Wednesday, December 18, 2013

ကွမ်းလုံမြို့ ၌ ဗုံးပေါက်ကွဲ၍ စစ်သားတစ်ဦးနှင့် အေးရှားဝေါလ်ဝန်ထမ်း နှစ် ဦး သေဆုံး

18 Dec 2013 post by porpular News

ရှမ်းပြည်နယ်မြောက်ပိုင်း ကွမ်း လုံမြို့တွင် ယနေ့ ဒီဇင်ဘာ ၁၇ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ် အချိန်ခန့်က ဗုံးပြင်းထန်စွာ ပေါက်ကွဲမှုဖြစ်ပွားခဲ့၍ တပ်မတော်သားတစ် ဦးနှင့်Asia World ဝန်ထမ်း ၂ ဦးတို့ သေဆုံး ခဲ့ ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် မှ ဒုတိယရဲမှူးကြီးက ပြောသည်။

ယခုနှစ်များအတွင်း ကွမ်းလုံမြို့ တွင် ဗုံးပေါက်ကွဲမှုကြောင့် လူအသေ အပျောက်အများဆုံးနှင့် အကြီးမား ဆုံး ပေါက်ကွဲမှုဖြစ်သည်ဟု ရှမ်းတိုင်း ရင်းသားများ ဒီမိုကရက် တစ်ပါတီမှ သိန်းနီ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးစိုင်းဝင်းခိုင်က မှတ်ချက်ပြု သည်။

လားရှိုး-ကွမ်းလုံ ကားလမ်းမ ပေါ်တွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ဗုံး ပေါက် ကွဲမှုကြောင့် ထော်လာဂျီမှာ ဆိုးရွားစွာ ပျက်စီးခဲ့သည်ဟု ၄င်းက ဆိုသည်။

ရဲတပ်ဖွဲ့ဌာနချုပ်က ဗုံးပေါက်ကွဲ မှုကြောင့် ထိခိုက်သူစာရင်းနှင့် သေ ဆုံးသူစာရင်းကိုသာ ထုတ်ဖော်ပြော ဆိုပြီး မည်သည့်အကြောင်းဖြစ်သည် ကိုမူ စုံ စမ်းဆဲသာရှိေ သးသည့်အတွက် မည်သည့်မှတ်ချက်မှ မပေး လိုကြောင်း Popular News သို့ပြောသည်။

စာရင်းအရ နယ်စပ်လူငယ်ဖွံ့ဖြိုး ရေးနည်းပြနှင့် Aisa World ဝန်ထမ်း တစ်ဦးတို့လည်း ခြေထောက်တွင် ထိခိုက်ဒဏ်ရာရခဲ့ကြောင်းနှင့် သေ ဆုံးသူ တပ်မတော်သား မှာ အမှတ် (၂) အခြေချ စစ်ဗျူဟာအဖွဲ့မှ ဒုတပ်ကြပ် တစ်ဦး ဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့်လကလည်း ရှမ်းပြည် မြောက်ပိုင်းဒေသ နမ့်ခမ်းတွင် ဗုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။
18 Dec 2013
ရှမ်းပြည်နယ်မြောက်ပိုင်း ကွမ်း လုံမြို့တွင် ယနေ့ ဒီဇင်ဘာ ၁၇ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ် အချိန်ခန့်က ဗုံးပြင်းထန်စွာ ပေါက်ကွဲမှုဖြစ်ပွားခဲ့၍ တပ်မတော်သားတစ် ဦးနှင့်Asia World ဝန်ထမ်း ၂ ဦးတို့ သေဆုံး ခဲ့ ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် မှ ဒုတိယရဲမှူးကြီးက ပြောသည်။

ယခုနှစ်များအတွင်း ကွမ်းလုံမြို့ တွင် ဗုံးပေါက်ကွဲမှုကြောင့် လူအသေ အပျောက်အများဆုံးနှင့် အကြီးမား ဆုံး ပေါက်ကွဲမှုဖြစ်သည်ဟု ရှမ်းတိုင်း ရင်းသားများ ဒီမိုကရက် တစ်ပါတီမှ သိန်းနီ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးစိုင်းဝင်းခိုင်က မှတ်ချက်ပြု သည်။

လားရှိုး-ကွမ်းလုံ ကားလမ်းမ ပေါ်တွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ဗုံး ပေါက် ကွဲမှုကြောင့် ထော်လာဂျီမှာ ဆိုးရွားစွာ ပျက်စီးခဲ့သည်ဟု ၄င်းက ဆိုသည်။

ရဲတပ်ဖွဲ့ဌာနချုပ်က ဗုံးပေါက်ကွဲ မှုကြောင့် ထိခိုက်သူစာရင်းနှင့် သေ ဆုံးသူစာရင်းကိုသာ ထုတ်ဖော်ပြော ဆိုပြီး မည်သည့်အကြောင်းဖြစ်သည် ကိုမူ စုံ စမ်းဆဲသာရှိေ သးသည့်အတွက် မည်သည့်မှတ်ချက်မှ မပေး လိုကြောင်း Popular News သို့ပြောသည်။

စာရင်းအရ နယ်စပ်လူငယ်ဖွံ့ဖြိုး ရေးနည်းပြနှင့် Aisa World ဝန်ထမ်း တစ်ဦးတို့လည်း ခြေထောက်တွင် ထိခိုက်ဒဏ်ရာရခဲ့ကြောင်းနှင့် သေ ဆုံးသူ တပ်မတော်သား မှာ အမှတ် (၂) အခြေချ စစ်ဗျူဟာအဖွဲ့မှ
ဒုတပ်ကြပ် တစ်ဦး ဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့်လကလည်း ရှမ်းပြည် မြောက်ပိုင်းဒေသ နမ့်ခမ်းတွင် ဗုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

Copy from - porpular News

0 comments: