Friday, December 27, 2013

အာဆီယံ နိုင်ငံများ သာမကဘဲ အာရှနိုင်ငံ များနှင့်ပါ ဗီဇာ ကင်းလွတ်ခွင့်ဖြင့် သွားလာနိုင်ရန် ညှိနှိုင်း လျက်ရှိ

 
မြန်မာနိုင်ငံ အနေနဲ့ အခြား ပြည်ပ နိုင်ငံများနဲ့ ဗီဇာ မလိုဘဲ ၀င်ထွက် သွားလာ နိုင်ဖို့ အတွက် ဆောင်ရွက် လျက်ရှိရာမှာ အာဆီယံ နိုင်ငံများနဲ့ သာမကဘဲ အာရှနိုင်ငံ များနဲ့ပါ ဗီဇာ ကင်းလွတ်ခွင့်နဲ့ သွားလာနိုင်ဖို့ အတွက် ညှိနှိုင်း လျက်ရှိတယ်လို့ နိုင်ငံခြားရေး ၀န်ကြီးဌာန၊ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာ ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အခုလို ညှိနှိုင်း လျက်ရှိရာ မှာတော့ တရုတ်၊ ကိုးရီးယား၊ အိန္ဒိယနိုင်ငံများမှ အစိုးရ အဖွဲ့အစည်း များနဲ့ ဆွေးနွေး နေတာဖြစ်ပြီး သာမန်နိုင်ငံကူး လက်မှတ် ကိုင်ဆောင် ထားသူများ အတွက် ဗီဇာကင်း လွတ်ခွင့်များနဲ့ ၀င်ထွက် သွားလာ နိုင်အောင် စီစဉ်နေတာ ဖြစ်ပါတယ်။
 
မြန်မာနိုင်ငံ အနေနဲ့ အဆိုပါ နိုင်ငံများရှိ အစိုးရ အဖွဲ့များ ဖြစ်တဲ့ နှစ်နိုင်ငံ သံတမန်များနဲ့ အဆင့်မြင့် အရာရှိများ အကြား ဗီဇာကင်း လွတ်ခွင့်များနဲ့ သွားလာနိုင်တဲ့ သဘာတူ စာချုပ် လက်မှတ်များ ရေးထိုးကာ သွားလာ နိုင်ပေမယ့်လည်း သာမန် နိုင်ငံကူး လက်မှတ် ကိုင်ဆောင် ထားသူများ အနေနဲ့ ဗီဇာ မလိုဘဲ ၀င်ထွက်ခွင့် မရရှိသေးတာ ဖြစ်တဲ့ အတွက် အခုလို ညှိနှိုင်း ဆွေးနွေး နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာ-ဂျပန် နိုင်ငံကြား မှာလည်း ဗီဇာမလိုဘဲ ၀င်ထွက် သွားလာ နိုင်ဖို့ ညှိနှိုင်း လျက်ရှိပြီး မကြာမီ သဘော တူညီမှု လက်မှတ် ရေးထိုး နိုင်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။
 
မြန်မာနိုင်ငံ အနေနဲ့ အခုလို ပြည်ပနိုင်ငံ များသို့ သွားရောက်ရာမှာ ဗီဇာ မလိုဘဲ ၀င်ထွက်သွား လာနိုင်ဖို့ စီစဉ် ဆောင်ရွက် နေမှုများဟာ လာမယ့် ၂၀၁၅ ခုနှစ်မှာ အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူချိန် များ၊ အာဆီယံ စီးပွားရေး အသိုက်အ၀န်းများမှ နိုင်ငံတကာ ဆက်ဆံမှုများ တိုးတက် လာဖို့ အတွက် ရည်ရွယ် ဆောင်ရွက် နေတာ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ အာဆီယံ ဒေသတွင်း ၁၀ နိုင်ငံကြား ဗီဇာ ကင်းလွတ်ခွင့်နဲ့ သွားလာ နိုင်ရေး လက်မှတ် ရေးထိုးမှုကို လာမယ့် ၂၀၁၄ ခုနှစ် အတွင်း အပြီး ဆောင်ရွက် သွားမှာဖြစ်ပြီး အခြား ပြည်ပနိုင်ငံများ နဲ့လည်း ဆက်လက် တိုးမြင့် လုပ်ဆောင် သွားဖို့ မျှော်မှန်း ထားတာ ဖြစ်တယ်လို့ သိရပါတယ်။
 
Copy from - mrtv4.com

0 comments: