ဆီးဂိမ်းတွေ စိတ်ဝင်စားနေချိန် ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်ဘက်မှာTNLA , KIO အဖွဲ့နဲ့ တိုက်ပွဲပြင်းထန်

T N L Army
(4.12.2013) ရက်နေ့ မြန်မာတပ်မတော် (ခလရ- ၁၂၃၊ ၁၄၃) နှင့် (၂၉၀) ပူးပေါင်းစစ်ကြောင်းတို့သည် ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ၊ နမ့်ဆောင်ကျဲအုပ်စု နမ့်လိတ်တောင်တန်းတွင် ပျောက်ကျား အခြေစိုက်နေသော တအန်းတပ်မတော် တပ်ရင်း (၁၁၂) နှင့် ကချင်တပ်မတော် တပ်ရင်း( ၈) တို့၏ တပ်စခန်းများအား အပြင်းအထန် ထိုးစစ်ဆင်သဖြင့် နေ့လည် ၁၂း၃၀ နာရီခန့်မှ ၁၃း၃၀ နာရီ ခန့်အထိ နှင့် ယခုညနေ (၁၆း၀၀ )နာရီမှပြန်လည်စတင်ထိုးစစ်ဆ င်သဖြင့် ဆက်လက် အပြင်းအထန် တိုက်ပွဲ ဖြစ်ပွားနေပါသည်။
နေ့လည် (၁၂း၀၀) နာရီခန့်မှစတင်၍ လက်နက်ကြီးများဆက်တိုက်ပစ်ခ တ်ပြီး တအန်းနှင့်ကချင်တပ်ရှိရာ တောင်ကုန်းသို့ အပြင်းအထန် ထိုးစစ်ဆင်လာရာ ၁၂း၃၀ နာရီခန့်တွင် တအန်းနှင့် ကချင်တပ်များ ထောင်ထားသည့် ရှေ့ထွက်မိုင်းများ ပေါက်ကွဲ ကာ မြန်မာတပ်ဖွဲ့မှအများအပြား ထိခိုက် ကျဆုံးခဲ့ကြသည်။
ထိုထိခိုက်ကျဆုံး ဒါဏ်ရာရရှိ သူများ ရှင်းလင်းဆောင်ရွက်ပြီးနောက် မြန်မာပူးပေါင်းတပ်တို့သည် တိုင်းရင်းသား တပ်ဖွဲ့တို့၏ ပြောက်ကျားစခန်းကို သိမ်းပိုက်ရန် လက်နက်ကြီးများ ဆက်တိုက်ပစ်ပြီး အတင်း ထိုးတက်လာသဖြင့် ညနေ ၁၆း၀၀ နာရီခန့်တွင် နှစ်ဖက်တိုက်ပွဲ ဆက်လက် ဖြစ်ပွား နေလျှက်ရှိသည်။
နေ့လည်ပိုင်းတွင်ဖြစ်ပွားသော တိုက်ပွဲတွင် မြန်မာတပ်များ ထိခိုက်ကျဆုံး မှုများသည်ဟု သိရှိရသော်လည်း အတိအကျ သတင်း မသိရှိရသေးပေ။
သတင်းနှင့်ပြန်ကြားရေးဌာန
နေ့လည် (၁၂း၀၀) နာရီခန့်မှစတင်၍ လက်နက်ကြီးများဆက်တိုက်ပစ်ခ
ထိုထိခိုက်ကျဆုံး ဒါဏ်ရာရရှိ
နေ့လည်ပိုင်းတွင်ဖြစ်ပွားသေ
သတင်းနှင့်ပြန်ကြားရေးဌာန
( P.S.L.F/T.N.L.A )
0 comments:
Post a Comment