
ပူးတွဲပါ Scan ပုံ လေးကတော့ Walter K. Dodds ရေးသားသော စာမျက်နှာ ၅၆၉မျက်နှာပါ ၂၀၀၂ခုနှစ်မှာထုတ်ဝေခဲ့တဲ့ Freshwater Ecology:Concepts and Environmental Applications စာအုပ်မှကူးယူဖေါ်ပြထားခြင်း ဖြစ်ပါတယ်။ ( ၂၀၁၀ခုနှစ်မှာ co-author Matt Whiles နှင့်အတူ စာမျက်နှာ ၈၅၀အထိ တိုးမြင့်ကာ ဒုတိယ အကြိမ်ထပ်ရိုက်နှိပ်ခဲ့ပါတယ်။ )
ဇယားက ကမ္ဘာ့ အကြီးဆုံးမြစ်ကြီး ၁၅စင်းရဲ့ ရေစီးဆင်းအား(Discharge)ပေါ် မှာတည်ပြီးအဆင့်ခွဲသတ်မှတ်ရာမှာ ကျနော်တို့ရဲ့ ဧရာဝတီ က ကမ္ဘာ့အဆင့် ၁၂မှာရှိပါတယ်။
ဇယားက ကမ္ဘာ့ အကြီးဆုံးမြစ်ကြီး ၁၅စင်းရဲ့ ရေစီးဆင်းအား(Discharge)ပေါ်
မိုးရေဆင်း နိုင်တဲ့ မြေဧရိယာ(Drainage Area)မှာတော့ ၁၅စင်းထဲမှာ အငယ်ဆုံးဖြစ်ပါတယ်။ ငယ်သော်ငြား သန်တယ်လို့ပြောနိုင်ပါတယ်။
ကဲ...ဘယ်လောက်သန်သလဲ ကြည့်ရအောင်။
အလျား ၂၀၁၁ကီလိုမီတာ=၁၂၄၉မိုင်( အရှည်မှာ ကမ္ဘာ့အဆင့် ၂၆) ရှည်လျားတဲ့ မြစ်ဧရာရဲ့ ဖျမ်မျှ ရေစီးဆင်းအား ဟာ ၁၄၀၀၀ကုဗမီတာ/စက္ကန့် ရှိပါသတဲ့ ။
ကဲ...ဘယ်လောက်သန်သလဲ ကြည့်ရအောင်။
အလျား ၂၀၁၁ကီလိုမီတာ=၁၂၄၉မိုင်( အရှည်မှာ ကမ္ဘာ့အဆင့် ၂၆) ရှည်လျားတဲ့ မြစ်ဧရာရဲ့ ဖျမ်မျှ ရေစီးဆင်းအား ဟာ ၁၄၀၀၀ကုဗမီတာ/စက္ကန့် ရှိပါသတဲ့ ။
တနည်းပြောရရင် တစက္ကန့်မှာ ၁၄၀၀၀ ကုဗမီတာ စီးဆင်းပါသတဲ့။
ပိုရှင်းအောင် ကုဗမီတာ ကို ဂါလံ ပြောင်းလိုက်ကြရအောင်။
၁၄၀၀၀x၂၆၄= ၃,၆၉၈,၄၀၈ ဂါလံ။
တစက္ကန့် မှာ ရေဂါလံပေါင်း ၃ သန်းခွဲကျော် စီးဆင်းနေတယ် လို့ အဲဒီဇယားကပြောနေပါတယ်။
ဧရာဝတီမြစ်ကမ်းနဖူးကိုသွာပါ ။
ကမ်းနဖူးမှာရပ်ပြီး မြစ်ရေစီးဆင်းနေတဲ့ ရှေ့တူရှူကို စိုက်ကြည့်လိုက်ပြီး တစ်နှစ်သုံးလို့ ရေတွက်လိုက်ပါ။
သုံး လို့ ဆုံးသွားတာနဲ့ ခင်ဗျားရဲ့ ရှေ့မှောက်မှာ ရေဂါလံပေါင်း ၃သန်းခွဲစီးဆင်းပြီးသွားပြါ ပီ။
မြစ်ကြီးဧရာဟာ
စက္ကန့်တိုင်း စက္ကန့်တိုင်း ရေဂါလံပေါင်း ၃သန်းခွဲ စီးဆင်းနေပါတယ်။
တမိနစ်အတွင်း စီးဆင်းအား ဟာ ရန်ကုန်မြို့ရဲ့မြို့သူမြို့ သားများကို တဦးလျှင် ရေပီပါ တဝက်ကျော်ကျော်နှုန်း ပေးဝေနိုင်ပါတယ်။
စက္ကန့်ပေါင်း ၁၀၀၀(၁၆.၆မိနစ်)အတွင်းမှာ ဂါလံ သန်းပေါင်း၃၅၀၀ ရပါတယ်။ မြန်မာတပြည်လုံးက လူဦးရေ သန်းပေါင်း၆၀ကို တဦးလျင် ရေ တပီပါနှုန်း ပေးဝေနိုင်ပါတယ် ။
တကယ်ပြောတာပါ။ ယုံပါ။
Hlaing Oo(FB)သတင်းစာမျက်နှာမှ
၁၄၀၀၀x၂၆၄= ၃,၆၉၈,၄၀၈ ဂါလံ။
တစက္ကန့် မှာ ရေဂါလံပေါင်း ၃ သန်းခွဲကျော် စီးဆင်းနေတယ် လို့ အဲဒီဇယားကပြောနေပါတယ်။
ဧရာဝတီမြစ်ကမ်းနဖူးကိုသွာပါ
ကမ်းနဖူးမှာရပ်ပြီး မြစ်ရေစီးဆင်းနေတဲ့ ရှေ့တူရှူကို စိုက်ကြည့်လိုက်ပြီး တစ်နှစ်သုံးလို့ ရေတွက်လိုက်ပါ။
သုံး လို့ ဆုံးသွားတာနဲ့ ခင်ဗျားရဲ့ ရှေ့မှောက်မှာ ရေဂါလံပေါင်း ၃သန်းခွဲစီးဆင်းပြီးသွားပြါ
မြစ်ကြီးဧရာဟာ
စက္ကန့်တိုင်း စက္ကန့်တိုင်း ရေဂါလံပေါင်း ၃သန်းခွဲ စီးဆင်းနေပါတယ်။
တမိနစ်အတွင်း စီးဆင်းအား ဟာ ရန်ကုန်မြို့ရဲ့မြို့သူမြို
စက္ကန့်ပေါင်း ၁၀၀၀(၁၆.၆မိနစ်)အတွင်းမှာ ဂါလံ သန်းပေါင်း၃၅၀၀ ရပါတယ်။ မြန်မာတပြည်လုံးက လူဦးရေ သန်းပေါင်း၆၀ကို တဦးလျင် ရေ တပီပါနှုန်း ပေးဝေနိုင်ပါတယ်
တကယ်ပြောတာပါ။ ယုံပါ။
0 comments:
Post a Comment