
ဒီဇင်ဘာလ ၂၂ ရက် နေ့လည် ၁၃း၄၅ နာရီခန့်တွင် မြန်မာတပ် ခမရ ၁၇ ကျေက်မဲမြို့နယ် ပါင်ကွာည် (ပန်ကွဲ)ရွာကို ဦးတည်ပြီး လက်နက်ကြီး ၈ ကြိမ်ထက်မနဲ ဆက်တိုက် ပစ်ခတ်ခဲ့သည်။
နေ့လည် ၁၂ နာရီ ကျော်ခန့်တွင် ကွန်ဆလမ်ဖက်မှ တက်လာသော ထိုမြန်မာစစ်ကြောင်းသည် ပါင်ကွာည်ရွာ ဥက္ကဋ္ဌအား ဖုန်းဆက်ရာ ရွာတွင်းတွင် TNLA တအာင်းတပ်ရင်း 717 အဖွဲ့တချို့ ခေတ္တ နားနေသည်ဟု ပြောသဖြင့် မြန်မာစစ်ကြောင်းမှ TNLA ရှိနေလျှင် ပါင်ကွာည်ရွာသို့ မလာတော့ကြောင်း ထိုစစ်ကြောင်းမှူး ဗိုလ်မှူးမျိုးမင်း ကအကြောင်းပြန်ကြားခဲ့သည်။
ထို့ကဲ့သို့ ဖုန်းဆက်ပြီးနောက် တအာင်းအဖွဲ့တို့မှာ နေ့လည်စာအမြန်ချက်စားပြီး ရွာမှ ပြန်လည်ထွက်ခွာစဉ် ခမရ ၁၇ စစ်ကြောင်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်လာခဲ့သည်။ ရွာအပြင်ဖက်သို့ ရောက်ရှိနေသော တအာင်းတပ်ဖက်ကလည်း ထိုမြန်မာစစ်ကြောင်းနှင့်ရင်ဆိုင်တိုးကာ တိုက်ပွဲ မိနစ်ငယ်ဖြစ်ပြီး နှစ်ဖက်ပြန်လည်ဆုတ်ခွာကြသဖြ င့် ၁၀ မိနစ်ခန့်သာ တိုက်ပွဲကြာခဲ့သည်။
အခြားနေရာသို့ ရွေ့ပြောင်းသွားသော တအာင်းတပ်ဖွဲ့အား မြန်မာစစ်ကြောင်းက ချက်ချင်း လိုက်လံ တိုက်ခိုက် ခြင်း မပြုသေးချေ။
ခမရ ၁၇ ပစ်လိုက်တော့ လက်နက်ကြီးများသည် ရွာအနီးဝန်းကျင် ခြံများ စိုက်ခင်းများတွင် ကျရောက်ပြီး မည်သူ့ကိုမျှ ထိခိုက်မှုမရှိပါ။
သို့သော် ဒေသခံများမှာ တိုက်ပွဲဖြစ်မည်ကိုစိုးရိမ် ကြောက်လန့်နေပြီး လုပ်ငန်းခွင်သို့မသွားရဲကြေ သးပါ။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
နေ့လည် ၁၂ နာရီ ကျော်ခန့်တွင် ကွန်ဆလမ်ဖက်မှ တက်လာသော ထိုမြန်မာစစ်ကြောင်းသည် ပါင်ကွာည်ရွာ ဥက္ကဋ္ဌအား ဖုန်းဆက်ရာ ရွာတွင်းတွင် TNLA တအာင်းတပ်ရင်း 717 အဖွဲ့တချို့ ခေတ္တ နားနေသည်ဟု ပြောသဖြင့် မြန်မာစစ်ကြောင်းမှ TNLA ရှိနေလျှင် ပါင်ကွာည်ရွာသို့ မလာတော့ကြောင်း ထိုစစ်ကြောင်းမှူး ဗိုလ်မှူးမျိုးမင်း ကအကြောင်းပြန်ကြားခဲ့သည်။
ထို့ကဲ့သို့ ဖုန်းဆက်ပြီးနောက် တအာင်းအဖွဲ့တို့မှာ နေ့လည်စာအမြန်ချက်စားပြီး ရွာမှ ပြန်လည်ထွက်ခွာစဉ် ခမရ ၁၇ စစ်ကြောင်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်လာခဲ့သည်။ ရွာအပြင်ဖက်သို့ ရောက်ရှိနေသော တအာင်းတပ်ဖက်ကလည်း ထိုမြန်မာစစ်ကြောင်းနှင့်ရင
အခြားနေရာသို့ ရွေ့ပြောင်းသွားသော တအာင်းတပ်ဖွဲ့အား မြန်မာစစ်ကြောင်းက ချက်ချင်း လိုက်လံ တိုက်ခိုက်
ခမရ ၁၇ ပစ်လိုက်တော့ လက်နက်ကြီးများသည် ရွာအနီးဝန်းကျင် ခြံများ စိုက်ခင်းများတွင် ကျရောက်ပြီး မည်သူ့ကိုမျှ ထိခိုက်မှုမရှိပါ။
သို့သော် ဒေသခံများမှာ တိုက်ပွဲဖြစ်မည်ကိုစိုးရိမ်
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
0 comments:
Post a Comment