
1st Dec 2013
နိုဝင်ဘာလ ၃၀ရက်ည ၈နာရီကျော်လောက်ကစပြီး မြန်မာတပ်ရင်းသည် နမ့်ဆန်မြို့နားကနေမှ ပန်ရောင်ရွေးရွာ ဘက်အား လက်နက်ကြီးဖြစ် ပစ်ခက်ခဲ့ကြောင်း သိရသည်။
“အကြောင်းမဲ့ရွာကိုခြိမ်ြးေ ခာက်ပြီး လက်နက်ကြီးတွေနဲ့ပစ်တာကို နားမလည်ပါဘူး အခုချိန်ထိ ၆ လုံးရှိသွားပြီ တအာင်းလက်နက်ကိုင်တွေလည်း ရွာထဲကိုမလာတာအရမ်းကြာပြီ အခုကျတော့ ရွာကလူတွေ တောထဲပြေးတဲ့လူပြေး၊ ကလေးဆွဲသူကဆွဲ ဝရုန်းသုန်းကား ပြေးနေရတယ် ’’ ဟုရွာခံတစ်ဦးက ပြောပြခဲ့သည် ။
နမ့်ဆန်ဘက်ကနေ တောင်ရိုးဘုရားအနီးရှိ ပန်ရောက်ရွေးရွာဘက်သို့ လှမ်းပစ်သောကြောင့်ွ ကျည်ပေါက်ကွဲတာသံတွေနဲ့အတူ မီးရောင်တွေရှင်းနေအောင်မြင်ရသည်ဟု ၄င်းကဆက်ပြောပြခဲ့သည်။ ညမိုးချုပ်နေသည့်အတွက် တပ်ရင်းအမည်နှင့်အင်းအားကို တော့ မသိရသေးကြောင်းဆိုသည်။
ပြီးခဲ့သည့် နိုင်ဝင်ဘာလ (၂၅)ရက်နေ့ နံနက်(၁၀)နာရီခန့်တွင်လည်း မြန်မာစစ်တပ်မှ တပ်မမှူး သက်ဇော်ဦး နှင့် နမ့်ဆန်ပြည်သူစစ်ခေါင်းဆောင် ထွန်မြတ်လေးအဖွဲ့တို့ နမ့်ဆန်မြို့နယ် အထက်မန်လွယ်ရွာကို လက်နက်ကြီး (၁၂၀ မမ)ဖြင့် ဦတည်ပစ်ခတ်ကာ ရွာလုံးကျွတ် ထွက်ပြေး တိမ်ရှောင်ခံရသည်။
နိုဝင်ဘာလ ၃၀ရက်ည ၈နာရီကျော်လောက်ကစပြီး မြန်မာတပ်ရင်းသည် နမ့်ဆန်မြို့နားကနေမှ ပန်ရောင်ရွေးရွာ ဘက်အား လက်နက်ကြီးဖြစ် ပစ်ခက်ခဲ့ကြောင်း သိရသည်။
“အကြောင်းမဲ့ရွာကိုခြိမ်ြးေ
နမ့်ဆန်ဘက်ကနေ တောင်ရိုးဘုရားအနီးရှိ ပန်ရောက်ရွေးရွာဘက်သို့ လှမ်းပစ်သောကြောင့်ွ ကျည်ပေါက်ကွဲတာသံတွေနဲ့အတူ မီးရောင်တွေရှင်းနေအောင်မြင
ပြီးခဲ့သည့် နိုင်ဝင်ဘာလ (၂၅)ရက်နေ့ နံနက်(၁၀)နာရီခန့်တွင်လည်း မြန်မာစစ်တပ်မှ တပ်မမှူး သက်ဇော်ဦး နှင့် နမ့်ဆန်ပြည်သူစစ်ခေါင်းဆောင
by Ta'ang Land
0 comments:
Post a Comment