Friday, December 13, 2013

ဆန္ဒပြသူတွေကို စစ်တပ်က ဖြိုခွဲခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး လူသတ်မှုနဲ့ ရုံးထုတ်

 
ထိုင်းနိုင်ငံမှာ အတိုက်အခံ ခေါင်းဆောင် အဘိဆစ် ဝက်ဂျာဂျိဝကို သူ ဝန်ကြီးချုပ် တာဝန်ယူခဲ့စဉ်က ဆန္ဒပြသူတွေကို စစ်တပ်က ဖြိုခွဲခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး လူသတ်မှုနဲ့ ရုံးထုတ်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၃ နှစ်က မြို့တော် ဘန်ကောက်မှာ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို ထောက်ခံတဲ့ လက်နက်မဲ့ ဆန္ဒပြသူတွေကို လုံခြုံရေး တပ်ဖွဲ့တွေက ပစ်ခတ် ဖြိုခွဲမှုအတွင်း လူ ၉၀ ကျော် သေဆုံး ခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီတုန်းက ဝန်ကြီးချုပ်ဖြစ...်ခဲ့တဲ့ မစ္စတာ အဘိဆစ်ဟာ စစ်တပ်ကို အင်အား အလွန်အကျွံ သုံးဖို့ ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် မစ္စတာ အဘိဆစ်ကတော့ အခုလို စွပ်စွဲချက်တွေဟာ မဟုတ်မှန်ကြောင်း ငြင်းဆိုပါတယ်။

အခုအချိန်မှာတော့ မစ္စတာ အဘိဆစ်ဟာ သက်ဆင်ရဲ့ ညီမ ယင်လတ် အစိုးရကို ဖြုတ်ချရေး ကြိုးပမ်းနေတဲ့ အတိုက်အခံ ခေါင်းဆောင် တစ်ဦး ဖြစ်နေပါတယ်။
 
Copy frtom - BBC

0 comments: