Friday, December 27, 2013

ယာဆုကုနိ စစ်သည်တော်ဗိမာန်သို့ဂျပန်ဝန်ကြီးချုပ် အာဘေးယနေ့သွားရောက်

တိုကျို ဒီဇင်ဘာ ၂၆

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ ယနေ့ မိနစ် ၃၀ ကြာ ယာဆုကုနိ စစ်သည်တော် ဗိမာန်သို့ လည်ပတ်ခြင်းက အိမ်နီးချင်း တရုတ် ၊ မြောက်ကိုရီးယား ၊ တောင်ကိုရီးယား နိုင်ငံတို့၏ မျှော် လင့်ထားပြီး ရှုံချမှုများ ပြင်းထန်သော ကန့်ကွက်မှုများကို ဖြစ်စေခဲ့ပါတယ်။

ယာဆုကုနိ စစ်သည်တော် ဗိမာန်သည် ယင်းအိမ်နီးချင်း နိုင်ငံတို့အတွက် ဒုတိယ ကမ္ဘာစစ် ဂျပန်နိုင်ငံ၏ နယ်ချဲ့စစ်ဝါဒီ ကို သတိရစေသည်။ ဂျပန်တို့၏ ဒုတိယ ကမ္ဘာစစ် အတွင်းစစ်ရေး ကျူးကျော်မှုကြောင့် တရုတ် စစ်ဖက် နှင့် အရပ်သား သန်းပေါင်းများစွာ သေကြေပျက်စီး ခဲ့ရသလို ကိုရီးယားနိုင်ငံ၌ လည်း သိန်းနှင့်ချီ၍ သေဆုံးခဲ့ရသည်။

ဂျပန်အရာရှိများ ယာဆုကုနိ သို့သွားသည့် အကြိမ်တိုင်း၌ ယင်းနိုင်ငံများက ပြင်းပြင်း ထန်ထန်ကန့်ကွက်ခဲ့ကြသည်။ ယင်းမှာ အာရှ၌ ဂျပန်တို့ကျူးလွန်ခဲ့ကြသည့် ရက်စက် ကြမ်းကြုတ်မှုများကို ငြင်းဆိုခြင်းဖြစ်သည်။ စစ်ရာဇ၀တ်ကောင်များကို ယနေ့တိုင် ဂုဏ်ပြုနေရာ လည်း ရောက်သည်ဟု
ဆိုကြသည်။

ယင်းယာဆုကုနိ စစ်သည် ဗိမာန်သည် ၁၉ ရာစု ဆတ်ဆုမ သူပုန်ထမှု ၊ ပထမ ကမ္ဘာစစ် ဂျပန် - ဂျာမန် စစ်နှင့် ဒုတိယ ကမ္ဘာစစ် အတွင်းက ကျဆုံးခဲံရသော စစ်သည် ၂ ဒဿမ ၄ သန်း၏ အောက်မေ့ဖွယ်ရာဖြစ်သည်။ ၁၉၄၅ တိုကျို စစ်ခုံရုံးမှ စစ်ရာဇ၀င် ပြစ်ဒဏ်ကျခံရသူစာရင်းမှာ ၁၄ ဦးသာရှိသည်ဟု ဆိုသည်။

ဂျပန်ဝန်ကြီးချုပ် အာဘေးက စစ်အတွင်းက ကျဆုံးသွားခဲ့ရသူတို့၏ ၀ိဥာဉ်များအတွက် သွားရောက် ဆုတောင်းပေးခြင်းသာဖြစ်ပြီး စစ်ရာဇ၀င်ကောင်များကို သွားရောက် ဂုဏ်ပြုနေ ခြင်းမဟုတ်ကြောင်း ၊ နောက်ထပ် စစ်ပွဲများမဆင်နွှဲဘို့ ကတိက၀တ်ကို ပိုမိုခိုင်မာစေရန် ကျဆုံးစစ်သည် တို့၏ ၀ိဥာဉ်များရှေ့၌ သွားရောက်ကာ မိမိ၏ အဓိဌာန်ကို ဆန်းသစ်စေခြင်းသာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဂျပန်ဝန်ကြီးချုပ်၏ ယခုသွားရောက်မှုသည် ၄င်းဝန်ကြီးချုပ်တာဝန်ကို ယူပြီး ၁ နှစ်တိတိ အကြာ တွင်ဖြစ်ပြီး ထိုစဉ်အခါက ဒေသတွင်း အစည်းအဝေးပွဲတစ်ခုတွင် တရုတ်သမ္မတ ရှီကျင်းပင် နှင့် တောင်ကိုရီးယား သမ္မတ ပတ်ကွမ်ဟေးတို့က ဂျပန်ဝန်ကြီးချုပ်အပေါ်အေးတိအေးစက် ဆက်ဆံခဲ့ကြသည်။

ယခုအချိန်သည် အရှေ့တရုတ်ပင်လယ်တွင်းရှိ တရုတ်အခေါ် တျောက်ယွီ Diaoyu ၊ ဂျပန်အခေါ် ဆန်းကတ်ကု ( Senkakus ) အငြင်းပွားကျွန်းစု များ၏ ပိုင်ဆိုင်မှု နှင့်ပတ်သတ်ပြီးပြင်းထန်စွာ အငြင်းပွားနေချိန်ဖြစ်သည်။

တောင်ကိုရီးယား နိုင်ငံနှင့်လည်း ပင်လယ်ဝါအတွင်း နစ်မြုပ်သွားသော ကိုရီးယားအပေါ် လျိုဒို Leodo ၊ ဂျပန်အခေါ် ဆုယန် Suyan ဆိုသည့် ကျောက်ဆောင် နှင့် ပတ်သတ်ပြီး အချင်းများနေ ရသည်။

 
ဂျပန်ရောက်မြန်မာ များ(FB)စာမျက်နှာသတင်း

0 comments: