Thursday, December 12, 2013

မြန်မာတပ်မှ ၂၀ ကျော် ကျဆုံးပြီး ၃၀ ကျော်ထိခိုက်ဒဏ်ရာရရှိ


11 Dec 2013 by TNLA ...

နမ့်လိတ်တောင် တိုက်ပွဲမှာ ကိုယ့်ဘက်ကအနာမခံချင်တာကြောင့် TNLA နဲ့ KIA တပ်ဖွဲ့တွေ နေရာဆုတ်ပေးလိုက်လို့ ၂ ရက်ကြာတိုက်ပွဲပြီးသွားပါတယ်။

နမ့်လိတ်တောင်တိုက်ပွဲမှာ TNLA က တပ်ရင်း ၁၁၂ ရဲ့ တပ်ခွဲ (၃) တခွဲနဲ့ KIA တပ်ရင်း ၈ တပ်ခွဲ (၂) တခွဲ စုစုပေါင်း အင်အား ၅၀ လောက်ပဲ ခုခံတိုက်နေတာပါ။

မြန်မာအစိုးရတပ်ဖက်က ခလရ ၁၂၃၊ ၁၄၃၊ ၁၄၂၊ ၁၄၅၊ ၄၅ နဲ့ တပ်ရင်းနံပတ် အတိအကျ မဖော်ပြနိုင်တဲ့ ဧည့်တပ် ၂ တပ်လောက်(တပ်မ ၃၃ ကလို့ယူဆ)ပါ ပါတယ်။ အင်အား ၃၀၀-၄၀၀ လောက်ရှိပါတယ်။

တိုက်ပွဲမှာ တအာင်းနဲ့ကချင်ဘက်က တယောက်ကျ ၃ ယောက် အနဲငယ်ဒဏ်ရာရပါတယ်။

TNLA နဲ့ KIA ရဲ့ ရှေ့ထွက်မိုင်း ၁၀ လုံးကျော်နဲ့ အပြန်အလှန်ပစ်ခတ်တာကြောင့် မြန်မာတပ်ဘက်က အနဲဆုံး ၂၀ကျော် ကျဆုံးပြီး ၃၀ ကျော်ထိခိုက်ဒဏ်ရာရရှိပါတယ်။ မြန်မာတပ်တွေ နမ့်လိတ်တောင်အပြီး ထိခိုက်ဒဏ်ရာရသူကို ပြန်သယ်တဲ့အချိန်မှာ မျက်မြင်တွေ တွေ့ရှိချက်အရ ကျဆုံးသူတွေရဲ့ သေနတ်လက်နက်အပို ၂၆ လက်တွေ့ရပြီး ဒါဏ်ရာရရှိသူ ဖိုးဝီးကားနဲ့ ၃ စီး ထော်လာဂျီနဲ့တစီး
သယ်သွားတာ ၃၀ တော့မလျော့ဘူးလို့သိရပါတယ်။

ပန်းဆေးကျော်မြင့်ရဲ့ ပြည်သူ့စစ်ကတော့ ၃ ယောက်သေပြီး ၁ ယောက်အပြင်းအထန်ဒဏ်ရာရတယ်လို့သိရပါတယ်။

ဒီ နိုဝင်ဘာနဲ့ဒီဇင်ဘာလအတွင်း ပန်ဆေးပြည်သူ့စစ်တွေ အနဲဆုံး ၂၅ ယောက်တော့ တိုက်ပွဲမှာကျဆုံးတယ်လို့သိရပါတယ်။ TNLA 112 တပ်ရင်းနဲ့ဖြစ်တဲ့တိုက်ပွဲတွေပါ။

အခုပုံကတော့ ပြီးခဲ့တဲ့ ၂၀၁၂ မှာ ကျနော် နမ့်လိတ်တောင်ခြေမှာ တပတ်လောက်စခန်းချ
တုံး အမှတ်တရရိုက်ထားတဲ့ပုံပါ။ ဂေါင်မောဝ်ဟိုဝ်း လို့ခေါ်ပါတယ်။ ကျနော်တို့ ၂၀၁၂ အေပြီလကုန်လောက် အဲဒီမှာစခန်းချတုန်း ဗမာဘက်က အင်အား ၂၀၀ ကျော် ထိုးစစ်ဆင်လို့ တိုက်ပွဲဖြစ်ခဲ့ပါသေးတယ်။

အဲဒီတုန်းကလည်း ဗမာတွေ အနဲဆုံး ၅ ယောက်သေပြီး ၁၀ ယောက်လောက် ဒဏ်ရာရပါတယ်။ အဲဒီတုန်းကတော့ မိုင်းနဲ့တိုက်တာမဟုတ်ပါဘူး၊ RPG ၃ လုံးနဲ့ ဆက်တိုက်ပစ်လို့ ဗမာဘက်ကအထိနာခဲ့တာပါ။ ကျတော်တို့လည်း အဲဒီနေရာက တခါတည်း ပြောင်းရွေ့ခဲ့ရပါတယ်။

တရားသော အမျိုးသားတော်လှန်ရေးစစ်အောင်ပွဲခံရမှာပါ။

ဝီဒွည်ဘုန်းကျော်
PSLF/TNLA

0 comments: