့သဖြင့် ယနေ့ရန်ကုန်မြို့တွင် ပြုလုပ်နေသည့် နှစ်ဘက်ဆွေးနွေးပွဲသို့ မြောက်ပိုင်းကိုယ်စားလှယ် လိုက်ပါ တက်ရောက်နိုင်ခြင်း မရှိ ကြောင်း သိရသည် ။

ABSDF ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ ၄င်းတို့ ဗဟိုဋ္ဌာနချုပ်ရှိရာ ထိုင်းနယ်စပ်မှ ရန်ကုန်မြို့သို့ မေလ ၁၉ ရက်နေ့က စတင်ထွက်ခွာသွားပြီး ယနေ့တွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးကော်မတီနှင့် ရန်ကုန်မြို့၌တွေ့ဆုံဆွေးနွေးနေကြောင်း ABSDF (မြောက်ပိုင်း) မှ ဗိုလ်မှူးမင်းဌေးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ကျနော်တို့ ဗဟိုကော်မတီ စုံညီအစည်း အဝေးကနေပြီး တွေ့ဆုံ ဆွေးနွေးရေးအဖွဲ့ကို မြောက်ပိုင်းက ကိုယ်စားလှယ် တစ်ဦး ၊ အနောက်ပိုင်း တစ်ဦး ၊ တောင်ပိုင်းက ဗဟိုကော်မတီဝင် ၃ ဦး အားလုံး ၅ ဦးနဲ့ ဖွဲ့လိုက်တယ် တွေ့ဆုံ ဆွေးနွေးမဲ့ကာလ ရောက်တော့ မြောက်ပိုင်းအနေနဲ့ ကိုယ်စားလှယ် အမည် တင်သွင်းတယ်ပေါ့နော် ရန်ကုန်သွားမဲ့ လမ်းခရီးပေါ့နော် လမ်းခရီးနဲ့ ပတ်သက်ပြီး မြောက်ပိုင်းကိုတော့ ဘာမှ မစီစဉ်ပေးနိုင်ဘူးလို့ အကြောင်းပြန်လာတယ် ဆိုတော့ ဒီဆွေးနွေးပွဲမှာ မြောက်ပိုင်း ကိုယ်စားလှယ်က မပါသွားတော့ဘူးပေါ့ ” ဟု သူက ပြောသည် ။

ထိုသို့ အစိုးရဘက်မှ တာဝန်မယူသည့် ကိစ္စ အပေါ် သူက ဆက်ပြောရာတွင် “ဆိုလိုတဲ့သဘောကတော့ ကိုယ့်ဟာ ကိုယ် လာချင်ရင်လာပေါ့ လုံခြုံရေးတော့ တာဝန်မယူဘူးဆိုတဲ့ အဓိပ္ပါယ် သက်ရောက် နေတယ်လေ အစိုးရတစ်ရပ်အနေနဲ့ ဒီလမ်းခရီး ကိစ္စလေးကိုတောင် မစီစဉ်ပေးနိုင်ဘူး ဆိုတော့

မိတ္ထီလာ အကြမ်းဖက်မှုနှင့် ပတ်သက်ပြီး ၇ ဦးကို အမြင့်ဆုံးပြစ်ဒဏ်ချ

မတ်လ ၂၃ ရက်နေ့တွင် တွေ့မြင်ရသည့် မိတ္ထီလာမြို့ အပျက်အစီး မြင်ကွင်း
 
May 21, 2013
မန္တလေးတိုင်း မိထ္တီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုအတွင်း ဗုဒ္ဓဘာသာ ဘုန်းကြီး ဦးသောဘိတ သေဆုံးခဲ့မှုနဲ့ ပတ်သက်ပြီး တရားစွဲဆိုခံထားရသူ ၇ ဦးကို ဒီကနေ့ မိတ္ထီလာမြို့နယ်နဲ့ ခရိုင်တရားရုံး ၂ ခုမှာ အမြင့်ဆုံး ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။
 
ပြစ်ဒဏ်စီရင်တဲ့ အမှုတွေကတော့ လူသတ်မှု။ အရေးပေါ် ထုတ်ပြန်မိန့် ဖောက်ဖျက်မှု။ သာသနာ ညှိုးနွမ်းစေမှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု စတာတွေနဲ့ အသီးသီး စစ်ဆေးစီရင်ခဲ့ တာပါ။ မြတ်ကိုကို (ခ) အဏ္ဏ၀ါကို ထောင်ဒဏ် တသက်တကျွန်းနဲ့ ၄ နှစ်၊ ကိုဇော်ထက်နိုင် ၄ နှစ်၊ ကိုမျိုးထွန်း စုပေါင်း ၁၆ နှစ်၊ ကိုဖိုးချို ၂၈ နှစ်၊ ကိုမျိုးညွန့်ဦး ၁၄ နှစ်၊ ကိုမျိုးဝင်း ၂ နှစ်၊ အသက် ၁၇ နှစ်အရွယ် ညီညီနိုင် ကို ၇ နှစ် ချမှတ် လိုက်တာလို့ တရားခွင်ကို တက်ရောက် နားထောင်ခဲ့တဲ့ ရှစ်ဆယ့်ရှစ်မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်းရဲ့ ကိုထိန်မင်းခိုင်က ပြောပါတယ်။
 
စီရင်ချက်တွေကို မနက် ၁၀ နာရီခွဲလောက်က မြို့နယ်ရော ခရိုင်တရားရုံးမှာ ချမှတ်ခဲ့ပြီး ဒီလို အမြင့်ဆုံး ပစ်ဒဏ်ချမှတ်ခံရမှုပေါ်မှာ တရားခံတွေက မကျေနပ်လို့ ရဲတွေကို ကိုယ်ထိလက်ရောက် ရိုက်ပြီး ရဲကားတွေကိုလည်း ရိုက်ခွဲခဲ့တယ်လို့ ကိုယ်တိုင် တရားခွင်ထဲသွားရောက်ခဲ့တဲ့ ကိုထိန်မင်းခိုင်က ပြောပြပါတယ်။
 
“မြို့နယ် တရားရုံးမှာရော၊ ခရိုင်တရားရုံးမှာရော ဘုန်းကြီးသတ်တဲ့အမှုမှာ ပါဝင်သူ ၇ ဦးကို စီရင်ချက် ချလိုက်တယ်။ အဲဒါကို မကျေနပ်တော့ ရဲတွေကို လည်ပင်း ညှစ်တာတွေ လုပ်တယ်။ တရားရုံးနဲ့ တရားသူကြီးကို အော်ဆဲတယ်။ တရားရုံးမှာ ရုတ်ရုတ်သဲသဲတော့ ဖြစ်သွားတယ်။ ထိခိုက် ဒဏ်ရာရတာ မရှိပါဘူး။ လုံခြုံရေး တာဝန်ယူနေတဲ့ ရဲတွေကလည်း ပျော့ပျောင်းစွာနဲ့ပဲ ချော့မော့ပြီး အချုပ်ကားပေါ်

Tuesday, May 21, 2013

ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်နဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆွေနွေးချက် (အသံ)


Tuesday, May 21, 2013
နိုင်ငံတော် သမ္မတရဲ့ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် နဲ့ အရေးပေါ် အခြေအနေ ကြေငြာခြင်းနဲ့ ပတ်သက်လို့ အတည်ပြုပေးဖို့ ဒီကနေ့ ပြည်ထောင်စုလွှတ်တော်အတွင်း ဆွေးနွေးရာမှာ ကော့မှူး မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် လည်းပါဝင်ဆွေးနွေးခဲ့ပါတယ်။
 
Copy from - BurmaVJMedia

ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးသည် ABSDF ၏ ဆန္ဒဖြစ်

Photo - Nyo Ohn Myint(FB)စာမျက်နှာမှ
မေလ ၂၁ ရက် ၂၀၁၃ ခုနှစ် ။

တနင်္လာနေ့က ဝန်ကြီး ဦးအောင်မင်းနှင့် တွေ့ဆုံပြီး နောက်ပိုင်း ABSDF မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး က မြန်မာနိုင်ငံတွင် ၎င်းတို့၏ အဖြစ်ချင်ဆုံးဆန္ဒကို ထုတ်ဖော် ပြောဆိုလိုက်ကြောင်း သိရသည်။ ABSDF တပ်ဖွဲ့ဝင် ရဲဘော် ကျော်ကို က “ABSDF အနေနဲ့ အဖြစ်ချင်ဆုံးကတော့ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးပါ” ဟု မဇ္စျိမ ကို ဖြေကြားသည်။

Photo - Nyo Ohn Myint(FB)စာမျက်နှာမှ

 ရဲဘော် ကျော်ကို သည် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် တဦးဖြစ်သည်။

တနင်္လာနေ့က Myanmar Peace Center တွင် အစိုးရနှင့် ABSDF တို့အကြား အပြန်အလှန် ညှိုနှိုင်းဆွေးနွေး ပွဲများ ကျင်းပခဲ့ကြောင်း ရန်ကုန်သို့ ရောက်ရှိလာသည့် ABSDF ညှိုနှိုင်းရေးအဖွဲ့ဝင် ရဲဘော်ကျော်ကို က ဆက်ပြောသည်။

၎င်းက “ နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေးတွေ ဆက်လုပ်နိုင်ဖို့အတွက် ကျနော်တို့ ABSDF က ညှိုနှိုင်းဆွေနွေးရေးအဖွဲ့နဲ့ သူတို့ MPC (Myanmar Peace Center) ဘက်က Technical team (နည်းလမ်း

ရန်ကုန်တိုင်း ကြည့်မြင့်တိုင် မြို့နယ် အမှိုက်ပုံး အတွင်းမှ လက်နက်၊ ခဲယမ်းများ တွေ့ရှိ

နေပြည်တော် မေ ၂၁
 
၂၀၁၃ခုနှစ်၊ မေလ ၂၀ရက် ညနေ (၄)နာရီ(၁၀)မိနစ် အချိန် ခန့်တွင် ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ် ဈေးကြီး အရှေ့ရပ်ကွက် ဗိုလ်သူရလမ်းနှင့် ပိတောက်ပင် လမ်းတွင် သန့်ရှင်းရေး ဆောင် ရွက်နေသော မြို့နယ် စည်ပင် သာယာ ရေး ကော်မတီမှ မသင်းမြတ်စိုး (၃၂)နှစ် (ဘ) ဦးစိန်မြင့်ဦးသည် အမှိုက်ပုံးအတွင်းမှ ကြွပ်ကြွပ်အိတ်ဖြင့် ထုတ်ထားသော အမ်-၁၆ ကျည်ဆံ (၅၆)တောင့် (အသုံးပြုရ)၊ ၎င်းကျည်ကဒ် (၁)ကဒ် (အသုံးပြုရ)၊ ကာဘိုင်ကျည်ဆံ (၁၁)တောင့် (အသုံးပြုရ)၊ ၉မမ ကျည်ဆံ (၂၂)တောင့် (အသုံးပြုရ)၊ ပွိုင့် -၃၈ကျည် (၁၃)တောင့်တို့နှင့် ကိုယ်ထည် အမှတ် C- 117374 စပိန်နိုင်ငံ ထုတ် အဖုံးတွင် Star Trade Mark စာတမ်းပါ စတီး ပစ္စတို (၁)လက် (အသုံးပြုရ)နှင့် ပစ္စတို ထည့်အိတ် အနက်ရောင် (၁)လုံးတို့အား တွေ့ရှိခဲ့ရသဖြင့် သက်ဆိုင်ရာသို့ အကြောင်း ကြားခဲ့ရာ မြို့နယ် ရဲတပ်ဖွဲ့မှ တာဝန် ရှိသူများမှ သွားရောက် သိမ်းဆည်းခဲ့ကြောင်း သတင်းရရှိပါသည်။
 
Copy from - myawady.net

ဓာတ်ပုံ- www.tumblr.com
 
May 21, 2013
ဂျပန်ဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေးဟာ မြန်မာနိုင်ငံကို သမ္မတ ဦးသိန်းစိန်ရဲ့ ဖိတ်ကြားချက်နဲ့ မကြာခင် အလည်အပတ်ခရီးအဖြစ် ရောက်လာပါတော့မယ်။
 
ဂျပန် ၀န်ကြီးချုပ်နဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ တရားဝင် ချစ်ကြည်ရေး ခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို လာရောက် လည်ပတ်မှာ ဖြစ်တယ်လို့ ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေက ဖော်ပြထားပါတယ်။

ဂျပန်နိုင်ငံနဲ့ မြန်မာနိုင်ငံတို့ရဲ့ ဆက်ဆံရေးဟာ အလွန်နီးနီးကပ်ကပ် ရှိခဲ့တာပါ။ အနောက်နိုင်ငံတွေက စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုတွေ လုပ်နေခဲ့ချိန်တုန်းကတောင် ဂျပန်ဟာ မြန်မာကို လူသားချင်းစာနာ

လေယာဉ်ကိုအနီးကပ်မြင့်ရသည့် နယ်သာလန်က Sint Maarten ကမ်းခြေ

 
လူဦးရေ ၄ သောင်းဝန်းကျင်ပဲ ရှိတဲ့ Sint Maarten ကျွန်းမြို့ ငယ်လေးက the princess Juliana အမည်ရ နိုင်ငံတကာ လေဆိပ်တစ်ခု ဖြစ်ပါတယ်။ Photoshop နဲ့ ပြုပြင်ထားခြင်း မဟုတ်ပါဘူး။

နယ်သာလန်နိုင်ငံပိုင် ကာရေးဘီးယန်းပင်လယ်ဘက်အခြမ်း Sint Maarten ကမ်းခြေမြို့ မှာ ဖြစ်ပါတယ်။ ကမ္ဘာလှည့်ခရီးသွားများနဲ့ အမြဲ စည်ကားလျက် ရှိပြီး အထူးခြားဆုံး အရာ တစ်ခုကတော့ လေယာဉ်ပျံ အနီးကပ် ပျံသန်းခြင်း ဖြစ်ပါတယ်။ မြေပြင်နဲ့ အနီးကပ်ပျံသန်းတာပါ။ အကြောင်း ကတော့ လေယာဉ်ကွင်း အရှည်က မီတာ ၂၁၈၀ ပဲရှိပါတယ်။ Air Bus ကြီးတွေ ဆင်းသက်ဖို့အတွက် လုံလောက်တဲ့ မိုင်အရှည် မရှိပါဘူး။

ဒါကြောင့် ပင်လယ်ကမ်းခြေက စလို့ မြေပြင်နဲ့ အတက်နိုင်ဆုံး အနီးကပ် မောင်းပြီး ဆင်းသက်ပါတယ်။ ဒါကြောင့် ကမ်းခြေမှာ လာရောက် အပန်းဖြေတဲ့ ခရီးသွားများ အနေနဲ့ လေယာဉ်အနီးကပ် ပျံသွား၊

RCSS နှင့်တိုက်ပွဲထပ်ဖြစ် အစိုးရတပ်မှ ၉ ယောက်သေ

 
May 20, 2013 
 
ပြီးခဲ့သည့် သောကြာနေ့က သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် နမ့်ခုတ်အုပ်စုအတွင်း၌ သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ သျှမ်းပြည်တပ်မတော်နှင့် မြန်မာအစိုးရ စစ်တပ်တို့ တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွါးရာ ၂ ဘက်အကျအရှုံး ရှိခဲ့ကြောင်း ဒေသတွင်း သတင်းရပ်ကွက်ကဆိုပါသည်။

“ မေလ ၁၇ ရက် သောကြာနေ့တုန်းကလေ။ ဟိုပုံးမြို့နယ် နမ့်ခုတ်အုပ်စုထဲမှာ သျှမ်း နဲ့ ဗမာ တိုက်ပွဲ ၂ ကြိမ်ဖြစ်တယ်။ ဗမာဘက်က ၉ ယောက်သေတယ်။ ၁၀ ကျော်ဒဏ်ရာရတယ်။ သေနတ် ၂ လက်နဲ့ ကျည်ကပ် အများအပြား သျှမ်းတပ်က သိမ်းဆည်းရမိတယ်။ ကျောပိုးအိတ်တွေလဲပါတယ်ပြောတယ်။ သျှမ်းဘက်က ၁ ယောက်သေတယ်။ ဒဏ်ရာရတာတော့ မရှိဘူး” ဟု RCSS/SSA နှင့်နီးစပ်သည့် ပအိုဝ်းပြည်သူ့စစ် တပ်ဖွဲ့ဝင်တဦးက ပြန်လည်ပြောပြသည်။

ကြိုတင် သတင်းပေးပို့ခြင်းမရှိသော မြန်မာ့တပ်မတော်မှ အင်အား ၁၀၀ ကျော်က တောတွင်းဝင် ရောက်လှည့်လည် မွှေနှောက်ရာမှ ထိပ်တိုက်တွေ့မိပြီး ပစ်ခတ်မှုဖြစ်ပွါးခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံတဦးကလည်း ပြောပါသည်။

မြန်မာ့တပ်မတော်မှာ ရပခတိုင်း လက်အောက်ခံ ပင်လောင်းအခြေစိုက် ခလရ ၂၄၉ နှင့် လွယ်ကော် အခြေစိုက် ခလရ ၂၅၀ ပူးပေါင်းတပ်တို့ဖြစ်ကြောင်းလည်း ပအိုဝ်းပြည်သူ့စစ်က ဆက်လက် ပြောပြသည်။

“ တိုက်ပွဲ ၂ ခုလုံးက နမ့်ခုတ် အုပ်စုထဲမှာ ဖြစ်တာ။ နားပုံရွာမြောက်ဘက်မှာ မွန်းလွဲ ၂ နာရီကနေ ၄ နာရီအထိတကြိမ်နဲ့ ပြည်တော်ရွာမြောက်ဘက်မှာ ၃ နာရီ ကနေ ၇ နာရီအထိ တကြိမ်ဖြစ်တယ်။ သျှမ်းတပ်ရှိတဲ့ဘက်ကို သိသိကြီးနဲ့တက်သွား တာလေ။ တိုက်ပွဲဖြစ်တဲ့နေရာက ရပ်စောက်နယ်ဘက်နဲ့

မြန်မာအစိုးရနှင့် KIO တပ်များ ရှမ်းမြောက် မုန်ဂိုးဒေသသို့ တိုက်ပွဲဖြစ်

 
20 May 2013

မြန်မာအစိုးရတပ်သည် ရှမ်းပြည်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) မုန်ဂိုးဒေသသို့ စစ်အင်အားများ ဆက်လက်တိုးချဲ့နေသလို တိုက်ပွဲများလည်း ဆက်တိုက်ဖြစ်ပွားနေကြောင်း သိရသည်။

မတ်လ ၁၈ ရက် မနက်ပိုင်းတွင် KIO ပြည်သူ့စစ် (Mungshawa Hpyen Hpung - MHH) တပ်ခွဲ (၅) တပ်ဖွဲ့များ ရှိသည့် ပန်ဆိုင်း (ကြူကုတ်) ဘက်သို့ မုန်လုံ (Mung Lung) ဘက်မှ တက်လာသော အစိုးရစစ်အင်အား ၇၀ တို့နှင့် ဖိုင်ကောင်း (Hpai Kawng) နှင့် မံဂျေ (မံစီ)ကြားတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြေင်း တပ်ခွဲ (၅) တပ်ခွဲမှူးဇော်ဆိုင်း က ပြောသည်။

“အစိုးရတပ်က ကျနော်တို့နယ်မြေမှာ စစ်အင်အားတွေ ပိုပြီး ပိုပြီးတိုးချဲ့လာတယ်။ လမ်းမဟုတ်တဲ့ နေရာတွေမှာ သွားလာနေတယ်။”

ထိုမနက်တွင်ပြင် အစိုးရစစ်အင်အား ၁၀၀ ကျော်ဖြင့် မူဆယ် ၁၀၅ မိုင်ဘက်မှ “မုန်ဘော်ဘက်လား ပန်ဆိုင်းဘက်လားတော့ မသိသေးဘူး တက်သွားပြီ” ဟု ရှေ့တန်းစစ်ဗိုလ်တစ်ဦး KNG ကချင်သတင်းဌာန

"ဝ" သွေစည်းညီညွတ်ရေး တပ်မတော် (UWSA)အကြောင်း သိကောင်းစရာ..


 ဝပြည် သွေးစည်းရေး တပ်မတော် ဝပြည် သွေးစည်းရေး တပ်ဖွဲ့ဝင်များ
 

ရှမ်းပြည်တောင်ပိုင်း (UWSA)အဖွဲ့ခေါင်းဆောင် ဝေရှောက်ခန်း
ရှမ်းပြည်မြောက်ပိုင်း (UWSA) ခေါင်းဆောင် ပေါက်ယူချန်း

အမျိုးသား သွေးစည်း ညီညွတ်ရေး ပါတီ (MYANMAR NATIONAL SOLIDARITY PARTY - MNSP) ယခုအခါ ဝပြည်နယ် သွေးစည်း ညီညွတ်ရေး ပါတီ/ တပ်မတော် (UWSP/ UWSA) အမည်သို့ ပြောင်းလဲထားပြီး ဖြစ်။

 ဝ အမျိုးသား

၁၉၈၉ ခုနှစ်၊ မေလတွင် ဗကပမှ ခွဲထွက်ပြီး ၉၊ ၅၊ ၈၉ ရက်နေ့မှာ နဝတနဲ့ အပစ်အခတ် ရပ်စဲရေး ပြုလုပ်ခဲ့တယ်။ ရှမ်းမြောက် အထူးဒေသ (၂) လို့ သတ်မှတ် ပေးခဲ့တယ်။ ၁၉၈၉ ခုနှစ်မှ ယနေ့အထိ ခေါင်းဆောင်မှုမှာ နိုင်ငံရေး ဦးဆောင်မှု အဖွဲ့ - ကျောက်ညီလှိုင် (ကျန်းမာရေးကြောင့် အနားယူသွားခဲ့)၊ ပေါက်ယူချန် (ပေါက်ဝှာချန်း)၊ ဦးဇော်မိုင်၊ လီစစ်ယူ၊ ရှောက်နီလျှင်၊ အိုက်လွန်း၊ ကျောက်ဝင်ကွမ်းတို့ ဖြစ်တယ်။

ဝပြည်နယ် သွေးစည်း ညီညွတ်ရေး ပါတီ (ယူဒဗလျူအက်စ်ပီ/ အေ)

ဥက္ကဋ္ဌနှင့် စစ်ဦးစီးချုပ် - ပေါက်ယူချန်၊
ဒုဥက္ကဋ္ဌ - ရှောင်မင်လန်း
ဒု-စစ်ဦးစီးချုပ် - လီစစ်ယူ၊
စစ်ဦးစီးမှူး - ဘူလှိုင်ခန်း၊
စစ်ဦးစီး အဖွဲ့ ပတာဝန်ခံ - အိုက်လွန်း၊
ဒုတာဝန်ခံ ကျောက်တိုးထန်း၊
အမြဲတမ်း ကော်မတီ - ဗဟိုကော်မတီ ၁၅ ဦး၊ အရံ ဗဟိုကော်မတီ ၅ ဦး၊ ပေါင်း ၂ဝ ဦး။
လားရှိုး ဆက်ဆံရေး ရုံးချုပ် တာဝန်ခံ ဦးကျောက်အိုက်နတ်။

အခြေအနေ အကျဉ်း (၁၉၈၉ အပစ်အခတ် ရပ်စဲပြီးနောက်)

၂ဝဝ၈ ခုနှစ်၊ နောက်ပိုင်းလတွေ အတွင်းမှာ လူသူ လက်နက် ဘဏ္ဍာရေး အင်အား အတောင့်တင်းဆုံးလို့ သတ်မှတ်ခံထားရတဲ့ ဝပြည်နယ် သွေးစည်း ညီညွတ်ရေး တပ်မတော် (ယူဒဗလျူအက်စ်အေ) အတွင်းမှာ စီးပွားရေး အားသန်တဲ့ ဝေရှော်ကန်း အုပ်စုနဲ့ စစ်ရေး အားသန်တဲ့ ပေါက်ယူချန် အုပ်စု ဆိုပြီး အက်ကြောင်းအက်ရာ အရိပ်အယောင်တွေ ပုတီး (ဂျိုးဖြူ) လိုင်းနဲ့ ဓားမြောင် (လင်းယုန်) လိုင်း ဆိုတဲ့ ဂိုဏ်းခွဲမှုတွေ ရှိလာတယ်လို့ သတင်း ထွက်ပေါ် ခဲ့သော်လည်း၊ ယူဒဗလျူအက်စ်အေ အတွင်းမှာ အခုတိုင် ညီညွတ်မှု ရှိနေတာကို တွေ့မြင်ရပါတယ်။ နဝတ/ နအဖနဲ့ ဆက်ဆံရေးမှာလည်း ဘယ်အပစ်အခတ် ရပ်စဲထားတဲ့ အဖွဲ့ထက် မဆို ပြတ်ပြတ်သားသား ပြင်းပြင်းထန်ထန် ဆက်ဆံပြီး ညှိနှိုင်း လုပ်ကိုင်မှုများ ရှိသော်လည်း အလျော့ပေးမှု သိပ်မရှိလှတာကို ကြားသိနေရတယ်။ စစ်တပ်ကို စနစ်တကျ ဖွဲ့စည်းထားနိုင်တယ်။ လက်ရှိမှာ တောင်ပိုင်း ဝ တပ်ဖွဲ့ အပါအဝင် တပ်အင်အား သုံးသောင်းလောက် အထိ စနစ်တကျ တိုးချဲ့ ဖွဲ့စည်း နိုင်တယ်လို့ သိရပါတယ်။ တကယ်တမ်း လက်နက်ကိုင် တိုက်နိုင်တဲ့

Monday, May 20, 2013

လက်ပံတောင်းတောင် ရွာတွေမှာ ပြည်သူ့လယ်ယာမြေ ကာကွယ်ရေးကော်မတီ ဖွဲ့စည်း

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် လယ်ယာမြေ သိမ်းဆည်းခံထားရတဲ့ ဒေသခံတွေရဲ့ နစ်နာမှုတွေကို သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ ဖြေရှင်းဆောင်ရွက်မှုတွေ ပြုလုပ်နိုင်ဖို့အတွက် ဒေသခံကျေးရွာ ၁၃ ရွာအသီးသီးမှာ ပြည်သူ့လယ်ယာမြေ ကာကွယ်ရေးကော်မတီတွေကို ဒီကနေ့မှာ ဖွဲ့စည်းလိုက်ပြီလို့ သိရပါတယ်။
 
ဒေသခံတွေရဲ့ လယ်မြေကိစ္စတွေနဲ့ ပတ်သက်ပြီး ဒီကော်မတီကနေ အဓိကထားဆောင်ရွက်သွားမယ်လို့ တုံရွာမ ဒေသခံဖြစ်သူ ဦးမင်းက RFA ကို ပြောပါတယ်။
 
"အဲဒီကော်မတီဟာဆိုရင် ဒေသခံတွေရဲ့ လယ်ယာမြေတွေကို မဆုံးရှုံးအောင်ကာကွယ်သွားမယ်၊ အာဏာပိုင်အဖွဲ့အစည်းတွေ ကုမ္ပဏီအဖွဲ့အစည်းတွေကို အဲဒီကော်မတီကပဲ တွေ့ဆုံဆွေးနွေးမယ်၊