12 Dec 2013
ဒီဇင်ဘာ(၁၁)ရက် မနက် (၁၁း၃၀)နာရီအချိန်ခန့် ရှမ်းပြည်မြောက်ပိုင်း ကေအိုင်အေ တပ်မဟာ (၄) တပ်ရင်း(၂) နယ်မြေ မုန်ဂျီ ဟူးရက်( MungJi Huyet Bum) တစ်ကြော နယ်ကျော်ကာ ၀င်ရောက်လှုပ်ရှားလာသော မြန်မာအစိုးရတပ် ခလရ(၁၂၅) တပ်ဖွဲ့ နှင့် ကေအိုင်အေ တပ်ရင်း(၂) တပ်ဖွဲ့ ဝင် များ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။ ...
ထို့ အပြင် ဒီဇင်ဘာ(၉)ရက်နေ့ နေ့ လည်(၁၂း၃၀)နာရီ အချိန်ခန့် က ကေအိုင်အေ တပ်မဟာ(၃) တပ်ရင်း (၁၂)နယ်မြေ မုန်ဒိန်ပါ ကျေးရွာ အနီး လယ်ကွင်းထဲ အလုပ်လုပ်နေသော ရွာသူရွာသားများ ရှိရာသို့  မြန်မာအစိုးရတပ်မှ စစ်သားများ လက်နက်ကြီးဖြင့် (၁၀)ကြိမ် လက်နက်ငယ်များဖြင့် (၁၀)ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။ လူစိတ်မရှိသော အဆိုပါ စစ်သားများမှာ စကခ(၂၁) တပ်ရင်းမှ ဖြစ်ကြောင်းထပ်မံသိရသည်။ အဆိုပါ ပစ်ခတ်မှုကြောင့် ရွာသူရွာသားများ ထိခိုက်ဒဏ်ရာ ရရှိခြင်းရှိမရှိ စုံစမ်းနေဆဲဖြစ်သည်။

post by Knet
0 comments:
Post a Comment